Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 11-1] သံလွင်ပင် နှစ်ပင်နှင့် ပရောဖက် နှစ်ဦးတို့သည် မည်သူတို့ ဖြစ်ကြပါသန (ဗျာဒိတ်ကျမ်း ၁၁း၁-၁၉)

သံလွင်ပင် နှစ်ပင်နှင့် ပရောဖက် နှစ်ဦးတို့သည် မည်သူတို့ ဖြစ်ကြပါသန
(ဗျာဒိတ်ကျမ်း ၁၁း၁-၁၉ )
“တဖန်လှံတံနှင့် တူသော ကျူပင်တလုံးကို ငါ့အား ပေး၍ ငါ့ကို ပြောဆိုသည်ကားထလော့။ ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ဗိမာန်တော်၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့။ ဗိမာန်တော် တံတိုင်းကို မတိုင်းနှင့် ပယ်ထားလော့၊ တပါး အမျိုးသားတို့၌ အပ်ပေးပြီး။ သူတို့သည် သန့်ရှင်းသောမြို့တော်ကို လလေးဆယ် နှစ်လ ပတ်လုံးနင်းကြလိမ့်မည်။ငါ၏သက်သေနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့ သည် လျော်တေအဝတ်ကို ဝတ်လျှက်အရက်တစ်ထောင်နှစ်ရာ ခြောက် ဆယ် ပတ်လုံး ပရောဖက် ပြုကြလိမ်မည်။” ထိုသူတို့ကား၊ မြေကြီးအရှင်၏ ရှေ့တော်၌ ရိုက်ထားသော သံလွင် နှစ်ပင်နှင့် မီးခွက် နှစ်လုံး ဖြစ်သတည်း တစ်စုံ တစ်ယောက်သော သူသည်သူတို့ကို ညှင်းဆဲခြင်းငှာ အလိုရှိလျှင် သူတို့၏ခံတွင်းထဲကမီးထွက်၍ရန်သူတို့ကိုမျိုတတ်၏။ တစ်စုံတစ်ယောက် သောသူသည် ထိုသူတို့ကို ညှင်းဆဲခြင်းငှာ အလိုရှိလျှင် ထို့သို့ အသေသတ် ခြင်းကိုခံရမည်။ ထိုသူတို့သည် ပရောဖက်ပြုသောနေ့ရက် ကာလ၌ မိုဃ်း မရွာစေခြင်းငှာ မိုဃ်းကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်း ရေကို အဆွေးဖြစ်စေရသောအခွင့်၊ မိမိတို့အလိုရှိသမျှသောအခါ၌ ဘေးအ မျိုးမျိုးဖြင့်မြေကြီးကိုဒဏ်ခတ်ရသောအခွင့်ရကြ၏။သူတို့သည် သက်သေခံ ပြီးသောအခါ အနက်ဆုံးသော တွင်းထဲက တက်သောသားရဲသည် သူတို့ကို စစ်တိုက်၍အောင်လိမ့်မည်။”သူတို့သခင်သည်လက်ဝါးကားတိုင်မှာ အသေ ခံတော် မူသောအရပ်တည်းဟူသော သောဒုံဟူ၍ လည်းကောင်း၊ အဲဂုတ္တု ဟူ၍လည်းကောင်း၊အတွင်းအနက်အားဖြင့်ခေါ်ဝေါ်သော မြို့ကြီး၏လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။” အသီးသီးဘာသာ စကား ကိုပြောသောလူမျိုးနွယ်တို့သည် သုံးရက်ခွဲပတ်လုံး အလောင်းကောင်တို့ ကို မြင်ရ၍သင်္ဂြိုဟ်ခြင်းကို တားမြစ်ကြလိမ့်မည်။ မြေကြီးပေါ်မှနေသော သူတို့သည် အလောင်းကောင်တို့ကို မြင်သောအခါဝမ်းမြောက်၍ ပျော်မွေ့ ခြင်းကို ပြုကြလိမ့်မည်။ တစ်ယောက်ကို တစ်ယောက်လက်ဆောင် ပေး လိုက်ကြလိမ့်မည်။ အကြောင်းမူကားအထက်က ထိုပရောဖက်နှစ်ဦးတို့ သည် မြေကြီးပေါ်မှာနေသောသူတို့ကို ပြင်းစွာနှောက်ယှက် ညှင်းဆဲကြ သည်။ ထို့နောက်သုံးရက်ခွဲလွန်ပြီးလျှင် ဘုရားသခင်အထံတော်မျှ မက အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့် သူတို့သည် မတ်တပ်ထ၍ မြင်သ မျှသောသူတို့သည်အလွန်ကြောက်ရွံ့ကြသည်။“ကောင်းကင်ကထွက်သော အသံကြီးကား ဤအရပ်သို့ တက်ကြလော့ဟု မိမိတို့အား ပြောဆိုသည်ကို သူတို့သည် ကြားလျှင်၊ မိုးတိမ်ဖြင့် ကောင်းကင်သို့တက်၍ မြင်သမျှသော သူတို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုအချိန်နာရီ၌ ကြီးစွာသော မြေ လှုပ်ခြင်းဖြစ်၍၊ မြို့ရိုး ဆယ်စုတစ်စု ပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခု နှစ်ထောင်သေကြောင်း ကြွင်းသောသူတို့သည် ကြောက်ရွံ့၍ ကောင်းကင် ဘုံ၏အရှင်ဘုရားသခင်ကို ချီးမွမ်းကြပြီး ဒုတိယအမင်္ဂလာလွန်ပြီ။ တတိယ အမင်္ဂလာသည်၊အလျင်အမြန်လာလိမ့်မည်။ သတ္တမကောင်းကင် တမန် သည်တံပိုးမှုတ်သောအခါကောင်းကင်ဘုံ၌ ကြီးသောအသံတို့ကား လောကီ နိုင်ငံဖြစ်လေပြီးထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်လေပြီ။သူသည်လည်း ကမ္ဘာ အဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။ ဘုရားသခင် ရှေ့တော်၌ မိမိပလ္လင်ပေါ်မှာ ထိုင်သောအသက်ကြီးသူနှစ်ဆယ့်လေးပါးတို့သည်ပြပ်ဝပ် ၍ဘုရားသခင်ကိုကိုးကွယ်လျက် အန္တတန်ခိုးနှင့် ပြည့်စုံ၍ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသောထာဝရအရှင်ဘုရားသခင် ကိုယ်တော် ၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်တို့သည်ချီးမွမ်းလာ၏လူမျိုးတို့သည် အမျက်ထွက်ကြသည် ဖြစ်၍ အမျက်တော်သည်လည်း ရောက်လာပြီး သေလွန်သောသူတို့ကို တရားစီ ရင် ဆုံးဖြတ်တော်မူ၍ကိုယ်တော်၏ကျွန်တည်းဟူသော ပရောဖက်တို့အား လည်းကောင်း၊သန့်ရှင်းသူတို့အားလည်းကောင်း၊ကိုယ်တော်ကို ကြောက်ရွံ့ ရိုသေသောသူအကြီးအငယ်တို့အားလည်းကောင်း၊ဆုကျေးဇူးကို ပေးသနား တော်မူ၍ မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူသော အချိန် ရောက်ပါပြီဟု လျှောက်ဆိုကြ၏ တဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍ဗိမာန်တော်ထဲမှ ပဋိညာဉ်သေတ္တာတော် ထင်ရှား လေ၏။ လျှပ်ပြက်ခြင်း၊အသံမြည်ခြင်း၊မိုဃ်းချုံးခြင်း၊မြေလှုပ်ခြင်း၊ အလုံး ကြီးစွာသော မိုဃ်းသီးကျခြင်း ဖြစ်ကြ၏။”
 
 
ဗျာဒိတ်ကျမ်း အခန်းကြီး (၁၁)သည် ဘုရားသခင်၏ နှုတ်က ပတ်တော်ဖြစ်သောကြောင့် အားလုံးသည် ကျွန်ုပ်တို့အတွက် အလွန် အ ရေးကြီးပါသည်။ ဘုရားသခင်က ကြိုတင်၍ လုပ်ဆောင်လိုသော အရေး ကြီးသည့်အလုပ်မှာ ကမ္ဘာကြီးကို ဖျက်ဆီးဖို့ပင်ဖြစ်သည်။ ဣသရေလ လူ မျိုးတို့အားရိတ်သိမ်းခြင်းသည် နောက်ဆုံးသော ကာလအတွက် ဖြစ်သည်။ ဘုရားသခင်တွင် ဣသရေလလူမျိုးနှင့် တပါးအမျိုးသားများအတွက် လုပ် ဆောင်ရန် အခြားလုပ်ငန်းတစ်ခုလည်း ရှိသေးသည်။ ၄င်းမှာ သူတို့ အား လုံးအား ပထမရှင်ပြန်ထမြောက်ခြင်းထဲ၌ လည်းကောင်း၊ သူတို့အား အာ ဇာနည်များကဲ့သို့ ညှင်းပန်းနှိပ်စက်မှုခံစေပြီးနောက် ချီဆောင်ခြင်း ထဲ၌ လည်းကောင်း ပါဝင်စေရန် ဖြစ်သည်။
သမ္မာကျမ်းစာသည်ဤအချက်အလက်များအလုံးစုံ၏ဖြစ်စဉ်တို့ကို စီစဉ်ပေးသည်။ ဓမ္မသစ်ကျမ်းစာထဲတွင် ဘုရားသခင်၏ အပြစ်သားများ အား အပြစ်မှမည်သို့ ကယ်နှုတ်သည်ကို ဘုရားသခင်၏ကယ်တင်ခြင်းကို လေ့လာခြင်းဖြင့်တွေ့ရှိနိုင်သည်။ အကြောင်းအရာများအားဖြင့် ကျမ်းစာ သည် ကျွန်ုပ်တို့အားစကားပြောနေသည်။ အဘယ်ကြောင့်ဆိုသော် အ ကယ်၍ကျွန်ုပ်တို့သည်ယင်းအရာများကိုအနီးကပ်မစစ်ဆေးပါက ကျွန်ုပ်တို့ သည် ဘုရားသခင်၏အစေခံကျွန် ဖြစ်သော သန့်ရှင်းသူများအကြောင်းကို ၄င်းဗျာဒိတ်ကျမ်းတွင် ဖော်ပြထားသော ဣသရေလလူမျိုးအကြောင်းကို လည်းကောင်း၊ ကျွန်ုပ်တို့ ရှုပ်ထွေးမှုဖြစ်စေမည် ဖြစ်ပါသည်။
 
 

အနက်ဖွင့်ကျမ်း

 
အခန်းငယ် (၁) “တဖန်လှံတံနှင့် တူသောကျူပင်တလုံးကို ငါ့အား ပေး၍ ငါ့ကို ပြောဆိုသည်ကားထလော့၊ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ဗိမာန်တော်၌ ကိုးကွယ်သော သူတို့ကိုလည်း ရေ တွက်လော့။”
ဤအကြောင်းကကျွန်ုပ်တို့အားဘုရားသခင်၏ဂရုဏာတော်အား ဖြင့်လုပ်ဆောင်သော ဣသရေလ လူမျိုးတို့အား အပြစ်မှကယ်တင်ခြင်း လုပ်ငန်းသည် ယခုအခါစတင်နေပြီဖြစ်ကြောင်း ပြောပြပါသည်။ “တိုင်း တာခြင်း”ဆိုသည်မှာ နောက်ဆုံးသောကာလတွင် ဣသရေလ လူမျိုးတို့ အားသူတို့၏အပြစ်မှကယ်တင်ရန်အတွက်ဘုရားသခင် ကိုယ်တိုင် ကြားဝင် ဖျန်ဖြေလိမ့်မည်ဟု ဆိုလိုသည်။
အခန်းကြီး (၁၁)၏ အဓိက အကျဆုံးသော စာပိုဒ်တွင် ဣသရေ လလူမျိုး၏ ၄င်းတို့အပြစ်မှ ကယ်တင်ခြင်းကို ကျွန်ုပ်တို့သေချာစွာ အာရုံ ပြုရမည် ဖြစ်သည်။ ထိုအချိန်မှ စ၍ ရေနှင့် ဝိညာဉ်ဆိုင်ရာ သတင်းကောင်း သည် ဣသရေလလူမျိုးတို့ထံတွင် ပျံ့နှံ့လိမ့်မည် ဖြစ်ကြောင်းဤနှုတ်က ပတ်တော်က ကျွန်ုပ်တို့အားပြောပြပါသည်။ ခရစ်တော်၏ ကျေးဇူးတော် ဖြင့်ပေးအပ်ခြင်းခံရသောကယ်တင်ခြင်းအားဖြင့်ဣသရေလလူမျိုးတို့သည် ဘုရားသခင်၏ လူများအဖြစ်သို့ ပြောင်းလဲစေမည်။ဘုရားသခင်၏ ကယ် တင်ခြင်းလုပ်ငန်းရည်ရွယ်ချက်များကိုလည်းဤနှုတ်ကပတ်တော်အားဖြင့် သိရှိရသည်။ ဘုရားသခင်သည် ဗျာဒိတ်ကျမ်း အခန်းကြီး (၁၁) တွင် ဖော်ပြ ထားသော“တိုင်းတာခြင်း”သည်အရာအားလုံး၏အဆင့်အတန်းကိုပြဠာန်း ချမှတ်ပေးခြင်းဟုဆိုလိုသည်။သူ၏ဗိမာန်တော်၌တိုင်းတာခြင်း ဆိုသည်မှာ ဘုရားသခင်၏ရည်ရွယ်ချက်ကို ဖော်ပြခြင်းဖြစ်ပြီး ဣသရေလ လူမျိုးတို့ သည် သူတို့နှလုံးသားက သူတို့၏ကယ်တင်ခြင်းအား လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ၊ ဘုရားသခင်သည် ဣသရေလလူမျိုးတို့အား ကယ်တင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း လေ့လာတွေ့ရှိချက်ပင် ဖြစ်သည်။ ၄င်းအပြင် အကယ်၍ ဣသရေလလူမျိုးတို့၏နှလုံးသားသည် ကယ်တင်ခြင်းကို လက် ခံရန်အဆင့်သင့် မဖြစ်သေးလျှင်လည်း သူတို့၏နှလုံးသားအား အဆင်သင့် ဖြစ်ရန် လုပ်ဆောင်ဘို့ ဖြစ်သည်။ ထို့ကြောင့် သူတို့ နှလုံးသားများသည် ဖြောင့်မတ်တည်ကြည်လာလိမ့်မည်။
 
အခန်းငယ်(၂)“ဗိမာန်တော်တံတိုင်းကို မတိုင်းနှင့် ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသောမြို့တော်ကို လ လေးဆယ် နှစ်လပတ်လုံး နင်းကြလိမ့်မည်။”
ဘုရားသခင်သည် ဆာတန်အား တပါးအမျိုးသားတို့ကို သုံးနှစ်နှင့် တစ်ဝက်နင်းချေရန်အတွက် တန်ခိုးအာဏာ ပေးထားသည်။ ထို့ကြောင့် တပါး အမျိုးသားအားလုံးတို့သည် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ရွေးနှုတ်ခြင်းစကားလုံးကိုလည်းကောင်း၊ခုနှစ်နှစ်ကြာဘေးဒဏ်ကြီးကာလ၊ ပထမခုနှစ်နှင့် တဝက်ကာလအတွင်း ဖြစ်နိုင်သမျှ အမြန်ဆုံးသူတို့၏ နှလုံး သားဖြင့်လက်ခံရရှိစေရမည်ဖြစ်သည်။ ဤကမ္ဘာမြေကြီး၏ သမိုင်းကြောင်း သည် ဘေးဒဏ်ကြီးကာလသည် ၄င်း၏အလယ်ဗဟိုကာလကို ဖြတ်သန်း ပြီး ဒုတိယသက်တမ်းသို့ ဝင်ရောက်သောအချိန်၌ ကုန်ဆုံးလိမ့်မည်။ မကြာမီတပါးအမျိုးသားနှင့်သန့်ရှင်းသူများတို့သည်လည်း စာတန်၏ နင်း ချေစော်ကားခြင်းခံရသောအချိန်သည် မဝေးလှသောအနာဂတ်တွင်ပေါ် ပေါက်လာမည် ဖြစ်သည်။
ထိုကြောင့်တပါးအမျိုးသားတို့သည် သူတို့၏အပြစ်မှ ရွေးနှုတ်ခြင်း ခံရပြီးနောက်သူတို့အပေါ်သို့ ဘေးဒဏ်ကြီးကာလ၏ပထမသုံးနှစ်ခွဲ ကာလ မတိုင်မီသူတို့အပေါ် ကျော်လွှားသွားသည့်အခါ သူတို့၏ယုံကြည်မှုအတွက် အာဇာနည်ကဲ့သို့နှိပ်စက်ညှင်းပန်းခြင်းခံရမည့်ကာလအတွက်ပြင်ဆင် ထား ကြရမည်။ 
ထိုအချိန်မှာပင်၊ ဣသရေလလူမျိုးတို့သည်လည်း ကြောက်မက် ဖွယ်ရာ ကောင်းသောဘေးဒဏ်ကြီး ကာလ၏ပထမသုံးနှစ်ခွဲကို ခံစားကြ ရမည် ဖြစ်သည်။သို့သော်သူတို့သည်လည်းယင်းအချိန်ကာလရောက် သော အခါ ယေရှုသည် သူတို့၏ ကယ်တင်ရှင် ဖြစ်ကြောင်း လက်ခံကြလိမ့်မည်။ နောက်ဆုံးတွင် ဣသရေလလူမျိုးတို့သည် သူတို့၏အပြစ်များမှ ကယ်တင် ခြင်းကို ဘေးဒဏ်ကြီးကာလ၏ ပထမသုံးနှစ်ခွဲ ကာလအတွင်း လက်ခံရရှိ ကြလိမ့်မည်။ကျွန်ုပ်တို့နားလည်သဘောပေါက်ရမည်မှာ ဣသရေလ လူမျိုး တို့သည် ဘေးဒဏ်ကြီးကာလအတွင်းမှာပင် သူတို့၏အပြစ်မှ ရွေးနှုတ်ခြင်း ကို ဘုရားသခင်က ခွင့်ပြုပေးလိမ့်မည် ဖြစ်သည်။
အခန်းငယ် (၃) “ငါ၏ သက်သေနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့ သည် လျော်တေအဝတ်ကိုဝတ်လျှက် အရက်တစ်ထောင်နှစ်ရာ ခြောက် ဆယ် ပတ်လုံး ပရောဖက် ပြုကြ လိမ်မည်။”
ဣသရေလလူမျိုးအတွက်သက်သေခံသူနှစ်ဦးကိုသူ၏အစေခံကျွန် အဖြစ် ဘုရားသခင်က သီးသန့်ပေါ်ပေါက်စေမည်။ ဘုရားသခင်က၊ဣသ ရေလလူမျိုးအတွက်ပေါ်ထွန်းစေမည့်ဖြစ်သောပရောဖက်နှစ်ဦးသည်ယခင် ပရောဖက်ဟောင်းများထက် နှစ်ဆပို၍ တန်ခိုးကြီးမားသောအခွင့်ကို ပေး လိမ့်မည်။ ထိုပြင်ကိုသူတို့၏သက်သေခံသော စကားအားဖြင့် ဘုရားသခင် သည် ဣသရေလလူမျိုးကြားတွင် စတင်လုပ်ဆောင်ခြင်းဖြင့် ဣသရေလ လူမျိုးတို့သည် သခင်ယေရှုခရစ်တော်ကို သူတို့၏ကယ်တင်ရှင်အဖြစ် လက်ခံကြလိမ့်မည်။ ဤပရေဖက်နှစ်ဦး၏လုပ်ဆောင်မှုအားဖြင့် ဣသ ရေလလူမျိုးတို့သည် စစ်မှန်သောဘုရားသခင်၏ ဒုတိယအကြိမ် မွေးဖွား ခြင်းခံရသော လူမျိုးဖြစ်လာ ကြလိမ့်မည်။
ပရောဖက်နှစ်ဦးကို ပိုင်ဆိုင်ထားခြင်း အားဖြင့်၊ ဣသရေလလူမျိုး တို့အားသူတို့၏အပြစ်များမှနောက်ဆုံးကာလတွင် ကယ်ဆယ်ရန် စေလွှတ် ခံရမည်။ သူသည် ပရေဖက်နှစ်ဦးကို ပိုင်ဆိုင်ခြင်းအားဖြင့်နိမိတ် လက္ခ ဏာများနှင့်အံ့သြဘွယ်ရာများကိုလုပ်ဆောင်ပြလိမ့်မည်။သူသည်ဤပရော ဖက်များမှ ဦးဆောင်လာမည် ဣသရေလ လူမျိုးတို့ကို ခရစ်တော်ဆီသို့ ပြန်လာစေပြီး၊ သူအား သူတို့၏ကယ်တင်ရှင်အဖြစ် ယုံကြည် လက်ခံစေ မည် ဖြစ်သည်။ဘေးဒဏ်ကြီးကာလ၏ ပထမသုံးနှစ်နှင့် တစ်ဝက်သောကာ လအတွင်း ရက်ပေါင်း (၁၂၆၀) တိုင်အောင် ထိုပရောဖက် နှစ်ဦးတို့သည်၊ ဣသရေလလူမျိုးတို့အား ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် ကျွေးမွေး ကြလိမ့်မည်။ ဣသရေလလူမျိုးတို့အားရေနှင့် ဝိညာဉ်ဆိုင်ရာသတင်း ကောင်းကိုပေးအပ်ခြင်းဖြင့်၊ ယင်းကို သူတို့ယုံကြည်လက်ခံရန် လုပ်ဆောင် လိမ့်မည်။ဓမ္မကျမ်းစာသစ်ခေတ်ရှိ တပါးအမျိုးသားတို့အား၊ သူတို့၏အပြစ် အားလုံးမှကယ်တင်ပြီး ယုံကြည်မှုရစေသကဲ့သို့သော်တူညီသည် ကယ်တင် ခြင်းကိုဘုရားသခင်က သူတို့အားခွင့်ပြုပေးသည်။
အခန်းငယ် (၄) “ထိုသူတို့ကား၊ မြေကြီးအရှင်၏ ရှေ့တော်၌ ရိုက်ထားသော သံလွင် နှစ်ပင်နှင့် မီးခွက် နှစ်လုံး ဖြစ်သတည်း။”
ဤနေရာတွင်၊ “သံလွင်ပင်နှစ်ပင်”မှာ ဘုရားသခင်၏ ပရော ဖက်နှစ်ပါးအဖြစ် ရည်ညွှန်းသည် (ဗျာဒိတ် ၁၁း၁၀) “မီးခွက်နှစ်လုံး” သည်၊ ဘုရားသခင်ကတပါးအမျိုးသားများကြား၌ တည်ထောင်သော ဘုရားသခင် ၏အသင်းတော်နှင့်ဣသရေလလူမျိုးတို့အားဘုရားရှင်ခွင့်ပြုခဲ့သောအသင်း တော်တို့ကို ရည်ညွှန်း ပါသည်၊ဘုရားသခင်သည် သူ၏အမျက်တော်ကို ဂျူးလူမျိုးနှင့် ကျွန်ုပ်တို့တပါးအမျိုးပါးနှစ်မျိုးစလုံးကြားတွင် တည်ဆောက် ခဲ့ပြီး နောက်ဆုံးသောနေ့ မရောက်မီကာလအတွင်း အပြစ်ထဲမှ ဝိညာဉ်များ အား ကယ်တင်သောလုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားလိမ့်မည်။
သံလွင်ပင်နှစ်ပင်နှင့်မီးခွက်နှစ်လုံးအားဖြင့် ဘုရားရှင်က ကျွန်ုပ်တို့ အား ပြောသည်မှာ၊ဓမ္မဟောင်းကာလအတွင် သူသည် ပရောဖက်များကို၊ ဣသရေလလူမျိုးတို့ကို သူတို့၏အပြစ်များမှာ ကယ်တင်ရန်အတွက် သူ၏ ပရောဖက်များ ပေါ်ထွန်းစေပြီး သူသည် ဤပရောဖက်များမှ တဆင့် သူတို့အားစကားပြောစေခြင်းဖြင့် အလုပ်လုပ်ပြခဲ့ သကဲ့သို့နောက်ဆုံးသော ကာလရောက်လာသောအခါ ဣသရေလလူမျိုးစုထဲမှပရောဖက်နှစ်ဦး ပေါ် ပေါက်စေပြီး သူ၏နှုတ်ကပတ်တော်ကို ဟောကြားစေမည် ဖြစ်သည်။ ၄င်းပရောဖက်များမှတဆင့် ယေရှုသည်ဣသရေလလူမျိုးများကို ဦးဆောင် လိမ့်မည်။
ဣသရေလ လူမျိုးတို့သည်၊ တပါးအမျိုးသား ဇစ်မြစ်မှလာသော ဘုရားသခင်၏အစေခံများကို အလေးအနက်ထားသက်ခံဖို့ရန် ပျက်ကွယ် ခဲ့ပြီ။ ထိုဘုရားသခင်၏ အစေခံများ၄င်းတို့အား မည်သည့်အရာများ ဟော ကြားမည်ဆိုသည်ကိုလည်း နားထောင်ခြင်း မရှိခဲ့ကြပါ။ သူတို့ အားလုံး သည် ယဇ်ပူဇော်ခြင်း ဆိုင်ရာ စနစ်နှင့် ဓမ္မဟောင်းကျမ်းများ၏ပရောဖက် ပြုချက်များကိုသာသိရှိနားလည်ကြသည့်အလျောက်၊ဣသရေလလူမျိုးများ အဖို့သီးသန့်ဘုရားသခင်၏နောက်ဆုံးကာလအတွက် ခန့်ထားသော ပရော ဖက်ပေါ်ပေါက်ဖို့ရန်လိုအပ်နေပါသည်။ ဣသရေလလူမျိုးတို့သည် ကျမ်းစာ အရာတွင် ကောင်းစွာကျွမ်းကျင်ကြသည့်အလျောက် သူတို့သည် ပြေးလွှား ယင်းနှင့်ပင်ဓမ္မဟောင်းကျမ်းစာတခုလုံးကိုအာဂုံဆောင်နိုင်ကြသောသူများ ဖြစ်နိုင်ပါသည်။ယင်းအချက်သည်ပင် ဘုရားသခင်၏အစေခံ ကျွန်ဖြစ်သော တပါးအမျိုးသားက သူတို့အားပြောသမျှကို မယုံကြည်ရခြင်း အကြောင်း ဖြစ်ပေလိမ့်မည်။
သို့သော် သင်နှင့်ကျွန်ုပ်တို့ ယခုဟောပြောနေကြသော ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ကြားနာဖို့ရန် ဘုရားသခင်၏အစေခံ အ မှုဆောင်သည် သူတို့၏ဇာတိလူမျိုးတော်ထဲမှ ပေါ်ပေါက်လာလိမ့်မည်။ သူ တို့၏ဇာတိလူမျိုးထဲမှာ ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည် သူများပေါ်ထွန်းစေပြီးနောက် ထိုသူတို့အထဲမှ ဘုရားသခင်က ပရောဖက် နှစ်ပါးကို ခန့်ထားပြီး သူသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သူတို့ အထဲတွင် ဟောပြောရှင်းလင်း ပြလိမ့်မည်။ဤနည်းတစ်ခုထဲဖြင့်သာ ဣ သရေလ လူမျိုးတို့သည် ယုံကြည် လာကြလိမ့်မည်။
နောက်ဆုံးသော ကာလတွင် ဣသရေလလူမျိုးတို့သည် ထိုသက် သေခံသူနှစ်ဦးတို့သည် ဘုရားသခင်မှသူတို့အတွက် စေလွှတ်ပြီး သူတို့၏ အပြစ်များအားလုံးမှကယ်တင်ရန်ပေါ်ထွန်းစေခြင်းဖြစ်ကြောင်းသိရှိလာကြ လိမ့်မည်။ဤပရောဖက်တို့သည်ဓမ္မဟောင်းကျမ်း၌ဘုရားသခင်ကစေလွှတ် သော အစေခံကျွန်များကဲ့သို့ ဣသရေလလူမျိုးများက သူတို့အားလေ့ကျင့် ပေးသူများအဖြစ်ကောင်းစွာသိရှိခံယူကြပြီး၊ ၄င်းတို့ကသူတို့၏ ကြီးမား သောတန်ခိုး အင်အားများဖြင့် ဣသရေလလူမျိုးတို့အား လေ့ကျင့်ပေးကြ လိမ့်မည်။ ဤသို့ဖြင့် ဣသရေလလူမျိုးတို့သည် ထိုပရောဖက်နှစ်ပါးက သူတို့၏ အံ့သြဘွယ်ရာ တန်ခိုးများဖြင့် သူတို့အတွက် တကယ်ပင် ဆောင် ရွက်ပေးသည်ကို မျက်ဝါးထင်ထင်မြင်ကြရလိမ့်မည်။ ဤသို့ဖြင့် ဣသရေ လ လူမျိုးတို့သည် သခင်ယေရှုထံသို့ ပြန်လှည့် လာကြပြိး သခင်ဘုရားကို ယုံကြည်ကြလိမ့်မည်။ဣသရေလလူမျိုးတို့သည် ကျွန်ုပ်တို့ကဲ့သို့ သခင်ယေ ရှုခရစ်ကို သူတို့၏ကယ်တင်ရှင်၊ ဘုရားသခင်၏အားအဖြစ် အသိအမှတ်ပြု လက်ခံ လာကြသောအခါ သူတို့သည်လည်း ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်း ကောင်းကို ယုံကြည် လက်ခံခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိကြပြီး သူတို့ သည်လည်းကျွန်ုပ်တို့နှင့်အတူ ယုံကြည်ချက်တူညီ သွားလိမ့်မည်။ ထိုသက် သေခံနှစ်ဦးဘေးဒဏ်ကြီးကာလအတွင်း ရက်ပေါင်း(၁၂၆၀)ကြာမျှသူတို့ အား ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရှင်းလင်းရင်း၊ ဝိညာဉ်အခါဖြင့် ကျွေးမွေး ကြလိမ့်မည်။ဓမ္မသစ်ကာလ၏တပါးအမျိုးသားများ ဖြစ်ကြသော သင်နှင့် ကျွန်ုပ်တို့ ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်ခြင်း ဖြင့် ကယ်တင်ခြင်း ခံရသကဲ့သို့ပင် နောက်ဆုံးသောကာလ၌ ဣသရေလ လူမျိုးတို့အားရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်ခြင်းဖြင့် ဘု ရား သခင်သည် သူတို့အား ကယ်တင်ဖို့ရန် ခွင့်ပြုလိမ့်မည်။
အခန်းငယ် (၄)က ကျွန်ုပ်တို့အား ပြောပြသည့်အတိုင်း “ဤသူတို့ ကားမြေကြီးအရှင်၏ရှေ့တော်၌စိုက်ထားသောသံလွင်ပင်နှစ်ပင်နှင့် မီးခွက် နှစ်လုံး ဖြစ်သတည်း။” ဤသက်သေနှစ်ဦးကို ကျမ်းစာကသံလွင်ပင် နှစ်ပင် အဖြစ် ခေါ်ဝေါ်သည်။သံလွင်ပင်နှစ်ပင်သည် နောက်ဆုံးသောကာလ၏ ပရောဖက်နှစ်ပါးကို ရည်ညွှန်းထားသည်။ အပိုဒ်ငယ် (၁၀) ၌ ဤသို့ ဖော်ပြ ထားပါသည်။ “မြေကြီးပေါ်မှာ နေသောသူတို့သည် ဝမ်းမြောက်၍ ပျော်မွေ့ ခြင်းကိုပြုလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက်လက်ဆောင် ပေးလိုက် ကြလိမ့်မည်။ အကြောင်းမူကား အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွ နှောက်ယှက်၊ ညှင်းဆဲကြသည်။” ဤနေရာတွင်ကျွန်ုပ်တို့သည်သံလွင်ပင်နှစ်ပင်ဟူသောစကားလုံးကို အဓိက ထား အားရုံစိုက်ပြီး အဖြေရှာကြရမည် ဖြစ်သည်။
သံလွင်ပင်ကို ဓမ္မဟောင်းကာလ၌ အထွတ်အမြတ်ထားရာနှင့် ဘုရားသခင်၏ဗိမာန်တော်တွင်း၌ ဘိသိက်ပေး ဆီသုတ်လိမ်းရန်အတွက် အသုံးပြုခဲ့ကြသည်။ဤသံလွင်ဆီကိုအခြားသောရည်ရွယ်ချက်များအတွက် အသုံးပြုကြသလိုဗိမာန်တော်၏မီးခွက်များ၌လည်းအလင်းပေးရန် အတွက် အသုံးပြု ကြသည်။ သူတို့သည် ဗိမာန်တော်အတွင်း၌ သံလွင်ဆီအစစ် ကိုသာအသုံးပြုခဲ့ကြသည်။ဘုရားသခင်က ဗိမာန်တော်အတွင်း၌ မည်သည့် ဆီမျိုးကိုမဆို အသုံးပြုခွင့်ပေးခြင်း မဟုတ်ပါ။သို့သော် ဘုရားရှင်က သံ လွင်ဆီတစ်ခုတည်းကိုသာ အသုံးပြုရန် ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ကျွန်ုပ် တို့ သိရှိရန်မှာ သံလွင်ပင်သင်္ဘော သဖန်းပင်တို့သည် ဣသရေလလူမျိုး တို့ကိုကိုယ်စားပြုပါသည်။
ဤနေရာတွင်သံလွင်ပင်နှင့်မီးခွက်နှစ်လုံးနှင့်ပတ်သက်၍အဓိပ္ပါယ် ဖွင့်ဆိုချက်အမြောက်အများရှိပါသည်။အဆိုပုဂ္ဂိုလ်များက သူတို့ ကိုယ်တိုင် ပင်လျှင်သံလွင်ပင် ဖြစ်ကြသည်ဟု ဆိုကြပါသည်။သို့သော် သံလွင်ပင် နှစ် ပင်မှာဘိသိက်ဆီလိမ်းထားသူကိုသာရည်ညွှန်းပါသည်။ဓမ္မဟောင်း ခေတ်၌ လူတို့သည် ပရောဖက်သို့မဟုတ် ဘုရင် သို့မဟုတ် ယဇ်ပရောဟိတ်မင်း တို့ကို ခန့်ထားရာ၌ ဆီသုတ်လိမ်းရန် အသုံးပြုခဲ့ကြသည်။ ယင်းကဲ့သို့ ဆီသွန်းလောင်းရာ၌သန့်ရှင်းသောဝိညာဉ်တော်သည်သူ့အပေါ်၌ဆင်းသက် လာလေ့ရှိသည်။ သံလွင်ပင်သည် ရောမ (၁၁း၂၄)အရ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သန္ဓေတည်သော ယေရှုခရစ်တော်ကိုရည်ညွှန်းပါ သည်။ သို့သော် လူအများတို့သည် ဤအချက်အပေါ် နားလည်မှုလွဲမှား ကြသည်။
သို့ပါလျက်နှင့် သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံးတို့သည် ဘုရား သခင်က နောက်ဆုံးသောကာလ၌ ဣသရေလလူမျိုးတို့အား ကယ်တင်ရန် အတွက် အထူးစေလွှတ်မည့် ဘုရားသခင်၏ အစေခံကျွန်အဖြစ် ရည်ညွှန်း ကြောင်းကျမ်းစာ၏အဓိကစာပိုဒ်များ၌ တလျှောက်လုံးဖော်ပြခဲ့ပြီးဖြစ်ပါ သည်။
ဤအချက်သည် အခန်းကြီး (၄) က ကျွန်ုပ်တို့အား မည်သည့် အရာကို ပြောပြသနည်းဆိုသည်ကို ဖော်ပြနေပါသည်။ ထို့အပြင် မီးခွက် နှစ်လုံးသည် ဘုရားသခင်၏အဆင်းတော်ကို ရည်ညွှန်းပြီးတပါး အမျိုး တို့ထံ ခွင့်ပြုသောအသင်းတော်နှင့် ဣသရေလလူမျိုးတို့ကို ခွင့်ပြုသော အ သင်းတော်တို့ ဖြစ်ကြသည်။ ဓမ္မဟောင်းကျမ်းကာလ၌ ဣသရေလ လူမျိုး တို့တွင် မူလကဗိမာန်တော် ရှိခဲ့ကြသည်။ သို့သော် ဓမ္မသစ်ကာလမှစ၍ သူ တို့တွင်ဤဘုရားသခင်၏ဗိမာန်တော်မရှိတော့ပေ။အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယနေ့တိုင် ယေရှုခရစ်တော်ကို အသိ အမှတ် မပြုကြသေး။ထို့ပြင် သူတို့နှလုံးသား၌ သန့်ရှင်းသောဝိညာဉ်တော် မရှိပေ။
သူတို့သည်ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကိုသော်လည်း ကောင်း၊ ယေရှုခရစ်တော်သော် လည်းကောင်း၊ လက်ခံခြင်းမရှိလျှင် ဘုရား သခင်၏အသင်းတော်သည်သူတို့အထဲတွင်မည်သည့်အခါမျှဖွဲ့စည်းနိုင်မည် မဟုတ်ပေ။ သို့ပါသော်လည်း ကမ္ဘာကြီး၏နောက်ဆုံး နိဂုံးချုပ် မတိုင်မီ ဘေးဒဏ်ကြီးကာလ၏ ပထမသုံးနှစ်ခွဲကာလအတွင်းတွင် ဘုရားသခင် သည် ဣသရေလလူမျိုးများကိုလည်း သူ၏အသင်းတော်ကို တည်ထောင် ခွင့်ပေးလိမ့်မည်။ ဤအရာသည်ပင်ကျမ်းစာကဖော်ပြသောသံလွင်ပင်နှစ် ပင်တည်းဟူသော သက်သေခံနှစ်ဦးအကြောင်း ဖြစ်သည်။
ဘုရားသခင်သည်ဣသရေလလူမျိုးနှင့်ကျွန်ုပ်တို့အားတပါး အမျိုး သားနှစ်ဦးလုံးထဲတွင် သူ၏အသင်းတော်ကို တည်ဆောက်လိမ့်မည် ဖြစ်ပြီး သူ၏လုပ်ငန်းတော်ဖြစ်သော ဂျူးလူမျိုးနှင့်ကျွန်ုပ်တို့တပါး အမျိုးသားထဲမှ အပြစ်သားထဲမှဝိညာဉ်များကယ်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်လိမ့်မည်။
အပြစ်မှဝိညာဉ်များကို ကယ်တင်သောဤလုပ်ငန်း တာဝန်ကြီးကို သူသည် အန္တီခရစ်မပေါ်ပေါက်မီအထိ ဤအသင်းတော်များမှ တဆင့် ဆောင်ရွက်လိမ့်မည်။ဆိုလိုသည်မှာဘုရားသခင်သည် သန့်ရှင်းသူများ ထဲမှ သူ့လူများ ဖြစ်သောသူ၏အသင်းတော်အဖွဲ့ဝင်များကိုအပြစ်၌ ပျောက်ဆုံး နေသောဝိညာဉ်များကို ကယ်တင်သည့် တာဝန်ကို သူတို့အား ထမ်းဆောင် စေမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကျန်ရှိ နေသေး သော တာဝန်ကို ယုံကြည်ခြင်းဖြင့်လုံ့လဝိရိယရှိစွာဖြင့် လုပ်ဆောင်ရမည်။
အခန်းငယ် (၅) “တစ်စုံတစ်ယောက်သော သူသည် သူတို့ကို ညှင်း ဆဲခြင်းငှာအလိုရှိလျှင် သူတို့၏ခံတွင်းထဲကမီးထွက်၍ ရန်သူ တို့ကိုမျို တတ်၏။တစ်စုံတစ်ယောက်သောသူသည်ထိုသူတို့ကိုညှင်းဆဲခြင်းငှာ အလို ရှိလျှင် ထို့သို့ အသေသတ် ခြင်းကို ခံရမည်။”
ဘုရား သခင်သည် ဤတန်ခိုး စွမ်းအင်ကို ပရောဖက် နှစ်ပါးသို့ ပေးအပ်ပြီးဖြစ်သည့်အတိုင်းသူတို့သည် သူတို့၏အထူးတာဝန်ကိုထမ်း ဆောင်ကြလိမ့်မည်။ နောက်ဆုံးသောကာလတွင် ဣသရေလ လူမျိုးများကို နောင်တရရန်နှင့်ဆာတန်ကိုအောင်မြင်နိုင်ရန် လုပ်ဆောင်ရန်အတွက်ဘု ရား သခင်က သူ၏ နှုတ်ကပတ်တော် တန်ခိုး စွမ်းအင်များကို ဤသက်သေ နှစ်ဦးထံတွင် ပိုင်ဆိုင်စေပြီး ထိုသက်သေနှစ်ဦးကို သတ်ရန် ကြိုးစားသော သူများကိုလည်းသူတို့ကို ညှင်းဆဲခြင်းခံရမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ကို ပြသပါသည်။
ဤကဲ့သို့ပရောဖက်နှစ်ဦး၏သွန်သင်မှုကိုယုံကြည်သောဣသရေ လလူမျိုးတို့သည် ယေရှုခရစ်တော်ထံ ပြန်လာကြလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့် ဘုရားသခင်က သံလွင်ပင်နှစ်ပင်ကို ခွင့်ပြုရခြင်းနှင့် ဣသ ရေလလူမျိုးတို့အတွက်သက်သေနှစ်ဦးစေလွှတ်ရခြင်းဖြစ်ပြီး ထိုသို့အားဖြင့် နောက်ဆုံးသောကာလတွင်သူတို့သည်သူတို့၏အပြစ်များမှ ကယ်တင်ခြင်း ခံကြရလိမ့်မည်။
အခန်းငယ် (၆) “ထိုသူတို့သည် ပရောဖက်ပြုသောနေ့ရက် ကာလ ၌ မိုဃ်းမရွာစေခြင်းငှာ မိုဃ်းကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကိုအဆွေးဖြစ်စေရသောအခွင့်၊မိမိတို့အလိုရှိသမျှသောအခါ၌ ဘေး အမျိုးမျိုးဖြင့် မြေကြီးကို ဒဏ်ခတ် ရသောအခွင့်ရကြ၏။”
အဘယ်ကြောင့်ဆိုသော်ဣသရေလလူမျိုးတို့သည် နောင်တရခြင်း မရှိခဲ့ကြလျှင် ဘုရားသခင်၏အစေခံကျွန်များကို ပေါ်ပေါက်စေပြီး သူတို့ သည် ဤတန်ခိုး စွမ်းအင်တို့ကို အသုံးပြုကြလိမ့်မည်။ ဘုရားသခင်သည် သူ၏တန်ခိုးတော်ကို သက်သေနှစ်ဦးတို့အား လုပ်ကိုင်ခွင့်ပေးလိမ့်မည်။ ပ ရောဖက်နှစ်ဦးသည် ဣသရေလ လူမျိုးများကို ခရစ်တော်ထံသို့ ဦးဆောင် သွားရန် သာမကသူတို့သည်လည်း ဘုရားသခင်၏ရန်သူများကို ကျော်လွှား အနိုင်ယူကြလိမ့်မည်။ ဘုရားသခင်သည် သူတို့အား အထူး တန်ခိုးစွမ်းရည် ပေးအပ်ခြင်းဖြင့် ဣသရေလလူမျိုးတို့အား နှုတ်ကပတ်တော်ပရောဖက် ပြုချက်တို့ကို ဟောပြောကြပြီး ယေရှုခရစ်တော်သည် သူတို့ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော ကယ်တင်ရှင်ဖြစ်ကြောင်းနှင့် သူတို့အား ယုံကြည်စေ ကြောင်း သက်သေခံကြလိမ့်မည်။
အပိုဒ်ငယ်(၇) “သူတို့သည် သက်သေခံပြီးသောအခါ အနက်ဆုံး သော တွင်းထဲကတက်သောသားရဲသည်သူတို့ကိုစစ်တိုက်၍ အောင်လိမ့် မည်။”
ဘေးဒဏ်ကြီးကာလ၏ပထမသုံးနှစ်ခွဲအချိန်ကျော်လွန် သွားသော အခါ ဤကမ္ဘာမြေကြီးတွင် အန္တီခရစ်ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ဤနှုတ်ကပတ်တော်က ကျွန်ုပ်တို့ကို ပြောပြနေပါသည်။ ဤအချိန်အခါ သ မယသည် ဣသရေလလူမျိုးထဲမှ နောက်ဆုံးတွင် သခင်ခရစ်တော်သည် ကျွန်ုပ်တို့ စောင့်စားလာခဲ့သော ကယ်တင်ရှင်ဖြစ်ကြောင်း ယုံကြည်သော သူများ ပေါ်ပေါက်လာကြလိမ့်မည့်အချိန် ဖြစ်သည်။ သို့သော်လည်း သူတို့ အထဲမှလူအများတို့သည် အန္တီခရစ်နှင့်သူ၏ နောက်လိုက်တည်းဟူသော သားရဲ၏ညှင်းပန်းနှိပ်စက်မှုကို ကာကွယ်ခုခံကြရလိမ့်မည်။ ဘုရားသခင်၏ ပရောဖက် နှစ်ပါးသည်လည်း သူတို့၏တာဝန် ပြီးဆုံးသောအခါ ညှင်းပန်း နှိပ်စက်မှုခံကြရလိမ့်မည်။
သက်သေခံနှစ်ဦးတို့ကအန္တီခရစ်ကသတ်ဖြတ်လိမ့်မည်ဖြစ်ပြီးယင်း အဖြစ်အပျက်သည် ဘုရားသခင် အလိုတော်ရဖြစ်သည်။ အဘယ်ကြောင့် နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က သူတို့ကိုလည်း အာဇာနည် တို့၏ ရရှိမည့် ဆုလဒ်များကို သူတို့လည်းရစေလိုသောကြောင့် ဖြစ်သည်။ ဤဆုလဒ်သည် သူတို့အတွက်ဖြစ်ပြီး ပထမဆုံးသောထမြောက်ခြင်း၊ သိုး သူငယ်၏ မင်္ဂလာဆောင်ညစာစားပွဲ၌ ခရစ်တော်နှင့်အတူ ပါဝင်ရန်ထာ ဝရဝမ်းမြောက် ပျော်ရွှင်ရန်နှင့်ထာဝရအသက်ရရှိခြင်းတို့ ဖြစ်သည်။ ဤ ကောင်းချီးမင်္ဂလာကို သန့်ရှင်းသူအားလုံး တို့အား ပေးအပ်နိုင်ရန်အတွက် သူတို့၏ယုံကြည်ချက်အတွက် အသေခံကြရန် ဘုရားသခင်အလို ရှိသည်။ ထို့ကြောင့် သန့်ရှင်းသူအားလုံးတို့သည် သူတို့၏ညှင်းပန်း နှိပ်စက်ခြင်းကို ကြောက်လန့်ခြင်းလည်းမရှိရှောင်ရှားခြင်းလည်းမရှိကြပါ။၄င်းအစား ခိုင်မာ သောယုံကြည်ချက်ဖြင့်သူတို့၏ကောင်းကြီးများကိုလက်ခံရရှိကြ လိမ့်မည်။
အခန်းငယ် (၈) “သူတို့သခင်သည် လက်ဝါးကားတိုင်မှာ အသေခံ တော်မူသောအရပ်တည်းဟူသောသောဒုံဟူ၍လည်းကောင်း၊ အဲဂုတ္တု ဟူ၍ လည်းကောင်း၊ အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သောမြို့ကြီး၏လမ်း၌အ လောင်းကောင်တို့သည်နေရစ်ကြလိမ့်မည်။”
သက်သေခံ နှစ်ဦးတို့သည်ဣသရေလလူမျိုးထဲမှ ဖြစ်ကြောင်း၊ဤ ကျမ်းစာက ကျွန်ုပ်တို့အားအတိအကျ ပြောပြပါသည်။ ဘုရားသခင်ဣသ ရေလလူမျိုးတို့အတွက် ပေါ်ထွန်းစေမည့်စေခံနှစ်ဦးမှာ တပါးအမျိုးသား ထဲမှမဟုတ်ပါ။ သို့သော်သူတို့ ဇာတိဣသရေလလူမျိုးထဲမှ ဖြစ်လိမ့်မည်။ ထို့အတူ သက်သေခံနှစ်ဦးအသတ်ခံရမည့်နေရာမှာလည်း၊ ခရစ်တော် ကား တိုင် တင်ခံရသည့်နေရာနှင့်အတူတူပင် ဖြစ်သည်။ ဤအချက် ဤသက် သေနှစ်ဦးမှာဣသရေလလူမျိုးဖြစ်ကြောင်းကျွန်ုပ်တို့ကိုရှင်းလင်းစွာ ပြောပြ နေပါသည်။ 
သူတို့သည်ဣသရေလလူမျိုးအတွက် ဘုရားသခင်၏ အစေခံများ သော သောဒုံမြို့နှင့်အဲဂုတ္တုပြည် သားများ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ အရ တူ ညီသော ဣသရေလလူမျိုးများအတွက် ဘုရားသခင်သည် သူ၏ပရောဖက် နှစ်ပါးကို ခန့်ထားပြီးသူတို့ကိုတန်ခိုး အင်ပါယာပေးအပ်ပြီး သူတို့ကို ဣသ ရေလလူမျိုးများ စောင့်စားနေခဲ့ကြသော ကယ်တင်ရှင်မှာ ယေရှုဖြစ် ကြောင်းသက်သေခံစေမည်။ဤသို့ဖြင့်ဣသရေလလူမျိုးများသည်နောင်တ ရပြီး ယေရှုကို ယုံကြည်ကြလိမ့်မည်။
အန္တီခရစ်သည် ဘုရားသခင်၏အစေခံနှစ်ဦးကို ယေရှု လက်ဝါး ကပ်တိုင်၌ အသတ် ခံရသော ဂေါလဂေါသအရပ်တွင် သတ်လိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော်အန္တီခရစ်၏ နောက်လိုက်များသည် ဆိုးသွမ်းယုတ်မာ သောစိတ်ဓါတ် ရှိကြသည်။ သူတို့သည် သခင်ယေရှုကို ယုံကြည်ပြီး သူ့ အတွက် သက်သေခံကြသော ထိုသက်သေခံနှစ်ဦး သေဆုံးမည်ကို မုန်းတီး ကြသည်။ သခင်ယေရှုကို လက်ဝါးကားတိုင်၌သတ်ပြီးနံဘေးကို လှံဖြင့် ထိုးခဲ့သော ရောမစစ်သားများနှင့်တူသော ဆိုးညစ်သောစိတ်ရှိ သူတို့သည် သခင်ယေရှုကိုသာမုန်းတီးသည်မဟုတ်၊ ဘုရားသခင်၏ သက်သေခံ နှစ်ဦး ကိုလည်း မုန်းတီးပြီး သူတို့ကို သတ်ကြ လိမ့်မည်။
အခန်းငယ် (၉) “အသီးသီး ဘာသာစကားကို ပြောသော လူမျိုး နွယ်တို့သည်သုံးရက် ခွဲပတ်လုံးအလောင်းကောင်တို့ကို မြင်ရ၍ သင်္ဂြိုဟ် ခြင်းကို တားမြစ်ကြ လိမ့်မည်။”
ဣသရေလလူမျိုးတို့အထဲတွင်လည်းယေရှုခရစ်ကို သူတို့၏ ကယ် တင်ရှင်အဖြစ် မယုံကြည်သောသူများရှိကြသည်။ အစေခံနှစ်ပါး (သံလွင် ပင်နှစ်ပင်)၏ အလောင်းကောင်ကိုမြင်ရခြင်းဖြင့် ထိုလူထုတို့သည် သူတို့၏ အောင်ပွဲ ခံစားသည့်အရသာ အာရုံဖြင့် လွှမ်းမိုး ခံရလိမ့်မည်။ အောင်ပွဲ၏ အရသာကိုတိုးမြှင့်ခံစားကြလိမ့်မည်။သူတို့သည်သူတို့၏ အလောင်းကောင် များကို သင်္ဂြုဟ်ခွင့်ရမည် မဟုတ်ပေ။ သို့သော် သူတို့၏ အောင်ပွဲသည် အစိတ်စိတ်အမွှာမွှာပြိုကွဲသွားလိမ့်မည်။ ထို့ဖြင့်သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ လာကြလိမ့်မည်။
ဘုရားသခင်၏အစေခံနှစ်ဦးတို့သေဆုံးမှုကြောင့် သူတို့သည် သူတို့ ကိုယ် သူတို့ဂုဏ်ယူဝမ်းမြောက်နေကြလိမ့်မည်။ သို့သော် ယင်းဝမ်းမြောက် မှုသည် တာရှည်လိမ့်မည် မဟုတ်ပေ။ သူတို့သည် မကြာခင်အန္တီခရစ်နှင့် ယေရှုခရစ်တို့ ယှဉ်ပြိုင်ကြမည်မဟုတ်ကြောင်း နားလည်လာကြလိမ့်မည်။ စိတ်ပျက်ခြင်းနှင့်ဆုံးရှုံးခြင်းတို့ကသူတို့ကိုလွှမ်းမိုးသွားလိမ့်မည်။
ဤလူထုတို့သည် ပရောဖက်နှစ်ပါးဟောကြားသော ဘုရားသခင် ၏ပရောဖက်ပြုခြင်းများကို မနှစ်သက်ကြပေ။ ဘုရားသခင် ပေါ်ထွန်းစေ မည့်ဤအစေခံနှစ်ဦးကိုဆန့်ကျင်ရပ်တည်ခြင်းအားဖြင့်နောက်ဆုံး၌ သူတို့ သည် ကယ်တင်ခြင်း၏နောက်ဆုံးသောရိတ်သိမ်းချိန်၌ လှီးဖြတ်ခြင်းခံရပြီး စာတန်၏ နောက်လိုက်အဖြစ် ပြောင်းလဲပြီး ဇာတ်သိမ်းသွားလိမ့်မည်။
အခန်းငယ် (၁၀) “မြေကြီးပေါ်မှာနေသော သူတို့သည် အလောင်း ကောင်တို့ကို မြင်သောအခါဝမ်းမြောက်၍ပျော်မွေ့ခြင်းကို ပြုကြ လိမ့်မည်။ တစ်ယောက်ကို တစ်ယောက်လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အ ကြောင်း မူကားအထက်က ထိုပရောဖက်နှစ်ဦးတို့သည် မြေကြီးပေါ်မှာနေ သော သူတို့ကို ပြင်းစွာ နှောက်ယှက်ညှင်းဆဲကြသည်။”
ဣသရေလလူမျိုးတို့အတွက် ကယ်တင်ခြင်းခံရဖို့အလို့ငှာပေါ် ထွက်လာသော သက်သေခံနှစ်ဦးတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော် များကို ထုတ်ဖော်ဟောကြားသည့်အတွက်ကြောင့် စာတန်နှင့် သူ့အပေါင်း ပါများ၏ကြီးစွာသောနာကျင်ခြင်းဖြင့် အပြစ်ပေးခံရလိမ့်မည်။ သို့ဖြင့် သူ တို့သည် ဤသက်သေခံနှစ်ဦးတို့၏အသေကောင်အားဖြင့် ပျော်မွေ့ခြင်း ပြုကြလိမ့်မည်။ ထို့နောက်တစ်ယောက်ကို တစ်ယောက် လက်ဆောင်ပေး ခြင်းဖြင့် သူတို့ကိုယ်သူတို့ ချီးကျူးကြလိမ့်မည်။
ကျွန်ုပ်တို့အား အနှောက်အယှက် ပေးသောသူများ ပျောက်ကွယ် သွားသောအခါကျွန်ုပ်တို့ သည်လည်း ပျော်ရွှင်ကြ လိမ့်မည်။ သက်သေခံ နှစ်ဦးတို့အား ဘုရားသခင်က ပေါ်ထွန်းစေပြီး ဘုရားသခင်၏နှုတ်ကပတ် တော်ကို ဟောပြောကြသောအခါ အန္တီခရစ်နှင့်သူ့အပေါင်းပါတို့သည် သူတို့ ကို မုန်းတီးကြလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ် တော်ကို အချိန်မရွေး ကြားနေရသောအခါသူတို့၏ဝိညာဉ်တို့သည် စိတ်ရောကိုယ်ပါ ပြင်းထန်စွာ ခံစားရခြင်းဖြင့် လွှမ်းမိုးခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သက်သေခံနှစ်ဦးကသူတို့အား ယေရှုအကြောင်း ပြောပြသည့်အခါတိုင်း သူတို့သည် အလွန်တရာညှင်းပန်း နှိပ်စက်ခြင်းခံကြရလိမ့်မည်။ သူတို့သည် အန္တီခရစ်က သက်သေခံနှစ်ပါးအား သေစေသည်ကို မြင်ရသောအခါ သူတို့ သည်ပျော်မွေ့ကြလိမ့်မည်။ဤသည်မှာသူတို့တစ်ဦးကိုတစ်ဦးလက် ဆောင် လှဲလှယ်ပြီးတစ်ဦးကိုတစ်ဦးအပြန်အလှန်ချီးကျူးကြရခြင်းဖြစ်သည်။ 
အခန်းငယ် (၁၁) “ထို့နောက် သုံးရက်ခွဲ လွန်ပြီးလျှင် ဘုရားသခင် အထံတော်မျှမက အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့် သူတို့သည် မတ်တပ်ထ၍ မြင်သမျှသော သူတို့သည် အလွန် ကြောက်ရွံ့ ကြသည်။”
သက်သေခံ နှစ်ဦးပထမဦးဆုံးရှင်ပြန်ထမြောက်ခြင်း၌ ပါဝင်ရန် ဘုရားသခင်ကပြုလိမ့်မည်။ သခင်ဘုရားက ပေးထားသော နှုတ်ကပတ် တော်ကို လက်ခံယုံကြည်ခြင်းဖြင့် သူတို့၏အပြစ်များမှကယ်တင် ခံရသော သန့်ရှင်းသူတို့သည် သူတို့၏ယုံကြည်ချက်ကို ကာကွယ်ရန်အတွက် အာဇာ နည်ကဲ့သို့ ညှင်းပန်းနှိပ်စက်မှုများကိုခံစားနေကြသည့် သူတို့အတွက် နှုတ် ကပတ်တော်ပါ စကားလုံးများသည် သက်သေခံအချက်အလက်များ ဖြစ်ပြီး သူတို့သည်လည်းပထမဦးဆုံးသောရှင်ပြန်ထမြောက်မှုတွင်ပါဝင်ကြ လိမ့် မည်။
သုံးရက်ခွဲကာလအတွင်း အသက်ဇီဝမှုတ်သွင်းခြင်းသည် သူတို့အ ပေါ်သက်ရောက်လိမ့်မည်ဟု ကျွန်ုပ်တို့အား ပြောပြပါသည်။ ဘုရားရှင် သတ်သူတို့၏ရှင်ပြန်ထမြောက်မူကို တိုတောင်းသောခဏတာ အချိန်အ တွင်း သူကိုယ်တိုင် သူ၏ဆွေးပါးခန္ဓာသေရာမှရှင်ပြန်ထမြောက် ခဲ့သကဲ့သို့ ထမြောက် ခွင့်ပြုလိမ့်မည်။ ဘုရားသခင်က သန့်ရှင်းသူအားလုံးကို ဤပ ထမဦးဆုံး ရှင်ပြန်ထမြောက်မူ ယုံကြည်ချက်ကို ပေးရခြင်းမှာသန့်ရှင်း သူများကိုယ်တိုင်ပင်လျှင် ဘုရားသခင်၏ကြီးမားသောကောင်းကြီး မင်္ဂလာ များဖြစ်ကြခြင်းကြောင့် ဖြစ်သည်။ သို့သော်သန့်ရှင်သူများ အားလုံး အ တွက်မူ၊ စိတ်ပျက်အားလျော့စရာနှင့် ကြောက်ရွံ့စရာများကိုသာ သယ် ဆောင်လာလိမ့်မည်။ ပထမဆုံးသောရှင်ပြန်ထမြောက်ခြင်းသည် ဘုရားသ ခင်၏ ကတိတော်နှင့်သူ၏သူကိုယ်တိုင် ယုံကြည်ချက်အတွက် ပေးသော ဆုလဒ်ဖြစ်သည်။
အခန်းငယ် (၁၂) “ကောင်းကင်ကထွက်သောအသံကြီးကား ဤ အရပ်သို့တက်ကြလော့ဟု မိမိတို့အားပြောဆိုသည်ကို သူတို့သည် ကြား လျှင်၊ မိုးတိမ်ဖြင့် ကောင်းကင်သို့တက်၍ မြင်သမျှသော သူတို့သည် အလွန် ကြောက်ရွံ့ကြ၏။”
ဤနှုတ်ကပတ်တော်က သန့်ရှင်းသူအားလုံး၏ရှင်ပြန် ထမြောက် ခြင်းနှင့် ချီဆောင်ခြင်းကို ညွှန်ပြနေသည်။ ဘုရားသခင်၏ပရောဖက် ပြု သောနှုတ်ကပတ်တာ်များကိုယုံကြည်မူရှိလျှက်သောသူတို့၏အပြစ်များမှာ ကယ်တင်ခြင်းခံရပြီး သူများအဖို့ အခြားရွေးချယ်စရာမရှိပါ။ သို့သော် သူတို့ ၏ ယုံကြည်ချက်အတွက် ညှင်းပန်းနှိပ်စက်မှုကို ခုခံကာကွယ် ကြရမည်။ ဤစာပိုဒ်က ဘုရားသခင်သည် ဤသန့်ရှင်သူများအားလုံးကို ရှင်ပြန် ထ မြောက်စေပြီ သူတို့အား ချီဆောင်သွားလိမ့်မည်။ကျွန်ုပ်တို့အား ဖေါ်ပြနေပါ သည်။သူ့အပေါ်၌သစွာရှိမူကြောင့် ညှင်းပန်းနှိပ်စက်မှုခံကြရသော သန့်ရှင်း သူများနှင့် ဘုရားသခင်၏အစေခံတို့သည် လေထုသို့ ချီဆောင်ခြင်းဖြင့် ကောင်းချီးပေးခံ ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် အပေါ် ထားရှိသော သူတို့၏ယုံကြည်ချက်ကြောင့် ဖြစ်သည်။ ဘုရားရှင်က ကျွန်ုပ်တို့အား ပေးအပ်ထားသောအပြစ်မှ ရွေးနှုတ်ခြင်းကို ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းခံရပြီးနောက်၊ ဆုလဒ်အပြင် ညှင်းပမ်း နှိပ်စက်မှုကို ခံယူလျက်၊ ကျွန်ုပ်တို့၏ရှင်ပြန်ထမြောက်ခြင်း ချီဆောင်ခြင်းကို အပ်သော ဘုရားရှင်အား မကူညီနိုင်ပါ။ သို့သော် ကျေးဇူးတင်နိုင်ပါသည်။ 
ခမည်းတော်ဘုရားသည် အန္တီခရစ်ကို ဆန့်ကျင်ပြီး ရပ်တည်သူနှင့် ယေရှုခရစ်၏ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်ခြင်းဖြင့် ညှင်း ပန်းနှိပ်စက်မှုခံရသောသူများ အားလုံးသို့ ရှင်ပြန် ထမြောက်ခြင်းနှင့် ချီဆောင်ခြင်းကိုခွင့်ပြုလိမ့်မည်။ဤအချက်တွင် ကျွန်ုပ်တို့ယုံကြည် ရမည်။ သန့်ရှင်သူများ၏ထမြောက်ခြင်းနှင့်ချီဆောင်ခြင်းသည် ကောင်းချီးများဖြစ် ပြီး၊ ယင်းတို့သည် သူတို့၏ကယ်တင်ခြင်းမှ စီးဆင်လာပြီး ဘုရားသခင် ပေးအပ်သောရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကိုလက်ခံသောသူတို့၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်လာသည်။ နောက်ဆုံးသော ကာလစာတန်နှင့် အပေါင်းပါများတို့သည် သူတို့အလွန် နှိပ်စက်ညှင်းပန်းခဲ့၊ သတ်ခဲ့သော ထ မြောက်ပြီး၊ ချီဆောင်ခံရသောသန့်ရှင်းသူများကို သူတို့မြင်ရသောအခါ၊ သူ တို့၏ကြိုးပမ်းမူများသည်ပါးလွှာသောလေထုထဲတွင် အငွေ့ပြန်ပြီး ပျောက် လွင့်မည် ဖြစ်ကြောင့် တွေ့ရှိကြသည်။
ဘုရားသခင်သည်အနှိပ်စက်ခံရသောသန့်ရှင်းသူများကိုထမြောက် စေပြီးချီဆောင်ခြင်း ခံကြရမည်။ သို့သော်လည်း သူသည် ကျန်ရစ်သော သူများအားကမ္ဘာမြေသို့ ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးများ သွန်း လောင်ခြင်းဖြင့် ပျက်ဆီးလိမ့်မည်။ ဤလုပ်ငန်းများအလျင်အမြန် ပြည့်စုံ သောအခါ သူသည်ကမ္ဘာမြေသို့ သန့်ရှင်းသူများနှင့်အတူ ဆင်းသက်လာ ပြီး ခရစ်တော်၏မင်္ဂလာဆောင် ညစာစားပွဲသို့ဖြောင့်မတ်သူများကို ဖိတ် ကြားလိမ့်မည်။ကျွန်ုပ်တို့၏သခင်ဘုရားတွက်ဤပွဲတော်သည်နှစ်တထောင် ကာလတွင် နောက်ဆုံးအကြိမ်ဖြစ်လိမ့်မည်။ ယင်းအနှစ်တထောင် အုပ်စိုး ခြင်း လွန်မြောက်သောအခါ၊ သူသည် စာတန်အားအနက်ဆုံးသော တွင်း ထဲမှ ခဏပေါ်လာခွင့် ပြုပြီး၊ စာတန်သည် ဘုရားသခင်နှင့် သူ၏သန့်ရှင်း သူများကို ဆန့်ကျင်တိုက်ခိုက်လိမ့်မည်။ သို့သော် နောက်ဆုံး၌ သူသည် စာတန်နှင့် သူ၏အပေါင်းပါများကို တရားစီရင်ပြီး၊ သူတို့အား ထာဝရ မီးအိုင်ထဲသို့ပစ်ချလိုက်လိမ့်မည်။မည်သို့ဖြစ်စေကာမူဖြောင့်မတ်သူ များတို့ သည်ဘုရားသခင်၏ကောင်းကင်နိုင်ငံသို့ ဝင်စားကြပြီး သူနှင့်အတူ ထာဝရ နေထိုင်ကြရမည်။
အခန်းငယ် (၁၃) “ထိုအချိန်နာရီ၌ ကြီးစွာသောမြေလှုပ်ခြင်း ဖြစ်၍၊မြို့ရိုးဆယ်စုတစ်စုပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနှစ်ထောင် သေ ကြောင်းကြွင်းသောသူတို့သည်ကြောက်ရွံ့၍ကောင်းကင်ဘုံ၏အရှင်ဘုရား သခင်ကို ချီးမွမ်းကြပြီး။”
ဣသရေလ လူမျိုးများ၏ကယ်တင်ခြင်းအတွက် ဘုရားရှင်က ပေါ်ထွန်းစေသော၊ ပရောဖက်နှစ်ပါးတို့၏ ညှင်းပန်းနှိပ်စက်ခြင်း၊ ရှင်ပြန် ထမြောက်ခြင်းနှင့်ချီဆောင်ခြင်း ထို့နောက်ဘုရားရှင်သည်သူ၏ကောင်း ကင်တမန်များကို ကမ္ဘာ မြေပေါ်ဖလား ခုနှစ်လုံး၏ကပ်ရောဂါဘေးများ လွတ်လပ်စွာ သွန်းလောင်းခွင့်ပြုလိမ့်မည်။သန့်ရှင်သူများ၏ချီဆောင်ခြင်း ပြီးနောက် ကျန်ရစ်သေးသောသူများသည် ထိုဖလားခုနှစ်လုံး၏ကပ်ရောဂါ ဘေးများကို သူတို့၏ဆုလက်ဆောင် အဖြစ်လက်ခံကြရလိမ့်မည်။ သူတို့ သာလျှင် ကြောက်ရွံ့ခြင်းနှင့်နပန်းလုံးရပြီး၊ဘုရားသခင်ကို ဂုဏ်ကျက်သ ရေတော်ပေးကြလိမ့်မည်။ သို့သော်ယင်းအပြုအမူသည် သူတို့အတွက်အ လဟာသ ဖြစ်ရလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယင်းအပြုအမူသည် ဘုရားသခင်၏ချစ်ခြင်း၌ စစ်မှန်သောယုံကြည်ချက်၏အပြုအမူမျိုး မဟုတ် သောကြောင့် ဖြစ်သည်။
ကမ္ဘာမြေကြီး ပျက်စီးသွားသောအခါ၊ဖြောင့်မတ်သူများတို့တွင်သူ တို့၏ကိုယ်ပိုင်ကောင်ကင်၊ထာဝရထမြောက်ခြင်းနှင့်ထာဝရကောင်းချီးများ ရရှိကြလိမ့်မည်။သို့သော်အပြစ်သားများအတွက်မူ၊ ငရဲ၌ထာဝရ မီးအိုင်တွင် ဝေဒနာခံစားမည့်ဘေးက စောင့်ကြိုလျက်ရှိသည်။ ဤသည်မှာ အဘယ့် ကြောင့်လူတိုင်းသည်ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကိုယုံကြည်ခြင်း ဖြင့်၊အပြစ်မှရွေးနှုတ်ခြင်း ခံရမည်ဆိုသည်ကို ဖေါ်ပြခြင်းပင် ဖြစ်သည်။ ဤ အကြောင်းများကြောင့်၊ သူတို့၏အပြစ်များမှ ကယ်တင်ခံရသောသူများ တို့သည် ဘုရားသခင်က သူတို့ကို ကတိပေးထားသော ကမ္ဘာသစ်ကို ယုံ ကြည်လျက်၊ လူတိုင်းကိုသူတို့သည် ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်း ဟောပြောကြရမည်။
    အခန်းငယ် (၁၄) “ဒုတိယအမင်္ဂလာ လွန်ပြီ၊ တတိယအမင်္ဂလာ သည်၊ အလျင်အမြန် လာလိမ့်မည်။”
တစ်ပါး အမျိုးသားနှင့် ဣသရေလလူမျိုး (၂) မျိုးလုံးတို့အတွက်၊ ကယ်တင်ခြင်းနှင့် ညှင်းပန်းနှိပ်စက်မှုခံရခြင်းအားဖြင့် သူတို့၏ ထမြောက် ခြင်းနှင့် ချီဆောင်ခြင်း၌ပါဝင်ကြသော သူတို့မှအပ ဘုရားထံမှလာသော တတိယမြောက်အမင်္ဂလာသည် လူတိုင်းကို စောင့်ဆိုင်းနေသည်။ 
နောက်ဆုံးသောကောင်းကင်တမန်၏ဆဌမမြောက်တံပိုးမှုတ်သံမှ သတ္တမတံပိုးမှုတ်သံနှင့်အတူ ဖလားခုနှစ်လုံး၏ ကပ်ရောဂါဘေး စတင် သည် အထိကို ဒုတိယအမင်္ဂလာဟု ခေါ်သည်။ တံပိုးခုနှစ်လက်၏ ကပ်ရောဂါဘေးကို အစောပိုင်း၊အလယ်ပိုင်းနှင့်ကျန်ရှိသော ကာလဟူ၍ အချိန်ကာလ (၃) ပိုင်း ခွဲခြားထားသည်။ အန္တီခရစ် အားဖြစ်သော သဘာဝ ကပ်ရောဂါဘေးနှင့်သန့်ရှင်း သူများ၏ ညှင်းပန်း နှိပ်စက်ခံရခြင်းများသည် ပထမနှင့်ဒုတိယအမင်္ဂလာထဲတွင် ပါဝင်သည်။ တစ်ခြားနည်းဖြင့် ပြောရ လျှင် တတိယအမင်္ဂလာသည် တစ်ကမ္ဘာလုံးကို အပြီးတိုင်ဖျက်ဆီးမည့် ကပ်ရောဂါဘေး ဖြစ်သည်။ တတိယအမင်္ဂလာသည် ဘုရားသခင်၏ အ မျက်ဖလားဖြစ်ပြီး ယင်းသည် ကမ္ဘာမြေတွင်ကျန်နေသေးသော အပြစ်သား များ အပေါ်သို့ သွန်းလောင်းလိမ့်မည် ဖြစ်သည်။ 
အခန်းငယ် (၁၅) “သတ္တမကောင်းကင်တမန်သည် တံပိုး မှုတ် သောအခါ ကောင်းကင်ဘုံ၌ ကြီးသောအသံတို့ကား လောကီနိုင်ငံ ဖြစ်လေ ပြီး ထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက် ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။”
“ကောင်းကင်ဘုံ၌ ကြီးသော အသံတို့ကား” ဟူသော စာပိုဒ်က ကျွန်ုပ်တို့အားသူတို့၏အပြစ် အားလုံးမှကယ်တင်ခြင်းခံရပြီးသော သန့်ရှင်း သူများနှင့် အစေခံကျွန်များတို့သည် ကမ္ဘာမြေပေါ်တွင် ဖလားခုနှစ်လုံး၏ ကပ်ရောဂါဘေး စတင်လာသောအခါ ကောင်းကင်ဘုံ၌ ရှိနှင့်ပြီး ဖြစ်နေ ကြလိမ့်မည်ဖြစ်ကြောင်း ဖော်ပြပါသည်။ဤအတိုင်းဆိုလျှင် ဘုရားသခင်၏ လူများကို ဤအချိန်၌ ကမ္ဘာပေါ်တွင် ကြာကြာတွေ့ရမည်မဟုတ်ပေ။ “လောကီနိုင်သည် ငါတို့ အရှင်၏နိုင်ငံ ဖြစ်လေပြီ။ ထိုအရှင်၏ခရစ်တော် နိုင်ငံဖြစ်လေပြီ။သူသည်လည်းကမ္ဘာအဆက်ဆက်စိုးစံတော်မူမည်ဟု ပြော ဆိုကြ၏။” ဤအကြောင်းကို ကျွန်ုပ်တို့နားလည် သဘောပေါက် ကြရမည်။
ဤအချိန်၌ သန့်ရှင်းသူများတို့သည် ကောင်းကင်ဘုံ၌ ဘုရားသခင် ချီးမွမ်း ကြလိမ့်မည်။ သို့သော် ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးအားလုံး သွန်း လောင်းပြီးသောအခါသူတို့သည်လည်းအသစ်ပြန်လည်တည်ဆောက် ထား သော ကမ္ဘာမြေသို့သခင်ဘုရားနှင့်အတူ ဆင်းသက်ကြပြီး သူနှင့်အတူ နှစ် တစ်ထောင်ကြာ၍ကမ္ဘာကိုအုပ်စိုးကြလိမ့်မည်။၄င်းနောက် သခင်ဘုရားနှင့် သန့်ရှင်းသူများတို့သည် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ထာဝရ အုပ်စိုး မည့် အချိန် ရောက်လာလိမ့်မည်။
ကျွန်ုပ်တို့၏ အပြစ်များမှလွတ်မြောက်စေရန်အတွက် သခင်ဘုရား သည် ဘုရင်ကဲ့သို့ ကျွန်ုပ်တို့အပေါ်တွင် အုပ်စိုးရမည့်အခါ တစ်ချိန်လုံး အစေခံကျွန် ကဲ့သို့ခံယူ၍ ကျွန်ုပ်တို့အတွက် အစေခံကျွန်အဖြစ် အလုပ် လုပ်ခဲ့သည်။သူသည် ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကို ယုံကြည်သူ တို့အား ကယ်တင်ခြင်းမှဘုရားသခင်၏သားသမီးအဖြစ်သို့ ပို့ဆောင် ပေး ခြင်းဖြင့် သူ၏ဂရုဏာတော်ကို ကျွန်ုပ်တို့အားပေးအပ်ခဲ့ပါသည်။ သခင်ဘု ရားသည် ကျွန်ုပ်တို့၏ထာဝရ ဘုရင်ဖြစ်သည့်အားလျော်စွာ သူသည်လည်း သူ့ လူများအား ထာဝရအုပ်စိုးရန် ဆောင်ရွက်လိမ့်မည်။ ဟာလေလုယ၊ ဘုရားသခင်အား ကျေးဇူးတင်ပါသည်။
အခန်းငယ် (၁၆) “ဘုရားသခင်ရှေ့တော်၌ မိမိပလ္လင်ပေါ်မှာ ထိုင် သော အသက်ကြီးသူနှစ်ဆယ့်လေးပါးတို့သည် ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်”
ဘုရားသခင်သည် ဂုဏ်တော်အပေါင်းတို့ ခံယူထိုက်သော ဘုရား ဖြစ်သည်။ အပြစ်အားလုံးမှကယ်တင်ခြင်းခံရသူတို့အဖို့သူတို့၏ မျက်နှာကို ဘုရားရှေ့၌ ချလျှက်ဘုရားရှင်ကို ဝတ်ပြုပြီး ဂုဏ်တော် ချီးမွမ်းခြင်းသည် သာလျှင် အလျော်ကန်ဆုံး ဖြစ်ပါသည်။ အပြစ်သားအားလုံးကို ကယ်တင် ခြင်းကို လုပ်ပေးသောကျွန်ုပ်တို့၏သခင်ဘုရားသည် ချီးမွမ်းခြင်းကို ခံထိုက် ပြီး သန့်ရှင်းသူအားပုံးနှင့်ဖန်ဆင်းထားသောအရာများ အားလုံးက ထာဝရ ဝတ်ပြုရန် ထိုက်တန်ပါသည်။
အခန်းငယ် (၁၇) “အန္တတန်ခိုးနှင့် ပြည့်စုံ၍ပစ္စုပ္ပန်၊ အတိတ်၊ အနာ ဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် ကိုယ်တော်၏ မဟာတန်ခိုးတော်ကိုယူဆောင်၍ စိုးစံတော်မူသောကျေးဇူးတော်ကို အ ကျွန်ုပ် တို့သည် ချီးမွမ်းလာ၏။”
ထိုအချိန်မှစ၍သူ၏လူများအပေါ်ထာဝရအုပ်စိုးရန်အတွက် ကျွန်ုပ် တို့၏သခင်ဘုရားသည် စာတန်အားအောင်မြင်မည်ဖြစ်ပြီး ခမည်းတော် ဘုရားထံမှလည်း ကြီးမားသောတန်ခိုး စွမ်းအင် လက်ခံရရှိ မည်ဖြစ်သည်။ ဤသို့ဖြင့်သခင်ဘုရားသည် ထာဝရအုပ်စိုးလိမ့်မည်။ သူသည် ထိုသို့ လုပ် ဆောင်ရန် အလွန်ထိုက်တန်သည်။ သခင်ဘုရားသည် တစ်ကမ္ဘာလုံး၏ အပြစ်များကို ကွယ်ပျောက်အောင်ပြုလုပ်သူဖြစ်သောကြောင့် သူ၏ ဂုဏ် တော်ကို ချီးကျူးပါသည်။ ရေနှင့်ဝိညာဉ်၏သတင်းကောင်းကို ယုံကြည် သောသူတို့အား ကယ်တင်သူ၊ သူ၏ရန်သူတို့အပေါ် တရားစီရင်သူသည် ဘုရင်တို့၏ဘုန်းတန်ခိုးကို ရယူလျှက်ထာဝရအုပ်စိုးရန် ထိုက်တန်သူ ဖြစ် သည်။ ထိုသို့ပင်ဘုရားသခင်၏ အချုပ်အာဏာပိုင်စိုးမှုကို အသိအမှတ် ပြု သော သူတို့သည် ဘုရားသခင်၏အန္တတန်ခိုးစွမ်းနှင့်မေတ္တာနှင့်အတူ ပါရှိ လျှက် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းတို့နှင့်ပတ်ရစ်လွှမ်းခြုံ ခံကြ ရမည်။
အခန်းငယ် (၁၈) “လူမျိုးတို့သည် အမျက်ထွက်ကြသည် ဖြစ်၍ အမျက်တော်သည်လည်းရောက်လာပြီး သေလွန်သောသူတို့ကို တရားစီရင် ဆုံးဖြတ်တော်မူ၍ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား လည်းကောင်း၊ သန့်ရှင်းသူတို့အားလည်းကောင်း၊ ကိုယ်တော်ကိုကြောက် ရွံ့ရိုသေသောသူ အကြီးအငယ်တို့အားလည်းကောင်း၊ ဆုကျေးဇူးကို ပေး သနားတော်မူ၍ မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူသော အချိန် ရောက်ပါပြီဟု လျှောက်ဆိုကြ၏။”
ဝိညာဉ်ရေးရာအားဖြင့် တပါးအမျိုးသားအဖြစ် ကျန်ရစ်ဆဲ ဖြစ် သော သူတို့၏အသွေးအသားကို လာရောက်ဖျက်ဆီးမည့်ဖလား ခုနှစ် လုံး၏ကပ်ရောဂါဘေးသည် တစ်ပြိုင်နက်တည်း သွန်းလောင်းလိမ့်မည်။ ထို့နောက်ဘုရားသခင်၏လူတိုင်းအပေါ်တရားစီရင်ရမည်။တရား စီရင်ခြင်း အချိန်ကာလရောက်ရှိလာတော့မည် ဖြစ်ကြောင်း ဤနှုတ်ကပတ်တော်က ကျွန်ုပ်တို့အား ပြောပြပါသည်။ ထိုတရား စီရင်ချိန်၌ သူ၏အစေခံ ကျွန်နှင့် ပရောဖက်၊ သန့်ရှင်းသူများတို့ကို ဆုချီးမြှင့်ခြင်းနှင့်သူ၏အလိုဆန္ဒကို မနာ ခံ၊ဆန့်ကျင်ဖက်ရပ်တည်နေသူများကို ဖျက်ဆီးခြင်းတို့ပါဝင်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အချုပ်အခြာအုပ်စိုးမှုကိုအသိအမှတ်မပြုသူတို့အ ပေါ်သူ၏ အမျက်ဒေါသကျရောက်ခြင်းတည်းဟူသော တရားစီရင်ချက်ကို ချမှတ်လိမ့်မည်။သို့သော်သူသည် သန့်ရှင်းသူများကို သူနှင့်အတူ ဂုဏ်တော် ဝင်စားဖို့ရန် ခွင့်ပြုလိမ့်မည်။ဤသည်မှာဘုရားသခင်သည် ကောင်းသောအ ရာနှင့်ဆိုးသောအရာအားလုံးကို တရား စီရင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သခင်ဘုရားသည် ဒုတိယအကြိမ်မွေးဖွားခြင်းခံရသော သူများ၏ ဘုရင်အဖြစ် သူ၏ပလ္လင်ပေါ်တွင် ထိုင်သောအခါ ကမ္ဘာပေါ်ရှိ အပြစ်သား အားလုံးနှင့်သန့်ရှင်းသူတို့သည် ဘက်မလိုက်သောတရား မျှတသည့် တရား စီရင်မှုကို ရရှိလိမ့်မည်။ ၄င်းအချိန်၌ သူ၏တရားစီရင် ဆုံးဖြတ်ချက်မှာ သန့်ရှင်းသူများအတွက်သခင်ဘုရားသည်ကောင်းကင်နှင့်ထာဝရအသက် ကိုပေးမှာ ဖြစ်သည်။ သို့သော် အပြစ်သားများအတွက်မူ သူသည် သူတို့၏ ထာဝရဖျက်ဆီးခြင်းနှင့်ငရဲ၌အပြစ်ဒဏ်ပေးခြင်းကို ချမှတ်လိမ့်မည်။ ယေရှု ခရစ်တော်၏အချုပ်အခြာပိုင်ဆိုင်မှုနှင့်သူ့လူများ၏ကောင်းချီးတို့သည် ထာ ဝရအုပ်စိုးတည်မြဲလျက်ရှိမည်။ ယင်း အချိန်တွင်ပထမ ကမ္ဘာသည် ကုန်ဆုံး လိမ့်မည်။ထို့နောက်ဒုတိယကမ္ဘာဖြစ်သောခရစ်တော်၏နိုင်ငံတော် စတင် လိမ့်မည်။
အခန်းငယ် (၁၉) “တဖန်ကောင်းကင်ဘုံ၌ဘုရားသခင်၏ ဗိမာန် တော်ကိုဖွင့်ထား၍ဗိမာန်တော်ထဲမှပဋိညာဉ်သေတ္တာတော် ထင်ရှားလေ ၏။ လျှပ်ပြက်ခြင်း၊အသံမြည်ခြင်း၊မိုဃ်းချုံးခြင်း၊မြေလှုပ်ခြင်း၊ အလုံးကြီးစွာ သော မိုဃ်းသီးကျခြင်း ဖြစ်ကြ၏။”
ဘုရားသခင်သည် သူ၏သန့်ရှင်းသူများ၊ ဖြောင့်မတ်သူများ၊ သူ့ ဗိမာန်ထဲတွင်နေထိုင်သူများ၏ သူ့ကောင်းချီးများကို ခွင့်ပြုထားသည်။ ဤ အရာအားလုံးသည်ယေရှုခရစ်တော်အားဖြင့်လူသားအားလုံးတို့ကို ကတိပြု ထားသောဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ပြီးအလိုတော်နှင့်အညီ ပြည့် စုံလာလိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော်သည် ဘုရားသခင်၏ ပရောဖက် ပြုသောနှုတ်ကပတ်တော်ဖြင့် စတင်ပြီးဤပရောဖက်၏ ဆောင်ရွက်မှုဖြင့် ပြည့်စုံလာလိမ့်မည်။
ဘုရားသခင်၏ ကတိတော် အားလုံးတို့သည် သန့်ရှင်းသူ များ၏ ထမြောက်ခြင်းနှင့် ချီဆောင်ခြင်းမှသည် ခရစ်တော်ယေရှုနှင့်အတူ သိုးသူ ငယ်မင်္ဂလာဆောင်ညစာစားပွဲ၌ ပါဝင်ရသည်အထိလည်းကောင်း၊ ဘုရင်ကဲ့ သို့ထာဝရအုပ်စိုးခွင့်ရမည့်သူတို့၏ကောင်းချီးများသည်လည်းကောင်း၊ဣသ ရေလ လူမျိုးနှင့်ကျွန်ုပ်တို့တပါး အမျိုးသား နှစ်မျိုးစလုံးအပေါ် တန်းတူ ညီတူပေးထားသော ကတိတော်များဖြစ်ကြပါသည်။ ထို့အပြင် သူသည် ဣ သရေလလူမျိုးများ၏ကယ်တင်ခြင်းကိုနောက်ဆုံးသောကာလအတွင်းကိုင် တွယ် ဖြေရှင်းပေးခဲ့သည့်အပြင် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကိုလဲ အလား တူ နည်းလမ်းအတိုင်း ဆောင်ရွက်ပေးပြီးလူမျိုးနှစ်မျိုးစလုံးကို ယင်းကာလ ၌ နှိပ်စက်ညှင်းပန်းမှုကို ခံစားစေသည်။ ထို့နောက် ကျွန်ုပ်တို့ကိုတူညီသော ထမြောက်ခြင်းနှင့်တူညီသောချီဆောင်ခြင်းကိုလည်း လမ်းဖွင့် ပေးသည့်အ ပြင် တူညီသောဂုဏ်တော်ဖြင့်လည်း လွှမ်းခြုံပေးသည်။ ဣသရေလ လူမျိုး နှင့်ကျွန်ုပ်တို့တပါး အမျိုးသားတို့သည် အသွေးအသားအရာ၌ ကွဲပြား နေကြသော်ငြားလည်း ဝိညာဉ်ပိုင်းဆိုင်ရာအရ ဘုရားသခင်၏တူညီသော လူမျိုးဖြစ်ကြပါသည်။
ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသူများသည် ဘေးဒဏ်ကြီး ကာလ ၏ ခုနှစ်နှစ်တာမတိုင်မီ သေချာပေါက်စတင်မည်ဟု လူပေါင်းများစွာတို့က အခိုင်အမာပြောဆိုပြီး ယုံကြည်နေကြသည်။ သို့သော်ဤအရာသည်အ ကြောင်းရင်း မဟုတ်ပါ။ “သမ္မာကျမ်းစာပိုင်းဆိုင်ရာအရ” ဆိုလျှင် လူအ ပေါင်းတို့သည် စစ်မှန်သောသတင်းကောင်းကို ဆက်လက်မှာကြားပြီး နောက် ဘေးဒဏ်ကြီးကာလ ခုနှစ်နှစ် ကာလ၏ပထမဆုံးနှစ်ခွဲ ကာလအ တွင်းကယ်တင်ခြင်းခံကြရလိမ့်မည်။ ထို့နောက် အန္တီခရစ်ပေါ်လာလိမ့်မည်။ သန့်ရှင်းသူများ ညှင်းပန်းနှိပ်စက်ခြင်းခံရမည်။ သူတို့၏ထမြောက်ခြင်းနှင့် ချီဆောင်ခြင်းပြီးနောက် ခရစ်တော်၏သိုးသူငယ်မင်္ဂလာဆောင် ညစာစားပွဲ ကျရောက်လာမည်။ ထို့နောက် သန့်ရှင်းသူများသည် သူနှင့်အတူ နှစ်တစ် ထောင်ကာလကို အုပ်စိုးကြလိမ့်မည်။
သန့်ရှင်းသူများသည် သူတို့၏ညှင်းပန်းနှိပ်စက် ခံရမည့်အချိန်၊ ထ မြောက်ခြင်းနှင့်ချီဆောင်ခြင်းနှင့်ပါတ်သက်သည့်တိကျသောအသိပညာကို သိရှိ ထားရမည်။ဤကာလအကြောင်းကို နားလည်ခြင်းမရှိလျှင် သူတို့၏ ဇဝေဇဝါဖြစ်မှုများဖြင့်လမ်းမှားသို့ဆက်သွားပြီး ဝိညာဉ်ရေးရာ၌အသေဖြစ် ကြ လိမ့်မည်။ 
နောက်ဆုံးသောကာလ၏ မျှော်လင့်ချက်ဖြစ်သော သူတို့၏ ထ မြောက်ခြင်းနှင့်ချီဆောင်ခြင်းအကြောင်းကိုကောင်းစွာသိရှိသော သူများ သည်ကောင်းကင်ကိုလုံ့လဝိရိယရှိစွာအစေခံကြလိမ့်မည်။ဤကမ္ဘာမြေပေါ် တွင် မျှော်လင့်ချက်မရှိတော့ကြောင်း သိရှိသူတို့တွင် ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကိုယုံကြည်ခြင်းဖြင့်ဒုတိယအကြိမ်မွေးဖွားလာသော သူတို့ ကဲ့သို့ ယုံကြည်ချက်ကိုထားရှိကြရမည်။ထို့နောက်သန့်ရှင်းသူများတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းအားဖြင့်နှိပ်စက် ညှင်းပန်း မှု ခံကြရလိမ့်မည်။
ဤခေတ်ကာလတွင် အချိန်ကို နားလည်သဘောပေါက်သော ယုံ ကြည်ချက်သည်မရှိမဖြစ် လိုအပ်သောအချက် ဖြစ်သည်။ ယခုအချိန်သည် သင့်အဖို့ အိပ်ပျော်ရာမှနိုးထရမည့်အချိန်ဖြစ်သည်။ ကျွန်ုပ်တို့သည်ဘေး ဒဏ်ကြီး ကာလ၏ဘေးဒုက္ခအားလုံးနီးပါးတစ်လျှောက်သွားရမည် ဖြစ် ကြောင်း ကျွန်ုပ်တို့စိတ်ထဲတွင် သိထားရမည် ဖြစ်သည်။ ထို့နောက် ကျွန်ုပ် တို့သည် ခရစ်တော်ပြန်လည်ကြွလာဦးမည်ကို ယုံကြည်ခြင်း၊ ကျွန်ုပ်တို့၏ ထမြောက်ခြင်းနှင့် ချီဆောင်ခြင်းနှင့်ခရစ်တော်နှင့်အတူ သိုးသူငယ် မင်္ဂလာ ဆောင် ညစာစားပွဲ၌အတူ ပါဝင်ဆင်နွှဲခြင်းတို့သည် အလွန် အရေးကြီး သောအရာများဖြစ်ကြသည်။ ဤခေတ်ကာလတွင် ကျွန်ုပ်တို့အဖို့ အသင့် လျော်ဆုံးသောယုံကြည်ချက်မျိုးရှိရမည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်၏ သတင်းကောင်း သင်္ဘောကြီးထဲသို့ ဝင်ရမည်။ 
လက်ရှိခေတ်ကာလကိုသိရှိ နားလည်လျက် အလွန် အရေးတကြီး လိုအပ်ပြီးဤခေတ်ကာလနှင့်အလွန်သင့်လျော်သော ယုံကြည်ချက်မျိုးသင့် တွင် ရှိဖို့ရန်အတွက်ကျွန်ုပ်မျှော်လင့်လျက် ဆုတောင်းပါသည်။