Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 11-2] ဣသရေလလူမျိုးတို့၏ကယ်တင်ခြင်း (ဗျာဒိတ်ကျမ်း ၁၁း၁-၁၉)

ဣသရေလလူမျိုးတို့၏ကယ်တင်ခြင်း
( ဗျာဒိတ်ကျမ်း ၁၁း၁-၁၉ )
 
အဘယ်ကြောင့် ဘုရားသခင်က ဣသရေလ လူမျိုး တို့ဆီသို့ ပရောဖက်နှစ်ဦးစေလွှတ်လိမ့်မည်နည်း။ အထူးသဖြင့် ဘုရားသခင်သည်ဣ သရေလလူမျိုးများကယ်တင်ရန်အတွက် ယင်းသို့ ပြုလုပ်လိမ့်မည်။ ဘုရား သခင်သည် သူ၏သက်သေခံ ပရောဖက်နှစ်ဦးကို ရက်ပေါင်း (၁၂၆၀) အတွက် ပေါ်ပေါက်စေလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ဣသရေလတို့ကို ကယ်တင်ရန်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ဣသ ရေလလူမျိုးတို့ကို ကယ်တင်လိမ့်မည်ဟူသောစကား၏ဆိုလိုရင်း မှာလည်း ကမ္ဘာကြီး၏နောက်ဆုံးသောကာလ ရောက်ရှိလာမည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
အခန်းငယ်(၂)“ဗိမာန်တော်တံတိုင်းကို မတိုင်းနှင့်ပယ်ထားလော။ တပါးအမျိုးသားတို့၌အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသောမြို့တော်ကို လလေးဆယ့်နှစ် လပတ်လုံးနင်းကြ လိမ့်မည်။” ဤအရာကဆိုလိုသည်မှာ အလွန့် အလွန်ဆိုးဝါးသော ကပ်ရောဂါဘေးသည် တပါးအမျိုးသားများထံ ကျရောက်လာသောအခါ ခုနှစ်နှစ်တာကာလကြီးမားသော ဘေးဒဏ်ကြီး စတင်ပြီး ကပ်ရောဂါဘေးများနှင့်ကြီးမားသောရှုပ်ထွေးမှုများတဖြည်း ဖြည်းချင်းကျရောက်လာသောအခါ တပါးအမျိုးသားထဲမှ သတင်းကောင်း ကို ကြားရပြီး၊ ယုံကြည်သော သူများတို့သည် ညှင်းပန်းနှိပ်စက်ခြင်း ခံရ မည်။ ဣသရေလလူမျိုးတို့အတွက် ပရောဖက်နှစ်ပါးကို ဘုရားသခင်က ပေါ်ထွန်းစေမည်။ သူတို့အားခရစ်တော်သည် ဘုရားသခင်နှင့် ကယ်တင် ရှင် ဖြစ်ကြောင်း သက်သေခံစေမည်။ ထို့နောက် ဣသရေလလူမျိုးတို့ကို ကယ်တင်လိမ့်မည်။ ဤအကြောင်းအရာများသည် နောင်တွင် ဖြစ်ပေါ် လာ မည့် ဘုရားသခင်၏အလုပ်များ ဖြစ်သောကြောင့် ပြောပြနေပါသည်။
ကျွန်ုပ်တို့သည် ဤနှုတ်ကပတ်တော်ကို စာတန်၏လိမ်လည် လှည့်ဖြားမှုခံနေရသော သူများကို သင်ကြား ပေးရမည်။ ၄င်းတို့က သူတို့ အသင်းတော်၏ခေါင်းဆောင်သည် နောက်ဆုံးသောကာလ၌ ပေါ်လာမည့် သံလွင်ပင်နှစ်ပင် ဖြစ်ကြောင်း သို့မဟုတ် သူတို့အဖွဲ့အစည်း တည်ထောင် သူမှာ နောက်ဆုံးသောကာလအတွက် ဧလိယက ပရောဖက်ပြု ထားသူ ဖြစ်ကြောင်း စသည်ဖြင့် အခိုင်အမာပြောဆိုကြသည်။ မည်သည့် အချိန်၌ မဆို လောကအသင်းတော်များက ဗျာဒိတ်ကျမ်း အကြောင်း ပြောကြသော အခါ ဤစာပိုဒ်ရှိ သံလွင်ပင် အကြောင်းကို အဓိက ထားပြောရာတွင် ဤကျမ်းပိုဒ်ကို အသုံးပြုကြသည်။ အများနှင့်ဆန့်ကျင်သော ယုံကြည်မှု မိစ္ဆာဒိဌိတို့၏ လှည့်စားမှုခံရသော သူများထဲမှ ကျွန်ုပ်တွေ့ဆုံဘူးသော သူ အချို့မှာကျွန်ုပ်၏ ယုံကြည်ချက်နှင့် အလှမ်းကွာလှသည်။ သူ/သူမတို့၏ ခေါင်းဆောင်သည်ဤကျမ်းပိုဒ်၌ ဖော်ပြသောသံလွင် ပင်နှစ်ပင်အနက်မှ တစ်ပင်ဖြစ်ကြောင်းဖြင့် ထူးဆန်းစွာရပ်တည်ပြောဆိုရန် မည်သည့်အခါမျှ မပျက်ကွက်ကြပေ။ ကျွန်ုပ်သိသော မိစ္ဆာဒိဌိများသည် နောက်ဆုံး၌ ယင်း ကဲ့သို့အခိုင်အမာပြောဆိုလေ့ ရှိကြသည်။သို့သော်ဗျာဒိတ်ကျမ်းတွင် ဖော်ပြ ထားသော သံလွင်ပင် နှစ်ပင်နှင့် မီးခွက် နှစ်လုံးတို့သည် ထိုမိစ္ဆာဒိဌိတို့ ပြောဆိုကြ သကဲ့သို့ဖြစ်လာမည်မဟုတ်ပေ။ အမှန်အတိုင်းဆိုလျှင် ဤသံ လွင်ပင်နှစ်ပင်မှာဘုရားသခင်က ဣသရေလလူမျိုးထဲမှသူတို့ကို ကယ်တင် ရန် ပေါ်ထွန်းစေမည့် ပရောဖက်နှစ်ပါးကို ရည်ညွှန်းထားပါသည်။
အခန်းကြီး (၁၅) တွင် ဣသရေလလူမျိုးကို ဘုရားသခင်က မည် သို့ ကယ်တင်မည် ဆိုသည်ကို ကျွန်ုပ်တို့အား အသေးစိတ် ပြောပြပါသည်။ ရောမဩဝါဒစာစောင် ကဲ့သို့ပင်ဗျာဒိတ်ကျမ်းသည် အခန်းတိုင်းတွင် အ ကြောင်းအရာ တစ်ခုစီပါရှိသည်။ ဤအကြောင်းအရာကို သိရှိခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဤကျမ်းပိုဒ်သည် မည်သည့်အကြောင်း ဖြစ်သည်ကို သိနိုင် ပါသည်။ “တပါးအမျိုးသားတို့အား သန့်ရှင်းသောမြို့တော်ကိုအပ်ပြီး၊ သူတို့ သည်လလေးဆယ့်နှစ်ပတ်လုံး နင်းကြလိမ့်မည်”ဟူသော ကျမ်းပိုဒ်ကို ဖတ် သောအခါ အချို့သောသူတို့က ဤကျမ်းပိုဒ်၏ကြောင်းအရာ ရည်ရွယ် ချက်ကိုမသိဘဲ၊ တပါး အမျိုးသားတို့၏ခေတ်သည် ကုန်ဆုံးလိမ့်မည်။ ၄င်း အစား ဣသရေလလူမျိုးတို့၏ကယ်တင်ခြင်းခေတ်ကို ဖွင့်လိမ့်မည်။ ထို့နောက် ဣသရေလလူမျိုးအပေါ်၌သာ ကယ်တင်ခြင်းရောက်လိမ့် မည် ဟု အဓိပ္ပါယ် ဖွင့်ကြသည်။
သို့သော် ဤအယူအဆသည် အမှန်တရားနှင့်ဝေးကွာ လှသည်။ အခန်းကြီး (၇)က ကျွန်ုပ်တို့အား ပြောပြထားသည်မှာ တပါးအမျိုးသား ထဲမှမရေတွက်နိုင်သော လူထုကြီးသည်လည်း ဘေးဒဏ်ကြီးကာလမှ ကယ်တင်ခြင်း ခံရလိမ့်မည်။ဤသည်မှာတပါး အမျိုးသားရော၊ ဣသရေလ အမျိုးသားပါ နှစ်မျိုးစလုံးသည် ဘေးဒဏ်ကြီး ကာလတစ်လျှောက်လုံး ကယ်တင်ခြင်း ခံရလိမ့်မည်။ ဣသရေလတမျိုးထဲ မဟုတ်ပါဟု ဆိုလို သည်။၄င်းအတိုင်းပင် အခန်းကြီး (၁၁)ကလည်း ကျွန်ုပ်တို့ကို ပြောပြ သည် မှာ ထို့ကြောင့် ဘုရားသခင်သည် ဣသရေလလူမျိုးတို့ကို နောက်ဆုံးသော ကာလ၌ ကယ်တင်ရန်အတွက် ပရောဖက်နှစ်ပါးကို ပေါ်ထွန်း စေလိမ့် မည်။သို့သော်ဤအကြောင်းအရာက တပါးအမျိုးသားများမည်သည့် အခါမှ ကယ်တင် မခံရဟု မဆိုထားပါ။
ထို့ကြောင့် တချို့က ဤသို့ပြန်မေးကြလိမ့်မည်။ ဣသရေလ လူမျိုး (၁၄၄၀ဝ၀)သည် ကယ်တင်ခြင်းခံရပြီးမဟုတ်လား။ အခန်း (၇) က ကျွန်ုပ်တို့အား ပြောထားသည့်အတိုင်း ဤအရေအတွက်မှာ ဘုရားသခင် တံဆိပ်ခတ်နှိပ်ထားသော ဣသရေလလူဖြစ်ပါသည်။ တံဆိပ်ခတ်နှိပ်ခံရပြီ ဆိုခြင်းမှာ ကယ်တင်ခြင်းခံပြီး သကဲ့သို့မဟုတ်ပါ။မတူပါ။ ယေရှုခရစ်တော် အားဖြင့်မသွားဘဲ မည်သူမျှကယ်တင်ခြင်းခံရမည် မဟုတ်ပါ။ ကယ်တင် ခြင်းဆိုသည်မှာ ယေရှုခရစ်တော်သည် ဤကမ္ဘာမြေကြီးသို့ ရောက်ရှိလာ ခြင်းဖြင့် ကျွန်ုပ်၏ကယ်တင်ရှင် ဖြစ်လာသည်။ ရေနှစ်ခြင်းခံယူခြင်းဖြင့် ကျွန်ုပ်တို့ အပြစ်အားလုံးကိုခံယူသည်။ ဤကမ္ဘာ၏အပြစ် အားလုံးကိုလက် ဝါး ကပ်တိုင်သို့သယ်ဆောင်ပြီး အသေခံသည်။ ထို့နောက်သေခြင်းမှ ပြန် လည်ရှင်ပြန်ထမြောက်သည်ဟူသောအချက်များကို ယုံကြည်ခြင်း အားဖြင့် သာ ဖြစ်ပေါ်နိုင်ပါသည်။ 
ကျွန်ုပ်တို့သည် မသေမီတိုင်အောင်အပြစ်၏ချုပ်နှောင်ခြင်းခံရ ကြောင်းသို့ပါသော်လည်း ယေရှုခရစ်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရ ကြောင်း ယေရှုခရစ်သည် ကျွန်ုပ်တို့အပြစ် အားလုံးကို လုံးဝကွယ်ပျောက် စေပြီဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်လာကြသည်။ ဣသရေလလူမျိုး (၁၄၄၀ဝ၀) တို့သည် တံဆိပ်ခတ်နှိပ်ခံရမည် ဖြစ်ပြီး ဘု ရားသခင်သည် သူ၏ပရောဖက် နှစ်ဦးကို ပေါ်ထွန်းစေပြီးနောက် သူတို့ အားဖြင့် သူ၏သတင်းကောင်း ထိုဣသရေလလူမျိုးတို့အား ဟောပြော ကြ လိမ့်မည်။ တခြားနည်းဖြင့်ပြောရလျှင် နှုတ်ကပတ်တော်က ကျွန်ုပ်တို့အား ပြောပြသည်မှာ ပရောဖက်နှစ်ဦးတို့သည်ဣသရေလလူမျိုးတို့ကို သတင်း ကောင်း ဟောပြောကြလိမ့်မည်။ ဤသို့ဖြင့် ထို(၁၄၄၀ဝ၀)သော သူတို့ သည် ကယ်တင်ခြင်း ခံရမည်။
ကျမ်းစာသည် မည်သည့်အခါမှ ဘက်မလိုက် ခွဲခြား ဆက်ဆံခြင်း မရှိ။ မည်သူမျှခရစ်တော်အားဖြင့် လိုက်လျှောက်ခြင်းမရှိလျှင် ကယ်တင် ခြင်းမရနိုင်ပါ။ဘုရားသခင်က ခရစ်တော်နှင့်လိုက်လျှောက်ခြင်းမပြုဘဲ သင် ကယ်တင်ခြင်း ခံရသော်လည်း သင်မပါ ဟု မပြောပါ။
အဓိက ကျမ်းပိုဒ်တွင် ဖော်ပြထားသော သံလွင်ပင်နှစ်ပင်မှာ ပ ရောဖက်နှစ်ပါးဖြစ်ပြီး သူတို့သည် ဂေါလဂေါသဟု ခေါ်ဗသာ အရဒေသ တွင် အသတ်ခံကြရလိမ့်မည်။ သူတို့၏အလောင်းကောင်တို့သည် မြေမြုပ် ခြင်းမရှိဘဲ လယ်ပြင်တွင်ထားကြလိမ့်မည်။ ထို့နောက် ခရစ်တော်ကို ယုံ လည်းမယုံ လက်လည်းမခံသောသူတို့သည်သူတို့၏သေခြင်းအတွက် ပျော် မွေ့ကြလိမ့်မည်။ တစ်ဦးနှင့်တစ်ဦး လက်ဆောင်ပေးကြလိမ့်မည်။ သို့သော် အပိုဒ်ငယ် (၁၁)နှင့်(၁၂)ကကျွန်ုပ်တို့အားဤသို့ပြောပြပါသည်။ “ထို့နောက် သုံးရက်ခွဲ လွန်ပြီးလျှင် ဘုရားသခင်အထံတော်က အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့် သူတို့သည် မတ်တပ်ထ၍ မြင်သမျှသော သူတို့သည် အလွန် ကြောက်ရွံ့ကြ၏။ ကောင်းကင်က ထွက်သောအသံကြီးကား ဤ အရပ်တို့တက်ကြလောဟု မိမိတို့အားပြောဆိုသည်ကို သူတို့သည် ကြား လျှင် မိုဃ်းတိမ်ဖြင့် ကောင်းကင်သို့ တက်၍ ရန်သူတို့သည် မြင်ကြ၏။”
ဤစာပိုဒ်က ကျွန်ုပ်တို့အား ရိုးရိုးစင်းစင်းလေး ပြောပြသည်မှာ အချိန်စေ့ ရောက်လာသောအခါ တပါးအမျိုးသားများဖြစ်ကြသော သင်နှင့် ကျွန်ုပ်တို့သည်လည်းဘဲယုံကြည်ခြင်းကြောင့် နှိပ်စက်ညှင်းပန်းမှုကို ခံကြရ လိမ့်မည်။မကြာမီနောက်ပိုင်းတွင် ကျွန်ုပ်တို့၏ညှင်းပန်းနှိပ်စက် ခံရမှုသည် ထမြောက်ခြင်းနှင့် ချီဆောင်ခြင်းသို့ရောက်လာမည်။ ဤဘာသာရပ်ကို ဆက်လက်ရေးသားဖော်ပြချက်တို့ကို ဗျာဒိတ်ကျမ်းတစ်အုပ်လုံးတွင် ဆက် လက် ဖော်ပြထားပါသည်။ ဤကျမ်းပိုဒ်ကဲ့သို့ပင်ကျွန်ုပ်တို့ကို ဖလား ခု နှစ်လုံး၏ကပ်ရောဂါဘေး ကမ္ဘာမြေသို့ကျရောက်ခြင်းနှင့် ချီဆောင်ခြင်း ခံရသောသန့်ရှင်းသူများဘုရားသခင်၏ဂုဏ်တော်ကိုလေထဲတွင် ချီးမွမ်းကြ မည့်အကြောင်းကိုလည်း အခြားကျမ်းပိုဒ်များက ကျွန်ုပ်တို့ကို ပြောပြနေ ပါသည်။
အခန်းကြီး(၁၄)ကလည်းကျွန်ုပ်တို့ကိုဣသရေလလူမျိုး၁၄၄၀ဝ၀ ကယ်တင်ခံရမည်ဖြစ်ကြောင်းနှင့် သူတို့သည် ကယ်တင်ခြင်း၏ပထမ အဦး သီးသောအသီးများသာသီဆိုနိုင်သည့်သီချင်းများများဖြင့် ဘုရား ဂုဏ်တော် ကို ချီးမွမ်းကြလိမ့်မည်ဖြစ်ကြောင်း ပြောပြပါသည်။ ဣသရေလလူမျိုးများ ကယ်တင်ခြင်းခံရပြီးသောအခါ သူတို့သည်လည်း နေရာအနှံ့အပြား၌ နှိပ် စက်ညှင်းပန်းမှုခံရပြီးနောက် မကြာမီသူတို့၏ထမြောက်ခြင်းနှင့် ချီဆောင် ခြင်း ကျရောက်မည်ဖြစ်ကြောင်းကိုလည်း ဤကျမ်းပိုဒ်က ကျွန်ုပ်တို့အား ပြောပြပါသည်။
တပါးအမျိုးသားများကိုလည်းအလားတူပင်အသုံးချသည်။ နောက် ဆုံးသော ကာလအတွင်း၌ ကျွန်ုပ်သည် တံပိုးခုနှစ်လက်ကပ်ရောဂါဘေး၏ ခက်ခဲမှုမျိုးစုံကို ဖြတ်သန်းရလိမ့်မည်။ သို့သော်လည်း ဘုရားသခင်သည် ထိုကပ်ရောဂါ ဘေးများမှကာကွယ်လျက်ရှိနေမှာ ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၏ ခုနှစ်နှစ်သက်တမ်းအမြင့်ဆုံးအဆင့်သို့ရောက်ရှိလာသော သုံးနှစ် ခွဲကာလကို ဖြတ်သန်းရသော အချိန်တွင်သန့်ရှင်းသူများ၏ နှိပ်စက်ညှင်း ပန်းခံရမှုသည် အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည်။ ဤပြင်းထန်လှသော ညှင်းပန်းမှုသည် အချိန်တိုအတွင်း ပြီးဆုံးလိမ့်မည်။သန့်ရှင်းသူများစွာနှင့် ဘုရားသခင်၏အစေခံ ကျွန်များသည်လည်း မကြာမှီ ညှင်းပန်း နှိပ်စက် ခံရ လိမ့်မည်။ ထို့နောက် သူတို့၏ ညှင်းပန်းနှိပ်စက်မှုများ လျင်မြန်စွာ ပြီးဆုံး ပြီးနောက် သူတို့၏ချီဆောင်ခြင်း ကျရောက်လာလိမ့်မည်။
အဘယ်ကြောင့်နည်း။အဘယ်ကြောင့်ဆိုသော် ဗျာဒိတ်ကျမ်းသည် ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးများဤကမ္ဘာသို့ကျရောက်ပြီးနောက်ပိုင်း အချိန်များ၌သန့်ရှင်းသူများသည် ကောင်းကင်ဘုံ၌ရှိနှင့်ပြီးဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းနေကြမည်ဖြစ်ကြောင်းထပ်ခါတလဲလဲဖော်ပြ သော ကြောင့်ဖြစ်သည်။ ဤနှုတ်ကပတ်တော်သည် အံ့သြဘွယ် ကောင်းလောက် အောင် ဖော်ပြထားပါသည်။
ဗျာဒိတ်ကျမ်း ၁၀း၇ က “ကာလမနှေးဘဲသတ္တမ ကောင်းကင်တ မန် တံပိုးမှုတ်ခြင်းအသံမြည်သော နေ့ရက်ကာလ၌ ဘုရားသခင်၏ ကျွန် တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသတင်းကို ဗျာဒိတ် ထားတော် မူသည်နှင့်စပ်ဆိုင်သော ဘုရားသခင်၏နက်နဲသောအရာသည် ပြည့်စုံခြင်း သို့ ရောက်မည်။” ဤအကြောင်းအရာသည် အခြာသောအရာများထက် ချီ ဆောင်ခြင်းတည်းဟူသော ဘုရားသခင်၏ ဖုံးကွယ်ထားသောနက်နဲသော အရာကို ရည်ညွှန်းပါသည်။ သက်သာလောနိတ် ဩဝါဒစာပဌမစာစောင် (၄း၁၆)တွင်ရှင်ပေါလုကကျွန်ုပ်တို့အား ပြောပြသည်မှာ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက် တော်မူ၍” ဖြစ်ပါသည်။
မည်သို့ဆိုစေကာမူ သခင်ဘုရားသည် ကောင်းကင်ဘုံမှ ဆင်း သက်လာမည်ဆိုသည်မှာ သူသည် ဤကမ္ဘာမြေသို့ ရုတ်တရက် ချက်ချင်း ဆင်းလာမည်ဟု မဆိုလိုပါ။သူသည် ကောင်းကင်ဘုံမှ လေထုထဲသို့ ဆင်း သက် လာမည်။ ထို့နောက် ပထမဆုံးသော ထမြောက်ခြင်းဖြင့် အိပ်ပျော် နေသူများကို နိုးထလာခြင်း၊ ဒုတိယအကြိမ် မွေးဖွားခံရသော အသက်ရှင် သူများ ပုံသဏ္ဍာန်ပြောင်းလဲမှုဖြစ်ပေါ်လာခြင်းနှင့်သန့်ရှင်းသူများကို သခင် ဘုရားကလေထုထဲ၌လက်ခံသောချီဆောင်ခြင်းသည်ချက်ချင်းကိုလိုက်လာ လိမ့်မည်။ သိုးသူငယ် မင်္ဂလာဆောင် ညစာစားပွဲကို လေထုထဲတွင် ကျင်းပ ပြီးနောက် ဤကမ္ဘာသည်ကျန်ရှိနေသေးသောဖလားခုနှစ်လုံးကပ်ရောဂါ ဘေးများ ဤကမ္ဘာမြေသို့ သွန်းလောင်းခြင်းဖြင့် လုံးဝဖျက်စီးခြင်း ခံရ မည်။သခင်ဘုရားသည် ကျွန်ုပ်တို့နှင့်အတူ အသစ်ပြုပြင်ထားသော ကမ္ဘာ မြေကြီးသို့ဆင်းသက်လာပြီး အသက်ရှင်ကျန် နေဦးမည့်သူများရှေ့တွင် သူ ၏ ရုပ်သွင်ကို ပေါ်လာစေလိမ့်မည်။
ဗျာဒိတ်ကျမ်း၏နှုတ်ကပတ်တော်များနှင့်ကျမ်းစာ၏အဓိပ္ပါယ် ပြန် ဆိုခြင်းကိုလူတစ်ဦးတစ်ယောက်၏ကိုယ်ပိုင်အယူအဆအပေါ် အခြေခံခြင်း သည်ပျက်စီးခြင်းလမ်းပေါ်သို့လိုက်လျှောက်ခြင်းပင် ဖြစ်သည်။ အချို့သော ဘာသာရေးပညာရှင်များ၏မှန်းဆချက်ထက်မပိုသော အဆိုပြုချက်များကို ယုံကြည်ခြင်းသည် မှားယွင်းမှုသက်သက်သာဖြစ်ပြီးထိုအဆိုများကို အခိုင် အမာထောက်ခံ ပြောဆိုခြင်းများသည်လည်း နှုတ်ကပတ်တော်ကို မှန်မှန် ကန်ကန် ကျကျနန၊ နားလည် သဘောပေါက်မှုမရှိခြင်းပင် ဖြစ်သည်။
ဘာသာရေးပညာရှင်များအနက် ရှေးရိုးဆန်သောခရစ်ယာန် အဖွဲ့ အစည်းများအတွင်းအထူးလေးစားခံရပြီး ကျော်ကြားသော အယ်ဘါကေါ့ နှင့် အဗရာဟမ်ကူးပါးတို့ကဲ့သို့သောပညာရှင်များက နှစ်တစ်ထောင်အုပ်စိုး ခြင်းကာလအတွင်းချီဆောင်ခြင်းကျရောက်ခြင်းကို ထောက်ခံ အားပေး ကြ သည်။ ဘေးဒဏ်ကြီး ကာလမတိုင်မီချီဆောင်ခြင်း၊ ဘေးဒဏ်ကြီးကာလ နောက်ပိုင်း ချီဆောင်ခြင်းနှင့်ဘေးဒဏ်ကြီးကာလအတွင်း ချီဆောင်မှု ကျ ရောက်ခြင်းစသည့် အယူအဆများထဲမှ ဤနောက်ဆုံးခံယူချက် ဖြစ်သော ဘေးဒဏ်ကြီးကာလအတွင်း ချီဆောင်မှုကျရောက်ခြင်း အယူအဆကို ယုံ ကြည်ခြင်းသည် ကျမ်းစာကို မယုံကြည်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဤခေတ်တွင် ဘေးဒဏ်ကြီးကာလပြီးမှချီဆောင်ခြင်း ကျမည် ဆို သောအယူအဆကို ယုံကြည်ခြင်းဖြစ်သောခေတ်ကို ကျော်လွန်ခဲ့ပြီး ဖြစ် သည့်အပြင် ယနေ့တွင် လူတိုင်းသည် ဘေးဒဏ်ကြီးကာလ မတိုင်မီ ချီ ဆောင်ခြင်းကျရောက်မည်ဆိုသောအယူအဆကို ယုံကြည်သလောက် ဖြစ် နေသည်။သို့သော် ဤအယူအဆသည်လည်း ကျမ်းစာအလိုအရ ယုတ္တိတန် သော အယူအဆမဟုတ်ပေ။ သို့သော်လူအများစုသည် ယ္ခုတိုင် ဘေးဒဏ် ကြီး ကာလမတိုင်မီ ချီဆောင်မှု ကျရောက်ခြင်းကို ပြောကြသည့်အခါတိုင်း အလွန်နှစ်သက်ဆဲပင် ဖြစ်ကြ သေးသည်။ အဘယ်ကြောင့်နည်း။ အဘယ် ကြောင့်ဆိုသော် ဤဘေးဒဏ်ကြီးကာလ မတိုင်မီချီဆောင်ခြင်း ကျရောက် မည့် အယူအဆအရ ခရစ်ယာန်တို့သည် ဘေးဒဏ်ကြီးကာလ၏ ခုနှစ်နှစ် ကာလအတွက် စိုးရိမ်ပူပန်စရာ မရှိသောကြောင့် ဖြစ်သည်။ 
ဤအတိုင်းပင်ယုံကြည်သူများအဖို့ မိမိတို့၏ယုံကြည်ချက် အတိုင်း အသက်ရှင်သန်ရန်အတွက်ယုံကြည်ချက်အေးစက်လာရန် သို့မဟုတ်ပူပြင်း တကြွ်ကမှုကိုလက်ခံရန် အနေအထားဖြစ်လာပြီး အသင်းတော်များ အဖို့ လည်း သူတို့၏အသင်းတော်၏လူအစုအဝေး ပမာဏ ကြီးမားလာခြင်းကို စိုးရိမ်ကြလိမ့်မည်။ ဤအကြောင်းများကြောင့်လူအများ၏ယုံကြည်မှုလျော့ နည်းလာလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်သူတို့ အဖို့ ဘေးဒဏ်ကြီး ကာလကို ဖြတ်သန်းဖို့ သူတို့အတွက် ပူပန်စရာ မရှိဟု တွေးထင် ကြသည်။ သူတို့၏ယုံကြည်ချက်များသည် နောက်ဆုံးကာလ နီးကပ်လာသည့် အခါ များ၌ အမှန်အားဖြင့်ပို၍သန်မာရမည်ဖြစ်သော်လည်း သူတို့၏ ယုံကြည် ချက်များသည် အားတက်စဖွယ်ဖြစ်ပြီး တဖန်လျော့တိလျော့ရဲ ပြန်ဖြစ် လာ ကြသည်။ လူတို့သည် ဘေးဒဏ်ကြီးကာလအလယ်၌ ချီဆောင်ခြင်း ကျ ရောက်မည့်အယူအဆကို ယုံကြည်ရာ၌အကြာမြင့်စွာ အလေ့အကျင့် ရနေ ခဲ့ပြီးဖြစ်သည်။ ထို့နောက် ဘေးဒဏ်ကြီးကာလပြီးမှ ချီဆောင်မှု ကျရောက် ခြင်း အယူအဆကိုလက်ခံစေကာမူ ယခုအခါ သူတို့သည် ဘေးဒဏ်ကြီး ကာလမတိုင်မီ ချီဆောင်မှုကျရောက်ခြင်းအယူအဆကို ယုံကြည်နေကြပြီ ဖြစ်သည်။
၁၈၃၀ခုနှစ်၌မူးဒီကျမ်းစာတက္ကသိုလ်မှဆရာစကော့ဖီးလ်က သူ၏ ကျမ်းစာ ရည်ညွှန်းချက်စာအုပ်ကို စတင်ရေးသားခဲ့သည်။ စကော့ဖီးလ် သည် ကမ္ဘာကျော် ဓမ္မပညာရှင် ဒါဘီ၏ လွှမ်းမိုးမှုအထူးပင် ခံခဲ့ရသည်။
စကော့ဖီးလ်၏ဝိညာဉ်ရေးရာ ဆရာဖြစ်သောဒါဘီသည် ယခင်က ကက်သလစ်ဘုန်းကြီးဖြစ်ခဲ့ဘူးပြီး အလွန်တရာအသိဉာဏ် မြင့်မားပြီး ဗဟုသုတ ကြွယ်ဝသူတစ်ဦး ဖြစ်သည်။ သူသည် သူ၏အမှားများကို သ ဘောပေါက် နားလည်ပြီး ရောကက်သိုလစ်အသင်းတော်ကို စွန့်ခွာခဲ့ပြီး ခရစ်ယာန် အဖွဲ့အစည်းတစ်ခုငယ်တစ်ခုနှင့် ဆက်သွယ်ကာ ၄င်းအဖွဲ့အ စည်း၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။ဒါဘီသည်ကျမ်းစာကို ဖတ်ရှု လေ့လာ ခဲ့သည့်ကာလတစ်လျှောက်လုံးဗျာဒိတ်ကျမ်းထဲမှ ချီဆောင်ခြင်းသည် ဘေး ဒဏ်ကြီးကာလ မတိုင်မီသို့မဟုတ် ပြီးမှပေါ်လာမည် ဆိုသည်ကိုသေချာစွာ ပုံမဖော်နိုင်ခဲ့ချေ။ဤအချက်အလက်အတွက်ပို၍ရှင်းလင်းသော အထောက် အထား ရှာဖွေရန် ခရီးတိုတစ်ခု ထွက်ခဲ့သည်။
ဤခရီးစဉ်၌ သူသည် ဆက်ကျော်သက်အရွယ်ရှိ ဝိညာဉ်ရေးရာ အဖွဲ့၏ခေါင်းဆောင် မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ၄င်း ကလေး မလေးမှသူမ၏ ရှုပါရုံတွင် ချီဆောင်ခြင်းသည် ဘေးဒဏ်ကြီးကာလ မတိုင် မီ ကျရောက်မည် ဖြစ်ကြောင်းအခိုင်အမာ ပြောဆိုခဲ့သည်။ သူမက သူအား ပြောပြချက်များကို ယုံကြည်ပြီး လက်ခံသဖြင့် ဒါဘီသည် သူ၏ကျမ်းစာ လေ့လာမှုကို ဘေးဒဏ်ကြီးကာလ မတိုင်မီချီဆောင်ခြင်းကျရောက် မည်မူ သောအယူအဆဖြင့် နိဂုံးချုပ်လိုက်လေသည်။
မည်သို့ဆိုစေကာဤခေတ်ကာလလူအမျိုးစုသည်အဓိက အားဖြင့် ဘေးဒဏ်ကြီးကာလပြီးမှ ချီဆောင်ခြင်း ကျရောက်မည့် အယူအဆကိုသာ လက်ခံယုံကြည်ကြသည်။ထို့ကြောင့်ဒါဘီ၏အယူအဆဖြစ်သော ဘေးဒဏ် ကြီး ကာလမတိုင်မီချီဆောင်ခြင်းကျရောက်မည့်အယူအဆကို ကောင်းစွာ လက်ခံခြင်းမရှိကြပေ။
ဒါဘီကအခိုင်အမာပြောဆိုသည်မှာ ဗျာဒိတ်ကျမ်းတွင်ရေးထားသ မျှသော အကြောင်းအရာများမှ ဣသရေလလူမျိုးများ၏ကယ်တင်ခြင်း အ ကြောင်းသာဖြစ်သည်။ ထိုကြောင့် တစ်ပါးအမျိုးသားများ၏ ကယ်တင်ခြင်း နှင့် သက်ဆိုင်ခြင်း မရှိဟုဆိုထားပါသည်။ ၄င်းအမြင် “တဖန်ပရောဖက် ပြု၍ဟောပြောရမည်”ဟူသော ဗျာဒိတ်ကျမ်း(၁၀း၁၀)ပါစာပိုဒ်နှင့်ပါတ် သက်၍ ဒါဘီက၊ ဤအချက်သည်ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ဟောပြောခြင်း မဟုတ်ဘဲ၊ ကောင်းကင်နိုင်ငံတော်အကြောင်း ထုတ်ဖေါ် ကြော်ငြာမှုဆိုက်ရောက် လာခြင်းကို ဆိုလိုသည်ဟုအနက် ဖွင့်သည်။
ဒါဘီ၏အဆိုပြုချက်ကိုလက်ခံသာစကော့ဖီးလ်က သူ၏ ရည်ညွှန်း ကျမ်းစာအုပ်ထဲတွင် ထိုအယူအဆများကိုပကတိအတိုင်း ထည့်သွင်းပေါင်း စပ်ပြီးဖေါ်ပြထားခြင်းဖြင့် ခေတ်ခုနှစ်ခေတ်နှင့်ပက်သတ်သော သူ၏ ကိုယ် တိုင်အယူအဆအဖြစ်ဖန်တီးလိုက်လေသည်။ယင်းကဲ့သို့သောစကောဖီးလ်၏ပြောဆိုချက်များသည် သူခေတ်သူအချိန်၏တောင်းဆိုချက်နှင့် သူ၏ နောက်ခံအကြောင်းအရာများနှင့်ပို၍သင့်လျော်သောအချက်အဖြစ်ဘာသာ ရေးအဖွဲ့အစည်းအများအတွင်း ကြီးမားသောလှုပ်ရှားနိုးကြားမှု ဖြစ်လာပြီး၊ တစ်ကမ္ဘာလုံးပျံနှံ့ကာသူ၏အယူအဆကိုလည်းကျယ်ကျယ်ပြန့်ပြန့် လက်ခံ လာကြသည်။
သို့သော်ဘုရားသခင် ကျမ်းစာထဲတွင်ဘာတွေ ပြောထား ပါသလဲ။ ကျမ်းစာထဲတွင် ခရစ်တော်သည် တံဆိပ်ခုနှစ်ချက်ဖြင့် ခတ်နှိပ်ထားသော ကျမ်းစာလိပ်ကိုဘုရားသခင်၏နိုင်ငံတော် မတိုင်မှီယူ၍ ဖွင့်လိုက်ကြောင်း ကျွန်ုပ်တို့ တွေ့ရပါသည်။
ထို့နောက်သူသည်တံဆိပ်ခုနှစ်ချက်ခတ်နှိပ်ထားသောသူ၏ ခေတ် ကာလခုနှစ်ခုဖြင့် လူသမိုင်းကို ခွဲခြားလိုက်သည်။ ပထမခေတ်မှာ မြင်းဖြူ ခေတ်ဖြစ်သည်။ဤခေတ်သည် ကယ်တင်ခြင်းခေတ် ဖြစ်သည်။ ဘုရားသ ခင်သည် သူဖန်ဆင်းခဲ့သော ဤစကြဝဋ္ဌာနှင့်လူအများအား ယခုအချိန်မှ စ၍ကယ်တင်ရန်ဆုံးဖြတ်သောခေတ်ဖြစ်သည်။ တကယ်ပင် ကျွန်ုပ်တို့အား ကယ်တင်မည် ဖြစ်သည်။ ဗျာဒိတ်တ်ကျမ်း (၆း၂)တွင်ဖေါ်ပြသကဲ့သို့ “ထို အခါ ငါကြည့်လျှင်၊ မြင်းဖြူတစ်စီး ရှိ၏။ မြင်းစီးသောသူသည် လေကို ကိုင် ၏။ သူ၌ သရဖူကို ပေးတော်မူ၏။ အောင်မြင်လျင်၄င်း၊ အောင်မြင်ခြင်းငှာ ၄င်းထွက်သွား၏။”သခင်ဘုရားသည်အောင်ပွဲခံခဲ့ပြီးဆက်လက်ပြီးအောင်ပွဲ ခံဦးမည်ဖြစ်သည်။ ဖန်ဆင်းခြင်း မတိုင်မီ ကပင်လျှင်၊ သတင်းကောင်းသည် တည်ရှိ ခဲ့ပြီး ကယ်တင်ခြင်း သည်လည်း စတင်ခဲ့ပြီး ဖြစ်သည်။
ဒုတိယခေတ်မှာ မြင်နီ၏ခေတ် ဖြစ်သည်။ စာတန်၏ခေတ်လည်း ဖြစ်သည်။ဤခေတ်သည် နတ်ဆိုးခေတ် ဖြစ်ပြီး၊ လူသားထံမှ ငြိမ်းချမ်းမှုကို လုယူ လိမ့်မည်။ သူတို့အား စစ်ပွဲများခင်းပြီး၊ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက် စေမည်။ တစ်ဦးနှင့်တစ်ဦးမုန်းတီးစေပြီး၊ဘာသာရေးပဋိပက္ခများကို ဖန်တီး လိမ့်မည်။
တတိယခေတ်မှာ၊မြင်နက်ခေတ်ဖြစ်သည်။ယင်းကာလသည် ဝိ ညာဉ်ရေးရာနှင့်ကိုယ်ကာယအတွက် အစာခေါင်းပါးသောခေတ် ဖြစ်သည်။ ထို့နောက် စတုတ္ထခေတ်မှာ မြင်းပွဲခေတ် ဖြစ်သည်။ ညှင်းပန်းနှိပ်စက်ခံ ရမည့်ခေတ်လည်းဖြစ်သည်။ပဉ္စမခေတ်မှာချီဆောင်ခြင်းကာလဖြစ်သည်။ ဘုရားသခင်သည်သူ၏ခေတ်တခေတ်ကို သန့်ရှင်းသူများအတွက် ချီဆောင် ခြင်းကာလ ဖြစ်သည်။ ဘုရားသခင်သည်သူ၏ခေတ်တခေတ်ကို သန့်ရှင်း သူများအတွက် ချီဆောင်ရန် ခေတ်အဖြစ်သတ်မှတ်ထားသည်။ ဆဌမ ခေတ်မှာ ဖလားခုနှစ်လုံးခေတ် ဖြစ်သည်။ ဤကမ္ဘာကြီးကို ဖျက်ဆီးခြင်း ဖြစ်ပေါ် စေသည်။ ထို့နောက်ကျန်သေးသော ခေတ်များမှာ နှစ်တစ်ထောင် အုပ်စိုးမှုကာလနှင့်ကောင်းကင်နှင့် မြေကြီးသစ်ခေတ် ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်သည် ဤကမ္ဘာကြီး၏ အချိန်ကို ခေတ်ခုနှစ်ခေတ်ဖြင့် ဖန်တီး စီစဉ် ထားပြီ၊တံဆိပ်ခုနှစ်ချက်ခတ်နှိပ်ထားသော စာစောင်ထဲ၌ ထည့်သွင်း ထားသည်။
စကော့ဖီးလ်ခွဲခြားထားသောခေတ်ခုနှစ်ခေတ်မှာ သူ၏ ကိုယ်တိုင် အယူအဆအပေါ် အခြေခံတည်ဆောက်ထားခြင်း ဖြစ်သည်။ နှိုင်းယှဉ် ကြည်မည်ဆိုလျှင်၊ ခေတ်ခုနှစ် ခေတ်မှာဗျာဒိတ်ကျမ်း (၆) ၌ ပရောဖက် ပြုထားခြင်း ဖြစ်သည်။ တံဆိပ်ခုနှစ်ချက် ရိုက်နှိပ်ထားသော စာစောင်သည် ဘုရားသခင်၏ လက်တော်၌ကိုင်ဆောင်ထားလျက်ရှိပြီး၊ ယင်းမှာလည်း ဘုရားရှင်ကိုယ်တိုင် စီစဉ်ဖန်တီးထားခြင်း ဖြစ်သည်။ ယခု တိုင်အောင် လူတို့သည် လူတို့ဖန်တီးထားသော ဘေးဒဏ်ကြီးကာလအကြို ချီဆောင် ခြင်း အယူအဆကို ပြောကြဆဲပင်ဖြစ်သည်။ နိဂုံးချုပ်အနေဖြင့် လူအများ တို့ ယုံကြည်ကြသည်မှာ သခင်ဘုရားကို စိတ်အားထက်သန်စွာ ယုံကြည် ဖို့ရန် သူတို့အဖို့ မလိုအပ်တော့ပါဟူ၍ဖြစ်သည်။
ဘေးဒဏ်ကြီးကာလ မတိုင်မှီ ကျွန်ုပ်တို့ချီဆောင်ခြင်း ခံနေစဉ် ကျွန်ုပ်တို့အားလုံးသည်ဘေးဒဏ်ကြီးကာလ၏ခုနှစ်နှစ်အချိန်ရောက်ရှိ လာ သောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ ရှိနေလိမ့်မည်။ ထိုကြောင့် ကျွန်ုပ်တို့ စိုးရိမ်စရာ ဘာမှမရှိဟု သူတို့၏ စိတ်နှလုံးတွင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘေးဒဏ်ကြီးကာလမတိုင်မီ ချီဆောင်ခြင်း ခံရ လိမ့်မည်ဟုကျွန်ုပ်တို့အား ဘုရားသခင်၏နှုတ်ကပတ်တော်က ပြောပြခဲ့ပြီး ဖြစ်သည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ယုံကြည်ချက်ကိုပြင် ဆင်ထားရန် လိုအပ်လိမ့်မည်မဟုတ်ပေ။ ဘုရားကျောင်းသို့ တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သွားရုံနှင့် လုံလောက် ပေမည်။ သို့သော် ဤ အကြောင်းကို ဘုရားသခင်က ကျွန်ုပ်တို့အား မပြောပြပါ။
“သူတို့သည်ရက်ပေါင်း ၁၂၆၀တိုင်ဟောပြောကြလိမ်မည်” “သူတို့ သည် သန့်ရှင်းသောမြို့တော်ကို ကလေးဆယ့်နှစ်လပတ်လုံး နင်းကြ လိမ့် မည်။” ယင်းကဲ့သို့သော ဘုရားသခင်၏နှုတ်ကပတ်တော်က ဟစ်ပါး အမျိုး သားတို့သည်လည်း ဘေးဒဏ်ကြီးကာလတွင် လွတ်မြောက်ကြမည်ဟု ကျွန်ုပ်တို့အား ပြောပြနေပါသည်။ဘုရားသခင်သည် ရေနှင့်ဝိညာဉ် ဆိုင်ရာ သတင်းကောင်းကို ပျံ့နှံ့စေရန်အတွက်သူ၏ပရောဖက် နှစ်ပါးကို ပေါ်ထွန်း စေလိမ့်မည်။ခက်ခဲသောကာလရောက်ရှိလာသောအခါ ဘုရားသခင် စီစဉ် ထားသော ဘေးဒဏ်ကြီးကာလခုနှစ်နှစ်တွင် ပထမသုံးနှစ်ခွဲကာလ တစ် လျှောက်ကို ဖြတ်သန်းခြင်း မရှိဘဲ မည်သူမျှ ဘုရားသခင်၏ရှေ့တော်၌ ရပ်တည်ကြရမည် မဟုတ်ပါ။ ယင်းအချိန်တွင် မြောက်များစွာသော အာဇာ နည်များသည် ၄င်းဘေးဒဏ်ကြီးကာလမှ ပေါ်ထွက်လာလိမ့်မည် ဖြစ် ကြောင်း ဘုရားရှင်က ကျွန်ုပ်တို့အား ပြောပြပါသည်။
ယေရှုကိုမှန်ကန်စွာ ယုံကြည်ခြင်းဖြင့်တစ်စုံတစ်ဦးသည်ကျမ်းစာ ကို အတိအကျလေ့လာလျှက်၊ မည့်သည်အရာသည် တိတိကျကျ မှန်ကန် သည်ကို သိရှိယုံကြည်ရမည် ဖြစ်သည်။ အကယ်၍ လူတို့သည် ကျမ်းစာ၏ စာပိုဒ်တိုင်းကို သေသေချာချာ လေ့လာဖတ်ရှုခြင်းမပြုဘဲ မိမိကိုယ်ပိုင် အသိဖြင့်ဟောပြောလျှင်၊ နောက်ဆုံး၌သူတို့သည်၊ မိစ္လာဒိဋ္ဌိဖြစ်သွား ကြ လိမ့်မည်။ ဤကမ္ဘာပေါ်တွင် အသင်းတော်ပေါင်း မရေတွက်နိုင်အောင် ရှိ နေရသည့်အကြောင်း အရင်းမှာလည်းများစွာသော လူတို့သည် ကျမ်းစာကို မိမိလိုရာဆွဲပြီးအနက် အဓိပ္ပာယ်ပြန်ဆိုချက် အပေါ် အခြေခံလျက်ယုံကြည် ကြသည့် အချက်ကြောင့် ဖြစ်သည်။
ဣသရေလ လူမျိုးများတို့ကယ်တင်ခြင်းခံရလိမ့်မည်ဟူသော ဘု ရားသခင်ကကျွန်ုပ်တို့အား ပြောပြသည့် ဘုရားသခင်၏အစီအစဉ် တော် သည် သူ၏နှုတ်ကပတ်တော် ထွက်ကတိနှင့်အညီ ပြည်စုံလာလိမ့်မည် ဖြစ် သည်။ ဤအချက်က ဘုရားသခင်သည် သူ၏ကတိတော် နှုတ်ထွက် စကားအတိုင်း ကတိချိုးဖောက် လိမ့်မည်မဟုတ်ဘဲ၊ ကျွန်ုပ်တို့အား ပြောပြ သည့် အတိုင်းအားလုံး ပြည့်စုံလိမ့်မည် ဖြစ်သည်။
ဣသရေလလူမျိုးများတို့၏ပရောဖက်နှစ်ပါးတို့သည် သူတို့သေ လွန်ပြီးနောက်သုံးရက်ခွဲတွင် ပြန်လည်၍ရှင်ပြန်ထမြောက်ကြပြီးကောင်း ကင်သို့ တက်ကြလိမ့်မည်။ ဤသည်ပင်ချီဆောင်ခြင်း ဖြစ်သည်။ဤအ ချက်က ဘေးဒဏ်ကြီး ကာလ၏အနှိပ်စက် ခံရသူများအတွက် ချီဆောင် ခြင်းခံရမည်ဆိုသောအချက်ကို ထောက်ခံပေးသည့် ဥပမာပင် ဖြစ်သည်။ ဤအချက်ကျွန်ုပ်တို့အားဖေါ်ပြသည်မှာကျွန်ုပ်တို့ကိုယ်စီအတွက် ချီဆောင် ခြင်းကို ဖေါ်ပြပေးသော ရှေ့ပြေးနိမိတ်ပင် ဖြစ်သည်။ တံပိုးခုနှစ်လုံး၏ မှုတ်သံပေါ်ထွက်ပြီးနောက်ကမ္ဘာမြေကြီးသည်ခရစ်တော်၏နိုင်ငံဖြစ်လာပြီး ခရစ်တော်က ထာဝရအုပ်စိုးလိမ့်မည်ဖြစ်ကြောင်း၊ ကျမ်းစာက ကျွန်ုပ်တို့ကို ပြောပြပါသည်။ ထို့ကြောင့် ခရစ်တော်ယေရှုကို ယုံကြည်သော သူအပေါင်း တို့သည် သူနှင့်အတူ စိုးစံကြရမည်။
ဘုရားသခင်သည် သန့်ရှင်းသူများကို ချီဆောင်ပြီးနောက် ကမ္ဘာ တစ်ဝှမ်းလုံးကို ဖျက်ဆီးလိမ့်မည်။ ဤဖျက်ဆီးခြင်းသည် ရာနှုန်းပြည့်ဖြစ် မဖြစ် ကျွန်ုပ်တို့မသိနိုင်ပါ။ ကျမ်းစာတွင် အသေးစိတ်ဖေါ်ပြခြင်း မရှိပါ။ သို့သော်ဘုရားသခင်က ဗျာဒိတ်ကျမ်း (၁၁း၁၈)တွင် ကျွန်ုပ်တို့အား ပြောပြ သည်မှာ “လူမျိုးတို့သည် အမျက်ထွက်ကြသည် ဖြစ်၍အဖျက်တော် သည် လည်းရောက်လာပြီး၊သေလွန်သောသူတို့ကိုတရားစီရင်ဆုံးဖြတ်တော် မူ၍၊ ကိုယ်တော်၏ကျွန်တည်းဟူသောပရောဖက်တို့အား၄င်းသန့်ရှင်း သူတို့အား ၄င်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူအကြီးအငယ်တို့အား၄င်း၊ ဆုကျေးဇူးကို ပေးသနားတော်မူ၍၊ မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက် ဆီးတော်မူသော အချိန် ရောက်လာပြီးဟု လျှောက်ဆိုကြ၏။”
ဘေးဒဏ်ကြီး ကာလက၄င်း၏ အထွဋ်အထိပ်ဖြစ်သော ခုနှစ်ခွဲ ကာလကို ကျော်လာသကဲ့သို့ချီဆောင်ခြင်းသည်လည်း သေချာပေါက်ပေါ် ပေါက်လာမည် ဖြစ်သည်။ သုံးနှစ်ခွဲကာလဟု ဆိုရာ၌ အတိအကျမဟုတ် အနည်းငယ်လွဲချော်၍ ကျော်လွန်သွားလိမ့်မည်။ ဘေးဒဏ်ကြီးကာလ၏ အရှိန်အမြင့်ဆုံးရောက်ရှိချိန်သည်ခုနှစ်ကာလ၏အလယ်ဗဟို ဖြစ်လိမ့် မည်။ ဤအချိန်သည် ဣသရေလလူမျိုးများထဲမှ သန့်ရှင်းသူများ နှိပ်စက် ညှင်းပန်းမှု ခံရမည့်အချိန်ဖြစ်ပြီး၊နောက် မကြာမီ အချိန်တိုလေးအတွင်း ချီ ဆောင်ခြင်း ကျရောက်လာလိမ့်မည်။ ချီဆောင်ခြင်းပေါ်ပေါက်ချိန်တွင် ကျွန်ုပ်တို့အားလုံးသည် သိုးသူငယ်မင်္ဂလာဆောင် ညစာစားပွဲကို လေထု ထဲတွင် ဆင်နွှဲကြလိမ့်မည် ဖြစ်သည်။
ရှင်မဿဲ အခန်းကြီး (၂၅)က ကျွန်ုပ်တို့အား ပြောပြသည်မှာ ကျွန်ုပ်တို့အားလုံးသိုးသူငယ် မင်္ဂလာဆောင် ညစာစားပွဲကို လေထုထဲတွင် ဆင်နွှဲနေကြစဉ် ကမ္ဘာမြေပေါ်သို့ဖလားခုနှစ်လုံး၏ကပ်ဘေးကြီးများ ကျ ရောက်မည်ဖြစ်သည်။ ဘုရားသခင်ကိုလေထုထဲ၌ ချီးမွမ်းနေရင်း ကမ္ဘာမြေ ပေါ်၌ ဖြစ်ပျက်နေသော အရာအားလုံးကိုကြည့်နေရင်း ကျွန်ုပ်သည် ဘုရား သခင်အား သူ၏ကရုဏာတော်ကြောင့် ပို၍ ပို၍ကျေးဇူးတင်ကြလိမ့်မည်။
ဗျာဒိတ်ကျမ်းအားဖြင့် သင်သည် နောက်ဆုံးသောကာလ မည် သည့် အချိန်ကျရောက်မည်ကို ကောင်းစွာ သဘောပေါက်နိုင်မည် ဖြစ်ပြီး နှုတ်ကပတ်တော်ကို ရိုးသားစွာယုံကြည်နိုင်ရန် သင်၏ဘဝ အသက်တာကို ဇွဲလုံ့လရှိသောယုံကြည်ချက်ဖြင့်အသက်ရှင်လျက်အနာဂတ်ကာလအတွက် ကြိုတင် ပြင်ဆင်ထားနိုင်ရန် ကျွန်ုပ်မျှော်လင့်လျက် ဆုတောင်း နေပါ သည်။ သင်၏ယုံကြည်ချက်ကို သခင်ဘုရားအား ချီးမွမ်းရန် ဂုဏ်ပြုရန်နှင့် ကိုးကွယ်ရန်အတွက် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်နည်း။
နေ့ရက်ကာလစေ့ရောက်လာသောအခါ ဗျာဒိတ်ကျမ်းမှနှုတ်က ပတ်တော်များသည်သင့်အတွက်အကြီးမားဆုံး လမ်းညွှန်ချက် ဖြစ်ကြောင်း သက်သေပြပါလိမ့်မည်။ ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်း၌သင်၏ ယုံ ကြည်ချက်ကို ထားရှိပြီး သင်သည် လုံ့လဝိရိယရှိပြီး သစ္စာရှိစွာဖြင့် နေ ထိုင်ရန်အတွက် သင့်နှလုံးသားကို ထပ်မံ၍ ကတိပေးရမည် ဖြစ်သည်။