Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 12-1] အနာဂတ်၌ အန္တာရာယ်ကြီးစွာ ပေးမည့် ဘုရားသခင်၏အသင်းတော် (ဗျာဒိတ်ကျမ်း ၁၂း၁-၁၇)

အနာဂတ်၌ အန္တာရာယ်ကြီးစွာ ပေးမည့် ဘုရားသခင်၏အသင်းတော်
( ဗျာဒိတ်ကျမ်း ၁၂း၁-၁၇ )
“ကောင်းကင်၌ ကြီးစွာသောနိမိတ်လက္ခဏာဟူမူကား မိန်းမတစ် ဦးသည်နေကိုဝတ်လျက်၊လကိုခြေနှင့်နင်းလျက်မိမိခေါင်းပေါ်၌ကြယ်ဆယ့် နှစ်လုံးနှင့် ပြီးသော သရဖူကိုဆောင်းလျက် ပေါ်လာသည် ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဖွားအံ့သော ဝ္လေနာပြင်းသောကြောင့် အော်ဟစ်လေ၏ ကောင်းကင်၌အခြားသောနိမိတ်လက္ခဏာပေါ်လာသည်ကား၊ ဆင်းနီသော နဂါးကြီးသည် ခေါင်းခုနှစ်လုံး၊ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူ နှစ်ဆူကို ဆောင်းလျက်ရှိ၏။ သူ၏အမြီးသည် ကောင်းကင်ကြယ် ဆုံးစု တစ်ခုကိုဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုသွားလုသော မိန်းမ သည်တွားသောအခါနဂါးသည် ထိုသားကိုကိုက်စားမည်အကြံနှင့် မိန်းမရှေ့ ၌ ရပ်နေ၏။ ထိုမိန်းမသည် လူမျိုးတကာတို့ကို သံ၊လှံတံနှင့် အုပ်စိုး လတံ့သောသားယောကျာ်းကို ဖွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့ လည်းကောင်း၊ ပလ္လင်တော်သို့ လည်းကောင်း၊ ချီယူတော်မူ၏။ မိန်းမသည် အရက်တစ်ထောင် နှစ်ရာခြောက်ဆယ်ပတ်လုံးတော၌ ကျွေးမွေးခြင်းကို ခံရမည့်အကြောင်းဘုရားသခင်ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင် တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့သည် စစ်တိုက်၍ မခံနိုင်ကြ၊ ကောင်းကင်၌လည်းသူတို့နေစရာမရှိစာတန်အမည်ရှိသောရှေးမြွေဟောင်း တည်းဟူသောနဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူသူ၏တမန် ကိုလည်း ကောင်း၊ မြေကြီးသို့ချလိုက်ကြ၏ ကောင်းကင်ဘုံ၌ ကြီးသောအသံကား ယခုမှကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရား သခင် ၏ နိုင်ငံတော်နှင့်သူ၏ခရစ်တော်၏အာဏာစက်လည်း ဖြစ်၏။အကြောင်း မူကားငါတို့ ညီအစ်ကိုများကို ငါတို့ ဘုရားသခင် ရှေ့တော်၌ နေ့၊ ညမပြတ် အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။ သူတို့သည်သိုးသူငယ်၏ အ သွေးအားဖြင့်လည်းကောင်း၊ မိမိတို့၏သက်သေခံချက်နှုတ်ကပတ်တ ရား အားဖြင့်လည်းကောင်းအောင်မြင်၍အသေခံသည့်တိုင်အောင်ကိုယ့်အသက် ကိုမနှမြောကြပေ။ထို့ကြောင့်ကောင်းကင်နှင့် ကောင်းကင်သားကို ရွှင်လန်း ကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလကခဏသာရှိသည်ကို သိ၍ပြင်းစွာသော ဒေါသ အမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါ ကြား၏ ထိုနဂါးသည်မြေကြီးသို့ ကိုယ်ကြသည်ကို သိမြင်လေသော် သားယောကျာ်း ကို ဖွားမြင်သောမိန်းမကိုညှင်းဆဲ၏ထိုနဂါးသည်မြေကြီးသို့ ကိုယ်ကြသည် ကို သိမြင်လေသော် သားယောကျာ်းကို ဖွားမြင်သော မိန်းမကို ညှင်းဆဲ၏ ထိုအခါမိန်းမကို ရေအဟုန်နှင့်မြောသွားစေခြင်းငှာ၊ နဂါးသည်မိမိ ခံတွင်း ထဲက မြစ်ရေစီးသကဲ့သို့၊ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။ မြေကြီး သည် မိန်းမကို မစ၍မိမိခံတွင်းကို ဖွင့်ပြီးလျှင် နဂါး၏ခံတွင်း ထဲက ထုတ် ပစ်သော မြစ်ရေကိုမျိုလေ၏။ နဂါးသည်မိန်းမကိုအညှီး ထား၏။ဘုရား သခင်၏ပညတ်တော်တို့ကိုကျင်၍ ယေရှု၏သက်သေခံတော်မူချက်ကို စွဲ လမ်းသောသူတည်းဟူသောထိုမိန်းမ၌ကြွင်းသောအမျိုးအနွယ်ကိုစစ်တိုက် ခြင်းငှါ သွား၏။”
 
 

အနက်ဖွင့်ကျမ်း

 
အခန်းငယ် (၁) “ကောင်းကင်၌ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူ ကားမိန်းမတစ်ဦးသည် နေကိုဝတ်လျက်၊ လကိုခြေနှင့်နင်းလျက် မိမိ ခေါင်း ပေါ်၌ကြယ်ဆယ့်နှစ်လုံးနှင့်ပြီးသောသရဖူကိုဆောင်းလျက် ပေါ်လာသည်”
ဤကျမ်းပိုဒ်က ဘုရားသခင်၏ အသင်းတော်က သူ့အားချီးမွမ်း ထောပနာပြုသည်မှာ ညှင်းပန်းနှိပ်စက်မှု ကာလအထိ ဖြစ်ကြောင်း ကျွန်ုပ် တို့အားပြောပြပါသည်။ “မိန်းမသည် နေကိုဝတ်လျက်” သည် ဤကမ္ဘာမြေ ပေါ်ရှိ ဘုရားသခင်၏အသင်းတော်ကို ရည်ညွှန်းပါသည်။ ၄င်းအပြင် “လကို ခြေနှင့်နင်းလျက်” ဟူသော စာပိုဒ်မှာ အသင်းတော်သည် ကမ္ဘာကြီး၏အုပ် ချုပ်မှုအောက်မှ အောက်တွင်ရှိနေဆဲဖြစ်ကြောင်း ရည်ညွှန်းပါသည်။ “မိမိ ခေါင်းပေါ်၌ ကြယ်ဆယ့်နှစ်လုံးဖြင့်ပြီးသောသရဖူကို ဆောင်းလျက် ပေါ် လာ၏။”ဤကျမ်းပိုဒ်က အသင်းတော်သည် စာတန်၏ညှင်းပန်း နှိပ်စက် ခြင်းနှင့်ချိန်းခြောက်ခြင်းတို့ကို သူတို့၏နှိပ်စက်ညှင်းပန်းခံရမှု ကာလနှင့်အ တူ အောင်မြင်ကျော်လွှားလိမ့်မည်ဟု ရည်ညွှန်းပါသည်။
ဤကျမ်းပိုဒ်သည် ဘေးဒဏ်ကြီးကာလအလယ်ရှိ ဘုရားသခင်၏ အသင်းတော်ကိုရည်ညွှန်းပါသည်။ သူ၏အသင်းတော်သည် စာတန်ထံမှ လာသော ကြီးမားသည့်အန္တရာယ်ကို ခံစားရမှာ ဖြစ်ပြီး နောက်ဆုံးသော ကာလ၌ နှိပ်စက်ညှင်းပန်းမှုခံရဦးမည်။ သို့သော်လည်း အသင်းတော်သည် စာတန်ကို ၄င်း၏ယုံကြည်ခြင်းနှင့်အောင်မြင်ကျော်လွှားပြီး ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလိမ့်မည်။ ဘေးဒဏ်ကြီးကာလအတွင်းမှာပင် ဘုရား သခင်အသင်းတော်၏ သန့်ရှင်းသူများတို့သည် ရေနှင့်ဝိညာဉ်ဆိုင်ရာ သ တင်းကောင်းကိုယုံကြည်ခြင်းဖြင့် အန္တီခရစ်ကိုအောင်မြင်ပြီး သူတို့၏ ညှင်း ပန်း နှိပ်စက်ခြင်း ကာလ၌ အောင်ပွဲခံကြလိမ့်မည်။
ရေနှင့်ဝိညာဉ်တော်အားဖြင့်ဒုတိယမွေးဖွားခြင်းခံရပြီးသော ဘုရား သခင်၏သား၊ သမီးတို့သည် နောက်ဆုံးသောကာလ၌ သေချာပေါက် ညှင်းပန်းနှိပ်စက်မှုခံရမည်ဖြစ်သည်။ဘေးဒဏ်ကြီးကာလပေါ်ထွန်းမှု မတိုင် မီ ဘုရားသခင်ကို ယုံကြည်ပြီး အမှုထမ်းနေကြသောသူ အပေါင်းတို့သည် ဘေးဒဏ်ကြီး ကာလအလယ်၌မှိုကဲ့သို့ အမြောက်အများပေါ်ထွက် လာကြ လိမ့်မည်။ ၄င်းတို့နှစ်မျိုး စလုံးပင်ညှင်းပန်း နှိပ်စက်ခြင်းကို ခံနိုင်သော ယုံ ကြည်ချက်မျိုးဖြင့်အန္တီခရစ်ကိုဆန့်ကျင်ရပ်တည်ပြီး အောင်မြင်အောင် စွမ်း ဆောင်နိုင်လိမ့်မည်။
သူ့အား သစ္စာဖောက်ခြင်းဖြင့် အာဇာနည်ဘဝမှဖယ်ထုတ် ခံရသူ သည်အလားတူပင်ကောင်းကင်ဘုံမှ ဖယ်ထုတ်ခံရမည်။ ထို့နောက် စာတန် နှင့် အတူငရဲကျရောက်လိမ့်မည်။ ထို့နောက် ကျွန်ုပ်တို့သည်ရဲရင့်သော ယုံ ကြည်ချက်ဖြင့် ကျွန်ုပ်တို့၏ အာဇာနည် ဘဝအဖြစ် ညှင်းပန်း နှိပ်စက်မှုကို လက်ခံနိုင်ရန် ပြင်ဆင်ထားရမည်။ထို့နောက် ကျွန်ုပ်တို့အားလုံးက ဒုတိယ မွေးဖွားခြင်းခံရသူ အားလုံးသည်စာတန်၏ခြိမ်းခြောက်မှုကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိထားရမည်။ ညှင်းပန်းနှိပ်စက်မှုသည် ချက်ချင်း အဆုံးသတ် လိမ့်မည်။ထို့နောက်ဤအဖြစ်အပျက်တိုလေး ပြီးစီးသွားသောအခါ နှစ်တစ် ထောင်ကာလအုပ်ချုပ်ခြင်းနှင့်ကောင်းကင်ဘုံသည် ကျွန်ုပ်တို့အဖို့ ဖြစ်လိမ့် မည်။
နောက်ဆုံးသော ကာလ ကျရောက် လာမည်ကို သိရှိ နားလည် ထားထားရင်းနှင့်ကျွန်ုပ်တို့သည် လက်ရှိခေတ်ကာလတွင် နေထိုင် ကြရ မည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားလည်းကောင်း၊ သန့်ရှင်းသော ဝိ ညာဉ်တော်အားဖြင့်လည်းကောင်း၊ အာဇာနည်အဖြစ်သို့ ရောက်ကြ လိမ့် မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အာဇာနည်အဖြစ် ခံစားရမည့် ကာ လ၌ပြောကြားရမည့်စကားများကို ကျွန်ုပ်တို့အားပေးလိမ့်မည်။ သတ္တိ ရှိစွာ ဖြင့်ကျွန်ုပ်တို့၏နှိပ်စက်ညှင်းပန်းမှုကို ကျော်လွှားနိုင်ရန် ကျွန်ုပ်တို့အား စွမ်း အင်ပေးလိမ့်မည်။ ထို့နောက် ကျွန်ုပ်တို့၏ယုံကြည်ချက်တို သစ္စာမဖောက် ဘဲ ညှင်းပန်းနှိပ်စက်မှု ကာလကို လိုလားစွာခံယူ ကြလိမ့်မည်။
ကြောက်စရာ ကောင်းသောဘေးဒဏ်ကြီးကာလ၏ ဗဟိုတိုင် အောင်ဘုရားသခင်၏အသင်းတော်သည် စာတန်ကို တိုက်ခိုက်လျက် ရှိနေ လိမ့်မည်ဖြစ်ပြီး စာတန်ကိုအာဇာနည်ကဲ့သို့ ညှင်းပန်းနှိပ်စက်မှု ခံယူခြင်း ဖြင့်အနိုင်ယူလိမ့်မည်။ အသင်းတော်သည် စာတန်၏နောက်ဆုံးခေတ် တိုင် အောင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းဖြင့် သူတို့၏ အာဇာနည် ဘဝနှင့်အတူ အန္တီခရစ်ကိုအနိုင်ယူပြီး ဘုရားသခင်ထံမှ ဆုလဒ် ခံယူ ရမည်မှာ အလွန်သေချာလှပါသည်။
အခန်းငယ် (၂) “ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ဖွားအံ့သော ဝေဒနာပြင်းသောကြောင့် အော်ဟစ်လေ၏။”
ဤကျမ်းပိုဒ်က ဘေးဒဏ်ကြီးကာလ အတွင်းရှိ ဘုရားသခင်၏ အသင်းတော်အကြောင်း ပြောပြနေပါသည်။ ဤစာပိုဒ်က ကျွန်ုပ်တို့အား ပြောပြသည်မှာ အသင်းတော်တစ်ခုလုံးသည် စာတန် ယူဆောင်လာသော နောက်ဆုံးသော ကာလ၏ နှိပ်စက်ညှင်းပန်းမှုနှင့် ဘေးဒဏ်ကြီးကာလ တစ်လျှောက်လုံး မဆုတ်မနစ် ဇွဲလုံ့လ ထုတ်ကြရမည်။ အန္တီခရစ်ကို ဆန့် ကျင်ရန်လှုပ်ရှားသောကာလတွင် ဘုရားသခင်၏အသင်းတော်သည် ဘေး ဒဏ်ကြီးကာလတစ်လျှောက်လုံးကို ဖြတ်သန်းကြရမည်။ထိုကြောင့် သန့် ရှင်းသူများသည်ဘေးဒဏ်ကြီးကာလတစ်လျှောက်လုံးကို ဖြတ်သန်း ကြရ မည်။ ထိုကြောင့်သန့်ရှင်းသူများသည် ဘေးဒဏ်ကြီးကာလကို ဖြတ်သန်း နေစဉ်တလျှောက်လုံး ဘုရားသခင်ကိုသာပန်ကြား လိမ့်မည်။ သူတို့သည် ဘုရားသခင်ကျွန်ုပ်တို့အားအရှင်၏ဂရုဏာတော်ကိုပေးပါ။ဤသို့ဖြင့်ကျွန်ုပ် တို့သည် ဤဘေးဒဏ်ကြီးကာလများကို အလျင်အမြန်ကျော်လွှား နိုင်ကြ ပါလိမ့်မည်။ ကျွန်ုပ်တို့အား ဤဘေးဒဏ်ကြီးများမှ ရပ်စဲစေတော်မူပါ။ ကျွန်ုပ်တို့၏ဘေးဒဏ်ကြီးများကိုကျော်လွှားခွင့်ပြုပါ။စာတန်ကို အောင်မြင် ခွင့် ပေးပါဟုဆုတောင်းကြလိမ့်မည်။
အခန်း(၃) “ကောင်းကင်၌ အခြားသောနိမိတ်လက္ခဏာပေါ်လာ သည်ကား၊အဆင်းနီသောနဂါးကြီးသည် ခေါင်းခုနှစ်လုံး၊ ချိုဆယ်ချောင်းနှင့် တကွ ခေါင်းပေါ်၌ သရဖူနှစ်ဆူကို ဆောင်းလျက်ရှိူ၏။”
စာတန်သည် သူ၏ရုပ်လက္ခဏာသွင်ပြင်ကို ဤကမ္ဘာ၌ အနာဂါတ် ကာလတွင် ဖန်တီးသောအခါ သူသည် ဘုရားအဖြစ်ကို ဖန်တီးမည်ဖြစ် သည်။ တစ်ကမ္ဘာလုံးရှိ လူမျိုးအားလုံးကို စုစည်းလိမ့်မည်။ ထိုနောက် သူတို့အားသူရည်ရွယ်ချက်ပြည်စုံရန်အတွက် တန်ဆာပလာအဖြစ်အသုံးပြု လိမ့်မည်။ ထို့အတူပင် သူသည် သန့်ရှင်းသူများကို သတ်ဖြတ်ပြီး၊ ဘုရား သခင်နှင့် ဘုရင်တစ်ပါးကဲ့သို့ ကမ္ဘာကို အုပ်စိုးလိမ့်မည်။ 
“အဆင်းနီသောနဂါးကြီးသည်၊ ခေါင်းခုနှစ်လုံး၊ ချိုဆယ်ချောင်း နှင့်တကွ ခေါင်းပေါ်၌သရဖူခုနှစ်ဆူကို ဆောင်းလျက်ရှိသည်။” ဤစာပိုဒ်က ဖေါ်ပြသည်မှာ ငြိမ်းချမ်းရေး ချိုးဖောက်သူ စာတန်သည်၊ ဘုရင် ခုနှစ်ပါးနှင့် တိုင်းနိုင်ငံ ၁၀ နိုင်ငံကို သူ၏ စီမံခန့်ခွဲမူ အောက်၌ထားရှိမည်။ ဤ အ ကြောင်းအရာက စာတန်သည်သူ၏အနှစ်သာရအားဖြင့်၊ ဘုရားသခင်အား အခြေခံကျကျ ဆန့်ကျင်ရပ်တည်ခြင်း ဖြစ်သည်။
အခန်းငယ် (၄)“သူ၏ အမြီးသည် ကောင်းကင်ကြယ် ဆုံးစု တစ်ခု ကိုဆွဲငင်၍မြေကြီးသို့ချလိုက်လေ၏သားကိုသွားလုသောမိန်းမသည် တွား သောအခါနဂါးသည်ထိုသားကိုကိုက်စားမည်အကြံနှင့်မိန်းမရှေ့၌ရပ်နေ ၏။”
ဤကျမ်းပိုဒ်က စာတန်ဘာလုပ်လဲဆိုသည်ကို ကျွန်ုပ်တို့အား ပြောပြနေပါသည်။ နဂါး သည်ဘက်ပြန်ပြီး ဘုရားသခင်ကို ကောင်းကင်၌ ဆန့်ကျင်၏။ ထို့နောက်သူသည် ပစ်ချခံရသည်။ သူသည် ကောင်းကင် တမန် သုံးပုံတစ်ပုံကို ဆွဲယူပြီး သူ၏အသိုင်းအဝိုင်းထဲ သွပ်သွင်းပြီး သူတို့ ကို ဦးဆောင်ကာ သူနှင့်အတူ သူတို့၏ဖျက်ဆီးခြင်း လုပ်ရပ်သို့ပါဝင် စေ သည်။ ထို့ကြောင့် သူသည်ဘုရားသခင်၏မျက်မှောက်တော်မှ မောင်းထုတ် ခံရသည်။ သို့သော်ကမ္ဘာပေါ်တွင် နေသည့်အထိ ဘုရားသခင်၏ သတင်း ကောင်း ရပ်တန့်သွားအောင် ယင်းကို ယုံကြည်သောသူတို့အား ညှင်းပန်း နှိပ်စက်သည်။
အခန်းငယ် (၅) “ထိုမိန်းမသည် လူမျိုးတကာ တို့ကိုသံ၊ လှံတံနှင့် အုပ်စိုးလတံ့သော သားယောကျာ်းကို ဖွားမြင်၏။ ထိုသားကို ဘုရားသခင် ထံသို့ လည်းကောင်း၊ပလ္လင်တော်သို့ လည်းကောင်း၊ ချီယူတော်မူ၏။”
ဤစာပိုဒ်က ယေရှုခရစ်တော်ကို ယုံကြည်ခြင်းကြောင့် နှိပ်စက် ညှင်းပန်း ခံရသောဘုရားသခင်၏ အသင်းတော်ခရစ်တော်နှင့်အတူ ရှင်ပြန် ထမြောက်လိမ့်မည်။ ထို့နောက် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်း ခံရလိမ့်မည် ဖြစ်ကြောင်းပြောပြပါသည်။
အခန်းငယ် (၆) “မိန်းမသည် အရက်တစ်ထောင် နှစ်ရာခြောက် ဆယ်ပတ်လုံးတော၌ ကျွေးမွေးခြင်းကို ခံရမည့်အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသောအရပ်သို့ ပြေးလေ၏။”
ဤစာပိုဒ်က ဘုရားသခင်သည် သူ၏လူမျိုးကို ဤကမ္ဘာပေါ်၌ ခုနှစ်နှစ်ခွဲကြာကျွေးမွေးလိမ့်မည်။ဘုရားသခင်၏အသင်းတော်သည် ဘုရား သခင်၏ကျွေးမွေးခြင်းနှင့်အကာအကွယ်ပေးခြင်းကို ဘေးဒဏ်ကြီးကာလ စွမ်းအားပြည့် မရောက်ရှိမီ ရက်ပေါင်း (၁၂၆၀) ခံယူပြီး အချိန်ကျရောက် လာသောအခါ ၄င်းသည် အန္တီခရစ်နှင့်ဆန့်ကျင် တိုက်ခိုက်ပြီးနောက် အာ ဇာနည်ဘဝ ဖြစ်လိမ့်မည်။
အခန်းငယ် (၇-၈) “ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏ တမန်တို့ သည် စစ်တိုက်၍ မခံနိုင်ကြ၊ ကောင်းကင်၌လည်း သူတို့ နေစရာမရှိ။”
ဤကျမ်းပိုဒ်သည် စာတန်သည်ကောင်းကင်ဘုံမှ အပြီးတိုင်အောင် ထုတ်ခံရကြောင်းဖော်ပြပါသည်။ ဤကမ္ဘာမြေသို့မရောက်လာမှီ စာတန် သည် ကောင်းကင်ဘုံမှအပြီးတိုင် မောင်းထုတ်ခံရသည်။ နတ်ဆိုးတို့သည် ကောင်းကင်ဘုံ၌ ကြာမြင့်စွာ မရပ်တည်နိုင်ကြပေ။ စာတန်သည် လေထု ထဲ၌ တန်ခိုးအာဏာရှိပြီး ယခုအခါလေထုနှင့် ကမ္ဘာမြေနှစ်ခုစလုံးတွင် ထိုင်ပြီး အုပ်စိုးနေသည်။ နောက်ဆုံးနေ့ ရောက်လာသောအခါ သူသည် ကောင်းကင်ဘုံမှအပြီးတိုင် မောင်းထုတ်ခံရသည့်အတိုင်းဤကမ္ဘာမြေ ပေါ် တွင် သူသည် ယခင်ထက်ပို၍သန့်ရှင်းသူများကို နှိပ်စက်လိမ့်မည်။ ထို့ နောက် စာတန်သည် မောင်းထုတ်ခံရပြီးနောက် ဘုရားသခင်ပြင်ဆင် ထား သောမဆုံးနိုင်သောကျင်းနှင့်ငရဲထဲ၌ ချုပ်နှောင်ထားခြင်း ခံရလိမ့်မည်။
အခန်းငယ် (၉) “စာတန်အမည်ရှိသော ရှေးမြွေဟောင်း တည်းဟူ သောနဂါးကြီးကို လည်းကောင်း၊ သူနှင့်အတူသူ၏တမန် ကိုလည်းကောင်း၊ မြေကြီးသို့ ချလိုက်ကြ၏။”
ကောင်းကင်မှမောင်းထုတ်ပြီး မြေကြီးသို့ပစ်ချခံရသော စာတန် သည် နောက်ဆုံးသောကာလ၌ သန့်ရှင်းသူတို့ကို နှိပ်စက်ပြီး သတ်ပစ် လိမ့်မည်။သန့်ရှင်းသူမြောက်များစွာတို့သည် သူ့လက်ဖြင့်ညှင်းပန်း နှိပ်စက် မှု ခံကြရလိမ့်မည်။
အခန်းငယ်(၁၀)“ကောင်းကင်ဘုံ၌ကြီးသောအသံကားယခုမှကယ် တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံ တော်နှင့် သူ၏ခရစ်တော်၏အာဏာစက်လည်း ဖြစ်၏။ အကြောင်းမူကား ငါတို့ ညီအစ်ကိုများကို ငါတို့ဘုရားသခင် ရှေ့တော်၌နေ့၊ ညမပြတ် အပြစ် တင်သော ရန်သူကို အောက်သို့ ချလေပြီ။”
စာတန်ကိုကောင်းကင်နိုင်ငံတွင်မြင်ရတော့မည်မဟုတ်ပါ။ နောက် ဆုံးသောကာလပြီးဆုံးသွားသောအခါ သူ့မှာကောင်း ကင်ဘုံ၌ မည်သည့် နေရာတွင်မျှ ဆက်လက်တည်ရှိ နိုင်တော့မည်မဟုတ်ပါ။ ဗျာဒိတ်ကျမ်း ၂၁း၂၇က ကျွန်ုပ်တို့အား ပြောပြသည်မှာ စက်ဆုပ် ရွံ့ရှာဘွယ်သောအရာ၊ သစ္စာပျက်သောအရာတို့ကို အဘယ့်ကြောင့်ကောင်းကင်ဘုံ၌ တွေ့ရသည် ကို ဖော်ပြပါသည်။
အခန်းငယ် (၁၁)“သူတို့သည်သိုးသူငယ်၏ အသွေးအားဖြင့် လည်း ကောင်း၊မိမိတို့၏သက်သေခံချက်နှုတ်ကပတ်တရားအားဖြင့်လည်းကောင်း အောင်မြင်၍ အသေခံသည့် တိုင်အောင် ကိုယ့်အသက်ကို မနှမြောကြပေ။”
နောက်ဆုံးသော ကာလရောက်သောအခါ သန့်ရှင်းသူတို့သည် မာတုရကဲ့သို့ အသေခံခြင်းဖြင့် သူတို့၏ ယုံကြည်ချက်ကို ခုခံကာကွယ် ကြလိမ့်မည်။ နောက်ဆုံးသောကာလ၌ သန့်ရှင်းသူတိုင်းသည် ယုံကြည် ခြင်းအားဖြင့် အောင်မြင်မှုကို၄င်းတို့၏ မာတုရကဲ့သို့သောယုံကြည်ခြင်း အားဖြင့် အောင်မြင်မှုရရှိကြလိမ့်မည်။အခြားနည်းဖြင့် ပြောရလျှင် သခင် ဘုရားကို ယုံကြည်သော မာတုရတို့သည် စာတန်ကိုတိုက်သော သူတို့၏ တိုက်ပွဲကို အောင်မြင်ကြလိမ့်မည်။
အခန်းငယ် (၁၂)“ထို့ကြောင့် ကောင်းကင်နှင့်ကောင်းကင်သားကို ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူ ကား မာရ်နတ်သည်မိမိကာလကခဏသာရှိသည်ကိုသိ၍ ပြင်းစွာသော ဒေါ သအမျက်နှင့်တကွသင်တို့ရှိရာသို့ဆင်းလေပြီဟုဆိုကြသည်ကိုငါကြား၏။”
စာတန်သည် ကောင်းကင်မှစွန့်ပစ် ခံရပြီးဖြစ်သည့်အတိုင်း ကမ္ဘာ ပေါ်တွင်ယာယီအားဖြင့် တန်ခိုးရှိလိမ့်မည်။ သူကမ္ဘာမြေသို့ ဆင်းသက်လာ သောအခါ သန့်ရှင်းသူများအား ညှင်းဆဲခြင်း၊ နှိပ်စက်ခြင်းကိုပြင်းပြင်း ထန် ထန်လုပ်လိမ့်မည်။ သို့သော် မာတုရ ဖြစ်ကြပြီး လေထုထဲသို့ ချီဆောင်ခြင်း ခံရမည့်သန့်ရှင်းသူများကိုဝမ်းသာခြင်းနှင့် ပျော်ရွှင်ခြင်းက စောင့်ကြိုလျက် ရှိသည်။ ချီဆောင်ခြင်း ကာလပြီးဆုံး ပြီးနောက် ဘုရားသခင်သည် ဖလား ခုနှစ်လုံး၏ကပ်ရောဂါဘေးကြီးများကိုမြေကြီးနှင့်ပင်လယ်သို့ သွန်းလောင်း လိမ့်မည်။
အခန်းငယ် (၁၃)“ထိုနဂါးသည်မြေကြီးသို့ကိုယ်ကြသည်ကို သိမြင် လေသော်သားယောကျာ်းကို ဖွားမြင်သော မိန်းမကို ညှင်းဆဲ၏။”
ဤကျမ်းပိုဒ်သည် ဘေးဒဏ်ကြီးကာလအတွင်း သန့်ရှင်းသူများ၏ ညှင်းပန်းနှိပ်စက်ခံရမှုကိုရည်ညွှန်းပါသည်။ သန့်ရှင်းသူများနှင့် ဘုရားသ ခင်၏ အစေခံကျွန်တို့သည်သူတို့ ညှင်းပန်းနှိပ်စက်ခံရခြင်းဖြင့် သေဆုံးကြ လိမ့်မည်။သို့သော်ဤအရာသည်အမှန်အားဖြင့်သူတို့၏ယုံကြည်ခြင်း အား ဖြင့်အောင်ပွဲခံခြင်းပင် ဖြစ်သည်။ ဤနေရာတွင် နောက်ထပ် သေခြင်းသော် လည်းကောင်း၊ ဆင်းရဲဒုက္ခာခံစားရခြင်းသော်လည်းကောင်း၊ သူတို့အပေါ် ကျရောက်တော့မည့် မဟုတ်ပေ။ သူတို့အတွက် ကျန်ရှိနေမည့် အရာများ မှာဘုရားဂုဏ်တော်ချီးမွမ်းခြင်းနှင့် ကောင်းကင်ဘုံ၌ထာဝရဂုဏ်ကျက်သ ရေခံစားရခြင်းသာ ဖြစ်သည်။
အခန်းငယ် (၁၄)“မိန်းမသည် ထိုမြွေနှင့်လက်လွှတ်၍ တစ်ကာ လ၊ နှစ်ကာလ၊ကာလတစ်ဝက်ပတ်လုံး ကျွေးမွေးခြင်းကိုခံရာ အရပ်တည်း ဟူသောတောအရပ်တို့ပျံ့နိုင်မည့်အကြောင်း၊ ရွှေ့လင်းတကြီး၏အတောင် နှစ်ဘက်ကို ရလေ၏။”
ချီဆောင်ခြင်းသည် ဘေးဒဏ်ကြီးကာလ၏ သုံးနှစ်ခွဲကာလ လွတ် မြောက်ပြီးနောက် ဖြစ်ပေါ်လာဟု ကျမ်းစာကကျွန်ုပ်တို့အား ပြောပြပါ သည်။ ဤနှုတ်ကပတ်တော်က ဘုရားသခင်သည် သန့်ရှင်းသူတို့အား သူ၏ အထူးကာကွယ်စောင့်ရှောက်မှုနှင့်ကျွေးမွေးပြုစုမှုကိုဘေးဒဏ်ကြီး ကာလ ၏သဘာဝကပ်ရောဂါဘေးများအလယ်တွင်ပေးလိမ့်မည်ဟုဖော်ပြပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ထိန်းသိမ်းထားနိုင်သူ တို့ အား ကျွေးမွေးပြုစုမည်ဖြစ်ပြီးယင်းတို့ဖြင့်ကျွန်ုပ်တို့သည်ဤယုံကြည်ချက် ဖြင့်ပင်စာတန်ကိုဆန့်ကျင်ပြီး အောင်မြင်ကျော်လွှားနိုင်ကြလိမ့်မည်ဖြစ် သည်။
ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းအတွက် ကျွန်ုပ်တို့ အသက် ရှင်သန်နေခြင်းသည် ကျွန်ုပ်တို့၏ အဟာရဓါတ်ပင် ဖြစ်သည်။ ထို့ကြောင့် ဤသတင်းကောင်းကို ဟောကြားရခြင်းဖြစ်သည်။ တံပိုးခုနှစ်လုံး၏ ကပ် ရောဂါဘေး ဤကမ္ဘာသို့ မကျရောက်မီ ကာလအထိ ကျွန်ုပ်တို့၏အသက် ဆက်လက် ရှင်သန်စေမည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ့် ကြောင့်ဆိုသော်အကယ်၍ကျွန်ုပ်တို့၏မာတုရကဲ့သို့ညှင်းပန်းနှိပ်စက် ခံရ မည့်ကာလ၏ နောက်ဆုံးအချိန်ကလေးအထိဆိုင်၍ သတင်းကောင်းကို မ ဟောပြောလျှင် ဝိညာဉ်ပေါင်းမြောက်များစွာတို့သည် ငရဲသို့ ကျရောက် လိမ့်မည်။ဤနေရာတွင် အခြားအချိန် မရှိတော့ပါ။ ယခု အချိန်သာ ရှိတော့ သည်။
အခန်းငယ် (၁၅-၁၇) “ထိုအခါ မိန်းမကို ရေအဟုန်နှင့်မြောသွား စေခြင်းငှာ၊နဂါးသည် မိမိခံတွင်းထဲက မြစ်ရေစီးသကဲ့သို့၊ ရေကို မိန်းမ နောက်၌ ထုတ်ပစ်လေ၏။ မြေကြီးသည် မိန်းမကိုမစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်နဂါး၏ခံတွင်း ထဲကထုတ်ပစ်သောမြစ်ရေကို မျိုလေ၏။ နဂါး သည် မိန်းမကို အညှီးထား၏။ ဘုရားသခင်၏ပညတ်တော်တို့ကိုကျင်၍ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်း မ၌ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါ သွား၏။”
စာတန်သည် သန့်ရှင်းသူတို့အား နှိပ်စက်ညှင်းပန်းခြင်းဖြင့် မသတ် မီသူတို့အား သတင်းကောင်းနှင့်ဝေးစေသည်။ သို့သော် ယခုအခါ သတင်း ကောင်းသည် နည်းလမ်းပေါင်းများစွာဖြင့် ကျယ်ပြန့်စွာ ပျံ့နှံ့လျက် ရှိသည်။ စာတန်သည် သန့်ရှင်းသူများကိုသတ်ဖြတ်ရန်အတွက် အပြစ်များ သွန်း လောင်းခြင်းနှင့်ယင်းအပြစ်များထဲ၌စီးမျောစေရန် ကျိုးပမ်းလျက် ရှိသည်။ ထိုကြောင့်စာတန်သည် သန့်ရှင်းသူများစွာကိုသေခြင်းသို့ ရောက်ရှိစေရန် အတွက်အပြစ်မြစ်ရေကို စီးဆင်းစေပြီး သူတို့အားယင်းအပြစ်မြစ်ရေကို သောက်သုံးစေရန် ဖန်တီးလျက်ရှိသည်။သို့သော်သန့်ရှင်းသူများအစား ဒုတိ ယမွေးဖွားခြင်း မခံရသေး သူများကသာ ယင်းအပြစ်မြစ်ရေကို သောက်သုံး ကြသည်။ယင်းကဲ့သို့သန့်ရှင်းသူများသည်စာတန်၏ကျိုးပန်းမှုမှ ဆက်လက် လွှတ်မြောက် ရှင်သန်လျက်ရှိပြီး စာတန်သည်လည်း အခြားသော နည်း လမ်းများကို ရှာကြံလျက် အပြီးတိုင်သတ်ဖြတ်ရန် ကြံစည်မှုများကို အခန်း (၁၃) တွင် ဖော်ပြထားပါသည်။