Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 12-2] ရဲရင့်သောယုံကြည်ခြင်းဖြင့် သင်၏ မာတုရ ကဲ့သို့ ညှင်းပန်း နှိပ်စက်ခ (ဗျာဒိတ်ကျမ်း ၁၂း၁-၁၇)

ရဲရင့်သောယုံကြည်ခြင်းဖြင့် သင်၏ မာတုရ ကဲ့သို့ ညှင်းပန်း နှိပ်စက်ခ
( ဗျာဒိတ်ကျမ်း ၁၂း၁-၁၇ )
 
ဗျာဒိတ်ကျမ်း အခန်းကြီး (၁၂)က နောက်ဆုံးသောကာလ၌ ဘုရား သခင်၏အသင်းတော် ရင်ဆိုင်ရမည့် ဘေးဒဏ်ကြီး ကာလအကြောင်းကို ကျွန်ုပ်တို့အား ဖော်ပြထားပါသည်။အခန်းငယ်(၁)၌ “ကောင်းကင်၌ ကြီးစွာ သော နိမိတ်လက္ခဏာဟူမူကား မိန်းမတစ်ဦးသည်နေကို ဝတ်လျက်၊ လကို ခြေဖြင့်နင်းလျက်၊မိမိခေါင်းပေါ်၌ ကြယ်ဆယ့်နှစ်လုံးဖြင့် ပြီးသော သရဖူကို ဆောင်းလျက် ပေါ်လာ၏။” “မိန်းမတစ်ဦးသည်နေကိုဝတ်လျက်” ဟူသော ကျမ်းပိုဒ်သည် ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်၏အသင်းတော်ကို ရည်ညွှန်း ပါသည်။ “လကိုခြေဖြင့်နင်းလျက်” ဆိုသောကျမ်းပိုဒ်သည် ဘုရားသခင်၏ အသင်းတော်သည် ကမ္ဘာ၏အုပ်စိုးမှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ရည် ညွှန်းပါသည်။ ဤကျမ်းပိုဒ်များက ဤကမ္ဘာမြေပေါ်ရှိဘုရားသခင်၏ အ သင်းတော်အကြောင်းနှင့် ၄င်းပိုင်ဆိုင်သော သန့်ရှင်းသူများအကြောင်း ၄င်း တို့သည် မာတုရကဲ့သို့ညှင်းပန်းနှိပ်စက်ခံရပြီးနောက် ဘုရားသခင်၏ ဂုဏ် တော်ခံစားရလိမ့်မည် ဖြစ်ကြောင်းကျွန်ုပ်တို့ကို ပြောပြနေပါသည်။
“မိမိ၏ခေါင်းပေါ်၌ကြယ်ဆယ့်နှစ်လုံးဖြင့်ပြီးသောသရဖူကိုဆောင် လျက် ပေါ်လာ၏” ဟူသောကျမ်းပိုဒ်က အသင်းတော်သည် စာတန်ကို နောက်ဆုံးပေါ်ပေါက်၍ဆန့်ကျင်တိုက်ခိုက်မည်။ ယုံကြည်ခြင်းဖြင့် မာတုရ ကဲ့သို့ညှင်းပန်းနှိပ်စက်ခံရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်က ကျွန်ုပ် တို့အားပြောပြသည့် အတိုင်းပင်ဘုရားသခင်၏အသင်းတော်သည် တကယ့် ပင် အောင်ပွဲခံရလိမ့်မည်။ စာတန်သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဖျက် ဆီးရန် နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ရန် ကျွန်ုပ်တို့အား အတိဒုက္ခာ ခံစားစေရန်နောက်ဆုံး၌ ကျွန်ုပ်တို့၏အသက်ကိုပင်တောင်းဆိုရန် လုပ် ဆောင်လိမ့်မည်။ ကျွန်ုပ်တို့သည် မိမိတို့၏ယုံကြည်ချက်ဖြင့် ခုခံကာကွယ် ရမည်ဖြစ်ပြီး ညှင်းပန်းနှိပ်စက်မှုများကိုလည်း ဖြောင့်မတ်စွာခံစား ရမည်။ ဤသည်ပင် ယုံကြည်ချက်ဖြင့်ရသောကျွန်ုပ်တို့၏ အောင်မြင်မှု ဖြစ်သည်။
ရှေးဦးကာလအသင်းတော်များရှိကျွန်ုပ်တို့ထက်အလျင်အဦး ကျ သော သန့်ရှင်းသူပေါင်းများစွာသည်လည်း ညှင်းပန်းနှိပ်စက်မှု ခံစားခဲ့ကြ ပြီး ဖြစ်သည်။မာတုရစိတ်ဓါတ်သည် မိမိ ဇာတိခွန်အားဖြင့် ပေါ်ပေါက် လာ သည် မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော် ကျွန်ုပ်တို့နှလုံးသား၌ ကိန်း အောင်း၍ ဖြစ်သည်။
“မိန်းမတစ်ဦးသည်နေကို ဝတ်လျက်” ဆိုသောကျမ်းပိုဒ်၌ “မိန်းမ” သည်ဘုရားသခင်၏အသင်းတော်ကိုရည်ညွှန်းပါသည်။ “နေကိုဝတ်လျက်” ဟူသောကျမ်းပိုဒ်မှာ အသင်းတော်သည် ခက်ခဲလေးလံသော နှိပ်စက် ညှင်း ပန်းမှု ခံရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ်ရာ ဘေးဒဏ်ကြီးကာလနှင့် နောက်ဆုံးသော ကာလ၏ရောဂါဘေးများ၏ အလယ်၌ကျရောက်နေသည့် တိုင်အောင်သန့် ရှင်းသူများသည် မိမိတို့၏ခိုင်မာသော ယုံကြည်ခြင်းဖြင့် စာတန်ကိုအရှုံးမ ပေးဘဲ ခုခံကာကွယ် ကြလိမ့်မည်။အဘယ်ကြောင့်နည်း။ အဘယ့်ကြောင့် ဆိုသော်သူတို့နှလုံးသားထဲတွင်ရှိသောသန့်ရှင်းသောဝိညာဉ်တော်သည် စာ တန်အား ရပ်တည်တိုက်ခိုက် နိုင်ရန် သူတို့ကို ပြုလုပ်ပေးပြီး ဘယ်တော့မှ အရှုံး မပေးသော စိတ်ဓါတ်ဖြင့် ခြိမ်းခြောက်မှုနှင့် နှိပ်စက်မှုများကို သူတို့၏ အသက်စွန့်လွှတ်ရသည့်တိုင်အောင် အရှုံးမပေးသော ယုံကြည်ချက် များကို ပေးအပ်လိမ့်မည်။
ထို့အတူပင် ကောင်းကင်နိုင်ငံတော်တွင် မျှော်လင့်ချက် နေရာ ထားရှိပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်သူများကိုလည်း တံ ပိုးခုနှစ်လုံး၏ကပ်ရောဂါဘေးများမကြာမီကျရောက်လာမည်ဖြစ် ကြောင်း၊ ထို့နောက် တစ်ကမ္ဘာလုံးကိုဆေးကြောမည့် ဖလားခုနှစ်လုံး၏ကပ်ရောဂါ ဘေးများ ဆက်လက်သွန်းလောင်းမည်ဖြစ်ကြောင်းသူတို့သည် မည်သည့် အခါတွင်မှစာတန်ကို လက်နက်ချအရှုံးပေးမည်မဟုတ်ကြောင်း ပြောပြပါ သည်။ 
ပိုမို ကောင်းမွန်သောကမ္ဘာကြီးက သူတို့ကို စောင့်ကြိုလိမ့်မည် မ ဟုတ်ဟု နားလည်ယုံကြည်ထားသူများအဖို့ အကယ်၍သူတို့သည် စာတန် ထံ လက်နက်ချလျှင်ပင်သူ့ရှေ့တွင် မည်သည့် အခါတွင်မှ ဦးညွှတ်ကြမည် မဟုတ်ပေ။ အန္တီခရစ်နှင့်သူ၏အပေါင်းပါများအပေါ်သွန်းလောင်းချမည့်ဖ လားခုနှစ်လုံး၏ ကပ်ရောဂါဘေးများသည်သူတို့ကို မရပ်မနားဝါးမျိုစား သောက်ကြလျက် အကြင်နာမဲ့စွာ ဆက်ဆံ ကြလိမ့်မည်။ ယင်းကဲ့သို့သော ကပ်ရောဂါဘေး အကြောင်း အားလုံးကို သိသော သန့်ရှင်းသူများ၏ ၁၀ဝ% သောသူများက သူတို့၏ယုံကြည်ချက်ကို စွန့်ပစ်မည်မဟုတ်ဘဲ သူတို့၏ စိတ်နှလုံးထဲတွင်သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏နှလုံးသားထဲတွင်ကိန်းအောင်းလိမ့်မည်ဖြစ်သောသန့်ရှင်းသော ဝိညာဉ်တော်သည် စာတန်ကို ဆန့်ကျင်ရပ်တည် နိုင်သောခွန်အား သူ့ကို ကျော်လွှား အောင်မြင်နိုင်ခြင်းနှင့်မာတုရဘဝဖြစ်ရခြင်းများကို ပေးအပ် မည် ဖြစ်သည်။
စတုတ္ထတံပိုး၏ကပ်ရောဂါဘေးကျွန်ုပ်တို့ကို ကျော်လွှားပြီးနောက် ပဉ္စမနှင့် ဆဌမတံပိုးတို့၏ကပ်ရောဂါဘေးများ ရောက်လာမည်။ မာတုရ ဘဝသည်လည်း ကျွန်ုပ်တို့ထံရောက်လာမည်။ သူတို့၏ ယုံကြည်ချက်ကို ကာကွယ်သူနှင့် မာတုရဖြစ်သူများသည် ရေနှင့်ဝိညာဉ်အားဖြင့် ဒုတိယ အကြိမ် မွေးဖွားခြင်းခံရပြီး သူများသာ ဖြစ်ကြသည်။ ဖလားခုနှစ်လုံး၏ ကပ်ရောဂါများကျရောက်လာသောအခါ ဘုရားသခင်၏ခွင့်ပြုချက်ဖြင့် စာ တန်သည် ကမ္ဘာကြီးကို ယာယီအားဖြင့် အုပ်ချုပ်လိမ့်မည်။
သူ၏အုပ်ချုပ်မှုအာဏာသည် အချိန်တို့အတွက်သာ ဖြစ်ပြီး မကြာ ခင်ကုန်ဆုံးလိမ့်မည်ကိုသိလျက်နှင့်စာတန်၏အစေခံကျွန် အန္တီခရစ်တော် သည်ယေရှုခရစ်တော်ကို သူတို့၏အရှင်သခင်အဖြစ်အမှုထမ်း နေသူများကို နှိပ်စက်ညှင်းပန်းလိမ့်မည်။ ထို့ကြောင့်သူသည် ဖြစ်နိုင်သမျှလူအများကို ငရဲသို့ခေါ်သွားလိမ့်မည်။ သို့သော်သူတို့၏အပြစ်များအားလုံးကိုခရစ်တော် ထံသူ၏ရေနှစ်ခြင်းခံခြင်းဖြင့်ထားရစ်ခဲ့ကြသူများသည်အန္တီခရစ်၏နှိပ်စက် ညှင်းပန်းမှုကိုအရှုံးပေးလိမ့်မည်မဟုတ်ပေ။သို့သော်ခိုင်မာစွာဖြင့်ခရစ်တော် ပေးသော သတင်းကောင်းဖြင့် ခုခံပြီး မာတုရဘဝအဖြစ် ခံယူ ကြလိမ့်မည်။
ထို့ကြောင့် မာတုရဘဝသည် ယုံကြည်ခြင်း၏သက်သေခံ အထောက်အ ထားပင်ဖြစ်သည်။ ဤကဲ့သို့သောအထောက်အထားရှိသူများသည် နှစ်တစ် ထောင်ပ်စိုးခြင်းနှင့်ဘုရားရှင် ပြင်ဆင်ထားသောကောင်းကင်နှင့် မြေကြီး သစ်ကိုရရှိကြလိမ့်မည်။ဤအချက်ကရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်း ကို ယုံကြည်လက်ခံသူများအားတစ်ကမ္ဘာလုံးသို့ ပျံ့နှံ့စေသည်။ ကျမ်းစာက ဖော်ပြသည်မှာဒုယအကြိမ်မွေးဖွားခြင်း ခံရပြီးသူ သန့်ရှင်းသူအားလုံး နီးပါး သည် မာတုရဘဝကို နောက်ဆုံးသောကာလ၌ခံယူ ကြရမည်။
သို့သော်လည်း ယင်းကဲ့သို့သောမာတုရဘဝဖြင့် ညှင်းပန်း နှိပ်စက် ခံရမှုကို ရှောင်ရှား လိုသူများသည် သူတို့၏ ယုံကြည်ခြင်း ဖြစ်သော ရေနှင့် ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကိုစွန့်လွှတ်လျက် အန္တီခရစ်ဖက်တွင်ရပ် တည်ကြသည်။ သူ့အား ဘုရားသခင်ကဲ့သို့ အလုပ်အကျွေးပြုပြီး ကိုးကွယ် ကြသည်။ ယင်းကဲ့သို့သောသူများကို ဘုရားရှင်သည် ဖလား ခုနှစ်လုံး၏ ကပ်ရောဂါဘေးဖြင့်လည်းကောင်း၊အန္တီခရစ်၏လက်ချက်နှင့်လည်းကောင်း သတ်ဖြတ်လိမ့်မည်။ သူတို့၏သေခြင်းသည် မာတုရဘဝမျိုး၏သေခြင်း မ ဟုတ်ဘဲအချီးနှီးသော မျှော်လင့်ချက်မဲ့သည်သေခြင်းဖြစ်လိမ့်မည်။ စာတန် နှင့် ခန္တီခရစ်တို့ကို ငရဲသို့မောင်းထုတ်သောအခါ ထိုသူများသည်လည်း သူ တို့နှင့် အတူတကွ ငရဲသို့ ကျသွားကြလိမ့်မည်။
ယေရှုခရစ်တော်ကိုသစ္စာဖောက်လျှက် မာတုရတို့၏ညှင်းပန်းနှိပ် စက်ခံရမှုနှင့်ဘေးဒဏ်ကြီး ကာလ၏ဆင်းရဲဒုက္ခာ သင်ခန်းစာများကို ရှောင် ရှားရန် အတွက်အနည်းငယ်ဘေးဖယ်ခြင်းသည် ပင်လျှင်အရူးအလုပ် ဖြစ် သည်။ တံပိုးခုနှစ်လုံး၏ကပ်ရောဂါဘေးများ ပြီးဆုံးပြီးနောက် သူတို့၏ ယုံ ကြည်ခြင်းကို ကာကွယ်နေသူများသည် မာတုရများ ဖြစ်ကြ၏။ ဖလား ခုနှစ်လုံး၏ကပ်ရောဂါဘေးသည် မကြာမီကမ္ဘာမြေကြီးကို တောက် လျှောက် လုံးဝဖျက်ဆီးလိမ့်မည်။ အနည်းငယ်သာအသက်ရှင်ကျန်ရစ် လိမ့် မည်။ အသေချာဆုံးသောအချက်မှာ အပြစ်မှရွေးနှုတ်ခြင်းခံရသူ များသည် မာတုရများဖြစ်ရန်အသေချာဆုံး ဖြစ်သည်။ ကျွန်ုပ်တို့အဖို့ ယင်းအချိန် ကာ လအတွင်း သခင်ဘုရားကို သစ္စာမဖောက်ရန် လိုအပ်ပါသည်။ 
ယခုအခါ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို နောက်ဆုံးသော ကာလ အကြောင်း သင့်လျော်သောအသိပညာရှိခြင်း၊ နှုတ်ကပတ်တော်ကို မှန်ကန် စွာ နားလည် သဘောပေါက်ဖို့လိုအပ်ခြင်းတို့ကို ယုံကြည်ခြင်းဖြင့် ပြင်ဆင် ထားရမည်။
တမန်တော် ရှင်ပေါလုက “ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်း ကို ထောက်သော် ယ္ခုမျက်မှောက်ကာလ၌ခံရသော ဆင်းရဲဒုက္ခကို ပမာဏ မပြုထိုက်ဟု ငါသဘောရှိ၏” (ရောမ ၈း၁၈)ဟု ပြောထားပါသည်။ သ တင်းကောင်းကို အလုပ်အကျွေးပြုသောအခါ ရှင်ပေါလုသည် အလွန်တရာ ဆင်းရဲဒုက္ခာခံစားရပြီး အချို့သောအချိန်အခါများ၌ သေလုနီးပါး ရိုက် နှက်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း ဤခံစားရသော ဆင်းရဲဒုက္ခာတို့သည် ဘုရားသခင်၏ဂုဏ်တော်အတွက် ဖြစ်ကြောင်းယုံကြည်ခြင်းဖြင့် ရှင်ပေါ လု၏ ကျင်မှု ဝေဒနာသည် သူ၏ကြီးမားလှသော ရွှင်မှုဖြစ်လာကြသည်။ သမိုင်း မှတ်တမ်းနှင့် ရိုးရာပုံပြင်များ အဆိုအရရှင်ပေါလု အပါအဝင် တမန် တော်အားလုံး နီးပါးသည်မာတုရများဖြစ်ကြသည်။ ရှင်ပေတရုသည် ပါတီ ကန်တောင်ပေါ်၌ ဇောက်ထိုးပြောင်းပြန်ဖြင့် လက်ဝါးကားတိုင်၌ အသတ် ခံရသည်ဟု ဆိုကြသည်။ထို့အပြင် ရှေးဦးအသင်းတော် ခေါင်းဆောင်များ ဖြစ်သော ပိုလီကပ်အပါအဝင်အခြားသန့်ရှင်းသူများသည်တိုင်၌ ချီ၍ သေ စေရန်အတွက် မီးရှို့ခံနေရစဉ်မှာပင် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်း သောသီချင်းသီဆိုလျက်ရှိကြသည်။ ဤကဲ့သို့သောအဖြစ်အပျက် များသည် ဘုရားသခင်က သူ၏သန့်ရှင်းသူများကို ခွန်အား မပေးလျှင် မဖြစ်နိုင်သော အရာများသာဖြစ်ကြသည်။
ဤအချိန် ကာလတွင်အလားတူ သစ္စာရှိသော သန့်ရှင်းသူများရှိ နေလင့်ကစားသူတို့၏ ယုံကြည်ခြင်းကို သစ္စာဖောက်နေသူများလည်း ရှိနေ ဆဲပင် ဖြစ်သည်။ အော်ရီဂျင်သည် တမန်တော်များထံမှ သတင်းကောင်းကို တိုက်ရိုက်ကြားနာခဲ့ရသောယနေ့ခေတ်ဓမ္မပညာရှင် များကအမြင့်ဆုံးသော ဓမ္မပညာရှင်ဟု မှတ်ယူ သောသူဖြစ်သည့်သူ၏မာတုရကဲ့သို့ ညှင်းပန်း နှိပ် စက်ခံရမည့်ကာလအချိန် ရောက်လာသော်လည်း သူသည် လွတ်မြောက် ခဲ့သည်။ သူ၏အပေါင်းအဖော် သူတော်စင်များ မာတုရကဲ့သို့ အသေခံရစဉ် သူ၏အသက်သည်လွတ်မြောက်လျှက်ရှိနေသည်။ ဤအရာသည် ယေရှုက သူ့အတွက်ဆောင်ရွက်ပေးခဲ့သော အရာအားလုံးကို မငြင်းပယ်ဘဲ မဖြစ်နိုင် သောအရာဖြစ်ပါသည်။ထို့ကြောင့်အော်ရီဂျင်သည် ယေရှု၏ဘုရား ဖြစ်ခြင်း ကို ငြင်းပယ်သောသူများကို ကိုယ်စားပြုသူ ဖြစ်သည်။ သို့သော်လည်းသူ၏ သစ္စာဖောက်မှုရှိစေကာမူ ယနေ့ဓမ္မပညာရှင်များက နာမည် ကျော်ကြား သောဓမ္မပညာရှင်များအနက် အမြင့်ဆုံးသော ဓမ္မပညာရှင်အဖြစ် သူ့ကို နေ ရာပေးကြသည်။
အဘယ့်ကြောင့် အခြားသူတော်စင်များ ညှင်းပန်း နှိပ်စက်မှု ခံစား ကြရသော်လည်း အော်ရီဂျင်သည် ယင်းညှင်းပန်းနှိပ်စက်မှုမှ လွတ်မြောက် ရသနည်း။ တခြားအကြောင်းကြောင့်မဟုတ်ဘဲ အခြားသော နှိပ်စက် ညှင်း ပန်းမှုခံစားရသည့် သူတော်စင်များ၏စိတ်စွမ်းအား ပြင်းထန်နေစဉ် အော်ရီ ဂျင်၏စိတ်စွမ်းအားမှာပျော့ညံ့နေသောကြောင့်ဖြစ်သည်။ညှင်းပန်း နှိပ်စက် ခံရသော သူတော်စင်များဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြခြင်းမှာ သူတို့သည် ရှင်ပေါလုပြောခဲ့သော “ယ္ခုမျက်မှောက်ကာလ၌ ခံစားနေရ သော ဆင်းရဲဒုက္ခာကို ပမာမပြုထိုက်ဟုငါသဘောရှိ၏” ဟူသော စကားကို ယုံကြည် ကြသောကြောင့် ဖြစ်သည်။သူတို့ လက်ရှိ ခံစား နေရသော ဒုက္ခ ဆင်းရဲကိုခံနိုင်ကြသည်။တခြားနည်းဖြင့်ပြောရလျှင်ဘုရားသခင်သည်သူတို့ အား ရှင်ပြန်ထမြောက်စေနိုင်ပြီး ချီဆောင်နိုင်သည်။ ၄င်းအပြင် သူတို့အား သူ၏နှစ်တစ်ထောင်အုပ်စိုးခြင်းကာလကိုလည်း ပေးမည်ဆိုသော ဘုရားသ ခင်၏ကတိတော်ကို ယုံကြည်ကြသောကြောင့် ဖြစ်သည်။ 
ကျွန်ုပ်တို့သေချာစွာနားလည်သဘောပေါက်ထားရမည်မှာ မာတုရ ကဲ့သို့ ညှင်းပန်းနှိပ်စက်ခံရခြင်းကာလသည် ကျွန်ုပ်တို့ထံသို့ ရောက်လာ လိမ့်မည်ဖြစ်သည်။ဤအချက်ကိုသေချာစွာ နားလည်သဘော ပေါက်သည့် အသိပညာဖြင့် ယုံကြည်ခြင်းရှိသူတို့၏ အသက်တာသည် အခြားသူများ၏ အသက်တာနှင့် ခြားနား လှသည်။ ရှေးဦး အသင်းတော်ကာလ၏ မာတုရ သူတော်စင် များ၏ ရုပ်ပုံသည် မိမိတို့၏ ရုပ်ပုံဟုယုံကြည်သောသူများတွင် သန်စွမ်းကြံ့ခိုင်သောယုံကြည်ခြင်းအသက်တာ၊ ခန့်ညားသော ရဲရင့်သောအ သက်တာများရရှိနိုင်သည်။ကျမ်းစာတော်၏နှုတ်ကပတ်တော်အားလုံးသည် သူတို့၏ကိုယ်ပိုင်ဇာတ်လမ်းအတွက်ဖြစ်လိမ့်မည်။သူတို့သည်မာတုရ တို့၏ ညှင်းပန်း နှိပ်စက်မှုခံရခြင်းကို ခံယူနိုင်သော ယုံကြည်ချက်မျိုးဖြင့် အစဉ်အ မြဲ အသက်ရှင် နေကြမည်။ သူတို့သည် သူတို့၏ ညှင်းပန်း နှိပ်စက်မှုကာလ ပြီးနောက်ဘုရားသခင်ကသူတို့အားထမြောက်ခြင်းနှင့် ချီဆောင်ခြင်းပေး လိမ့်မည်။ ကောင်းကင်သစ်နှင့်မြေကြီးသစ်သည် သူတို့အတွက် ကြိုတင်စီ စဉ် ထားသောဘုရားသခင်၏အကြံအစီတော်ဖြစ်ကြောင်း အမြဲတမ်းယုံ ကြည်လျှက် အသက်ရှင် နေထိုင်ကြသည်။ 
ဤအရာအား ယုံကြည်သူတိုင်းသည် ရဲရင့်သောယုံကြည်ခြင်း အသက်တာဖြင့်အမြဲတမ်း နေထိုင်နိုင်မည် ဖြစ်သည်။ သူတို့၏ ယုံကြည် ချက်သည် သူတို့၏နောက်ဆုံး အချိန်အတွက် ပြင်ဆင်ပေးထားပြီး ဖြစ် ကြောင်းသူတို့သိသောကြောင့် ဖြစ်သည်။ သူတို့သေသည့် အခါတွင်လည်း ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းလမ်းနှင့် သေနိုင်မည် ဖြစ်သည်။ ဤအ ရာသည်သြဝါဒစကား၏ သာမန်အကြောင်းအရာမဟုတ်ပါ။ အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်။ဤနှုတ်ကပတ်တော်နှင့်သတင်းကောင်းကို အပြည့် အဝ မယုံကြည်သူသောသူတို့သည် အန္တီခရစ်ထံ အဦးဆုံးရောင်းချ ခံရမည့် သူများ ဖြစ်သည်။ အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း။ သင်နှင့် ကျွန်ုပ် တို့သည် မာတုရကဲ့သို့ ညှင်းပန်း နှိပ်စက်ခံရမည်ကို တချိန်ကသိခဲ့ပြီး ဖြစ် သည်။ ကျွန်ုပ်တို့နှင့်ယုံကြည်ခြင်း တူညီသောဘုရားသခင်၏ အသင်းတော် အတွင်းရှိ ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမတို့သည် ကျွန်ုပ်တို့နှင့်အတူ အမြဲ တမ်းရှိလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်တို့အတွက် အလွန်အရေးပါသူများ ဖြစ်ကြ မည်။ ဘုရားသခင်၏ကျွန်ဖြစ်သော သူ၏လူနှင့်သူ၏ အသင်းတော်တည်း ဟူသောဤအရာအားလုံးသည်ကျွန်ုပ်တို့အတွက်လည်း အလွန်တန်ဖိုး ကြီး သော အရာများဖြစ်ကြသည်။
ရှေးဦးအသင်းတော်များကာလရှိသူတော်စင်များ၏ ယုံကြည်ခြင်း သည် ဤနောက်ဆုံးသော ကာလခေတ်တွင် ယ္ခုနေထိုင်သော ကျွန်ုပ်တို့ ထက် ပို၍အလွန် စိတ်ထက်သန်ကြပြီး ပြတ်သားတိကျလှသည်။ သူတို့ သည် သူတို့၏မာတုရအဖြစ် ညှင်းဆဲထားရမည့်အရာ၊ သူတို့၏ ထမြောက် ခြင်းနှင့်ချီဆောင်ခြင်းနှင့်နှစ်တစ်ထောင် အုပ်စိုးခြင်းနှင့်ကောင်းကင်နှင့် မြေ ကြီးသစ်ကို ယုံကြည်ကြသည်။ ဤအချက်သည် အဘယ့်ကြောင့် သူတို့၏ ယုံကြည်ခြင်းဖြင့် အသက်ရှင်နေရသည့် အကြောင်းရင်း ဖြစ်ပြီး အကယ်၍ သခင်ဘုရား၏ ဒုတိယ အကြိမ် ကြွလာခြင်းသည် အလွန်နီးကပ်နေလျှင် ဘေးဒဏ်ကြီးကာလတွင် အမှန်တကယ်နေထိုင်ရမည် ဆိုလျှင် အဆင်သင့် ဖြစ်ရန်ဖြစ်သည်။ဘေးဒဏ်ကြီးကာလဖြစ်အံ့ဆဲအချိန်၌ နေထိုင် ကြရသော ကျွန်ုပ်တို့သည်သူတို့အကြောင်း ဖတ်ရှုရသောအခါ သူတို့၏ ဇာတ်လမ်းများ က ကျွန်ုပ်တို့အား ဆွဲဆောင်ပြီး လက်တွေ့ထင်ရှား သကဲ့သို့ ဖြစ်စေသည်။ အန္တီခရစ်သည်လူအများက ပြောနေကြသော “အဘယ်သူသည် သူ့ကို ဆန့် ကျင်၍ ရပ်တည်နိုင်သနည်း”ဟူသောစကားကို ကြားရလိမ့်မည်။ သူ့ကို မ နာခံသော အားလုံးသည် ချွင်းချက်မရှိ အသတ် ခံရလိမ့်မည်။
အကယ်၍စင်စစ်ကျွန်ုပ်တို့သည်၊နောက်ဆုံးသောကာလ ကျွန်ုပ်တို့ နှင့် နီးကပ်လာပြီး၊ကျွန်ုပ်တို့ကိုယ်တိုင်မြင်တွေ့ရခါနီးအချိန်၌ နေထိုင်ကြ ခြင်း ဖြစ်သည်။ကျွန်ုပ်တို့သည် မာတုရအဖြစ် နှိပ်စက်မှုခံနိုင်မည်ဟု ယုံ ကြည်ခြင်းကိုကျွန်ုပ်တို့နှလုံးသားထဲ၌ တင်းကျပ်စွာ ပြင်ဆင်ထားရမည်။ ခရစ်တော်၏ရေနှင့်အသွေးကိုယုံကြည်သူတိုင်းအား၊သူတို့၏ ယုံကြည်ချက် ကို ဆွဲကျရန်အတွက်စာတန်သည်စိန်ခေါ်လိမ့်မည်။ ဤစိန်ခေါ်ချက်ကို အရှုံးမခံရန်အတွက်၊ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏နှလုံးသားကိုရေနှင့် ဝိညာဉ် သတင်းကောင်းဖြင့် ချဉ်နှောင်ထားရမည်။ ကောင်းကင်သစ်နှင့် မြေကြီး သစ်အတွက် ကျွန်ုပ်တို့၏ မျှော်လင့်ချက် ဆုပ်ကိုင်ထားမူကို တစ်ကြိမ်မက ပြန်လည်စစ်ဆေးရန်နှင့် ဤကဲ့သို့သော ကျွန်ုတို့၏ယုံကြည်ခြင်းကို၊ ကျွန်ုပ် တို့၏ မာတုရကဲ့သို့ ညှင်းပန်း နှိပ်စက်မှုခံရမည့်ကာလအထိ မဆုံးရှုံး စေရန် အတွက်၊ သေချာစွာ ပြုလုပ်ထားရန်လိုအပ်သည်။
ရှေးဦးအသင်းတော်ကာလ၏သန့်ရှင်းသူများအဘယ့်ကြောင့်သူတို့ ၏ယုံကြည်ခြင်းကို ပြင်ပြင်ထန်ထန်ခုခံ ကာကွယ်ရသနည်း၊ဆိုသော်သူတို့ သည် ကျမ်းစာတွင်ဖေါ်ပြသောနှုတ်ကပတ်တော် အားလုံးကို ယုံကြည်ပြီး၊ ဘေးဒဏ်ကြီးကာလ၊ သူတို့ရင်ဆိုင်ရမည် မာတုရကဲ့သို့ ညှင်းပန်း နှိပ်စက် ခံရမူ၊ထမြောက်ခြင်းနှင့်ချီဆောင်ခြင်းတို့ကိုလည်းကောင်းစွာ သိရှိနားလည် ကြသောကြောင့် ဖြစ်သည်။ သင်နှင့်ကျွန်ုပ်တို့သည်လည်းပဲ နှိပ်စက် ညှင်းပန်းမူခံကြရ ဦးမည်ဖြစ်သည်။ ကျွန်ုပ်လည်း သေမည်။ထိုအတူ သင် လည်း ပါမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့အားလုံး ကျွန်ုပ်တို့၏ယုံကြည်ချက်ကို ကာ ကွယ်ရင်း သေကြလိမ့်မည်။ ကျွန်ုပ်သည်ပထမဦးဆုံးအဆွဲခံရပြီး အသတ်ခံ ရသူ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဤအကြောင်းအရာကိုယ်၌က ကြောက် မတ်ဖွယ်ရာအလားအလာဖြင့် ပေါ်ပေါက်လာနိုင်ပါသည်။ သို့သော် နောက် ဆုံး အချိန်၌မည်သည့် ကြောက်ရွံ့စရာမျှ ရှိတော့မည် မဟုတ်ပေ။ မာတုရ ကဲ့သို့ ညှင်းပန်းနှိပ်စက်ခံရခြင်းကို ရှောင်းရှားရန်ဟူသော ယုတ္တိတန်သော အကျိုးအကြောင်ကို ကောက်ချက်ချမည် ဆိုလျှင် ယင်းသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ငြင်းပယ်ရာရောက်ပေမည်။ ယင်းသည် ကျွန်ုပ်တို့ လုံးဝမ လုပ်နိုင်သော အရာတစ်ခု ဖြစ်နိုင်ပါသည်။
အဆုံးတွင် ဘုရားသခင်သည် ကျွန်ုပ်တို့၏မာတုရကဲ့သို့ ညှင်းပန်း နှိပ်စက်မှုခံစားခြင်းဖြင့် ဂုဏ်ပြုထိုက်သူဖြစ်ပါသည်။ ၄င်းအပြင် ဘုရားရှင် သည် ဤကိစ္စကိုကျွန်ုပ်တို့၏ကံကြမ္မာကဲ့သို့ ချမှတ် ထားသည်။ ထို့ကြောင့် ဤကိစ္စသည်ကျွန်ုပ်တို့အနေဖြင့် အနည်းဆုံးတစ်ကြိမ်လောက် ဖြတ်သန်းရ မည့်အရာဖြစ်သည်။ ကျွန်ုပ်တို့သည်ဤအရာကိုရှောင်ရှား၍ဖြစ်စေ၊ လွတ် မြောက်၍ဖြစ်စေ၊ ဤအဖြစ်အပျက်တစ်လျှောက်လုံးကို ဖြတ်နိုင်ကြမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤဖြစ်စဉ်ကို ပြေး၍ဖြစ်စေ၊ ခုန်၍ ဖြစ်စေရဲရင့်စွာကျော်လွှားသွားကြပါစို့။ ကျွန်ုပ်တို့သည် မည်သူတွင်မျှမရှိ သော ဘုရင့်အာဏာမျိုးပိုင်ဆိုင်ထားကြပြီး၊ ကျွန်ုပ်တို့၏ထာဝရ ကောင်းချီး မင်္ဂလာမျှော်လင့်ချက်ကိုလည်း ရရှိမည်ဖြစ်ပါသည်။ ဤအတိုင်းပင် ကျွန်ုပ် တို့သည် ကျွန်ုပ်တို့အား ခွန်အားပေးပါရန် ဘုရားသခင်ထံအမြဲတမ်း ဆု တောင်းနိုင်ပြီးသူ၏ဂုဏ်တော်ကိုလည်းပို၍ချီးမွမ်းနိုင်မည်ဖြစ်သည်။ ကျွန်ုပ် တို့၏ မာတုရကဲ့သို့ဆင်းရဲဒုက္ခ ခံစားရခြင်းကိုလည်း ကြောက်ရွံ့ခြင်း မရှိဘဲ ယုံကြည်နိုင်မည် ဖြစ်ပြီးကျွန်ုပ်တို့သည် ပို၍ကြီးကျယ်သောထာဝရ ယုံ ကြည်မှုကို လက်ခံရရှိမည် ဖြစ်သည်။ ဤအရာများသည် ဘုရားသခင် အ တွက်ကြီးမားသောဂုဏ်တော်ချီးမွမ်းခြင်းဖြစ်ပြီး ကျွန်ုပ်တို့အတွက် ကြီးမား သောကောင်းချီးဖြစ်ပါသည်။
ဘုရားသခင်သည်ကျွန်ုပ်တို့အား သန့်ရှင်းသူများ၏မာတုရကဲ့သို့ ဒုက္ခခံစားရခြင်း၊ ထမြောက်ခြင်းနှင့်ချီ ဆောင်ခြင်း၊နှစ်တစ်ထောင်ကာလ အုပ်စိုးခြင်းနှင့်ကောင်းကင်နှင့်မြေကြီးသစ်အကြောင်းကိုပြောပြရန်အတွက် ဗျားဒိတ်ကျမ်းစာအုပ်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ဗျာဒိတ်ကျမ်းကို သိရှိ နားလည်ခြင်းသည် ဆုတ်ယုတ်ကျဆင်းနေသော ဤကမ္ဘာ၌ ယုံကြည်ချက် ပြတ်သားမှုရှိခြင်းပင်ဖြစ်သည်။ဗျာဒိတ်ကျမ်းတွင်ရေးသားဖော်ပြထားသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သို့ သွားရမည့်လမ်းကြောင်းကို ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်းကောင်းမပါဘဲသွားရောက်နိုင်မည်မဟုတ်ပေ။ထို့ပြင် ဤယုံကြည်ချက်သည်လည်း မာတုရကဲ့သို့ ဆင်းရဲဒုက္ခ ခံစားရခြင်းကာလ တစ်လျှောက်ကို မဖြတ်သန်းဘဲအတည် မပြုနိုင်ပါ။ ထို့ကြောင့် သင်သည် သင်၏ယုံကြည်ခြင်းကိုသင်၏နှလုံးသားထဲတွင်မြဲမြံအောင် တင်းတင်းကျပ် ကျပ် ချီနှောင်ထားရမည်။ ထို့နောက် သင့်ဘဝ၏ယုံကြည်ချက်သည် ဤ အခိုက်အတန့် အတွင်းမှာပင် ထိထိရောက်ရောက် ပြောင်းလဲလိမ့်မည်။
သင်သည်စာတန်၏ထောင်ချောက်ထဲတွင်အမိခံပြီး အချီးနှီး သေရ မည် မဟုတ်ပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ကျွန်ုပ်တို့ ၏ နှလုံးသားထဲ၌လိုက်လျှောက်ရင်း၊ ကျွန်ုပ်တို့၏ ယုံကြည်ချက်ကိုအသေ ခံ၍ ကာကွယ်ကြရမည်။ ဤသည်ပင် မာတုရကဲ့သို့ ဆင်းရဲဒုက္ခခံစားရခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏မာတုရကဲ့သို့ ဆင်းရဲဒုက္ခာ ခံစားရခြင်းနေ့ရက် သေ ချာပေါက်ရောက်ရှိလာမည် ဖြစ်သည်။ သို့သော်ဤအရာကို ကျွန်ုပ်တို့ ကြောက်ရန် မလိုပါ။ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် စာတန်၏ သတ်ဖြတ်မှု ခံ ရသည့်တိုင်အောင်မကြာခင်မှာပင်ဘုရားသခင်ကကျွန်ုပ်တို့၏အသရေတင့် တယ်သောကိုယ်ခန္ဓာကိုပြန်လည် အသက်ရှင်စေမည်ဖြစ်ကြောင်းကျွန်ုပ် တို့သိရှိပြီးဖြစ်သည်။ကျွန်ုပ်တို့၏မာတုရဘဝဖြင့် ဆင်းရဲဒုက္ခာခံရသည့် ကာ လကိုမကြာခင်မှာပင် ကျွန်ုပ်တို့၏ထမြောက်ခြင်းနှင့် ချီဆောင်ခြင်းက ထပ် ခြပ်မကွာလိုက်လာမည် ဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့သိရှိပြီး ဖြစ်ပါ သည်။ ထိုအချိန်မှစ၍ကျွန်ုပ်တို့ကိုစောင့်မျှော်နေသောထိုအရာများ အားလုံး သည် နှစ်တစ်ထောင် ကာလအုပ်ချုပ်ခြင်းတည်း ဟူသောကောင်းချီးနှင့် ကျွန်ုပ်တို့၏ကောင်းကင်ဘုံ၌ ထာဝရဘုရင့်အရိုက်အရာခံစားရခြင်း တို့ပင် ဖြစ်သည်။
လွန်လေ ပြီးသောအခါက ရောမဘုရင်နီရိုးသည် ရောမမြို့ကြီးကို အသစ်ပြန်လည်တည်ဆောက်ရန်အတွက် မီးတင်ရှို့ခဲ့သည်။ ဤ ကိစ္စအ ပေါ် ရောမမြို့သူမြို့သားအများဒေါသချောင်းချောင်း ထွက်ကြသောအခါ သူသည် ဤမီးလောင်မှုကြီးခရစ်ယာန်များအပေါ် အပြစ်ဖို့လွှဲချပြီး သူတို့ အားအရမ်းမဲ့အစုလိုက်၊ အပြုံလိုက်သတ်ဖြတ် လိုက်ကြသည်။ ထိုနည်း တူစွာပင် ဘေးဒဏ်ကြီးကာလအတွင်း ကမ္ဘာပေါ်သဘာဝ ဘေးအန္တာရာယ် များ ရိုက်ခတ်လာသောအခါ အန္တီခရစ်သည် ကျွန်ုပ်တို့သန့်ရှင်းသူများ အ ပေါ် အပြစ်ဖို့ လွှဲချလိမ့်မည်။ ထို့နောက် သတ်ပစ်လိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ယခုမှစ၍ မာတုရတို့၏ ယုံကြည်ခြင်း မျိုးနှင့်သေရဲသော ယုံကြည်ခြင်းမျိုး၊ကျွန်ုပ်တို့အား ပေးအပ်ပါရန် ဘုရားသ ခင်ထံ ဆုတောင်းကြရမည်။ အကယ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံ ကြည်ချက်ကို မစွန့်လွှတ်လျှင် ကျွန်ုပ်တို့၏မာတုရကဲ့သို့ ဆင်းရဲဒုက္ခခံစား ရမည် ဖြစ်သည်။ ဘုရားသခင်၏ဂုဏ်တော်သည်လည်း ပေါ်လာလိမ့်မည်။ သို့သော် အကယ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ချက်ကို စွန့်လွှတ် ပြီး၊ အန္တီခရစ်ကိုလက်မြှောက်အရှုံးပေးပြီး ဘုရားသခင်အဖြစ် လက်ခံမည် ဆိုလျှင်ကျွန်ုပ်တို့သည်ထာဝရမီးအိုင်ထဲသို့ပစ်ချခံရမည်။ အကယ်၍ ကျွန်ုပ် တို့သည် အန္တီခရစ်အပေါ် အနိုင်ယူနိုင်မည့် ယုံကြည်ခြင်းမျိုးအတွက် ဘု ရားသခင်ထံဆုတောင်းမည်ဆိုလျှင်တစ်ခြားနည်းဖြင့် ပြောရလျှင် ဘုရား သခင်သည်ကျွန်ုပ်တို့အား စွမ်းအားနှင့်တန်ခိုးပေးလိမ့်မည်။ သို့သော် ကျွန်ုပ် တို့သည် ကျွန်ုပ်တို့၏နှလုံးသားကို တည်ကြည်ခိုင်မာစွာ မထားခဲ့လျှင်၊ ထို့ နောက် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို သစ္စာဖောက်ခဲ့လျှင် ဘုရားရှင်သည် ကျွန်ုပ်တို့အား ငရဲကိုသာပေးလိမ့်မည် ဖြစ်သည်။
ကျွန်ုပ်သင့်အားကိုးရီးယားစစ်ပွဲမှ ပုံပြင်လေး တစ်ပ္လ်ုပြောပြပါ ရစေ။မြောက်ကိုးရီးယားတပ်ဖွဲ့ဝင်များ၊တောင်ကိုးရီးယားတောင်ပိုင်း ဒေသ ရှိအသင်းတော် အချို့သို့ရောက်လာကြသောအခါချူးဒါဘေး အမည်ရှိသော ဘုန်းတော်ကြီးတစ်ပါးသည် ကောင်းစွာ ဂရုစိုက်ခံရသည်။အသင်းတော် ဗိ မာန်တော်ဝန်းအတွင်းရှိသင်္ချိုင်းညစ်ပတ်နေသည်ကိုကျူးကျော်သူ တပ်ဖွဲ့ ဝင်များက မြင်သောအခါဘုန်းတော်ကြီးအားသန့်ရှင်းရေးပြုလုပ်ရန် အမိန့် ပေးကြသည်။ သို့သော် ဘုန်းတော်ကြီးက ထိုသို့သန့်ရှင်းရေးလုပ်ရန် ငြင်း ဆိုပြီး သူသည်ဥပုသ်နေ့ကို သန့်ရှင်းစွာစောင့်ထိန်းရမည်ဟု ပြန်ပြောခဲ့ သည်။ အသင်းဝင်အဖွဲ့အစည်းများ ရှေ့၌သူ့အား အကယ်၍ သန့်ရှင်းရေး မလုပ်လျှင်သတ်ဖြတ်ခံရမည်ဟုချိန်းခြောက်ကြသည်။ သို့သော် ဘုန်းတော် ကြီးသည် ဆက်လက်ငြင်းဆိုရင်း၊ သူသည် သူ၏ယုံကြည်ခြင်းကို ကာကွယ် ရမည်ဟု ပြောခဲ့သည်။ နောက်ဆုံး၌ သူသည် အသတ်ခံခဲ့ရသည်။ နောက် ပိုင်း၌ ခရစ်ယာန်တချို့က သူ၏သေခြင်းသည် မာတုရကဲ့သို့ သေခြင်း ဖြစ် သည်ဟု ခေါ်ကြသည်။သို့သော်ဤအဖြစ်အပျက်သည် မာတုရ ကဲ့သို့ ဒုက္ခ ခံစားရသည့် အဖြစ်အပျက်မဟုတ်ပါ။ အဘယ်ကြောင့်နည်း။ အဘယ် ကြောင့်ဆိုသော် မာတုရကဲ့သို့ သေခြင်းဆိုသည်မှာ ဖြောင့်မတ်သောအလုပ် အတွက်အသေခံခြင်းမျိုးကိုသာမာတုရဟုခေါ်ပါသည်။ ယင်းသို့ သေခြင်း သည် ဘုရားသခင်၏ ဂုဏ်ကျက် သရေတော်ကို ဖော်ပြဖို့ ဖြစ်သည်။ တစ်စုံ တစ်ဦး၏ ခေါင်းမာမှု၊ ဘုရားသခင်ကို မူမမှန်သောအကြောင်း ပြချက်ဖြင့် အသေခံခြင်းသည် မာတုရတို့၏ သေခြင်းနှင့်အခြေခံအချက် အလွန် ကွာ လှမ်းလှပါသည်။
ဘုရားသခင်က ကျွန်ုပ်တို့အား ပေးအပ်ထားသော ကယ်တင်ခြင်း မေတ္တာကိုကျွန်ုပ်တို့လွှတ်ပစ်နိုင်ပါသလား။ကျွန်ုပ်တို့၏ အစွန်း အထင်းများ နှင့်အပြစ်များအတွက် ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို သူ့အပေါ် တင်ပြီး သူ၏နှစ်ခြင်းခံယူချက်နှင့် လက်ဝါးကားတိုင်၌ အသေသတ် ခံခဲ့ ရပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့ဤကမ္ဘာကြီးတွင် ကယ်တင်ခြင်းခံရမည့် ကံ ကြမ္မာနှင့်အတူမွေးဖွားလာကြပါသည်။ ကျွန်ုပ်တို့သည် ဤကမ္ဘာရှိ လူတိုင်း ကို ကယ်တင်ခြင်းသတင်းကောင်း ဝေငှရမည် ဖြစ်ပါသည်။ ထို့အပြင် သေသည့်အထိဟောပြောနေရမည် ဖြစ်ပါသည်။ အပြစ်မှ ခွင့်လွှတ်ခြင်း ခံရ သောသန့်ရှင်းသူများ၏ကံကြမ္မာကိုမမေ့ပါနှင့်။ တစ်နည်းအားဖြင့်ပြောရ မည်ဆိုလျှင် ကျွန်ုပ်တို့၏ကံကြမ္မာသည်ယုံကြည်ခြင်းနှင့် အသက်ရှင်ပြီး၊ စာတန်၏စိန်ခေါ်ချက်ကို အနိုင်ယူရန် အတွက် မာတုရတို့၏ သေခြင်းကို ခံ ယူရန်ဖြစ်သည်။ယင်းသည်ပင်ဘုရားသခင်ကသူ့ဂုဏ်တော်အားဖြင့် ကျွန်ုပ် တို့ကို ပေးအပ်မည့်အရာဖြစ်သည်။
ကျွန်ုပ်တို့တွင် ချို့ယွင်းချက်များစွာနှင့်အပြစ် အနာအဆာများ ပြည့်နှက်လျှက်ရှိနေသဖြင့်အရာရာတိုင်းမှာ ဘုရားရှင်၏ဂုဏ်တော်ကို မချီး မွှမ်းနိုင်ကြပါ။ ဤကဲ့သို့သော်ယောကျာ်းမျိုးဖြစ်ကြလျှက်နှင့်ပင် ဘုရားသ ခင်သည်ကျွန်ုပ်တို့အားသူ၏ဂုဏ်တော်ကိုချီးမွမ်းရန်အခွင့်အရေးကြီး တစ်ခု ပေးထားပါသည်။ ၄င်း အခွင့်အရေးမှာ တစ်ခြားမဟုတ်ဘဲ မာတုရကဲ့သို့ အသေခံနိုင်ခွင့်ပင် ဖြစ်သည်။ ဤအခွင့်အရေးကို လုံးဝမရှောင်ပါနှင့်။ ဘေး ဒဏ်ကြီးကာလအတွင်း အကယ်၍ကျွန်ုပ်တို့တောင်းခံခဲ့ပါက သင်ခန်း စာ ပေးမည့် ဘုရားရှင်ကို ယုံကြည်ကြပါစို့။ ထို့အပြင် ကောင်းကင်သစ်နှင့် မြေ ကြီးသစ်ကိုအမွေခံရမည့်မျှော်လင့်ချက်ကိုကျွန်ုပ်တို့ဆုပ်ကိုင် ထားကြပါစို့။ အမြန်ဆုံး ပြီးစီးသွားမည့် ကျွန်ုပ်တို့ဆင်းရဲဒုက္ခခံစားရမည့်အရာကို အောင် မြင်စွာဖြတ်သန်းသွားကြပါစို့။ ဘုရားသခင်သည်သူ့အတွက် သစ္စာရှိ စွာ အသက်ရှင်နေသူများအတွက် ကြီးစွာသောဆင်းရဲဒုက္ခခံစားခွင့် ပေးလိမ့် မည်မဟုတ်ဟူသည်ကို ကောင်းစွာယုံကြည်လက်ခံလျှက် အသက် ရှင်ကြ ပါစို့။၄င်းသူတို့၏ယုံကြည်ခြင်းကိုသစ္စာဖောက်စေမည့်အရာမှန်သမျှကိုမကျ စေဟူသော အချက်တို့ကို ကောင်းစွာ ယုံကြည်လျက် အသက်ရှင် နေထိုင် ကြပါစို့။ ဘုရားရှင်သည်သူတို့ အားလုံးအား အကာအကွယ်ပေးမည့် အပြင် ပို၍ ကြွယ်ဝသော ဂရုဏာတော်ကိုလည်း ပေးအပ်မည် ဖြစ်သည်။
ကျွန်ုပ်တို့သည် မာတုရကဲ့သို့ ညှင်းပန်းနှိပ်စက်ခံရမည် ကိုလည်း ကောင်း၊အခက်အခဲများကိုယှဉ်ဆိုင်ရန်အတွက် အတွေ့အကြုံ လိုအပ်သည် ကို လည်းကောင်း၊ယင်းဆင်းရဲဒုက္ခကို ဇွဲကောင်းကောင်းဖြင့် ခံယူရန်နှင့် သခင်ဘုရား၏အမှုတော်ကိုထမ်းရွက်ရမည်ကို လည်းကောင်း၊ ကောင်းစွာ သိရှိ နားလည်သဘောပေါက်ရမည်။အလားတူ အရာများနှင့်အတူ သခင်ဘု ရားနှင့်အတူတကွ လျှောက်လှမ်းရမည့်အတွေ့အကြုံများအတွက် ကျွန်ုပ် တို့၏ယုံကြည်ချက်ကြီးထွားရမည်ဖြစ်ပြီးနောက်ဆုံးသောကာလကျရောက် လာသောအခါ သခင်ဘုရားပေးအပ်သောအင်အားဖြင့် အာဇာနည်ကဲ့သို့ ဒုက္ခဆင်းရဲခံစားရခြင်းများကို ကောင်းစွာရင်ဆိုင်နိုင်မည် ဖြစ်သည်။ အ ကယ်၍ ကျွန်ုပ်တို့သည် သခင်ဘုရားအတွက်တစ်စုံတစ်ရာသော ဒုက္ခ ဆင်းရဲခံဘူးခြင်းအတွေ့အကြုံမရှိခဲ့လျှင် (သို့မဟုတ်) သူ့အမှုတော် မထမ်း ခဲ့လျှင် (သို့မဟုတ်)သူ့အတွက်အနစ်နာ မခံဘူးခဲ့လျှင်၊ ဘေးဒဏ်ကြီး ကာ လနှင့်အတူ ကျရောက်လာမည့် ညှင်းပန်းနှိပ်စက်ခံရမှုကို ကြောက်လန့် ခြင်းက ကျွန်ုပ်တို့ကို ဖုံးလွှမ်းသွားလိမ့်မည်။ ယင်းကဲ့သို့ တစ်ကြိမ်တစ်ခါမျှ ဒုက္ခဆင်းရဲနှင့် နာကြင်မှုခံစားခဲ့ဘူး။သူများသာလျှင် သူတို့ခံစားရမည့် ဆင်းရဲဒုက္ခများကို နောက်တစ်ကြိမ် ခံစားသောအခါ ကျော်လွှားနိုင်မည် ဖြစ်သည်။
သင်၏ ယုံကြည်ခြင်းအသက်တာသည်၊ သခင်ဘုရားအတွက် ဆင်းရဲဒုက္ခခံစရခြင်းနှင့် ယင်းကို အောင်မြင်ခြင်းဖြစ်စေပြီး၊ မာတုရတို့ ခံ စားသည့်ညှင်းပန်းနှိပ်စက်မူရောက်ရှိ လာသည့် အခိုက်၌ သင်သည်လည်း၊ ဤအရာအားလုံးသည်ဘုရားသခင်၏ဂရုဏာတော်နှင့်ကောင်းကြီး မင်္ဂလာ အားဖြင့်အခွင့်ခံရခြင်းပြစ်ကြောင်းနှုတ်ဖြင့်ဝန်ခံသောသစ္စာရှိသူများ ထဲတွင် ဆက်လက်တည်ရှိနေစေရန် အကျွန်ုပ်ဆုတောင်းပဌနာ ပြုအပ်ပါသည်။
အကယ်၍သင်သည် ကောင်းကင်နိုင်ငံတော်ကို သင်၏ ယုံကြည် ခြင်းဖြင့်ပြင်းပြင်းထန်ထန်ရရှိလိုသောသူဖြစ်ပါက၊ ကောင်းကင်သစ်နှင့် မြေ ကြီးသစ်သည် သင့်အတွက်သေချာပေါက် ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူအားလုံးကိုကယ်တင်ခြင်းရရှိစေလိုပြီး၊သမ္မာတရား၏အသိပညာကို သိရှိ စေလိုသည် (၁-တိ-၂း၄)။