Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 13-2] အန္တီခရစ်ပေါ်ထွက်လာခြင်း (ဗျာဒိတ်ကျမ်း ၁၃း၁-၁၈)

အန္တီခရစ်ပေါ်ထွက်လာခြင်း
(ဗျာဒိတ်ကျမ်း ၁၃း၁-၁၈ )
 
အဓိကကျမ်းပိုဒ်အပေါ် အခြေခံလျက် အန္တီခရစ်နှင့်သန့်ရှင်း သူများ ၏ အာဇာနည် ကဲ့သို့ဒုက္ခရောက်ရခြင်းများ ပေါ်ပေါက်လာပုံကို ကျွန်ုပ် ဆွေးနွေးမှာ ဖြစ်ပါသည်။ အခန်းကြီး (၁၃) ၌ သားရဲသည် ပင်လယ်ထဲမှ ပေါ်ထွက်လာကြောင်း ကျွန်ုပ်တို့ တွေ့ရပါ သည်။ ဦးချို (၁၀) ချောင်းနှင့် ဦးခေါင်း(၇)လုံး ရှိသောသားရဲမှာတစ်ခြားအရာထက် အန္တီခရစ် ဖြစ်ပါ သည်။ဤကျမ်းပိုဒ်ကသားရဲဦးချိုပေါ်တွင်သရဖူ (၁၀) လုံးနှင့်သူ၏ ခေါင်း၌ ဘုရားသခင်၏အသရေတော်ကို ရှုတ်ချသောနာမည် ရှိနေကြောင်း ဤ ကျမ်းပိုဒ်အားဖြင့် သိရပါသည်။ ဤသားရဲသည် ကျားသစ်နှင့်တူပြီး ခြေ ထောက်သည် ဝက်၏ခြေကဲ့သို့ ဖြစ်လျက်၊ ပါးစပ်သည် ခြင်္သေ့ပါးစပ်ကဲ့သို့ ဖြစ်ကြောင်း ဤ ကျမ်းပိုဒ်ကပင် ကျွန်ုပ်တို့အား ပြောပြပါသည်။ ၄င်းအပြင် နဂါးသည် သူ၏ အာဏာစက်၊ သူ၏ပလ္လင်နှင့် သူ၏ အခွင့်အာဏာတို့ကို သူ့အား ပေးထားပါသည်။ သူ၏ဦးခေါင်းတစ်လုံးသည် အသက်ရှင်လျက် ဒဏ်ရာ ရနေသည်။ သို့သော်သူ၏သေလောက်သောဒဏ်ရာမှာ အံ့သြဘွယ် ကောင်းလောက်အောင်ပျောက်ကင်းလျက် ရှိသည်။
တစ်ကမ္ဘာလုံးသည် သားရဲနောက်သို့ စတင်နေကြသည်မှာ အံ့သြ ဘွယ်တစ်ပါးပင် ဖြစ်သည်။ အန္တီခရစ်သည် နဂါးမှသူ၏အာဏာစက်တို့ကို ပေးအပ်ထားပြီးဖြစ်သည့်အလျောက်၊ လူတို့သည် နဂါးကိုရော၊ သားရဲကိုပါ ကိုးကွယ်ကြလျှက်၊ “မည်သူသည် သားရဲနှင့် တူသနည်း။” “မည်သူသည် သူနှင့် စစ်မက် ပြိုင်နိုင် မည်နည်း။”ဟု ပြောဆို ကြသည်။ ကျမ်းပိုဒ်က ကျွန်ုပ်တို့အားပြောပြသည်မှာသားရဲသည်ကြီးမားသည့်အကြောင်း အရာကို ပြောဆိုရန်နှင့် ဘုရားသခင်၏အသရေတော်ကို စော်ကားပြောဆိုရန် အ တွက် နှုတ်ခမ်းရရှိထားပြီး လေးဆယ့်နှစ်လကြာမျှဆက်လက်၍ သူ့ လုပ် ငန်းကို လုပ်ဆောင်ရန် အခွင့်အာဏာလည်း ရရှိထားသည်။
 
 

ပင်လယ်ထဲမှ သားရဲ ပေါ်ထွက်လာသည်

 
တမန်တော်ရှင်ယောဟန် မြင်ရသည့်အရာမှာ- ဤကမ္ဘာကို အုပ်စိုး နေသူများအထဲမှ အန္တီခရစ်ပေါ်ထွက်လာခြင်း ဖြစ်သည်။ နောက်ဆုံးသော ကာလ၌ပေါ်လာခြင်း ဖြစ်သည်။ ဤအန္တီခရစ်မှာ ပင်လယ်ထဲမှ ထွက်ပေါ် လာသောသားရဲဖြစ်ပြီး ဦးချို (၁၀)ချောင်းနှင့် ဦးခေါင်း(၇)လုံးရှိသော သတ္တ ဝါ တစ်ကောင် ဖြစ်သည်။
ပထမဦးစွာ ကျွန်ုပ် တွေ့ရသည်မှာ ဤသားရဲသည် အစစ်အမှန် ဖြစ်သည်ဖြစ်စေ၊အတုအယောင်ဖြစ်သည်ဖြစ်စေ၊ စင်စစ်သူသည် ဤကမ္ဘာ သို့ ပေါ်လာပြီဖြစ်သည်။သားရဲနှင့်ပါတ်သက်၍ ကျွန်ုပ်တို့ စိတ်ဝင်စားစရာ အချက်နှစ်ရပ်ရှိပါသည်။ပထမအချက်မှာ ဤသားရဲသည် မှန်သည် ဖြစ်စေ၊ မမှန်သည် ဖြစ်စေ၊ စင်စစ် ဤကမ္ဘာသို့ သူ၏သွင်ပြင်လက္ခဏာကို ဖန်တီး ထားပြီးလူအများကိုသတ်ဖြတ်လိမ့်မည်။ ဒုတိယအချက်အနေဖြင့်ဟုတ် သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ၊ ဤသားရဲသည် နိုင်လိုမင်းထက် ပြုတတ် သောအန္တီခရစ်ကိုရည်ညွှန်းပြီး ဤကမ္ဘာပေါ်ရှိ အုပ်စိုးသူထဲမှ ပေါ်ထွက်လာ သူ ဖြစ်သည်။ ဤအကြောင်းအရာသည် လူအများတို့၏စိတ်ဝင်စားမှု အ ဆွဲဆောင်နိုင်ဆုံးသောအချက်ဖြစ်သည်။ ဤအချက်အလက်များကိုသိထား ပြီး သောသူများအဖို့နားလည်ရန် လွယ်ကူသည်။ သို့သော် သူတို့အား လစ်လျူရှု ထားသော သူများ အဖို့ လုံးဝ ဖြစ်ရိုး ဖြစ်စဉ်မှ ပဟေဋိ အဖြစ် မေးစရာဖြစ်လာပြီး၊ အလားတူသားရဲသည် ဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ၊ နောက်ဆုံးသောကာလတွင် ဤကမ္ဘာ၌ တကယ် ပေါ် ပေါက်လာပြီး လူအများကို အုပ်စိုးလိမ့်မည်။ 
ဘုရားသခင်ကအခန်းကြီး(၁၃)အားဖြင့်မည်သည့် အကြောင်းကို ပြောပြပါသနည်း။ စာတန်ကအုပ်စိုးလိမ့်မည်ဖြစ်သည့်အနာဂတ်၌ ပေါ်လာ မည်ဖြစ်သောဤကမ္ဘာပေါ်ရှိဘုရင်တစ်ပါးအကြောင်း ဖြစ်သည်။ “သားရဲ သည်ပင်လယ်ထဲမှထွက်ပေါ်လာ၏”ဟူသောကျမ်းပိုဒ်ကိုဆိုလိုရင်းမှာကမ္ဘာ ၏ဘုရင်(၇)ပါးထဲမှတစ်ပါးသည်အန္တီခရစ်ဖြစ်လာလိမ့်မည်။ ဤကျမ်းပိုဒ်က နိုင်ငံ ဆယ်နိုင်ငံသည် အန္တီခရစ်၌ စည်းလုံးပြီး၊ ကမ္ဘာကြီး လုံးလုံးလျားလျား ပျက်စီးသည့်တိုင်အောင် အုပ်စိုး ကြလိမ့်မည်။
အသက်ရှင်လျက် ဒဏ်ရာရသူများထဲမှ သားရဲတစ်ကောင်၏ဦး ခေါင်းသည် ပျောက်ကင်းလိမ့်မည်။ တစ်ခြားနည်းဖြင့်ပြောရလျှင် ဘုရင်ခု နှစ်ပါးအနက် တစ်ပါးသည် အသက်ရှင်လျက်ဒဏ်ရာရသည်။ သို့သော် သူသည် သေလောက်သည့် ဒဏ်ရာမှပြန်ပျောက်ကင်းလိမ့်မည်။ ဤဘုရင် သည် ဆေးပညာအရ သေသူကဲ့သို့ကြေငြာခံရပြီး ဖြစ်သည်။သို့သော်လည်း မယုံနိုင်လောက်အောင် ပြန်လည်၍အသက်ရှင်လာသည်။ ထို့နောက် နဂါး ကဲ့သို့လှုပ်ရှားသည်။ ဤနေရာ၌နဂါးသည် စာတန်ကိုရည်ညွှန်းခြင်း ဖြစ် သည်။ နဂါးကဲ့သို့ပင်သားရဲသည်လည်း လူတို့ကို ဖျက်ဆီးရန်နှင့် အန္တရာယ် ပြုရန် အခွင့်အာဏာရှိလိမ့်မည်။ နောက်ဆုံးသောကာလသို့ ရောက်ရှိ လာ သောအခါအလားတူရက်စက်ကြမ်းကြုတ်သော လူသားသည် ဤကမ္ဘာသို့ ပေါ်လာပြီး ရုပ်ရှင်ကားထဲမှ ဂေါ်ဇီလာကဲ့သို့ လူတို့ကိုအစုလိုက် အပြုံလိုက် သတ်ဖြတ်လိမ့်မည်။
စာတန်၏စေခံ ရောက်ရှိလာခြင်းနှင့်အတူ ကမ္ဘာကြီးသည်လည်း ၄င်းတို့၏ဖျက်ဆီးခြင်းသို့တဟုန်ထိုးရှေးရှုရန်စတင်လိမ့်မည်။ နောက်ဆုံး သောကာလ၌ လုပ်ကိုင်ရန် ရွေးချယ်ထားသော စာတန်၏နည်းလမ်းမှာ သူ၏ကြမ်းကြုတ်၊ရက်စက်ယုတ်မာသောလုပ်ရပ်ကိုလူအများသို့ကျရောက် စေရန်အတွက် သူ၏အစေခံ ကျွန်မှတဆင့်ဆောင်ရွက်ရန် ဖြစ်သည်။ ဤ သည်မှာ ဘုရားသခင်က အပြစ်သားများကို သူတို့၏အပြစ်မှ ကယ်တင်ရန် သူ၏သန့်ရှင်းသူများမှတဆင့်လုပ်ဆောင်သကဲ့သို့အခြေခံအားဖြင့် တူညီ သည်။
ကျွန်ုပ်တို့သည် ဤကျမ်းပိုဒ်ကကျွန်ုပ်တို့အတွက် မည်သို့ ဆိုလို သည်ကို အတိအကျဖော်ထုတ်ရန် လိုအပ်ပါသည်။ ဤကျမ်းပိုဒ်ထဲ၌ အား လုံးထဲမှသားရဲ တစ်ကောင်၏ဦးခေါင်းသည်ဒဏ်ရာရလျှက်ရှိသည်ဟု ဤ ကျမ်းပိုဒ်က ဆိုထားသည့်အတိုင်း ဤကမ္ဘာကို အုပ်စိုးသော သူသည် သူ၏ သေလောက်သော ဒဏ်ရာမှပြန်လည် ပျောက်ကင်းလာပြီး နဂါးထံမှအခွင့် အာဏာများကို လက်ခံရရှိလိမ့်မည်။ထို့နောက် လူအများကသူ့ကို ဘုရား သခင်ကဲ့သို့ဂုဏ်ပြုကြလိမ့်မည်။ဤသည်မှာအဘယ်ကြောင့်ဖြစ်ရ သနည်း။ လူအများက“သားရဲနှင့်အဘယ်သူသည်တူသနည်း။”အဘယ်သူသည်သူ့ကို စစ်ပြိုင်နိုင်သနည်းကြွေးကြော်ခဲ့ကြသည်ကိုကျွန်ုပ်တို့သတိရကြရမည် ဖြစ် သည်။
ယခုလက်ရှိကျမ်းပိုဒ်က ပေါ်လာသော အန္တီခရစ်သည် စာတန်၏ လက်အောက်ခံနိုင်ငံများမှ လူအများက လေးစားရိုသေကြလိမ့်မည် ဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်လျက်ရပ်တည်ကြလိမ့်မည်။ ဤအရာကဆိုလို သည်မှာတန်ခိုးကြီးသောခေါင်းဆောင်တစ်ဦးနောက်ဆုံးသောကမ္ဘာ၌ပေါ် ထွက်လာပြီး အုပ်စိုးလိမ့်မည်။ ဤခေါင်းဆောင်သည် ကမ္ဘာနိုင်ငံများ၏ ခေါင်းဆောင်များထဲမှတစ်ဦး ဖြစ်လိမ့်မည်။အန္တီခရစ်သည် စာတန်ထံမှ ဝိညာဉ်ရရှိပြီးနောက် သူသည် တန်ခိုးကြီးသောခေါင်းဆောင်ကဲ့သို့ ပေါ်လာ လိမ့်မည်။ ကမ္ဘာကြီးသည် ဤခေါင်းဆောင်၏အုပ်စိုးမှုလက်အောက်သို့ ကျ ရောက်လာပြီး သူ၏အုပ်စိုးမှုကို ခံရမည်။အနာဂတ်၌ ကမ္ဘာကြီးသည်တစ်ခု တည်းသောတိုင်းနိုင်ငံ အဖြစ်သို့ညီညွတ်လာကြလိမ့်မည်။ ယခု ပစ္စုန်ကာ လ၌ တိုးတက်နေသောနိုင်ငံတို့သည် တစ်ခုနှင့်တစ်ခုပူးပေါင်းလာပြီး သူတို့ ၏အုပ်ချုပ်မှုကို တစ်ကမ္ဘာလုံးသို့ ချဲ့ထွင်ရန်အတွက် တန်ခိုးကြီးသော အုပ် ချုပ်သူကို ရှေ့တန်းတင်ကြလိမ့်မည်။ 
ယခုအခါကျွန်ုပ်တို့၌ဥရောပတွင်ဥရောပသမ္မဂ္ဂာရှိပြီး၊အာရှနှင့်အမေရိက၌လည်းရှိသည်။ အဖွဲ့အစည်းပေါင်းများစွာတို့သည် သီးခြားနိုင်ငံ များအဖြစ်မှတိုး၍ ပူးပေါင်းပြီး ညီညွတ်သောတစ်ခုတည်းသောနိုင်ငံရေး အ ဆောက်အအုံဖြစ်စေရန် ကျိုးပမ်းလျက်ရှိကြသည်။ ယင်းကဲ့သို့သော အဖွဲ့ အစည်းများ၏ထပ်မံတိုးတက်ဖွံ့ဖြိုးမှုဖြင့်ညီညွတ်သောမဟာ အင်အားကြီး နိုင်ငံသည်ပေါ်လာလိမ့်မည်။ထို့နောက် အဆိုပါဘက်ပေါင်းစုံပူးပေါင်းထား သောနိုင်ငံများထဲမှ တန်ခိုးအာဏာကြီးမားသောခေါင်းဆောင်တစ်ဦးပေါ် လာလိမ့်မည်။ဤခေါင်းဆောင်ကြီးသည်ဘုရားသခင်ကို ဆန့်ကျင်ရပ် တည် နေသောအန္တီခရစ်၏အခန်းကဏ္ဍပါဝင်သရုပ်ဆောင်လိမ့်မည်။သူသည် တန် ခိုးအာဏာနှင့်ပြည့်စုံသောသြဇာတိက္ကမနှင့်ပြည့်စုံသည့်ခေါင်း ဆောင်ဖြစ် လာပြီးအုပ်စိုးခြင်းနှင့်ဖိနှိပ်ခြင်းများကိုတစ်ကမ္ဘာလုံး၌ သူဆန္ဒရှိသည့်အ တိုင်း ပြုလုပ်လိမ့်မည်။
အဘယ်ကြောင့်နည်း။အဘယ်ကြောင့်ဆိုသော် နဂါးထံမှကြီးမား သည့် အရည်အချင်းနှင့်အခွင့်အာဏာကိုရရှိသောကြောင့် ဖြစ်သည်။ စာ တန်နှင့်သူ၏ပညာတို့သည် သာမန်ပြည်သူများနှင့်ကွဲပြားခြားနားလိမ့်မည် ဖြစ်ပြီး နောက်ပိုင်းကာလများ၌လည်း သူ၏အတွေးအခေါ်တို့သည် ခြားနား လာမည် ဖြစ်သည်။ သူ၏ပညာနှင့်တန်ခိုးသည် မိုးထိရောက်လိမ့်မည်။ သူပြောသမျှအရာသည် ပြဿနာတစ်စုံတစ်ရာမရှိဘဲ ပြီးမြောက်လိမ့်မည်။ ထို့အပြင် မည်သူတစ်စုံတစ်ဦးကမျှသူ၏နေရာကို တပ်မက်လိုချင်ဝံ့မည် မဟုတ်ပေ။သူ၏ဤအုပ်ချုပ်မှု ကာလသည်ဗျာဒိတ်ကျမ်း(၆)တွင် ရေးထား သော မြင်းမွဲကာလ၌ ဖြစ်သည်။
မြင်းပွဲခေတ်ကာလသည်မဝေးလှသည့် အနာဂတ်၌ သေချာပေါက် ရောက်ရှိလာမည်။ ထို့နောက် ကမ္ဘာကြီးကို အန္တီခရစ်ကအတန်ကြာမျှ ပိုင် ဆိုင်လိမ့်မည်။ သို့သော်လည်း ဤအမှန်တရားစစ်စစ်ကိုမသိသော သူတို့ သည် အန္တီခရစ်ကဲ့သို့တန်ခိုးကြီးသောခေါင်းဆောင်ပေါ်လာသည်ကို မြင်လို ကြသည်။ သို့ပေမယ့်လည်းသန့်ရှင်းသူတို့သည် ဤအမှန်တရားကို သိကြ ပြီး ဤကာလ၌နိုးထကြလိမ့်မည်။ ထို့ကြောင့် ဤကာလရောက်ချ လာ သောအခါ သူတို့သည်အန္တီခရစ်ကိုခုခံနိုင်ပြီး ဆန့်ကျင်တိုက်ခိုက် နိုင်ကြ မည် ဖြစ်သည်။ ထို့နောက် အာဇာနည်တို့၏ ဒုက္ခဆင်းရဲခံရခြင်းထဲသို့ သူ တို့၏ယုံကြည်ခြင်း ကာကွယ်ရန် ဝင်ရောက်ကြလိမ့်မည်။
ယနေ့ အချိန်တွင် လူများစွာတို့ သူတို့ နိုင်ငံ၏ ခေါင်းဆောင်များ ကို လေးစားမှုမရှိကြပေ။ သူတို့မည်သည့် နိုင်ငံတွင်နေထိုင်ကြသည်ကို ဂရု မစိုက်ကြဘဲ လူထုအများစုသည် သူတို့၏နိုင်ငံရေးခေါင်းဆောင်များအပေါ် မကျေနပ်အားမရသောအကြောင်းအချက်များ ရှိကြသည်။ ကမ္ဘာတစ်ဝှမ်း လုံးရှိ လူတို့သည်ထက်မြက်ပြီး စွမ်းဆောင်နိုင်စွမ်းရှိသော ခေါင်းဆောင်ကို စောင့်စား နေကြသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် ဆိုသော် သူတို့သည် ကမ္ဘာပေါ်ရှိ တိုးပွားလာသောပြဿနာများဖြစ်သည့် အဟာရ ချို့တဲ့ခြင်းမှသည် ပတ်ဝန်းကျင်သန့်ရှင်းမှု နိမ့်ကျခြင်းအထိ၊ ဘာသာရေး ပြဿနာ၊ စီးပွားရေးထိုင်းမှိုင်း ရပ်တန့်ခြင်း၊လူမျိုးရေးတင်းမာမှု ဖြစ်ခြင်းနှင့် အခြား ကိစ္စရပ်များကိုဖြေရှင်းနိုင်သောခေါင်းဆောင်လိုအပ် နေသော ကြောင့် ဖြစ်သည်။ကမ္ဘာခေါင်းဆောင် တစ်ဦး၌ ကြီးမားသော ဉာဏ်ပညာ နှင့်တန်ခိုးအာဏာ တပ်ဆင်ထားလျှင်ပြဿနာအားလုံးကို ဖြေရှင်း နိုင်မည် ဖြစ်ပြီး ကမ္ဘာပေါ်ရှိလူတိုင်းက ဘုရားသခင်ကဲ့သို့ ဂုဏ်ပြုလေးစားကြပြီး သူတို့အား အုပ်ချုပ်ခြင်းကို ဝမ်းမြောက်ကြလိမ့်မည်။ အန္တီခရစ်တည်း ဟူ သော ဤခေါင်းဆောင်သည် ကမ္ဘာတစ်ခုလုံးသူ၏ လက်ထဲ၌ ရှိပြီး အရာ အားလုံးကို ဂရုစိုက်လိမ့်မည်။
ကျွန်ုပ်တို့ လေးစားနိုင်သောလက္ခဏာသွင်ပြင်အားလုံးရှိသော နိုင် ငံရေးခေါင်းဆောင်မျိုးကို ကျွန်ုပ်တို့အားလုံးအလိုရှိကြသည်။ သို့သော် ဤ ကဲ့သို့သောဆန္ဒသည်ရရှိရန်အလွန် ခက်ခဲလှပါသည်။ အဘယ်ကြောင့် ဆိုသော်ဤကဲ့သို့သောခေါင်းဆောင် အမျိုးအစားသည် အကယ်စင်စစ် ပေါ် ပေါက်လာရန်နှင့် ရောက်ရှိလာရန်မဖြစ်နိုင်ပါ။ သို့သော် ဤကမ္ဘာ၏ နိုင်ငံ ရေးပြဿနာများ၊ စီးပွားရေး ပြဿနာများကိုအန္တီခရစ်သည် လာရောက် ဖြေရှင်းနိုင်ပါက လူတိုင်းမျှော်လင့်တောင့်တသောခေါင်းဆောင် ဖြစ်လာပြီး ကမ္ဘာ၏ နိုင်ငံရေး၊ စီးပွားရေးကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်သူ တစ်ဦး ဖြစ်လာမည် ဖြစ်သည်။ 
မြင်းနက်ခေတ် ကာလ ကျော်လွန်ပြီး မြင်းမွဲခေတ် ကာလ စတင် သောအခါ တံပိုးခုနှစ်လက်၏ကပ်ရောဂါဘေးကြောင့် ပျက်စီးနေသော ကမ္ဘာကြီးသည် ထက်မြက်ပြီးစွမ်းရည်ရှိသောခေါင်းဆောင်တစ်ဦးကို ရှာဖွေ ကြလိမ့်မည်။ တန်ခိုးနည်းသောနိုင်ငံငယ်လေးများ၏ခေါင်းဆောင် တို့သည် ကမ္ဘာလုံးဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ဤကဲ့သို့ပင် လူတို့သည်လည်း ပကတိပြည့်စုံသောခေါင်းဆောင်တစ်ဦးကို ရှာကြလိမ့် မည်။ ယင်းအချိန်တွင် အန္တီခရစ်ပေါ်လာ လိမ့်မည်။ဘုရားသခင်ကဲ့သို့ ပြောဆိုပြုမှုလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် သေလောက် သည့်ဒဏ်ရာမှ ပျောက်ကင်းလိမ့်မည် ဖြစ်ပြီးလူအပေါင်းတို့သည် သူ့အား ဖြင့် အံ့သြကြလိမ့်မည်။ သူသည် အုပ်စိုးသူတစ်ဦးကဲ့သို့ နေထိုင် လုပ်ကိုင် လျှက် သူ၏တန်ခိုး၊ သတ္တိ၊ ဆုံးဖြတ်ချက်ပေးခြင်းနှင့်ပညာတို့ကြောင့် ကမ္ဘာ တစ်ဝှမ်းလုံးရှိလူတို့သည် သူ့ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်ကြလိမ့်မည်။
ဤအတိုင်းပင် ဣသရေလလူမျိုးအားလုံးကလည်း သူတို့၏ ကြာ မြင့်စွာစောင့်စားခဲ့ရသောကယ်တင်ရှင်ဖြစ်သည်ဟု သူတို့ယုံကြည်ကြ လိမ့် မည်။ သို့သော် များမကြာမီကာလမှာပင် ဣသရေလလူမျိုးတို့သည် သူ သည် လူလိမ်တစ်ဦးဖြစ်ကြောင်းနှင့် ယေရှုခရစ်တော်သည် သူတို့၏ ကယ် တင်ရှင်အစစ်ဖြစ်ကြောင်း သိလာလိမ့်မည်။ ထို့နောက်သူတို့ အထဲမှ လူအ များသည် ကယ်တင်ခြင်း ခံရလိမ့်မည်။
မြင်းမွဲ၏ ကာလရောက်လာသောအခါ ကမ္ဘာတစ်ဝှမ်းလုံးသည် သ ဘာဝကပ်ဘေးများဖြင့်သာ ကြီးစွာ ဆင်းရဲဒုက္ခခံရမည် မဟုတ်ဘဲ မီးဖြင့် ဖျက်ဆီးခြင်း ကျရောက်လာပြီး ကမ္ဘာ၏သုံးစုတစ်စုသော သစ်တောများ မီးလောင်လိမ့်မည်။ ကြီးမားသောမီးခိုးလုံးကြီးများဖြင့် ပြည့်နှက်နေမည် ဖြစ်သည်။ သို့သော်လည်း ကမ္ဘာပေါ်ရှိလူတို့သည် တစ်ဦးတည်းသော အာ ဏာရှင်၏အောက်တွင် ညီညွတ်လာကြပြီးသူ့အားဘုရင်အဖြစ် လက်ခံ ပြုစု ကြလိမ့်မည်။ ပြဿနာအားလုံးကို ဖြေရှင်းပေးသောသူ တစ်ဦးသည် သူတို့ အထဲမှ ပေါ်ထွက်လာပြီး ဘုရားသခင် ကဲ့သို့ မြင့်မားလာလိမ့်မည်။
ဤအရာအားလုံးတို့ကို ဘုရားသခင်ကစီစဉ်ခဲ့ပြီး ဖြစ်သည်။ ဤအ ရာအားလုံးကမ္ဘာသို့ ကျရောက်လာသည့်အတွက် ပထမဦးဆုံးအနေဖြင့် ကြီးမား ပြင်းထန်သောကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင် ပြောင်းလဲမှုများ ပေါ် ပေါက်လာမည်။တိုင်းပြည် အသီးသီး၏ခေါင်းဆောင်များထဲမှအာဏာ လို အပ်ချက်အတွက် ရွေးချယ်ကြလိမ့်မည်။ ဤကဲ့သို့ အများသဘော တူညီ ချက်ဖြင့် ရွေးချယ်သူကဲ့သို့သော အုပ်ချုပ်သူအမျိုးအစားကို မြင်းနက်၏ ယနေ့ခေတ်ကာလ၌အတု ပြုလုပ်မှုရှိနေသည့် ယနေ့ကမ္ဘာသည် အလွန် ထက်မြက်သော ခေါင်းဆောင် လိုအပ်နေသည်။ တိုင်းပြည် အသီးသီးမှ ခေါင်းဆောင်များသည် သူတို့ပြည်သူတစ်ဦးချင်းစီ၌ရှိသော ကျေနပ်အား ရမှု မရှိခြင်းကို မဖယ်ရှားနိုင်ပေ။ 
ယနေ့ လူသားတို့သည် သူတို့ရင်ဆိုင်နေရသော ပြဿနာအားလုံး ကို ဖြေရှင်းပေးနိုင်သောထက်မြက်သည့် ခေါင်းဆောင်တစ်ဦးကို ရှာဖွေ နေကြသည်။ အကယ်၍ သင်သည်ဤကမ္ဘာကြီးမည်သို့ ဖြစ်ပျက်နေသည် ကို အနီးကပ်ကြည့်နေမည်ဆိုလျှင် ဤအရာအားလုံးသည် တကယ် ဖြစ် နိုင်သောအရာဖြစ်ကြောင်း သင်နားလည် သဘောပေါက်ပေမည်။ ကြိုတင် ပရောဖက်ပြုထားသောခေါင်းဆောင်သည် အလွန်ရက်စက်ကြမ်းကြုတ် လိမ့်မည်။ အကြွင်းမဲ့တန်ခိုးအာဏာနှင့်ကြီးမားသည့်အရည်အချင်း ရှိသူ သည် သူ့အကြောင်းအရာရေးသားချက်၌ဖော်ပြထားသည့်အတိုင်း ဝံကဲ့သို့ သောခြေထောက်ရှိလိမ့်မည်။ ခြင်္သေ့ကဲ့သို့သောနှုတ်ခမ်း ရှိလိမ့်မည်။ကျား သစ် မျက်နှာကဲ့သို့သောမျက်နှာရှိလိမ့်မည်။
ဤသူသည် နဂါးထံမှ လုပ်ပိုင်ခွင့် အမိန့် အာဏာများ ရရှိ ထားပြီး သူသည်ဘုရားသခင်နှင့်တကွ ကောင်းကင်ဘုံရှိသူ၏ ကောင်းကင်တမန် များနှင့်သူ၏ သန့်ရှင်းသူများကို အသရေပျက်သောစကားများ ပြောလိမ့် မည်။ ထို့နောက် သူသည် သန့်ရှင်းသူများကို ဆန့်ကျင်တိုက်ခိုက်ကာ အနိုင်ယူလိမ့်မည်။ အန္တီခရစ်သည် သန့်ရှင်းသူများကို သူ၏တိုက်ခိုက်မှု အ တွင်း သတ်ဖြတ်လိမ့်မည်။ သူတို့၏ယုံကြည်ချက်ကို စွန်လွှတ်ရန် တောင်း ဆိုလိမ့်မည်။ သန့်ရှင်းသူများသည် ထိုအချိန်၌သူတို့၏ ယုံကြည်ချက်များ ကို စွန့်လွှတ်မည်မဟုတ်ဘဲ မာတုရကဲ့သို့ ညှင်းပန်း နှိပ်စက်မှုကို ခံယူကြ လိမ့်မည်။ အန္တီခရစ်သည်တစ်ကမ္ဘာလုံးကို သူ၏အာဏာအောက်၌ ထားရှိ သည့် အားလျော်စွာ သူ၏အမိန့်ကို မနာခံသူမှန်သမျှကို သူသည် လွတ် လပ်စွာ သတ်ဖြတ် ဖျက်ဆီးလိမ့်မည်။
အခန်းငယ် (၈)က ကျွန်ုပ်တို့အားပြောပြသည်မှာ “ကွပ်မြက်သော သိုးသူငယ်၏အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီး သား အပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ၏။”
အထက်ပါကျမ်းပိုဒ်(၈)ကိုကိုးကား၍“ကိုးကွယ်”ဟူသော စကား လုံး၏ဆိုလိုရင်းမှာအကြွင်းမဲ့ပြည့်စုံသောသူကိုဂုဏ်ပြုခြင်းနှင့် အစေခံအ လုပ် အကြွေးပြုခြင်းဖြစ်သည်။ နောက်ဆုံးသောကာလ၌ အန္တီခရစ်သည် ကမ္ဘာပေါ်ရှိလူအားလုံးကဘုရားသခင်ကဲ့သို့ကိုးကွယ်ခြင်းကိုခံယူမည်။ မည် သည့် ဘုရင်မျှမခံယူဘူးသော အလွန်မြင့်သည့် ဂုဏ်ပြုခြင်းကို ခံယူမည်။ ဤခေါင်းဆောင်ကို မကိုးကွယ်သောလူတစ်စု ရှိသေးသည်။ အခြားသူများ မဟုတ်ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသောခရစ်ယာန်များဖြစ်ကြသည်။ သူတို့သည် အန္တီခရစ်ကို ဘုရားကဲ့သို့အသိအမှတ်ပြုလိမ့်မည်မဟုတ်။ သူတို့ ကိုးကွယ် လိမ့်မည်မဟုတ်။ ၄င်းအစားသူတို့၏ ယုံကြည်ခြင်းကို ကာကွယ် ရင်း အသေခံကြလိမ့်မည်။
 
 

အခြားသောသားရဲတစ်ကောင်သည် မြေကြီးထဲကထွက်လာ၏

 
အန္တီခရစ်တွင်လည်း မှားယွင်းသော ပရောဖက်ရှိသည်။ ဤ မှား ယွင်းသောပရောဖက်သည် အန္တီခရစ်ကိုအမြင့်သို့မြှင့်တင်ပေးသူ ဖြစ်သည်။ ထို့အတူသားရဲကို မနာခံသော သူတို့အားခြိမ်းခြောက်ပြီး သတ်ဖြတ်သူ ဖြစ် သည်။ ဗျာဒိတ်ကျမ်း (၁၃း၁၁) က ပြောသည်မှာ “အခြားသောသားရဲ တစ်ကောင်သည်သိုးသူငယ်၏ချိုနှင့် တူသောချိုနှစ်ချောင်းရှိ၍ နဂါးကဲ့သို့ စကားပြောလျက် မြေကြီးထဲက ထွက်လာသည်ကို ငါမြင်၏။ဤနေရာတွင် ပေါ်လာသောဒုတိယသားရဲမှာပထမသားရဲ၏အစေခံကျွန်ဖြစ်ပြီး ၄င်းသည် အန္တီခရစ် အထဲကဖြစ်၏။ အန္တီခရစ်နည်းတူ သူသည်လည်းဘုရားသခင်ကို ဆန့်ကျင်၍ရပ်တည်ပြီးကမ္ဘာပေါ်ရှိလူသားများနှင့်ဖြောင့်မတ်သူတို့ကိုသတ် ဖြတ်လိမ့်မည်။
နဂါးထံမှ အခွင့်အာဏာလက်ခံရရှိပြီး သူသည် သူ့မတိုင်မီ ရောက် လာပြီး ဘုရားကဲ့သို့ဖြစ်သော အန္တီခရစ်ကို ကိုးကွယ်ကြရန် လူအများတို့ အားပေးသည်။ အဘယ်ကြောင့်ဆိုသော်သူသည်လည်း နဂါးထံမှအခွင့် အာဏာရလိမ့်မည် ဖြစ်ပြီးသူသည် နဂါးကသူ့ကိုပြုလုပ်စေလိုသော အရာ ကို လုပ်လိမ့်မည်။ သူသည် သူ့အရင် ရောက်လာသော အန္တီခရစ်ကို လူအများက ကိုးကွယ်အောင်နှင့် သူ့ အားမနာခံသူ တို့ကို သတ်ဖြတ် ရုံတင် သာမကသူသည် နိမိတ်လက္ခဏာများ၊ ကောင်းကင်မှ မီးယူဆောင်လာခြင်း များသာမက အန္တီခရစ်ကဲ့သို့ လှုပ်ရှားလိမ့်မည်။ သူသည် သားရဲကို နတ် အဖြစ်လည်းကောင်း၊ရုပ်တုဘုရားအဖြစ်လည်းကောင်းကိုးကွယ် လိမ့်မည်။ သူသည် သေအောင်ကွပ်မျက်ပြီးသကဲ့သို့ ဖြစ်သော်လည်း လူအများရှေ့၌ ပြန်လည်၍ ရှင်သန်လာသည်။
ထို့နောက် ထိုအရာအားလုံးကို မည်သူက ပြန်လုပ် လိမ့်မည်နည်း။ ဤသည်မှာအန္တီခရစ်၏ ပရောဖက်ဖြစ်သည်။ သူ၏ လုပ်ငန်းမှာ သူ့အရင် ရောက်လာသော အန္တီခရစ်အား ဘုရားကဲ့သို့အမြင့်သို့ မြှောက်စေမည်။ ဤ ကဲ့သို့လုပ်နိုင်ရန်ထိုရုပ်ထုထဲသို့အသက်မှုတ်သွင်းပြီးစကားပြောဆိုစေမည်။ ထို့နောက် ၄င်းရုပ်တုကို မကိုးကွယ်သူမှန်သမျှကို သူတို့၏ အရေအ တွက်ကို ဂရုမစိုက်သတ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသူ တို့ သည် ရုပ်တုကိုကိုးကွယ်ရန် ငြင်းဆိုခြင်းဖြင့် ညှင်းပန်းနှိပ်စက်မှုခံရမှာ ဖြစ် သည်။မရေတွက်နိုင်သောမာတုရတို့သည်ထိုအချိန်၌ပေါ်ပေါက်လာမည်။
တစ်ကမ္ဘာ လုံးရှိ ဒုတိယအကြိမ်မွေးဖွားခြင်း မခံရသေးသူ တိုင်း သည် တခြားနည်းဖြင့်ပြောရလျှင် သူတို့သည် သူတို့၏သေခြင်းရှေ့၌ တုန် လှုပ်ကြပြီး အသေခံရမည်။ ကျွန်ဘဝဖြင့် နိဂုံးချုပ်ကြလိမ့်မည်။ ဤသို့ဖြင့် သူတို့အားလုံးသည် အန္တီခရစ်ကိုဘုရားကဲ့သို့ကိုးကွယ်ကြလိမ့်မည်။ ဉာဏ် ကောင်း၍ အကောင်းအဆိုးခွဲခြားသိသော သူတို့ပေါ်လာပြီး အာဏာရှင်ကို ဆန့်ကျင် ပုံကန်ကြလိမ့်မည်။ သို့သော်သူတို့သည် ချက်ချင်းနှိမ်နင်း ခံရ မည်။ အန္တီခရစ်နှင့် ပရောဖက်အတုတို့၏ပါးစပ်မှထွက်သောမီးလျှံဖြင့်အ သတ် ခံရမည်။
ပရောဖက်အတုသည် ရုပ်တုကို တည်ဆောက်ပြီး လူတိုင်းသည် သူ၏ နာမသို့မဟုတ် နံပါတ်ကို လက်ခံရမည်ဟု ပြောလိမ့်မည်။ ထို့နောက် သူသည် ဤသားရဲ၏ အမှတ်တံဆိပ်မပါသောသူများသည် မည်သည့် ကုန် သွယ်မှုမှ မပြုရဟူသောအချက်ကို သူ၏ဝါဒအဖြစ်ချမှတ်လျှက် လူတိုင်းကို တားမြစ်လိမ့်မည်။ထို့ကြောင့်လူတိုင်းသည်သားရဲ၏နာမည်ပါသော အမှတ် တံဆိပ်ကို လက်ခံရန်လိုအပ်လိမ့်မည်။ အခန်းငယ် (၁၈) ၌ “ဤအရာ၌ ပညာရှိ၏။ ဉာဏ်ရှိသော သူသည် သားရဲ၏အရေအတွက်ကို ရေတွက်စေ၊ လူ၏ အရေအတွက်ဖြစ်၏။ (၆၆၆) ခြောက်ရာ ခြောက်ဆယ့်ခြောက်လည်း ဖြစ်၏။
တကယ်တမ်းဆိုလျှင်ဤအရာသည် ရိုးရိုးစင်းစင်းပင် ဖြစ်၏။ မည် သို့ ဆိုစေကာမူ ကျွန်ုပ်တို့သည် နံပတ် (၆၆၆) ကို ခက်ခဲရှုတ်ထွေးသော အရာကဲ့သို့ တွေးတောသည်။ ဤအရာသည် ရိုးရိုးလေး နှင့်ပင် အန္တီခရစ်၏ နာမည် သို့မဟုတ်သူ့ဂဏန်းကို ဆိုလိုခြင်းဖြစ်သည်။ သားရဲ၏ အမှတ်တံ ဆိပ်ကို လက်ခံခြင်းသည် သူ၏နာမည်၏ အမှတ်တံဆိပ်ကိုနဖူးပေါ်တွင် ဖြစ်စေ၊ ညာဖက်လက်ပေါ်တွင်ဖြစ်စေလက်ခံခြင်းပင် ဖြစ်သည်။ ဤအရာ သည် လူတစ်ဦး၏ခန္ဓာကဲ့သို့ အုပ်ချုပ်သူ၏နာမည်ကိုရိုက်နှိပ် ခြင်းပင်ဖြစ် သည်။ဂဏန်းစနစ်ကိုကွန်ပျူတာသင်္ကေတ၌ ထည့်သွင်းခြင်းပင် ဖြစ်သည်။
ဤအမှတ်အသားသည် နေရာတိုင်းတွင် လိုအပ်လိမ့်မည် ဖြစ်ပြီး တစ်စုံတစ်ဦးကတစ်စုံတစ်ခုဝယ်ယူရန် ကျိုးပန်းသည့်အခါတိုင်းတွင် လို အပ်လိမ့်မည် ဖြစ်သည်။သင်သည် ဘတ်စ်ကား စီးသည့်အခါတွင် ၌ပင် ဤ သင်၏ ကိုယ်ခန္ဓာ၌ ရိုက်နှိပ်ထားသော ဂဏန်းစနစ်ကို လိုအပ်လိမ့်မည်။ ဤဂဏန်းစနစ်မပါလျှင် သင်သည်ကန့်သတ်ထားခြင်းခံရ လိမ့်မည်။ ယနေ့ ခေတ်ကာလသည် ဤသို့သော ဂဏန်းစနစ်ကို အလွန်သုံးသည့် ခေတ် ဖြစ်သည်။ဤခေတ်သည်ဂဏန်းခေတ် ဖြစ်သည်။ အရာအားလုံးကို ဂဏန်း ဖြင့် ဘာသာပြန်ဆိုထားသကဲ့သို့ အလွန်အမင်း ခက်ခဲရှုတ်ထွေးသော အရာ သည်လည်းယခုအခါအလွန်အမင်းလွယ်ကူလာသည်။အလားတူခေတ်တစ် ခေတ်သည် သားရဲ၏ အမှတ်တံဆိပ်အတွက် ပေါ်လာလိမ့်မည်။
အန္တီခရစ်သည် သူ၏ကိုယ်ထဲမှ ရုပ်တုတစ်ခုပြုလုပ်ပြီး သူ့ကို ဘု ရားကဲ့သို့ ကိုးကွယ်သူတို့အား တောင်းဆိုလိမ့်မည်။ အကယ်စင်စစ် လူအ များက အန္တီခရစ်ကိုသူတို့ဘုရားအဖြစ်ခေါ်ရန် လိုအပ်သောအချိန် ရောက် လာလိမ့်မည်။ သူ့နာမည်ကို ချီးမွမ်းပြီး သူ့နာမည်ကို ဂုဏ်ပြုလျက် ပန် ကြားရလိမ့်မည်။ထို့နောက် သူ၏နာမည်ကို သူ၏ညာလက် သို့မဟုတ် နဖူး ပေါ်တွင် လက်ခံကြရလိမ့်မည်။ ထိုအရာကဲ့သို့သောအရာများ ဖြစ်ပေါ် လာ သောအခါ သန့်ရှင်းသူအားလုံးတို့သည် မာတုရများကဲ့သို့ ဆင်းရဲဒုက္ခ ခံ စားကြရမည်။အန္တီခရစ်သည်သန့်ရှင်းသူများအားဤအမှတ်တံဆိပ်ကိုလက် ခံရန်နှင့် သူတို့ ကိုးကွယ်ရန် တောင်းဆိုရင်း ဤသို့ ဆိုလိမ့်မည်။ “ယေရှုကို သင်တို့ ယုံကြည်သည့်အတွက် သင်တို့သူ့ကို ဘုရားကဲ့သို့ ယုံကြည်သည့် အတွက်သူ့ကို အဝေးသို့လွင့်ပစ်ကြသည်။ သူ့အစား ဤရုပ်တုရှေ့တွင် ဝပ် တွားပြီး ငါ့ကိုဘုရားဟု ခေါ်ကြသည်။ငါအလုံးစုံပြည့်စုံသူ ကဲ့သို့ ယုံကြည် ကြသည်။ ဤကဲ့သို့မလုပ်လျှင် သင်တို့သည်သေချာပေါက်အသတ်ခံရ လိမ့် မည်။
အန္တီခရစ်သည် ကမ္ဘာတစ်ဝှမ်းလုံးမှ တစ်ခုတည်းသော ယုံကြည် ခြင်းကို တောင်းဆိုလိမ့်မည်။ လူတိုင်းကို သူ့အားဘုရားကဲ့သို့ ကိုးကွယ်ကြ ရန် တောင်းဆိုလိမ့်မည်။ သူသည် ဘုရားဖြစ်ကြောင်းကို အချိန်၌ လက်မခံ သော သူများသည် အသတ်ခံရလိမ့်မည်။ အန္တီခရစ်သည် သူ့အား ဆန့်ကျင် ရပ်တည် နေကြသူ၊ သန့်ရှင်းသူ များအား လူသိရှင်ကြားလွတ်မြောက်ခြင်း ပြုလုပ်လိမ့်မည်။ 
သိုးသူငယ်၏အသက်စာစောင်ထဲတွင် နာမည်ရေးထိုးထားခြင်း မ ရှိသော သူမှန်သမျှသည် သူ၏အမှတ်တံဆိပ်ကို လက်ခံလျှက် သူ့ကိုကိုး ကွယ်ကြလိမ့်မည်။ကျွန်ုပ်တို့၏ စိတ်နှလုံးသားထဲတွင် အပြစ်မှုရွေးနှုတ် ခံရ ခြင်းကိုလက်ခံသောအခါသန့်ရှင်းသောဝိညာဉ်တော်သည်ကျွန်ုပ်တို့အထဲမှာ ကိန်းဝပ်မည်။ထို့နောက် ကျွန်ုပ်တို့၏နာမည်သည်ကောင်းကင်နိုင်ငံရှိအ သက် စာစောင်၌ရေးထိုးလျက် ရှိလိမ့်မည်။ကျွန်ုပ်တို့၏နာမည်များသည် အသက်စာစောင်ထဲ၌ရေးထားသဖြင့် လည်းကောင်း၊သန့်ရှင်းသော ဝိညာဉ် တော်သည် ကျွန်ုပ်တို့နှလုံးသားကို တံဆိပ်ခတ်နှိပ်ပြီးဖြစ်သဖြင့်လည်း ကောင်းဘုရားရှင်က ကျွန်ုပ်တို့အားခေါ်တော်မူသောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများအဖြစ်ချီဆောင်ခြင်း ခံရလိမ့်မည်။
ကျွန်ုပ်တို့အားကယ်တင်သောယေရှုခရစ်တော်ကို ကျွန်ုပ်တို့ အစဉ် အမြဲ မစွန့်လွှတ်နိုင်ဘူးလား။ ထို့နောက် သားရဲ၏ရုပ်တုကို ယခုအခါ ကျွန်ုပ်တို့၏ ဘုရားနှင့်ကယ်တင်ရှင်အဖြစ် မကြေငြာနိုင်ဘူးလား။ ကိစ္စမရှိ ပါ။ကျွန်ုပ်တို့သည်သူ၏ရှေ့တွင် မည်မျှမစုံလင်သူများဖြစ်စေမူ ကျွန်ုပ်တို့၏ သခင်ဘုရားသည် ဤလောကသို့လူ့ဇာတိအသွေးအသားအဖြစ် ခံယူလျက် ကြွလာပြီးသူ၏ရေနှစ်ခြင်းခံယူခြင်း အားဖြင့်ကျွန်ုပ်တို့၏ အပြစ်အားလုံးကို သူ့အပေါ်ယူတင်ပြီးကျွန်ုပ်တို့အပြစ်များကို သန့်ရှင်းစေလျှက် လက်ဝါးကား တိုင်၌ ကျွန်ုပ်တို့ကိုယ်စားအသေခံရန် အဆုံးအဖြတ်ခံယူလျှက် ကျွန်ုပ်တို့ ကို ကယ်တင်ပြီးဖြစ်သည်။
ထို့အတူ သခင်ဘုရားက ဤအရာများရောက်ရှိလာမည်ကို ကြို တင်၍ ကျွန်ုပ်တို့အားပြောပြခဲ့ပြီးဖြစ်သဖြင့် ကျွန်ုပ်တို့ သန့်ရှင်းသူများသည် အန္တီခရစ်၏အချိန်ကာလ၌ပင်ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို သစ္စာ မဖောက် နိုင်ပါ။ဘေးဒဏ်ကြီးကာလကျရောက်သည့်အချိန်သည်ကျွန်ုပ်တို့ထံရောက် ရှိလာပြီး ကျွန်ုပ်တို့၏သေခြင်းကလိုက်လာမည်ဖြစ်သော်ငြားလည်း ကျွန်ုပ် တို့သည် ကျွန်ုပ်တို့၏သခင်ဘုရားက ကျွန်ုပ်တို့၏မာတုရကဲ့သို့ ဆင်းရဲဒုက္ခ ခံရခြင်းလွန်ပြီးနောက်မကြာမီ ကျွန်ုပ်တို့အားထမြောက်စေပြီး ကျွန်ုပ်တို့ကို ချီဆောင်လျက် သူ၏ကောင်းကင်နိုင်ငံတော်ထဲတွင်နေထိုင်အောင် ပြုလုပ် ပေးမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်လျက်ရှိသည်။
ကျွန်ုပ်တို့၏ ချီဆောင်ခြင်းပြီးနောက် ဘုရားသခင်သည် ဤကမ္ဘာ ကြီးကိုသူ၏ဖလားခုနှစ်လုံးကပ်ရောဂါဘေးကြီးလောင်းချခြင်းဖြင့် ဖျက်ဆီး လိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်သောကြောင့် ဤအရာများ ပြီးစီး ပြီးနောက် ကျွန်ုပ်တို့သည် ကမ္ဘာမြေသို့ပြန်လည်ဆင်းသက်ကာ နှစ်တစ် ထောင်ကာလကို အုပ်စိုးကြမည်ဖြစ်သဖြင့် ကျွန်ုပ်တို့ဘယ်တော့မှ ရုပ်ထု ကို ဒူးမထောက်နိုင်ပါ။ ဤသည်မှာဘာကြောင့် ဘုရားသခင်၏ အစေခံ ကျွန်များနှင့် သန့်ရှင်းသူများက သူတို့၏အသက်ကို လိုလားစွာ စွန့်လွှတ် လိမ့်မည်ဆိုသည်ကို ပြသခြင်း ဖြစ်သည်။
ထို့နောက် ပရောဖက်အတုသည် ကျွန်ုပ်တို့အား အခြားနည်းဖြင့် သိမ်းသွင်း စည်းရုံး လိမ့်မည်။ သူသည် ကျွန်ုပ်တို့အား ဝယ်ရန် ကျိုးပမ်းရာ၌ ဤသို့ ပြောလိမ့်မည် “ကြည့်ပါ ယခုအခါ ဤကမ္ဘာကြီး၏ပရမ်းပတာ ဖြစ်ခြင်းသည် ဆက်တိုက်ထကြွသောင်းကျန်းလျက် ရှိနေပြီး အသိပညာ ရှိသူများ၊ ပညာရှင်များအပါဝင် လူတိုင်းသည် ကျွန်ုပ်တို့၏အမြင့်ဆုံး ခေါင်း ဆောင်ကို ဘုရားကဲ့သို့ယုံကြည်ပြီး သူ့နောက်လိုက်ကြပြီ။ သင်သည် မည် ကဲ့သို့ ကျွန်ုပ်တို့၏အကြွင်းမဲ့ ဘုရင်ကို ဆက်လက် ငြင်းဆန် နိုင်မည်နည်း။ သို့သော် ကျွန်ုပ်တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို သိရှိပြီးအမြဲ တမ်းယုံကြည်နေမည်ဆိုလျှင် နောက်ဆုံးအချိန်၌ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ၏မာတုရကဲ့သို့ဆင်းက္ခခံစားရခြင်းကိုပွေ့ဖက်လျက်အောင်ပွဲခံကြမည် ဖြစ် သည်။
ဗျာဒိတ်ကျမ်း အခန်းကြီး (၁၄) တွင် ဘုရားသခင်၏ ဂုဏ်တော်ကို ကောင်းကင်ဘုံ၌ ချီးမွမ်းနေသည့် (၁၄၄၀ဝ၀)သော သန့်ရှင်းသူများ ပေါ် လာသည်။ ဤအရာကသန့်ရှင်းသူများ၏အာဇာနည် ဘဝဖြင့်ဆင်းရဲဒုက္ခ ခံရခြင်းနောက်ကထမြောက်ခြင်းနှင့်ချီဆောင်ခြင်းကို လိုက်လာလျက် ရှိ ကြောင်း ပြောပြပါသည်။ မည်သည့် ကျမ်းပိုဒ်၌မဆိုရှင်ပေါလု ပြောပြသော ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းသို့မဟုတ် ဘုရားသခင်၏ အစေခံ ကျွန်များ၏ပရောဖက်ပြုချက်များကိုဓမ္မဟောင်းကျမ်း၌လည်းကောင်း၊ ချီ ဆောင်ခြင်းအကြောင်းကိုလည်း ကျွန်ုပ်တို့တွေ့နိုင်ပြီး သန့်ရှင်းသူများသည် လေထုထဲသို့ ချီမခံရပြီး သခင်ဘုရားနှင့်အတူ သိုးသူငယ်မင်္ဂလာဆောင် ညစာစားပွဲသို့တက်ရောက်ရမည့်အကြောင်းများကိုလည်းတွေ့နိုင်ပါသည်။ သန့်ရှင်းသူများသည် ဤမင်္ဂလာဆောင်ညစာစားပွဲသို့ဝင်ရောက်ကြလိမ့် မည်။
ထို့နောက် သန့်ရှင်းသူများကောင်းကင်ဘုံ၌ သိုးသူငယ် မင်္ဂလာ ဆောင် ညစာစားပွဲသို့ဝင်ရောက်ပြီးသောအခါ ဖလားခုနှစ်လုံး၏ ကပ် ရောဂါဘေးကြီးများသည် ဤကမ္ဘာသို့ကျရောက် သွန်းလောင်းလိမ့်မည် ဖြစ် ပြီး တစ်ကမ္ဘာလုံး သုံးမရအောင် ပျက်စီး လိမ့်မည်။ ထို့နောက် ကမ္ဘာ မြေကြီးသည် အသစ်ပြန်ဖြစ် လိမ့်မည်။ သန့်ရှင်းသူ တို့သည်လည်း သခင်ဘုရားနှင့် အတူ ကမ္ဘာပေါ်သို့ ဆင်းသက်ကြပြီး အသစ် ပေါ်လာမည့် နှစ်တစ်ထောင် အုပ်စိုးခြင်း တည်းဟူသော ခရစ်တော်၏ နိုင်ငံတော်ကို အုပ်စိုးကြ လိမ့်မည်။ ဤ အချက်အလက် အားလုံးကို ကျွန်ုပ်တို့ သိပြီးသော အခါအန္တီခရစ်ကိုဘုရားအဖြစ် တကယ်ပင်ခေါ်ဆိုနိုင်ပါမည်လား။ အကယ် ၍ သူသည် သူ၏အလျော့ပေးပြီး ကျေနပ်အောင်လုပ်ခြင်းနှင့် ဆွဲဆောင် သိမ်းသွင်းခြင်းအမျိုးမျိုးဖြင့်သူ့အား ဒူးထောက်ပြီး သူ၏ရုပ်တုရှေ့မှာ သူ့ကို ဘုရားအဖြစ်ကိုးကွယ်စေခြင်းများကို စွန့်လွှတ်မည်ဆိုလျှင် ကျွန်ုပ်တို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို စွန့်လွှတ်မည်လား။ မစွန့်လွှတ်ပါ။ 
ကျမ်းစာထဲတွင်ဤသို့ရေးထားသည့်အတိုင်း “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက် ပြုနေခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏”(ဟေဗြဲ ၁၁း၁) ပရော ဖက်တို့သည်ရားသခင်ကနောင်ဖြစ်လာမည့်အရာကို ကြိုတင်၍ ပြောထား သည့်အတိုင်း ယုံကြည်ကြသည်။ဘုရားသခင်၏လူများနှင့် အစေခံကျွန်များ ဖြစ်ပြီး နှုတ်ကပတ်တော်ကို ယုံကြည်သောသူ အားလုံးတို့သည် ယစ်ပရော ဟိတ်နှင့်ပရောဖက်များ ဖြစ်ကြသည်။ အပြစ်မှရွေးနှုတ်ခြင်း သတင်း ကောင်းကို ကမ္ဘာတစ်လွှားရှိလူတိုင်းသို့ ကျွန်ုပ်တို့အား ဟောပြောစေခြင်း ဖြင့် ဘုရားသခင်သည် ဝိညာဉ်များစွာကို သူတို့၏အပြစ်မှရွေးနှုတ်ခြင်းကို လက်ခံစေရန် ဦးဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့၏သခင်ဘုရားသည် သူ၏ ရှေ့၌ ကျွန်ုပ်တို့၏မစုံလင်မှုများကိုဂရုစိုက် အလေးထားခြင်းမပြုဘဲ ကျွန်ုပ် တို့အားကယ်တင်ခဲ့သည့်အတိုင်းတွင် ဤအခိုက်အတန့်လေး မတိုင်မီ အထိ မှာပင် ဘုရားသခင်သည် ကျွန်ုပ်တို့အားသူ၏လူများ ဖြစ်စေသည်။ သူသည် ကျွန်ုပ်တို့အားချစ်သည်။လမ်းညွှန်သည်။ထို့နောက် ကျွန်ုပ်တို့အား မပြောင်း လဲဘဲ အစဉ် ကောင်းချီး ပေးလျက် ရှိသည်။
သခင်ဘုရားသည် ကျွန်ုပ်တို့အားကျွန်ုပ်တို့၏ငြိမ်သက် ဝိညာဉ် တော်ကို ကျွန်ုပ်တို့အားပေးဆပ်ခြင်းဖြင့် ကျွန်ုပ်တို့၏မျှော်လင့်ချက် နေရာ ကို ကောင်းကင်နိုင်ငံတော်၌ တည်နေရန် လုပ်ဆောင်ပေးသည်။ ဤသို့ဖြင့် အန္တီခရစ်က သူ့အားဘုရားကဲ့သို့ကိုးကွယ်ရန် ကျွန်ုပ်တို့အား ပြောသော အခါ သူ့အား ကျွန်ုပ်တို့မကူညီနိုင်ပါ။ သို့သော် ကျွန်ုပ်တို့၏နှလုံးသားထဲမှ နက်ရှိုင်းစွာ သူ့အား ဆန့်ကျင်ကြသည်။
ပထမတွင် ကျွန်ုပ်တို့သည် ဖုံးကွယ်မထားသော အဖြစ်အပျက် များကြောင့်လန့်ဖြန့်သွားကြသော်လည်း ဘုရားသခင်ပြောပြခဲ့သော အချိန် ကာလသည် နောက်ဆုံး၌ရောက်လာပြီ။ ထိုသည်ကို ရုတ်တရက် ကျွန်ုပ်တို့ နားလည် သဘောပေါက်လာကြသည်။ ထို့နောက် ကျွန်ုပ်တို့ သန့်ရှင်းသူ များသည် ကျွန်ုပ်တို့၏တည်ငြိမ်အေးဆေးမှုကို ပြန်လည်အုပ်စိုးလာနိုင်မှာ ဖြစ်ပြီးအန္တီခရစ်ကိုစတင် ခုခံကြလိမ့်မည်။ "ဒါကြောင့်သင်ဟာ သင့်ကိုယ် သင် ဘုရားစစ်ဖြစ်တယ်လို့ ထင်နေသလား။ စင်္ကြာဝဠာကြီးကို သင် ဖန် ဆင်းသလား။ လူသားတွေကို သင်ဖန်ဆင်းတာလား။ သင်ဟာ လူဝိညာဉ် များ၏အရှင်သခင်တကယ်ဖြစ်သလား။"ဤအရာများသည် ကျွန်ုပ်တို့ ဆန့် ကျင်တိုက်ခိုက်ရလိမ့်မည်ဖြစ်သောအန္တီခရစ်၏စကားလုံးများ ဖြစ်သည်။
အန္တီခရစ်ကသန့်ရှင်းသူများနှင့်ဘုရားသခင်၏ အစေခံကျွန်များကို သတ်ဖြတ်သောအခါ ထိုအချိန်တွင်ပင် ကျွန်ုပ်တို့လည်း သေရလိမ့်မည်။ ဤနေရာတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြောင်းအလဲ တစ်ခု တစ်လေမျှ လုပ်လိမ့်မည် မဟုတ်ပါ။ ယုံကြည်ခြင်းသည် အကြပ်ကိုင်ခြင်းမှ လာသည် မဟုတ်ပါ။သို့မဟုတ် ယုံကြည်ခြင်းသည် ဆင်ခြင်တွေးခေါ်မှု အင် အားမှပေါ်လာခြင်းလား ဒါမှမဟုတ် ပျောက်ကွယ်ခြင်းလား။ အမှန်အားဖြင့် စစ်မှန်သော ယုံကြည်ချက်သည် အကြပ်ကိုင်ခြင်းကို ကျော်လွှား နိုင်သည့် ထိ ကြီးမားသော အင်အားတန်ခိုးရှိသည်။ ထို့ကြောင့် သန့်ရှင်းသူတို့သည် အာဇာနည်တို့၏ ဆင်းရဲဒုက္ခကို ခံကြရလိမ့်မည်။ ထို့နောက်အန္တီခရစ်သည် သန့်ရှင်းသူများကို ရှုံးနိမ့်ပြီး နိဂုံး ချုပ်လိမ့်မည်။
အန္တီခရစ်သည် ရုပ်ထုပိုပြုလုပ်ပြီး သန့်ရှင်းသူတို့ကို သူ့အား ဘုရားကဲ့သို့ကိုးကွယ်ရန် တောင်းဆိုလာသောအခါ သန့်ရှင်းသူများနှင့် ဘုရားသခင်၏ကျွန်ုပ်တို့သည်သူ့ကိုဤသို့အော်ဟစ်ကြလိမ့်မည်။ "သင်ဟာ ဘုရား ကျွန်လား၊ စာတန်ကျွန်လား၊ ရေနှင့်ဝိညာဉ်သတင်းကောင်းကို မင်း သိသလား။ မင်းခရစ်တော်ကို သိသလား၊ ဘုရားဖြစ်တယ် ဆိုတာ မှန်သလား။ယေရှုခရစ်တော်ဒီကမ္ဘာကို ပြန်လာတဲ့အခါမင်းလို လူစားမျိုးကို အနက်ဆုံး ကျင်းဖြစ်တဲ့ငရဲထဲမှာ ချပစ် လိမ့်မည်။"နားလည်လား စာတန်ရဲ့ သား"အန္တီခရစ်နှင့် သူ့လူများတို့သည် သန့်ရှင်းသူများကို သတ်ကြ လိမ့် မည်။ သန့်ရှင်းသူများသည် သူတို့ဘုရားသခင်အတွက် အာဇာနည် ကဲ့သို့ ဒုက္ခဆင်းရဲ ခံရခြင်းကို ပျော်ရွှင်စွာ ပွေ့ဖက်ကြလိမ့်မည်။
အခန်းငယ် (၁၀) က ကျွန်ုပ်တို့အား ဤသို့ ပြောပါသည်။ "ဓားနှင့် သတ်တတ်သူသည်လည်း ကိုယ်တိုင်ဓားနှင့် သေရမည်။" ဆိုလိုသည်မှာ အန္တီခရစ်က သန့်ရှင်းသူများကိုသတ်လျှင် ဘုရားသခင်ကလည်း သူနှင့်သူ့ နောက်လိုက်များကို အဆုံးမရှိသော ကျင်းထဲသို့ ချပစ်လိမ့်မည်။ ဘုရားသ ခင်အား ဆန့်ကျင်ပြီးသန့်ရှင်းသူတို့ကို ညှင်းပန်း နှိပ်စက်သူတို့သည်လည်း ဘုရားသခင်၏ ပို၍ ကြီးမားသည့် ညှင်းပန်းနှိပ်စက်မှုကို ခံရလိမ့်မည်။
ဤသို့ဖြင့်ကျွန်ုပ်တို့သည်အန္တီခရစ်ကို ဆန့်ကျင်ရပ်တည်ရန်အ တွက် ကျွန်ုပ်တို့၌ ဇွဲလုံ့လဝိရိယရှိသော ယုံကြည်ခြင်း ရှိရမည်။ ထိုအချိန်၌ သန့်ရှင်းသူများကိုနှိပ်စက် ညှင်းပန်းမည့်အချိန် ကာလသည် သုံးနှစ်ခွဲ ကြာ အတွင်း အားလုံးအတူတကွ ပြီးစီးသွားလိမ့်မည်။ သို့သော် ဘုရားသခင် သည် သန့်ရှင်းသူများ၏နှိပ်စက်ညှင်းပန်းမှု ကာလနှင့်ဘေးဒဏ်ကြီး ကာလ ကိုလအနည်းငယ်ဖြစ်စေ၊ နှစ်ပတ်ကြာမျှဖြစ်စေ၊ နှုတ်ယူပြီးအချိန်ကိုတို တောင်းစေလိမ့်မည်။ သန့်ရှင်းသူများတို့သည် အာဇာနည်ကဲ့သို့ သေခြင်း ဖြင့် သေရသော်လည်းသူတို့ ပြန်ရှင်ကြလိမ့်မည်။ သူတို့သည်ထမြောက် လာကြပြီး၊ ချီဆောင်ခြင်းခံရကာယေရှုခရစ်တော်နှင့်အတူနှစ်တစ်ထောင် နိုင်ငံကို အုပ်စိုးခွင့် တည်းဟူသော ကောင်းချီးမင်္ဂလာ ခံစားကြရမည်။
နှစ်တစ်ထောင်အုပ်စိုးခြင်းကာလရောက်ရှိလာသောအခါ၊ သဘာဝ သည် အလှဆုံးအဆင့်သို့ ရောက်လိမ့်မည်။ သန့်ရှင်းသူများသည်လည်း သူတို့၏အသွေးအသား ဟောင်းမှပြောင်းလဲလာသော ခန္ဓာသစ်ဖြင့်၊ သခင် ဘုရားနှင့်အတူ အုပ်စိုးကြလိမ့်မည်။ ဤသို့ဖြင့်သူတို့သည် ကောင်းကင်သစ် နှင့် မြေကြီးသစ်တွင် သခင်ဘုရားနှင့်အတူ ပျော်ရွှင်စွာ နေထိုင် ကြလိမ့် မည်။ ဤအရာများကို ကျွန်ုပ်တို့သည် မည်သို့သိနိုင်ပြီး၊ မည်သို့ယုံကြည် နိုင်မည်နည်း။ အချိန်တိုအတွင်းနောက်ဆုံးခံစားခဲ့ရသော ဆင်းရဲဒုက္ခများ ဇွဲရှိရှိ မခံနိုင်လျှင် သိရမည် မဟုတ်ပါ။ ယင်းအရာများသည် ယေရှုခရစ်အား ကျွန်ုပ်တို့ ယုံကြည်သောကြောင့် ရောက်လာသော ဒုက္ခများ ဖြစ်သည်။
မရေမတွက် နိုင်သောသန့်ရှင်းသူများသည် မာတုရတို့၏ သေခြင်း ကို ခံကြရမည် ဖြစ်သော်ငြားလည်း၊ ထိုအချိန်ရှိ ဘေးဒဏ်ကြီးကာလသည် အလွန်ကြမ်းတမ်းသော်လည်း အကြောင်းမဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ သည်လည်း ကျွန်ုပ်တို့၏မာတုရတို့၏သေခြင်းကို သူတို့ကဲ့သို့ မခံယူ နိုင် စရာအကြောင်းမရှိပါ။ ဤအရာအားလုံးသည် အမှန်ဖြစ်ပါသည်။ ကျွန်ုပ်တို့ သည် ကမ္ဘာပေါ်တွင် ကျရောက်မည့်ဘေးဒဏ်ကြီးကာလ အချိန်တိုလေးကို မည်သည့်အခါမျှအရှုံးပေမည်မဟုတ်ပါ။နောက်ထပ် ဥပမာအနေဖြင့် ကမ္ဘာ ကြီးသည် နှစ်တစ်ထောင်ကာလအတွက် ပါရဒိသုခဘုံအဖြစ် ပြောင်းလဲ ဖြစ်သဖြင့် ကျွန်ုပ်တို့သည် မည်သည့်နည်းနှင့်မျှ အန္တီခရစ်ကိုအရှုံး မပေးနိုင် ပါ။ ဤအရာအားလုံးသည် ကျွန်ုပ်တို့နှင့်မဝေးပါ။ အလွန်နီးကပ် လာသော အချိန်တွင် ရောက်လာပါလိမ့်မည်။
ထို့ကြောင့် ကမ္ဘာကြီး၌ငြိမ်သက်ခြင်းရှိနေစဉ် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယခုဟောပြောကြရမည်။ ဘေး ဒဏ်ကြီး ကာလအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျွန်ုပ်တို့သည် ရေနှင့် ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကို ယခုပင် စိတ်အားထက်သန်စွာ ဖြန့်ဝေရမည်။တစ်နှစ်ကြာကာလအတွင်းကျွန်ုပ်တို့ဟောပြောသောသတင်း ကောင်းသည်အလွန်အံ့သြဖွယ်ကောင်းသောအလုပ်ကိုလုပ်ပြလိမ့်မည်။ နိုင်ငံအလိုက်၊နိုင်ငံတကာအလိုက် အံ့သြဖွယ်ကောင်းသော သတင်းကောင်း ၏ အလုပ်သည်ပေါ်လာလိမ့်မည်။ လူတို့သည် ရေနှင့်ဝိညာဉ်ဆိုင်ရာ သ တင်းကောင်းကို ပထမ၌ပေါ့ပေါ့ပါးပါးပင် ရယူကြလိမ့်မည်။ သို့သော် ဗျာ ဒိတ်ကျမ်းပါနှုတ်ကပတ်တော်ကိုမသိသောသူများသည်ရေနှင့် ဝိညာဉ်ဆိုင် ရာ သတင်းကောင်းကို ရှာဖွေကြားနာဖို့ရန် ပြန်လာကြလိမ့်မည်။ အ ဘယ့်ကြောင့်ဆိုသော်သူတို့သည်ဗျာဒိတ်ကျမ်းပါ နှုတ်ကပတ် တော်များကို အထူးစိတ်ဝင်စားလာကြပြီး ၄င်းကို ပေါ့ပေါ့ဆဆနှင့်မခံယူနိုင်ကြသော ကြောင့် ဖြစ်သည်။ 
ဗျာဒိတ်ကျမ်း(၁၃)သည်သန့်ရှင်းသူများ၏အသေခံခြင်းအကြောင်းဖြစ်သည်။အသေခံရမည့် ကာလရောက်လာသောအခါ သန့်ရှင်းသူ တို့သည် ဓားဖြင့်လည်းကောင်း၊သေနတ်ဖြင့်လည်းကောင်းအသတ်ခံကြရလိမ့်မည်။ ထို့ကြောင့် လူပေါင်းများစွာသည် အန္တီခရစ်လက်ဖြင့် အသတ်ခံကြရ လိမ့် မည်။ သို့သော် ကျွန်ုပ်တို့သည် သေခြင်းကို ကြောက်ရွံ့ခြင်း မရှိဘဲ ရင်ဆိုင် နိုင်ကြမည်။ အဘယ်ကြောင့်ဆိုသော်ဤသေခြင်းသည် ကျွန်ုပ်တို့ အသွေး အသားသေခြင်းသာဖြစ်ပြီး ကျွန်ုပ်တို့၏ ယုံကြည်ကိုယ်တိုင်မဟုတ်ပါ။ ကျွန်ုပ်တို့၏ ယုံကြည်ချက်နှင့်သန့်ရှင်းသောဝိညာဉ်တော်ပြည့်ဝခြင်း ကျွန်ုပ် တို့သည် မယုံကြည်နိုင်လောက်သောသတ္တိရှိသည့် စကားလုံးများဖြင့် အော် ဟစ်ကြွေးကြော်လိမ့်မည်။
အကယ်၍သင်သည်စကားပြောမကောင်းဘဲသတ္တိကြောင်နေလျှင် လည်း ကြောက်စရာတစ်ခုမျှ မရှိပါ။ ရှေးဦးကာလအသင်းတော်များ ကာလ ရှိ ရှေးဦးသန့်ရှင်းသူများအကြောင်းကို တွေးကြည့်ပါ။ ထိုအချိန်က သန့်ရှင်း သူများသည်စာတန်ကိုအရှုံးမပေးခဲ့ကြချေ။ အဘယ့်ကြောင့် ဆိုသော် သူတို့ သည် တစ်ဦးတည်းအသတ်ခံရခြင်းမရှိဘဲ အတူတကွ အသတ်ခံရပြီး သန့် ရှင်းသောဝိညာဉ်တော်နှင့်လည်း ပြည့်ဝနေကြသောကြောင့်ဖြစ်သည်။ ယေ ရှုက ကျွန်ုပ်တို့ကိုပြောပြခဲ့သောအရာကို စဉ်းစားကြည့်ကြပါစို့။ "သင်တို့ကို အပ်နှံသောအခါအဘယ်သို့ပြောရမည်ကိုမစိုးရိမ်ကြနှင့်ပြောရသော စကား ကို ထိုခဏချင်းတွင်သင်တို့သည် ရကြလိမ့်မည်။ အကြောင်းမူကား သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့ ဘဝ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။(မဿဲ ၁၀း၁၉-၂၀) ဘုရားသခင်၏ နိုင်ငံ တော် ဝင်စားဘို့ရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်၏ လူများကဲ့သို့ အသေသတ်ခြင်း၊ ခံစားရခြင်းမလုပ်နိုင်ဘူးလား။ ကျွန်ုပ်တို့ ဒီအရာအား လုံးကို ခံနိုင်ပါသည်။
အန္တီခရစ်ခေါ်အကြွင်းမဲ့အာဏာရှင် တစ်ဦးခဏတာမျှ အုပ်စိုးနေ စဉ် ဤကမ္ဘာကြီးသည်ဘုရားသခင်၏တံပိုး ခုနှစ်လက်ကပ်ရောဂါ ဘေးဖြင့် အလုံးစုံ ပျက်ဆီးသွားလိမ့်မည်။ ထို့နောက်ကျွန်ုပ်တို့သည် မည်ကဲ့သို့ ဤ ကမ္ဘာမှ တစ်စုံတစ်ယောက်ထာဝရကောင်းကင်သို့ ပြောင်းလဲ နိုင်မည် နည်း။ အကြောင်းမဟုတ်ပါ၊ ဤအရာမည်မျှသာယာ လိမ့်မည်နည်း။ ကမ္ဘာ ကြီးသည် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်လောက်အောင် ပြောင်းလဲ လာ သောအခါ မြစ်ရေတို့သည် ခါးသောရေသို့ ပြောင်းလဲပြီးပင်လယ်သည် သွေးဖြစ်လျက်သဘာဝသည် သုံးမရအောင်ပျက်စီးကာ ကျွန်ုပ်တို့ သည် လည်းကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ယုံကြည်ချက်ကို သစ္စာဖောက်ရန် ပြုလုပ် ဖို့ ကြိုးပမ်းနေသော ရက်စက်ယုတ်မာသည့်လူအား အရှုံးပေးရန် အနည်း ငယ်သာ လိုတော့သည်။
ကျွန်ုပ်တို့၏ အသေခံရသည့်နေ့မှစ၍ ကမ္ဘာပေါ်တွင် ကျန်ရှိနေ သေးသောသူတို့ကို အမျိုးအမည်မခွဲခြားနိုင်သော ကူးစက် ရောဂါသည် ပြင်းပြင်းထန်ထန်ကျရောက်ပြီး အပင်တို့သည်လည်း မရိတ်သိမ်းဖြစ်ကာ ခြောက်သွေ့လျက်အချို့မှာ မိုးသီးကြောင့်လွင့်ပျက်ခြင်းတို့က စောင့်ကြို လျက်ရှိသည်။ ယင်းကဲ့သို့သောကမ္ဘာထဲတွင် ယုံကြည်မှုကို ဘေးဖယ်လျှက် မည်သူမျှ ကြာရှည်အသက် ရှင်လိုမည်မဟုတ်ပေ။
ဗျာဒိတ်ကျမ်းက အနာဂတ်တွင် ကျရောက်လာမည့် အရာများကို ကျွန်ုပ်တို့အား ဖော်ပြနေပါသည်။ မြင်းနက်၏ ယနေ့ ကာလသည် အနည်း ငယ် ရှေ့သို့ တိုးလာသောအခါ မြင်းမွဲကာလသည် တကယ်ရောက်ရှိ လာ လိမ့်မည်။ ကျွန်ုပ်တို့အရှင်ဘုရားသည် မကြာမီပြန်လာလိမ့်မည်။ သခင်ဘု ရား ပြန်ကြွလာမည့်အချိန် အလွန်နီးကပ်နေပြီဖြစ်သဖြင့် သင်၏ပိုင်ဆိုင် မှုများအားလုံးကို စွန့်လွှတ်ပါဟု ကျွန်ုပ်မပြောလိုပါ။ ၄င်းအစား ကျွန်ုပ်တို့ သည်အန္တီခရစ်ပေါ်ထွက်လာမည့် နေ့ရက်မတိုင်မီအထိ ယခုထက် ပိုမိုသစ္စာ ရှိပြီး မပြောင်းမလဲဘဲသခင်ဘုရားကို ဆက်လက်အမှုထမ်းရန် ဖြစ်ပါသည်။
အကယ်၍ သင်သည်ယခုစိတ်ဒုက္ခာရောက်နေပြီး စိတ်မချမ်းမသာ ဖြစ်နေလျှင်အခွင့်အရေးအနည်းငယ်စောင့်စားခြင်းဖြင့် သင်သည် ကြာကြာ ပူပန်သောကရောက်ရမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည်အာဇာနည်များဖြစ် လာ ကြလိမ့်မည်ကို သိထားလျှင် ကျွန်ုပ်တို့၏စိတ်နှလုံးသည် ပြန်လည် ငြိမ်သက် သန့်ရှင်းနေလိမ့်မည်။ ကျွန်ုပ်တို့သည် အာဇာနည်ဘဝကို ခံယူနေ စဉ်မည်သည့်လောကများ ကျွန်ုပ်တို့တွင် ကျန်ရစ်နေပါသနည်း။ အကယ်၍ ကျွန်ုပ်တို့တွင်တစ်စုံတစ်ခုသောဆန္ဒကျန်ရှိနေသေးသည်ဆိုလျှင်ယင်းသည် တစ်ကမ္ဘာလုံးရှိ လူအားလုံးထံသို့ သတင်းကောင်းဝေငှခြင်းပင် ဖြစ်လိမ့် မည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌သန့်ရှင်းသူမြောက် များစွာတို့ သည် ဤသတင်းကောင်းကိုယုံကြည်ခြင်းဖြင့် ကယ်တင်ခံရပြီး အာဇာနည် ဘဝ ရောက်ကြလိမ့်မည်။ထိုသို့သောနည်းဖြင့်ကောင်းကင်သစ်နှင့် မြေကြီး သစ်ကို ရရှိကြလိမ့်မည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အားမာတုရဖြစ်ရခြင်း ကောင်းချီးကို ပေးအပ်ပါသည်။မည်သူမျှ မာတုရသက်သက် မဖြစ်နိုင်။ မည်သူမျှလည်း သခင်ဘုရားကို မယုံကြည်နိုင်၊ ဤကဲ့သို့သောကောင်းချီးများပေးသည့် အတွက်ဘုရားသခင်ကို ကျွန်ုပ်အလွန်ကျေးဇူးတင်သည်။ ကျွန်ုပ်သည် ယုံ ကြည်ချက်အတွက်အသေခံရမည်ဆိုသောအချက်အပေါ်၌သာ ကျွန်ုပ်ပျော် ရွှင်သည်။ ကျွန်ုပ်တို့တွင် ဤကမ္ဘာ၌ မျှော်လင့်ချက်သော်လည်းကောင်း၊ တာရှည်ခံသောသံယောဇဉ်သော်လည်းကောင်း မရှိပါ။အာဇာနည် အဖြစ် အသေခံရခြင်းသည်ကျွန်ုပ်တို့အတွက်ကြီးမားသည့်ပျော်ရွှင်မှုပင် ဖြစ်သည်။
ကျွန်ုပ်လုပ်နိုင်သောအရာများမှာဘုရားသခင်ကကျွန်ုပ်တို့ အတွက် ပြင်ဆင်ပေးထားသော နှစ်တစ်ထောင်အုပ်စိုးမှုကာလကို မျှော်လင့်ခြင်း၊ သခင်ဘုရား ပြန်မကြွလာမီအထိ၊ ကမ္ဘာအနှံ့သတင်းကောင်းကို ဖြန့်ချီဖို့ ကြိုးပမ်းရန် ကျွန်ုပ်တို့၏အသက်တာကို ဆက်လက်ရှင်သန်စေခြင်း၊ သူ ပြန်လာသည့်အခါကျွန်ုပ်တို့မျှော်လင့်သောနေရာမှပျော်ရွှင်စွာကြိုဆိုကြရန် တို့ဖြစ်ပါသည်။ဤအရာများအမှန်တကယ်ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ကျမ်းစာအားဖြင့် ယုံကြည်ကြပါစို့။
အန္တီခရစ်၏ အမှတ်တံဆိပ်ကို ကျွန်ုပ်တို့ လက်မခံ နိုင်ပါ။ အဘယ့် ကြောင့်ဆိုသော်ကျွန်ုပ်တို့သည်ကောင်းကင်နိုင်ငံတော်၏နိုင်ငံသားများ ဖြစ် သောကြောင့် ဖြစ်သည်။ ဤအမှတ်တံဆိပ်ကို လက်ခံခြင်းသည် ပုဂ္ဂိုလ် တစ်ဦးချင်း၏ရွေးချယ်ရမည့်ကိစ္စ ဖြစ်သည်။ ရုပ်ပိုင်ဆိုင်ရာအင်အားဖြင့် လုပ်နိုင်သောအရာမဟုတ်ပါ။သို့သော်နှလုံးသား၏လက်ခံမှုဖြင့်သာလုပ်နိုင် ပါသည်။
ကျွန်ုပ်တို့၏ ကလေးများပင်လျှင် အကယ်၍ သတင်းကောင်း သည်သူတို့နှလုံးသား၌အခြေတည်နေလျှင်၊ အရွယ်ရောက်ပြီး သူများ ထက် ပင်မာတုရကဲ့သို့သေရခြင်းကို ရဲဝံ့စွာခံယူနိုင်ကြမည် ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် သူတို့သည်လည်း၊သန့်ရှင်းသောဝိညာဉ်သူတို့ထဲ၌ ကိန်း အောင်းနေသောကြောင့်ဖြစ်သည်။ အရွယ်ရောက်ပြီးသူများက ယေရှုသည် သူတို့၏ကယ်တင်ရှင်ဖြစ်ကြောင်းဝန်ခံသကဲ့သို့၊သန့်ရှင်းသောဝိညာဉ်တော် သည် သူတို့နှလုံးထဲ၌ရှိနေလျှင်သူတို့လည်းယေရှုသည် သူတို့၏ ကယ်တင် ရှင်နှင့် ဘုရားဖြစ်ကြောင်းသေချာပေါက် ဝန်ခံကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် အန္တီခရစ်ရှေ့သို့ ‘ရွတ်တိုက် အဆွဲခံရသောအခါ မည်သို့ ပြောရမည် ကို စဉ်းစားရန်မလိုဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ မည်သို့ ပြောရမည်ကို ကိုယ်နှလုံးသားထဲ၌ ထည့်သွင်းပေးလိမ့်မည်။
သူသခင်၏သားသမီးများသည်လည်း သူတို့သည် ဝိညာဉ်ရေးရာ၌ ငယ်ရွယ်ပြီးအားနည်းကြသဖြင့် ကြောက်ရွံ့စိုးရိမ်မှု ရှိနိုင်ပါသည်။ သို့သော် သူတို့အထဲတွင်ရှိသောသန့်ရှင်းသောဝိညာဉ်သည်မကြောက်တတ်ပါ။သူတို့ သည် မာတုရ ကဲ့သို့ သူတို့အထဲတွင် ကိန်းအောင်းနေသော သန့်ရှင်းသော ဝိညာဉ်တော်စွမ်းအားဖြင့် မာတုရကဲ့သို့ညှင်းပန်းခြင်းခံရမည်။ အဘယ့် ကြောင့်ဆိုသော် သူတို့သည်လည်း ဘုရားသခင်ပိုင်ဆိုင်ထားသူများဖြစ်ပြီး၊ သူတို့၏ကိုယ်ခန္ဓာအားအသစ်ခံစေပြီး သူတို့၏ဝိညာဉ်ကိုမှုသူလက်ခံ လိမ့် မည်။ ထို့နောက်သူတို့ကိုလည်းပို၍ကောင်းမွန်သော ကမ္ဘာ၌အုပ်ချုပ်ရန် အ တွက် သူတို့အား ဆုချလိမ့်မည်။
ဘုရားသခင်သည် ရေနှင့်ဝိညာဉ်အားဖြင့်ဒုတိယအကြိမ် မွေးဖွား ခြင်းခံရပြီး သူတို့၏နှလုံးသားထဲသို့ သူ၏နှုတ်ကပတ်တော်ဖြည့်ဆည်း ပေး လိမ့်မည်။အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏အရွေးချယ်ခံရပြီး ဘုရား သခင်၏ လက်ခံသော သူသည်သာလျှင် မာတုရ ကဲ့သို့ ခံစားခွင့် ရှိသည်။ ဘုရားသခင်သည်ကျွန်ုပ်တို့တွင်ကျွန်ုပ်တို့နှလုံးသားထဲ၌ ကိန်းအောင်းနေ သော ဝိညာဉ်တော်ရှိပြီး ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်း ကောင်းကို ယုံကြည်သည်။ ကျွန်ုပ်တို့အားလုံးသည် နှစ်တစ်ထောင် အုပ်စိုး ခြင်းတည်းဟူသော ဆုလဒ်ကိုလက်ခံရရှိလိမ့်မည်။ကောင်းကင်သစ်နှင့် မြေ ကြီးသစ်၏ ဂုဏ်တော်ကိုလည်း ခံစားရလိမ့်မည်။
နောက်ဆုံးသောကာလတွင်ကျွန်ုပ်တို့အားလုံးသည်သန့်ရှင်း သော ဝိညာဉ်တော်၏ပြည့်ဝမှုကို ကျွန်ုပ်တို့နှလုံးသားထဲတွင်တွေ့ကြုံ ခံစားကြ ရလိမ့်မည်။ကံကြမ္မာကကျွန်ုပ်တို့အားမာတုရတို့ သေခြင်းကိုခံစားရန် ဖြစ် လာသည့်အတိုင်း ဘုရားသခင်၏အကြံအစီအတိုင်း အသေခံကြရန် ဖြစ် သည်။ ကျွန်ုပ်တို့သည် မာတုရကဲ့သို့ ညှင်းပမ်းနှိပ်စက်ခံရသောကာလ တစ် လျှောက်လုံး ဘုရားရှင်၏ရှေ့တော်၌ ကျေးဇူးတော်ချီးမွမ်းခြင်း၊ဝတ်ပြု ကိုး ကွယ်ခြင်းနှင့်ဂုဏ်တော်ကို ချီးမွမ်းခြင်းများပြုလုပ်ကြမည်။ အဘယ့် ကြောင့်ဆိုသော် ကျွန်ုပ်တို့ဘုရားကို ယုံကြည်သည်။ ကျွန်ုပ်တို့သည်အာမင် ဟု ကြွေးကြော်ရင်း ကျွန်ုပ်တို့၏ယုံကြည်ခြင်းအားဖြင့် သူ့နောက်သို့ လိုက် ကြမည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့အသေခံရမည်ကို သိသည်။ ကျွန်ုပ်တို့၏သွေးသားအရလောဘကြီးခြင်းများသည် ကျွန်ုပ်တို့မှ ကြွေကြ ကုန်လိမ့်မည်။ ကျွန်ုပ်တို့၏ဝိညာဉ်များကို အလွန် သန့်ရှင်းစေလိမ့်မည်။
မာတုရကဲ့သို့အသတ်ခံရခြင်း ကာလစတင်သောအခါ ဘုရားသခင် ကကျွန်ုတို့အတွက် ဖြစ်စေချင်သောအရာမှာ ကြီးကျယ်သော ကောင်းချီး များ ရရှိ စေလိုသည်။ ကြီးကျယ်စွာ ဂုဏ်ပြုမှု ခံယူစေလိုသည်။သန့်ရှင်းသူ များ၏ မျှော်လင့်ချက်သည်၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်၌ဝင်ရောက် နေထိုင်ဖြစ်သည့်အတိုင်း သူတို့သည်အန္တီခရစ်ကို တိုက်လိမ့်မည်။ ထိုပြင် နောက်ဆုံးသောကာလမရောက်မချင်းသူတို့၏နှလုံးသားထဲမှာ ရေနှင့်ဝိ ညာဉ်ဆိုင်ရာသတင်းကောင်းကို ကာကွယ်ကြမည်။ ဘေးဒဏ်ကြီးကာလ တွင်သန့်ရှင်းသူအားလုံးသည်ယေရှုခရစ်ကို သူတို့၏ ဘုရားအဖြစ်အသိအ မှတ်ပြုပြီး၊သူပေးသောသူတို့၏ကယ်တင်ခြင်းကို ယုံကြည်လျှက်၊ ဘုရားသ ခင်ရှေ့၌ မာတုရကဲ့သို့အသေခံရခြင်းကိုလက်ခံကြလိမ့်မည်။ ကျွန်ုပ်တို့အား ဤအသေခံခြင်းကိုပေးတော်မှုသောသခင်ဘုရားအားကျေးဇူးတင်ပါသည်။