Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 14-1] ရှင်ပြန်ထမြောက်ခြင်းနှင့် ချီဆောင်ခြင်း ခံရသော မာတုရများ၏ ချီးမွ (ဗျာဒိတ်ကျမ်း ၁၄း၁-၂၀)

ရှင်ပြန်ထမြောက်ခြင်းနှင့် ချီဆောင်ခြင်း ခံရသော မာတုရများ၏ ချီးမွ
( ဗျာဒိတ်ကျမ်း ၁၄း၁-၂၀ )
"ထို့နောက် ငါကြည့်လျှင် သိုးသူငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏နာမည်နှင့်ခမည်းတော်၏ နာမကိုနဖူး၌အက္ခရာ တင်သော သူ တစ်သိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။သမုဒ္ဒ ရာရေသံကြီးစွာသော မိုးကြိုးသကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသောအသံသည်၊ စောင်းသမားများစောင်းတီးသော အသံ ကဲ့သို့ ဖြစ်၏။ ပလ္လင်တော်ရှေ့၌ သတ္တဝါလေးပါးနှင့်အသက်ကြီးသူတို့ ရှေ့၌ ၄င်း၊သူတို့သည်အသစ်သောသီချင်းကိုသီဆိုကြ၏။မြေကြီးမှ ရွေးနှုတ်သော သူ တစ်သိန်းလေးသောင်းလေးထောင်မှတစ်ပါး၊ အဘယ်သူမျှ ထိုသီ ချင်းကို သင်၍ မရနိုင်။ထိုသူတို့သည် ကညာဖြစ်၍ မေထုန်မှုနှင့် မညစ်ညူး သောသူဖြစ်ကြောင်း၊ သိုးသူငယ်သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူ ဖြစ်ကြောင်း သူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်၌ အဦးစ သီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိမြေကြီးပေါ်များနေသောသူတည်းဟူသော အသီးသီး ဘာသာစ ကားကို ပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့အားထာဝရဧဝံဂေလိ တရား ကို ဟောရသောကောင်းကင်တမန်တစ်ပါးက ဘုရားသခင်ကို ကြောက်ရွံ့ ၍ချီးမွမ်းကြလော့။တရားစီရင်တော်မူသောအချိန် ရောက်လာပြီး ကောင်း ကင်မြေကြီး သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင် ကိုကိုးကွယ်ကြလောဟုကြီးသောအသံဖြင့် ပြောဆို၍ကောင်းကင် အလယ် ၌ ပျံဝဲလျက်ရှိ၏။ ‘ကောင်းကင်တမန်တစ်ပါးကလည်း၊ ဗါဗုလုန်မြို့ကြီး ပြိုလဲပြီး၊မိမိမတရားသောမေထုန်၏အဆိပ်အတောက်တည်းဟူသောစပျစ် ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗါဗုလုန်မြို့ကြီး ပြိုလဲ ပြီဟု လိုက်၍ ပြောဆို၏။” “ထိုမှတစ်ပါး တတိယကောင်းကင်တမန်က အကြင်သူသည် သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍ သူ့တံဆိပ် လက်မှတ် ကို ဖုံး၌ခံသည် ဖြစ်စေ၊ လက်၌ခံသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက်တော် စပျစ်ရည်စစ်ကို သောက်ရ လိမ့် မည်။ သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊ သိုးသူငယ်ရှေ့တွင် ကန့်နှင့် ရောသောမီးထဲမှာပြင်းစွာသော ညှင်းဆဲခြင်းကိုခံရလိမ့်မည်။ "ထိုညှင်းဆဲ ခြင်း၏ မီးခိုးသည်ကမ္ဘာ အဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်၍ သူ၏နာမတံဆိပ်ကို လက်ခံသောသူတို့သည် နေ့ညမ ပျက်သက်သာရာမရကြဟု လိုက်၍ကြီးသောအသံ နှင့်ပြော၏။” “ဘုရား သခင်၏ပညတ်ကိုလည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကို လည်းကောင်း၊ စောင့်ရှောက်သောသန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံစရာ အကြောင်း ရှိ၏။” တဖန်တုံကောင်းကင်အသံကားယခုမှစ၍ သခင်ဘုရား၌ သေသော သူတို့သည် မင်္ဂလာရှိကြ၏ ဟုပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော် ကလည်း ထိုသို့မှန်ပေ၏။ ထိုသူတို့သည်ပင်ပမ်းခြင်းငြိမ်းမည်။ အကြောင်း ရှိ၍ သူတို့၏အကျင့်တို့သည်လည်း သူတို့နှင့်အတူလိုက်ကြ၏ဟု မိန့်တော် မူ၏။” “တဖန်ငါကြည့်လျှင် ဖြူသောမိုးတိမ်ရှိ၏။လူသားတော်နှင့်တူသော သူသည်ခေါင်းပေါ်၌ရွှေသရဖူကိုဆောင်းလျှက် ထက်သောတံစဉ်ကိုကိုင် လျက်မိုဃ်းပေါ်မှာထိုင်တော်မူ၏။”“ကောင်းကင်တမန်တစ်ပါးသည် ဗိမာန် တော်ထဲက ထွက်၍ ကိုယ်တော်၏တံစဉ်ကို လွှတ်၍ စပါးရိတ်တော်မူပါ ရိတ်ရသောအချိန် ရောက်ပါပြီ။မြေကြီး၌ ရိပ်စရာစပါးမှဲ့ပြီဟု မိုဃ်းတိမ် ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့်ဟစ်လေ၏။” မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်းကို မြေကြီး၌သွင်း၍မြေကြီး၏စပါးကို ရိတ် တော်မူ၏။” “ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံ၌ရှိသော ဗိ မာန်တော်ထဲက ထွက်၍သူ့၌လည်း ထက်သောတံစဉ်းပါ၏။” “မီးကိုအ စိုးရသော ကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲက ထွက်၍ထက် သောတံစဉ်းပါသောသူ့ကိုကြီးစွာသောကြွေးကြော်ခြင်းနှင့်ခေါ်လျှက်သင်၏ ထကသော တံစဉ်းကိုလွှတ်၍ မြေကြီး၏ စပျစ်သီးပြွတ်တို့ကိုရိတ်လော။ အသီးမှည့်ပြီဟုဟောပြော၏။” “ကောင်းကင်တမန်သည်လည်း မိမိ တံစဉ်း ကို မြေကြီး၌သွင်း၍မြေကြီး၏စပျစ်သီးကို ရိတ်ပြီးမှဘုရားသခင်၏ အမျက် တော်တည်းဟူသောနယ်ရာတန်ဆာကြီးထဲသို့ချလေ၏။” မြို့ပြင်၌ နယ်ရာ တန်ဆာကိုဖိနင်း၍အသွေးသည်တစ်ဆယ့်ခြောက်ယူဇနာခရီးတစ်လျှောက် လုံး၌မြင်းဇက်ကြိုးကိုမှီသည့်တိုင်အောင် နယ်ရာတန်ဆာထဲကထွက်လေ ၏။”
 
 

အနက်ဖွင့်ကျမ်း

 
အခန်းငယ် (၁) “ထို့နောက် ငါ ကြည့်လျှင် သိုးသူငယ်သည် ဇိအုန် တောင်ပေါ်မှာရပ်နေ၏။သူ၏နာမည်နှင့်ခမည်းတော်၏နာမကိုနဖူး၌ အက္ခ ရာ တင်သောသူတစ်သိန်းလေးသောင်း လေးထောင်လည်း သူနှင့်အတူ ရှိကြ၏။”
ဤအကြောင်းအရာသည် ဒုတိယအကြိမ်မွေးဖွားခံရပြီးသောသန့် ရှင်း သူများအကြောင်းဖြစ်သည်။ ကောင်းကင်တွင် ဘုရားရှင်ချီးမွမ်းလျှက် ရှိသော၊ သူတို့၏အန္တီခရစ်အားဖြင့် အသေခံရခြင်း ကာလလွန်မြောက်ပြီး နောက် ရှင်ပြန်ထမြောက်ပြီး၊ချီဆောင်ခြင်းသို့ ခံရသူများအကြောင်း ဖြစ် သည်။ အန္တီခရစ်၏သတ်ဖြတ်ခြင်းခံရသော သန့်ရှင်းသူများနှင့် အိပ်ပျော် နေသော သန့်ရှင်သူများတို့သည်၊ ယခုအခါကောင်းကင်ဘုံတွင် သီချင်း သစ်များဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် ရှိသည်။အခန်းငယ် (၄)၌ ၁၄၄၁၀ဝ၀တို့သည်၊ သီချင်းသစ်များ သီဆို ကြကြောင်း တွေ့ရသည်။ ချီဆောင်ခြင်းသည် အရေအတွက် ၁၄၄၀ဝ၀သာ ဖြစ်ရမည် ဆိုခြင်းကို သင်လည်း အံ့သြပါလိမ့်မည်။ သို့သော်ဂဏန်း ၁၄သည် အရာအားလုံး သည် ပြောင်းလဲခြင်းပင် ဖြစ်သည်။
အသေခံခြင်းကာလနှင့်ချီဆောင်ခြင်းကာလပြီးဆုံးပြီးနောက်ဘု ရားရှင်သည် လက်ရှိ ကမ္ဘာကြီးကို၊ ကမ္ဘာသစ်အဖြစ် ပြောင်းလဲလိမ့်မည် ဖြစ်ကြောင်း၊ကျွန်ုပ်တို့နားလည်သဘောပေါက်ရမည်။ ဤကမ္ဘာကြီးအစား၊ ဘုရားရှင်သည် သူ၏လူများနှင့်အတူ နေထိုင်ကြမည့် ကမ္ဘာသစ်ကို တည် ဆောက် လိမ့်မည်။ ဤသည်မှာ ဖန်းဆင်းရှင်၏ အလိုတော်ဖြစ်သည်။
ကောင်းကင်ဘုံ၌ဘုရားသခင်၏နှမတော်ကိုချီးမွမ်းနေသူများသည်ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်ခြင်းဖြင့်၊ သန့်ရှင်းသူများ ဖြစ်လာကြပြီး၊ဤကမ္ဘာတွင်နေထိုင်စဉ်ခရစ်တော်ကဝိညာဉ်တော်ပေးထား သူများ ဖြစ်ကြသည်။ သူတို့၏နဖူးတွင် ခမည်းတော်၏သိုးသူငယ် နာမည် ကိုရေထိုးထားခြင်းခံရပြီး၊ ခရစ်တော်က ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။
အခန်းငယ်(၂)“သမုဒ္ဒရာရေသံကြီးစွာသောမိုးကြိုးသကဲ့သို့ကောင်း ကင်က အသံကိုငါကြား၏။ ထိုသို့ ငါကြားသောအသံသည်၊ စောင်း သမား များ စောင်းတီးသော အသံကဲ့သို့ ဖြစ်၏။”
ကောင်းကင်ဘုံရှိသန့်ရှင်းသူများသည်သခင်ဘုရားအားဖြင့်သူတို့၏ကယ်တင်ခြင်းကိုကာကွယ်ရန်အတွက် အသေခံရသူများဖြစ်ပြီး၊ သခင် ဘုရားတစ်ပါးတည်းသာလျှင်သူတို့၏ဘုရားဖြစ်သည်ဟူသောအချက်သည် သူတို့၏ယုံကြည်ခြင်းဖြစ်မည်။ထို့နောက်ချီဆောင်ခြင်းခံရသူများဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော်သူတို့၏ကိုယ်ခန္ဓာများသည်ထမြောက်ကြပြီး၊သူတို့အား ဘုရားသခင်၏တန်ခိုးတော်ဖြင့်ချီဆောင်ခြင်းခံရသည်။ သူတို့သည် သူ၏ကယ်တင်ခြင်းအတွက် ကောင်းကင်ဘုံ၌ကျေးဇူးတော် ချီးမွမ်းနေကြ ပြီး၊သူတို့အားသူ၏ကောင်းချီးအဖြစ်အခွင့်အာဏာကိုပေးထားသည်။ သူတို့ ၏ ချီးမွမ်းကျူးဧသံတို့သည်၊ ရေစီးကြောင်း စီးဆင်းသံကဲ့သို့လှပပြီး မိုးကြိုး ကဲ့သို့ခန့်ညားသည်။ သူတို့အားလုံးသည် ဤကမ္ဘာပေါ်တွင် ရှိနေကြစဉ် က ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းအားယုံကြည်ခြင်းဖြင့်သူတို့ အပြစ်မှ ကယ်နှုတ်ခြင်းခံရပြီး၊ ထာဝရကယ်တင်ခြင်းကို ဘုရားသခင်မှပေးအပ်ခြင်း ခံရသူများဖြစ်ကြသည်။
အခန်းငယ် (၃)“ပလ္လင်တော်ရှေ့၌ သတ္တဝါလေးပါးနှင့် အသက်ကြီး သူတို့ ရှေ့၌၄င်း၊ သူတို့သည် အသစ်သောသီချင်းကို သီဆိုကြ၏။ မြေကြီးမှ ရွေးနှုတ်သောသူတစ်သိန်း လေးသောင်းလေးထောင်မှတစ်ပါး၊ အဘယ်သူ မျှ ထိုသီချင်းကို သင်၍ မရနိုင်။”
လူ (၁၄၄၀ဝ၀) တို့မှာ ချီဆောင်ခြင်းခံရသော သန့်ရှင်းသူများကို ရည်ညွှန်း ပါသည်။ ကျမ်းစာထဲ၌ဂဏန်း (၁၄)သည် ပြောင်းလဲခြင်း အသစ် ကို ရည်ညွှန်းပါသည်။ ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကို ယုံကြည် ခြင်းအားဖြင့် ဒုတိယအကြိမ်မွေးဖွားခြင်းခံရသော အပြစ်မှရွေးနှုတ်ခြင်း ခံ သည့် ဤကမ္ဘာတွင်ရှိနေစဉ် ခန္ဓာပြောင်းလဲ သွားကြသည့် သူများသည်သာ ဘုရားကောင်းကင်ဘုံ၌သခင်ကို အသစ်သောသီချင်းဖြင့်ချီးမွမ်းနိုင်ကြသူ များဖြစ်သည်။ ထို့ကြောင့် သူတို့သည် (၁၄၄၀ဝ၀) ဖြစ်သည်ဟု ဘုရား ရှင်က ဤနေရာတွင် ပြောပြရခြင်း ဖြစ်သည်။
သူတို့မှလွဲ၍ ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းအားဖြင့် သူ၏ ကောင်းချီးနှင့် ကယ်တင်ခြင်းကို ချီးမွမ်းနိုင်သော သူမည်သူမျှမရှိပါ။ ထို့ ကြောင့်ကျွန်ုပ်တို့၏သခင်ဘုရားသည်ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်ခြင်းဖြင့်အပြစ်များမှခွင့်လွှတ်ခံရသောသူများ၏ ချီးမွမ်းခြင်း ကိုခံရသည်။ ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ကိုဆုကျေးဇူး အဖြစ် ခံကြရသည်။
အခန်းငယ် (၄) “ထိုသူတို့သည် ကညာဖြစ်၍မေထုန်မှုနှင့် မညစ် ညူးသောသူဖြစ်ကြောင်း၊ သိုးသူငယ်သွားလေရာရာအရပ်သို့ နောက်တော် ၌ လိုက်သောသူဖြစ်ကြောင်း သူတို့အထဲက ရွေးနှုတ်၍ဘုရားသခင်၌ အဦး စသီးသောအသီး ဖြစ်ကြ၏။”
သန့်ရှင်းသူများသည်သူတို့၏ယုံကြည်ခြင်းကိုကမ္ဘာတန်ခိုးအာဏာ နှင့်ဘာသာရေးအားဖြင့် မညစ်ညမ်းစေသော သူများဖြစ်ကြသည်။ ဤ ကမ္ဘာမြေပေါ်တွင်မိမိတို့၏ယုံကြည်ချက်ကို အလွယ်တကူပြောင်းလဲနိုင် သူ များရှိကြသည်။ သို့သော်သခင်ဘုရား၏ရေနှစ်ခြင်းသူ၏ကားတိုင်ပေါ်ရှိ အ သွေးကိုယုံကြည်ခြင်းအားဖြင့် သူတို့၏အပြစ်များမှကယ်နှုတ်ခြင်းခံရ သော သူများသည် သန့်ရှင်းသူများဖြစ်လာကြပြီးသူတို့၏ယုံကြည်ခြင်းကို ကမ္ဘာ ပေါ်ရှိ မည်သည့် အရာကမျှ ပြောင်းလဲစေနိုင်မည်မဟုတ်ပေ။
ကောင်းကင်ဘုံသို့တတ်ပြီး သခင်ဘုရားအားချီးမွမ်း နေကြသော သန့်ရှင်းသူများသည်ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်းကောင်းကိုပြောင်းလဲ ထိန်းသိမ်းကြပြီးဘုရားရှင်၏ဝိညာဉ်ပေးအပ်ခြင်း ခံရကာ သူတို့၏ယုံကြည် ခြင်းကို ခုခံကာကွယ်သောသူများ ဖြစ်ကြသည်။ ဤအတိုင်းပင် ကောင်း ကင်နိုင်ငံတော်၌သခင်ဘုရားကိုချီးမွမ်းနိုင်သောသူမှာသူတို့၏ရေနှင့်ဝိညာဉ် ဆိုင်ရာသတင်းကောင်းကို ယုံကြည်မှုကြောင့်သခင်ဘုရားမှ ချီဆောင် ခြင်း ကို ခံရသူများ ဖြစ်ကြသည်။
အခန်းငယ်(၄)၏အလယ်၌ရေးထားသည်မှာ“သိုးသူငယ် သွားလေ ရာရာအရပ်သို့ နောက်တော် လိုက်သောသူ ဖြစ်၏။” သင်နားလည် သ ဘောပေါက်ထားရမည်မှာရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကိုယုံကြည် ခြင်းအားဖြင့် သူတို့၏အပြစ်အားလုံး တစ်ကြိမ်တည်းနှင့်သန့်ရှင်းခြင်း ခံရ သောသူသည်ဒုတိယအကြိမ်မွေးဖွားခြင်းခံရသူ ဖြစ်လာပြီးနောက် သူသည် သခင်ဘုရားသွားလေရာရာ အရပ်သို့ နောက်ကလိုက်ရမည် ဖြစ်သည်။ အ ဘယ့်ကြောင့်ဆိုသော် သူတို့သည် အပြစ်များမှရွေးနှုတ်ခြင်းခံရပြီး သူတို့၏ နှလုံးသားထဲ၌သခင်ဘုရားသွားလေရာရာအရပ်သို့ ဝမ်းမြောက် ပျော်ရွှင်စွာ လိုက်လျှောက်လိုသောဆန္ဒဖြင့်သူတို့၏နှလုံးသားသည်တည်ဆောက်လျှက် ရှိသည်။ နောက်ဆုံးသောကာလ၌အန္တီခရစ်၏ အသေသတ်ခြင်းခံရပြီး နောက်ပြန်လည်ထမြောက်ခြင်းနှင့်ချီဆောင်ခြင်းကို သခင်ဘုရားအားဖြင့်ခံ ရပြီးနောက်ဆုံး၌ သူတို့သည် ကောင်းကင်ဘုံတွင် သခင်ဘုရားနာမတော် ကို ချီးမွမ်းနေကြလိမ့်မည်။
ဤသို့လည်းရေးထားသေး၏“လူတို့အထဲကရွေးနှုတ်၍ ဘုရားသ ခင်နှင့်သိုးသူငယ်အဘို့အဦးသီးသောအသီးဖြစ်၏။”မရေတွက်နိုင်များပြား လှသည့်သူများနေထိုင်ရာဤကမ္ဘာတွင်လက်တစ်ဆုပ်စာမျှသာရှိသော လူ တို့သည် သူတို့၏သခင်ဘုရားပေးထားသော ရေနှင့်ဝိညာဉ်ဆိုင်ရာသ တင်း ကောင်းကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းခံကြရသည်။ ထို့ကြောင့် သ ခင်ဘုရားကယေရမိလ(၃း၁၄)တွင်“တစ်မြို့လျှင်လူတစ်ယောက်အမျိုးသား ချင်း အစုစုထဲကတစ်စုလျှင် လူနှစ်ယောက်ကို ရွေးယူ၍ ဇိအုန်မြို့သို့ ပို့ ဆောင်မည်။ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းနှင့်တွေ့ဆုံပြီးသူတို့၏ အ ပြစ်များမှ ရွေးနှုတ်ခံရသူများမှာ အနည်းငယ်သာ ဖြစ်ကြသည်။”
အဘယ့်ကြောင့်ဆိုသော် သူတို့အားသိုးသူငယ်က ပိုင်ဆိုင်လျက်သ ခင်ဘုရား၏ကတိတော်အတိုင်း ရှင်ပြန်ထမြောက်ခြင်း၏ အဦးသီးသော အ သီးကို လက်ခံရရှိသူသခင်ဘုရား၏တန်ခိုးတော်အားဖြင့် ချီဆောင်ခြင်း ခံရ သူများဖြစ်ကြသည်။ ဤကမ္ဘာမြေတွင်လည်း သူတို့သည်သခင်ဘုရား သွား လေရာရာ အရပ်သို့နောက်တော်လိုက်သူများ ဖြစ်ကြသည်။ ဤအရာ အား လုံးသည်ဘုရားသခင်၏ကရုဏာတော်နှင့်တန်ခိုးတော် အားဖြင့် ဖြစ်သည်။
အခန်းငယ် (၅) “အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။”
ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်ခြင်းဖြင့် ဒုတိယ အကြိမ်မွေးဖွားခြင်းခံရသူတို့သည် သူတို့၏ပါးစပ်ဖြင့် ဤသတင်းကောင်း ကို ဟောပြောနိုင်မည် ဖြစ်သည်။ ယခုအချိန်တွင် လူပေါင်းများစွာတို့သည် သတင်းကောင်းကို သူတို့၏ကိုယ်ပိုင်အစီအစဉ်ဖြင့် ဟောပြောနေကြသည်။ သူတို့အထဲမှ လက်တဆုပ်စာမျှသော သူတို့သည်သာစစ်မှန်သော ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်းကောင်းသို့ ဟောပြောကြသည်။
ယေရှုခရစ်တော်၏ လက်ဝါးကားတိုင်ပေါ်၌ အသွေးသွန်းခြင်းကို သာဟောပြောခြင်းသည်ဘုရားသခင်ပေးသောရေနှင့် ဝိညာဉ်ဆိုင်ရာသ တင်းကောင်းကို ဟောကြားခြင်းအခြားသော သတင်းကောင်းများ ထက် ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းသည်သာလျှင်ကျမ်းစာ၏သတင်းကောင်း အ မှန်ဖြစ်သည်။ စစ်မှန်သောသတင်းကောင်းအား ဖြောင့်မတ်သူတို့ နှလုံး သားထဲရှိအပြစ်များကို ယူဆောင်သွားပြီး ဖြစ်သည့် အလျောက်သူတို့သည် သူတို့၏နှုတ်ခမ်းဖြင့်သတင်းကောင်းကိုခံယူချက် အပြည့်ဖြင့်ဟောပြောနိုင် မည် ဖြစ်သည်။
အခန်းငယ်(၆-၇)မြေကြီးပေါ်မှာနေသောသူ တည်းဟူသော အသီး သီးဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရ ဧဝံဂေလိတရားကို ဟောရသောကောင်းကင်တမန်တစ်ပါးက ဘုရားသ ခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။တရားစီရင်တော်မူသောအချိန် ရောက် လာပြီး ကောင်းကင်မြေကြီး သမုဒ္ဒံရာနှင့်စမ်းရေတွင်းတို့ကို ဖန်ဆင်းတော် မူသောအရှင်ကိုကိုးကွယ်ကြလောဟုကြီးသောအသံဖြင့် ပြောဆို၍ ကောင်း ကင် အလယ်၌ ပျံဝဲလျက် ရှိ၏။
ဒုတိယအကြိမ်မွေးဖွားခြင်းခံရပြီးသောသန့်ရှင်းသူတို့သည် ဤ ကမ္ဘာပေါ်၌ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ဆက်လက်၍ကြေငြာ ရမည်။ ထိုအကြောင်းကြောင့်ဤရေနှင့်ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်း ကောင်း တည်းဟူသော၊သတင်းကောင်းကိုဝေငှဟောပြောသောအလုပ်ကို ဤကမ္ဘာ၌ သန့်ရှင်းသူများ၏ ချီဆောင်မည့်နေ့ရက်မကျရောက်မီထိ ဆက် လက်၍ဟောပြောနေရမည်။
ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်သော သူတို့သာ၊ သူတို့၏ယုံကြည်ချက်ကို ကာကွယ်ရန်အတွက် အန္တီခရစ်၏အသေခံခြင်း ကို ခံရမည်။ ထို့နောက် သူတို့ကိုသာ ကောင်းကင်ဘုံသို့ ချီမသွားလိမ့်မည်။ လူတိုင်းဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်း ကောင်းကို ယုံကြည်ပြီး အပြစ်မှရွေးနှုတ်ခြင်းကို ခံယူလျှက်၊သန့်ရှင်းသော ဝိညာဉ်ကို သူတို့၏ ဆုကြေးအဖြစ် ခံယူရမည်။ ယနေ့ခရစ်ယာန်များသည် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကိုမယုံကြည်နိုင်ကြပေ။သူတို့၏ယေ ရှု အပေါ်သာ ယုံကြည်ခြင်းသည် အားလုံးအချည်းအနှီး ဖြစ်လိမ့်မည်။
စင်္ကြာဝဋာတစ်ခုလုံးနှင့်အရာအားလုံးကို ဖန်ဆင်းသူများ ယေရှုခ ရစ်တော်တစ်ပါးသာဖြစ်သည်။လူသားအားလုံးတို့သည်ခရစ်တော်ကို သူတို့ အား ဖန်ဆင်းပြီးသူတို့ကယ်တင်ခြင်းအတွက် သူတို့အပြစ်များအပေါ် ခွင့် လွှတ်ခြင်းပေးသော ဘုရားအဖြစ်အသိအမှတ် ပြုရမည်။ ထို့နောက်သူ၏ လက်တော်ဖြင့် အရာအားလုံးကို ပြုလုပ်ပြီးပြည်စုံစေသည်အတွက် သူ့အား သင့်တော်သလို ကိုးကွယ်ကြရမည်။ သူတို့၏နှလုံးသားဖြင့် ရေနှင့်ဝိညာဉ် ဆိုင်ရာသတင်းကို ယုံကြည်ခြင်းအားဖြင့် လူသားအားလုံးတို့သည် သူတို့၏ အပြစ်အလုံးစုံမှခွင့်လွှတ်ခံရပြီး ကောင်းချီးအဖြစ် သန့်ရှင်းသောရေနှင့်ဝိ ညာဉ်တော်ကို သူတို့၏ဆုကျေးဇူး အပြစ်ရရှိမည် ဖြစ်သည်။
ယနေ့ ကမ္ဘာသည် ဘုရားသခင်အား ဆန့်ကျင် ရပ်တည်နေသူများ အတွက်ခရစ်တော်က ပေးအပ်လိမ့်မည် ဖြစ်သည်။ တရားစီရင်မှုအတွက် ကြိုတင်ပြင်ဆင်ကြရမည် ဖြစ်သည်။ မှန်ပါသည်။ ကျွန်ုပ်တို့သည် လည် ကျွန်ုပ်တို့၏ယုံကြည်ချက် ပြင်ဆင်ထားရမည် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်မကြာမီဘုရားသခင်၏ချီဆောင်ခြင်းရောက်လာမည်ဖြစ်ပြီး၊ ဘုရား သခင်၏တရားစီရင်မည့်နေ့သည် နီးကပ်လာပြီဖြစ်သည်။ အဘယ့်ကြောင့် နည်း။အဘယ့်ကြောင့်ဆိုသော်ဘုရားသခင်၏ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်း ကောင်းကို ယုံကြည်ခြင်းဖြင့်သာလျှင် တစ်စုံတစ်ယောက်သည် သန့်ရှင်း သောဝိညာဉ်တော်ကိုလက်ခံနိုင်မည်ဖြစ်သည်။ထို့နောက် နောက်ဆုံး သော ကာလရောက်လာသောအခါသူတို့၏ချီဆောင်ခြင်းကဲ့သို့သခင်ဘုရား အား ဖြင့်လေထုသို့ချီမခြင်းခံရပြီးသူတို့သည်ဂုဏ်တော်ဖြင့်ရစ်ပတ်ခံရ လိမ့်မည်။
ထို့နောက် အပြစ်သားအားလုံးသည် သခင်ယေရှုကို ဖန်းဆင်းရှင် ဘုရားနှင့် ကယ်တင်ရှင်အပြစ် ယုံကြည်ပြီးဖြစ်နိုင်သမျှအမြန်ဆုံးကိုးကွယ် ကြရမည်။သူတို့သည် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကိုသူတို့နှလုံးသားထဲ တွင်လက်ခံကြရမည်။ ဤသို့ဖြင့်သူတို့သည် ဘုရားရှင်၏ဂရုဏာတော် ဖြစ် သော ကယ်တင်ရွေးနှုတ်ခြင်းကိုရရှိပြီး ဆုကျေးဇူးအဖြစ်သန့်ရှင်းသော ဝိ ညာဉ်တော်ကိုရရှိမည် ဖြစ်သည်။
အခန်းငယ် (၈) “ကောင်းကင်တမန်တစ်ပါးကလည်း၊ ဗါဗုလုန်မြို့ ကြီးပြိုလဲပြီး၊မိမိမတရားသော မေထုန်၏အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကိုလူမျိုးအပေါင်းတို့အားတိုက်လေပြီးသောဗါဗုလုန်မြို့ကြီးပြိုလဲ ပြီဟု လိုက်၍ ပြောဆို၏။”
ဤကမ္ဘာမြေကြီးသည်ယေရှုသ၏ကြောက်မက်ဖွယ် ကောင်းသော တရားစီရင်မှုဖြင့်ပျောက်ကွယ်သွားလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဘာ သာရေးအဖွဲ့အစည်းများသည် အခြေခံအားဖြင့် မှားယွင်းစွာသင်ကြား ပေး နေကြသည်။ယင်းတို့ကိုဘုရားသခင်ကဖျက်ဆီးလိမ့်မည်။ဤလောကီ ဆန် သောဘာသာရေးအဖွဲ့အစည်းများသည်လူတို့ကိုဘုရားသခင်ထက်လောကီ ရေးနောက်သို့လိုက်လျှောက်စေရန် ပြုလုပ်နေကြသည်။ ထို့နောက် ၄င်းတို့ အား ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်သော ကိရိယာကဲ့သို့အသုံးပြု ကြ သည်။ ထို့ကြောင့် ဤကမ္ဘာကြီးသည် အဖျက်ဆီးခံရလိမ့်မည်။ အဘယ့် ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်ကို ပစ်ပယ်ပြီးလောကီဆန့်သော ဘာသာရေးကို တပ်မက်ကြသောကြောင့် ဖြစ်သည်။
လောကီဆန်သောဘာသာရေး နောက်သို့ သူတို့လိုက်ကြသည် ဆို ခြင်းမှာ သူတို့သည် မှားယွင်းသောဘုရား၊ နတ်ဆိုးနောက်သို့လိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည်သူ၏အမျက်ဒေါသအားဖြင့်ကမ္ဘာ မြေကြီးကို ဖျက်ဆီးလိမ့်မည်။ ဤကမ္ဘာပေါ်ရှိအရာအားလုံးနှင့် မှားယွင်း သော ဘာသာအားလုံးတို့ကို ဘုရားသခင်က ဆွဲချလိမ့်မည်။ ထို့နောက် ဘုရားသခင်၏အမျက်ဒေါသစပျစ်ရည်ကိုသောက်ကြရလိမ့်မည်။ဤသို့ဖြင့် ဘုရားသခင်ကို ဆန့်ကျင်နေသူများသည် ထို့အတူလောကီဆန်သော ဘာ သာရေး၌ ကပ်ပါးကောင်းကဲ့သို့ တွယ်ကပ်နေသော နတ်ဆိုးများတို့သည် ဘုရားသခင်၏ကပ်ရောဂါဘေးများအားဖြင့်ကျဆုံးကြပြီး ထာဝရငရဲသို့ စွန့် ပစ်ခြင်း ခံကြရလိမ့်မည်။
အခန်းငယ် (၉-၁၀)“ထိုမှတစ်ပါးတတိယကောင်းကင်တမန်ကအ ကြင်သူသည်သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်၍ သူ့တံဆိပ်လက်မှတ်ကို ဖုံး၌ခံသည် ဖြစ်စေ၊လက်၌ခံသည်ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ဒေါ သဖလား၌လောင်းသောအမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့ သိုးသူငယ်ရှေ့တွင်ကန့်နှင့် ရော သောမီးထဲမှာ ပြင်းစွာသော ညှင်းဆဲခြင်းကို ခံရလိမ့်မည်။”
ဤနေရာတွင် ဘုရားသခင်က လူတိုင်းကို သတိပေးနေကြောင်း တွေ့ရပါသည်။တစ်စုံတစ်ယောက်သော သူသည် သားရဲနှင့်သူ၏ ရုပ်ထုကို ကိုးကွယ်သည် ဖြစ်စေ သို့မဟုတ် ညာဖက်လက်မောင်း သို့မဟုတ် နဖူး၌ သူ၏အမှတ်တံဆိပ်ကိုလက်ခံသည်ဖြစ်စေ ထိုသူ/သူမတို့သည် ငရဲတည်း ဟူသော ပြစ်ဒဏ်ကိုခံရမည်ဟုဘုရားရှင်က ပြောနေပါသည်။ စာတန်သည် လူအများထံသို့လျှောက်သွားလျက်သူသားအားလုံးကို အန္တီခရစ်၏ပုံရိပ်ဖြင့် ပြုလုပ်သော ရုပ်တုကို အတင်းအကြပ်ကိုးကွယ်စေလိမ့်မည်။ သို့သော် ဒု တိယအကြိမ် မွေးဖွားခြင်းခံရပြီး သူတို့က အန္တီခရစ်ကို ဆန့်ကျင်တိုက်ခိုက် ကြလိမ့်မည်။ ထို့နောက် သူတို့၏ယုံကြည်ခြင်းကိုကိုးကွယ်ရန်အတွက်အာ ဇာနည်ကဲ့သို့ အသေခံခြင်း (မာတုရ)ကို ခံယူကြလိမ့်မည်။ ဒုတိယအကြိမ် မွေးဖွားခံရပြီးသောသန့်ရှင်းသူများသည်သူတို့၏ယုံကြည်ချက်ကိုကာကွယ် မည်။ထို့နောက်အန္တီခရစ်ကို ဆန့်ကျင်ရန်အတွက် မာတုရခံကြရမည်။
အကယ်၍ တစ်စုံတစ်ဦးသည်အန္တီခရစ်ထံအရှုံးပေးပြီးသူ၏ရုပ်တု ရှေ့၌ ဒူးထောက်ကာသူ၏အမှတ်အသားဂဏန်းဖြစ်စေ၊ နာမည်ကို ဖြစ်စေ၊ လက်ခံလျှင်သူ/သူမတို့သည်ဘုရားသခင်၏အမျက်သင့်လိမ့်မည်။ သူတို့ အား ကန့်နှင့်ငရဲမီးရှိရာထာဝရ မီးအိုင်ထဲသို့ချပစ်လိမ့်မည်။ ဘေးဒဏ်ကြီး ကာလရောက်ရှိလာသောအခါသန့်ရှင်းသူတို့သည် ဘုရားထံဆုတောင်း ကြ ရမည်။ သခင်ဘုရား၌ယုံကြည်ခြင်းကို ကာကွယ်ရမည်။သူတို့၏ မျှော်လင့် ချက်ကို သူ၏နိုင်ငံတော်၌ထားရှိရမည်။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်း ဖြင့်သူတို့သည် အန္တီခရစ်ကိုဆန့်ကျင်ရပ်တည်ကြပြီးသူတို့၏ ယုံကြည်ချက် ကို ကာကွယ်လျက်သူတို့၏မာတုရကဲ့သို့အသတ် ခံရခြင်းကိုဆက်ဆံလျှက် ထမြောက်ခြင်းနှင့်ချီဆောင်ခြင်းကို ခံကြရမည်။ ထို့ကြောင့် ဘုရားသခင်၏ နိုင်ငံတော်တွင် သခင်ဘုရားနှင့်အတူ ထာဝရကိန်းဝပ်ခြင်းတည်း ဟူသော ကောင်းချီးကို ခံစားကြရမည်။
အခန်းငယ်(၁၁)“ထိုညှင်းဆဲခြင်း၏မီးခိုးသည်ကမ္ဘာအဆက် ဆက် တက်လျက်ရှိ၏။ သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်၍သူ၏နာမတံ ဆိပ်ကို လက်ခံသောသူတို့သည် နေ့ညမပျက်သက်သာရာမရကြဟုလိုက်၍ ကြီး သောအသံ နှင့်ပြော၏။”
စာတန်ကိုဘုရားကဲ့သို့ ကိုးကွယ်သောသူတို့သည် သူ၏ ကပ်ရော ဂါဘေးနှင့်မဆုံးနိုင်သောငရဲ၌ နှိပ်စက်မှုကို ခံကြရသည်။ နောက်ဆုံးသော ကာလ၌အန္တီခရစ်ထံအရှုံးပေပြီးသူ့ရုပ်ထုကိုကိုးကွယ်သောသူတို့အားဘုရား သခင်၏အမျက်ဒေါသဖြင့် ပြည့်နေသော ဟန်နှင့်ငရဲမီးအိုင်ထဲတွင် နှိပ် စက်မှု ခံကြရမည်။ သားရဲနှင့်သူ၏ ရုပ်ထုနောက်ကို လိုက်သော သူများနှင့် သားရဲ၏အမှတ်ကို လက်ခံသောသူများသည်နေ့ရောညပါအနားရလိမ့်မည် မဟုတ်ကြောင်း ကျွန်ုပ်တို့အားလုံးယုံကြည်ကြရမည်။ 
အခန်းငယ် (၁၂) “ဘုရားသခင်၏ပညတ်ကိုလည်းကောင်း၊ ယေရှု ၏ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သောသန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာ အကြောင်းရှိ၏။”
ဘုရားသခင်ကသူတို့အပေါ်ကတိတော်ရှိထားသည့်အတိုင်း သန့် ရှင်းသူတို့သည်ကြွယ်ဝချမ်းသာခြင်း အားလုံးဂုဏ်တော်နှင့် ကောင်းချီးများ ကို ယုံကြည်ပြီးသူတို့သည်ဘဝတစ်လျှောက်လုံးဇွဲရှိရှိဖြင့်ခံကြရမည်။ ဘေး ဒဏ်ကြီးကာလတွင်လည်း ဇွဲရှိရှိနှင့်ဖြတ်သန်း ကြရမည်။ ဘုရားသခင်က သန့်ရှင်းသူများထံ ပြုလုပ်ထားသောနောက်ဆုံး ကာလအထိမှာသူတို့၏ မာ တုရနေ့များ ပြီးဆုံးပြီးနောက်သူနှင့်အတူနေရန်သခင်ဘုရား၏ တန်ခိုးဖြင့် သူတို့နှင့်အတူရှင်ပြန်ထမြောက်ရန်သူတို့အားကောင်းကင်သို့ချီ ဆောင်ပေး မည်ဟူသော ကောင်းချီးမင်္ဂလာများ ဖြစ်သည်။
ထို့ကြောင့်သန့်ရှင်းသူတို့သည် ဇွဲလုံ့လရှိရမည်။ အဘယ်ကြောင့် ဆိုသော်သူတို့သည် သခင်ဘုရားနှင့်အတူ သိုးသူငယ်မင်္ဂလာဆောင် ညစာ စားပွဲသို့တက်ရောက်ရန်သူနှင့်အတူ နှစ်တစ်ထောင်ကာလ အုပ်စိုးရန်နှင့် ကောင်းကင်နိုင်ငံတော်၌သူနှင့်အတူ ထာဝရစိုးစံရန်တည်းသော ကောင်းချီး များကိုယုံကြည်သောကြောင့်ဖြစ်သည်။ နောက်ဆုံးကာလရောက်သောအ ခါသန့်ရှင်းသူများသည်သူတို့၏ယုံကြည်ခြင်းကိုကာကွယ်ရန်အတွက် မာတု ရခံရမည်ဖြစ်သည်။ သူတို့ ဘေးဒဏ်ကြီးကာလများတစ်လျှောက်လုံး ဇွဲရှိရှိ ဖြင့် သီးခံကြရမည်ဖြစ်သည်။ 
ယနေ့ကာလတွင် အသက်ရှင်ဆဲဖြစ်သောသန့်ရှင်းသူတို့သည် အန္တီ ခရစ်ကသူတို့၏ယုံကြည်ခြင်းကိုသစ္စာဖောက်ရန်အတွက် ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်းနှင့်ဆွဲဆောင် သိမ်းသွင်းခြင်းပြုလုပ်သော်ငြားလည်း သခင် ဘုရား၏ကတိတော်ကို ယုံကြည်လျှက် သူတို့၏မာတုရခံရခြင်းကို ပွေ့ဖက် လက်ခံကြလိမ့်မည်။ အဘယ့်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် များမ ကြာမီတွင် ကျွန်ုပ်တို့သခင်ဘုရား၏ကောင်းချီးအားလုံးသည် သူ၏ကတိ တော်အတိုင်းပြည့်စုံလိမ့်မည်ဖြစ်သည်။သန့်ရှင်းသူအားလုံးတို့သည်သူတို့၏ ဆုလ္လာ်များကို သူတို့၏ယုံကြည်ခြင်းကို ဘုရားရှင်နှင့် သူ၏နှုတ်ကပတ် တော်၌ ထိန်းသိမ်းထားခြင်းဖြင့်သာ ရရှိနိုင်မည်။ ထို့ကြောင့် သင်၏ ယုံ ကြည်ခြင်းကို ဘုရားသခင်၏နှုတ်ကပတ်တော်၌ ထိန်းသိမ်းထားပါ။ ထို့ ကြောင့်ဘုရားသခင်သည်မိမိ၏ယုံကြည်ခြင်းကို နှုတ်ကပတ်တော်နှင့် ခရစ် တော်၌ ကာကွယ်သူတို့ကိုသူ၏ကမ္ဘာသစ် တစ်ခုလုံးသို့ ဝင်ရောက်လာရန် ကြိုဆိုလိမ့်မည်။ 
သခင်ဘုရား၏သတင်းကောင်းကို အစေခံနေကြသောသန့် ရှင်းသူ များသည်ဘေးဒဏ်ကြီး ကာလတစ်လျှောက်လုံးနှင့် အခက်ခဲလုံးကို ဇွဲလုံ့ လရှိရှိဖြင့် စိတ်ရှည်သီးခံရန်လိုအပ်ကြောင်း အကြောင်းပြချက် အမြောက် အများရှိပါသည်။ အနာဂတ်ကာလတွင် ပိုကောင်းလာဖို့ရန် ယခု အချိန်၌ ဆင်းရဲဒုက္ခများကို ခံစားရာ၌သည်းခံတတ်ဖို့ လိုအပ်ပါသည်။ 
ရောမသြဝါဒစာစောင်(၅း၃-၄)ကကျွန်ုပ်တို့အား “ပြောပြသည်မှာ ထိုမျှမကဒုက္ခဆင်းရဲခြင်းကိုခံရသည့်တိုင်ဝါးကြွားဝမ်းမြောက်ခြင်း ရှိကြ၏။ အကြောင်းမူကားဒုက္ခဆင်းရဲခြင်းသည်သည်းခံခြင်းကို ပြုစုတတ်၏။ သီးခံ ခြင်းသည်လည်းသက်သေထင်ရှားခြင်းကိုပြုစုတတ်၏။”သက်သေ ထင်ရှား ခြင်းသည်လည်း မျှော်လင့်ချက်ကို ပြုစုတတ်၏။ ဘေးဒဏ်ကြီး ကာလ တစ်လျှောက်လုံးကို သခင်ဘုရားကို ယုံကြည်ရန်နှင့်ဇွဲ လုံ့လဝိရိယ ရှိနိုင် သူသည်သူတို့၏ထမြောက်ခြင်းနှင့်ချီဆောင်ခြင်းကို ဘုရားရှင်ထံမှ ရသည်။ သူ၏ကောင်းကင်နိုင်ငံတော်တွင်စိုးစံကြရလိမ့်မည်။ ဤကဲ့သို့ပင် ကျွန်ုတို့ သည်လည်း ဘေးဒဏ်ကြီးကာလတစ်လျှောက်ကျွန်ုပ်တို့၏ ယုံကြည်ချက် ဖြင့် ဇွဲလုံ့လဝိရိယရှိကြရမည်။ကျွန်ုပ်တို့၏ယုံကြည်ချက်ဖြင့် ဇွဲလုံ့လ ဝိရိယ ရှိကြရမည်။ သူတို့၏ ယုံကြည်ခြင်းကို သခင်ဘုရား၌ ထားရှိခြင်းဖြင့် သန့် ရှင်းသူများသည် နောက်ဆုံးသောကာလ၏ ဘေးဒဏ်ကြီးကာလကို အမှန် ပင် ဇွဲလုံ့လဝိရိယရှိနိုင်မည် ဖြစ်သည်။ သန့်ရှင်းသူတို့သည် သခင်ဘုရား သည်သူတို့အား ဤကမ္ဘာနှင့်ကောင်းကင်ဘုံတွင်ပါ သူတို့အတွက် ပြည့်စုံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အရာအားလုံးကို ယုံကြည်လျက် ရှိသည်။ 
အခန်းငယ် (၁၃) “တဖန်ဘုံကောင်းကင်အသံကားယခုမှစ၍ သ ခင်ဘုရား၌သေသောသူတို့သည်မင်္ဂလာရှိကြ၏ဟု ပြောဆိုသည်ကိုငါကြား ၏။ ဝိညာဉ်တော်ကလည်း ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပမ်းခြင်း ငြိမ်းမည်။အကြောင်းရှိ၍သူတို့၏အကျင့်တို့သည်လည်းသူတို့နှင့်အတူလိုက် ကြ၏ဟု မိန့်တော်မူ၏။”
အဘယ်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော်ဘေးဒဏ်ကြီး ကာ လအချိန်ရောက်လာသောအခါ အန္တီခရစ်သည်လည်း တစ်ကမ္ဘာလုံးကို စိုမိုး လျှက်ရှိ၍ဤကမ္ဘာတွင် နေထိုင်ကြသောသန့်ရှင်းသူမှန်သမျှသည် ဖျက်ဆီး ခြင်း ခံကြရလိမ့်မည်။ထို့ကြောင့် သန့်ရှင်းသူတို့သည်ခရစ်တော်၏ နိုင်ငံ တော်ရောက်ရှိလာကြမည်ကိုမျှော်ကြည့်ရင်း သူတို့၏ယုံကြည်ခြင်းကို ကာ ကွယ်လျှက် သူတို့၏ယုံကြည်ချက်အတွက်ခံရမည်။ မာတုရကို ပွေ့ဖက် လျှက်နေကြလိမ့်မည်။သခင်ဘုရားဂုဏ်တော်ကိုချီးမွမ်းလျက်ရှိသော် ထိုမာ တုရတို့သည် ကောင်းချီးခံစားရမည်ဖြစ်ပြီး သူတို့၏ယုံကြည်ခြင်းကို ကာ ကွယ်ရန်အတွက်အာဇာနည်ကဲ့သို့အသေခံရခြင်းမာတုရကိုပွေ့ဖက် ကြရ မည်။
ထို့နောက် သခင်ဘုရားသည် ထိုသန့်ရှင်းသူများကို ဂရုစိုက် အ ရေးယူလိမ့်မည်။သူတို့၏ ထမြောက်ခြင်းနှင့်ချီဆောင်ခြင်းကို ခွင့်ပြုလျှက် သူ၏ကောင်းကင်ဘုံသို့ချီဆောင်သွားလိမ့်မည်။ ထို့နောက် သန့်ရှင်းသူတို့ ၏အလုပ်များသည် ဤကမ္ဘာပေါ်၌ ပြီးဆုံးလိမ့်မည်။ ထို့နောက် သူတို့သည် သခင်ဘုရားပေးအပ်သော ဆုလဒ်များနှင့်အတူ ပျော်ရွှင်စွာနေထိုင် ကြ လိမ့်မည်။ ၄င်းအချိန်တွင် သန့်ရှင်းသူအားလုံးတို့သည်ထာဝရအသတ်ဖြင့် သခင်ဘုရားနှင့်အတူ ပျော်ရွှင်စွာ စိုးစံကြလိမ့်မည်။ ထို့အပြင်ဘုရားသခင် နိုင်ငံတော်၏ချမ်းသာခြင်းနှင့် ဂုဏ်ကျက်သရေတို့သည် သူတို့အတွက် ထာဝရရှိလိမ့်မည်။
ဤသည်မှာအဘယ်ကြောင့်နောက်ဆုံးသော ကာလ၌ မာတုရ ခံရ သောသန့်ရှင်းသူများကောင်းချီးခံစားရသည့်အကြောင်းရင်းဖြစ်သည်။သူတို့ သည် သခင်ဘုရားနှင့်အတူ သူ၏နှစ်တစ်ထောင် နိုင်ငံတော်၏ချမ်းသာ ခြင်းနှင့်ဂုဏ်ကျက်သရေများခံစားလျှက် သူ၏ထာဝရ ကောင်းကင်နိုင်ငံကို အစဉ်အမြဲ ခံစားကြရမည်။ သားရဲကိုအရှုံးမပေးသောသူများနှင့် သခင်ဘု ရား၌ သူတို့၏ယုံကြည်ခြင်းကို ခုခံကြသောသူတို့သည်ဘုရားသခင်သည် သူနှင့်အတူ စိုးစံခြင်းတည်းဟူသော ကောင်းချီးမင်္ဂလာများကို ချီးမြှင့်မည် ဖြစ်သည်။
အခန်းငယ် (၁၄) “တဖန် ငါကြည့်လျှင် ဖြူသောမိုးတိမ်ရှိ၏။ လူ သားတော်နှင့်တူသောသူသည်ခေါင်းပေါ်၌ရွှေသရဖူကိုဆောင်းလျှက် ထက် သော တံစဉ်ကို ကိုင်လျက် မိုဃ်းပေါ်မှာ ထိုင်တော်မူ၏။”
ဤကျမ်းပိုဒ်က သခင်ဘုရားသည် သန့်ရှင်းသူများကို ချီဆောင်ရန် အတွက်ပြန်ကြွလာမည်ဟု ကျွန်ုပ်တို့အား ပြောပါသည်။ အဘယ့်ကြောင့် ဆိုသော်သခင်ဘုရားသည် သန့်ရှင်းသူတို့၏သခင်ဖြစ်သည်။ သူသည် သူတို့ ၏ယုံကြည်ခြင်းကိုကာကွယ်ရန်အတွက် မာတုရခံရသူများကို ပြန်လည် ထ မြောက်စေပြီးချီဆောင်ခြင်းဖြင့်သူ၏ကောင်းကင်နိုင်ငံသို့ ချီသင့် သွားလိမ့် မည်။ဘေးဒဏ်ကြီးကာလတွင် ချီဆောင်ခြင်းသည် သန့်ရှင်းသူများထဲသို့ မ လွဲဧကန် ရောက်ရှိလာမည် ဖြစ်သည်။
အခန်းငယ် (၁၅) “ကောင်းကင်တမန် တစ်ပါးသည် ဗိမာန်တော် ထဲကထွက်၍ကိုယ်တော်၏တံစဉ်ကို လွှတ်၍စပါးရိတ်တော်မူပါ ရိတ်ရ သောအချိန် ရောက်ပါပြီ၊မြေကြီး၌ ရိပ်စရာစပါးမှဲ့ပြီဟု မိုဃ်းတိမ်ပေါ်မှာ ထိုင်သော သူကို ကြီးသောအသံနှင့်ဟစ်လေ၏။”
ဤကျမ်းပိုဒ်သည်သခင်ဘုရား၏သန့်ရှင်းသူများအတွက် ချီဆောင် ခြင်းပြီးဆုံးမှုကို ဖော်ပြပါသည်။ အချိန်အလိုက်ချီဆောင်ခြင်းသည် သန့် ရှင်းသူများ၏မာတုရခြင်းပြီးနောက် ဖြစ်ပေါ်လာမည်။ သခင်ဘုရားသည် ချီဆောင်ခြင်းတွင် အိပ်ပျော်နေသူများ မာတုရခံရသူများတို့ကို ခွင့်ပြု လိမ့် မည်။ သန့်ရှင်းသူတို့၏ယုံကြည်မှုပြီးဆုံးခြင်းသည် သူတို့၏ကယ်တင်ခြင်း မာတုရခြင်း၊ထမြောက်ခြင်း၊ချီဆောင်ခြင်းနှင့်ထာဝရအသက်တို့တွင်အခြေခံသည်။ သန့်ရှင်းသူ တို့၏ ချီဆောင်ခြင်း အချိန်သည် သူတို့၏ အန္တီခရစ်၏ နှိပ်စက်ခြင်းနှင့်အတူ မာတုရခံရခြင်း ပြီးဆုံးပြီးနောက် သူတို့၏ရှင်ပြန် ထ မြောက်ခြင်းနှင့် တစ်ပြိင်နက်တည်း ဖြစ်သည်။
အခန်းငယ်(၁၆)“မိုဃ်းတိမ်ပေါ်မှာထိုင်သောသူသည် မိမိတံစဉ်းကို မြေကြီး၌သွင်း၍ မြေကြီး၏စပါးကို ရိတ်တော်မူ၏။”
ဤကျမ်းပိုဒ်တွင်လည်း သန့်ရှင်းသူများ၏ချီဆောင်ခြင်းကို ရည် ညွှန်းပါသည်။ချီဆောင်ခြင်းဆိုသည်မှာ သန့်ရှင်းသူများကို လေထဲသို့ချီ မခြင်းကိုဆိုလိုပါသည်။ထို့နောက် သန့်ရှင်းသူများသည်လေထဲသို့ ချီမခံရ မည်ဟု ဆိုလိုသလား။ ထို့နောက်သခင်ဘုရားနှင့်အတူ မြေကြီးသို့ ပြန်ဆင်း မည်ဟု ဆိုလိုသလား။ ဟုတ်ကဲ့။သို့သော်သန့်ရှင်းသူများချီဆောင် ခံရပြီး နောက်ကျွန်ုပ်တို့၏သခင်ဘုရားသည်ကမ္ဘာမြေကြီး၊ပင်လယ်နှင့်ရှိသမျှအား လုံးတို့ကိုဖလားခုနှစ်လုံးအားကပ်ရောဂါကျစေခြင်းဖြင့် ဖျက်ဆီး လိမ့်မည်။ ထို့နောက် သူသည် သန့်ရှင်းသူများနှင့်အတူ ဤကမ္ဘာမြေသို့ ပြန်ဆင်း လာမည်။
ထို့နောက် သခင်ဘုရားနှင့်သူ၏ သန့်ရှင်းသူများတို့သည် ဤ ကမ္ဘာကို နှစ်တစ်ထောင်အုပ်စိုးကြလိမ့်မည်။ သိုးသူငယ်မင်္ဂလာဆောင် ည စာစားပွဲပြီးသောအခါ သူတို့သည် ထာဝရကောင်းကင်နိုင်ငံသို့ ပြန်တက် သွားကြလိမ့်မည်။သန့်ရှင်းသူများသိုးသူငယ်မင်္ဂလာပွဲညစာစားပွဲ၌ သခင်ဘု ရားနှင့်တက်ရောက်သောအခါ သခင်ဘုရားသည် ကမ္ဘာမြေကြီးနှင့်အထဲရှိ အရာအားလုံးကိုအသင့် ဖြစ်စေလိမ့်မည်။
သူတို့၏ချီဆောင်ခြင်း ပြီးဆုံးပြီးနောက် သန့်ရှင်းသူတို့သည် သခင် ဘုရားနှင့်အတူ လေထုထဲသို့ အခိုက်အတန့် နေကြလိမ့်မည်။ ထို့နောက် ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေး ပြီဆုံးသောအခါ သူတို့သည် ကမ္ဘာမြေ သစ်သို့နှစ်တစ်ထောင်ကြာ အုပ်စိုးရန်အတွက် သခင်ဘုရားနှင့်အတူ ဆင်း သက်လာကြလိမ့်မည်။ထို့နောက် သူတို့သည်သခင်ဘုရားနှင့်အတူ ကောင်း ကင်နိုင်ငံသို့ ဝင်စားကြပြီး ထာဝရသူနှင့်အတူ နေကြလိမ့်မည်။
အခန်းငယ် (၁၇) “ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင် ဘုံ၌ရှိသော ဗိမာန်တော်ထဲက ထွက်၍သူ့၌လည်းထက်သော တံစဉ်းပါ၏။”
ဤကျမ်းပိုဒ်တွင် ဖော်ပြသောကောင်းကင်တမန်မှာ တရားစီရင် သော ကောင်းကင်တမန်ဖြစ်သည်။ ဤကောင်းကင်တမန် ကမ္ဘာပေါ်ရှိ ဘု ရားကို ဆန့်ကျင်သောလူများအပေါ်သို့ ကြီးမားသော ကပ်ရောဂါဘေးကြီး ကျရောက်စေမည်ဖြစ်ပြီး ထိုဘုရားသခင်ကို ဆန့်ကျင်ရပ်တည်သူများအား ထာဝရမီးအိုင်ထဲသို့ချပစ်မည် ဖြစ်သည်။သူ၏တာဝန်မှာ အန္တီခရစ်နှင့် သူ၏ အစေခံကျွန်တို့အားလည်းကောင်း၊ဒုတိယအကြိမ်မွေးဖွားခြင်းမခံရသေး သူ အပြစ်သားများအားဖမ်းချုပ်ပြီး အဆုံးမရှိသောကျင်းထဲသို့ ချပစ်ရန်ဖြစ် သည်။
အခန်းငယ် (၁၈) “မီးကို အစိုးရသောကောင်းကင်တမန် တစ်ပါး သည် ယဇ်ပလ္လင်ထဲက ထွက်၍ ထက်သောတံစဉ်းပါသောသူ့ကို ကြီးစွာ သောကြွေးကြော်ခြင်းနှင့်ခေါ်လျှက် သင်၏ထက်သောတံစဉ်းကို လွှတ်၍ မြေကြီး၏ စပျစ်သီးပြွက်တို့ကို ရိတ်လော။ အသီးမှည့်ပြီဟု ပြော၏။”
ဤကျမ်းပိုဒ်ကဘုရားသခင်ကသူ့အားဆန့်ကျင်ရပ်တည် ကြသော အပြစ်သားများအားတရားစီရင်ရမည့်အချိန် ရောက်ပြီဟု ပြောပြပါသည်။ ဘုရားသခင်၏အချိန်တို့သည်သူ၏အစီအစဉ်များပြီးဆုံးသောအချိန်နာရီပင် ဖြစ်သည်။ ဘုရားသခင်သည် အပြစ်သားများအားသူ၏အပြစ်ဒဏ် မီးလျှံချ မှတ်ရန်အတွက်ဘုရားသခင်သည် အပြစ်သားအားလုံးနှင့်သူ့အား ဆန့်ကျင် ရပ်တည်နေသူအားလုံးတို့ကို အတူတကွ စုရုံးစေပြီးထုံးစံရှိသည့်အတိုင်း အပြစ်ပေးမည်ဖြစ်သည်။
အခန်းငယ် (၁၉) “ကောင်းကင်တမန်သည်လည်း မိမိတံစဉ်းကို မြေကြီး၌သွင်း၍ မြေကြီး၏စပျစ်သီးကိုရိတ်ပြီးမှ ဘုရားသခင်၏အမျက် တော်တည်း ဟူသော နယ်ရာ တန်ဆာကြီးထဲသို့ ချလေ၏။”
ဤကျမ်းပိုဒ်က ကျွန်ုပ်တို့အားဖော်ပြသည်မှာ သန့်ရှင်းသူတို့၏ ချီ ဆောင်ခြင်းပြီးနောက် အန္တီခရစ်နှင့်အပြစ်သားများသည် ဖလားခုနှစ်လုံး၏ ကပ်ရောဂါဘေးအောက်တွင် ပြင်းစွာခံစားကြရလိမ့်မည်။ ဤကမ္ဘာ မြေ တွင်လည်း ဘုရားသခင်သည်သူ၏အမျက်ဒေါသကို အပြစ်သားများထဲသို့ လွှင့်ထုတ် ကြောက်မက်ဖွယ်ကပ်ရောဂါကို သူတို့အပေါ်သို့ လွှတ်လိုက် လိမ့်မည်။ ထို့နောက်မှငရဲသို့ချသော အပြစ်ဒဏ်ကလိုက်လာမည်။ ဘုရား သခင်ကအန္တီခရစ်နှင့်အပေါင်းပါများအပေါ် ကျရောက်စေမည့်ကပ်ရောဂါ ဘေးများမှ သူ၏ဖြောင့်မတ်သောအမျက်ဒေါသဖြစ်သည်။ ဤသည်မှာသူ့ အား ဆန့်ကျင်သူများအပေါ် ဘုရားသခင်ကကြည့်ရှုစောင့်ရှောက်ပုံဖြစ် သည်။
အခန်းငယ် (၂၀) “မြို့ပြင်၌ နယ်ရာတန်ဆာကို ဖိနင်း၍ အသွေး သည် တစ်ဆယ့်ခြောက်ယူဇနာ ခရီးတစ်လျှောက်လုံး၌ မြင်းဇက်ကြိုးကို မှီ သည့်တိုင်အောင် နယ်ရာ တန်ဆာထဲက ထွက်လေ၏။”
ဤကျမ်းပိုဒ်ကျွန်ုပ်တို့အား ပြောပြသည်မှာဘုရားသခင်၏ အမျက် ဒေါသတည်းဟူသော ပြစ်ဒဏ်၏ကြမ်းတမ်း ရက်စက်မှုအကြောင်း ဖြစ်ပြီး ဤဆင်းရဲဒုက္ခများသည် ကမ္ဘာမြေပေါ်တွင် ကျန်ရှိသေးသောလူနှင့် သက်ရှိ သတ္တဝါတို့အတွက်ဖြစ်ပြီး ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးများသူတို့အ ပေါ်သွန်းလောင်းခံရခြင်းကြောင့် ဖြစ်သည်။ ဤကပ်ရောဂါဘေးများသည် ကမ္ဘာ တစ်ဝှမ်းလုံးကို လုံးဝဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ဖြင့်လည်း ကျွန်ုပ် တို့ကို ဤကျမ်းပိုဒ်က ပြောပြပါသည်။သန့်ရှင်းသူများ၏မာတုရခံရခြင်း၊ ထမြောက်ခြင်းနှင့် ချီဆောင်ခြင်း ပြီးသည်နှင့် တစ်ပြိုင်နက်ဖလားခုနှစ်လုံး ကပ်ရောဂါ ဘေးများ၏အမျက်ဒေါသကြီးသည် အတူတကွ ကျရောက် လာ ကြ ပြီးနောက် အရာအားလုံးသည် နိဂုံးချုပ်သွားကြလိမ့်မည်။
ကောင်းကင်ဘုံ၌ရှိသောသန့်ရှင်းသူများနှင့်ကောင်းကင်တမန်များမှအပ မည်သူမျှ ဤကြောက်ရွံ့ ဘွယ်ရာကောင်းသော ကပ်ရောဂါဘေးမှ လွတ်မြောက်ကြမည်မဟုတ်ပေ။တခြားနည်းဖြင့် ပြောရလျှင် ဘုရားသခင် အား ဆန့်ကျင်ရပ်တည်သူများအတွက်သာ ငရဲက စောင့်ကြိုနေလိမ့်မည်။ နှိုင်းယှဉ်ချက်အနေဖြင့်ဒုတိယအကြိမ် မွေးဖွားခြင်းခံရသူသန့်ရှင်းသူ များ တို့သည် မင်္ဂလာဆောင်ညစာစားပွဲ၌ သခင်ဘုရားနှင့်အတူ ရှိနေကြ လိမ့် မည်ဖြစ်ပြီး သူ၏ကယ်တင်ခြင်းအတွက် သူ့ကို ကျေးဇူးတင်လျက် ချီးမွမ်း နေကြလိမ့်မည် ဖြစ်သည်။ ထို့နောက်သန့်ရှင်းသူများသည် သခင်ဘုရားနှင့် အတူ ဘုရင်ထာဝရ ကောင်းချီးများခံစားလျက် ရှိနေကြလိမ့်မည်။