Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 14-2] အန္တီခရစ်ပေါ်လာခြင်းကို သန့်ရှင်းသူများကမည်ကဲ့သို့ တုန့်ပြန်ကြမ (ဗျာဒိတ်ကျမ်း ၁၄း၁-၂၀)

အန္တီခရစ်ပေါ်လာခြင်းကို သန့်ရှင်းသူများကမည်ကဲ့သို့ တုန့်ပြန်ကြမ
( ဗျာဒိတ်ကျမ်း ၁၄း၁-၂၀ )
 
မဝေးတော့သော အနာဂတ်ကာလ၌ အန္တီခရစ်ပေါ်လာသော အခါ အနိုင်ယူကျော်လွှားနိုင်ရန်အတွက် သန့်ရှင်းသူများသည် သခင်ဘုရား အ ပေါ်ရှိသော ယုံကြည်ခြင်းဖြင့် သူတို့ကိုယ် သူတို့မာတုရခြင်းခံရန်အတွက် ပြင်ဆင်ကြရမည်။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် သူတို့သည် ဤကမ္ဘာမြေ သို့ ယူဆောင်လာမည်။ အန္တီခရစ်၏ဆိုးယုတ်သော အကြံအစည်တို့ကို ကောင်းစွာ သိရှိထားကြရမည်။ ဤနည်းဖြင့်သာသန့်ရှင်းသူတို့သည် အန္တီ ခရစ်ကို ဆန့်ကျင်ရပ်တည်စေနိုင်ပြီး သူတို့၏ယုံကြည်ချက်ဖြင့် သူ့အား အနိုင်ယူနိုင်ကြမည် ဖြစ်သည်။ စာတန်သည်ခရစ်ယာန်တို့၏ ယုံကြည်ခြင်း ကို ဖျက်ဆီးဖို့ ကြိုးပမ်းရာ၌ လူအများအား သူ၏ အမှတ်တံဆိပ် ဖြစ်သော သူ၏နာမည် (သို့မဟုတ်) ဂဏန်းကို လက်ခံရန် ပြုလုပ်လိမ့်မည်။
အန္တီခရစ်ကခရစ်ယာန်တို့၏ ယုံကြည်ခြင်းကိုဖျက်ဆီးရန် ကြိုးစား ရခြင်းအကြောင်းရင်းမှာ ဘုရားသခင်အားဆန့်ကျင်ရပ်တည်ရန်နှင့် ဖြောင့် မတ်သူတို့၏ယုံကြည်ခြင်းကို ပစ်ချပြစ်ရန်အတွက် ဖြစ်သည်။ သူသည် လူအများအား ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းအားဖြင့် သူတို့၏ အ ပြစ်များမှခွင့်လွှတ်မှုကို လက်ခံရရှိခြင်းမှ ကာကွယ်ရန်အတွက် ရှာဖွေနေ သည်။အန္တီခရစ်သည် လူအများကို သူ့အစေခံကျွန်များဖြစ်စေပြီး သူတို့အား ဘုရားသခင်နှင့် ဆန့်ကျင်ရပ်တည်ရန် ပြုလုပ်လိမ့်မည်။ ထိုအကြောင်း များကြောင့်အန္တီခရစ်နှင့်သူ၏အပေါင်းပါများသည်ဤကမ္ဘာပေါ်၌ပင် ကျန် ရှိပြီးကြီးလေးသောအပြစ်ဒဏ်နှင့်ကပ်ရောဂါဘေးများ ခံစားကြရလိမ့်မည်။
ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက် တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တ မန်တို့ရှေ့၊သိုးသူငယ်ရှေ့တွင်ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသော ညှင်း ဆဲခြင်းကို ခံရလိမ့်မည်။ “ထိုညှင်းဆဲခြင်း၏ မီးခိုးသည်ကမ္ဘာ အဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့်သူ၏ ရုပ်တုကိုကိုးကွယ်၍သူ၏ နာမတံဆိပ်ကို လက်ခံသော သူတို့သည် နေ့ညမပျက်သက်သာရာမရကြဟု လိုက်၍ ကြီး သောအသံ နှင့်ပြော၏။” ဘုရားသခင်၏ပညတ်ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤ အရာ၌သည်းခံစရာ အကြောင်းရှိ၏ “တဖန်ဘုံကောင်းကင်အသံကား ယခု မှစ၍ သခင်ဘုရား၌သေသောသူတို့သည်မင်္ဂလာရှိကြ၏” ဟုပြောဆိုသည် ကို ငါကြား၏။
 
 

မမေ့ပျောက်သင့်သော စစ်မှန်သည့်နှုတ်ကပတ်တော်

 
အပြစ်များမှခွင့်လွှတ်ခြင်းခံရသည့်အပြစ်သားများသတိရနေရမည့် အရာမှာအန္တီခရစ်အားဖြင့်မာတုရခံရခြင်းခံစားရပြီးနောက် မကြာမီ ရှင်ပြန် ထမြောက်ခြင်းနှင့် ချီဆောင်ခြင်းတို့ကို အပြစ်ကင်းစင်းသော သန့်ရှင်းသူ များသာခံစားရမည် ဖြစ်သည်။ အန္တီခရစ်ပေါ်ပေါက်လာသော နေ့ရက်များ၌ သန့်ရှင်းသူများ၏ မာတုရခံရခြင်းကျရောက်လာသောအခါ ဘုရားသခင်၏ ကတိတော်များအားလုံး ပြီးပြည့်စုံလိမ့်မည်ဖြစ်ကြောင်းကျွန်ုပ်တို့ သတိရ နေရမည်ဖြစ်သည်။
အခန်းငယ်(၁၄)အားဖြင့်လည်းကောင်း၊အခန်းကြီး(၁၄)ရှိဘုရားသ ခင်၏နှုတ်ကပတ်က သင်ကြားမှုအရလည်းကောင်း၊ ကျွန်ုပ်တို့သိထား ရ မည်မှာ ချီဆောင်ခြင်းသည် သန့်ရှင်းသူတို့ထံ ဧကန် မုချရောက်ရှိလာမည် ဖြစ်ပြီးချီဆောင်ခြင်းကျရောက်မည့်အချိန်မှာသူတို့၏မာတုရခံရပြီး နောက် မှ ဖြစ်လိမ့်မည်။
ကျွန်ုပ်တို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ချီဆောင်ခြင်းတို့သည် စာ တန်ကသူ၏အမှတ်တံဆိပ်ကိုလူအများအားလက်ခံစေပြီး နောက်မှကျ ရောက်လိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့မမေ့သင့်ပေ။အန္တီခရစ်၏ အာဇာ နည်ကဲ့သို့ ညှင်းပန်းနှိပ်စက်ခြင်း (မာတုရခံရခြင်း)ခံရသူများအဖို့ ထ မြောက်ခြင်းနှင့်ချီဆောင်ခြင်းတည်းဟူသော ကောင်းချီးများက သူတို့အား စောင့်ကြိုလျက် ရှိနေပါသည်။ စာတန်၏ အမှတ်တံဆိပ်ကိုသန့်ရှင်းသူများ လက်ခံဖို့ ငြင်းဆန်ဖို့ရန်အတွက် ထိုအချိန်၌ ဖြောင့်မတ်သူများတို့သည် သူ တို့၏ယုံကြည်ခြင်းကို ကာကွယ်ရန်အတွက် သူတို့၏မြင့်မြတ်သော မာတု ရခံရခြင်းကို ပေါ့ဖက်လက်ခံရလိမ့်မည်။ထို့ကြောင့် အာဇာနည်မာတုရ များ ဖြစ်ကြသောကြောင့်ဖြောင့်မတ်သူတို့သည် ဤကမ္ဘာ၌ သူတို့၏ ဝါယမစိုက် ထုတ်မှုအတိုင်း သူတို့၏ဆုလဒ်များရရှိလိမ့်မည်။ ထို့အပြင် ဘုရားသခင်၏ ဂုဏ်ကျက်သရေတော်က သူတို့၏ထပ်ဖြည့်လိမ့်မည်။
သင်နှင့်အနီးကပ်ဆုံးသော သင်၏ ရောင်းရင်းသန့်ရှင်းသူ (သို့မ ဟုတ်) အစေခံကျွန်တို့ သူတို့၏ယုံကြည်ခြင်းကို ကာကွယ်ရန်အတွက် မာ တုရခံရခြင်း ဟူသောညှင်းပန်းနှိပ်စက်ခံရမှုကို သင်မြင်ရသောအခါ ပူဆွေး သောက ရောက်ခြင်း (သို့မဟုတ်) ဒေါသထွက်ခြင်းမရှိပါနှင့်။ အမှန်ဆိုလျှင် ယင်းအပြစ်နှင့်ပြောင်းပြန်ဖြစ်လျက် သန့်ရှင်းသူအားလုံးတို့သည် အမှန်တ ကယ်အားဖြင့် ယင်းကဲ့သို့သူတို့၏ယုံကြည်ခြင်းကို ကာကွယ်လျက် မာတုရ ခံရခြင်းကိုခွင့်ပြုသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပြီးသူ၏ ဂုဏ် တော်ကို ချီးမွမ်းရမည် ဖြစ်သည်။ ထို့နောက် မကြာမီအတွင်း အာဇာနည် မာတုရများသည် သန့်ရှင်းသောခန္ဓာဖြင့် ထမြောက်ပြီး သခင်ဘုရား၏ ချီ ဆောင်ခြင်းကိုခံကြရမည် ဖြစ်သည်။
 
 

ဘုရားသခင်အား ဆန့်ကျင်ရပ်တည်နေသူများအတွက် ပြင်ဆင်ထားသော ဖလားခုနှစ်လုံး၏ ကပ်ရောဂါဘေး ဆိုသည်မှာမည်သည့် အရာနည်း

 
အခန်းငယ် (၁၉)က ပြောပြသည်မှာ “ကောင်းကင်တမန် သည် လည်း မိမိတံစဉ်ကို မြေကြီး၌ သွင်း၍ မြေကြီး၏စပျစ်သီးကို ရိတ်ပြီးမှ ဘုရားသခင်၏အမြတ်တော်တည်းဟူသော နယ်ရာတန်ဆာကြီးထဲသို့ ချ လေ၏။”ဘုရားသခင်၏မေတ္တာတော်ကို ဆန့်ကျင်လျက်ရပ်တည် နေသော သူတို့မှာ ဘုရားသခင်ထံမှ ထိုကံကြမ္မာမျိုးကိုလက်ခံရရှိခြင်းပင် ဖြစ်သည်။ သခင်ဘုရားထံမှရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကိုသူတို့ နှလုံးသား၌ လက်ခံထားရှိရန် ငြင်းဆန်ပြီးဆန့်ကျင်ရပ်တည်သောသူတို့သည် ဤကမ္ဘာ တွင် သူတို့ရှိနေစဉ်ပင် ဘုရားသခင်၏ကြောက်မက်ဘွယ်ရာကပ်ရောဂါ ဘေးများသည်သန့်ရှင်းသူတို့၏ မာတုရခံရခြင်း ပြီးနောက် ကျရောက်လာ မည် ဖြစ်သည်။ ဤသည်မှာသူတို့၏အပြစ်များကို သူ၏အတွေးနှင့် ရေအား ဖြင့်ဆေးကြောခဲ့သောခရစ်တော်၏ကယ်တင်ခြင်းကို လက်မခံသော သူတို့ ၏ ဘုရားနှင့်ဆန့်ကျင်သောရန်သူ ဘ၀သို့ ရောက်လာရပုံပင် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ဖလားခုနှစ်လုံး ကပ်ရောဂါဘေး သွန်းလောင်း မှုကိုသာ ခံရသည်မဟုတ်၊ ငရဲတည်းဟူသော အလွန်ကြောက်စရာ ကောင်း သည့် ထာ၀ရပြစ်ဒဏ်တည်းဟူသောကပ်ရောဂါဘေးကိုလည်း ခံစားကြရ မည် ဖြစ်သည်။
ဤသည်မှာသခင်ဘုရားအားဖြင့် ချီဆောင်ခြင်းမခံရသူများ အပေါ် ဘုရားသခင်ကျရောက်စေမည့် ကပ်ရောဂါဘေးခုနှစ်ခုပင် ဖြစ်သည်။ ဘု ရားသခင်သည်ချီဆောင်ခြင်းတွင်မပါဝင်သူများ ဤကမ္ဘာမြေ၌ ဆက်လက် နေထိုင်ပြီး စာတန်၏ကျေးကျွန်ကဲ့သို့ ဘုရားသခင်၏ဂုဏ်အသေ ရေတော် ကို ပုတ်ခက်ပြောဆို နေသူများအတွက် သူပြင်ဆင်ထားသော ဖလားခုနှစ် လုံးတည်းဟူသော ကပ်ရောဂါဘေးများကို သန့်ရှင်းသူများမာတုရခံပြီး နောက် ရက်စက်စွာသွန်းလောင်းလိမ့်မည်။
ထို့နောက် အဘယ့်ကြောင့် ဘုရားသခင်က ဖြောင့်မတ်သူများကို မာတုရခံစေရမည့်နည်း။ အဘယ့်ကြောင့်ဆိုသော် ဒုတိယအကြိမ်မွေးဖွား ခြင်းမခံရသေးသောသူများနှင့်အတူ ဖြောင့်မတ်သူများတို့သည် ဤကမ္ဘာ၌ ဆက်လက် ကျန်ရှိနေဦးမှာဖြစ်သည့်အတွက် သူတို့အချိန်ကျရောက် လာ သောအခါ ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးများကို ကျရောက်စေနိုင်မည် မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် ထိုဖြောင့်မတ်သူများကို ချစ်သည့် အလျောက် သူတို့အားလုံးသူ၏ဂုဏ်သရေတော်၌ ဝင်စားနိုင်ရန်အတွက် သူတို့အား မာတုရပြုခြင်းခံစေရန် ခွင့်ပြုရခြင်း ဖြစ်သည်။ဤသည်မှာ အ ဘယ့်ကြောင့် ဘုရားသခင်ကဖြောင့်မတ်သူများကို ဖလားခုနှစ်လုံး၏ကပ် ရောဂါဘေးများမထုတ်လွှတ်မီ မာတုရဖြစ်ခြင်းခံစေရမည့်အကြောင်း ဖြစ် သည်။ ထို့နောက်မာတုရများ၏ထမြောက်ခြင်းနှင့်ချီဆောင်ခြင်း ပြီးနောက် သူသည် လွတ်လပ်စွာဖြင့် ဤကမ္ဘာသို့ ကပ်ရောဂါဘေးများသွန်းလောင်း လိမ့်မည် ဖြစ်သည်။ဤဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးများမှာ ဤကမ္ဘာ ပေါ်ရှိ လူသားအားလုံးပေါ်သို့ ကျရောက်စေမည်ဖြစ်သည့်နောက်ဆုံးကပ် ရောဂါ ဘေးများပင် ဖြစ်သည်။
 
 
နှစ်တစ်ထောင်အုပ်စိုးခြင်းနှင့် သန့်ရှင်းသူများ၏ အခွင့်အာဏာ
 
နှစ်တစ်ထောင်အုပ်စိုးခြင်းကာလသည် ဤကမ္ဘာမြေသို့ သခင်ဘု ရားသည် သူ၏သန့်ရှင်းသူများနှင့်အတူတကွ ပြန်လည်ဆင်းသက် လာချိန် တွင် စတင်လိမ့်မည်။မသဲ (၅း၅) က ကျွန်ုပ်တို့အား ပြောပြသည်မှာ “စိတ် နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကားသူတို့သည် ပြည်တော်ကို အမွေခံကြလတ္တံ။” သခင်ဘုရားသည် သန့်ရှင်းသူများနှင့် အတူဤကမ္ဘာသို့ပြန်လာသောအခါဆာလံကျမ်း(၃၇း၂၉)ပါ “ဖြောင့်မတ်သူ တို့သည် ပြည်တော်ကို အမွေခံ၍အစဉ်အမြဲ နေရကြလိမ့်မည်” ဟူသော စကားသည် စုံလင်ခြင်းသို့ ရောက်လိမ့်မည်။
ထို့ကြောင့်သခင်ဘုရားသည်သန့်ရှင်းသူအားလုံးနှင့်အတူဤကမ္ဘာ သို့ ဆင်းသက်လာသောအခါ သူသည် သူ၏အခွင့်အာဏာအားလုံးကို သူ တို့အား အပ်နှံပြီးဤကမ္ဘာမြေကို ထိုသူတို့အဖို့ ဖြစ်စေလိမ့်မည်။ ထိုအ ချိန်တွင် ဘုရားရှင်သည် သူတို့အား မြို့ကြီး (၁၀) မြို့အခြားမြို့ (၅) မြို့ကို အုပ်စိုးရန် အခွင့်အာဏာပေးလိမ့်မည်။ သခင်ဘုရားသည် သူ ပြန်လာသော အခါ ဤကမ္ဘာမြေနှင့်အရာအားလုံးကို အသစ်ဖြစ်စေပြီး သန့်ရှင်းသူ များကို လည်း သူနှင့်အတူ ထိုအချိန်မှစ၍ နှစ်တစ်ထောင်ကာလအထိ အုပ်စိုး စေ လိမ့်မည်။
ထို့အပြင် ဤခေတ်ကာလ၏ ဖြောင့်မတ်သူ များနှင့်အတူရှိနေရ မည့်မျှော်လင့်ချက်သည်မည်သည့်အရာနည်း။သူတို့သည် ခရစ်တော် တည် ထောင်သည့် ဤကမ္ဘာ၏ခရစ်တော်၏နိုင်ငံတော်ကို မျှော်လင့်နေရမည်။ ဤကမ္ဘာမြေပေါ်သို့သခင်ဘုရား၏နိုင်ငံတော်ကျရောက်လာသောအခါ ငြိမ် သက်ခြင်း၊ပျော်ရွှင်ခြင်းနှင့်ကောင်းချီးတို့သည်သူ၏အုပ်စိုးမှနောက်ကလိုက် လာပြီးနောက်ဆုံး၌ဤကမ္ဘာတွင်တည်နေလိမ့်မည်။သခင်ဘုရား၏အုပ်စိုးမှု အောက်၌နေထိုင်ကြစဉ် မည်သည့်အရာမှကျွန်ုပ်တို့အတွက် မချို့တဲ့စေရ။ သို့သော်လည်း သူ၏အလျံပယ်ပေါကြွယ်၀ခြင်းနှင့်ပြည့်စုံခြင်းတို့ဖြင့် နေ ထိုင်ကြရမည်။
ဤကမ္ဘာမြေသို့ သခင်ဘုရား၏နိုင်ငံတော်ကျရောက်လာသောအ ခါဖြောင့်မတ်သူတို့၏မျှော်လင့်ချက်နှင့်အိပ်မက်အားလုံးတို့သည် ပြည့်စုံ လိမ့်မည်။ ကမ္ဘာမြေ၌ နှစ်တစ်ထောင်ကာလကြာနေထိုင်ကြပြီးနောက် ဖြောင့်မတ်သူတို့သည် ထာ၀ရကောင်းကင်င်ငံထဲသို့ ဝင်ကြရမည်။ သို့သော် မတူညီသည့်အရာမှာဘုရားသခင်နှင့် ဆန့်ကျင်ရပ်တည် နေသူများတို့သည် ကန့်နှင့်ငရဲမီးဖြင့် ပြီးသောထာ၀ရမီးအိုင်ထဲသို့ ပစ်ချခံရပြီးနေ့ရောညပါ အ နားမရဘဲ ထာ၀ရ ဆင်းရဲဒုက္ခ ခံစားနေရမည် ဖြစ်သည်။
ထို့ကြောင့် ဖြောင့်မတ်သူများတို့သည် မျှော်လင့်ချက်ဖြင့် အသက် ရှင် နေရမည်။သခင်ဘုရား၏နေ့ရက်ကို စောင့်စားနေရမည်။ ဖြောင့်မတ်သူ အားလုံးတို့သည် မာတုရခံရခြင်း၊ ထမြောက်ခြင်း၊ ချီဆောင်ခြင်းနှင့် ထာ၀ရ အသက်တို့သည် သူတို့အဖို့ဖြစ်ကြောင်း အမြဲသတိရနေကြရမည်။ ဤစစ် မှန်သောနှုတ်ကပတ်တော်ကိုသင်၏နှလုံးသားထဲ၌ သိမ်းထားပြီး သင်ကြား နာခဲ့ပြီး သည့်အတိုင်း ဤနှုတ်ကပတ်တော်ကိုသစ္စာရှိစွာဆုပ်ကိုင်ထားပါ။
သခင်ဘုရား၏နေ့ရက်မရောက်မီအထိဖြောင့်မတ်သူတို့သည်ရေနှင့်ဝိညာဉ် သတင်းကောင်းကို ဟောပြောလျက်အသက် ရှင်ရလိမ့်မည်။ ထို့နောက် သူတို့၏မျော်လင့်ချက်ကိုကောင်းကင်နိုင်ငံတော်၌ထားရှိရမည်။ဖြောင့်မတ် သူတို့သည် ဘုရားသခင်၏နိုင်ငံတော်၌ ထာ၀ရနေထိုင်ခွင့်၊ အခွင့်အာဏာရ ရှိပြီး ဤကမ္ဘာမြေပေါ်၌ရေနှင့်ဝိညာဉ်သတင်းကောင်းကို ဟောပြောရန်အ ခွင့် အာဏာရရှိထားသည်။
 
 
အမှောင်ခေတ်ထဲရှိ သန့်ရှင်းသူများဘာလုပ်ရမည်နည်း
 
ထိုသူသည် ဘုရားသခင်၏ဒေါသဖလား၌ လောင်းသောအမျက် တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တ မန်တို့ရှေ့၊သိုးသူငယ်ရှေ့တွင်ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသော ညှင်း ဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှင်းဆဲခြင်း၏မီးခိုးသည် ကမ္ဘာ အဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်၍ သူ၏နာမတံဆိပ်ကို လက်ခံသောသူတို့သည် နေ့ညမပျက်သက်သာရာမရကြဟု လိုက်၍ကြီး သော အသံနှင့်ပြော၏။ ဘုရားသခင်၏ ပညတ်ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကို လည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာ အကြောင်းရှိ၏။တဖန် ဘုံကောင်းကင်အသံကား ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ပြောဆို သည်ကို ငါကြား၏။။
ဤခေတ်သည်အမှောင်ခေတ်ဖြစ်သည်မှာအလွန်ရှင်းပါသည်။ ဤ ကမ္ဘည၌ ဆက်လက်နေထိုင်ရန် အမြဲတစေခက်ခဲနေမည်ဖြစ်သည်။ ထို့ ကြောင့်ကျွန်ုပ်တို့သည် အပြစ်သားများကို ရေနှင့်ဝိညာဉ်သတင်းကောင်းကို ဟောပြောပြီး သူတို့အားပြုစုပျိုးထောင်ပေးရမည်။ ဤကမ္ဘာတစ်ဝှမ်းလုံး ကို ဖြောင့်မတ်သူများကဘုရားသခင်၏မေတ္တာကို ပြန့်နှံ့စေရမည်ဖြစ်ပြီး သခင်ခရစ်ကပေးအပ်သော သူတို့၏အပြစ်များမှ ခွင့်လွှတ်ခြင်းအကြောင်း ကို ရေနှင့်ဝိညာဉ်သတင်းကောင်းဖြင့်ဖြန့်ချီရမည်။ ဤသည်မှာ ဖြောင့်မတ် သူများလုပ်ရမည့်အလုပ်ပင်ဖြစ်သည်။
လက်ရှိဤကမ္ဘာပေါ်၌ ရေနှင့်ဝိညာဉ်သတင်းကောင်းကို မရရှိသူ မြောက်များစွာရှိပြီးသူတို့သည် ယေရှုကိုယုံကြည်ပြီးသခင်ဘုရားကို အလုပ် အကျွေးပြုပြီး အသက်ရှင်ရန်တောင်းဆိုနေကြသည်။ သို့သော်သူတို့၏ ဘာ သာရေးအသက်တာကို ဦးဆောင်နေသူတို့သည် အမှန်တရားနှင့်ကင်းဝေး ကြလျက် မှားယွင်းသောပရောဖက်များသာ ဖြစ်နေကြသည်။ ဤလူလိမ် များသည် ယေရှုနာမည်ဖြင့် ယုံကြည်သူများ၏ရုပ်ဝတ္ထုပိုင်ဆိုင်မှုများကို ခေါင်းပုံဖြတ်၊ အမြတ်ထုတ်နေကြသော လိမ်ညာသူများသာဖြစ်ကြသည်။
ထို့အကြောင်းများကြောင့် ဤမှားယွင်းသောပရောဖက်များ၏ လိမ်ညာလှည့်ဖြားခံရသူများ မိမိတို့အသက်တာ၏ယုံကြည်မှုအတိုင်း အ သက်ရှင်ရန် ကြိုးပမ်းနေသူများကို ကျွန်ုပ်တို့သနားဂရုဏာဖြစ်ကြသည်။ သူတို့အသက်တာယုံကြည်မှုကို ရေနှင့်ဝိညာဉ်သတင်းကောင်းမပါဘဲ အ သက်ရှင်နေကြသော ဤအမည်ခံခရစ်ယာန်များသည် အပြစ်သားများအ ဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး သူတို့ကိုယ်သူတို့ ယေရှုကိုယုံကြည်သည်ဟု အခိုင် အမာပြောနေကြသည့်တိုင်အောင်သူတို့သည် ဘုရားသခင်ပညတ်တော်၏ ကျိန်ခြင်းအောက်၌ ဆက်လက်၍အသက်ရှင်ကြဆဲပင်ဖြစ်သည်။ သူတို့ သည် အပြစ်ထဲ၌ အမြဲတစေအသက်ရှင်လျက်ရှိပြီး အကယ်၍သူတို့သည် ရေနှင့်ဝိညာဉ်သတင်းကောင်းကိုသာ ယုံကြည်မည်ဆိုလျှင် သူတို့နှလုံးသား ထဲရှိ အပြစ်အားလုံးသည် အလွယ်တကူပျောက်ကွယ်သွားမှာဖြစ်ပြီးသူတို့ အားနှင်းပွင့်ကဲ့သို့ ဖြူဖွေးအောင် သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့ကို သူတို့၏ ဆုလဒ်အဖြစ်ပေးအပ်မည်ဆိုသောအချက်ကို လစ်လျူရှုလျက်ရှိ နေကြသည်။
သို့သော် မတူညီသည့်အချက်မှာ ရေနှင့်ဝိညာဉ်သတင်းကောင်းကို ယုံကြည်ပြီးဟောပြောလျက်ရှိသော ဘုရားသခင်၏အစေခံကျွန်တို့သည် ငြိမ်သက်ခြင်းဖြင့် အသက်ရှင်နေထိုင်လျက်ရှိကြသည်။ ဘုရားသခင်၏ အ စေခံကျွန်များနှင့် သူ၏လူများသည်ရေနှင့်ဝိညာဉ်သတင်းကောင်း၌ ဝမ်း မြောက်ခြင်းရှိကြ၏။ သူတို့သက်သေခံကြသည်မှာ သခင်ယေရှုသည် ကမ္ဘာ မြေကြီး၏အပြစ်များကို သူ့အပေါ်၌တင်လျက်ရှင်ယောဟန်ထံ၌ ရေနှစ် ခြင်းခံယူကာ လက်ဝါးကားတိုင်၌ ဤအပြစ်များအားလုံးအတွက် တရားစီ ရင်မှုခံယူပြီးတစ်ကြိမ်တည်းဖြင့် တစ်ကမ္ဘာလုံး၏အပြစ်များကို ပျောက် ကွယ်စေခဲ့သည်။ ဤအပြစ်ဖြေသောကယ်တင်ခြင်းကို ကျွန်ုပ်ယုံကြည်ခြင်း ဖြင့်ကျွန်ုပ်အပေါ်၌ လေးလံစွာတင်ရှိနေသော အပြစ်များသည်လည်း ပျောက်ကွယ်သွားသည်။ ကျွန်ုပ်သည် ယခုအခါဖြောင့်မတ်သူဖြစ်သွားပြီ” ဟူ၍ဖြစ်သည်။
ယင်းကဲ့သို့သော သက်သေခံချက်များနှင့်အတူ ဘုရားသခင်၏အ သင်းတော်ရှိသန့်ရှင်းသူများတို့သည် ဂုဏ်တော်ကို ချီးမွမ်းလျက်ရှိကြသည်။ နောက်ဆုံး၌ ဤကဲ့သို့သော ယုံကြည်ခြင်းရှိသူတို့၏ မျှော်လင့်ချက်သည် ကောင်းကင်ဘုံဖြစ်လာသည်။
 
 
ပထမဆုံးသော ရှင်ပြန်ထမြောက်မှုသည် သန့်ရှင်းသူများအတွက် သီး သန့်ထားရှိသော ဖြစ်ရပ်တစ်ခုဖြစ်သည်။
 
တိုတောင်းလှသော ကာလအတွင်းပင် ဤကမ္ဘာမြေသို့ သခင် ဘုရားသည် ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။အန္တီခရစ် ပေါ်လာ ပြီး လူပေါင်းများစွာ၏ညာဖက်လက်မောင်း၌သို့မဟုတ် နဖူးပေါ်၌ သူ၏ အ မှတ်တံဆိပ် ရိုက်နှိပ်ခြင်းသည်မဝေးလှသော အနာဂတ်တွင်ဖြစ်လိမ့်မည်။ ဤအချိန်ကာလရောက်လာသောအခါ သခင်ဘုရား၏ဒုတိယအကြိမ်ကြွ လာခြင်း၊ ထို့အတူသန့်ရှင်းသူတို့၏မာတုရခံရခြင်း၊ ထမြောက်ခြင်းနှင့် ချီ ဆောင်ခြင်းတို့သည်သင်နှင့်နီးကပ်လာတော့မည်ဖြစ်သည်ကိုသင်နားလည် သဘောပေါက်လာလိမ့်မည်။ ယင်းကဲ့သို့သောနေ့ရက်နှင့် အချိန်ဆိုက် ရောက်လာသောအခါ သန့်ရှင်းသူတို့အတွက် ပျော်ရွှင်သောနေ့ဖြစ်လာ သော်လည်း အပြစ်သားများဖြစ်သောဒုတိယအကြိမ်မွေးဖွားခြင်း မခံရသေး သူများအဖို့မူသူတို့အတွက် အပြစ်စီရင်ခံရသောနေ့ ဖြစ်လာလိမ့်မည် ဖြစ် ကြောင်း သင်နားလည် သဘောပေါက်လာလိမ့်မည်။
သန့်ရှင်းသူ အားလုံးတို့သည်သူတို့၏မာတုရအဖြစ်ခံရခြင်း ကာလ ပြီးသောအခါချီဆောင်ခြင်းခံရလိမ့်မည်။ ထို့နောက် သိုးသူငယ်မင်္ဂလာ ဆောင်ညစာစားပွဲသို့ သခင်ဘုရားနှင့်အတူ တက်ရောက်ကြလိမ့်မည်။ ဤ အချိန်၌ သင်နှင့်ကျွန်ုပ်တို့မာတုရခံရပြီးသောအခါ ကျွန်ုပ်တို့၏ခန္ဓာကိုယ် များသည် ထမြောက်ပြီးချီဆောင်ခြင်းခံကြရလိမ့်မည်။ ကျွန်ုပ်တို့အရင် သွားနှင့်သောသန့်ရှင်းသူတို့၏ ကိုယ်ခန္ဓာများသည် သူတို့၏ကိုယ်ခန္ဓာများ သည်စော၍ မြေမှုန့်ဘ၀ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ၊သို့မ ဟုတ် သူတို့၌မည်သည့်ပုံသဏ္ဍာန်မှမကျန်တော့သည်ဖြစ်စေ အကြောင်းမ ဟုတ်တော့ပါ။ မည်သည့်ပြဿနာမျှ ဖြစ်ပေါ်လာမည်မဟုတ်ပါ။ ဤအချိန် ကာလစေ့ ရောက်လာသောအခါသန့်ရှင်းသူတို့သည် ယခုလက်ရှိအချိန် ကဲ့သို့အားနဲသောခန္ဓာဖြင့်မဟုတ်ဘဲပြည့်စုံသောခန္ဓာဖြင့် ရှင်ပြန်ထမြောက် ကြလိမ့်မည်။ ဖြောင့်မတ်သူတို့သည် ဤအချိန်၌သန့်ရှင်းသောခန္ဓာဖြင့် ထ မြောက်ကြပြီး သခင်ဘုရားနှင့်အတူထာ၀ရနေထိုင်ကြလိမ့်မည်။
အန္တီခရစ်ပေါ်ပေါက်လာပြီး ကျွန်ုပ်တို့အား ညှင်းပန်းနှိပ်စက်သော အခါ ကျွန်ုပ်တို့သည် သခင်ယေရှု၌ယုံကြည်ခြင်းဖြင့် ယခုကျွန်ုပ်တို့ကြားနာ လျက်ရှိသောဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ကိုးစားလျက် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကာကွယ်ကြရမည်။ သင်နှင့်ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်သတင်းကောင်း၌ယုံကြည်သက်ဝင်ခဲ့သည့်နည်းတူ ကျွန်ုပ်တို့ သည်လည်း သန့်ရှင်းသူများ၏မာတုရခံရခြင်း၊ ထမြောက်ခြင်းနှင့်ချီဆောင် ခြင်းတို့၌ကျွန်ုပ်တို့အားလုံးပါဝင်ကြရမည်ဖြစ်ကြောင်း မမေ့သင့်ပေ။
အခုအချိန်တွင် သင်သည်ဤအမှန်တရား၌ ထားရှိသောယုံကြည် ခြင်းကို စွန့်ခွါခြင်းမပြုဘဲအန္တီခရစ်ကိုဆန့်ကျင်ပြီး အောင်မြင်ကျော်လွှားနိုင် သောအသက်တာ ခံနေထိုင်ရမည်။ ဤနေ့ရက်အချိန်မရောက်ခင်အထိ ကျွန်ုပ်တို့အရင် ကယ်တင်ခြင်းခံရသူတို့နှင့်အတူ အမှန်တရားကိုယုံကြည် လက်ခံလျှက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စွဲကိုင်ကာ ယုံကြည် ခြင်းဖြင့် သခင်ဘုရားနောက်သို့ လိုက်လျှောက်ကြရမည်။
 
 
ယခုပင်လျှင် လူအများကိုလိမ်ညာလှည့်စားသောလူလိမ်များစွာရှိ နေကြပြီ
 
ယခုပင်လျှင် စာတန်၏ကျေးကျွန်ကဲ့သို့သော မရေမတွက်နိုင် သည့် လူပေါင်းများစွာတို့သည် မှားယွင်းသောယုံကြည်ခြင်း ကိုသင်ကြား ပေးလျက်ရှိနေကြပြီ။ အထူးသဖြင့်ဘေးဒဏ်ကြီးကာလမတိုင်မီ ချီဆောင် ခြင်းဩဝါဒကို သူတို့၏လူစုများအားသင်ကြားပေးနေကြသော ထောက်ခံ ပြောဆိုနေကြသော လူလိမ်များစွာရှိနေပြီးသူတို့သည် ဘေးဒဏ်ကြီးကာ လ၏ခုနှစ်နှစ်ကြားကာလအတွင်း ဘာမျှလုပ်စရာမလိုဟူသော အယူအဆ ကို လက်ခံယုံကြည်စေရန် ကျိုးပန်းနေကြသည်။
မတူညီသည့်အချက်မှာကျမ်းစာကကျွန်ုပ်တို့အားရှင်းလင်းစွာပြော ပြထားသည်မှာ သန့်ရှင်းသူများ၏မာတုရခံရခြင်းနှင့် ချီဆောင်ခြင်းသည် ဘေး’gဏ်ကြီးကာလ၏ပထမသုံးနှစ်ခွဲကာလကို မဖြစ်စလောက်ကလေး ကျော်လွန်ဖြတ်သန်းလျက် ကျရောက်လာမည်ဖြစ်သည်။ ယင်းကဲ့သို့သော လူလိမ်များ၏လှည့်စားမှုကိုမခံယူကြဘဲနေကြပါစို့။ ၎င်းအစားဘေးဒဏ် ကြီး ကာလ၏ပထမသုံးနှစ်ခွဲအချိန်သည်ကျွန်ုပ်တို့ကို ဖြတ်သန်းသွားမှာ ဖြစ်ကြောင်းသိရှိထားကြပါစို့။ ကျွန်ုပ်တို့အားလုံးသည် မာတုရပြုခြင်း ခံကြ ရမည်။ထို့နောက်အချိန်တိုလေးအတွင်းမှာပင် ထမြောက်ခြင်းနှင့်ချီဆောင် ခြင်းသည် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာလိမ့်မည်။
ထို့ကြောင့်သင်သည် ဘေးဒဏ်ကြီးကာလကျရောက်ချိန် ခုနှစ် နှစ်ကြားကာလအတွင်း၌ သူတို့ဘာမှလုပ်စရာမလိုဟု သင်ကြားပေးနေ သော ပရောဖက်အတုအယောင်များနှင့်ခပ်ဝေးဝေးရှောင်နေရမည်။ စစ်မှန် သော သန့်ရှင်းသူမှန်သမျှက သူတို့၏မာတုရခံရခြင်း၊ ထမြောက်ခြင်းနှင့် ချီဆောင်ခြင်းတို့သည်လည်းကောင်း၊ သိုးသူငယ်မင်္ဂလာဆောင် ညစာစား ပွဲသည်လည်းကောင်း၊ ဘေးဒဏ်ကြီးခုနှစ်နှစ်ကာလ၏ ပထမသုံးနှစ်ခွဲအ ချိန်ကျော်လွန်ပြီးအနည်းငယ်အကြာ၌ ကျရောက်လိမ့်မည်ဖြစ်ကြောင်း ယုံ ကြည်ထားကြသည်။
 
 
ယခုကျွန်ုပ်တို့အားလုံး မည်သို့နေထိုင်ရမည်နည်း
 
ယခုအချိန်မှာ ကျွန်ုပ်တို့သည် အကယ်၍ တစ်စုံတစ်ယောက်သည် သခင်ဘုရားကိုသူ၏ကယ်တင်ရှင်ကဲ့သို့ယုံကြည်လျှင်အတိအကျ တစ်နည်း အားဖြင့်ပြောရလျှင် ဤကမ္ဘာသို့ဝင်ရောက်လာသောသခင်ဘုရားသည် ဤ ကမ္ဘာ၏အပြစ်များအားလုံးကို ရှင်ယောဟန်ထံခံယူခဲ့သော သူ၏ရေနှစ် ခြင်းအားဖြင့်လည်းကောင်း၊ လက်ဝါးကားတိုင်၌ အသွေးသွန်းခြင်းအားဖြင့် လည်းကောင်း၊ သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်ခြင်းအားဖြင့်လည်း ကောင်း၊ယူဆောင်သွားခဲ့ပြီဖြစ်သည်ကိုယုံကြည်လျှင်သန့်ရှင်းသော ဝိညာဉ် တော်သည် ထိုယုံကြည်သူ၏နှလုံးသားထဲသို့ သူ/သူမ၏ဆုလ္လာ်အဖြစ် ဝင် ရောက်လာမည်ဖြစ်သည်။
ဘုရားသခင်၏ အသင်းတော်မှတဆင့် သန့်ရှင်းသောဝိညာဉ်တော် က သင့်ကိုမည်သည့်အရာပြောပြသည်ကို သင်နားဖြင့်နားထောင်၍ သင်၏ နှလုံးသားဖြင့် ယုံကြည်ရမည်။ ထို့နောက်သင်၏ယုံကြည်ခြင်းကို ဘုရား သခင်ထံ၌ချထားရမည်။ သန့်ရှင်းသူအားလုံးတို့သည် သူတို့၏အသက် တာ ယုံကြည်မှုကိုဘုရားသခင်အသင်းတော်၏ဦးဆောင်မှုခံယူလျှက်နေထိုင်ကြ ရမည်။ မည်သူတစ်ဦးတစ်ယောက်မျှ ရေနှင့်ဝိညာဉ်သတင်းကောင်းကို မ ဟောပြောနိုင်ပေ။ မိမိတစ်ကိုယ်တည်းဖြင့် ထိန်းသိမ်းခြင်းဖြစ်စေ၊ အစေခံ ခြင်းဖြစ်စေမပြုလုပ်နိုင်ပေ။ ဤသည်မှာ ဒုတိယအကြိမ်မွေးဖွားခြင်းခံရပြီး သူ သန့်ရှင်းသူများအတွက်ပင်လျှင် ဘုရားသခင်၏အသင်းတော်သည် အ ရေးကြီးရခြင်းဖြစ်သည်။
ထို့ကြောင့် ဘုရားသခင်သည် ဤကမ္ဘာပေါ်၌ သူ၏အသင်းတော် နှင့် သူ၏အစေခံကျွန်များကိုတည်ထောင်ခဲ့သည်။ ထို့နောက် သူတို့အားဖြင့် သူ၏သိုးများကိုသူသည်အစာကျွေးသည်။ အထူးသဖြင့် ဘုရားသခင်၏အ လုပ်များသည် ကျွန်ုပ်တို့ထံနောက်ဆုံးကာလရောက်ကာနီးလေ ပို၍တန် ဖိုးကြီးပြီးအရေးပါလေဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်ဆုတောင်းလျှက် မျှော် လင့်သည်မှာ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော် ပြည့်၀ခြင်းအားဖြင့် သစ္စာရှိသောအသက်တာဖြင့် နေထိုင်ကြရလိမ့်မည်။ နောက်ဆုံးသောကာ လသည် နီးကပ်လာပြီးဖြစ်သည့်အလျောက် ဖြောင့်မတ်သူတို့သည် ပို၍ ခက်ခဲစွာအားထုတ်လျက်အတူတကွ ဆုတောင်းရန်နှင့် နှစ်သိမ့်ရန်တစ်ဦး နှင့်တစ်ဦးကူညီယိုင်းပင်းကြရန်နှင့်သခင်ဘုရားနှင့်အတူအသက်ရှင်ကြရန် တူညီသောရည် ရွယ်ချက်နှလုံးသားတစ်ခုတည်းဖြင့် နေထိုင်ကြရမည်ဖြစ် သည်။
ဘုရားသခင်သည် သန့်ရှင်းသူများကို မာတုရခံရခြင်း၊ ထမြောက် ခြင်း၊ ချီဆောင်ခြင်းနှင့်ထာ၀ရအသက်တာခံစားရန် ခွင့်ပြုထားပြီးဖြစ် သည်။ အန္တီခရစ်ကိုဆန့်ကျင်တိုက်ခိုက်အနိုင်ယူနိုင်သော အသက်သာမျိုး ဖြင့် ရှင်သန်ကြပါစို့။ ထို့နောက်ဘုရားသခင်ရှေ့၌ မိမိကိုယ်မိမိယုံကြည် စိတ်ချစွာ ရပ်တည်ကြပါစို့။ ဟာလေလုယ။