Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 15-1] သခင်ဘုရား၏အံ့သြဘွယ်လုပ်ဆောင် ချက်ကို လေထဲ၌ ချီးမွမ်းကြသော သန့်ရှင (ဗျာဒိတ်ကျမ်း ၁၅း၁-၈)

သခင်ဘုရား၏အံ့သြဘွယ်လုပ်ဆောင် ချက်ကို လေထဲ၌ ချီးမွမ်းကြသော သန့်ရှင
( ဗျာဒိတ်ကျမ်း ၁၅း၁-၈ )
“တဖန်ကုံဘုရားသခင်၏အမျက်တော်ကိုပြီးစီးစေသောနောက်ဆုံး ဘေးဒဏ်ခုနှစ်ပါးရှိသောကောင်းကင်တမန်ခုနှစ်ပါးတည်းဟူသော ကောင်း ကင်၌အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကိုငါမြင်ရ၏။ မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်းမြင်ရ၏။သားရဲနှင့်လည်းကောင်း၊သူ၏ရုပ် တုနှင့်လည်းကောင်း၊သူ၏နာမည်အရေအတွက်နှင့်လည်းကောင်း၊ လွတ် ၍ အောင်မြင်သောသူတို့သည် ဘုရားသခင်၏ ခေါင်းတော်တို့ကို ကိုင်းလျက် ဖန်ရေကန်နားမှာရပ်နေကြသည်ကို မြင်ရ၏။ထိုသူတို့သည် ဘုရားသခင် ၏ကျွန်မောရှေ၏သီချင်းကိုသီ၍အန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝ ရဘုရားသခင်ကိုယ်တော်၏အပြုအမူတို့သည်ကောင်းမြတ်၍ အံ့သြဘွယ် ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ကိုယ်တော်၏အကျင့်ဓလေ့တို့သည် ဖြောင့် မတ်ဟုတ်မှန်ကြပါ၏။အိုထာဝရဘုရားကိုယ်တော်ကို မကြောက်ရွံ့ဘဲ၊ မချီး မွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ကိုယ်တော်တစ်ပါးထဲသာလျှင်သန့်ရှင်း တော်မူ၏။ တရားသဖြင့်စီရင်တော်မူသောအရာတို့သည် ထင်ရှားသည်ဖြစ် ၍ လူမျိုးအပေါင်းတို့သည် လာ၍ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။ ထို့နောက်ငါကြည့်လျှင် ကောင်းကင်ဘုံ၌ သက်သေ ခံတော်မူချက် ဌာပနာရာတဲတော်ရှိသောဗိမာန်တော်ကို ဖွင့်ထားပြီး ဘေး ဒဏ်ခုနှစ်ပါးရှိသော ကောင်းကင်တမန်ခုနှစ်ပါးတို့သည် စင်ကြယ်ပြောင် လက်သော ပိုက်ဆန်အဝတ်ကို ဝတ်လျက်ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။ သတ္တဝါလေးပါးတွင် တစ်ပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောဘုရားသခင်၏ အမျက်တော် နှင့် ပြည့်သောဖလားခုနှစ်လုံးကို ကောင်းကင်တမန်ခုနှစ်ပါးတို့အားပေး၏။ ဘုရားသခင်၏တန်ခိုးအာနုဘော်တော်ကြောင့် ဗိမာန်တော်သည် မီးခိုးနှင့် ပြည့်၍ကောင်းကင်တမန်ခုနှစ်ပါး၏။”
 
 

အနက်ဖွင့်ကျမ်း

 
အခန်းငယ်(၁)တဖန်ကုံဘုရားသခင်၏ အမျက်တော်ကို ပြီးစီးစေ သောနောက်ဆုံးဘေးဒဏ်ခုနှစ်ပါးရှိသော ကောင်းကင်တမန်ခုနှစ်ပါးတည်း ဟူသော ကောင်းကင်၌အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကိုငါမြင်ရ၏။
အခန်းကြီး(၁၅)သည် ကမ္ဘာ၏နောက်ဆုံးအချိန်၌ ကျရောက်မည့်ကောင်း ကင်တမန်ခုနှစ်ပါးတည်းဟူသော ဖလားခုနှစ်လုံးအကြောင်းကို ဖော်ပြပါ သည်။ “ကောင်းကင်၌အံ့သြဘွယ်ကောင်းသော နိမိတ်ကြီးအခြားတစ်ပါး}} ဟုဖော်ပြသောတမန်တော်ရှင်ယောဟန်မြင်သည့်အရာများ မည်သည့်အ ရာဖြစ်သနည်း။ ဤအရာများမှာ သန့်ရှင်းသူတို့ဖန်ပင်လယ်တည်း ဟူသော ခွက်ဖလားထဲ၌ သခင်ဘုရား၏အမှုတော်မြတ်ကို ချီးမွမ်းလျက်ရပ်နေကြ သော မြင်ကွင်းကို ဆိုလိုပါသည်။
အခန်းငယ် (၂) မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်လည်းကောင်း၊ သူ၏ရုပ်တုနှင့်လည်းကောင်း၊ သူ၏နာ မည်အရေအတွက်နှင့်လည်းကောင်း၊လွတ်၍အောင်မြင်သောသူတို့သည်ဘု ရားသခင်၏ခေါင်းတော်တို့ကို ကိုင်းလျက်ဖန်ရေကန်နားမှာ ရပ်နေကြ သည်ကို မြင်ရ၏။
“မီးနှင့်ရောသောဖန်ရေကန်ကဲ့သို့”ဟူသောစာပိုဒ်က ညီးတွား ခြင်း ဆင်းရဲဒုက္ခ္ခသည် ဤကမ္ဘာသို့အမြင့်ဆုံးသော အရှိန်ဖြင့်ကျရောက်လိမ့် မည်။ယင်းသည်ဘုရားသခင်ကဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးများ သွန်း လောင်းသော ကြောင့်ဖြစ်သည်။ အခြားတဖက်၌ သန့်ရှင်းသူများသည် သခင်ဘုရားကိုလေထဲ၌ချီးမွမ်းလျက်ရှိကြလိမ့်မည်။ဖလားခုနှစ်လုံး၏ ကပ် ရောဂါဘေးကမ္ဘာသို့ ဘုရားသခင်ကသွန်းလောင်းခြင်းမှာ သန့်ရှင်းသူတို့၏ ရန်သူများကို ကလဲ့စားချေရန်အတွက်ဖြစ်သည်။
ထိုအချိန်တွင် သန့်ရှင်းသူတို့သည် ဘုရားသခင်အားဖြင့် သူတို့၏ ထမြောက်ခြင်းနှင့်ချီဆောင်ခြင်းတို့ကို ပါဝင်ကြပြီးဖြစ်လျက် သူတို့သည် ဘုရားသခင်၏အမှုတော်မြတ်ကို မီးနှင့်ရောနှောသောဖန်ပင်လယ် ပြင်ပေါ် ၌ရပ်လျှက် ချီးမွမ်းနေကြမည်ဖြစ်သည်။မာတုရခြင်းခံရပြီးသော သန့်ရှင်း သူများသည် ရှင်ပြန်ထမြောက်ခြင်းနှင့်ချီဆောင်ခြင်းခံရပြီးနောက် ဘုရား သခင်၏ဂုဏ်တော်အား သူကယ်တင်ခြင်းနှင့်တန်ခိုးတော်အတွက် အစဉ် ချီးမွမ်းနေကြလိမ့်မည်။ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းနေကြသော သန့်ရှင်း သူများသည် အန္တီခရစ်ကိုသူ၏ရုပ်တု၊ သူနာမ၏အမှတ်အသား (သို့မဟုတ်) သူ့နာမည်၏ဂဏန်းများကို ဆန့်ကျင်ခြင်းတည်းဟူသော ယုံကြည်ချက်ဖြင့် သူ့အပေါ်အောင်ပွဲခံသူများဖြစ်ကြသည်။
အခန်းငယ် (၃) ထိုသူတို့သည် ဘုရားသခင်၏ကျွန်မောရှေ၏သီ ချင်းကိုသီ၍ အန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရဘုရားသခင် ကိုယ် တော်၏အပြုအမူတို့သည် ကောင်းမြတ်၍အံ့သြဘွယ်ဖြစ်ကြပါ၏။ လူမျိုး တို့၏ဘုရင်၊ ကိုယ်တော်၏အကျင့်”လေ့တို့သည် ဖြောင့်မတ်ဟုတ်မှန် ကြပါ၏။
ပင်လယ်ပြင်၌ ရပ်နေကြသောသန့်ရှင်းသူများတို့သည် မောရှေ၏ သီချင်းနှင့် သိုးသူငယ်သီချင်းတို့ကိုသီဆိုလျက်ရှိကြလိမ့်မည်။ သီချင်းစာ သားမှာအန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်ကိုယ် တော်၏အပြုအမူတို့သည် ကောင်းမြတ်၍အံ့သြဘွယ်ဖြစ်ကြပါ၏။ လူမျိုး တို့၏ ဘုရင်ကိုယ်တော်၏အကျင့်”လေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြ ပါ၏။ ဘုရားသခင်အားချီးမွမ်းရန်ရေးသားထားသော ဤသီချင်းစာသား သည်ဘုရားသခင်သည် အန္တတန်ခိုးနှင့်ပြည့်စုံသောအရာရာကို တတ်စွမ်း နိုင်သောဘုရားဖြစ်ကြောင်းကို ဖော်ပြထားသည်။ ဘုရားရှင်၏ အပြုအမူ တို့သည် ကြီးကျယ်၍ အံ့သြဘွယ်ဖြစ်ကြောင်းကို လည်းရေးဖွဲ့ထားသည်။
ဤနေရာ၌ “အံ့သြဘွယ်”ဟူသောစကားလုံးမှာ စကားလုံးဝေါဟာရများဖြင့် ဖော်ပြခြင်းငှါ မစွမ်းဆောင်နိုင်သောကြီးကျယ်ခြင်းကို ဆိုလိုပါသည်။ ဤ အရာသည် ရိုးရိုးလေးနှင့်အံ့သြဘွယ်ကောင်းလှသည်။ အခြားတစ်နည်းဖြင့် ပြောရလျှင် ကျွန်ုပ်တို့၏ဘုရားသခင်သည် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်း ကောင်းအားဖြင့်ဓမ္မ္မဟောင်းနှင့်ဓမ္မ္မသစ်ကာလရှိ သန့်ရှင်းသူများအားလုံးကို သူတို့အပြစ်မှကယ်တင်ခဲ့ပြီး အပြစ်ကင်းစင်စေကာသူတို့အား သူတို့၏ခန္ခ္မာ သေခြင်းမှလေထဲသို့ရှင်ပြန်ထမြောက်စေလျက် လေထဲ၌ သူတို့၏ယုံကြည် ခြင်းအားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခွင့်ပြုတော်မူသည်။ ဤ သန့်ရှင်းသူများက ဘုရားရှင်အားသူတို့၏ကယ်တင်ရှင် အရှင်သခင် အန္တ တန်ခိုးရှင်အဖြစ် ချီးမွမ်းကြသည်။
ကျွန်ုပ်တို့၏အရှင်ဘုရားသခင်သည်ဤစင်္ကြာဝဋာကြီးနှင့် အတွင်း ရှိအရာအားလုံး၊ သင်နှင့်ကျွန်ုပ်တို့အပါအဝင်အားလုံးကို ဖန်ဆင်းကြောင်း နှင့် ကျွန်ုပ်တို့သခင်စစ်စစ်ဖြစ်ကြောင်း သင်ယုံကြည်ပါသလား။ ဤအမှန် တရားကို ယုံကြည်လက်ခံသူသာလျှင် သခင်ဘုရားက ပေးထားသောရေ နှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်သူဖြစ်လာနိုင်သည်။ ဤ ယုံကြည်ချက်မျိုးရှိသူသာလျှင် အမှန်ဆုံးသော ယုံကြည်ခြင်းရှိသူဖြစ်ကြ မည်။ ခရစ်ယာန်တိုင်းသည် ယေရှုသည်စင်္ကြာဝဋာတစ်ခုလုံးနှင့် အရာအား လုံးကိုဖန်တီးသူဖြစ်ကြောင်းသိရှိပြီး ယုံကြည်ကြရမည်။ ယင်းသို့ သူတို့ သဘောပေါက်ယုံကြည်ခြင်းဖြင့် ဘုရားရှင်အား အန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရအရှင် ဘုရားသခင်ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့သြဘွယ်ဖြစ်ကြပါ၏။ ဟူ၍ချီးမွမ်းရင်း ဝတ်ပြုကိုးကွယ်ကြရမည်ဖြစ် သည်။ ယုံကြည်လျက်ချီးမွမ်းခြင်းက မောရှေသီချင်းနှင့်သိုးသူငယ်သီချင်း သီဆိုနေကြသူများသည် စစ်မှန်သောယုံကြည်ခြင်းရှိသည်။ ဒုတိယအကြိမ် မွေးဖွားခြင်းခံရသူ သန့်ရှင်းသူများဖြစ်ကြောင်းပြသပေမည်။
သခင်ယေရှုသည် အန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း သင်ယုံ ပါသလား။ ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်း ယုံကြည် ပြီး စင်္ကြာဝဋာတစ်ခုလုံးကိုဖန်ဆင်းသူဖြစ်ကြောင်းကိုလည်း ယုံကြည်သော သူသည် ဘုရားသခင်သည် ဤလောကသို့လူ့ဇာတိခံယူ၍ ကြွရောက် ခဲ့ကြောင်း သက်တော်(၃၀)အရွယ်တွင် ရှင်ယောဟန်ထံ လူသားအားလုံး၏ အပြစ်များကိုတစ်ကြိမ်ထဲနှင့်အပြီးခံယူရန်အတွက်ရေနှစ်ခြင်းခံယူကြောင်း၊ လက်ဝါးကပ်တိုင်ပေါ်၌အသေခံလျက်သွေးသွန်းခဲ့ကြောင်းနှင့် သေခြင်းမှ တဖန်ပြန်၍ရှင်ပြန်ထမြောက်ခဲ့ကြောင်းယုံကြည်နိုင်မည်။သူတို့၏ယုံကြည် ခြင်းအားဖြင့် အပြစ်မှရွေးနှုတ်ခြင်းကိုလက်ခံရရှိကြပြီး သူတို့အားလုံးသန့် ရှင်းသူများဖြစ်လာကြသည်။ 
ဤအမှန်တရားကို သိရှိနားလည်သူများသည် ဤအရာ၌ တကယ် ယုံကြည်ကြပြီးသူတို့အား ယုံကြည်ခြင်း ကြီးမားသူအဖြစ်ဖော်ပြကြမည်။
ဤနေရာ၌ ကျမ်းပိုဒ်ကပြောပြသည်မှာ ချီဆောင်ခြင်းခံရသော သန့်ရှင်းသူများတို့သည်ဘုရားသခင်၏ဂုဏ်တော်အား“ကိုယ်တော်၏ အပြု အမူတို့သည်ကောင်းမြတ်၍ အံ့သြဘွယ်ဖြစ်ကြပါ၏”ဟူ၍ ချီးမွမ်းနေကြ သည်။သူတို့သည်ဘုရားသခင်ကို ချီးမွမ်းနေကြသည်။
တစ်နည်းအားဖြင့် စင်္ကြာဝဠာနှင့်လူသားအားလုံးတို့ကို ဖန်ဆင်း ခဲ့သည့်အတွက်ရှင်ယောဟန်ထံ၌ ရေနှစ်ခြင်းခံယူခြင်းအားဖြင့် ဤကမ္ဘာ ပေါ်ရှိအပြစ်သားအားလုံး၏အပြစ်များကိုတစ်ကြိမ်တည်း သန့်ရှင်းစေသည့် အတွက် သူတို့အားလုံးအားဘုရား၏သားသမီးဖြစ်ရသော အခွင့်ကိုပေး သည့်အတွက် ဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြသည်။ သခင်ဘုရားက ပေးအပ်သောရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းအားဖြင့် သန့်ရှင်းသူတို့ သည် ခရစ်တော်အတွက်မာတုရခံရခြင်းကို ခံနိုင်ကြပြီး သူတို့၏ရှင်ပြန်ထ မြောက်ခြင်းနှင့်ချီဆောင်ခြင်းနှင့် ထာဝရအသက်ကိုပါရယူနိုင်ကြသည်။ ဤအရာအားလုံးတို့သည်ဘုရားသခင်က ပေးအပ်သောကောင်းချီးများ ဖြစ်သည်။
သန့်ရှင်းသူအားလုံးတို့သည် အပြစ်သားအားလုံးအတွက် လုပ် ဆောင် ပေးခဲ့သောသူတို့၏အပြစ်များပပျောက်စေခြင်းနှင့်ကမ္ဘာပေါ်၌ လုပ် ဆောင်ပေးခဲ့သမျှသောသူ၏အပြုအမူများအတွက် ဘုရားသခင်အား ချီး မွမ်းကြရမည်ဖြစ်သည်။ သန့်ရှင်းသူတို့သည်မောရှေ၏သီချင်းနှင့်သိုးသူငယ် ၏သီချင်းတို့ကို လေထုထဲတွင်သီဆိုကြလိမ့်မည်။ သူတို့သည် ဘုရားသခင် ၏ကြီးကျယ်ပြီးအံ့သြဘွယ်ကောင်းသောအပြုအမူနှင့်အန္တတန်ခိုးရှင် ဘုရား သခင်၏အပြစ်သားများနှင့် ရန်သူများအတွက် ပြုမူခဲ့သောအံ့သြဘွယ်အမူ အရာများအတွက် ချီးမွမ်း သီချင်းသီဆိုနေကြရမည်။
တဖန်လူသားတို့အား သူ၏ပုံသဏ္ဍာန်နှင့် တညီတသဏ္ဍာန်တည်း တူအောင်ဖန်ဆင်းခဲ့ခြင်းမှာလည်း အံ့သြဘွယ်ရာပင်ဖြစ်သည်။ ထို့နောက် သူတို့လိုက်နာရန် ပညတ်တော်ပေးခဲ့သည်။ ယေရှုခရစ်တော် ဤကမ္ဘာသို့ အပျိုစင်မာရိထံမှတဆင့်စေလွှတ်ခဲ့ခြင်းမှာလည်း ကျွန်ုပ်တို့အမြင်တွင် အံ့ သြဘွယ်ရာပင်ဖြစ်သည်။တစ်ချိန်ထဲမှာပင်ကျွန်ုပ်တို့ယုံကြည်ထား သည်မှာ ဤအမူအရာအားလုံးတို့ကို လုပ်ဆောင်ရခြင်းသည် အပြစ်သားများကို သူ တို့၏အပြစ်မှ ကယ်တင်ရန်ဖြစ်သည်ဟူသော အချက်ဖြစ်သည်။ ထို့အတူ အံ့သြဘွယ်ရာအချက်တစ်ခုမှာ ကျွန်ုပ်တို့၏သခင်ဘရားသည် တစ်ကမ္ဘာ လုံး၏အပြစ်အားလုံးကို တစ်ကြိမ်ထဲနှင့်သခင်ယေရှုထံ တင်ဆောင်ရန် အတွက် ရှင်ယောဟန်၏ရေနှစ်ခြင်းကို ခံယူစေခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် လူသားတို့၏အပြစ်မှန်သမျှကိုလုံးဝကင်းစင်စေလျက် အပြည့်အဝ ပျောက်ကွယ်စေခဲ့သည်။
ထို့အတူ ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်လက်ခံ သူများအတွက် သခင်ဘုရားကအပြစ်မှထာဝရကယ် နှုတ်ခြင်းနှင့် သန့်ရှင်း သောဝိညာဉ်တော်ကိုပေးအပ်ခြင်းမှာလည်း ထူးဆန်းပြီး အံ့သြဘွယ်ရာပင် ဖြစ်သည်။ တဖန်ဘုရားရှင်သည် သူကယ်တင်ခဲ့သောသန့်ရှင်းသူများကို ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ကမ္ဘာတစ်ဝှမ်းလုံးသို့ ဟောပြော စေခြင်းမှာလည်း နောက်ထပ်အံ့သြဘွယ်ကောင်းချီးဖြစ်ပြီး ကျွန်ုပ်တို့အား ထပ်မံ၍ အံ့သြဘွယ်ရာဖြစ်စေပါသည်။ ကျွန်ုပ်တို့၏ဘုရားသခင်က သူ၏ သန့်ရှင်းသူများကို မာတုရခံစေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့်ချီဆောင်ခွင့် ပြုပြီး ကောင်းကင်ဘုံ၌ထာဝရအသက်တာဖြင့် နေထိုင်ခွင့်ပြုခြင်းတို့မှာ လည်း အံ့သြဘွယ်ကောင်းသောကောင်းချီးမင်္ဂလာချီးမြင့်သူ လုပ်ဆောင် ချက်များပင်ဖြစ်သည်။
ဤကဲ့သို့သောအစီအစဉ်များကို ဘုရားသခင်သည် အချိန်ကာလ စေ့ရောက်သောအခါပြည့်စုံစေပြီး ဤကဲ့သို့သောဘုရားရှင်၏ အပြုအမူ များသည်ပင် သန့်ရှင်းသူများကိုဂုဏ်ကျက်သရေတင့်တယ်စေပြီး သူ့အား ချီးမွမ်းခြင်းတို့မှာလည်း ကျွန်ုပ်တို့၏နှလုံးသားထဲတွင် ကောင်းချီးအဖြစ် ပြောင်းလဲခံစားကြရသည်။ ယင်းကဲ့သို့ကျွန်ုပ်တို့အား ကောင်းချီးပေးသည့် အတွက်ဘုရားရှင်အား ချီးမွမ်းကြသလိုသူ၏ရန်သူများအပေါ်၌လည်း ဖ လားခုနှစ်လုံးတည်းဟူသော ကပ်ရောဂါဘေးများဖြင့် ကလဲ့စားချေလိမ့် မည်ဖြစ်သည်။
သူတို့ဘုရားရှင်အား ချီးမွမ်းရခြင်းမှာ ဘုရားသခင်၏လုပ်ဆောင် ချက်အားလုံးသည် သန့်ရှင်းသူများမျက်မှောက်မြင်နိုင် သည့်အတိုင်းအတာ ထက်ကျော်လွန်၍ ပေါ်လာသောကြောင့်ဖြစ်သည်။ ထို့ကြောင့်သူတို့သည် ဘုရားရှင်၏အရာရာသိစွမ်းနိုင်သောတန်ခိုးတော်နှင့် သူ၏အံ့သြဘွယ်ရာ လုပ်ဆောင်ချက်နှင့်အာဏာတော်တို့အတွက် ချီးမွမ်းကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ဘုရားရှင်သည် ချီးမွမ်းခြင်းမှန်သမျှကို လူတိုင်းထံမှသာမက စင်္ကြာဝဠာတစ်ခုလုံးရှိဖန်ဆင်းထားသောအရာများထံမှပါရယူရန်ထိုက်တန် သောဘုရားရှင်ဖြစ်ပါသည်။ဟာလေလုယ။ ဘုရားသခင်က သူတို့အတွက် မည်သည့်အရာများလုပ်ပေးခဲ့သနည်းဆိုသည်ကို သိရှိနားလည်သော၊ တွေ့ ကြုံခံစားရသောသူတို့မျက်စိဖြင့် သက်သေခံမြင်ကြရသောသူများက ဘု ရားရှင်ကို အကူအညီမပေးနိုင်ပါ။ သို့သော်သူ၏အန္တတန်ခိုးတော်၊ သူ၏စုံ လင်သောပညာ၊သူ၏ဖြောင့်မတ်ခြင်း၊သူ၏ ထာဝရမပြောင်းလဲသောမှန် ကန်သည့်တရားစီရင်မှု၊ သူ၏ထာဝရနှင့်မပြောင်းလဲသော ချစ်ခြင်းမေတ္တာ တို့အတွက် သူ၏ဂုဏ်တော်အားချီးမွမ်းကြသည်။ သခင်ဘုရားသည် သူ၏ အံ့သြဘွယ်ရာအပြုအမူများကိုချီးမွမ်းရန် သန့်ရှင်းသူများကို ခွင့်ပြုတော်မူ သည်။
ဤသို့ဖြင့်သန့်ရှင်းသူတို့သည်သခင်ဘုရား၏သူတို့အဖို့ ထာဝရဖြစ် စေရန်သူ၏ဆောင်ရွက်ပေးမှုဖြစ်သော သူ၏ကောင်းမြတ်မှုနှင့်ကြီး မြတ်မှု အတွက်ဂုဏ်တော်ချီးမွမ်းကြသည်။ ကျွန်ုပ်တို့သခင်ဘုရားသည် စင်္ကြာဝဠာ တစ်ခုလုံးရှိအရာအားလုံးထဲမှ ချီးမွမ်းခံထိုက်သူဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် သူ၏လုပ်ဆောင်အားလုံး သူ၏အန္တတန်ခိုးတော်အားဖြင့်သာ ပြီး မြောက်နိုင်၍ဖြစ်သည်။
အခန်းငယ် (၄) အိုထာဝရဘုရား ကိုယ်တော်ကို မကြောက်ရွံ့ဘဲ၊ မချီးမွမ်းဘဲအဘယ်သူ နေရပါအံ့နည်း။ ကိုယ်တော်တစ်ပါးထဲသာလျှင် သန့် ရှင်းတော်မူ၏။တရားသဖြင့်စီရင်တော်မူသောအရာတို့သည် ထင်ရှားသည် ဖြစ်၍ လူမျိုးအပေါင်းတို့သည် လာ၍ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။
လေထုထဲရှိ သန့်ရှင်းသူတို့က ဘုရားသခင်၏ အပြုအမူတို့အား သူတို့ပါးစပ်ဖြင့် ဤသို့ချီးမွမ်းကြ၏။ “ကိုယ်တော်ကိုမကြောက်ရွံ့ဘဲနာမ တော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။” ပြစ်ဒဏ်စီရင်ခြင်း၊ ယုံကြည်ခြင်းတို့နှင့် ပြည့်စုံနေသော ချီးမွမ်းသံ ဖြစ်ပါသည်။ ဘုရားသခင်၏ ဂုဏ်တော်ကို ဆန့်ကျင်ရပ်တည်နိုင်သူ မရှိကြောင်းစိတ်ချလက်ချ ကြေငြာ ခြင်းလည်းဖြစ်သည်။ သူ၏ဂုဏ်တော်ချီးမွမ်းခံရခြင်းကို မည်သူကမျှ မတား ဆီးနိုင်ကြောင်း ကြေငြာခြင်းလည်းဖြစ်သည်။ မည်သူသည် ဘုရားသခင်၏ နာမတော်ရှေ့၌ ကြောက်ရွံ့တုန်လှုပ်မှုကင်းလျက် ရပ်တည်နိုင်မည်နည်း။ ယေရှုသည် ဘုရင်တကာတို့၏ဘုရင်နှင့်အန္တတန်ခိုးရှင် ဘုရားဖြစ်သော ကြောင့် စင်္ကြာဝဠာတစ်ခုလုံးနှင့်ထာဝရနိုင်ငံတစ်ဝှမ်းလုံးတွင် ကျွန်ု်ပ်တို့ ၏ဘုရားသခင်အား ဆန့်ကျင်ရပ်တည်သူကျော်လွှားနိုင်သူမရှိ ကမ္ဘာတစ် ဝှမ်းလုံးတွင်လည်း မည်သူမျှမရှိ၊ မည်သည့်အရာမျှမရှိပေ။
ဤကမ္ဘာပေါ်ရှိအရာဝတ္ထုအားလုံးနှင့် သန့်ရှင်းသူများက အကူအ ညီမပေးနိုင်။ သို့သော် ယေရှုခရစ်တော်၏ နာမရှေ့တွင် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်လျက်ရှိကြသည်။အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ တန်ခိုး တော်သည်အတိုင်းအဆမရှိပေ။ထို့အပြင် သူသည်အမှန်တရားဖြစ်ပြီး ပြည့် စုံတော်မူသည်။ ဖန်ဆင်းထားသောသတ္တဝါအားလုံးက သူအားကျေးဇူးတင် ကြပြီးသူ၏နာမရှေ့တွင် ဂုဏ်တော်ကိုချီးမွမ်းကြသည်။လူတိုင်းတွင် ဘုရား သခင်ကိုကြောက်ရွံ့တတ်သော နှလုံးသားရှိကြသည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ ရှိသမျှအရာအားလုံးက ဘုရားသခင်၏နာမတော်ကို ချီးမွမ်းကြရမည်။ အ ဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ဘုရားသခင်သည် သန့်ရှင်း၏။ သူသည် လူသားအားလုံးကို သူတို့၏မဖြောင့်မတ်သောအရာမှ လွတ်မြောက်စေ သည်။
အဘယ်ကြောင့်ဆိုသော် ဖလားခုနှစ်လုံးကပ်ရောဂါဘေးတည်း ဟူသောဘုရားသခင်က အန္တီခရစ်သူ့အပေါင်းပါများနှင့် ဤကမ္ဘာပေါ်ရှိ ဘာ သာရေးသမားများအပေါ်သွန်းလောင်းမည့်ကပ်ရောဂါဘေးက ဘုရားသခင် ၏ဖြောင့်မတ်ခြင်းတရားကိုကြေငြာလိမ့်မည်။ ကျွန်ုပ်တို့အားလုံး သူ့ကို ကူညီနိုင်ကြမည်မဟုတ်။ သို့သော် သူ့ကိုချီးမွမ်းကြမည်။အဘယ့်ကြောင့် ဆိုသော် သခင်ဘုရား၏ဖြောင့်မတ်သောတရားစီရင်ချက်သည် ဖလားခု နှစ်လုံး၏ ကပ်ရောဂါဘေးကာလတစ်လျှောက်လုံး ပေါ်ပေါက်လာမည်ဖြစ် သည်။ ကျွန်ုပ်တို့၏ဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံး ကောင်းကင် တမန်များနှင့် လေထဲမှသန့်ရှင်းသူများတို့၏ကိုးကွယ်ခြင်း၊ ဂုဏ်တော်ကိုချီး မွမ်းခြင်းတို့ကို ခံယူထိုက်သောဘုရားဖြစ်သည်။
သခင်ယေရှုခရစ်တော်၏ နာမည်ကို မကြောက်ရွံ့ဘဲနေဝံ့သောသူ မည်သူရှိသနည်း။ကျွန်ုပ်တို့၏သခင်ဘုရားသည် သတ္တဝါမဟုတ်။ သို့သော် အန္တတန်ခိုးနှင့်ပြည့်စုံသောဘုရားဖြစ်သည်။ သူ့အားဆန့်ကျင် ရပ်တည်နေ ကြသူအားလုံးတို့အပေါ် ကြောက်မက်ဘွယ်ရာကောင်းလှသော ဖလားခုနှစ် လုံး၏ကပ်ရောဂါဘေးများသွန်းလောင်းခြင်းဖြင့် ဘုရားသခင်သည်သူဖန် ဆင်းထားသောသတ္တဝါ၊ အရာအားလုံးက သူ့ရှေ့၌သူ၏ဘုန်းတန်ခိုးနှင့် အာ ဏာတို့ကို ချီးမွမ်းဂုဏ်ပြုကြရန် ပြုလုပ်လိမ့်မည်။
“တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးအပေါင်းတို့သည်လာ၍ရှေ့တော်၌ကိုးကွယ်ကြလိမ့်မည်။”ထို့ကြောင့် ကျွန်ုပ်တို့နားလည်သဘောပေါက်ထားရမည်မှာ သခင်ဘုရား၏ နာမတော် ကို အသရေပျက်အောင် ပြောဆိုရှုံ့ချပြောဆိုပြီး သူ့အားဆန့်ကျင်ဖက်ပြု ရပ်တည်ခြင်းမပြုသောသူသည် ထာဝရပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်မည်။
သခင်ဘုရား၏နာမတော်ရှေ့၌ ဒူးထောက်ခြင်း၊ သူ့အားယုံကြည် ခြင်း၊ကျေးဇူးတင်ခြင်းနှင့်သူ၏မြင့်မြတ်မှုကိုဂုဏ်တော်ချီးမွမ်းခြင်း၊ သူ၏အ နန္တတန်ခိုးရှင်ဖြစ်ခြင်း၊သူ၏ဂုဏ်တော်နှင့်သူ၏မဟာကယ်တင်ခြင်း မေတ္တာ တော်တို့သည် သူ၏နာမတော်အားကိုးကွယ်ထိုက်စေသောအမျိုး အစား များဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းထားသောသတ္တဝါအားလုံးတို့သည် သ ခင်ဘုရားဤကမ္ဘာတွင်ရှိစဉ်မည်သည့်အရာများလုပ်ဆောင်ခဲ့သည်ဆိုသည် ကို ယုံကြည်လျှက်သူ့အားကိုးကွယ်ပြီး ချီးမွမ်းကြရမည်။ ကျွန်ုပ် တို့၏ သခင်ဘုရားသည် လူမျိုးအပေါင်းတို့ထံမှကိုးကွယ်ခြင်းနှင့်ချီးမွမ်း ခြင်းကိုခံ ထိုက်သောဘုရားဖြစ်သည်။
အခန်းငယ် (၅) ထို့နောက်ငါကြည့်လျှင် ကောင်းကင်ဘုံ၌သက် သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီး 
ကျွန်ုပ်တို့၏ဘုရားသခင်သည် ဤကမ္ဘာမြေကြီး၏နောက်ဆုံးကာလ၌ဖ လားခုနှစ် လုံးကပ်ရောဂါဘေးများသွန်းလောင်းသောအခါ ဘုရားသခင် သည် သူ၏ကောင်းကင်နေအိမ်တော်အား သန့်ရှင်းသူများကိုပေးလိမ့်မည် ဟု ဖော်ပြပါသည်။ ဤအရာအားလုံးကိုဘုရားသခင်က ပြည့်စုံစေလိမ့်မည်။ ထို့နောက်ဗိမာန်တော်၏သက်သေခံချက်သည် မည်သည့်အရာနည်း။ ဤ အရာမှာ ဘုရားသခင်၏အိမ်တော်ဖြစ်ပြီး ဤကမ္ဘာမြေပေါ်ရှိတဲတော်နှင့် အ တူတူဖြစ်သည်။ကျမ်းပိုဒ်“တဲတော်ရှိသောဗိမာန်တော်ကို ဖွင့်ထားပြီ”ဟူ သောအချက်မှာ ထိုအချိန်မှစ၍ ဘုရားသခင်နိုင်ငံတော်၏ကာလကို ဖွင့် လှစ်လိမ့်မည်ဟု ဆိုလိုသည်။
သက်သေခံတော်မူချက် ဌာပနာရာတဲတော်ရှိသော ဗိမာန်တော်၏ တံခါးကို ဖွင့်ခြင်းနှင့်အတူ နောက်ဆုံးသောကပ်ရောဂါဘေးများနှင့် ဘုရား သခင်၏နိုင်ငံတော်တို့သည်လည်း ဤကမ္ဘာမြေပေါ်သို့ ရောက်ရှိလာလိမ့် မည်။ ရေနှင့်ဝိညာဉ်သတင်းကောင်းကို သိရှိနားလည် သဘောပေါက်ခြင်း မရှိသော ယုံကြည်ချက်မျိုးကို ဘုရားသခင်ရှေ့တော်၌ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့်ကျွန်ုပ်တို့သည် စစ်မှန်သောသတင်းကောင်းကိုသိရှိ နားလည်ပြီး ယုံကြည်လက်ခံရမည်ဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်သို့ သွားရောက်နေထိုင်ရမည့်အချိန်မှာလည်း ကျွန်ုပ်တို့အတွက် နီးကပ်လာပြီ ဖြစ်သည်။
အခန်းငယ် (၆) ဘေး္လါဏ်ခုနှစ်ပါးရှိသော ကောင်းကင်တမန်ခု နှစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန်အဝတ်ကို ဝတ်လျက် ရင်၌ ရွှေရင်စည်းကို စည်းလျက်ဗိမာန်တော်ထဲက ထွက်လာကြ၏။
ဤကျမ်းပိုဒ်က ဖော်ပြသည်မှာ ဘုရားသခင်သည် ဤကမ္ဘာပေါ်သို့ ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးကို သွန်းလောင်းသောအခါ သူသည် ဤဖလားခုနှစ်လုံး၏ အခြေခံတရားမျှတမှုကို လိုလားသောကောင်းကင် တမန်အားဖြင့် လုပ်ဆောင်လိမ့်မည်။ အခြားတစ်နည်းဖြင့်ပြောရလျှင် ဘု ရားသခင်၏အစေခံကျွန်တို့သည် သခင်ဘုရားအား သူတို့၏အရှင်သခင် အဖြစ်ခစားနိုင်ရန်အတွက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ပြီး သူတို့၏ယုံကြည်ခြင်းကို ဘုရားသခင်၏ကောင်းမြတ်မှု အပေါ်ထားရှိနိုင် သည့်အရည်အချင်းရှိဖို့လိုအပ်သည်။
ဘုရားသခင်၏အလုပ်သည် အမြဲတမ်းမှန်ကန်သည်ဟု သူတို့ယုံ ကြည်ကြမှသာ ဘုရားသခင်၏အစေခံကျွန်တို့သည် သခင်ဘုရား၏အလုပ် ကဲ့သို့သော လုပ်ငန်းကိုလုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့်သန့်ရှင်း သူများသည်လည်း သခင်ဘုရား၏ဖြောင့်မတ်ခြင်းဝတ်လုံကို အမြဲတမ်း ဝတ်ဆင်ထားနိုင်မှသာ ဘုရားသခင်၏အဖိုးတန်သော အစေခံကျွန်များ အဖြစ်အသုံးပြုခံနိုင်မည် ဖြစ်သည်။ ကယ်တင်ခြင်းကို မျှော်လင့်ခြင်းက သံ ခမောက်ကဲ့သို့လည်းကောင်း၊ သူတို့၏ယုံကြည်ခြင်းကိုခုခံ ကာကွယ်လျက် လည်းကောင်း၊ သခင်ဘုရားကို ဂုဏ်တော်ချီးမွမ်းသော အသက်နာဖြင့် အ သက်ရှင်နေကြမည်ဖြစ်သည်။
အခန်းငယ် (၇) သတ္တဝါလေးပါးတွင် တစ်ပါးသည် ကမ္ဘာအဆက် ဆက်အသက်ရှင်တော်မူသောဘုရားသခင်၏ အမျက်တော်နှင့် ပြည်သော ဖလားခုနှစ်လုံးကို ကောင်းကင်တမန်ခုနှစ်ပါးတို့အားပေး၏။
ဤကျမ်းပိုဒ်က ဘုရားသခင်သည်သူ၏လုပ်ငန်းများကို သူ၏အစေ ခံကျွန်များမှတဆင့်လုပ်ကိုင်ပြီးသူတို့အား စနစ်တကျစီစဉ်ထားသော နည်း လမ်းဖြင့်လုပ်ကိုင်စေသဖြင့်ယင်းလုပ်ငန်းများသည်လည်း အစီအစဉ်တကျ ကောင်းမွန်စွာပြည့်စုံလေ့ရှိကြောင်းဖေါ်ပြပါသည်။ “သတ္တဝါလေးပါးတွင် တစ်ပါးသည်” ဟူသောစာပိုဒ်က ဘုရားသခင်တွင် သူ၏ရည်ရွယ်ချက် များအတွက် တန်ဖိုးရှိသောအစေခံကျွန်များကို နေရာချထားပြီး သူ၏လုပ် ငန်းများကို၄င်းတို့မှတဆင့်လုပ်ဆောင်သည်။ ဤနေရာတွင်ပေါ် လာသော သတ္တဝါလေးပါးဆိုသည်မှာ ဘုရားသခင်၏တန်ဖိုးအကြီးဆုံးသော အစေခံ များဖြစ်ပြီး ၄င်းတို့သည်သူ၏အနီးတွင်အမြဲတန်း ရပ်နေကြလျှက်၊သူ၏ ရည်ရွယ်ချက်များကိုပထမဦးဆုံးအစေခံကြမည်သူများဖြစ်ကြသည်။ဘုရား သခင်၏ဘုရားသခင်၏အကြီးမြင့်ဆုံးသောအာဏာနှင့် အရာရာကိုတတ် စွမ်းနိုင်သောတန်ခိုးတို့ကို ကျွန်ုပ်တို့သိရှိသဘောပေါက်ရမည်။ ထိုအပြင် သူ၏အစေခံကျွန်ုပ်များမှ တဆင့်အလုပ်လုပ်နေကြောင်းကိုလဲ ကျွန်ုပ်သိရှိ ထားရမည်ဖြစ်သည်။
အခန်းငယ် (၈) ဘုရားသခင်၏တန်ခိုးအာနုဘော်တော်ကြောင့်၊ ဗိ မာန်တော်သည်၊မီးခိုးနှင့်ပြည်၍ ကောင်းကင်တမန်ခုနှစ်ပါး၏ဘေးဒဏ် ခု နှစ်ပါးမကုန်မှီတိုင်အောင် ဗိမာန်တော်ထဲသို့အဘယ်သူမျှမဝင်နိုင် ဘုရား သခင်၏ကမ္ဘာမြေပေါ်၌ တရားစီရင်ခြင်းမပြီးဆုံးမီမည်သူမျှ သူ၏ကောင်း ကင်နိုင်ငံတော်သို့မဝင်နိုင်မည်မဟုတ်ပေ။ဤအရာကဘုရားသခင်၏ သန့် ရှင်းမှုမည်မျှပြည်စုံသည်ကို ကျွန်ုပ်တို့အားဖေါ်ပြပါသည်။ ထိုအပြင်သူသည် မတရားသောအမှု၌ နှစ်သက်ခြင်းမရှိ (ဆာလ၅း၄)၊ ထိုကြောင့် အကည်၍ တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်သို့ ဝင် ရောက်လိုလျှင် သူ/သူမသည်၊ ဘုရားသခင်က လူသားတို့ကိုပေးအပ်ထား သော၊ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်လက်ခံရမည်ဖြစ် ကြောင်း၊ကျွန်ုပ်တို့သတိရနေကြရမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သတိရနေကြ ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဘုရားသခင်သည် ရေနှင့်ဝိညာဉ်သတင်း ကောင်းကို ယုံကြည်သူကိုသာ သူ့နိုင်ငံတော်ထဲသို့ ဝင်ခွင့်ပြုမည်ဖြစ်သည်။
အပြစ်မှရွေးနှုတ်ခြင်းခံရပြီးသော သန့်ရှင်းသူများအဖို့မှာ ဘုရားရှင်သည် သူ၏ဖလားခုနှစ်လုံးကပ်ရောဂါဘေးများကို ကျရောက်စေခြင်းဖြင့် သူ၏ ရန်သူများကိုဖျက်ဆီးပြီးနောက်တွင်၊သူ၏ကောင်းကင်နိုင်ငံတော်၌ ထာဝရ နေထိုင်ခွင့်တည်းဟူသော ကောင်းချီးကိုရရှိကြလိမ့်မည်။ ဘုရားသခင်၏ လုပ်ငန်းတော်မှန်သမျှသည်၊လူတို့စဉ်းစားတွေးတောနိုင်သော အဆင့်ထက် ကျော်လွန်ရောက်ရှိပြီး၊ သူ၏ကြီးကျယ်မှုနှင့်အမြင့်ဆုံးသောအာဏာကိုဖေါ် ပြခြင်းဖြစ်သည်။ ဘုရားသခင်သည်သူ၏ရန်သူများကို တရားစီရင် ခြင်း အားဖြင့်သူ၏အရာရာကိုတန်စွမ်းနိုင်သောတန်ခိုးကိုဖေါ်ပြသည်။ ဘုရားသ ခင်တွင်သူ၏ရန်သူများကို အပြစ်ပေးနိုင်သောတန်ခိုးမရှိခဲ့လျှင် သူသည် အားလုံးထံမှ ချီးမွမ်းခြင်းကိုရရှိမည်မဟုတ်ပေ။ သို့သော်ဘုရားသခင်သည် သူအားဆန့်ကျင်ဘက်ရပ်တည်သော သူတို့၏အပြစ်များအတွက် သူ၏ ရန်သူများကို အပြစ်ပေးနိုင်ရန်တန်ခိုးအာဏာပိုလျှံလျက်ရှိသဖြင့် ဘုရားသ ခင်သည် သူ၏ရန်သူများအပေါ်တရားစီရင်လိမ့်မည်။သူတို့အား ထာဝရအ ပြစ်ဒဏ်ခတ်ခြင်းတည်းဟူသော ငရဲသို့ကျရောက်ရန်စီရင်ချက်ချမှတ်လိမ့် မည်။
ကျွန်ုပ်တို့၏ ဘုရားသခင်သည် တိုင်နိုင်ငံတိုင်းမှ ပြည်သူပြည်သား များ၏ ထာဝရချီးမွမ်းခြင်းထက်မက ထိုက်တန်သောဘုရားဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်သည် သူ၏ရန်သူများအားသူတို့အပြစ်အတွက်တ ရားစီရင်ပြီးနောက် သူ၏ကောင်းကင်နိုင်ငံတော်အား ဖွင့်လှစ်လိမ့်မည်။ အာမင်။ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ဘုရားသခင်အား သူ၏တန်ခိုးတော်၊ သူ ၏ဂုဏ်တော်နှင့် သူ၏သန့်ရှင်းခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းကြ ပါစို့။