Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-2] ကျွန်ုပ်တို့အတွက်ဝေဒနာခံစံစားခဲ့သောသခင်ဘုရား (ဟေရှာ ၅၂း၁၃-၅၃း၉)

ကျွန်ုပ်တို့အတွက်ဝေဒနာခံစံစားခဲ့သောသခင်ဘုရား
(ဟေရှာ ၅၂း၁၃-၅၃း၉)
“ကြည့်ရှုလော့။ ငါ့ကျွန်သည် အမှုဆောင်၍ အောင်လိမ့်မည်။ ချီး မြှောက်ချီးမြှင့်ခြင်းသို့ ရောက်၍၊ အထွဋ်အမြတ်ဖြစ်လိမ့်မည်။သူသည် လူ မဟုတ်သကဲ့သို့မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့ အဆင်းအသရေ ပျက်ခြင်းရှိသည်ကိုအများသောသူတို့သည် အံ့ဩမိန်းမောကြသည် ဖြစ်၍၊ ထိုအတူသူသည် အများသောလူမျိုးတို့ကို သန့်ရှင်းစေလိမ့်မည်။ ရှေ့တော် ၌ ရှင်ဘုရင်တို့သည် မိမိတို့နှုတ်ကို ပိတ်၍ နေရကြလိမ့်မည်။ သူတပါး မပြ ဘူးသောအရာကို သူတို့သည်မြင်ကြလိမ့်မည်။ မကြားဘူးသော အရာကို လည်း နားလည်ကြလိမ့်မည်။
ငါတို့ ဟောပြောသောသိတင်းစကားကိုအဘယ်သူယုံသနည်း။ ထာဝရ ဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။ ထာ ဝရဘုရား၏ကျွန်သည်အညွန့်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ပေါက် သောအတက်ကဲ့သို့၎င်း၊ ရှေ့တော်၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်း တင့်တယ် ခြင်းမရှိ။ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။ မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံးသော သူဖြစ်၏ ငြိုငြင် သောသူ၊နာကြဉ်းခြင်းဝေဒနာနှင့်ကျွမ်းဝင်သောသူဖြစ်၏။ သူတပါးမျက် နှာလွှဲခြင်းကို ခံရသော သူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေ ဒနာများကိုယူတင်ဆောင်ရွက်လေ၏။ဒဏ်ခတ်တော်မူခြင်းကို၎င်း၊ ဘုရား သခင်ဆုံးမ၍ နှိမ့်ချတော်မူ ခြင်းကို၎င်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များ ကြောင့်၊ နာကျင် စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသော ဒဏ်ချက် အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့ သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌ တင် တော်မူ၏။ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲ နေ၏။ အသေသတ်ခြင်းငှါ ဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏။ မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကို ထုတ် သွားကြ၏။ အသက်ရှင်သော သူတို့၏ နေရာမှ သူ့ကို သုတ် သင်ပယ်ရှင်း သည်ဖြစ်၍၊သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်း။ ငါ၏လူမျိုး အပြစ်ကြောင့် ဒဏ်ခတ် တော်မူခြင်းကို ခံလေ၏။ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသာမရှိ သော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင် ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ ရှိ၏။”
 
 
ဧဝံဂေလိတရားသည် ယခုအခါကမ္ဘာအနှံ့ဖြန့်ဝေခြင်းခံနေရလျက်ရှိသည်
 
ယခုကမ္ဘာသည်နောက်ဆုံးကာလသို့ ဦးတည်နေလျက်ရှိသည်။ နိုင်ငံရေးမှစ၍စီးပွားရေးအဆုံးကြည့်မည်ဆိုလျှင် အရာခပ်သိမ်းတို့သည် အ ဆုံးသတ်ခရီးသို့ရွှေ့လျားနေပါပြီ။ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့်သူတို့၏သြဇာအာဏာ ပိုမိုချဲ့ထွင်သည့်အချက်ကိုကြည့်ခြင်းအားဖြင့် စစ်မက် ဖြစ်ပွားမည့်အရိပ်လက္ခဏာသည် သာ၍ပေါ်လွင်လာနေပါသည်။ ကျွန်ုပ် နေ ထိုင်လျက်ရှိသည့် အိမ်နီးချင်းမြောက်ကိုးရီးယားနိုင်ငံမှ ညူကလီးယား လက်နက် အရှိန်အဟုန်ဖြင့် ထုတ်လုပ်ဖို့ကြေညာချက် ထုတ်ပြန်ခဲ့သဖြင့် နိုင်ငံတကာကိုခြိမ်းခြောက်သည့်အဆင့်သို့ ရောက်ရှိလာနေပါပြီ။ ယခုကဲ့ သို့ကမ္ဘာလောကသည်အကျဉ်းအကျပ်ထဲသို့ရောက်ရှိနေသည့်အခါတွင်လူတိုင်းအနေဖြင့် အတူတကွချမ်းသာ စွာနေထိုင်နိုင်ကြဖို့ မိုက်မဲသောနည်း လမ်းအားဖြင့်မဟုတ်ဘဲ လိမ်မာပါးနပ်သည့် နည်းလမ်းအားဖြင့်ထိုပြဿနာ နှင့်ပတ်သက်၍အခြေအတင် ဆွေးနွေးမှုထဲတွင် လူတိုင်းပါဝင်လာဖို့ ကျွန်ုပ် မျှော်လင့်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် နေ့စဉ်ဆုတောင်း ပဌနာပြုမည်ဆိုလျှင် ဧဝံဂေ လိတရားကိုသာ၍ဝေးကွာသည့်နေရာသို့ ပိုမိုဟောပြောဝေငှခွင့်ကို ဘုရား သခင်သည် ပေးလိမ့်မည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် သေဖိုမကြောက် တော့ပါ။ စစ်မှန်သော ဧဝံဂေလိ်တရား မရောက်နိုင်သေးသည့်နိုင်ငံများ စွာရှိသကဲ့သို့ အသီးအပွင့်များ ဝေဆာနေသည့်နိုင်ငံများလည်းရှိနေပါသည်။
ဧဝံဂေလိတရားတော်ကို ဆက်လက်ဖြန့်ဝေဖို့ ကျွန်ုပ်ဆန္ဒရှိသည်အတိုင်း ၎င်း၏ အသီးအပွင့်များကို မြင်တွေ့ရသည့်အခါ သာ၍ဝေးလံသည့်ဒေသသို့ ပိုမိုများပြားစွာဝေငှပေးဖို့ ဖြစ်သည်။
အရာခပ်သိမ်းတို့ကို ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် ဘုရားသခင် ဖန်ဆင်းထားသည်မှာ မှန်သော်လည်း လူတို့၏ စိတ်နှလုံးမိုက်မဲမှုကြောင့် စိုးရိမ်းထိတ်လန့်ဖွယ်ရာရှိသည်။မိမိကိုယ်တိုင်မည်သည့်နေရာတွင် မည်သို့ သေခြင်းတရားကို ရင်ဆိုင်ရမည်ဆိုသည့်အချက်တွက် အဆင်သင့်မရှိဘဲ သူတစ်ပါး၏အသက်ကို ခြိမ်းခြောက်ခြင်း (သို့)အစုလိုက်အပြုံလိုက်သတ် ဖြတ်ဖို့ ကြိုးစားခြင်းအမှုများကို အချို့သောသူတို့သည် ပြုလျက်ရှိသည်။
ကမ္ဘာ့ခေါင်းဆောင်များ၏စိတ်နှလုံးကိုဘုရားသခင်အနေဖြင့် ထိန်း ချုပ်ထားလျက်နေသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သူသည်ကျွန်ုပ်တို့အား ငြိမ်သက်ခြင်းပေးမည်ဟုလည်းယုံကြည်ပါသည်။
ယခုကာလတွင် ဣသရေလလူမျိုးများသည် သူတို့အတွက် ကတိ ပေးထားသည့်မေရှိယကို စောင့်မျှော်နေကြဆဲဖြစ်သည်။ သူတို့စောင့်မျှော် နေသောမေရှိယသည်ယေရှုမှလွဲ၍အခြားမရှိတော့ပါ။ ယေရှုသည် သူတို့ မျှော်လင့်နေသည့်မေရှိယဖြစ်ကြောင်း အသိအမှတ်ပြုလျက်ယုံကြည်ရ မည်။ မကြာမီကာလတွင် သခင်ဘုရားကိုကျေနပ်စေသည့် ဧဝံဂေလိတရား သည်အချို့သောနိုင်ငံများတွင်တံခါးပိတ်ခြင်းခံနေရသေးစေကာမူ ဣသရေ လလူမျိုးများကို ထိုးဖောက်၍ရလိမ့်မည်။ ဧဝံဂေလိတရားသည် ကမ္ဘာအနှံ့ အပြားဖြန့်ဝေလျက်အသီးအပွင့်များကိုတွေ့သဖြင့် နောက်ဆုံးကာလကုန် လုနီးပါးဖြစ်သည်ကို သိနိုင်ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိကျမ်းစာသင်ကျောင်းတစ်ကျောင်းတွင် ဘွဲ့ကို ဆွတ်ခူးနိုင်ဖို့အတွက် ကျွန်ုပ်တို့အဖွဲ့မှ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေထား သော စာအုပ်များကို ကျောင်းသားများအားဖြင့် ဖတ်ရှုလေ့လာခွင့်ပေးခဲ့ရာ သူတို့သည် ဘွဲ့မရမီအားလုံးအပြစ်ဆေး ကြောခြင်းခံရသည့် အဖြစ်အပျက် ကို ကျွန်ုပ်အား ပြန်လည်ပြောပြခဲ့ကြပါသည်။
ထိုကဲ့သို့ပင် ကမ္ဘာပေါ်တွင်ရှိသော သီသြလော်ဂျီပညာရှင်များ သည်လည်း ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားကို သိမြင်ယုံကြည်ခြင်း အားဖြင့် အပြစ်ဆေးကြောခြင်းခံယူလာလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်နေပါ သည်။ အပြစ်ဆေးကြောခြင်းခံယူပြီးသူကျွန်ုပ်တို့အနေဖြင့် အဆက်မပြတ် သူတို့အတွက်အဓိကဦးတည်လျက် ဆုတောင်းပေးဖို့လိုအပ်လိမ့်မည်။ ဆု တောင်းခြင်းတစ်ခုတည်းအားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့်လည်း လက်တွေ့အသက်ရှင်ပြသပေးရမည်။
 
 
ဟေရှာယ၏ပရောဖက်ပြုချက်အပြီးနှစ်ပေါင်း ၇၀၀ပြည့်သောအခါလော ကသို့မေရှိယကြွလာတော်မူခဲ့သည်
 
လောကတွင် ယေရှုမမွေးဖွားမှီ နှစ်ပေါင်း (၇၀ဝ) အလိုတွင် ပရော ဖက်ဟေရှာယအသက်ရှင်နေထိုင်ခဲ့ပါသည်။ သူသည် ယေရှုခရစ်ထက်နှစ် ပေါင်း (၇၀ဝ) စော၍ အသက်ရှင်ခဲ့သော်လည်း မျက်မြင်သက်သေတစ် ဦးကဲ့သို့ မေရှိယကြွလာခြင်း၊ ကယ်တင်ခြင်းစသည့်အကြောင်းအရာများကို အသေးစိတ်ပရောဖက်ပြုလျက် ဟောပြောနိုင်ခဲ့ပါသည်။ဟေ၅၂း၁၃ မှ စ၍ အခန်းကြီး ၅၃၊ ၅၄ စသည့် နေရာများတွင် အဆက်မပြတ်ဆိုသလိုမေရှိယ နှင့်ပတ်သက်၍ လောကလူသားများကို အပြစ်ထဲမှ ကယ်တင်မည့်အ ကြောင်းအသေးစိတ် ရေးသားထားကြောင်းတွေ့နိုင်ပါသည်။ ထိုအကြောင်း အရာနှင့်ပတ်သက်၍အလွန်တရာအံ့သြဖွယ်ကောင်းသည့်အချက်မှာ ယေရှု သည်လောကသို့ကြွလာလျက် သူ၏ဗတ္တိဇံအားဖြင့် လောကသားများ၏ အပြစ်အားလုံးကို ယူတင်ဆောင်ရွက်ပြီးမှ လက်ဝါးကပ်တိုင်တွင် အသွေး သွန်းလျက် အသေခံသောအခါလူသားများအတွက် ကယ်တင်ခြင်းကိုထွက် ပေါ်လာစေလိမ့်မည်ဟု အသေးစိတ်ရေးသားပြထားသည့် အကြောင်းအရာ ဖြစ်သည်။နှစ်ပေါင်း(၇၀ဝ)လွန်ပြီးမှယေရှုသည် ဟေရှာယ၏ ပရောဖက်ပြု ချက်မှန်သမျှကိုပြည့်စုံစေနိုင်ခဲ့ပါသည်။ဟေရှာယပရောဖက်ပြု၍ နှစ်ပေါင်း (၇၀ဝ) လွန်ပြီးမှ ယေရှုခရစ်တော်သည် လောကသို့ကြွလာလျက် သူ၏ လုပ်ဆောင်ချက်ဖြင့် ပရောဖက်ပြုထားသည့်အရာများကိုအတိအကျပြည့်စုံ စေခဲ့ပါသည်။
မေရှိယသည်လောကသို့ကြွလာလျက် လိမ္မာပါးနပ်စွာ လုပ်ဆောင် လိမ့်မည်ဟုဟေရှာယသည် ပရောဖက်ပြုခဲ့ပါသည်။ ဟေရှာ ၅၂း၁၃ တွင် ဤသို့ပရောဖက်ပြုထားသည်ကိုတွေ့ရပါသည်။ “ကြည့်ရှုလော့။ ငါ့ကျွန် သည်အမှုဆောင်၍အောင်လိမ့်မည်။ချီးမြှင့်ခြင်းသို့ရောက်၍ အထွဋ်အမြတ် ဖြစ်လိမ့်မည်။” အကြောင်းမှာ ယေရှုခရစ်သည်လူ့ဇာတိအားဖြင့် လူသား အားလုံး၏ အပြစ်အတွက် တရားစီရင်ခြင်းခံခဲ့ရပါသည်။ ဟေရှာယပရော ဖက်ပြုခဲ့သည့်အတိုင်းအရာရာကို လိမ္မာပါးနပ်စွာ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရပါသည်။အကြောင်းမူကားကြိုတင်ပရောဖက်ပြုထားသည့် အတိုင်း ယေရှုခရစ်အနေဖြင့်အပြစ်အားလုံးကို လိမ္မာပါးနပ်စွာ ဖယ်ရှားသုတ်သင် နိုင်ခဲ့သဖြင့် သူ၏နာမသည် ချီးမြှင့်ခြင်း၊ချီးမြှောက်ခြင်း ခံရလျက်ရှိသည်။ ယေရှုခရစ်အကြောင်းနှင့်ပတ်သက်၍ ဟေရှာယ၏ပရောဖက်ပြုချက်သည် မည်မျှအထိ တိကျမှန်ကန်မှုရှိသနည်း။
သို့သော်လည်း သခင်ဘုရားလောကသို့ ကြွလာသောအခါ ဣသ ရေလူမျိုးများအနေဖြင့်ကောင်းမွန်စွာအသိအမှတ်ပြုခြင်းမရှိပါ။ သခင်ဘု ရားသည်လောကသို့ကြွလာပြီးဣသရေလူမျိုးများ၏အပြစ်အပါအဝင်လော ကလူသားအားလုံး၏ အပြစ်များကို ယူတင်ဆောင်ရွက်လျက် လက်ဝါးကပ် တိုင်ပေါ်ဝယ် အသေခံသည်သာမက သေခြင်းမှထမြောက်ရှင်ပြန်ခဲ့သော် လည် ဣသရေလလူမျိုးများအနေဖြင့် မေရှိယ၏ဗတ္တိဇံနှင့်သူ၏အသွေး တော်ကိုယုံကြည်လက်ခြင်းမရှိကြပေ။ဣသရေလူမျိုးများအနေဖြင့် အသိ အမှတ်ပြုလက်ခံခြင်းမရှိသော်လည်း မေရှိယသည် သူတို့အထဲမှ မွေး ဖွားလျက် ဗတ္တိဇံကို ခံယူပြီး လက်ဝါးကပ်တိုင်အားဖြင့်သူတို့အပြစ်များကို သာမကလောကတစ်ခွင်လူသားအားလုံးအတွက်အပြစ်များကိုလည်းဆေး ကြောပေးခဲ့ပြီးပါပြီ။သူတို့အနေဖြင့်ယေရှုသည် ဘုရားသခင်၏ သားတော်၊ ဣသရေလလူမျိုးများ၏ ကယ်တင်ရှင်မေရှိယအဖြစ် လက်ခံအသိအမှတ် ပြုခြင်းမရှိခဲ့ပါ။ သို့သော်လည်းမကြာမီနှစ်များတွင်ယေရှုသည် သူတို့ စောင့် မျှော်နေကြသည့် မေရှိယဖြစ်ကြောင်း ကောင်းမွန်စွာသပေါက်လာသည်ကို တွေ့ရပါသည်။
 
 

ယေရှု၏ဒုက္ခဝေဒနာခံစားခြင်းသည် လောက၏အပြစ်ကိုဖယ်ရှားသုတ် သင်ဖို့အတွက်ဖြစ်သည်

 
ယေရှုသည်လောကသို့ကြွဆင်းလာခဲ့စဉ်က သူခံစားခဲ့ရသော ဒုက္ခ ဝေဒနာအားလုံးကို စာပေအားဖြင့် ပြည့်စုံစွာ ရေးသားဖော်ပြဖို့ မဖြစ်နိုင်ပါ။ ဟေရှာယ (၅၃)တွင် မေရှိယသည် နာကြည်းခြင်းဝေဒနာနှင့် ရင်းနှီးကျွမ်း ဝင်သောဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကျွန်ုပ်တို့၏အပြစ်အားလုံးကို ယူတင်ဆောင်ရွက်ခဲ့သဖြင့် နှိပ်စက်ခြင်းများစွာခံရသဖြင့် လူတို့၏ မျက်နှာ လွဲခြင်းကို ခံရသောသူဖြစ်သည်။
သို့သော် ယေရှုကိုမေရှိယအဖြစ် အသိအမှတ်ပြုသောသူ အနည်း ငယ်ရှိပါသည်။ထိုသို့ဒုက္ခဝေဒနာများစွာ ခံစားခဲ့ရသော လူများအနေဖြင့် သူ့ကို ကယ်တင်ရှင်မေရှိယအနေဖြင့် ဝန်ခံအသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့ ကြပါသည်။ ကျွန်ုပ်တို့၏ သခင်ဘုရားသည်ခမည်းတော်၏ အလိုတော်ကို နာခံဖို့ လောကသို့ ကြွလာလျက် လောကလူသားများကိုအပြစ်မှကယ်တင် ခြင်းအမှုကိုအကောင်အထည်ဖော်ရန်သူသည် ညှင်းပန်းနှိပ်စက်ခြင်းများစွာ ခံခဲ့ရပါသည်။ သူ၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခဲ့သော လူသားများအ တွက်သူသည်အသွေးအသားဖြင့်ကြွဆင်းလာခဲ့ရုံသာမကဘဲသမ္မာကျမ်းစာ၏သွန်သင်ချက်အရကျွန်ုပ်တို့၏မျက်နှာကိုလွှဲထားရသည့်တိုင်အောင် ကဲ့ရဲ့ ခြင်း၊ လှောင်ပြောင်ခြင်း၊ ရိုက်ပုတ်ခြင်း၊နှိပ်စက်ခြင်းများစွာကိုလည်း ခံယူခဲ့ ရပါသည်။ လောကတွင်အသက်ရှင်နေထိုင်သည့်အခါကယ်တင်ရှင်မေရှိယ အဖြစ် ရိုသေလေးမြတ်ခြင်းခံရမည့်အစား သူသည်မည်သည့်အစွမ်းအစမျှ မရှိသော သူတစ်ဦးကဲ့သို့ကဲ့ရဲ့ရှုတ်ချခြင်း၊ စော်ကားခြင်းကို ခံခဲ့ရသည့်အ ကြောင်း အရာကိုနှုတ်အားဖြင့် အားလုံးထုတ်ဖော်ပြောပြရန် မတတ်စွမ်း နိုင်ပါ။ ကျွန်ုပ်တို့၏ရှေ့တွင် တစ်စုံတစ်ယောက်သောသူသည် ပြင်းထန်စွာ ညှင်းဆဲခြင်းခံရသောအခါ ကျွန်ုပ်တို့မျက်နှာလွှဲထားသကဲ့သို့ မေရှိယသည် သူဖန်ဆင်းခဲ့သော လူသားများ၏ ပြင်းထန်သော ညှင်းပန်းနှိပ်စက်မှုကိုခံရ သောအခါ ဣသရေလူမျိုးများအနေဖြင့် မျက်နှာလွှဲခဲ့ကြသည်။
မေရှိယလောကသို့ကြွလာသည့်အချိန်တွင် လေးစားထိုက်သည့် မျက်နှာထား၊ခန့်ညားလှပသော မျက်နှာမရှိပါ။ ထိုသို့မရှိသော်လည်း ယဇ်ပူ ဇော်သည့် နည်းစနစ်အရသူ၏ခန္ဓာကိုယ်အားဖြင့် အပြစ်အားလုံးကို ယူတင် ဆောင်ရွက်ဖို့ရန် ယောဟန်၏လက်ဖြင့်ဗတ္တိဇံကို ခံယူခြင်း၊ လက်ဝါး ကပ်တိုင်ပေါ်ဝယ် အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းစသည့်အမှုအားဖြင့် လိမ္မာပါးနပ်စွာ အပြစ်ထဲမှ ကျွန်ုပ်တို့အား ကယ်တင်ခဲ့ပါသည်။ အကြောင်း မူကားမေရှိယသည် ယောဟန်၏ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံး ကို ယူတင်ဆောင်ရွက်လျက် လက်ဝါးကပ်တိုင်ပေါ်ဝယ် အသွေးတော် သွန်းလောင်း၍ ကျွန်ုပ်တို့အတွက်အသေခံခဲ့ပါသည်။
မေရှိယသည် လောကသို့ ကြွလာသည့်အခါ သွေ့ခြောက်သောအ ရပ်၌ ပေါက်သောသစ်ပင်ကဲ့သို့ဖြစ်သည်။ သူ၏ရုပ်ရည်ရူပကာပိုင်းဆိုင်ရာ အကြောင်း ပြောစရာများစွာမရှိပါ။မေရှိယသခင်ကိုယ်တော်မြတ်နှင့်ကျွန်ုပ် တို့၏ခန္ဓာကိုနှိုင်းယှဉ်ကြည့်မည်ဆိုလျှင်သာလွန်မှုအနည်းငယ်သာ တွေ့ ကောင်း တွေ့ရလိမ့်မည်။ မေရှိယ၏ အပြင်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန်နှင့်ပတ် သက် ၍ ဝါကြွားစရာမရှိပါ။
ဟောရှာ ၅၃း၃ တွင် ဤသို့ဖော်ပြထားပါသည်။ “မထီမဲ့မြင်ပြုခြင်း ကိုခံရ၍လူတို့တွင်အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်း ခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရ သောသူကဲ့သို့ဖြစ်၏။ မထီမဲ့ပြုခြင်းကိုခံလျက်ရှိ၍ ငါတို့သည်မရိုသေကြ” အကြောင်းမူကား မေရှိယသည် လောကသို့ကြွလာပြီးမှလူသားများ၏ အ ပြစ်အားလုံးကို ဆေးကြောဖယ်ရှားဖို့ရန် လက်တင်ခြင်းကို ခံရပြီးမှအသွေး တော်သွန်းလောင်းခြင်းနည်းလမ်းဟူသော ဣသရေလူလူမျိုးနှင့် ရောမစစ် သားများ၏ညှင်းဆဲသတ်ဖြတ်ခြင်းဖြင့် ကျွန်ုပ်တို့အား ကယ်တင်ခဲ့ပါသည်။
 
 
မေရှိယ၏ဒုက္ခဝေဒနာခံစားခြင်းကိုနှစ်ပေါင်း (၇၀၀)ကြိုတင်၍ပရောဖက် ပြုခဲ့သည်
 
မေရှိယ၏လောကသို့ကြွလာခြင်း၊ ယောဟန်အားဖြင့် ဗတ္တိဲဇံခံယူ ခြင်း၊လက်ဝါးကပ်တိုင်ပေါ်ဝယ်အသွေးတော်သွန်းလောင်းခြင်းနှင့် သေခြင်း မှရှင်ပြန်ထမြောက်ခြင်း စသည့်အကြောင်းအရာများကို ခရစ်တော်မမွေး ဖွားမီ နှစ်ပေါင်း (၇၀ဝ) စော၍ ကြိုတင်ပရောဖက်ပြုဟောကိန်းထုတ်ခဲ့ သည်။ ထိုအကြောင်းအရာကို ကြိုတင်ဟောပြောခဲ့သောသူမှာ ပရောဖက်
ဟေရှာယဖြစ်သည်။ သူဟောပြောခဲ့သည့်အတိုင်းယေရှုသည်အတိအကျ မွေးဖွားခဲ့ပါသည်။မေရှိယယေရှုသည် အပျိုကညာ၏ဝမ်းဗိုက်မှ နှိမ့်ချစွာ နွားစာခွက်တွင် မွေးဖွားလျက်ယောဟန်၏လက်ဖြင့် ဗတ္တိဇံမင်္ဂလာကို ခံယူ သောအခါ လောကအပြစ်အားလုံးကို လွဲပြောင်းရယူပြီးမှ လက်ဝါးကပ် တိုင်ကိုထမ်းလျက် အသွေးတော်သွန်းလောင်းခြင်းဖြင့် ကျွန်ုပ်တို့၏ကယ် တင်ခြင်းအတွက် အသေခံသော်လည်း သုံးရက်မြောက်နေ့တွင် သေခြင်း မှတဖန်ရှင်ပြန်ထမြောက်ခဲ့ပါသည်။
တစ်နှစ်တာအတွက် ယဇ်ပူဇော်သည့်နေ့တွင် အပြစ်များကို လွှဲ ပြောင်းပေးဖို့ယဇ်ကောင်၏ဦးခေါင်းပေါ်သို့ လက်ကိုတင်၍ ၎င်း၏အသွေး ကိုသွန်းသကဲ့သို့(ဝတ်၁၆)ပရောဖက်ပြုချက်နှင့်အညီယေရှုသည်ယောဟန် အားဖြင့်ဗတ္တိဇံကိုခံယူသောအခါကျွန်ုပ်တို့၏အပြစ်အားလုံးကိုလွှဲပြောင်း ရ ယူပြီးမှလက်ဝါးကပ်တိုင်ပေါ်ဝယ် အသွေးတော်လောင်းကာ အသေခံတော် မူ၏။ သူ၏ဗတ္တိဇံအားဖြင့် လောကအပြစ်အားလုံးကို လွှဲပြောင်းရယူပြီးမှ လူထုပရိတ်အတွက် အမှုတော်ဆောင်သည့် ကာလတည်းဟူသော သုံးနှစ် တာအတွင်းအပြစ်ဝန်ထုပ်ကိုထမ်းလျက် ဒုက္ခဝေဒနာကို ခံစားခဲ့ရပါ သည်။ မေရှိယယေရှုသည် ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံလျက် လူအများ၏ညှင်းပန်နှိပ် စက်ခြင်းကိုလက်ဝါးကပ်တိုင်တွင် အသေခံရသည့်အကြောင်းအရင်းမှာ ယော ဟန်အားဖြင့် ဗတ္တိဇံမင်္ဂလာခံယူ၍ လောကသားအားလုံး၏အပြစ်ကို လွဲပြောင်းရယူခဲ့သောကြောင့်ဖြစ်သည်။ 
ယေရှု၏မေရှိယဖြစ်ခြင်းကို ငြင်းပယ်သည်သာမက အကျိုးအ ကြောင်းခိုင်လုံမှုမရှိဘဲဂျူးလူမျိုးအချို့နှင့်ရောမလူမျိုးတို့သည် သူ့အပေါ် မုန်းတီး၍နှိပ်စက်ခဲ့ကြသည်။ သူသည်အလွန်အကျွံမုန်းတီးမှုကို ခံခဲ့ရသည်။
ယေရှုသည်ယောဒန်မြစ်တွင်ဗတ္တိဇံဆရာယောဟန်အားဖြင့် ဗတ္တိဇံ ကိုခံယူသောအခါ လောကသားအားလုံး၏ အပြစ်ကိုလွှဲပြောင်းရယူသဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင်အသွေးတော်ကိုသွန်းလောင်းခဲ့သည်ပါသည်။မေ ရှိယသည် ယောဟန်အားဖြင့် ဗတ္တိဇံကိုခံယူပြီးမှလက်ဝါးကပ်တိုင်ပေါ်ဝယ် အသေခံခြင်းဖြင့် ခမည်းတော်၏ အလိုတော်ကို ခံယူပြီးမှလက်ဝါးကပ်တိုင် ပေါ်ဝယ်အသေခံခြင်းဖြင့်ခမည်းတော်၏အလိုတော်ကိုပြည့်စုံစေခဲ့ပါသည်။ သူသည်ကိုယ်တုုံးလုံးဖြင့် လက်ဝါးကပ်တိုင်တွင် အတင်ခံရလျက် တံ တွေးထွေးခြင်းလည်း ခံခဲ့ရပါသည်။ ထိုစဉ်က အနီးပတ်ဝန်းကျင်မှ လူများ အနေဖြင့် “သခင်ဘုရားရဲ့သားတော်မှန်ရင် လက်ဝါးကပ်တိုင်မှဆင်းပြီး ကိုယ့်ဟာကိုယ်ကယ်တင်ပါလား” ဟု ကဲ့ရဲ့လှောင်ပြောင်ခဲ့ကြပါသည်။
ယေရှုသည် ဗတ္တိဇံကိုခံယူပြီးမှ အများပြည်သူဆိုင်ရာ အမှုတော် လုပ်ငန်းကိုစတင်သောအခါ မသမာသူလူစုများကြောင့် ဒက္ခဝေဒနာခံစားခဲ့ ရပါသည်။ လူသားများအဖို့ဗတ္တိဇံခံယူခြင်းအားဖြင့် လောကအပြစ်အားလုံး ကို ပခုံးပေါ်တင်၍ ထမ်းရွက်နေရစဉ်အခါလူတို့အနေဖြင့် သဘောမပေါက် နိုင်ဘဲ မေရှိယအနေဖြင့် ကြွလာသော ယေရှုကို မုန်းတီးမှုဖြင့်အဆက်မ ပြတ်နှိပ်စက်ခြင်း၊ ဒုက္ခဝေဒနာခံစားစေခြင်း၊ လူသိရှင်ကြားရှုတ်ချခြင်းနှင့် နှောင်ယှက်ခြင်းတို့ကို ပြုခဲ့ကြပါသည်။ သမ္မာကျမ်းစာတွင် သူ့ကိုတီကောင် ကဲ့သို့မှတ်၍ ဆက်ဆံကြလိမ့်မည်ဟု ဖော်ပြထားသည့်အတိုင်း မေရှိယ သည် မုန်းတီးခြင်းကို ခံခဲ့ရပါသည်။
ဖါရိရှဲများအနေဖြင့် ယေရှုကိုမည်မျှတိုင်အောင်မုန်းတီးခဲ့ကြောင်း ကျွန်ုပ်တို့သိနိုင်မည်မဟုတ်ပါ။ သူတို့၏ဦးဆောင်မှု၊ ထင်ပေါ်ကျော်ကြား မှုကို ထိပါးလာသော မေရှိယကိုဖါရိရှိများသည် အလွတ်မပေးခဲ့ကြပါ။ ထို့ ကြောင့်သူတို့သည်မေရှိယကိုမုန်းတီးလျက် သူ၏မှားကွက်ဖမ်းဖို့အစဉ် ချောင်းမြောင်းလျက် ကိုယ်ရေးကိုယ်တာအားဖြင့် တိုက်ခိုက်ခဲ့ကြသော် လည်း သူတို့ရေးဆွဲသည့် စီမံကိန်းသည် အထမမြောက်နိုင်ဘဲဖြစ်ခဲ့သည်။ မေရှိယကိုမုန်းတီးခဲ့ကြသောကြောင့် နည်းမျိုးစုံအသုံးပြုလျက် လူသိရှင် ကြားအနှောင့်အယှက်ပြုခဲ့ကြပါသည်။ မေရှိယသည် မည်သည့်ဖိနှိပ်ချုပ် ချယ်မှုခံရမည်ကို ဟေရှာယအနေဖြင့် ကြိုတင်ပရောဖက်ပြုခဲ့ပါသည်။ မေရှိယမကြွလာမီ နှစ်ပေါင်း (၇၀ဝ)ခန့်က ပရောဖက်ဟေရှာယအားဖြင့် အသေးစိတ်ကြိုတင် ပရောဖက်ပြုခဲ့သည့်အရာများအားဖြင့် လောကတွင် ယေရှုသည် မည်သို့သောဆက်ဆံရေးကို ခံရမည်ဆိုသည့်အကြောင်းနှင့် ပတ်သက်၍ မှန်ကန်ကြောင်းအတည်ပြုချက်ရနိုင်ပါသည်။
 
 

ရေနှင့်အသွေးအားဖြင့်ကြွလာသောယေရှုခရစ်တော်ကို လူတို့သည် မေရှိယအဖြစ်ယုံကြည်လက်ခံကြပါသလား။

 
ထိုသို့ အတိုက်အခံများစွာ ပြုခြင်းခံရသည့်ကြားမှမေရှိယယေရှု သည် တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိဘဲ သူဆောင်ရွက်ရမည့်အမှုကို ပြီးစီး သည်အထိ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ ယခုကာလသည် ဣသရေ လူမျိုးများ အပါအဝင် တစ်ကမ္ဘာလုံးတွင်ရှိသော လူသားတစ်ဦးချင်းအ နေဖြင့် ယေရှုခရစ်သည် မေရှိယဖြစ်ကြောင်း သဘောပေါက်၍ယုံကြည် ထားရမည့်အချိန်ဖြစ်သည်။ဣသရေလလူမျိုးများအပါအဝင်ကမ္ဘာပေါ်တွင်ရှိသောလူတစ်ဦးချင်းစီ၏အပြစ်ကို စင်ကြယ်စေဖို့ မေရှိယသည် လက်တင် ပြီးမှ ဗတ္တိဇံကို ခံယူကာ လက်ဝါးကပ်တိုင်တွင်တင်ထားခြင်းကို ခံခဲ့ရသော ကြောင့် အလွန်အကျွံညှင်းဆဲခြင်း ခံရသဖြင့် ထိုအမှုတော်မြတ်မှ ယုံကြည် သူများအတွက်ပြည့်စုံသည့်ကယ်တင်ခြင်းရောက်ရှိလာပြီးသူတို့၏ယုံကြည် ချက်သည် အသိအမှတ်ပြုခြင်းခံရလျက်ရှိသည်။ မေရှိယသည် နှိမ့်ချသော အသွင်သဏ္ဍာန်ဖြင့်လောကသို့ကြွလာလျက် ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ် တိုင်တွင် အသေခံခြင်း၊ သေခြင်းမှရှန်ပြန်ထမြောက်ခြင်းဖြင့် လူတိုင်း၏အ ပြစ်ကို ဆေးကြောကာ သန့်ရှင်းစေခဲ့သော်လည်း ယုံကြည်သူအရေအတွက် မှာအလွန်နည်းပါးလျက်ရှိသည်။ယေရှုသည်ဣသရေလလူမျ်ုးများအတွက် သာ မေရှိယဖြစ်ခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့အတွက်လည်းစစ်မှန်သော ကယ် တင်ရှင်ဖြစ်ကြောင်းလက်ခံကာယုံကြည်ခြင်းအားဖြင့်အသက်ရှင်ရမည်။
ယေရှုသည်ဗတ္တိဇံမင်္ဂလာကိုခံယူသည့်နောက် ကျွန်ုပ်တို့၏ဝမ်း နည်း ခြင်း၊ ရောဂါ၊အမင်္ဂလာများအားလုံးကို သယ်ဆောင်သွားသော်လည်း လူအချို့တို့အနေဖြင့် “သူကဘာအပြစ်တွေလုပ်ခဲ့လို့ ဒီလောက်ထိညှင်းပန်း နှိပ်စက် ခံနေရတာလဲ”ဟု စဉ်းစားမိကောင်းစဉ်းစားမိလိမ့်မည်။ သို့သော် ယေရှုသည် အပြစ်နှင့်ကင်းစင်သောဘုရားသခင်၏ သားတော်ဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်အားလုံးကို သယ်ဆောင်လျက် မေရှိယသည် ကိုယ်စား
ဒုက္ခဝေဒနာခံစားခြင်း၊ အမင်္ဂလာကြုံတွေ့ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ကျွန်ုပ်တို့၏အပြစ်ကြောင့်ညှင်းပန်းနှိပ်စက်ခြင်းတို့ကိုခံခဲ့ရပါသည်။သူသည် လောကသို့ကြွလာသည့်အချိန်မှစ၍ (၃၃) နှစ်ကြာသည့်တိုင်အောင် ဒုက္ခ ဝေဒနာများကိုခံစားလျက်ကျွန်ုပ်တို့အားအပြစ်များမှကယ်တင်ခဲ့ပါသည်။
ပရောဖက်ဟေရှာယ၏ နှုတ်ပါးစပ်အားဖြင့် ပြောခဲ့သည့်ဘုရား သခင်၏ နှုတ်ကပတ်တော်ကို ကြားရသော်လည်း ထိုစဉ်က လူတို့အနေဖြင့် ရေနှင့်ဝိဉာဉ်တော်အားဖြင့် ကြွလာတော်မူသောကယ်တင်ရှင်မေရှိယဖြစ် သည်ယေရှုခရစ်ကိုယုံကြည်ခဲ့ကြပါသလား။ယခုလည်းကျွန်ုပ်တို့ဟောပြော လျက်ရှိသော ရေနှင့်ဝိဉာဉ်တော် ဧဝံဂေလိတရားကို အဘယ်သူလက်ခံမည် နည်း။ယေရှုကိုယုံကြည်ပါသည်ဟု ပြောဆိုနေကြသူများမှပင်ရေနှင့်ဝိညာဉ် တော် ဧဝံဂေလိတရားကို စိတ်ဝင်စားမှုမရှိကြောင်း တွေ့ရပါသည်။
ဟေရှာယ၏ ပရောဖက်ပြုချက်များအနက် အဓိကကျသော အ ချက်အလက်များမှာလောကသို့ကြွလာမည့် ဘုရားသခင်၏သားတော်၊ ပ ညာတရားအတိုင်း အမှုတော်ဆောင်မည့်အကြောင်း၊ ကျွနိုပ်တို့၏အပြစ် များအားလုံးကို ထမ်းရွက်က တရားစီရင်ခြင်းခံရမည့်အကြောင်းနှင့်ထိုအမှု များဖြင့် ကျွန်ုပ်တို့အား ကယ်တင်မည်ဆိုသည့်အချက်ဖြစ်သည်။ သို့သော်
လည်း သူအကောင်အထည်ဖော်ခဲ့သည့် သမ္မာတရားကို လူများအနေဖြင့် သဘောတူလက်ခံခြင်းမရှိပါ။မည်သို့ပင်ဆိုစေကာမူ ယခုအချိန်မှစ၍ ကမ္ဘာ ပေါ်ရှိတိုင်းနိုင်ငံများမှယေရှုခရစ်ကိုကယ်တင်ရှင် မေရှိယအဖြစ် လက်ခံ၍ ချီးမြှောက်ကြလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ ဣသရေလလူမျိုးများ၊ သင်နှင့်ကျွန်ုပ်အပါအဝင် လောကလူသား အားလုံး၏အပြစ်များကို ယူတင် ဆောင်ရွက်ခဲ့ရသောကြောင့် မေရှိယယေရှု၏ ညှင်းပန်းနှိပ်စက်ခံရခြင်းကို သင်သဘောပေါက်ပါသလား။ မေရှိယ၏အမှုတော်မြတ်လုပ်ငန်းမှာ ဤသို့ ဖြစ်လာမည့်အကြောင်း ပရောဖက်ဟေရှာယသည် သင့်အားသိစေ လိုသည့် အပြင် ယုံကြည်စေဖို့ဆန္ဒရှိသည်။
 
 
မေရှိယသည်သွေ့ခြောက်သောလွင်ပြင်တွင်ပေါက်သော အပင်၏အတက်နှင့်တူသည်။
 
မေရှိယ(ယေရှုခရစ်)သည်သနားစရာကောင်းသည့်အသွင်သဏ္ဍာန် ဖြင့် လောကသို့ကြွလာမည့်အကြောင်း ဟေရှာယအနေဖြင့်ကြိုတင်ပရော ဖက်ပြုထားခဲ့ပါသည်။ “ထာဝရဘုရား၏ကျွန်သည် အညွန့်ကဲ့သို့လည်း ကောင်း၊ သွေ့ခြောက်သောမြေ၌ပေါက်သောအတက်ကဲ့သို့လည်းကောင်း၊ ရှေ့တော်၌ကြီးပွား၏။ ပမာဏပြုစရာအဆင်း တင့်တယ်ခြင်းမရှိ။ ချစ်လို ဖွယ်သောမျက်နှာလက္ခဏာနှင့်မပြည့်စုံ” (ဟေရှာ-၅၃း၂)။ ယေရှုခရစ်သည်
လောကသို့ ြွကလာသောအခါ လူတို့အတွက်နှစ်သက်ဖွယ်ရာကောင်း သော ပုဂ္ဂိုလ်တစ်ဦးမဖြစ်ခဲ့ပါ။ သူ၏ရုပ်ရည်နှင့်ခန္ဓာကိုယ် တည်ဆောက် ပုံအရ မင်းသားအာနိုး (သို့) စတားလုံးနှင့်မတူပါ။ သူ့ကိုကြည့်မည်ဆိုလျှင် သေးကွေးသောသူ၊သနားဖွယ်ရာကောင်းသောသူ၊စိတ်ပျက်ဖွယ်ရာကောင်း သောသူသာလျှင်ဖြစ်လိမ့်မည်။ သို့သော်လည်းသူ၏ နှုတ်မှထွက်လာသော စကားသည် သံလျက်ဓားကဲ့သို့ ထက်မြက်ကြောင်း တွေ့ရလိမ့်မည်။
မေရှိယယေရှုသည် ရုပ်ရည်ပိုင်းတွင်သာ ရုပ်ဆိုးအကျဉ်းတန်ဖြစ် သည်သာမကပစ္စည်းဥစ္စာပိုင်းတွင်လည်း အလွန်ချို့တဲ့သူဖြစ်သည်။ သူ၏ လူသားဖခင်ဖြစ်သော ယောသပ်သည် သာမန်လက်သမားတစ်ဦးမျှသာ ဖြစ်သဖြင့် ဖူဖူလုံလုံစားသောက်နေထိုင်နိုင်သူမဟုတ်ပါ။ သူ၏ကာယခွန် အားကို စိုက်ထုတ်၍ အသက်မွေးနေရသူတစ်ဦးဖြစ်သည်။
မေရှိယသည် လောကသို့ကြွလာသည့်အခါ ကျောင်းလည်းမတက် ခဲ့ရပါ။ ထို့ကြောင့်ဖာရိရှဲများအနေဖြင့် သူ့ကို ကျောင်းထားပေးမည်ဟု သွေးဆောင်ကြခဲ့သော်လည်းငြင်းပယ်ခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် ယေရှုခရစ်သည် စစ်မှန်သောဘုရားသခင်၏သားတော်ဖြစ်ကြောင်း သိနိုင် သည်။ ထိုစဉ်က ပညတ်တရားနှင့်ပတ်သက်၍ ပညာရှင်တစ်ဦးဖြစ်သည့် ဂါမာလျေလဦးစီးလျက်တည်ထောင်ဖွင့်လှစ်ခဲ့သောကျောင်းတော်ကြီးကိုလည်းသူသည် ခြေချ၍မနင်းခဲ့ဖူးပါ။ ဤကျောင်းတွင် သင်ကြားပို့ချ ပေးသော ဆရာများသည်သာမညပုဂ္ဂိုလ်များမဟုတ်ဘဲ ထင်ပေါ်ကျော် ကြားသည့်ပညာရှင်များဖြစ် ပြီးလောကနှင့်ဆိုင်သောပညာရပ်များကိုသာ မက ပညတ်တရားများကိုပင် သွန်သင်ပေးနိုင်သူများဖြစ်သည်။သို့သော် ယေရှုသည်ထိုသို့သောကျောင်းတွင်ပညာဆည်းပူးလေ့လာခြင်းမရှိခဲ့ပါ။ထိုကျောင်း၏ နာမည်စာရင်းမှတ်တမ်းတွင် သူ၏နာမည်ကို မတွေ့ရပါ။ ထို ကျောင်းမှပညတ်တရားအကြောင်းလေ့လာသင်ယူဆည်းပူးဖြင်းမရှိခဲ့သော်လည်း ဓမ္မဟောင်းကျမ်းမှမေရှိယနှင့်ပတ်သက်၍ သွန်သင်ချက်ကို သူသည် သာ၍ကျယ်ပြန့်စွာ သိရှိနားလည်လျက်ကြီးမားသည့် ယုံကြည်ချက်ကို ပိုင်ဆိုင်သူဖြစ်သည်။ သူပြောသည့်စကားသည် ပညတ်တရားနှင့်ကိုက်ညီ သည့် အပြင်ရှေ့နောက်ညီညွန်မှုလည်း ရှိသည်။
 
 
အဘယ်ကြောင့်မေရှိယသည်ဖိနှိပ်ချုပ်ချယ်မှု၊ကဲ့ရဲ့ရှုတ်ချမှု၊ ပြစ်တင်ခြင်းများကိုခံခဲ့ရနည်း။
 
ဣသရေလလူမျိုးများ၏စစ်မှန်သောမရှိယဖြစ်လျက် သူတို့ကိုအ ပြစ်မှ ကယ်တင်ပြီးဘုရားသခင်၏လူဖြစ်စေဖို့ရန် သူသည် လောကသို့ ကြွ လာလျက်နာကျင်မှုဝေဒနာ၊နှောင့်ယှက်ခြင်း၊ ကဲ့ရဲ့ရှုတ်ချခြင်းများကို လိုလို လားလားခံယူခဲ့ပါသည်။မေရှိယသည်ဣသရေလလူမျိုးများအတွက်ယဇ်ကောင်အနေဖြင့်ညှင်းပန်းနှိပ်စက်ခြင်းကိုပြင်းထန်စွာခံယူခဲ့ပါသည်။မေရှိယသည် ကျွန်ုပ်တို့အဖို့ ထိုမျှလောက်ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ ရသောကြောင့် မျက်နှာလွှဲခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ သာမန်လူတစ်ဦး ခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်သည့် ညှင်းပန်းနှိပ်စက်ခြင်းကို လူတို့ထံမှ ယေရှုသည် နည်းလမ်းမျိုးစုံဖြင့် ခံခဲ့ရပြီးမှ ကျွန်ုပ်တို့အား အပြစ် ထဲမှ ကယ်တင်နိုင်ခြင်းဖြစ်သည်။ယေရှုသည် လောကတွင် ဖိနှိပ်ချုပ်ချယ်မှု ကို ခံခဲ့ရပါသည်။
မေရှိယသည်လက်ဝါးကပ်တိုင်ပေါ် ဝယ်အတင်ခံရသည့်တိုင် အောင်သူ့အားကဲ့ရဲ့ရှုတ်ချခြင်းကို မရပ်တန့်စေဘဲ “ဘာဖြစ်လို့အောက် ကိုမဆင်းလာနိုင်တာလဲ။ခင်ဗျားဟာဘုရားသခင်၏သားတော်မှန်ရင် လက် ဝါးကပ်တိုင်ကနေအောက်ကိုဆင်းလာခဲ့စမ်းပါ။ခင်ဗျားဟာ ဘုရားသခင် ရဲ့ သားတော် ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘုရားသခင်ရဲ့သားတော်မှန်ရင်ဘေး နား မှာရှိတဲ့သူခိုးတွေကို ကယ်တင်ပါလား။ နောက်ကိုယ့်ဟာကိုလည်း ကယ် တင်ပါလား”ဟု ပြောဆိုခဲ့ကြပါသည်။ သူတို့က “ဒီကျောက်ခဲကို ဘာလို့မုန့် မဖြစ်စေတာလဲ။ခင်ဗျားဟာဘုရားသခင်ရဲ့သားတော်မှန်ရင်သက်သေပပေး ပါလား။ကျွန်ုပ်တို့ယုံကြည်နိုင်လောက်တဲ့သက်သေပြပေးပါလား။ဒါလေးကို တောင်မလုပ်နိုင်ဘဲ ဘယ်လိုလုပ်မေရှိယဖြစ်နိုင်မှာလဲ။ သနားစရာ ကောင်း လိုက်တာ”ဟု ဆက်လက်၍ ကဲ့ရဲ့ရှုတ်ချခဲ့ကြသည်။
လူတို့သည်မေရှိယအား ထိုသို့ လူသိရှင်ကြားကဲ့ရဲ့ရှုတ်ချပြီးမှ အ တောမသတ်နိုင်အောင်ကဲ့ရဲ့လှောင်ပြောင်ခဲ့ကြပါတယ်။သူ၏အဝတ်အစား များကိုချွတ်၍မျက်နှာကိုလက်ဝါးဖြင့် ရိုက်လျက် တံတွေးနှင့်ထွေးခဲ့ကြပါ သည်။ ယေရှုခရစ်တော်ခံယူခဲ့သော ကဲ့ရဲ့လှောင်ပြောင်ခြင်း။ စော်ကားခြင်း သည် လူ့သမိုင်းတွင်မရှိသေးသည့်အရာ၊နောက်နောင်တွင်လည်း မရှိနိုင် သော အရာဖြစ်သည်။ ထိုစဉ်က အကြီးမားဆုံးသော ပြစ်မှုကိုကျူးလွန်သူ များအတွက်ထားသည့်လက်ဝါးကပ်တိုင်တွင် တင်လျက်အပြစ်ဒဏ်စီရင် ခြင်းခံခဲ့ရပါသည်။ ကျွန်ုပ်တို့၏မေရှိယသည် စစ်သည်များ၏ ကြာပွတ်ဖြင့် ရိုက်နှက်ခံရခြင်း၊လက်ဝါးကပ်တိုင်ပေါ်ဝယ် လက်နှစ်ဖက်၊ ခြေနှစ်ဖက်တွင် သံနှင့်ရိုက်ပြီးနံဘေးကိုလှံနဲ့ထိုးဖောက်ခြင်းကိုခံ၍သူ၏ခန္ဓာကိုယ်မှ အသွေး စီးထွက်သည့် တိုင်အောင်ခံခဲ့ရပါသည်။
ယေရှုသည်အမှန်တကယ်ပင်ထိုသို့သော နှိပ်စက်ခြင်း၊ ညှင်းပန်း ခြင်း၊ နာကျင်မှုဝေဒနာကို ခံယူခြင်းအားဖြင့် ကျွန်ုပ်တို့အဖို့ သူ၏မေရှိ ယနှင့်ဆိုင်သောအမှုတော်မြတ်ကိုပြီးပြည့်စုံစေခဲ့ပါသည်။ သူသည် လက်ဝါး ကပ်တိုင်ပေါ်ဝယ် တင်ခြင်းခံရသောအခါ အပြစ်၊အမင်္ဂလာ၊ ရောဂါ၊ အပြစ် ဒဏ်စီရင်ခြင်းအားလုံးကို ယူတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ယေရှုသည် ကယ်တင်ရှင်ဖြစ်ကြောင်း ယုံကြည်သောသူတို့အဖို့ သူသည် ခမည်းတော် ၏အလိုတော်နှင့်အညီ လောကသို့ကြွလာပြီးမှ အပြစ်အားလုံးကို သူ့အ ပေါ်သို့တင်လျက်လက်ဝါးကပ်တိုင်တွင် ကျွန်ုပ်တို့အဖို့ အပြစ်ဒဏ် စီရင် ခြင်းခံရသည့်နောက် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအားဖြင့် အားလုံးကို ကယ်တင်နိုင်ခဲ့ပါသည်။
ညီအစ်ကိုမောင်နှမအပေါင်းတို့ ယေရှုသည် ထိုသို့ သူစိမ်းလူများ ရှေ့တွင် ညှင်းပန်းနှိပ်စက်မှုခံရခြင်းသည် လွယ်ကူသောအလုပ်ဖြစ်မည်ဟု သင်ယူဆပါသလား။သူ၏နေရာတွင်ကျွန်ုပ်တို့အစားထိုးဝင်ရောက်ပြီးထိုသို့ သော အထင်အမြင်သေးရမည့် ကိစ္စရပ်များဖြစ်သည်။ အဝတ်အစားမပါဘဲ ရိုက်ပုတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင် တင်ထား ခြင်းကို မိသားစု သို့မဟုတ် ဇနီးသည် သို့မဟုတ် မိမိချစ်ခင်မြတ်နိုးသောသူ
တစ်ဦးဦးရှေ့တွင်သာမက ရန်သူ၏ရှေ့မှောက်တွင် ထိုသို့ခံရမည်ဆိုလျှင် အသက်မထွက်မီကပင် ရူးသွပ်သောသူတစ်ဦးဖြစ်သွားနိုင်ပါသည်။ ခရစ် တော်ကို လက်ဝါးကပ်တိုင်ပေါ်ဝယ်တင်ထားသည့်အနေအထားမှာ တစ်ချို့ တစ်ဝက်သာမြင်ရခြင်းမဟုတ်ဘဲ အမြင့်တွင် ဆွဲထားသောကြောင့် လူတိုင်း မြင်ရသဖြင့် သူခံရသည့်ကဲ့ရဲ့ရှုတ်ချခြင်းကို တွေ့နိုင်သည်သာမကတံတွေး နှင့်ပင်ထွေး၍ လက်ညှိုး ထိုးခဲ့ကြကြောင်း သိရပါသည်။
ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်ဝယ် ဆွဲထားခြင်းခံရသောအခါ ကြီး မားသည့်ဒုက္ခဝေဒနာ၊ ဝမ်းနည်းကြေကွဲမှု၊ ခက်ခဲခြင်းတို့ကို ခံခဲ့ရပါ သည်။ လက်ဝါးကပ်တိုင်ပေါ်ဝယ်သံမှိုနှင့်မရိုက်မီ လူတို့အနေဖြင့် နည်း လမ်းမျိုးစုံကိုအသုံးပြုဖို့ သေချာစွာစီစဉ်ထားခဲ့ကြပြီးဖြစ်သည်။ လူထုပရိတ် ရှေ့မှောက်သို့ခေါ်ဆောင်လာပြီးမှတရားစီရင်ကြသောအခါယဇ်ပုရောဟိတ် ၏ကျွန်များမှ တံတွေးနှင့်ထွေး၍ မျက်နှာတော်ကို လက်ဝါးဖြင့် ရိုက်ခဲ့ကြပါ
သည်။ ထို့နောက် လူတို့မှလည်း တံတွေးနှင့်ထွေးခြင်း၊ လက်ဝါးနှင့်ရိုက် ခြင်း၊ ကြာပွတ်နှင့်ရိုက်ခြင်း၊ ကျောက်ခဲဖြင့်ပေါက်ခြင်း စသည့်အမှုများကို သူ့အပေါ်ကျူးလွန်ခဲ့ကြပါသည်။ယေရှုမေရှိယအနေဖြင့် ထိုသို့သောညှင်း ပန်းနှိပ်စက်ခြင်းကို ခံရသည့်ကြောင်းအရင်းမှာကျွန်ုပ်တို့အတွက်မဟုတ်ခဲ့ သော် မည်သူ့အတွင်ဖြစ်မည်နည်း။
ထိုသို့သောနှိပ်စက်ခြင်းများကို ကျွန်ုပ်တို့အတွက် ခံယူခဲ့ရခြင်းဖြစ် ကြောင်းသမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ “ထိုသူသည် ငါတို့လွန် ကျူးခြင်းအပြစ်များကြောင့်နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ငြိမ်သက်ခြင်း ချမ်းသာကို ဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည်အနာပျောက်လျက် ရှိ ကြ၏။” (ဟေရှာ-၅၃း၅) ထိုသို့သော ညှင်းပန်းနှိပ်စက်ခြင်းများစွာကိုခံခဲ့ ရသောကြောင့် ဣသရေလလူမျိုးများအပါဝင် လောကလူသားအားလုံးကို သူတို့၏အပြစ်ဒဏ်စီရင်ခြင်းထဲမှလွတ်မြောက်အောင်ကယ်တင်နိုင်ခြင်းဖြစ်သည်။ မေရှိယသည်ယောဟန်၏လက်မှ ဗတ္တိဇံကိုခံယူခြင်းဖြင့် လောက အပြစ်မှန်သမျှကို လွှဲပြောင်းရယူခဲ့ပြီးမှသူ၏လူမျိုး၊ ရောမစစ်သည်များနှင့် နိုင်ငံခြားသားများ၏ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရသောအခါမေရှိယနှင့် စပ် ဆိုင်သော အမှုတော်မြတ်လုပ်ငန်းကို ပြီးမြောက်စေနိုင်ခဲ့ပါသည်။
မေရှိယသည် လူသားအားလုံး၏အပြစ်၊ မကျူးလွန်ရသေးသည့်အ ပြစ်အားလုံးမှကယ်တင်မည့်အကြောင်းကို ဘုရားသခင်ကြိုတင် ပရော ဖက်ပြု၍ ဟောခဲ့ပါသည်။ထိုသို့နှင်အညီ ယေရှုသည် မေရှိယါအဖြစ် လော ကသို့ ကြွလာလျက် ညှင်းပန်းနှိပ်စက်မှုကိုခံယူပြီး သင်နှင့်ကျွန်ုပ်အား ကယ်တင်ဖို့ရန် ကျွန်ုပ်၏အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်ဝယ် သူ၏ အဖိုးတန်သော အသွေးတော်ကို သွန်းလောင်းခဲ့ပါသည်။
မေရှိယသည် အပြစ်နှင့်အပြစ်ဒဏ်စီရင်ခြင်းထဲမှ ကျွန်ုပ်တို့အား ကယ်တင်ခဲ့သည်ဆိုသည့် ယုံကြည်ချက်သည် ယဇ်ပူဇော်ခြင်းအဖိုးအခကို မပေးဆပ်ခဲ့သော်အကျိုးရှိနိုင်မည်မဟုတ်ပါ။ ယေရှုခရစ်သည် လောကသို့ ကြွလာလျက် မေရှိယကယ်တင်ရှင်တစ်ပါးအနေဖြင့်ကျွန်ုပ်တို့ကိုယ်စား အ ပြစ်ဒဏ်စီရင်ခြင်းတည်းဟူသော ညှင်းပန်းနှိပ်စက်ခြင်းကို ထိုကဲ့သို့ပြင်း ထန်စွာ ခံခဲ့ရသောကြောင့် ထိုလုပ်ဆောင်ချက်ကိုယုံကြည်လက်ခံခြင်း အားဖြင့်ကျွန်ုပ်တို့အနေဖြင့်ကယ်တင်ခြင်းဆုကျေးဇူးအပြစ်ဆေးကြောခြင်း နှင့် ဘုရားသခင်၏သားသမီးဖြစ်ရသော အခွင့်တို့ကိုရရှိနိုင်သည်။ မေရှိယ ကယ်တင်ရှင်၏ ကုသိုလ်ကောင်းမှုကြောင့် ကျွန်ုပ်တို့သည် ယခုကဲ့သို့ ပျော် ရွှင်စွာနေထိုင်နိုင်ခြင်းဖြစ်သည်။
ဤသို့သော ပျော်ရွှင်မှုနှင့်ကောင်းကြီးမင်္ဂလာကို ပေးခဲ့သော မေရှိ ယကယ်တင်ရှင်ကိုကျေးဇူးတော်မချီးမွမ်းဘဲ မနေနိုင်ပါ။ ကယ်တင်ခြင်းကို လူပြုသော ကုသိုလ်ကောင်းမှုအားဖြင့်ရရှိခြင်းမဟုတ်ဘဲ မေရှိယကယ်တင် ရှင်ယေရှုခရစ်၏ အခမဲ့ခမည်းတော်အား ပြုခဲ့သောကုသိုလ်ကောင်းမှုကို ယုံကြည်ခြင်းအားဖြင့် ရရှိနိုင်သည်။ အဖြစ်မှန်ကိုပြန်လည်ဆန်းစစ်ကြည့် မည်ဆိုလျှင် ဘုရားသခင်ကိုယ်တိုင် ကျွန်ုပ်တို့အား ကယ်တင်ဖို့ ညှင်း ပန်းနှိပ်စက်ခြင်းကိုခံခဲ့ရသောကြောင့် ကျေးဇူးတော် ချီးမွမ်းရမည်။
 
 
အို-ဣသလေလူမျိုးအပေါင်းတို့နားထောင်ကြလော့။ နောက်ပြန်လှည့်၍ ယေရှုခရစ်ကိုယုံကြည်ကြလော့။
 
ယခုကာလသည်ဣသရေလူမျိုးများအနေဖြင့် ယေရှုခရစ်ကို ကယ် တင်ရှင်မေရှိယအနေဖြင့် လက်ခံယုံကြည်ရမည့် အချိန်ဖြစ်သည်။ ယခင်က ဣသရေလလူမျိုးများအနေဖြင့်မေရှိယြွကလာပြီဆိုသည့်အချက်ကိုအသိအမှတ်ပြုခြင်းမရှိပါ။ ပရောဖက်ဟေရှာယကြိုတင်ပရောဖက်ပြု၍ ဟောပြော ခဲ့သည့်အတိုင်းဘုရားသခင်၏ကျွန် မေရှိယသည် လောကသို့ ကြွလာလျက် ဗတ္တိဇံခံယူခြင်းအားဖြင့် လောကသားများ၏ အပြစ်အားလုံးကိုယူတင် ဆောင်ရွက်လျက်လက်ဝါးကပ်တိုင်ပေါ်ဝယ်အသေသတ်ခံရခြင်းဖြင့်ကျွန်ုပ် တို့တွက် ကယ်တင်ခြင်းစီမံကိန်းကို အပြည့်အဝအကောင်အထည်ဖော် ဆောင်နိုင်ခဲ့ပါသည်။
ယခုကာလ ဣသရေလလူမျိုးများအနေဖြင့် နောက်ပြန်လှည့်၍ ဤသမ္မာတရားကို သိမြင်၍ယုံကြည်လက်ခံဖို့ လိုအပ်လျက်ရှိသည်။ မေရှိ ယကိုလက်ဝါးကပ်တိုင်းပေါ်ဝယ်တင်၍ သတ်ခဲ့သောအပြစ်ကိုသိမှတ်ဖို့ချိန် တန်ပါပြီ။ သူတို့သည် မွေးဖွားသည့်အချိန်မှစ၍အတ္တစွဲပြည့်လျက် အပြစ်၏ အစိုင်အခဲတုံးကြီးများဖြစ်သောကြောင်.အပြစ်ဒဏ်စီရင်ခြင်းထဲမှကယ်တင် ခဲ့သော မေရှိယကိုယုံကြည်လက်ခံရမည့်အချိန်ဖြစ်သည်။ယခု အခြားသော မေရှိယမရှိတော့ပါ။ ယေရှုသည် မေရှိယအနေဖြင့်ကြွဆင်းလာခဲ့သဖြင့် အခြားသောမေရှိယမရှိတော့ပါ။အခြားကယ်တင်ရှင်မည်သို့ရှိနိုင်မည်နည်း။
ဣသရေလူမျိုးများအနေဖြင့် ဒုက္ခဆင်းရဲပိုမိုတွေ့ကြုံလာသောအ ခါ ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင် သူရဲကောင်း သို့မဟုတ် စူပါမင်းကဲ့သို့ သော မေရှိယရောက်ရှိလာဖို့ မျှော်လင့်ရဦးမည်လား။ယခုမှစ၍ ဣသရေလ လူမျိုးများအနေဖြင့် ယေရှုကိုမေရှိယအနေဖြင့် အသိအမှတ်ပြုရမည်။ ယေ ရှုခရစ်ကို သူတို့၏ ကယ်တင်ရှင်အဖြစ် လက်ခံရမည်။ မေရှိယသည်လွန်ခဲ့ သောနှစ်ပေါင်း(၂၀ဝ၀)ကျော်ခန့်ကကြွလာလျက် ဗတ္တိဇံကိုခံယူခြင်းအား ဖြင့် သူတို့၏အပြစ်အားလုံးကို ယူတင်ဆောင်ရွက်ကာ လက်ဝါးကပ်တိုင် တွင်အသေခံခြင်းအားဖြင့်ဝိညာဉ်ရေးရာ အရေဖျားလှီးခြင်းကိုပေး၍ စစ်မှန် သောအာဗြဟံ၏ သားသမီးဖြစ်ခြင်းအခွင့်ကို ပေးထားပြီးဖြစ်သည်။ မေရှိ ယသည် ယောဟန်၏လက်ဖြင့် ဗတ္တိဇံကို ခံယူသောအခါဣသရေလူမျိုး များ၏ အပြစ်အားလုံးကို ယူတင်ဆောင်ရွက်လျက်အပြစ်၏အဖိုးအခအ တွက်လက်ဝါးကပ်တိုင်ကို ထမ်းလျက်အသွေးတော်သွန်းလောင်းကာ အ သေခံပြီးနောက် တဖန်သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဖြင့် သူတို့၏ကယ် တင်ရှင်ဖြစ်သည်။
ဣသရေလလူမျိုးများအနေဖြင့်နောင်တရလျက် မေရှိကို ယုံကြည် ရမည်။ ယေရှုခရစ်ကို သူတို့၏ကယ်တင်ရှင် အဖြစ် ယခုယုံကြည်ရမည်။ ယခုကျန်ရှိနေသေးသော အရာတစ်ပါးမှာ ယေရှုခရစ်တော်ကို ကယ်တင် ရှင်မေရှိယအနေဖြင့် ဣသရေလူမျိုးများမှ ယုံကြည်ဖို့ဖြစ်သည်။ ဟေရှာယ ပရောဖက်ပြုသော မေရှိယဆိုသည်မှာ ယေရှုခရစ်ပင်ဖြစ်ကြောင်းသူတို့သ ဘောပေါက်ထားရမည်။ ဤပရောဖက်ပြုချက်မှာ ယေရှုခရစ်မှလွဲ၍ အခြား သူမဖြစ်နိုင်ကြောင်း သူတို့အနေဖြင့် သဘောပေါက်၍ ယုံကြည်ရမည်။ ဓမ္မဟောင်းကျမ်းစာ၏ ပရောဖက်ပြုချက်များသည် အစက်တစ်စက်မျှပင် မကျန်အောင် ယေရှုခရစ်အားဖြင့် ပြည့်စုံခဲ့ပါသည်။ ထိုပရောဖက်ပြုချက် ၏အဓိကစာပိုဒ်မှ နိုင်ငံအသီးသီးမှ လူမျိုးအပေါင်းတို့အားပက်ဖြန်းခြင်းရှိ လိမ့်မည်ဟု ဖော်ပြထားသည်။
“သူသည် လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သ ကဲ့သို့ အဆင်းအသရေပျက်စီးခြင်းရှိသည်ကို အများသောသူတို့သည်။ အံ့ သြမိန်းမောကြသည်ဖြစ်၍ထို့အတူသူတို့သည်အများသောလူတို့ကိုသန့်ရှင်း စေလိမ့်မည်။ ရှေ့တော်၌ ရှင်ဘုရင်တို့သည် မိမိတို့နှုတ်ကိုပိတ်၍ နေရ ကြလိမ့်မည်။ သူတို့မပြဖူးသောအရာကို သူတို့မြင်ကြရလိမ့်မည်။မကြားဖူး သောအရာကိုလည်း နားလည်ကြလိမ့်မည်” (ဟေရှာ ၅၂း ၁၄ -၁၅)။
ယေရှုခရစ်တော်လောကသို့ကြွလာလျက် ခံယူခဲ့သော အပြစ်ဒဏ် သည်လောကတွင်ရှိသောရာဇဝတ်သားအားလုံးထက်သာ၍ပြင်းထန်သည်။ အပြစ်ဒဏ်စီရင်ခံရသည့်အကြောင်းအရင်းမှာ လောကလူသားများကို သူ၏ လူအဖြစ် ပြုလုပ်လိုသောကြောင့်ဖြစ်သည်။
သူ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်ဆေးကြောခြင်းခံသောသူသည် ကယ်တင်ခြင်းကိုခံရလိမ့်မည်။ ဤသို့သောနည်းလမ်းအားဖြင့် သူတို့ကို ကယ်တင်နိုင်ခဲ့ပါသည်။
 
 

ယေရှုသည်မေရှိယအဖြစ်တစ်ကြိမ်ကြွလာသကဲ့သို့ တဖန်လာ လိမ့်ဦးမည်

 
ယနေ့ကျွန်ုတို့အနေဖြင့် ကမ္ဘာကုန်သည့်ကာလသို့ ချဉ်းကပ်ရွှေ့ လျားနေခြင်းဖြစ်သည်။ ထိုကာလရောက်သောအခါ သေခြင်း၏ဘေးဒဏ် ကြီးများကိုရင်ဆိုင်ရလိမ့်မည်။ မေရှိယကို ယုံကြည်သောသူသည် သေခြင်း တရားကို ကြောက်ရွှံ့မည် မဟုတ်ပါ။သူတို့အနေဖြင့် သေခြင်း၏တစ်ဖက် ကမ်းတွင်ရှိသောကောင်းကင်နိုင်ငံ၏ဝမ်းမြောက်ခြင်းကိုသာလျှင် မျှော်လင့် လျက်ရှိသည်။ လောကသို့ကျရောက်လာမည့် အမှောင်ထုသည်ကျွန်ုပ်တို့၏ သန့်ရှင်းသူများအပေါ်သို့ ကျရောက်မည်ဟု မဆိုလိုပါ။ ဤဧဝံဂေလိတ ရားကို တိကျစွာကမ္ဘာအနှံ့သို့ ဖြန့်ဝေပြီးမှ သခင်ဘုရားသည် အမှန်ပင်ကြွ လာလိမ့်ဦးမည်။
ကျွန်ုပ်တို့၏ မေရှိယဖြစ်သည့် ယေရှုခရစ်သည် ဘုရားသခင်၏ ယဇ်ကောင်သိုးသငယ်အဖြစ် လောကသို့ကြွလာလျက် ယောဟန်အားဖြင့် ဗတ္တိဇံကိုခံယူပြီးမှ လက်ဝါးကပ်တိုင်တွင် အသေခံခဲ့ခြင်းဖြစ်သည်။ သိုးသ ငယ်သည် အမွေးညှပ်သောသူ၏ရှေ့တွင် အသံမမြည်ဘဲနေသကဲ့သို့ ကျွန်ုပ် တို့၏အပြစ်အားလုံံးကိုယူတင်ဆောင်ရွက်လျက် လက်ဝါးကပ်တိုင်ပေါ်ဝယ်
ကြီးမားသည့်အပြစ်ဒဏ်စီရင်ခြင်းကို ခံပြီးမှ သုံးရက်မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဖြင့်ယုံကြည်သူအပေါင်းတို့၏ ပြည့်စုံသော ကယ်တင်ရှင်ဖြစ်သည်။
ထိုစဉ်က ယေရှုခရစ်သည် မေရှိယဖြစ်ကြောင်းသိသောသူတို့သည် လူနည်းစုသာလျှင်ဖြစ်သည်။ မေရှိယဖြစ်သော ယေရှုသည် လွန်ခဲ့သော နှစ်ပေါင်း (၂၀ဝ၀) ကျော်ကမထင်မရှား မွေးဖွားလာလျက် ဗတ္တဇံကို ခံယူ ပြီးမှနိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သုံးနှစ်တာကာလအ တွင်း ဟောပြောကာ လက်ဝါးကပ်တိုင်တွင် အသေခံသည့်နောက်သေခြင်းမှ တ ဖန်ရှင်ပြန်ထမြောက်ခဲ့ပါသည်။ ဘုရားသခင်ကိုရှာဖွေလျက် ယုံကြည်သူ လူနည်းစုကသာ ကျွန်ုပ်တို့၏သခင်သည် တိတ်တဆိတ်လာ၍ လုပ်ငန်းကို အကောင်အထည်ဖော်ခဲ့သော မေရှိယအစစ်အမှန်ဖြစ်ကြောင်း သက်သေ ထွက်ဆိုခဲ့ကြပါသည်။
ဘုရားသခင်၏ကျွန်များအနေဖြင့်မေရှိယသည် လောကသို့ကြွလာ လျက် ညှင်းပန်းနှိပ်စက်ခြင်းခံယူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်ထဲမှ ကယ်တင်ခဲ့ကြောင်းကမ္ဘာအနှံ့သို့ဖြန့်ဝေခဲ့ကြပါသည်။ ပုံနှိပ်ထုတ်ဝေရေးအ တတ်ပညာ မြင့်မားလာသည်နှင့်အမျှ ကမ္ဘာ့သမိုင်းသည်လည်း တိုးတက် ပြောင်းလဲလာသဖြင့် ဘုရားသခင်သည်ရေနှင့်ဝိဉာဉ်တော်ဧဝံဂေလိတရား ကို ဖြန့်ဝေသောအခါတိုင်း နိုင်ငံများသည် ဤဧဝံဂေလိတရားကြောင့် ကြွယ်ဝချမ်းသာလာနေကြောင်း တွေ့ရသည်။
ယေရှုသည်မေရှိယဖြစ်သည်။ အကယ်၍သင်သည် ယေရှုကို မေရှိယအဖြစ်ယုံကြည်မည်ဆိုလျှင်ကယ်တင်ခြင်းခံရလိမ့်မည်။ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်။ ယေရှုသည် စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူသော ဖန်ဆင်းရှင်ဖြစ်သည်။သူသည်ကျွန်ုပ်တို့၏ကယ်တင် ရှင်မေရှိယဖြစ်သည်။ ယေရှု၏မေရှိယဖြစ်ခြင်း၊ ဗတ္တိဇံခံယူခြင်း၊လက်ဝါး ကပ်တိုင်ပေါ်ဝယ် အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းစသည့်အကြောင်း အရာများကို ဘုရားသခင်၏ကျွန်သည် ဆက်လက်၍ ဝေငှလိမ့်မည်။
လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က လူငယ်တစ်ဦးဖြစ်ခဲ့ သော ယေရှုသည်လောကသို့ကြွလာလျက် ယောဟန်အားဖြင့် ဗတ္တိဇံခံယူ သောအခါ လူသားအားလုံး၏အပြစ်ကို ယူတင်ဆောင်ရွက်ခဲ့သောကြောင့် အနည်းငယ်သော ဣသရေလလူများမှ သဘောပေါက်ခဲ့ကြပါသည်။ ထိုစဉ် ကသူ၏နောက်လိုက်များအနေဖြင့်သာယေရှု၏မေရှိယဖြစ်ခြင်းကိုသိသ ဖြင့် ထိုအသိတရားကို ဘုရားသခင်အပေါ် အမှန်ကယ် ကြောက်ရွှံ့သူလူ နည်းစုအားဝေငှနိုင်သော်လည်း ကျန်ရှိသူ အားလုံးမှာ ကွယ်ဝှက်ထားခြင်း ခံခဲ့ကြရသည်။ ယေရှုသည်မေရှိဖြစ်လျက် လောကအပြစ်အားလုံးတင်ထား သည့် လက်ဝါးကပ်တိုင်ကိုထမ်းလျက်၎င်းအပေါ်ဝယ် အသေသတ်ခြင်းခံခဲ့ ရသည့်အပြင်သေခြင်းမှရှင်ပြန်ထမြောက်ခဲ့ကြောင်းယုံကြည်အရေအတွက် စုစုပေါင်းမှာ ငါးရာခန့်ရှိလိမ့်မည်။ အခြားဣသရေလူမျိုးများမှာယုံကြည် ခြင်းမရှိသောသူများဖြစ်သည်။ (၁ကော ၁၅း၆)
ယေရှုခရစ်အသေခံ၍ ရှင်ပြန်ထမြောက်သည့်နေ့မှ၍ ရက်ပေါင်း (၅၀) ပြည့်သောအခါ တပည့်တော်တို့အပေါ်သို့ သန့်ရှင်းသောဝိဉာဉ် တော် အမှန်ပင်သက်ဆင်းခဲ့သည်။ခရစ်တော်၏တမန်တော်များ အထက်ခန်းတွင် ဆုတောင်းကြသော၊ အလယ်တွင်သန့်သောဝိဉာဉ်တော် ဆင်းသက်လျက် အခြားသော ဘာသာစကားများပြောပြီး ယေရှုသည် မေရှိယဖြစ်ကြောင်း သက်သေခံခဲ့ကြသည်။ ထို့နောက်သူ၏ တပည့်တော်တို့သည် သေခြင်း တရားကိုပင် မကြောက်တော့ဘဲ “ယေရှုသည် မေရှိယဖြစ်၍ ထိုမေရှိယ သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်လည်းဖြစ်ကြောင်း” ရဲဝံစွာ ဟောပြောခဲ့ကြ သည်။ ထိုအချိန်တွင် လူအမြောက်အများယုံကြည်လက်ခံလာခဲ့ကြောင်း တွေ့ရသည်။
မေရှိယယေရှုအားဖြင့်အပြစ်နှင့်အပြစ်ဒဏ်စီရင်ခြင်းအထဲမှကျွန်ုပ် တို့အားဘုရားသခင်အမှန်ပင်ကယ်တင်ခဲ့ပါသည်။ အကြောင်းမူကား သူ သည် အပြစ်နှင့်အပြစ်ဒဏ်စီရင်ခြင်းထဲမှ ကျွန်ုပ်တို့ကို ကယ်တင်ဖို့အလို့ငှာ များစွာသောဆင်းရဲဒုက္ခကိုခံခဲ့သဖြင့်သူ့ကိုအပြည့်အဝယုံကြည်ရမည့်အ ပြင် မယုံကြည်သောသူများမှလည်း နောင်တဖြင့်ပြန်လည်လှည့်လာ၍ ယုံ ကြည်ပြီး ဤသမ္မာတရားကို အတူတကွဖြန့်ဝေရမည်။
ယခုအချိန်တွင် ဣသရေလူမျိုးများသည် အကျဉ်းအကြပ်ထဲသို့ ရောက်လျက်ရှိနေကြပါသည်။ ထို့ကြောင့် တဲတော်အားဖြင့် ပြောသောဘု ရားသခင်၏နှုတ်ကပတ်တော်ကိုသူတို့သည် နားထောင်ရမည်။ ကျွန်ုပ်တို့ သည်လည်းနောက်ဆုံးကာလသို့ ချဉ်နင်းဝင်ရောက်လျက်ရှိသည်။ တဲတော် ၏ ယဇ်ပူဇော်ခြင်းနည်းစနစ်ဖြင့် ထင်ရှားခဲ့သော ရေနှင့်ဝိညာဉ်တော်ဧဝံဂေ လိတရားမှ ဣသရေလူမျိုးများအတွက် မှန်ကန်သောလမ်းခရီးကို ပြညွှန် ပေးလျက်ရှိသည်။ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ယေရှုကိုမေရှိယ အဖြစ် မကြာမီ သူတို့သည်လည်းယုံကြည်လက်ခံလာကြလိမ့်မည်။
ယဇ်ပူဇော်သည့်နည်းစနစ်ကို ဘုရားသခင်သည် ဣသရေလူမျိုး တို့အားမိန့်တော်မူ၍ ထိုအတိုင်းယုံကြည်ခဲ့ကြသည်။ တဲတော်မှ ယဇ်ပူဇော် သည့်နည်းစနစ်အတိုင်းယခုတိုင်အောင်ဘုရားသခင်အားယဇ်ပူဇော်ဖို့ သူတို့ ၌ ဆန္ဒရှိသည်။ ရှေးရိုးစွဲသော ဣသရေလူမျိုးအချို့တို့သည် သဲကန္တရတွင် နေထိုင်ကြလျက်ရှိသည်။ ယခုတိုင်အောင် သဲကန္တရတွင်နေထိုင်သူများ သည် ထိုနည်းစနစ်အတိုင်း ယဇ်ပူဇော်ကြဆဲ ဖြစ်သည်။ တစ်နည်းအားဖြင့်
ယခင်ကတဲတော်တွင် ယဇ်ပူဇော်သည့် ပုံစံအတိုင်း ပြုလုပ်ခြင်းဖြစ်သည်။ သူတို့သည်အာရုန်၏သားစဉ်မြေးဆက်ဖြစ်နိုင်သည်။မိဘထုံးတမ်းအစဉ် အ လာကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ရန်သူတို့သည်မြို့ပေါ်တွင် မနေဘဲ တော ထဲတွင် နေထိုင်ခြင်းဖြစ်သည်။ သူတို့သည်ဣသရေလူမျိုးများဖြစ် သော် လည်းသာမန်လူနှင့်မတူဘဲသီးသန့်ခွဲခြားထားသော လူမျိုးကဲ့သို့နေထိုင်ကြ သည်။ တဲတော်နှင့် ဆိုင်သောနှုတ်ကပတ်တော်အရ မေရှိယသည် ကြွ လာခဲ့ပြီဖြစ်ကြောင်းနှင့်ယုံကြည်လျင်ကယ်တင်ခြင်းရမည့် အကြောင်းကို သူတို့အားဟောပြောရမည်။
ယေရှုသည် လောကသို့ကြွလာလျက် ကျွန်ုပ်တို့ကိုယ်စား အပြစ် ဒဏ်စီရင်ခြင်း၊ညှင်းပန်းနှိပ်စက်ခြင်းကိုခံခြင်းအားဖြင့် အပြစ်တရားနှင့် အ ပြစ်ဒဏ်မှ ကယ်တင်ခဲ့သောကြောင့် ကျွန်ုပ်တို့အနေဖြင့် ကျေးဇူးတော် ချီးမွမ်းရမည်။
 
 
မေတ္တာသည်သေခြင်းနှင့်အမျှအားကြီး၍မနာလိုသဝန်တိုခြင်းသည် သင်္ချိုင်း နှင့်အမျှခက်ထန်၏။
 
အပြစ်နှင့် အပြစ်ဒဏ်စီရင်ခြင်းအထဲမှ ကျွန်ုပ်တို့အား ကယ်တင် ခြင်းသည်ကြက်ကန်းဆန်အိုးတိုးခြင်း (သို့) စာတိုက်မှ စာတစ်စောင်ကဲ့သို့ ထည့်လိုက်ရုံဖြင့် အကောင်အထည်ဖော်နိုင်ခြင်းမဟုတ်ပါ။ ကယ်တင်ခြင်း ဆိုသည်မှာ လက်ကမ်းစာစောင်ကဲ့သို့ လူတစ်ယောက်အနေဖြင့် အစောင် (၂၀)ခန့်ဖြန့်၍ရသောစာမဟုတ်ပါ။သို့မဟုတ်အပြစ်ဆေးကြောခြင်းနှင့်ဆိုင် သော ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် လမ်းမပေါ်တွင်အော်၍ လှည့်လည်
ရောင်းချနေသည့် မုန့်ပဲသွားရေစာ တစ်မျိုးမျိုးကဲ့သို့ လှမ်းခေါ်၍ ဝယ်ယူ စားသုံးခြင်းဖြင့်ခေတ္တယာယီ ဝမ်းဗိုက်ကို ဖြည့်နိုင်သကဲ့သို့ ပြုလုပ်၍ ရသောအရာလည်းမဟုတ်ပါ။
ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် ဘုရားသခင်၏သားတော်ကို စေလွှတ်လျက်လောကသားအားလုံး၏ အပြစ်ကို သူ့အပေါ်သို့တင်ထားပြီး အပြစ်အတွက် ညှင်းပန်းနှိပ်စက်မှုခံစေခြင်းဖြင့် ရလာသောအရာဖြစ်သည်။ ထို့ကြောင့် သင်နှင့်ကျွန်ုပ်တို့အနေဖြင့်သူ့ပေါ်အပြည့်အဝ ယုံကြည်လျက် ကျေးဇူးတော်ချီးမွမ်းရမည်။ ကယ်တင်ခြင်းကို မည်သို့ရရှိလာ သည်ဟုသိ သောသူတစ်ဦးအနေဖြင့် ဖိနပ်အစုပ်တစ်ရံကဲ့သို့ စွန့်ပစ်ခြင်း (သို့)အသုံးမ လိုသော ပစ္စည်းကို ဂိုဒေါင်ထဲသို့ သွင်းထားခြင်း (သို့) အခြားလူတစ်ဦးကို ပေးလိုက်ခြင်းအမှုကို ပြုနိုင်မည်လား။
ဘုရားသခင်၏အသင်းတော်ထဲတွင် ပါဝင်လင့်ကစား အပြစ် ဆေးကြောခြင်းကိုမခံရသူတို့အထဲတွင်သင်သည် ရှိနေပါသလား။ ရေနှင့်ဝိ ညာဉ်တော် ဧဝံဂေလိတရားကိုလက်ခံယုံကြည်ခြင်းရှိသောသူ တစ်ဦး တစ် ယောက်သင်တို့အထဲတွင်ရှိပါသလား။အကယ်၍ထိုသို့ရှိမည်ဆိုလျှင် အချိန် မှီနောင်တရ၍မေရှိယကိုယုံကြည်ရမည်။ အကယ်၍သင်သည်လမ်းပျောက် သောသူဖြစ်နေလျှင် စိတ်နှလုံးအားဖြင့် နှုတ်ကပတ်တော်သမ္မာတရားကို
ယုံကြည်ရမည်။ အကယ်၍ထိုသို့ မယုံကြည်သောသူ ရှိမည်ဆိုလျှင် ဒုက္ခ ဝေဒနာမျိုးစုံကိုခံစားလျက်ကယ်တင်ခဲ့သော သားတော်ယေရှုခရစ်၏ မေတ္တာတော်ကို ငြင်းပယ်ရာရောက်လိမ့်မည်။
“မေတ္တာသည် သေခြင်းနှင့် အမျှတန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံ သော စိတ်သဘောသည် မရဏာနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏” (သီ ၈း၆) ဘု ရားသခင်၏မေတ္တာသည်အားကြီးလျက် ခိုင်ခံ့သောကြောင့် ငြင်းပယ်သော သူတို့အား ရက်စက်စွာ ဒဏ်ခတ်လိမ့်မည်။တစ်နည်းအားဖြင့် တစ်စုံတစ် ယောက်သော သူသည်အပြစ်ကျူးလွန်လျက် သေဆုံးသွားခဲ့သော်စာနာ ထောက်ထားမှု ကင်းမဲ့စွာ ထာဝရငရဲသို့ ကျလိမ့်မည်။ မနာလိုဝန်တိုမှုသည် မရဏနိုင်ငံနှင့် အမျှခက်ထန်လျက်ရှိသည်။ မေရှိယသည် သင့်ကို ကယ် တင်ဖို့အလို့ငှာ ထိုမျှလောက်သော ချစ်ခြင်းမေတ္တာအားဖြင့် ဗတ္တိဇံ ကိုခံလျက် ညှင်းပမ်းနှိပ်စက်မှု ပေါင်းစုံဖြင့်ဒုက္ခဝေဒနာကို ခံပြီးမှ သူ၏ အသွေးတော်ကို သွန်းလောင်းသော်လည်း သင်သည်ငြင်းပယ်ဦးမည်ဆို လျှင် ဧကန်အမှန် ငရဲသို့ ကျဆင်းရလိမ့်မည်။ ထိုသို့ကျဆင်းရမည့်နေရာ သည်ငရဲမှလွဲ၍အခြားမရှိပါ။
“လူသည် တစ်ခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်း ကို ခံရသကဲ့သို့”(ဟေ ၉း၂၇) ဟု ဘုရားသခင်မိန့်တော်မူ၏။ ကျွန်ုပ်တို့ သေ ဆုံးသောအခါ ခန္ဓာကိုယ်သည်ပျောက်ကွယ်သွား မည်ဖြစ်သော်လည်း ဘု ရားသခင်၏ရှေ့မှောက်တွင် ထိုသို့မဟုတ်ပါ။ဘုရားသခင်၏ မေတ္တာကို ရိုင်း စိုင်းစွာငြင်းပယ်သော သူတို့အပေါ် သူသည်အသေသတ်ခြင်းမပြုဘဲ ရက် စက်စွာ ထာဝရကာလအတွက် ဒုက္ခဝေဒနာခံစားစေလိမ့်မည်။ တစ်နည်း အားဖြင့်ထာဝရ တောက်လောင်သော မီးငရဲသို့ပစ်ချကာ ကာလအစဉ်အ ဆက်နာကျင်မှုဝေဒနာခံစားစေလိမ့်မည်။ဤသို့သောရက်စက်ကြမ်း ကြုတ် မှုသည်ဘုရားသခင်၏သဝန်တိုသောစိတ်မှထွက်ပေါ်လာသည်။ထိုသို့ သော အမှုကို ဘုရားသခင်သည် ဘယ်သောအခါမှ ပြုလိမ့်မည်မဟုတ်ဟု သင် သည် ယူဆထားပါသလား။ ဘုရားသခင်မတတ်နိုင်သောအရာမရှိဆိုသည့် အချက်ကိုမမေ့ပါနှင့်။
ဘုရားသခင်သည်သူ၏ကြီးမားနက်နဲသည့် မေတ္တာအားဖြင့် ကျွန်ုပ် တို့အတွက်နာကျင်မှုဝေဒနာကို ခံစားလျက် အပြစ်၊ အမင်္ဂလာ၊ အပြစ် ဒဏ်စီရင်ခြင်းများထဲမှ ကယ်တင်ခဲ့ပါသည်။ သင်၏ပြဿနာရပ်ကို ဖြေရှင်း ပေးနိုင်သောအရာမှာ မေရှိယ၏ မေတ္တာသာလျှင်ဖြစ်သည်။ မေရှိယ၏ မေတ္တာထက်သာလွန်၍ကြီးမြတ်သော အရာမရှိပါ။ မေရှိယအပေါ်မယုံ ကြည်ဘဲ ဘုရားသခင်၏မေတ္တာသည် ကျွန်ုပ်တို့အဖို့ မဖြစ်နိုင်ပါ။ ခမည်း တော်ဘုရား၏စေလွှတ်ချက်အရ ကျွန်ုပ်တို့အတွက် မေတ္တာကြောင့် မေရှိ ယဖြစ်လာသည်။ သုံးပါးပေါင်းတစ်ဆူဖြစ်သောဘုရားသည် ထိုသို့ကျွန်ုပ် တို့အားချစ်သောကြောင့်အပြစ်နှင့် အပြစ်ဒဏ်စီရင်ခြင်းအထဲမှ ကယ်တင်ခဲ့ သည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် မေရှိယအပေါ်ယုံကြည်ခြင်း၊ ကျေး ဇူးတင်ခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်း၊ ယုံကြည်ချက်အပေါ် အားရကျေနပ် ခြင်း ရှိရမည်။
မေရှိယအနေဖြင့် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားကို ပေးခဲ့ သောကြောင့်အဘယ်မျှလောက် ကျေးဇူးတင်ရမည်နည်း။ ကမ္ဘာပေါ်တွင်မ ပြောင်းလဲနိုင်သော အခမဲ့မေတ္တာကိုမသိသော သူသည် အဘယ်မျှလောက် မိုက်မဲသူတစ်ဦး ဖြစ်မည်နည်း။ သခင်ဘုရားကျွန်ုပ်တိုပအဖို့ ခံယူခဲ့သည့် နာကျင်မှုဝေဒနာသည် အဘယ်မျှလောက် ကြောက်မက်ဖွယ်ရာဖြစ်မည် နည်း။ အကြောင်းမူကား ကျွန်ုပ်တို့သည် မထိုက်တန်သော သူများဖြစ် သော်လည်းထိုမျှလောက်သောမေတ္တာကို ခံစားရသောကြေင့် ခွန်အားရှိ သရွေ့မသိသေးသော သူများအပေါ် ဤမေတ္တာကို ဝေငှရမည်။
ထိုသို့သော ဘုရားသခင်၏အမှုတော်မြတ်ကို လုပ်ဆောင်နိုင်ဖို့ ကျွန်ုပ်တို့သည်လည်းအခက်အခဲ၊နာကျင်မှုများခံရမည်။ ကျွန်ုပ်တို့၏ကိုယ် ပိုင် ကြွယ်ဝမှုကိုသာ ရှာဖွေ၍မရပါ။အကယ်၍ကျွန်ုပ်တို့အနေဖြင့် သူ၏ ဆက်ကပ်ခြင်း မေတ္တာကို လက်ခံရရှိမည်ဆိုလျှင် အခြားသောသူများကို လည်း ထပ်ဆင့်ဝေငှပေးရမည်။ ခန္ဓာကိုယ်နှင့်စပ်ဆိုင်သော မေတ္တာမပါဘဲ
စစ်မှန်သော မေတ္တာအားဖြင့် ကျွန်ုပ်တို့၏အပြစ်ကို ပျောက်ကွယ်စေဖို့ ယေ ရှုခရစ်သည်ဒုက္ခဝေဒနာကိုရင်ဆိုင်သကဲ့သို့ သူ၏အမှုတော်မြတ်ထဲတွင် ပါဝင်သည့်အခါ ယုံကြည်ခြင်း၊စေတနာစိတ်၊ ခက်ခဲမှု၊ ဖိနှိပ်မှု၊ မုန်းတီးမှု၊ ဝေဒနာ၊ ကဲ့ရဲ့မှုများ ခံရမည်ဟုဆိုရာဝယ် အခြားသူများသည်လည်း အပြစ် ဆေးကြောခြင်းကို ခံစေရမည်ဟု အနက်အဓိပ္ပါယ်သက်ရောက်သည်။ထို မေတ္တာကြောင့် ကျွန်ုပ်တို့သည်လည်း မုန်းတီးမှုခံရမည်။ သင်နှင့်ကျွန်ုပ် သည် စစ်မှန်သောအပြစ်ဆေးကြောခြင်းကို ခံရမည်ဆိုလျှင် စိတ်နှလုံး ထဲတွင် မေတ္တာတွေ့ရှိရလိမ့်မည်။
ယခင်ကသူသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်စေကာမူ ယေရှု၏ကယ် တင်ခြင်းမေတ္တာကိုသိမြင်ခံစားပြီး ဒုတိယမွေးဖွားသောသူသည် အသီးအ ပွင့်ကိုတွေ့ရလိမ့်မည်။ “အသီးအားဖြင့်အပင်၏သဘော ထင်ရှားသည်ဖြစ် ၍” (မ ၁၂း၃၃) ကယ်တင်ခြင်းခံရသော သူသည်ကယ်တင်ခြင်း အသီးအ ပွင့်ကို သီးပွင့်လိမ့်မည်။ ကယ်တင်ခြင်းမခံရမီကာလ သင်သည်အပြစ်ထဲ တွင် နစ်မွန်းသောသူဖြစ်သောကြောင့် ငရဲကျသော်လည်း စောဒကတက်၍ မရပါ။ယေရှုသည်လူ့ဇာတိကိုခံယူကာလောကသို့ ကြွဆင်းလာပြီးမှ ကျွန်ုပ် ကိုယ်စား ညှင်းပမ်းနှိပ်စက်ခြင်းကို ခံယူခဲ့ပါသည်ဟု သင်သည် ယုံကြည် မည်ဆိုလျှင် သူသည်သင်၏ကယ်တင်ရှင်မေရှိယ ဖြစ်လျက် အပြစ်နှင့် အပြစ်ဒဏ်စီရင်ခြင်းအထဲမှ သင့်ကို ကယ်တင်လိမ့်မည်။ ထိုသို့ ယုံကြည် ခြင်းအားဖြင့် သင်သည် ကယ်တင်ခြင်းခံရလိမ့်မည်။ အကယ်၍သင်နှင့် ကျွန်ုပ်သည် ထိုမေတ္တာကိုခံစားရယူမည်ဆိုလျှင် သူတစ်ပါးအတွက်အ သက်ရှင်နိုင်လိမ့်မည်။
အကယ်၍ ထိုသို့သောစိတ်ထားမရှိခဲ့သော် သူသည်အပြစ်ဆေး ကြောခြင်းမခံရသေးသောသူတစ်ဦးဖြစ်နိုင်သည်။ဧကန္တသူသည်အပြစ်ဆေး ကြောခြင်းခံရပြီဟုဟန်ဆောင်နေသူတစ်ဦးသာ ဖြစ်နိုင်သည်။
ယေရှုခရစ်သည် ကျွန်ုပ်တို့အား ချစ်တော်မူသဖြင့် အပြစ်နှင့်အပြစ် ဒဏ်စီရင်ခြင်းထဲမှ ကယ်တင်ဖို့ ဤမျှလောက်သော ဒုက္ခဝေဒနာကို ခံစား ခဲ့သောကြောင့် ထိုမေတ္တာအားဖြင့်ကယ်တင်ခြင်းခံရသော သူသည် စိတ် ထဲတွင်ထိုမေတ္တာကိုပင်တွေ့ရှိရလိမ့်မည်။အဘယ်ကြောင့်နည်း။ယေရှုခရစ် သည် ယခုအခါ ကျွန်ုပ်တို့စိတ်ထဲတွင် အသက်ရှင်နေသောကြောင့်ဖြစ် သည်။ အကြောင်းမူကား ယေရှုသည်ကျွန်ုပ်တို့အားချစ်သောကြောင့် ကယ် တင်ဖို့ရန် ညှင်းပမ်းနှိပ်စက်ခြင်းကို ခံခဲ့သောကြောင့် ကျွန်ုပ်တို့သည်လည်း သူတစ်ပါးအတွက်ဒုက္ခခံလျက်အသက်ရှင်ဖို့ ဆန္ဒရှိရမည်။ အကြောင်း မူကား အပြစ်ဆေးကြောခြင်းကို ခံရသော၏စိတ်နှလုံးသည် အပြစ်အနည်း ငယ်မျှ ကျန်ရစ်ခဲ့ခြင်းမရှိသောကြောင့် စိတ်နှလုံးသည် အခြေအမြစ်မှစ၍ ပြောင်းလဲသွားသဖြင့် ယေရှုခရစ်၏ စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည်။”လူ့ဇာ တိကိုခံယူခြင်း၊ ဗတ္တိဇံကိုခံယူပြီးမှ လက်ဝါးကပ်တိုင်ပေါ်ဝယ် အသွေးတော်
သွန်းလောင်းခြင်း၊ ကျွန်ုပ်တို့အတွက် ဒုက္ခဝေဒနာခံစားခြင်းတို့ဖြင့် မေရှိယ ဖြစ်လာသောယေရှုခရစ်တော်သည်အပြစ်အားလုံးမှကျွန်ုပ်တို့အားကယ် တင် ခဲ့သောကြောင့် ကျွန်ုပ်အနေဖြင့် ကျေးဇူးတင်လျက်ရှိသည်။