Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-15] တဲတော်၏ပျဉ်ပြားတစ်ချပ်စီတိုင်း အတွက်ငွေခြေ စွပ်နှစ်ခုနှင့် စရွေးတံနှစ်ချောင်း (ထွက် ၂၆း၁၅-၃၇)

တဲတော်၏ပျဉ်ပြားတစ်ချပ်စီတိုင်း အတွက်ငွေခြေ စွပ်နှစ်ခုနှင့် စရွေးတံနှစ်ချောင်း
(ထွက် ၂၆း၁၅-၃၇)
“တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကို လည်းလုပ်ရမည်။ ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာ ရှိရမည်။ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်း ငှာ လုပ်ရမည်။ တဲတော်တောင်ဘက်၌ ကာရန်ပျဉ်ပြားနှစ်ဆယ်ကို လုပ်ရမည်။ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက် နှစ်ခုစီစွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်ရမည်။ ထိုအတူ တဲတော် မြောက်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ရှိရမည်။ ထိုပျဉ်ပြား၌လည်း ငွေ ခြေစွပ်လေးဆယ်၊တပြားနှစ်ခုစီရှိရမည်။တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြားနှစ် ပြားကို၎င်းလုပ်ရမည်။အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ် လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။ ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ် ခြောက်ခု၊ တပြားနှစ်ခုစီ ရှိရမည်။တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစ ရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည်။ တဲတော်နောက်ဖေး၌ ကာရသောပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့်ကျင်ငါး ချောင်းကိုလည်း လုပ်ရမည်။အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တဘက် တချက်၌ ဆုံးစေရမည်။ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင် လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရ မည်။တောင်ပေါ်မှာသင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက် ရမည်။တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလား ကာတထည်ကို ချုပ်ရမည်။ ရွှေချသော အကာရှသား တိုင်လေးတိုင်အ ပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်၎င်း၊ ငွေခြေစွပ်လေးခုနှင့်၎င်းပြည့်စုံရမည်။ သက်သေခံချက်ထားသော သေတ္တာ ကို၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြား ဖြစ်ရမည်။ဟဂျာဟဂျုံအရပ်၌သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာ အဖုံးကိုတင်ထားရမည်။ကုလားကာပြင်မှာစားပွဲကို ထားရမည်။ တဲတောင် တောင်ဘက်နားမှာ မီးခုံကို၎င်း၊ မြောက်ဘက်နားမှာ စားပွဲကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထားရမည်။တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ချယ်လှယ်သော ကုလားကာတထည်ကို လုပ်ရမည်။ ထိုကုလားကာ ဘို့ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကို လုပ်၍ ရွှေနှင့်မွမ်းမံ ရမည်။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည်။
 
 
ပျဉ်ပြားများ
တဲတော်ကိုပျဉ်ပြား ၄၈ ချောင်းဖြင့် ဆောက်လုပ်ထားပြီးမြောက် နှင့်တောင်ဖက်တစ်ဖက်တချက်စီတွင် (၂၂)ချောင်းစီထားပြီး အနောက်ဖက် တွင် (၆)ချောင်းနှင့်နောက်ကျောတွင် (၂)ချောင်းတပ်ထားပါသည်။ ထိုပျဉ်း ပြားသည် အရှည်၄.၅မီတာ(၁၅ပေ)နှင့်အနံ ၆၇.၅စင်တီမီတာ(၂.၂ပေ)ရှိ သည်။ ထိုပျဉ်ပြားတို့ကို တည့်မက်စွာထောင်ထား ဖို့ရန်ငွေခြေစွပ် (၂) ခု၊ စရွေးတံ(၂)ခုတပ်ထားပါသည်။ ဤအရာသည် ခရစ်တော်််ကိုယုံကြည်ခြင်း အားဖြင့်ကျေးဇူးတော်အားဖြင့်သာလျှင်ဘုရားသခင်၏ကယ်တင်ခြင်းကိုရရှိ ကြောင်းဤအရာက တဖန်ထင်ရှားစေသည်။ 
 


ခရစ်တော်ကိုယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင် ခြင်းသို့ရောက်ရခြင်း

 
ခရစ်ယာန်အများစုသိထားပြီး ထင်ပေါ်ကျော်ကြားသည့်အလွတ် ကျမ်းပိုဒ် ဧ၂း၈-၉တွင် “ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့် ကယ် တင်ခြင်းသို့ရောက်ရ၏။ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရား သခင်သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကိုသိုလ်ကြောင့် ကယ်တင် တော်မူခြင်းသို့ရောက်သည် မဟုတ်။ သို့ဖြစ်၍အဘယ်သူမျှဝါကြွားစရာအ ခွင့်မရှိ”ဟုဖော်ပြထားပါသဖြင့်ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင် ခြင်းသို့ရောက်နိုင်သည်။ သို့ရာတွင် ဤငွေခြေစွပ်နှစ်ခုနှင့် စရွေးတံနှစ် ခုအားဖြင့်ဘုရားသခင်၏ကယ်တင်ခြင်းလျှို့ဝှက်ချက်ကို တိကျရှင်းလင်းစွာ ဖော်ပြထားသည်။ 
ပျဉ်ပြား၏အောက်ခြေတွင် တပ်ဆင်ထားသည့် ငွေခြေစွပ်နှစ်ခု နှင့်စရွေးတံနှစ်ခု၏ သမ္မာတရားကို သဘောပေါက်စေရန်၊ ကျွန်ုပ်တို့သည် အခြေခံသတင်းကောင်းသမ္မာတရားကိုသိဖို့ရန်လိုအပ်သည်။ တဲတော်တံခါး ၏ကုလားကာအားလုံးကို အပြာရောင်၊ ခရမ်းရောင်၊အနီရောင်၊အဖြူရောင် ချည်ကြိုးဖြင့် ယက်လုပ်ထားပါသည်။ ဤအရောင် (၄)မျိုး၏ အဓိပ္ပါယ်မှာ- ကျွန်ုပ်တို့အားအပြစ်များနှင့်ပျက်စီးခြင်းမှ ကယ်တင်ဖို့ရန်ယေရှု၏ဗတ္တိဇံ နှင့်အသွေးတော်လိုအပ်သည်ဟူ၍ဖြစ်သည်။၎င်းတို့သည် ယေရှု၏ကယ် တင်ခြင်းသမ္မာတရားကို လုံး၀သံသယမရှိဘဲ ကျွန်ုပ်တို့ယုံကြည်စေလိမ့် မည်။အပြာရောင်၊ခရမ်းရောင်၊အနီရောင်၊အဖြူရောင်ချည်ကြိုးအားဖြင့်ထင် ရှားခဲ့သော ကယ်တင်ခြင်းသမ္မာတရားအသိဥာဏ်ကို ရှင်းလင်းစွာ သဘော ပေါက်၍ ၎င်းကို ကျွန်ုပ်တို့သည် ယုံကြည်ရမည်။
ယေရှုက “သမ္မာတရားကိုလည်း သိကြသဖြင့်ထိုတရားသည် သင် တို့ကို လွှတ်လိမ့်မည်”(ယော ၈း၃၂)မိန့်တော်မူ၏။ ထိုနည်းအတိုင်းတဲ တော်တံခါးကုလားကာမျက်နှာပြင်နှင့်အသန့်ရှင်းဆုံးဌါန၏ ကုလားကာတို့ ဖြင့်ထင်ရှားခဲ့သည် ဖုံးကွယ်ထားခြင်းခံရသောအရောင်လေးမျိုးတည်းဟူ သောဝိညာဉ်ရေးရာ သမ္မာတရားကို သိရှိခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ် အားလုံးသည် ပြည့်စုံစွာဆေးကြောခြင်းခံကြရပြီဖြစ်ကြောင်း ကျွန်ုပ်တို့ခံ ယူရမည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်တို့သည် တဲ တော်တံခါး၏ပစ္စည်းကိရိယာများဖြစ်သည်။ 
တစ်နည်းအားဖြင့်ယေရှုသည် ယုံကြည်သော သူတို့အတွက် ရှင် ဘုရင်နှင့်ကယ်တင်ရှင်ဖြစ်တော်၍လောက၏အားလုံးကို သယ်ဆောင်၍ ယော်ဒန်မြစ်တွင် ယောဟန်ထံမှဗတ္တိဇံကိုခံခြင်းအားဖြင့် ကျွန်ုပ်တို့ အပြစ် အားလုံးကိုတစ်ကြိမ်တည်းမိမိအပေါ်သို့တင်၍ လောကအပြစ်များကိုထမ်း ရွက်တော်မူခဲ့သည်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း ခြင်းအားဖြင့် ကျွန်ုပ်တို့အားကယ်တင်တော်မူခဲ့ပါသည်။ ဘုရင်ဖြစ်တော်မူ သော ယေရှုခရစ်သည်ဗတ္တိဇံခံယူခြင်းနှင့်လက်ဝါးကပ်တိုင်ပေါ်တွင်အ သေ ခံခြင်းအားဖြင့် အပြစ်များမှ ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည်။ ထို့ ကြောင့် ကျွန်ုပ်တို့သည် အပြစ်များမှကယ်တင်ခြင်းခံဖို့ရန် အပြာရောင် အနီရောင်ချည်ကြိုးအားဖြင့် ရှင်းလင်းတိကျစွာဖေါ်ပြသည့် သမ္မာတရားကို ချန်လှပ်ထား၍မရပါ။ ကျွန်ုပ်တို့၏အပြစ်ကိုမိမိအပေါ်သို့တင်၍ ယောဟန် လက်မှ ဗတ္တိဇံကိုခံခြင်းနှင့်လောကအပြစ်များကိုသယ်ဆောင်ကာလက်ဝါး ကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းဖြင့် သူသည်ကျွန်ုပ်တို့၏ အပြစ်အားလုံးမှတစ်ကြိမ်တည်း ကယ်တင်ခဲ့ပြီးထိုသို့ဖြင့်သူ၏ ကယ်တင် ခြင်းလုပ်ငန်းကိုပြည့်စုံစွာလုပ်ဆောင်ပေးတော်မူခဲ့ပါသည်။ 
ဤနေရာတွင် အချက်လေးချက်တည်းဟူသော အပြာရောင်ချည် ထည် (ယေရှု၏ဗတ္တိဇံခံယူခြင်း)၊ အနီရောင်ချည်ကြိုး(မိမိအသွေးတော် သွန်းလောင်းခြင်း)၊ခရမ်းရောင်ချည်ကြိုး(ကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူ ခြင်း)နှင့် အဖြူရောင်ချည်ကြိုး (တိကျသောနှုတ်ကပတ်တော်အရှင်နှင့် ကျွန်ုပ်တို့အား ဖြောင့်မတ်စေခဲ့သောအရှင်ဖြစ်တော်မူခြင်း)စသည့်ပစ္စည်း များကိုကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက်အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ကယ် တင်ခြင်းရရှိဖို့ရန်အားလုံးကိုယူ၍ ယုံကြည်ရမည့်အစားအကယ်၍ တစ်ခု တည်းကိုသာ ယုံကြည်မည်ဆိုလျှင် ပြည့်စုံမှုမရှိသေးပါ။ အဘယ်ကြောင့် နည်း။တဲတော်ပျဉ်းပြား၏အောက်ခြေပိုင်းတစ်ခုစီကိုစရွှေးတံနှစ်ခုစီ ဖေါက် ထားပြီးငွေခြေစွပ်ကိုတပ်ဆင်လိုက်သည့်အခါပျဉ်းပြားသည်တောင့်တင်းစွာ မတ်တပ်ရပ်နိုင်သည်။
ငွေသားသည် ဘုရားသခင်၏ ကျေးဇူးတော် (သို့) ဘုရားသခင်၏ ဆုလက်ဆောင်ကို ဆိုလိုသည်။ ရောမ ၅း၁-၂တွင်“ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ဖြောင်မတ်ရာသို့ ရောက်လျှင် ငါတို့သခင်ယေရှုအားဖြင့် ဘုရားသခင်ရှေ့တော်ငြိမ်သက်ခြင်းကိုခံစားကြ၏။ ထိုကျေးဇူးတော်ကို ခံ စားရသည်။ အကြောင်းမှာ - ယုံကြည်ခြင်း ရှိ၍ ထိုသခင်အားဖြင့်သာခံစား သောအခွင့်ကိုရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ဘုန်းတော်ကို မြှော်လင့် ၍ဝါကြွားပမ်းမြောက်ခြင်းရှိကြ၏” ဟုဖော်ပြထားသည်။ ကျွန်ုပ်တို့သည်ဘု ရားသခင်၏ကျေးဇူးတော်ကိုမှန်ကန်စွာယုံကြည်မှသာလျှင် ကယ်တင်ခြင်း ရရှိနိုင်ကြမည်ဖြစ်သည်။ တဲတော်၏ပျဉ်းပြားတစ် ချပ်စီတွင်စရွေးတံနှစ်ခု စီဖေါက်ကာပျဉ်ပြားတောင့်တင်းမှုရှိစေရန်ငွေခြေ စွပ်များစွပ်ထားခြင်းဖြင့် ကယ်တင်ခြင်းသည်ယေရှု၏ဗတ္တိဇံနှင့်လက်ဝါးကပ် တိုင်နှင့်အသွေးတော် နှစ်ခုစလုံးကိုယုံကြည်မှသာလျှင်ပြည့်စုံနိုင်ကြောင်း ဘုရားသခင်ဖော်ပြလို တော်မူခြင်း ဖြစ်သည်။
ကျွန်ုပ်တို့အားလုံးသည် ပျဥ်ပြားနှစ်တွင်တပ်ထားသောစရွေးတံ နှစ်ခုစီတပ်ထားခြင်းအကြောင််းမှာ အလွန်အဓိပ္ပါယ်ရှိကြောင်းယုံကြည်ရ မည် ဖြစ်သည်။ 
ပျဉ်ပြား၏ဤငွေခြေစွပ်နှစ်ခုနှင့်စာရွေးတံနှစ် ခုတို့သည် ဓမ္မသစ် ခေတ်တွင် ယေရှုခရစ်ကြွလာတော်မူ၍ ယောဟန်၏လက်မှဗတ္တိဇံ ကိုခံယူ ပြီးကားစင်အတင်ခံရလျှက် အသွေးတော်သွန်းလောင်းကာ လက်ဝါးကပ် တိုင်ပေါ်တွင်အသေခံခြင်းဖြင့်ကယ်တင်ခြင်းကိုပြည်စုံစေခြင်းအရိပ်အမြွက် ဖြစ်သည်။ 
တစ်နည်းအားဖြင့်၊ အပြစ်ဆေးကြောခြင်းကျေးဇူးတော်သည် ယောဟန်၏ဗတ္တိဇံပေးခြင်းနှင့်အပြစ်များဆေးကြောပေးရန် လက်ဝါးကပ် တိုင်ပေါ်မှာသွန်းလောင်းတော်မူသောအသွေးတော်အားဖြင့် မှန်ကန်သော ကယ်တင်ခြင်းရရှိသည်ဟုယုံကြည်သောသူများ၏နှလုံးသားထဲမှာ သွတ် သွင်းထားခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြစ်မှ လွတ်မြောက်ဖို့ရန်ဤယေရှု၏လုပ်ဆောင်ချက်နှစ်ချက်ကိုခံယူသည့် ယုံ ကြည်ချက်ကို လိုအပ်ပါသည်။ ထိုအကြောင်းကြောင့် တဲတော်တွင်ရှိသော အရာခပ်သိမ်းသည် ကျွန်ုပ်တို့အား အပြစ်မှ ကယ်တင်ခဲ့သည့်ယေရှုကို အသေးစိတ်ပုံတူဖေါ်ထုတ်ပေးနေခြင်းဖြစ်သည်။ ဤအကြောင်းပြချက်အ တွက်မဟုတ်ဘဲဘုရားသခင်သည်ဣသရေလူမျိုးတို့အား စရွေးတံနှစ်ခုနှင့် ငွေခြေစွပ်နှစ်ခုရှိသောပျဉ်ပြားကိုတဲတော်တွင် အသုံးပြုနိုင်မည်မဟုတ်ပေ။
ဘုရားသခင်က ကျွန်ုပ်တို့အား ပေးအပ်ထားခဲ့သည့်ဗတ္တိဇံခံယူ သည့်အလုပ်နှင့်အသွေးတော်သွန်းလောင်းခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်အား လုံးနှင့်တရားစီရင်ခြင်းအားလုံးမှ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံခဲ့ရပါ သည်။ တစ်နည်းအားဖြင့်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် ခြင်းဖြင့် ဘုရားသခင်၏သားသမီးဖြစ်ခွင့်ရရှိကြပါသည်။ ကျွန်ုပ်တို့၏ယုံ ကြည်ခြင်းသည်ရွေစင်နှင့်တူ၍ဘုရားသခင်၏ဆုကျေးဇူးကို လက်ခံခြင်း အားဖြင့်‌ရွှေကဲ့သို့တောက်ပသောယုံကြည်ခြင်းကို တည်ဆောက်ခြင်းဖြစ် သည်။ 
 

ယေရှုကို ယုံကြည်သောသူဖြစ်သော်လည်းမိမိကိုယ်ကိုမည်သူဖြစ်ကြောင်း မသိဘဲနေသေးသလော
 
သင်သည် မိမိကိုယ်ကို လူကောင်းတစ်ယောက်ဟုထင်ပါသလား။ မည်သို့သောအခြေအနေနှင့် ပုံသဏ္ဍာန်များအောက်သို့ ရောက်ရှိစေကာမူ ဖြောင့်မတ်သောစရိုက်လက္ခဏာရှိသူ အဖြစ်မိမိကိုယ်ကိုယ် မိမိမြင်ပါသ လား။မဖြောင့်မတ်သော အမှုမှန်သမျှကိုသာမခံသောသူ၊သင်သည်နေ့စဉ် စိတ်ထဲတွင် ဘုရားသခင်၏ပညတ်တော်များကို စောင့်ရှောက်ပြီး ကြိုးစား နာခံလျက်အသက်တာတွင် လက်တွေ့ကျင့်သုံးသောကြောင့် မည်သို့ပင်ဆို စေကာမူ ဘုရားသခင်ရှေ့တွင် မိမိကိုယ်ကိုဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ပါသလား။ ကျွန်ုပ်တို့တစ်ဦးတည်းရှိသည့်အခါ ကာမဂုဏ်မတ ရားသောမေထုန်ကိုကျူးလွန်သောကြောင့်ဖြောင့်မတ်သောအလုပ်ကို ကြိုး စား၍ လုပ်ဆောင်ခြင်းသည်လည်း ကျွန်ုပ်တို့၏ ဟန်ဆောင်သောအမှုသာ ဖြစ်သည်။ 
ယခုကာလတွင်စလောင်းမှတစ်ဆင့်ရုပ်သံလွှင့်လှိုင်းရာပေါင်းများ စွာကိုကြည့်ရှု့နိုင်ပါသည်။ ၂၄ နာရီ ပတ်လုံး(တစ်နေလုံး) သူတို့အဓိက ထုတ်လွင့်လိုသော အဓိကအကြောင်းအရာများကို အဆက်မပြတ်သုံးသပ် ၍ထုတ်လွှင့်လျက်ရှိကြပါသည်။ထိုရုပ်သံလှိုင်းလွှင့်ထုတ်ခြင်းအနက်စီးပွားရေးအရအောင်မြင်မှုအများဆုံးရသည်လှိုင်များ-လူကြီးလှိုင်းဖြစ်သည်။ ထို လူကြီးအစီအစဉ်ကောင်းများအကြားတွင်ညစ်ညမ်းသည့်ရုပ်သံလွှင့်ထုတ်မှုများစွာကို အများအပြားကိုလည်းထည့်သွင်းထားသည်ကိုတွေ့နိုင်ပါသည်။ ညစ်ညမ်းသည်အင်တာနက်ချိတ်ဆက်မှုများမှာအဘယ်သို့နည်း။ ညစ်ညမ်း သည့်ရုပ်ရှင်၊ဇာတ်လမ်း(အပြာကား)တီဗီ၊ ဗီဒီယိုရိုက်ကွက်များမှ ယနေ့ ကမ္ဘာကြီးကိုလွှမ်းမိုးလျက်ရှိကြောင်း အထွေအထူးပြောစရာမ လိုဘဲသိနိုင် သည်။ ထိုသို့သောအင်တာနက်မှတဆင့်ဆက်သွယ်မှုဖြင့်ရရှိနိုင်သောညစ် ညမ်းသည့်အရာများသည်လူတိုင်းအလွယ်တကူရရှိနိုင်သဖြင့်အသုံးပြုလိုသူ များ၏ဆန္ဒကို ဖြည့်ပေးသူ(ထုတ်လွင့်သူ)များအနေဖြင့်မည် ဆိုလျှင် အထူး အောင်မြင်မှုရရှိကြပါသည်။ 
ဤအဖြစ်အပျက်မှ လူသည် သဘာ၀အားဖြင့် ညစ်ညူးခြင်း ပျက်စီးခြင်းအလေ့အထရှိကြောင်း ဖေါ်ပြလျက်ရှိသည်။ သမ္မာကျမ်းစာမှ အပြည့်ရှိသောနှလုံးသားကိုဖေါ်ပြသည့်အခါ မတရားသောမေထုန်ပြုခြင်း၊ မုဒိန်းကျင့်ခြင်း၊နှင့်မတရားကာမဆက်ဆံခြင်းများဖြစ်သည်ကိုတွေ့ရသည်။ ဤအရာများသည်လူတို့၏စိတ်နှလုံးမှထွက်လာပြီးသူတို့သည် ညစ်ညူး ကာပြင်စွာအပြစ်ကျူးလွန်ကြသည်ဟုဘုရားသခင်ကပြောပါသည်။ ကျွန်ုပ် တို့သည်အပြစ်နှင့်ပြည့်၀ကြပါသလား။ ကျွန်ုပ်တို့စိတ်ထဲတွင်ရှိသောအရာ အားလုံးသည်အပြစ်နှင့်သက်ဆိုင်ကြောင်းဘုရားသခင်သည် ထပ်ခါတလဲ လဲ ပြောဆိုထားပါသည်။ 
သို့သော်ကျွန်ုပ်တို့အနေဖြင့်အမှန်တကယ်အပြစ်များကို ခွင့်ပြု ထားပါသလား။ မည်သို့ဖြစ်ပျက်လာသနည်း။ ကျွန်ုပ်တို့အနေဖြင့် မျက်စိ ပိတ်၊နားပိတ်နေခြင်းအားဖြင့်ထိုအပြစ်မှလွတ်မြောက်နိုင်မည်လား။ ကျွန်ုပ် တို့သည် မတတ်နိုင်ဘဲ စိတ်ထဲမှစိတ်ကူးယဉ်ခြင်းအားဖြင့် ထိုအပြစ်များ အားလုံးကို ကျွန်ုပ်တို့သည် ကျူးလွန်နိုင်ပါသည်။ ကျွန်ုပ်တို့မည်မျှပင် (သို့) မည်သို့ပင် ထိုသို့သောအပြစ်ကိုဖယ်ရှားဖို့ကြိုးစားစေကာမူအချည်းအနှီးပင် ဖြစ်သည်။ အမှန်အားဖြင့် ကျွန်ုပ်တို့၏အသွေးအသားဖြင့် အပြစ်မကျူး လွန်ဘဲနေနိုင်သည့် သူတော်စင်များမဖြစ်နိုင်ဘဲ ထိုအပြစ်များ၌ကျင်လည် ရန်ဆန္ဒရှိကြ သည်။ခန္ဓာကိုယ်နှင့်စိတ်နှလုံးသည်သန့်ရှင်းခြင်းမှဝေးကွာ၍ ရွေ့လျားလျက် အပြစ်နှင့်နီးကပ်စွာ နေလိုသည့်ဆန္ဒရှိသည်သာမကသာ၍ ကြီးမားသည့် အပြစ်ကိုပင်ကျူးလွန်ချင်ကြသူများဖြစ်ကြပါသည်။ 
အရှေ့တိုင်းတွင် များစွာသောလူတို့သည် မွေးစကပင် ကွန်ဖြူရှပ် ဝါဒကိုသင်ယူကြသည်။ သူတို့သင်ယူသောအရာများကို မိမိအသက်တာ တွင်လက်တွေ့အသုံးပြုရန်ကြိုးစားနေကြသည်။ တစ်ဖက်တွင်အနောက် တိုင်းတွင် ကက်သလစ်အသင်းတော်ဝါဒ သို့မဟုတ် ဘောင်ဝင်တရားဝင် အသင်းတော်များက ၎င်းတို့၏ဘာသာတရားကျင့်ထုံးများဖြင့်သာလွှမ်းမိုး ခဲ့ကြသည်။အနောက်နိုင်ငံသားအများစုသည်သန့်ရှင်းသောသူများဖြစ်လာဖို့ဘုရားသခင်၏ပညတ်တရားများကိုကြိုးစား၍ကျင့်ကြံအားထုတ်လေ့ရှိကြပါသည်။သို့သော် သူတို့၏နောက်ခံဘာသာရေးသည်မည်သို့ပင် ဖြစ်ပါစေ၊ ဘုရားသခင်ရှေ့တွင် မည်သို့ပင်နေပါလေစေ- သူတို့သည် အပြစ်ဒုစရိုက် အစုအဝေး နှင့်မကောင်းမှု၏မျိုးစေ့များဖြစ်ကြသည်။ 
လူသားသည်မဖြောင့်မတ်သောသူ၊အညစ်အကြေးနှင့်ပြည့်၀သော သူ၊ ညစ်ညူးမှုနှင့်ပြည့်သောအစု အဝေးကြီးဖြစ်သည်။ သူတို့သည် အသိအ မှတ်ပြုခံရန်အတွက် ကောင်းမှုကုသိုလ်များပြုနေကြခြင်းမဟုတ်ပေ။ သို့ သော် သူတို့သည် မိမိပြုသောကောင်းမှုကုသိုလ်များအတွက်ချီးမွမ်းခြင်းခံရ သောအခါ ဝမ်းမြောက်မှု၊ ရောင့်ရဲမှုမခံစားရကြပေ။ သူတို့သည် ဘုရားသ ခင်၏ရှေ့တော်မှောက်တွင် ဘုရားသခင်၏တရားစီရင်ခြင်းမှလွှတ်မြောက် ကြလိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ သူတို့သည် အပြစ်များစွာရှိကြ၍ ဆူးသောမျိုးစေ့များဖြစ်ကြသည်။ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်ဖို့လူ၏ ကြိုးစားမှုသည်အပြစ်ဖြစ်သည်။သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း၊ဘုရားသခင်၏မေတ္တာတော်ကိုခံယူခြင်းမရှိ၊ သခင်ယေရှုသည် ထို အပြစ်တရားများကြောင်းတရားစီရင်ခြင်းခံသည်ဟုအသိအမှတ်မပြုပါက ဘုရားသခင်၏တရားစီရင် ခြင်းမှလွှတ်မြောက်ကြမည်မဟုတ်ပေ။ ဘုရား သခင်၏ရှေ့တော်မှောက်၌ လူသားများ၏ကြိုးစားမှုသည် မြေမှုန့်လောက် ကောင်းမှုတစ်ခုမျှအကျုံးမဝင်၊ လူသားများ၏လိုအင်ဆန္ဒမှာ ဘုရားသခင် ရှေ့မှောက်တော်၌ အဝတ်ဆုပ်၊ အညစ်အကြေးသက်သက်ဖြစ်သည်။ 
ကျမ်းစာထဲတွင် လူသားများသည် သစ်သားအဖြစ်ဖော်ပြလေ့ရှိ သည်။အကာရှသစ်သားများကိုဘုရားသခင်၏‌ရွှေသွန်းလောင်းခြင်းပြုတော် မမူဘဲလျက် ဘုရားသခင်၏ဗိမာန်တော်ဂိတ်ဝမှ တိုင်များအဖြစ်အသုံးမပြု နိုင်ပေ။ ဘုရားသခင်ပေးအပ်တော်မူသောကယ်တင်ခြင်းကျေးဇူးတော်မရှိ လျှင် လူသားများသည် မြေမှုန့်သက်သက်ပင်ဖြစ်၍ မီး၏တရားစီရင်ခြင်းခံ ရကြမည်ဖြစ်သည်။ 
သို့သော်ယေရှုခရစ်တော်တည်းဟူသောမေရှိယခံယူသည့်ဗတ္တိဇံ၊အသွေးတော်သွန်းလေအသေခံခြင်းဖြင့်ဘုရားသခင်သည် ကျွန်ုပ်တို့အ ပြစ် များနှင့်ဒုစရိုက်များကိုဖယ်ရှားတော်မူခဲ့သော်လည်း ကျွန်ုပ်တို့သည်အပြစ် သားများအဖြစ်ကျန်ရစ်နေသေးသည်။လွန်ခဲ့သောနှစ်ပေါင်းတစ် ထောင်ခန့် ကဒါဝိဒ်ရှင်ဘုရင်အားဖြင့် ဤကယ်တင်ခြင်းအ‌ကြောင်းကိုပရော ဖက်ပြု ခဲ့ပြီး ဖြစ်သည်။“အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းမှ ဝေးသည် အတိုင်း ငါတို့အပြစ်များ ကိုငါတို့နှင့်ဝေးစေတော်မူ၏။ အဘသည် သား တို့ကိုသနားစုံမက်သည့်နည်းတူထာ၀ရဘုရားသည် ကြောက်ရွံသောသူတို့ ကို သနားစုံမက်တော်မူ၏” (ဆာ ၁၀၃း၁၂-၁၃)။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့မသိမီလူ၏ဖြောင့် မတ်ခြင်းသည်ကျွန်ုပ်တို့အတွက် စံချိန်စံညွှန်း ဖြစ်ခဲ့ပါသည်။ ကျွန်ုပ်သည် လည်း ဘုရားသခင်၏ဆုကျေးဇူးကယ်တင်ခြင်းမသိသောအချိန်၊ နှုတ်က ပတ်တော်မယုံကြည်သောအချိန်များရှိပုံရသည်။ အမှန်တကယ်ပြောရရင် ကျွန်ုပ်တို့သည်မိမိကိုယ်တိုင်ဖြောင့်မတ်ခြင်းမရှိပေ။သို့သော်ကျွန်ုပ်တို့သည် မိမိကိုယ်ကို အပြစ်မရှိဟုထင်ယောင်ထင်မှားဖြစ်ကြသည်။ ငယ်ရွယ်သော ဘဝကစ၍ မတရားသောမှုများမသည်းခံနိုင်သောအချိန်များစွာရှိသည်။ အ သက်အရွယ်အားဖြင့် ကိုယ်ထက်ကြီးသောသူများကိုတောင်တိုက်ခိုက်ခဲ့ပါ သည်။ကျွန်ုပ်၏ဆောင်ပုဒ်မှာ-“ဖြောင့်မတ်စွာအသက်ရှင်ပါ”ဟူ၍ဖြစ်သည်။ ထိုသို့ပင်ကျွန်ုပ်သည် ဘုရားသခင်၏ရှေ့မှောက်တွင်ကြိမ်ဖန်များစွာကျဆုံး ခဲ့သည်။ မိမိကိုယ်ကိုဖြောင့်မှတ်သူအဖြစ်သတ်မှတ်ခဲ့သည်။ ထိုကြောင့် ကျွန်တော်သည် သူတစ်ပါးထက်သာ၍ကောင်းမွန်ရန် မိမိကိုယ်ကိုကြိူးစား အသက်ရှင်ခဲ့၍ ဖြောင်မတ်စွာနေထိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ 
ကျွန်ုပ်သည်ထိုသို့ကြိုးစားခဲ့သော်လည်း ဘုရားသခင်၏ ရှေ့တော် မှောက်တွင်အပြစ်အစုလိုက်အခဲလိုက်ရှိသည်။ဘုရားသခင်သည်ကျွန်တော့် အားပညတ်တော်ဆယ်ပါးသို့မဟုတ် ပညတ်တော် ၆၁၃ ကို လိုက်လျှောက် နိုင်လိမ့်မည်ဟုပေးအပ်တော်မမူခဲ့ပေ။ ကျွန်ုပ်တို့အကျင့်နှင့်စိတ်ထားအား လုံးသည် မဖြောင့်မတ်ကြောင်းကိုလည်းကောင်း, ဘုရားသခင်၏နှုတ်က ပတ်တော်ကို ဆန့်ကျင်သောအပြစ်ကျူးလွန်သောသူဖြစ်သည်ကိုလည်း ကောင်း၊ ဘုရားသခင်ကိုပုန်ကန်သူဖြစ်ကြောင်းကိုလည်းကောင်းထင်ရှား စေရန် ပညတ်တော်ပေးအပ်တော်မူခြင်း ဖြစ်သည်။ 
ဤမျိုးဆက်တွင် တရားမဲ့၊ အကျင့်ပျက်ခြစားမှုများကြားတွင် ဘုရားသခင်နှင့်ကိုယ်တော့်ပညတော်သည် ပျောက်ဆုံးသွား၍ ထိုအရာများ ကိုတောင်အပြစ်ဟူ၍မသတ်မှတ်တော့ပေ။ သို့သော် လူသားများသည် နေ့ စဥ်နေ့တိုင်းအပြစ်ပြုနေကြသောကြောင့်ချွင်းချက်မရှိ အပ္ပါယ်ငရဲထဲသို့သွား ကြမည် ဖြစ်သည်။ 
 

ကျွန်ုပ်တို့သည် မဖြောင့်သောသူများ၊ အပြစ်နှင့်ပြည့်နေသောသူများဖြစ်ကြ သော်လည်း သခင်ယေရှုသည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များမှကယ်တင်၍ မိမိသားသမီးများဖြစ်တော်မူသည်။
 
ကျွန်ုပ်တို့သည် မဖြောင့်မတ်သောသူ၊ အပြစ်နှင့်ပြည့်၀သောသူ များဖြစ်သော်လည်းသခင်ဘုရားသည်ရေနှင့် ဝိညာဉ်တော်သတင်းကောင်း အားဖြင့်ကျွန်ုပ်တို့၏အပြစ်များမှကယ်တင်ခဲ့ပြီးမိမိလူများဖြစ်စေတော်မူခဲ့ သည်။ သန့်ရှင်းရာဌာနအတွက် အသုံးပြုသည်အကာရှသစ်သားများသည် အမြင့် ၄.၅မီတာ(၁၅ပေ)၊ အနံ ၆၇.၅စင်တီမီတာ(၂.၂ပေ)ရှိသည်။ သန့်ရှင်း ရာဌာနတော်၏နံရံများသည် အကာရှသစ်သားဖြင့်ပြုလုပ်၍ ရွှေဖြင့်မွမ်းမံ ထားသည်။ ပျဥ်ပြားတစ်ခုစီတိုင်းအောက်တွင် ငွေဖြင့်ပြုလုပ်ထားသောခြေ စွပ်နှစ်ခုဖြင့် ပျဥ်ပြားကို ထူပေးထားသည်။ ဘုရားသခင်သည်သင်နှင့်ကျွန် တော်တို့ကိုကယ်တင်တော်မူကြောင်း ငွေဖြင့်ပြုလုပ်သောခြေစွပ်များက ထင်ရှားစေသည်။
အပြစ်မှဘုရားသခင်ကယ်တင်တော်မူခြင်းသမ္မာတရားမှာ ကိုယ် တော့်မေတ္တာ‌တော်ပင် ဖြစ်သည်။ သခင်ယေရှုသည်ဤလောကသို့ကြွလာ တော်မူ၍ အပြစ်များယူဆောင်တော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့သည်။ ကား တိုင်ပေါ်တွင်အသေခံတော်မူခြင်းအားဖြင့် အပြစ်ဒဏ်ခံယူတော်မူခဲ့သည်။ ထိုသို့အားဖြင့် သခင်ယေရှုသည် လောကအပြစ်အားလုံးနှင့်တရားစီရင်ခြင်း အားလုံးတို့မှာ ကျွန်ုပ်တို့အားလုံးကိုကယ်တင်တော်မူခဲ့သည်။ ကိုယ်တော် ပေးအပ်တော်မူသောကယ်တင်ခြင်းဆုကျေးဇူးကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းခံရပါသည်။ ဘုရားသခင်ပေးအပ်တော်မူ သောဤကယ်တင်ခြင်းဆုကျေးဇူးမှာ ရွှေကဲ့သို့မပျက်စီးနိုင်၊ လုံးဝမပြောင်း လဲနိုင်ပေ။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်တို့သည် ကယ် တင်ခြင်းရရှိနိုင်ရန်အတွက် ဘုရားသခင်ပေးအပ်တော်မူသောအရာများဖြစ် သည်။ ကျွန်ုပ်တို့အပြစ်အားလုံးကို လုံးဝဥဿုံ၊ အပြစ်ကို အားလုံးစင်ကြယ် စေခဲ့ပါသည်။ အပြစ်အားလုံးမှ သခင်ယေရှုသည် ကျွန်ုပ်တို့အားကယ်တင် တော်မူခဲ့သောကြောင့် သင်နှင်ကျွန်ုပ်သည်စိတ်၊အတွေးအခေါ်၊ အပြုအမူ အားဖြင့် ကျူးလွန်သည့်အပြစ်အားလုံးမှလည်းလွှတ်မြောက်ခြင်းခံရကြ သည်။ ဘုရားသခင်ပေးအပ်တော်မူခဲ့သည့် ကယ်တင်ခြင်း ဆုကျေးဇူးကို ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရား သခင်၏သားကောင်းသမီးကောင်းများဖြစ်လာကြသည်။ တဲတော်၏ပျဉ် ပြား တစ်ချောင်းကိုမြဲမြံစေဖို့ငွေခြေစွပ်နှစ်ခုတပ်ဆင်ထားခြင်းဖြင့် ဘုရား သခင်သည် ရေနှင့်ဝိညာဉ်တော်ကယ်တင်ခြင်းအကြောင်းကို ကျွန်ုပ်တို့အား 
ဖွင့်ပြ‌တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးဖြစ်လာရ ခြင်းမှာ ကိုယ်တော်၏ရာ နှုန်းပြည့်ကျေးဇူးတော်၊ ဆုကျေးဇူးဖြစ်ကြောင်း ဘုရားသခင်ကိုယ်တော်တိုင်မိန့်တော်မူသည်။ 
အကယ်၍ ကျွန်ုပ်တို့၏ယုံကြည်ခြင်းထဲမှယေရှု၏ ရေနှင့်ဝိညာဉ် တော်နှုတ်ယူလိုက်မည်ဆိုလျှင်မည်သည့်အရာမှကျန်တော့မည်မဟုတ်ပေ။ ကျွန်ုပ်တို့အားလုံးသည် အပြစ်၏ချည်နှောင်မှုကို ခံကြရပါသည်။ အပြစ်၏ အခကားသေခြင်းပေတည်းဟူသောဘုရားသခင်၏ပညတ်တော်မှ ကျေညာ ထားသည့်အတိုင်းကျွန်ုပ်တို့သည် မသေခင်မှာ သေနိုင်သောကိုယ်ခန္ဓာဖြင့် ဘုရားသခင်၏‌ရှေ့မှောက်တော်၌ တုန်လှုပ်ချောက်ချားစွာရပ်နေသောသူ များဖြစ်ပေသည်။မီးဖြင့်တရားစီရင်ဖို့စောင့်ဆိုင်းလျက်ရှိနေသည်ကို ကျွန်ုပ် တို့နားလည်သဘောပေါက်ရမည် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ရေ နှင့်ဝိညာဥ်တော်သတင်းကောင်းကိုမယုံကြည်ကြလျှင် ဘာမှမဟုတ်သည် ဟုဖော်ပြထားခြင်း ဖြစ်သည်။ 
ယခုကာလသည် အပြစ်နှင့်ပြည့်၀သည့် ကာလဖြစ်၍ ထိုသို့အနေ အထားတွင် ကျွန်ုပ်တို့သည် အသက်ရှင်နေရသဖြင့် မီးအားဖြင့် တရားစီရင် ခြင်းခံရဖို့ရှိသည်ကိုလုံး၀မမေ့လျော့အောင်သတိထားရမည်။ကျွန်ုပ်တို့သည် ထိုသို့သောသေရမည့်လူမျိုး ဖြစ်ကြသည်။ ရေနှင့် ဝိညာဉ်တော်သတင်း ကောင်းကယ်တင်ခြင်းကို ဘုရားသခင်သည်ကျွန်ုပ်တို့အား ပေးအပ်တော်မူ သဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို အပြည့်အဝလက်ခံရရခြင်းဖြစ်ပါ သည်။မေရှိယသည်လောကသို့ကြွလာတော်မူလျက်ယောဟန်၏ လက်မှ ဗတ္တိဇံခံယူခြင်း၊အသွေးတော် သွန်းလောင်း၍ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူခြင်း၊ သေခြင်းမှတဖန်ရှင် ပြန်ထမြောက်တော်မူခြင်းစ သည်တို့အားဖြင့်ကျွန်ုပ်တို့ကိုအပြစ်များမှကယ်တင်တော်မူခဲ့သည်။ ပြည့်စုံ သည့်ရေနှင့်အသွေးတော်သတင်းကောင်းတရားကိုယုံကြည်ခြင်းဖြင့်ကျွန်ုပ် တို့အားလုံးယခုအပြစ်မှ ကယ်တင်ခြင်းခံကြရပြီး ယုံကြည်ခြင်းအားဖြင့် ဘု ရားသခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်နိုင်ကြပါသည်။
ဇာတိအားဖြင့် မပြည့်စုံသောသူများဖြစ်သော်ငြားလည်း ကျွန်ုပ်၏ အမှုတော်ဆောင်များ၊ သင်းအုပ်ဆရာများနှင့် ကျွန်ုပ်သည် ကမ္ဘာအနှံ့သို့ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းတရားကိုဟောပြောလျက်ရှိကြသည်။ ယခု ကာလသည် ပျက်စီးသောကာလဖြစ်ပြီး ရေနှင့်ဝိညာဉ်တော်သတင်းတ ရားကို ကျွန်ုပ်တို့သည်ယုံကြည်ခြင်းအားဖြင့် ဒုစရိုက်များမှလွတ်မြောက်၍ ဘုရားသခင်၏အစေတော်မကိုခံနိုင်ကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏တန်ခိုး  ကြောင့် ဤသို့အစေနိုင်ခြင်းမဟုတ်ပေ။ အကြောင်းမှာ ဘုရားသခင်သည် ကယ်တင်ခြင်းကျေးဇူးတော်ဝတ်လုံကို ဘုရားသခင်သည်လွှမ်းခြုံပေးတော် မူသောကြောင့်သန့်ရှင်းစင်ကြယ်စေခြင်း ဖြစ်သည်။ 
သခင်ယေရှုသည် ကျွန်ုပ်တို့အားအပြစ်မှပြည့်စုံစွာကယ်တင်ပေး တော်မူ၍အပြစ်တရားစီရင်ခြင်းခံတော်မူခဲ့သည်။ ကျွန်ုပ်တို့အား ဤကယ် တင်ခြင်းတန်ခိုးတော်ဝတ်လုံကိုလွှမ်းခြုံစေတော်မူခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အားစင်ကြယ်စွာဖြင့် အစေခံနိုင်ကြခြင်းဖြစ် သည်။ ဘုရားသခင်သည် ရေနှင့်ဝိညာဥ်တော်အားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးမှကယ်တင်တော်မူပြီဖြစ်သောကြောင့် ကျွန်ုပ်တို့၏ပြည့်စုံခြင်း၊မ ပြည့်စုံခြင်း၊ အပြစ်တရား၏ချည်နှောင်ခြင်း၊ အပြစ်ဒုစရိက်များနှင့်တရားစီ ရင်ခြင်းများရှိနေသော်လည်း ကျွန်ုပ်တို့သည် ဘုရားသခင်ကိုအစေခံနိုင်ကြ သည်ဟု ကျွန်တော်ယုံကြည်သည်။ 
 

ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါ ဖြစ်သည့်အတိုင်း ငါဖြစ်၏
 
သခင်ဘုရား၏ ကျေးဇူးတော်မပါဘဲ ဤအရာတို့ကို လုပ်ဆောင် ၍မရနိုင်ပေ။ ဘုရားသခင်၏ကျေးဇူးတော်မပါဘဲ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ကမ္ဘာအနှံ့သို့ဖြန့်ဝေခြင်းနှင့် ရိုးသားဖြူစင်စွာ ဤသတင်း ကောင်းတရားကိုအစေမခံနိုင်ပေ။ဘုရားသခင်သည်ကျွန်ုပ်တို့အားပေးထား တော်မူခဲ့သည့် ကယ်တင်ခြင်းသည်ရာနှုန်းပြည့်ကျေးဇူးတော်ဖြစ်၍ သင်နှင့် ကျွန်ုပ်သည်ထိုသတင်းကောင်းတရားကိုကာကွယ်ခြင်း၊ အစေခံနိုင်ကြခြင်း ဖြစ်သည်။ 
ကျွန်ုပ်တို့သည်ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏တဲတော် တိုင်များ (ဗျာ ၃း၁၂)နှင့် ကိုယ်တော်၏နိုင်ငံတော်သားများ ဖြစ်လာကြ သည်။ အကြောင်းမှာ - ဘုရားသခင်သည်ရွှေနှင့်တူသော ယုံကြည်ခြင်းကို ကျွန်ုပ်တို့အားပေး တော်မူခဲ့သဖြင့်ယခုကျွန်ုပ်တို့သည်ဘုရားသခင်၏ အိမ် တော်တွင်နေထိုင်ရကြပါသည်။ယခုကာလသည်အပြစ်ဒုစရိုက်လွှမ်းမိုးခြင်း ခံရသည့်ကာလ၊ လူအများစုသည် ဘုရားသခင်ကိုပင် ပြစ်မှားကြသည်ကို မေ့လျော့သည့်ကာလတွင်ကျွန်ုပ်တို့သည်ရေကြည်ဖြင့် ပက်ဖျန်းခြင်းခံရသ ဖြင့် သန့်ရှင်းလာပြီးသန့်ရှင်းသောရေကိုသောက်သုံးခွင့်နှင့်သခင်ဘုရားကို ဖြူစင်စွာ အစေခံ၍ကျေးဇူးတော်ကိုနှုတ်နှင့်မဖော်ပြနိုင်လောက်အောင် ချီး မွမ်းခြင်းဖြစ်သည်။
ဤအရာသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း မည်သို့ရရှိလာသည်ဆို သည့် အကြောင်းဖြစ်သည်။ ကျွန်ုပ်တို့ မည်သို့ဖြောင့်မတ်လာကြသနည်း။ ကျွန်ုပ်တို့အထဲတွင် ကောင်းသောအရာတစ်စုံတစ်ခုမျှ မရှိဘဲလျက် မိမိ ကိုယ်ကိုဖြောင့်မတ်သောသူဟုမည်သို့သတ်မှတ်ခေါ်နိုင်မည်နည်း။ထိုသို့ အ ပြစ်နှင့်ပြည့်၀သည့် သင်နှင့်ကျွန်ုပ်သည် မည်သို့အပြစ်ကင်းစင်သူများ ဖြစ် လာကြသနည်း။ သင်၏ခန္ဓာကိုယ်မှရရှိလာသည့်ဖြောင့်မတ်ခြင်းအားဖြင့် အပြစ်ကင်းသောသူ၊ ဖြောင့်မတ်သောသူ သင်ဖြစ်နိုင်မည်လား။ ခန္ဓာကိုယ် ၏တွေးတောမှုများ၊ သင်၏ကြိုးစားအားထုတ်မှုနှင့် သင်၏ကိုယ်ပိုင်လုပ် ဆောင်မှုတို့အားဖြင့် သင်သည်အပြစ်ကင်းစင်သောသူ၊ဖြောင့်မတ်သောသူ ဖြစ်နိုင်မည်လား။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် သင်သည် ဖြောင့်မတ်သောသူတစ်ယောက် ဖြစ်လာနိုင်မည်လား။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ကြိုး ဖြင့်ထင် ရှားခဲ့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ယုံကြည်ခြင်းဖြင့် သင်သည် ဖြောင့်မတ်သောသူ ဖြစ်လာနိုင်သလား။ ဘုရားသခင်၏ နှုတ်ကပတ်တော် တွင် ဖွင့်ပြသည့်အတိုင်း မေရှိယဖြင့် ပြည့်စုံလာသည့် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကြောင့် ရရှိလာသည့် ကယ်တင်ခြင်းအပေါ် ယုံကြည်ခြင်း မရှိဘဲသင်သည်ဖြောင့်မတ်သူဖြစ်နိုင်မည်လား။သင်သည် ထိုသို့ မည်သည့် အခါမျှဖြစ်လာနိုင်မည်မဟုတ်ပေ။ အနီရောင်ချည်ကြိုးတစ်ခုတည်းကို ယုံ ကြည်ခြင်းဖြင့်ကျွန်ုပ်တို့ကဖြောင့်မတ်သူများဖြစ်လာနိုင်မည်မဟုတ်ပေ။  
မေရှိယ၊ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်သည် ကျွန်ုပ်တို့ ကိုယ်စားအပြစ်များကို ဆေးကြောသုတ်သင်ဖို့ရန် ယောဟန်လက်မှ ဗတ္တိဇံ ကိုခံယူခြင်းဖြင့်ကျွန်ုပ်တို့အသက်တာတစ်ခုလုံးအပြစ်အပါအဝင် လောက တစ်ခုလုံးအပြစ်ကိုပခုံးပေါ်သို့ယူတင်ဆောင်ရွက်တော်မူပြီဖြစ်၍ ကျွန်ုပ်တို့ သည်ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သူများဖြစ်လာကြသည်။ ဓမ္မဟောင်း ခေတ်တွင် အပြစ်သား(သို့)ယဇ်ပုရောဟိတ်မင်းတို့သည် ယဇ်ကောင်အပေါ် သို့ လက်ကိုတင်သောအခါယဇ်ကောင်သည်အပြစ်၏အဖိုးအခကို ခံရသကဲ့ သို့ ဓမ္မသစ်လောကတွင် ယေရှုသည် ယောဟန်လက်မှဗတ္တိဇံကို ခံယူ တော်မူခြင်းအားဖြင့် လောက၏အပြစ်အားလုံးကို မိမိအပေါ်သို့ တင်ခဲ့ပါ သည်။ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဗတ္တိဇံအားဖြင့် သူ့အ ပေါ်သို့ အမှန်ပင်တင်ထားခဲ့ပါသည်(မ၃း၁၅)။ ယောဟန်က “ဤလောက ၏အပြစ်ကိုဆောင်သွားသောဘုရားသခင်သည် သိုးသငယ်ကို ကြည့်လော့” (ယော ၁း၂၉) ဟုသက်သေခံခဲ့သည်။ 
သခင်ယေရှုသည်ဗတ္တိဇံခံယူ၍ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် သူသည်လောကတွင် သုံးနှစ်ထပ်မံ၍ အသက်ရှင်လျက် ကျွန်ုပ်တို့၏ အပြစ် အားလုံးအတွက် ကားတိုင်တင်အပြစ်ဒစ်ခံတော်မူခဲ့သည်။အမွေးညှပ်သော သူရှေ့မှာသိုးသငယ်သည်မမြည်ဘဲနေသကဲ့သို့မိမိခန္ဓာကိုယ်ကိုဘုရားသခင် ထံဆက်ကပ်ပြီး ကျွန်ုပ်တို့အားအသစ်သော အသက်ကို ပေးတော်မူခဲ့သည်။ 
ဤအကြောင်းကြောင့် ယေရှုခရစ်သည် ယောဟန်လက်မှ ဗတ္တိဇံ ကိုခံယူခြင်းဖြင့်ကျွန်ုပ်တို့၏အပြစ်အားလုံးကို မိမိအပေါ်သို့တင်လျက် မိမိ ကိုယ်ကိုအရှုံးပေးလျက်ရောမစစ်သားများလက်ဖြင့်ခြေထောက်၊ လက်များ တွင်သံမှိုရိုက်နှိုက်ခြင်းခံခဲ့ရပါသည်။ယေရှုသည်လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့သည်။ နောက်ဆုံးကယ်တင်ခြင်းအမှု ပြီးမြောက်သွားတော်မူ၍ “အမှုပြီးပြီ” (ယောဟန် ၁၉း၃၀) ဟုကြွေးကြော် တော်မူခဲ့သည်။  
ထိုသို့အသေခံပြီး သုံးရက်မြောက်နေ့တွင် သေခြင်းမှ ရှင်ပြန်ထ မြောက်ပြီး ကောင်းကင်ဘုံသို့ တက်ကြွကာ ကျွန်ုပ်တို့အား ထာ၀ရအသက် ကိုပေး၍ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော်မူခဲ့ပါသည်။ သခင်ယေရှုသည် ယောဟန်လက်မှဗတ္တိဇံကိုခံယူခြင်းဖြင့် လောကအပြစ်အားလုံးကို မိမိပုခုံး ပေါ်သို့တင်၍ကားတိုင်တင်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့ တက်ကြွခြင်းတို့ဖြင့် ကျွန်ုပ်တို့၏ပြည့်စုံသောကယ်တင်ရှင်ဖြစ်တော်မူခဲ့ သည်။ သမ္မာကျမ်းစာတွင်“အပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ် ဖြေသော ပူဇော်သက္ကာကိုပြုစရာအကြောင်းမရှိ (ဟေဗြဲ ၁ဝး၁၈)” ဟု ဖော် ပြထားသည်။ 
 


ကားတိုင်ပေါ်တွင်သွန်းလောင်းသောအသွေးတော်တစ်ခုတည်းနှင့်ယဇ် ပူဇော်ခြင်းဆိုင်ရာအယူဝါဒများက သင့်အပြစ်မှလုံးဝ မကယ်တင်နိုင်ပေ။

 
ခရစ်ယာန်များအနေဖြင့်လက်ဝါးကပ်တိုင်မှ ယေရှု၏အသွေး တော်တစ်ခုတည်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ မရောက်နိုင် ကြောင်း သိထားရမည်။ အကြောင်းမူကား လူတို့သည် လက်ဝါးကပ်တိုင် ပေါ်မှ ယေရှု၏အသွေးတော်ကို ယုံကြည်ခြင်းတစ်ခုတည်းအားဖြင့် နေ့စဉ် အသက်တာတွင်အမြင်နှင့်အပြုအမူတို့ဖြင့် ကျူးလွန်သည့်အပြစ်များသုတ်  သင်ရှင်းလင်းဖို့ မတတ်နိုင်ကြပေ။ လူတို့ကျူးလွန်သည့် အပြစ်များအနက် ယခုကာလအနှံ့အပြား ဖြစ်လာသည့်အပြစ်မှာ - ကာမဂုဏ်ကျူးလွန်သည့် အပြစ်ဖြစ်သည်။ယဉ်ကျေးမှုအရလိင်ပိုင်းဆိုင်ညစ်ညမ်းမှုကို ရှင်းလင်းစွာ ဖော်ပြထားသဖြင့် ကျွန်ုပ်တို့၏အသွေးအသားထဲသို့ ထိုမကောင်းမှုသည် နက်ရှိုင်းစွာ ဝင်ရောက်လျက်ရှိသည်။ သမ္မာကျမ်းစာက လိင်မဖောက်ပြန်ဖို့ ပညတ်ချက်ပေးထားခဲ့သော်လည်း ယနေ့အဖြစ်မှန်ကို ကြည့်သောအခါ လူ တို့သည် ပတ်ဝန်းကျင်အခြေအနေ ဖန်တီးမှုအရမလိုချင်ဘဲလျက် ထိုအဖြစ် ကို ကျူးလွန်လျက်ရှိကြသည်။
ဘုရားသခင်က သင်သည် တစ်ခြားမိန်းမကို တပ်မက်သောစိတ် နှင့် ကြည့်မည်ဆိုလျှင် စိတ်ထဲ၍ထိုမိန်းမကို ပြစ်မှားလိုက်ပြီ (မ ၅း၂၈) ဖြစ် ကြောင်း မိန့်တော်မူခဲ့ပါသည်။ ထို့နောက် ကျွန်ုပ်တို့ နေ့စဉ်မြင်တွေ့ ရသော အရာများသည်လည်း ညစ်ညမ်းမှုပင် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် မိ နစ်တိုင်း၊ စက္ကန့်တိုင်းတွင် ထိုသို့သော အပြစ်များကို ကျူးလွန်လျက် ရှိကြ သည်။ ထိုသို့ဖြစ်နေသဖြင့် လူတို့သည် နောင်တနှင့်ဆိုင်သော ဆုတောင်း ချက်ကိုတောင်း၍ဘုရားသခင်၏နိုင်ငံတော်သို့မည်သို့ဝင်ရမည်နည်း။ သူတို့ မည်သို့ ဖြောင့်မတ်ခြင်းရရှိကြမည်နည်း။ အချိန်ကြာမြင့်စွာ စည်းကမ်းတစ် ခုကိုလိုက်နာလျက် အသက်ကြီးလာသည်နှင့်အမျှသူတို့သည် ဖြောင့်မတ် သန့်ရှင်းမှုရှိလာကြမည်လော။ သူတို့၏ စရိုက်လက္ခဏာများသည် သန့်ရှင်း လာမည်လော။ သူတို့သည်သာ၍သည်းခံနိုင်ကြမည်လော။ မဖြစ်နိုင်ပေ။ ဖြစ်ပျက်နေသောအရာများမှာ ဆန့်ကျင်ဘက်ဖြစ်နေသည်။ 
ခရစ်ယာန်ဓမ္မခံယူချက်များမှလူကြိုက်အများဆုံးမှာ“သန့်ရှင်းစင် ကြယ်ခြင်းဓမ္မအတွေးအခေါ်” ဖြစ်သည်။ ဤခံယူချက်ဆုပ်ကိုင်ထား သည် မှာ လက်ဝါးကပ်တိုင်ပေါ်တွင်သခင်ယေရှု၏အသေခံတော်မူခြင်းကို ခရစ် ယာန်များယုံကြည်နေသရွေ့ နေ့တိုင်းနောင်တနှင့်စပ်ဆိုင်သောဆု တောင်း ခြင်း၊နေ့တိုင်းဘုရားသခင်ကိုအစေခံခြင်းတို့သည် သန့်ရှင်းခြင်းနှင့် ကောင်း မွန်သောစိတ်ထားစိတ်မြတ်သို့တဖြည်းဖြည်းပို့ဆောင်နိုင်ခြင်းဖြစ် သည်။ သခင်ယေရှုကိုယုံကြည်လာသည်နှင့်အမျှ လူတစ်ယောက်သည် အပြစ် လုံးဝမပြုနိုင်ကြောင်း၊ ကောင်းမှုကုသိုလ်ကိုသာပြုနိုင်ကြကြောင်း၊ သေချိန် နီးကပ်လာချိန်အထိ လုံးလုံးလျားလျားစင်ကြယ်စွာအသက်ရှင်ကြောင်း၊ အ ပြစ်အနာအဆာနှင့်ကင်းလွတ်လျက်ရှိကြောင်းဤခံယူချက်ကဖော်ပြသည်။ 
ကျွန်ုပ်တို့သည် အချိန်တိုင်းနောင်တနှင့်စပ်ဆိုင်သောဆုတောင်း ခြင်းများပြုသည့်အခါ နေ့တိုင်းအဝတ်လျှော်ဖွက်သကဲ့သို့ အပြစ်များဆေး ကြောစင်ကြယ်စေနိုင်သည်။ ထိုကြောင့် နောက်ဆုံးသေချိန်ရောက်သောအ ခါ ဘုရားသခင်၏ရှေ့တော်မှောက်၌ ပြည့်စုံသောဖြောင့်မတ်သောသူဖြစ် လာနိုင်ကြခြင်း ဖြစ်သည်။ ဤခံယူချက်ကိုယုံကြည်သူမြောက်များစွာရှိ သည်။ သို့သော် ဤဓမ္မခံယူချက်သည် လူသားများ၏တွေးခေါ်ယူဆမှု၊ တီ ထွင်မှု၊ မှားယွင်းသောဓမ္မခံယူချက်ပင် ဖြစ်လေသည်။ 
ရောမ ၅း၁၉ တွင် “အကြောင်းမူကား တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့် လူအများတို့သည်အပြစ်ရောက်သည်နည်းတူ၊ တစ်ယောက်သော သူသည်နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏” ဟု ဖော်ပြထားသည်။ ဤကျမ်းပိုဒ်မှ ကျွန်ုပ်တို့အားလုံးသည် လူတစ်ယောက်နာခံမှုအားဖြင့် အပြစ်ကင်းသော သူများဖြစ်သည်ဟု သွန်သင်ထားပါသည်။ သင်နှင့်ကျွန်တော်တို့သည် အ ပြစ်ကိုမအောင်မြင်နိုင်ကြသော်လည်း သခင်ယေရှုခရစ်တော်သည်ဤ လောကသို့ကြွလာတော်မူ၍ အပြစ်တရားအောင်ပေးတော်မူခဲ့သည်။ သင် နှင့်ကျွန်တော်တို့သည် အပြစ်မှမိမိကိုယ်ကိုမလွှတ်မြောက်နိုင်ကြသော် လည်း သခင်ယေရှုသည် ကျွန်ုပ်တို့ကိုယ်စားအပြစ်များကိုယူဆောင်ပေး တော်မူခဲ့သည်။ သင်နှင့်ကျွန်ုပ်တို့မလုပ်ဆောင်နိုင်သောအရာတစ်ခုပင်ဖြစ် သည်။ သခင်ယေရှုသည် ဤလောသို့ကြွလာတော်မူ၍ ဗတ္တိဇံခံယူပြီးကား တိုင်ပေါ်တွင်အသေခံတော်မူလျက် သေခြင်းမှရှင်ပြန်ထမြောက်တော်မူ ခြင်းအားဖြင့် သင်နှင့်ကျွန်တော့်ကို ကယ်တင်တော်မူလျက် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ထာဝရအတွက် ဆေးကြောပေးတော်မူခဲ့သည်။ 
ယေရှုသည် ဘုရားသခင်၏ အလိုတော်ကို နာခံခြင်းဖြင့် သူတို့၏ အပြစ်အားလုံးကိုဆေးကြောကာ မိမိလူမျိုးများအပေါ်ကယ်တင်ခြင်းပေး အပ်တော်မူခဲ့သည်။ မေရှိယအဖြစ်ဘုရားသခင်၏အလိုတော်ကိုနာခံ၍ ဗတ္တိဇံခံခြင်း၊ကားတိုင်ပေါ်တွင်အသေခံခြင်းနှင့် ရှင်ပြန်ထ‌မြောက်ခြင်းအား ဖြင့် ကယ်တင်ခြင်းကျေးဇူးတော်ကို ကျွန်ုပ်တို့အားပေးအပ်တော်မူခဲ့သည်။ ကယ်တင်ခြင်းကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းအားဖြင့် သခင်ယေရှု သည် အပြစ်ပြည့်စုံစွာဆေးကြောခြင်းပြုပြီးတော်မူခဲ့သည်။ ယခုတွင်ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် မည်သို့ပင် ကြိုးစားအားထုတ်စေကာမူ မပြည့်စုံစေနိုင်သော်လည်း သခင်ယေရှုသည်အပြစ်မှ ကယ်တင်ခြင်းအမှု ကို ပြည့်စုံစေတော်မူပြီဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ဤကယ်တင်ခြင်း ဝတ်လုံတော်ကိုလွှမ်းခြုံနိုင်ကြခြင်း ဖြစ်သည်။ 
သို့သော် ခရစ်ယာန်အများစုသည် ယေရှုခံယူခဲ့သည့် ဗတ္တိဇံကို ယုံကြည်မည့်အစားလက်ဝါးကပ်တိုင်ပေါ်တွင်သွန်းလောင်းခဲ့သည့်အသွေး တော်တစ်မျိုးတည်းကိုသာ ယုံကြည်လျက်သူတို့၏ကြိုးစားမှုဖြင့် သန့် ရှင်း စင်ကြယ်ရန် ကြိုးစားကြပါသည်။တစ်နည်းအားဖြင့်ယေရှုသည် ယောဟန် လက်မှဗတ္တိဇံကို ခံယူသည့်အခါ လောကသားအားလုံး၏အပြစ်ကို ယူ တင် ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း လူတို့သည် ဤသမ္မာတရားကို မယုံကြည် ချင်ကြပေ။ ရှင်မဿဲအခန်းကြီး ၃ ၏ ဖော်ပြချက်အရ သခင်ယေရှုသည် လူထုပရိတ်သတ်အများရှေ့တွင် ပထမဦးဆုံးလုပ်ဆောင်တော် မူခဲ့သောအ ရာမှာ ယောဟန်ထံမှဗတ္တိဇံခံယူခြင်း ဖြစ်သည်။ ဤအကြောင်းအရာကို ခရစ်ကျမ်းလေးကျမ်းအားလုံးတို့တွင် မှတ်တမ်းတင်ထားပါသည်။ 
သခင်ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို သယ်ဆောင် လျက် ယောဟန်၏လက်မှဗတ္တိဇံခံယူခြင်း၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကိုယ်စားလှယ်နှင့်အကြီးမြတ်ဆုံးလူသားအဖြစ် မိန်းမ၏ဝမ်းဗိုက်မှ မွေးဖွား လာခြင်းတို့ကိုလူအများစုတို့သည်ဥပက္ခာပြု၍ မယုံကြည်ကြသော်လည်း ပေ။ သူတို့သည်ယေရှု၏ဗတ္တိဇံခံယူခြင်းကိုမယုံကြည်ကြသော်လည်းယေရှု လက်ဝါးကပ် တိုင်ပေါ်ဝယ်ဒုက္ခဝေဒနာပြင်းထန်စွာ ခံစားရလျက် အ သေခံတော်မူခဲ့ကြောင်းအသံကုန်၊ အရှိန်မြှင့်များစွာဆူညံသံပြုလျက် ဟစ် အော်ချီးမွမ်းတတ်ကြသည်။ “♫အသွေးတော်၌ တန်ခိုးရှိ။ ♪သိုးသငယ် တော်၏အသွေးတော်မြတ်၌ အံဖွယ်တန်ခိုးတော်ရှိ♫” သူတို့သည် မိမိစိတ် လှုပ်ရှားမှု၊ ကုသိုလ်နှင့်ခွန်အားကိုအသုံးပြုလျက် မီးလိုလောင်ကျွမ်းကာ ဘု ရားသခင်ထံ‌တော်သို့ချဥ်းကပ်ကြသည်။ သို့သော် သင်နားလည်သဘော ပေါက်ရမည့်အရာမှာ သူတို့သည် မည်သို့ပင်ကြိုးပမ်းအားထုတ်စေကာမူ ဟန်ဆောင်သောသူများသာဖြစ်ကြသည်။ သူတို့သည် သန့်ရှင်းသောသူကဲ့ သို့ဟန်ဆောင်နေကြသော်လည်းသူတို့၏စိတ်နှလုံးသားများထဲမှာလျှို့ဝှက် စွာအပြစ်များဖြင့် ပြည့်နေကြသည်။ 
 


ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုမသိဘဲလျက် ကျွန်ုပ်တို့သည် ယေရှုအား မိမိကယ်တင်ပိုင်ရှင် အဖြစ် မည်သို့ ယုံကြည်နိုင်မည်နည်း

 
လူတို့သည် တဲတော်အကြောင်းပြောဆိုဆွေးနွေးကြသော်လည်း သူတို့သည်မိမိပြောဆိုနေသည့်အကြောင်းအရာကိုအသေးငယ်သဲ လွန်စ တစ်ခုမျှပင်မသိကြသေးကြောင်း တွေ့ရသည်။ တဲတော်အကြောင်းကို ဂဃ နဏမသိဘဲလျက် ကျွန်ုပ်တို့သည် တဲတော်ကို သင့်တော်စွာဖြင့် မည်သို့ယုံ ကြည်နိုင်ကြမည်နည်း။အကြောင်းမှာ သခင်ယေရှုပြည့်စုံစေတော်မူခဲ့သော အပြစ်မှကယ်တင်ခြင်းသည် အလွန်မြှင့်မားသည်။ ဘုရားသခင်သည် ထို ကယ်တင်ခြင်းအမှုမည်မျှကြီးမားသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ကယ် တင်ခြင်းအမှုကို တိတိပပ လိုလေသေးမရှိ ပြည့်စုံစွာလုပ်ဆောင်ပေးတော် မူခဲ့သည်ကိုလည်းကောင်း သိရှိသဘောပေါက်ရန် အလိုတော်ရှိသည်။ 
တဲတော်အားဖြင့် သခင်ယေရှုသည် အပြာရောင်နှင့် ခရမ်းရောင် ရေနှင့်အသွေးတော်ကိုအသုံးပြု၍ကျွန်ုပ်တို့အား ကယ်တင်တော်ခဲ့ကြောင်း  ထင်ရှားစေတော်မူခဲ့သည်။ ကျွန်ုပ်တို့အပြစ်များဖယ်ရှားပေးဖို့ရန်အတွက် သခင်ရှေုသည်“ရေအားဖြင့်၎င်း၊ အသွေးတော်အားဖြင့်၎င်း၊ ကြွလာတော်မူ သောသူတည်း။ ရေအားဖြင့်၎င်း၊ အသွေးတော်အားဖြင့်၎င်း ကြွလာတော်မူ ၏”(၁ယော ၅း၆)ဟုရေးသားဖော်ပြခဲ့ပါသည်။ ရေ၊အသွေးတော်နှင့်ဝိ ညာဉ်တော်တို့ကိုယုံကြည်ခြင်းအရာမှာတစ်ခုတည်းသာဖြစ်သည်။ သခင် ယေရှုသည် လူတစ်ဦးအဖြစ်ကြွလာတော်မူ၍ ယောဟန်အားဖြင့်ဗတ္တိဇံယူ တော်မူချက်သေခြင်းခံကာသေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကယ်တင်တော်မူခဲ့သည်။ 
ကျွန်ုပ်တို့သည် တဲတော်အားဖြင့် ကယ်တင်ခြင်း၏ အသေးစိတ်ပုံ တူကူးချမှုကို ရှာဖွေတွေ့ရှိ၍ ယုံကြည်နိုင်သည်။ ပျဉ်ပြားတစ်ပြားစီတွင် စရွေးတံနှစ်ချောင်း ငွေခြေစွပ်နှစ်ခုတို့ကို လေ့လာခြင်းအားဖြင့် ယေရှုသည် အပြစ်မှကျွန်ုပ်တို့အား မည်သို့ကယ်တင်ခဲ့ကြောင်း သဘောပေါက်နိုင်ပါ သည်။ ထိုသို့ သမ္မာတရားကို ကျွန်ုပ်တို့ တွေ့ရှိခဲ့သည့်အတိုင်း အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ကြိုးဖြင့် ထင်ရှားခဲ့သည့် ယေရှု၏ အမှုတော် မြတ်လုပ်ငန်းကို သေချာစွာ ယုံကြည်ရမည်။
ကယ်တင်ခြင်း၏မူလဇစ်မြစ်ကို အခြားနေရာတွင်မတွေ့ရဘဲ ကျမ်းစာ၌သာတွေ့ရသည်။ ဗတ္တိဇံနှင့်လက်ဝါးကပ် တိုင်တော်တည်းဟူ သောအရာနှစ်ခုဖြင့် ဖွဲ့စည်းထားသည့်ကယ်တင်ခြင်း လက်ဆောင်ကို ကျွန်ုပ်တို့လိုအပ်သည်။ ဤသမ္မာတရားကို ယုံကြည်သောသူသည်ဘုရား သခင်ဖြစ်ဖွားစေသောသူဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ အားအပြစ်မှ ကယ်လွတ်ခဲ့သောကြောင့် သခင်ယေရှုသည် ကျွန်ုပ်တို့အား ကယ်တင်ခြင်းကို အပြည့်အဝ ပြည့်စုံစေတော်မူခဲ့ပါသည်။
ပျဉ်ပြား၏အောက်ခြေတွင် စရွေးတံနှစ်ချောင်းပြုလုပ်ထားပြီး ငွေခြေစွပ်နှစ်ခုတွင် စွပ်ထားပါသည်။ ဤသမ္မာတရားသည် ကျွန်ုပ်တို့အ တွက်အလွန်အရေးကြီးသောသမ္မာတရား အပြစ်ဆေးကြောခြင်းဖြစ်သည်။ ဘုရားသခင်ပြည့်စုံစေခဲ့သည့် ကယ်တင်ခြင်းကို ကျွန်ုပ်တို့သည် ယုံကြည် ရမည်ဖြစ်ပြီး အကယ်၍ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ကြိုး သမ္မာတရားကို မယုံကြည်လျှင် ကျွန်ုပ်တို့သည် ဘယ်တော့မှကယ်တင် ခြင်း ရရှိနိုင်မည် မဟုတ်ပေ။ 
သန့်ရှင်းသောတဲတော်မှပျဉ်ပြားများသည် တည့်မတ်စွာ ရပ်တည် နိုင်ဖို့ ငွေခြေစွပ်နှစ်ခုလိုအပ်သကဲ့သို့ ယေရှုခရစ်ကို ယုံကြည်သောအခါ ကျေးဇူးတော်တည်းဟူသော သမ္မာတရားနှစ်ခု လိုအပ်ပါသည်။ မည်သည့် သမ္မာတရားများ ဖြစ်ကြသနည်း။၎င်းတို့မှာ ယေရှုသည် ကျွန်ုပ်တို့၏ အပြစ် များကိုသယ်ဆောင်၍ဗတ္တိဇံခံယူခြင်းနှင့် ထိုအပြစ်များကို သယ်ဆောင် လျက်အပြစ်၏တရားစီရင်ခြင်း၊ ကျိန်ခြင်းအမင်္ဂလာခံယူဖို့ လက်ဝါးကပ် တိုင်ကိုထမ်းလျက်ထိုလက်ဝါးကပ်တိုင်ပေါ်တွင်အသေသတ်ခံရခြင်းတို့ဖြစ် သည်။ ပြည့်စုံသောကယ်တင်ခြင်းအတွက် ဤကျေးဇူးနှစ်ပါးကိုယုံကြည် သောသူများသာလျှင် ဖြောင့်မတ်သောသူများဖြစ်လာနိုင်ကြသည်။ သခင် ယေရှု၏ဗတ္တိဇံခံယူတော်မူခြင်းနှင့်ကားတိုင်မှသွန်းလောင်းတော်မူသောအ သွေးတော်နှစ်ပါးတို့သည် ကယ်တင်ခြင်းဆုကျေးဇူး၏မဏ္ဌိုင်နှစ်ခုဖြစ်၍ ဘုရားသခင်၏အိမ်တော်အားအဖြစ် မားမားမတ်မတ် ရပ်တည်စေသည်။  ပျဥ်ပြားနှစ်ချပ်တို့ကိုစရွေးတံနှစ်ချောင်းတပ်ပြီးငွေခြေစွနှစ်ခုပေါ်တွင် ထား ချက် တည့်မတ်စွာရပ်တည်စေသည်။ 
ထို့အတူပင်ကိုယ်တော်၏ကယ်တင်ခြင်းမဏ္ဍိုင်နှစ်ခုကို ယုံကြည် ခြင်းသည်ကျွန်ုပ်တို့၏မှန်ကန်သောယုံကြည်ချက်ဖြစ်၍ထိုအရာဖြင့် ကျွန်ုပ် တို့သည်ကိုယ်တော်၏အပြစ်ကင်းစင်သောသူများဖြစ်ကြသည်။ယေရှုအားဖြင့် ပေးအပ်ခြင်းခံရသည့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် ခြင်းဖြင့်ရွှေနှင့်တူသည့်ထာ၀ရမပြောင်းလဲနိုင်သောယုံကြည်ခြင်းကို ကျွန်ုပ် တို့ရရှိကြပါသည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင် ချည်ကြိုး ဖြင့်ထင်ရှားခဲ့သည့်ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကိုယုံ ကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့သည်ပြည့်စုံသောအပြစ်ဆေးကြောခြင်း၊ကယ် တင်ခြင်းကို ရရှိသည့် သန့်ရှင်းသူများ ဖြစ်လာကြသည်။
 

ယခုကာလမနှင့်ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရား ခေတ်ကာလ မတိုင်မီဓမ္မသီအိုလျော်ဂျီခံယူချက်
 
ကနဦးအသင်းတော်ကာလအလွန် အေဒီ၃၁၃ခုနှစ်တွင် ထုတ်ပြန် သည့် မီလန်အမိန့်ပြန်တမ်းမှ ယနေ့ခေတ် ခရစ်ယာန်လောကတွင် ယေရှု ၏ ဗတ္တိဇံခံယူခြင်းကို ချန်လှပ်ထားကာ လက်ဝါးကပ်တိုင်တော် ဧဝံဂေလိ သတင်းကောင်းပျံ့နှံ့လျက် ရှိသည်။ ကနဦးအသင်းတော်ခေတ်မှ အေဒီ ၃၁၃ခုနှစ်အထိကာလတွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟော ပြောခဲ့ကြပြီး ရောမကာသိုလစ်အသင်းတော်ကို တရားဝင်အသိအမှတ်ပြု ပြီးနောက် ၎င်း၏စိုးမိုးချယ်လှယ်မှုအောက်သို့ ခရစ်ယာန်ဘာသာ ရောက်ရှိ လာခဲ့သည်။ လူသားများတီထွင်ထားသည့် အတွေးအခေါ်များနှင့် လူသား ဗဟိုပြုဝါဒတို့သည် မြောက်ပိုင်းအီတလီမြို့ပြနိုင်ငံထွန်းကားလာသည့်အ ချိန် ၁၄ ရာစုအစောပိုင်းကာလမှစ၍ပေါ်ထွက်လာခဲ့ပါသည်။ ဤခေတ် သည် Renaissance ခေတ်ဟုခေါ်သည်။ 
၁၆ ရာစုသို့ ရောက်သောအခါ အီတလီနိုင်ငံတွင် ထွန်းကား ခဲ့သောယဉ်ကျေးမှုသည်အနောက်ဥရောပတစ်ခုလုံးသို့ ပျံ့နှံ့လာပြီး လူသား ဗဟိုပြုဝါဒ၊ လူ့အတွေးအခေါ်ပညာရှင်များသည် ဓမ္မပညာကို စတင်လေ့ လာခဲ့ကြပါသည်။ သူတို့၏ ဦးနှောက် အတွေးအခေါ်ဖြင့် သမ္မာကျမ်းစာကို အနက်ဖွင့်၍ ခရစ်ယာန်ခံယူချက်များကို စတင်တည်ဆောက်ကြပါသည်။ သူတို့သည် သမ္မာတရားကို မသိသဖြင့် သမ္မာကျမ်းစာကိုလည်း ကောင်းစွာ သိကျွမ်းခြင်းမရှိကြပေ။ထို့ကြောင့် သူတို့သည် လူ့ဦးနှောက်ဖြင့် နားမလည် နိုင်သည့်အခါ မိမိဒဿဗေဒအတွေးပညာဖြင့်တွေးခေါ်ကြပြီး ခရစ်ယာန် ဓမ္မခံယူချက်ကို တည်ထောင်ထုတ်လုပ်ခဲ့ကြသည်။ 
ထိုကြောင့်ခရစ်ယာန်သမိုင်းတွင် ခရစ်ယာန်ခံယူချက် နှင့်သီအို လော်ဂျီအများစုသည်ထိုအချိန်မှ ထွက်ပေါ်လာခဲ့ပါသည်။ (လူဿာရင်ဝါဒ၊ ကယ်ဗင်ဝါဒ၊ အာမေးနီးယန်းဝါဒ၊ သီအိုလော်ဂျီအသစ်၊ ရှေးရိုးခွဲဝါဒ၊ ကျိုး ကြောင်းဆင်ခြင်မှုဝါဒ၊ သီအိုလော်ဂျီဝေဖန်မှု၊ နက်နဲသောသီဩလော်ဂျီ လွတ်မြောက်မှုသီဩလော်ဂျီ၊အမျိုးသမီးဝါဒသီဩလော်ဂျီ၊လူမဲ သီအိုလော် ဂျီနှင့်ဘုရားမဲ့ဝါဒီသီအိုလော်ဂျီစသည်ဖြင့် ခရစ်ယာန်သမိုင်းသည်ကြာ ညောင်းလှပြီဟု ထင်ရသော်လည်း အမှန်အားဖြင့်ကြာ ညောင်းသည်ဟု မဆိုနိုင်သေးပါ။ အဘယ်ကြောင့်ဆိုသော် ကနဦးအသင်းတော်နှစ်ပေါင်း ၃၀၀အတွင်းလူတို့သည်သမ္မာကျမ်းစာကို လေ့လာခွင့်ရရှိကြပြီး အလယ် ခေတ်(သို့)အသင်းတော်အမှောင်ခေတ်ကျရောက်လာခဲ့ပါသည်။ထိုစဉ် ကာ လအသင်းသားသည် သမ္မာကျမ်းစာဖတ်ရှုနေသည်ကို တွေ့မည်ဆိုလျှင် လည်ပင်းဖြတ်၍ အပြစ်ပေးလေ့ရှိသည်။ ထိုသို့ ပိတ်ပင်တားဆီးမှု သည် ၁၇၀၀ပြည့်မတိုင်မီဖြစ်၍ ၁၈၀၀ပြည့်လွန်နှစ်နှင့် ၁၉၀၀ပြည့် ကြားတွင် ခရစ်ယာန်ဘာသာသည်ဖူးပွင့်ဝေဆာလာပြီးသီအိုလော်ဂျီများစွာ ထွက်ပေါ် လှုပ်ရှားလာသောကြောင့် ယခုအခါ လူများစွာတို့သည် ဆန်း ကြယ်သည့် သီအိုလော်ဂျီသို့ကျဆင်းကာကိုယ်ပိုင်အတွေ့အကြုံကို အခြေခံ၍ဘုရားသ ခင်ကိုယုံကြည်ကြပါသည်။ခရစ်ယာန်လောကတွင် သီအိုလော် ဂျီအကိုင်း အခက်များစွာတွေ့ရသော်လည်း ပင်စည်ပင်မအားဖြင့် ယေရှု၏အသွေး တော် တစ်ခုတည်းကိုသာယုံကြည်လျက်ရှိသည်။
သို့ရာတွင် ဤအရာသည် သမ္မာတရားဖြစ်သလား။ သင်သည် ဤ သို့သောနည်းလမ်းဖြင့် ယုံကြည်သောအခါ သင်၏အပြစ်သည် ဆေးကြော ခြင်း ခံရပါသလား။ သင်သည်နေ့စဉ် အပြစ်ကျူးလွန်လျက် ရှိနေပါသည်။ သင်သည်နေ့စဉ် စိတ်နှလုံး၊ တွေးတောမှု၊ အပြုအမှု၊ ချွတ်ယွင်းချက်တို့ဖြင့် အပြစ်ကျူးလွန်လျက်ရှိသည်မဟုတ်ဘူးလား။ ယေရှုလက်ဝါးကပ်တိုင်တွင် သွန်းလောင်းတော်မူခဲ့သည့် အသွေးတော်တစ်ခုတည်းကို ယုံကြည်ခြင်း ဖြင့်ထိုအပြစ်ကို ဆေးကြောသုတ်သင်နိုင်မည်လား။ ယေရှုသည် ကျွန်ုပ်တို့ ၏အပြစ်များကိုမိမိပခုံးပေါ်သို့တင်၍ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းသည် သမ္မာတရားဖြစ်သည်။ လူအများတို့ လက်ဝါးကပ်တိုင် ပေါ်မှအသွေးတော်ကို ယုံကြည်ခြင်းတစ်ခုတည်းဖြင့် သူတို့၏အပြစ်များ သည် ဆေးကြောခြင်းခံရပြီး နေ့စဉ်နောင်တရ၍ သူတို့၏အပြစ်အတွက် ဆု တောင်းရမည်ဟုပြောဆိုကြပါသည်။သင်၏စိတ်၊ ဆင်ခြင်တုံ တရားထဲတွင် ရှိသောအပြစ်များကို ထိုသို့နောင်တရသည့်နည်းလမ်းဖြင့် အမှန်ဆေး ကြောသုတ်သင်ခြင်း ခံရနိုင်မည်လား။ လုံး၀မဖြစ်နိုင်ပေ။ 
အကယ်၍ သင်သည်ခရစ်ယာန်တစ်ဦးဖြစ်ခဲ့သော် ယခုဤကယ် တင်ခြင်း သမ္မာတရားတည်းဟူသော ယေရှုခရစ်သည် လောကသို့ ကြွလာ လျက်ကျွန်ုပ်တို့၏လောကအပြစ်များကိုသယ်ဆောင်ကာယောဟန် လက်မှ ဗတ္တိဇံခံယူခဲ့သည်ကိုသိ၍ ယုံကြည်ရမည်။ ထိုသို့ပြုလုပ်ရမည့်အစားသင် သည် ဤသမ္မာတရားကို မသိကျိုးကျွံပြုခြင်း(သို့) သိဖို့မကြိုးစားဘဲနေခြင်း (သို့) မယုံဘဲနေခြင်း ရှိနေသေးသလား။ ထိုသို့ဖြစ်မည်ဆိုလျှင် သင်သည် ယေရှုကို ပျက်ယယ်ပြုသောအပြစ်ကို ကျူးလွန်ခြင်း၊ နာမတော်ကို ရှုတ်ချ ခြင်းရှိသဖြင့်ယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ကြောင်းမှန်ကန်စွာ သင်သည် ပြောဆိုနိုင်မည် မဟုတ်ပေ။ ယေရှုခရစ်အားဖြင့် ပြည့်စုံခဲ့သည့် ဤကယ် တင်ခြင်းမှ ယေရှု၏ဗတ္တိဇံကိုနှုတ်၍ ယုံကြည်ခြင်းနှင့် သင်လိုချင်သည့်ပုံစံ ဖြင့် ယုံကြည်ခြင်းအားဖြင့် သင်သည် ကယ်တင်ခြင်းကျေးဇူးတော်၏ဝတ် လုံကို ဘယ်တော့မှလွှမ်းခြုံနိုင်မည်မဟုတ်ပေ။ 
ခရစ်ယာန်အများစုသည် ကျွန်ုပ်တို့၏အပြစ်ကို ယေရှု၏ဆေး ကြောသုတ်သင်ခြင်း ခံတော်မူရသည့် သမ္မာတရားအတိုင်း ယုံကြည်ရမည့် အစား သူတို့၏တွေးတောမှုနောက်သို့ လိုက်၍သူတို့ယုံကြည်လိုသည့်ပုံစံ ဖြင့်သမ္မာကျမ်းစာကိုလိမ်ပတ်၍ယုံကြည်နေသေးသည်ကိုတွေ့ရသည်။ယခု ကာလတွင်လက်ဝါးကပ်တိုင်မှ အသွေးတော်တစ်ခုတည်းကိုယုံကြည်ခြင်း ဖြင့်သူတို့၏အပြစ်သည် ဆေးကြောခြင်းခံရသည်ဟု မှားယွင်းသောခံယူကြ သဖြင့် သူတို့၏စိတ်နှလုံးသည်ပို၍မာကျောလာကြသည်ကို တွေ့ရသည်။
သို့သော် သခင်ယေရှုအားဖြင့် ဘုရားသခင်ပြင်ဆင်ပေးတော်မူ သောကယ်တင်ခြင်းအဖြေမှာအောက်ပါအတိုင်းဖြစ်သည်။ ယေရှု၏ ဗတ္တိဇံ ခံယူခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထ မြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့သည်ထာ၀ရအပြစ်ဆေးကြောသုတ် သင်ခြင်းကို ကျွန်ုပ်တို့သည် ခံယူရရှိနိုင်သည်။ မရေမတွက်နိုင်လောက် အောင်များပြားသည့် လူတို့သည်ဤ ကယ်တင်ခြင်းသမ္မာတရားမှ သခင် ယေရှု၏ဗတ္တိဇံတရားကို ချန်လှပ်ထားကာယေရှုကိုသာ ယုံကြည်ခြင်း၊ နား လည်လွဲမှားမှု၊ ယုံကြည်လွဲမှားမှုဖြင့် အောက်ပါပြောင်းလဲ၍မရသော ညီ မျှခြင်းနိယာမတရားကို ပြုလုပ်ကြပါသည်။ ယေရှု(လက်ဝါးကပ်တိုင်နှင့် ရှင်ပြန်ထမြောက်တော်မူခြင်း) + နောင်တနှင့် ဆိုင်သောဆုတောင်းခြင်း+ ကောင်းမှုကုသိုလ်များ = တစ်စပြီးတစ်စသန့်စင်သည့် နှုန်းဖြင့်လက်ခံရ သည့်ကယ်တင်ခြင်း ဤနည်းလမ်းဖြင့် ယုံကြည်သောသူများသည်သူတို့ ၏နှုတ်ခမ်းဖြင့်သာ သူတို့၏အပြစ်ဆေးကြောခြင်းကိုခံရပြီဟုပြောဆိုလေ့ ရှိကြသည်။ သို့ရာတွင် သူတို့၏စိတ်ထဲတွင် မဖြေရှင်းရသေးသည့်အပြစ် များစုပုံ၍ ရှိနေသေးသဖြင့် အပြစ်နှင့်ပြည့်၀လျက်ရှိသည်ဆိုသည်မှာ သမ္မာ တရားပင်ဖြစ်သည်။
သင်၏စိတ်ထဲတွင် အပြစ်ရှိသေးသလား။ ယခုယေရှုကို ယုံကြည် ပြီးနောက် သင်၏စိတ်ထဲတွင် အပြစ်ရှိသေးမည်ဆိုလျှင် သင်၏ယုံကြည် ခြင်းတွင်ကြီးမားသည့်ပြဿနာရှိကြောင်းရှင်းလင်းစွာ သိနိုင်သည်။ သင် သည် ယေရှုကို ဘာသာရေးဆိုင်ရာကိစ္စရပ်အတွက်သာ ယုံကြည်ထားသ ဖြင့် သင်၏ဩတ္တပစိတ်မှအပြစ်သည် ဆေးကြောခြင်း မခံရသေးခြင်း ဖြစ် သည်။ သို့သော် သင်၏စိတ်ထဲတွင် အပြစ်ဆက်လက်ကျန်သေးသည်ဟု သင်ကိုယ်တိုင်သိမြင်ခြင်းသည်ပင်လျှင်သင်သည် ကောင်းကြီးခံရသောသူ ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ သူတို့တွင် အပြစ်ရှိကြောင်း အမှန်တ ကယ်သဘောပေါက်သောသူသည်မလွှဲသာ မရှောင်သာဘဲ ငရဲသို့ ကျရမည့် သူဖြစ်ကြောင်းမိမိကိုယ်ကို အသိအမှတ်ပြု၍ နောက်ဆုံးဝိညာဉ်ရေးရာတွင် စိတ်မသာညဉ်းတွားမှု ဖြစ်လာပြီး စစ်မှန်သော ကယ်တင်ခြင်း နှုတ်ကပတ် တော်ကို ကြားနိုင်လိမ့်မည်။
အကယ်၍ ဘုရားသခင်၏ အပြစ်ဆေးကြောခြင်းကို ခံလိုလျှင် သင်သည်စိတ်နှလုံး ပြင်ဆင်ထားရမည်။ ဘုရားသခင်၏ ရှေ့တော်မှောက် တွင် စိတ်နှလုံးကို ပြင်ဆင်လျက် “ဘုရားသခင်၊ ကျွန်တော်အပြစ် ဆေး ကြောခြင်းကို ခံယူလိုပါသည်။ ယေရှုကို ကျွန်တော်ယုံကြည်ခဲ့တာ ကြာပါ ပြီ။ ဒါပေမယ့် ကျွန်တော့်မှာ အပြစ်ရှိသေးတယ်။ အပြစ်၏အခကား သေ ခြင်းပေတည်းလို့ ဖော်ပြထားတဲ့အတွက် ကျွန်တော်ဟု ရှောင်လွဲ၍ မရ တော့ဘဲ ငရဲသို့ ပစ်ချခြင်းခံရမည် ဖြစ်တယ်”ဟုဝန်ခံရမည်။ ထိုနည်းတူစွာ သူတို့သည် လုံး၀ဥဿုံအပြစ်သားဖြစ်ကြောင်းဘုရားသခင်ရှေ့မှောက်တွင် မိမိကိုယ်ကို မိမိအသိအမှတ်ပြုကြပါသည်။ စိတ်နှလုံးအဆင်သင့်ပြင်ဆင် ထားသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ပြောလျှင်ပြော သည့်အတိုင်း ပြည့်စုံတတ်သည်ဟု ယုံကြည်သောသူ ဖြစ်သည်။
ဘုရားသခင်သည် ထိုသို့သောသူ၏ ဝိညာဉ်ကို ချန်လှပ်မထားဘဲ တွေ့တတ်သည်။ ထိုသို့သော သူတို့သည် နှုတ်ကပတ်တော်ကို ကြားရပြီး နှုတ်ကပတ်တော်ကိုသူတို့မျက်စိဖြင့် မြင်ပြီးမှသာလျှင် ခိုင်မာလာပြီး ထိုသို့ ပြုလုပ်ခြင်းအားဖြင့်ဤသို့သဘောပေါက်လာကြပါသည်။“အား-ကျွန် တော် မှားယွင်းစွာ ယုံကြည်နေတာပဲ။ အခုမရေမတွက်နိုင်တဲ့ လူတွေလည်း မှားယွင်းစွာယုံကြည်နေကြတယ်။”အခြားသူများမည်သို့ဆိုစေ ဂရုမစိုက်ဘဲ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် သူတို့သည် အပြစ်ဆေးကြောခြင်းကို ခံယူရရှိကြပါသည်။
 


သူတို့၏အပြစ်အားလုံးမှ ကယ်တင်ခြင်းခံရသောသူသည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်ခြင်းဖြင့် သူတို့၏ ယုံကြည်ခြင်းကို ကာကွယ်ပေးနိုင်ရမည်

 
သို့ရာတွင် ဤကမ္ဘာလောကသည် မကောင်းသောခံယူချက် မ ရေမတွက်နိုင်လောက်အောင်များပြားသဖြင့် ဒုတိယမွေးဖွားခြင်း ခံယူပြီးသူ ပင်လျှင် စိတ်ထဲတွင် ဆောက်တည်ရာမရဖြစ်ခြင်းနှင့် ညစ်ညမ်းခြင်းများ ရှိ နိုင်သည်။ မာ ၈း၁၅တွင်“ဖာရိရှဲတို့၏ တဆေးကို၎င်း၊သတိနှင့်ကြည့်ရှောင် ကြလော့ဟု ပညတ်တော်မူ၏” ဟု သခင်ယေရှုကမိန့်တော်မူခဲ့သည်။သို့ သော် တစ်ကြိမ်တစ်ခါတည်း ကြားဖူးရုံဖြင့် လူတို့၏စိတ်ကိုညစ်ညူးစေ သည့်တဆေးနှင့်တူသည့် သွန်သင်ချက်သည် မရေမတွက်နိုင်လောက် အောင်များပြားပေလိမ့်မည်။ ကမ္ဘာကြီးသည် လိင်ဖောက်ပြန်မှုအားဖြင့် မည်မှာလောက် ယိမ်းယိုင်နေမည်ကို သဘောပေါက်နိုင်ပါသည်။
ယုံကြည်သူဖြစ်သည့် ကျွန်ုပ်တို့အနေဖြင့် မည်သည့်ခေတ်ကာလ တွင်နေထိုင်ရသည်ကိုသဘောပေါက်၍ မိမိယုံကြည်ချက်အပေါ် ချေပပြော ဆိုနိုင်ရမည်။ ထိုသို့အပြစ်နှင့်ပြည့်၀သော ကမ္ဘာလောကတွင် နေထိုင်ရ လင့်ကစားသခင်ဘုရားသည် အပြစ်မှ ကျွန်ုပ်တို့ကို လွတ်မြောက်စေသဖြင့် ကျွန်ုပ်တို့စိတ်ထဲရှိ သမ္မာတရားသည် ဩဝါဒလေတိုက်ရာသို့ လွှင့်ပါမသွား နိုင်တော့ပေ။လောကကြီးကြောင့် လှုပ်ခါမှု (သို့) ပိတ်ပင်တားဆီးမှု တစ်ခုခု ကြောင့်မလှုပ်နိုင်သည့်ယုံကြည်ခြင်းမျိုးကိုကျွန်ုပ်တို့တွင်ရရှိထားသင့်သည်။
လောကမှ ထွက်ပေါ်လာသည့် အရာမှန်သမျှ သမ္မာတရားမရှိပေ။ ဖြောင့်မတ်ခြင်းမှကမ္ဘာလောကကိုအနိုင်ယူမည်ဟု ဘုရားသခင်မိန့်တော်မူ သည်။ မပြောင်းလဲနိုင်သည့်သတင်းကောင်းသမ္မာတရားအပေါ် သူတို့၏ယုံ ကြည်ခြင်းဖြင့်ဖြောင့်မတ်ခြင်းသည်နတ်ဆိုးနှင့်ကမ္ဘာလောကအပေါ်အောင် မြင်ပြီးအနိုင်ယူရမည်။ကျွန်ုပ်တို့၏စိတ်နှလုံး၊ တွေးတောမှု၊ ခန္ဓာ ကိုယ်အား ဖြင့်မပြည့်စုံကြသော်လည်း ဘုရားသခင်၏အိမ်တော်တွင် တည်ရှိနေကြ သေးပြီး ကယ်တင်ခြင်းသတင်းကောင်းအပေါ်တွင်ယုံကြည်ခြင်းဖြင့် စွဲမြဲ စွာ ရပ်တည်နိုင်ကြပါသည်။ ရေနှင့်အသွေးတော်တည်းဟူသော သခင်ယေ ရှုသည်ကျွန်ုပ်တို့အားကယ်တင်တော်မူခဲ့သည့် သတင်းကောင်းအပေါ်တွင် ကျွန်ုပ်တို့သည် ခိုင်မာစွာ ရပ်တည်လျက်ရှိကြပါသည်။
ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် အထူးသဖြင့် ဘုရားသခင် ကိုကျေးဇူးတင်ပါသည်။လောကတွင်မည်မျှပင်အပြစ်ချည်နှောင်မှု ရှိနေစေ ကာမူအနည်းဆုံးအစွန်းအထင်းမရှိသောဩတ္တပစိတ်နှင့်ယုံကြည်ခြင်းသည် ရွှေကဲ့သို့ ကျွန်ုပ်တို့စိတ်ထဲတွင် တောက်ပလျက် ရှိပါသည်။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သောဆန္ဒအားဖြင့်အသက်ရှင်လျက်ယုံကြည်ခြင်းအားဖြင့်လော ကကို အောင်မြင်သောသူများဖြစ်ကြပါသည်။ သခင်ဘုရား ပြန်လည်ကြွ လာသည့်နေ့ရက်မတိုင်မီကပင် ကျွန်ုပ်တို့သည် ကိုယ်တော်၏နိုင်ငံတော်ထဲ တွင်ရှိနေကြသဖြင့်ဤယုံကြည်ခြင်းကို ကျွန်ုပ်တို့အားလုံး ချီးမွမ်းတတ်ရ မည်။ ကျွန်ုပ်တို့ကိုကယ်တင်ခဲ့သောသခင်ဘုရားအားထာ၀ရချီးမွမ်းခြင်းနှင့် ထိုယုံကြည်ခြင်းကိုပေးအပ်တော်မူခဲ့သောဘုရားသခင်အား ချီးမွမ်းပါသည်။
ဘုရားသခင်၏ရှေ့တော်တွင် ကျွန်ုပ်တို့ထံ၌ရှိသော ဤသမ္မာတ ရားနှင့်ဆိုင်သော ယုံကြည်ခြင်းသည် ကျောက်ပေါ်တွင် တည်ဆောက်ထား သဖြင့် မည်သို့သော အခြေအနေဆိုက်ရောက်စေကာမူ လှုပ်ရှားခြင်းနှင့် အ စဉ်ကင်းလွတ်လိမ့်မည်။ထိုသို့ပင်ဘုရားသခင်၏ရှေ့တွင်ကျွန်ုပ်တို့ မတ်တပ် ရပ်ရသည့်နေ့မတိုင်မီ လောကတွင် ကျွန်ုပ်အသက်ရှင်စဉ် မည်သို့သော အ ဖြစ်အပျက်များ တွေ့ကြုံရစေကာမူ ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ယုံကြည် ခြင်းကို အဆက်မပြတ်စောင့်ထိန်းကာကွယ်ကြမည်။ အကယ်၍လောက တွင် ရှိသော အရာခပ်သိမ်းပျက်စီးခြင်း၊ လောကကြီး၏အပြစ်ထဲသို့ နစ် မြှုပ်ခြင်း၊ ယခင်သောဒုံမြို့နှင့်ကောမောရမြို့သာ၍ ဆိုးဝါးသည်။ ကမ္ဘာ လောကဖြစ်ပွားခြင်း စသည်အဖြစ်အပျက်များကြုံတွေ့ရစေကာမူ ကျွန်ုပ် တို့သည်ဘုရားသခင်ကို ရိုးသားစွာယုံကြည်ခြင်း၊ သူ၏ဖြောင့်မတ်ခြင်း နောက်သို့လိုက်ခြင်းနှင့်စစ်မှန်သောဘုရားသခင်၏ကျေးဇူးတော်တည်း ဟူ သော ကယ်တင်ခြင်း ကျေးဇူးနှစ်ပါးဖြစ်သည့်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူခြင်းကို ကမ္ဘာ့အနှံ့သို့ ဖြန့်ဝေ ခြင်းအလုပ်ကိုဆက်လက်လုပ် ဆောင်ရအုံးမည်ဖြစ်သဖြင့် လောကနောက် သို့ ကျွန်ုပ်တို့ မလိုက်နိုင်ကြပေ။ 
 

စစ်မှန်သောသတင်းကောင်းကို ယုံကြည်သူအဖြစ် ဟန်ဆောင်သူများ
 
အချို့တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို အမှန်တ ကယ်ယုံကြည်ခြင်းမရှိဘဲလျက်အပြာရောင်၊ခရမ်းရောင်နှင့် အနီရောင်ချည် ကြိုးသမ္မာတရားကို ယုံကြည်သကဲ့သို့ ဟန်ဆောင်လေ့ရှိကြသည်။ သို့ရာ တွင်သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ရိုးသားစွာ ယုံကြည် ခြင်းမရှိသဖြင့် စိတ်ထဲတွင် အပြစ်ကျူးလွန်နေကြသေးကြောင်း ကျွန်ုပ်တို့ တွေ့ရှိရပါသည်။သူတို့သည် မိတ်ဆွေတစ်ဦးထံမှ ငှားယူလာသောပုဆိန် တစ်လက်ရေထဲသို့ ကျသွားသော သူနှင့်တူသည်(၄ရာ ၆း၅)။
ထိုအဖြစ်အပျက်ကဲ့သို့ပင်အရေးကြုံလာသည့်အခါ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်သောသူတို့ထံမှ ယုံကြည်ခြင်းကို ခေတ္တ ငှားရမ်းအသုံးပြုကြပါသည်။သို့သော်သူတို့သည်ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို အမှန်တကယ်ယုံကြည်လက်ခံထားခြင်းမရှိသဖြင့် သူတို့သည် ဒေသနာဝေငှသည့်အခါ(သို့)မိဿဟာယဖွဲ့သည့်အခါစစ်မှန်သောယုံကြည် ခြင်းအကြောင်းကို ပြောဆိုနိုင်ခြင်း မရှိကြပေ။ ထိုသို့သော သူတို့သည် ယုံ ကြည်ခြင်း၏ထင်ပေါ်ကျော်ကြားမှုသည် ပျောက်ဆုံးပြီး လမ်းမှားသို့ရောက် ကြသည်ကို ဝမ်းနည်းသဖွယ် တွေ့ရပါသည်။ သို့သော် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းသည်ပြောင်းလဲခြင်းမရှိသောကြောင့် သူတို့သည် ဤရေနှင့် ဝိညာဉ်တော်သတင်းကောင်းကိုသာ ယုံကြည်လက်ခံကြရမည်ဖြစ်သည်။ 
ဟေဗြဲ ၇း၁၂ တွင် “ယဇ်ပုရောဟိတ် အမျိုးသည်ပြောင်းလဲလျှင်ပ ညတ်တရားသည် မပြောင်းလဲဘဲမနေနိုင်ရာ” ဟုဖော်ပြထားသည်။ အချို့ တို့က ပညတ်တရားပြောင်းလဲသွားပြီဖြစ်သဖြင့် ဓမ္မဟောင်းကျမ်းစာထဲက အတိုင်းယေရှုခရစ်ပြည့်စုံစေတော်ခဲ့သောကယ်တင်ခြင်းတရားသည်လည်း ပြောင်းလဲသွားပြီဟု ဆိုတတ်ကြသည်။ ယေရှုခရစ်တော်ကြွလာတော် မူလျက်လက်ဝါးကပ်တိုင်တွင်အသေခံခြင်းဖြင့်ကယ်တင်ခဲ့ခြင်းတရားသည် လည်းပြောင်းလဲသွားပြီဟု ဆိုကြပါသည်။ ယေရှုခရစ်တော် ကြွလာလျက် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူသည့်အခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များကို မိမိသားတော်အပေါ်သို့ တင်တော်မူ၏ဟု ပြော ကြပြန်သည်။
သို့ရာတွင်ထိုကဲ့သို့ပြောဆိုမှုများသည် အပြစ်အနာအဆာရှိပြီး အ ခြေအမြစ်မရှိသော ပြောဆိုမှုများဖြစ်သည်။ ထိုသို့ပြောဆိုမှုများကို “အပြစ် ကင်းစင်တဲ့ ယေရှုကို လက်ဝါးကပ်တိုင်တင်ပြီး အသေသတ်ခြင်း ခံရသည့် အခါဘုရားသခင်သည်လောကသားများ၏အပြစ်ကို ကိုယ်တော့်အပေါ်သို့ တင်လိုက် ပြီဆိုတဲ့အဓိပ္ပါယ်တစ်ခုတည်းဘဲသက်ရောက်သလား” ဟုမေး ခွန်းထုတ်ခြင်းဖြင့်မှားယွင်းကြောင်းသက်သေပြလိုပါသည်။ ကျွန်ုပ်တို့အနေ ဖြင့် ကိုယ်ပိုင်တွေးခေါ်မှုဖြင့်ဇွတ်ငြင်းနေဖို့မဟုတ်ဘဲ ဘုရားသခင်၏နှုတ် ကပတ်တော်ကမိန့်တော်မူလျှင် မိန့်တော်မူသည့်အတိုင်းယုံကြည်ဖို့သာ လို အပ်သည်။ အကယ်၍ ကျွန်ုပ်တို့၏ကိုယ်ပိုင်စိတ်ကျေနပ်မှုရှိသည့်အတိုင်း သာဖြစ်လာမည်ဆိုလျှင် ထိုသို့ဖြစ်လာခြင်းသည် မှားယွင်းမှုရှိပြီး ကိုယ်ပိုင် ကြိုးစားမှုဖြင့် ရယူသည့်ဖြောင့်မတ်ခြင်းကို ရပ်တန့်သွားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ရမည်။
အချိန်ကြာလာသည်နှင့်အမျှ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အားဖြင့်ကျွန်ုပ်တို့အား ကယ်တင်ခဲ့ခြင်းသည်သာ၍ အဖိုးတန်ပြီးနှစ်လိုဖွယ် ရာကောင်းလာပါသည်။ ကျွန်ုပ်တို့၏ စိတ်ထဲတွင် တွေးတောထားသည့်အ တိုင်း ယုံကြည်မည်ဆိုလျှင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအသက်တာသည် စွန့်စားမှုများဖြစ်လာပြီး အသင်းတော်မှသွေ ဖယ်လုနီးပါးဖြစ်လာလိမ့်မည်။ သို့ရာတွင် တဲတော်ရှိပျဉ်ပြား၏အောက်ခြေတွင် စရွေးတံနှစ်ချောင်းကို ငွေ ခြေစွပ်နှစ်ခုအထဲသို့ထည့်ပြီးမှမြဲမြံစွာရပ်တည်စေနိုင်သကဲ့သို့ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များကို ယူတင်ဆောင်ရွက်ပြီးမှ ဗတ္တိဇံကိုခံယူ၍ မိမိ အသွေးတော်သွန်းလောင်းခြင်းဖြင့် ကျွန်ုပ် တို့အားမြဲမြံစေတော်မူခဲ့သည်။ ထိုအရာသည် ယေရှု၏သမ္မာတရား၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်း ဖြစ်သည်။ ယောဟန်၏လက်မှဗတ္တိဇံခံယူခြင်းနှင့်ကျွန်ုပ်တို့အပြစ်များကိုသယ်ဆောင် ကာအပြစ်ဒဏ်ခံရပြီး လက်ဝါးကပ်တိုင်ပေါ်တွင်အတင်ခံလျက် အသွေး တော်သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်အားလုံးမှ ကျွန်ုပ်တို့ကိုကယ် တင်‌တော်မူခဲ့ပါသည်။ထိုနည်းလမ်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်း သည် ယိမ်းယိုင်မှုမရှိတော့‌ပေ။
သုတ္တံ ၂၅း၄ တွင်“ငွေထဲကချော်ကိုထုတ်ပယ်လျှင်ပန်းထိမ်သ မား နှင့်တော်သင့်သောဖလားကိုရလိမ့်မည်”ဟုဖော်ပြထားပါသည်။ ဤကျမ်း ပိုဒ်တွင်ဖော်ပြထားသည့်အတိုင်းဖုံးကွယ်မှု၊ မကောင်းမှု၊ လာတ် ပေးလာတ် ယူမှုများ ကျွန်ုပ်တို့စိတ်ထဲတွင်ရှိစေကာမူ ကိုယ်တော်၏ဗတ္တိဇံနှင့် အသွေး တော်ဖြင့် ယေရှုသည် ကျွန်ုပ်တို့၏ညစ်ညူးသောအပြစ်များနှင့် လူသားမျိုး နွယ်တစ်ရပ်လုံး၏အပြစ်များကိုစင်ကြယ်စေပြီး ဘုရားသခင်၏ ဖြောင့်မတ် ခြင်းအကျင့်ကိုလိုက်လျှောက်လုပ်ဆောင်သူများဖြစ်စေသည်။သခင်ဘုရား သည်ကျွန်ုပ်တို့အား လောကအပြစ်များမှ သန့်စင်ပေးခဲ့ပါသည်။ ယောဟန် ၏လက်မှဗတ္တိဇံခံယူခြင်းဖြင့် အပြစ်အားလုံးကို တစ်ကြိမ်တည်းယူတင် ဆောင်ရွက်ပြီး၊လက်ဝါးကပ်တိုင်ပေါ်တွင် အတင်ခံလျက်အသွေးတော်ကို သွန်းလောင်းကာ ကျွန်ုပ်တို့၏အပြစ်တရားစီရင်ခြင်းကိုခံယူတော်မူပြီး ယေ ရှုသည်လောကအပြစ်များမှပြတ်သားစွာ ကယ်တင်တော်မူခဲ့ပါသည်။
ထိုသို့ပင်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်သောသူ များအတွက် ထာ၀ရအသက်အာမခံချက်ကို ပေးအပ်တော်မူခဲ့ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏အပြုအမူသည် ငြီးငွေ့ဖွယ်ရာကောင်းသည့် အ ချိန်ရှိ ကောင်းရှိမည်ဖြစ်သော်လည်း ရေနှင့်ဝိညာဉ်တော်သတင်းကောင်း သည် ပျဉ်ပြားအား စရွေးတံနှစ်ချောင်းပြုလုပ်ပြီး ငွေခြေစွပ်တွင် တပ်ဆင် ကာ မြဲမြံစေသကဲ့သို့ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေလိမ့်မည်။
 

ထာဝရကယ်တင်ခြင်းကျေးဇူးတော်သည် ကျွန်ုပ်တို့ကိုဆုပ်ကိုင်ခြင်း
 
ယခုကျွန်ုပ်တို့၏ အာရုံစူးစိုက်ခိုက်မှုကို တဲတော်၏ပျဉ်ပြားများ ချုပ်ကိုင်သည့်ကန့်လန်ကျင်ကိုသတိထား၍ကြည့်ကြပါစို့။ထွက်-၂၆း၂၆-၂၇ တွင် “တဲတော်၌ကာရသောပျဉ်ပြားကိုလျှိုစရာဖို့အာကာရှသား ကန့်လန့် ကျင်တို့ကို တစ်ဖက်ငါးချောင်းစီလုပ်ရမည်။ တဲတော်နောက်ဖေး၌ကာရ သောပျဉ်ပြားကို လျှိုစရာဖို့ ကန့်လန့်ကျင် ငါးချောင်းကိုလည်း လုပ်ရမည်” ဟု ရေးသားထားပါသည်။ တဲတော်၏အပြင်ဖက် အဖုံးအကာများသည် ထောင့်မှန်စတုဂံပုံဖြစ်သည်။တိုင်များကိုတဲတော်၏တံခါးတွင် စိုက်ထားပြီး အသန့်ရှင်းဆုံးဌာနကိုကုလားကာထားလွတ်ကျန်သည့်အစိတ်အပိုင်းကိုပျဉ် ပြားများဖြင့် ကာထားပါသည်။ပျဉ်ပြားများကို ကန့်လန့်ကျင် ငါးချောင်းဖြင့် လျှိုထားပါသည်။
ကန့်လန်ကျင်ကို လျှိုစရာဖို့ ရွှေကွင်းများကို ပျဉ်ပြားတိုင်းတွင် တပ်ဆင်ထားကာကန့်လန်ကျင်ကိုအာကာရှသစ်သားဖြင့်ရွှေဖြင့်မွမ်းမံထား ရမည်။ကန့်လန့်ကျင်ငါးချောင်းကိုမြောက်ဘက်၊အနောက်ဘက်နှင့် တောင်  ဘက်တည်းဟူသောတဲတော်၏သုံးဘက်သုံးတန်တွင် တပ်ဆင်ထားရမည်။ ထိုပျဉ်ပြားများသည် လျှိုစရာရွှေကွင်းများ တပ်ဆင်ထားပြီး ထိုရွှေကွင်း များမှတစ်ဆင့်ကန့်လန့်ကျင်ကို လျှိုခြင်းဖြင့် တပ်ဆင်ရပါသည်။ ပျဉ်ပြား၏ အောက်ခြေတွင်ငွေခြေစွပ်ဖြင့်ထောက်ကန်ထားပြီး ပျဉ်ပြား၏ဘေးတစ် ဖက်တစ်ချက်စီတွင် ကန့်လန့်ကျင်များဖြင့် လျှိုထားသောအခါ ပျဉ်ပြားများ သည် နေရာတကျ ခိုင်ခံ့စွာ ရပ်တည်နိုင်ပါသည်။
ကာရံထားသည့် ပျဉ်ပြား(၄၈)ပြားတို့သည် တစ်စုနှင့် တစ်ခု ထောက်ကန်နိုင်ကြစေရန် ကန့်လန့်ကျင် ဓါးချောင်းဖြင့် လျှိုထားရသကဲ့သို့ ဘုရားသခင်၏လူအများသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် အချင်းချင်းချည်နှောင်ခြင်း ခံကြရပါသည်။ ဘုရားသခင်၏လူများတို့သည် ရေနှင့်ဝိညာဉ်တော်ကယ်တင်ခြင်းဆုကျေးဇူးကိုလက်ခံ၍ယုံကြည်ခြင်းဖြင့် အသက်ရှင်သူများစုပေါင်းစည်းဝေးရာနေရာ ဖြစ်သည်။ကိုယ်တော်သည် ကျောက်ပေါ်တွင်မိမိအသင်းတော်ကိုတည်ဆောက်ဖို့ယေရှုသည် ပေတရု အားမိန့်တော်မူခဲ့ပါသည်(မဿဲ ၁၆း၁၈-၁၉)။ထိုသို့ပင်ဘုရားသခင်၏နိုင်ငံ တော်တည်းဟူသော ဘုရားသခင်၏အသင်းတော်သည် အပြစ်ဆေးကြော ခြင်းခံရသူများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့်နေရာ ဖြစ်သည်။ အပြာ ရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည်ကြိုးဖြင့် ထင်ရှားခဲ့သည့် ယေရှု၏လုပ် ဆောင်ချက်ဖြင့် လောကအပြစ်အားလုံးမှကျွန်ုပ်တို့အားလုံးဝ ကယ်တင် တော်မူခဲ့ကြောင်း ဘုရားသခင်ဖွင့်ပြတော်မူခဲ့သည်။ 
ထွက် ၂၆း၂၈ တွင် “အလယ်ကန့်လန့်ကျင်ကို ထောင့်တစ်ဖက် တစ်ချက်စီ၌ ဆုံးစေရမည်” ဟုဖော်ပြထားပါသည်။ အလယ်ကန့်လန့်ကျင် သည် ပျဉ်ပြားအားလုံးထုတ်ချင်းဖောက်ခဲ့သည်။ အလယ်ကန့်လန့်ကျင်ကို ပျဉ်ပြားအားလုံးတစ်ဖက်စမှသည်တစ်ဖက်စွန်းတိုင်အောင် ဆက်မှီထားရ သည့်အကြောင်းရင်းကား အဘယ်သို့နည်း။၎င်း၏ဆိုလိုရင်းမှ- သူတို့သည် တစ်ဦးနှင့်တစ်ဦးဖြောင့်မတ်ခြင်းအားဖြင့် စည်းလုံး၍ ယုံကြည်ခြင်းဖြင့် မိသဟာယဖွဲ့မှုရှိကြရမည်။ တစ်နည်းအားဖြင့် သခင်ဘုရားပေးထားသည့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ပြည့်စုံသည့် ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့်ယုံကြည်၍တစ်ဦးနှင့်တစ်ဦး မိဿဟာယဖွဲ့ဆိုနိုင်ကြ ပါသည်။ ဖြောင့်မတ်သူများသည် သူတို့၏ယုံကြည် ခြင်းမျက်စိဖြင့်တစ်ဦး နှင့်တစ်ဦးကြည့်ရှုကြပါသည်။ထို့ကြောင့် သန့်ရှင်းသူ (သို့)အမှုတော်ဆောင် အချင်းချင်းတွေ့သည့်အခါတစ်ဦးနှင့်တစ်ဦးမိဿဟာဖွဲ့ခြင်းရှိကြ၍မိမိစိတ် ထဲမှမိဿဟာယဖွဲ့ခြင်းခံစားနိုင်ကြပါသည်။
 

“ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါးနှင့် ဘုရားသခင်တစ်ပါး”
 
ဧဖက် ၄း၃-၇ တွင် “အသင့်အတင့်ပေါင်းဖော်ခြင်း အဖွဲ့အစည်း အားဖြင့် သင်တို့သည်အချင်းချင်း စိတ်သဘောမခြားမနားတစ်လုံးတစ်၀ တည်း ဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့။ သင်တို့ကို ခေါ်တော်မူ ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းတစ်ပါးထဲသို့ခေါ်သွင်းတော်မူသည် နှင့် အညီ ကိုယ့်တစ်ကိုယ်၊ ဝိညာဉ်တစ်ဝိညာဉ်တည်းရှိ၏။ သခင်တစ်ပါး၊ ယုံ ကြည်ခြင်းတစ်ပါး၊ဗတ္တိဇံတစ်ပါး၊ခပ်သိမ်းသောငါတို့၏အဖဖြစ်သော ဘုရား သခင်တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့ ၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသောငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်း သောငါတို့၏အထဲ၌လည်းရှိတော်မူ၏။ သို့သော်ခရစ်တော်သည်ဆု ပေး တော်မူသည့်အတိုင်းငါတို့သည်ကျေးဇူးတော်ကိုအသီးသီးကိုယ်စီခံကြရပြီ” ဟု ဖော်ပြထားပါသည်။ တမန်တော်ပေါလုသည် ကျွန်ုပ်တို့အား ငြိမ် သက် ခြင်းချည်နှောင်မှုဖြင့်စည်းလုံးသည့်စိတ်ဓာတ်ရှိကြဖို့မိန့်မှာခဲ့ပါသည်။ယေရှု ၏ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်တည်းဟူသောအရာနှစ်ပါးဖြင့် ဖွဲ့စည်း ထား သည့်ကယ်တင်ခြင်းဆုကျေးဇူးကို လက်ခံသည့်အခါ ကျွန်ုပ်တို့စိတ်ထဲ တွင် ငြိမ်သက်ခြင်းခံစားရပါသည်။ကျွန်ုပ်တို့၏စိတ်ထဲတွင်အပြစ်ဆေကြောခြင်း ခံရသည့်အခါခရစ်တော်အားဖြင့်ကျွန်ုပ်တို့သည် မိသားစုဝင်များဖြစ်လာကြ ပါသည်။အတိုချုပ်အားဖြင့် ကျွန်ုပ်တို့သည် ခန္ဓာကိုယ်တစ်ခုတည်းဖြစ်လာ ကြပါသည်။
“သခင်တစ်ပါး” - ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည့် ယေရှု ခရစ်တစ်ပါးတည်းသာ ဖြစ်သည်။ “ယုံကြည်ခြင်းတစ်ပါး” - သင်သည်မည် သည့်အရာကို ယုံကြည်သနည်း။အပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့်အ ဖြူရောင် ချည်ကြိုးအားဖြင့်ထင်ရှားခဲ့သည့်ရေ၊ယေရှု၏အသွေးတော်နှင့်ဝိ ညာဉ်တော်တည်းဟူသောကယ်တင်ခြင်းကို သင်သည်ယုံကြည်ထားခြင်း မဟုတ်ပါလား။ “ဗတ္တိဇံတစ်ပါး” - တမန်တော်ပေါလုသည် ယေရှု၏ ဗတ္တိဇံ ကိုထပ်မံ၍ အထူးပြုဖော်ပြထားခဲ့ပြန်သည်။သူသည် လက်ဝါးကပ်တိုင်ကို ရည်ညွှန်းထားခြင်းမဟုတ်ဘဲ အခြေအနေနှင့်မဆိုင်သည့်ယုံကြည်များအား ဆေးကြောခြင်းတည်းဟူသောယေရှု၏ဗတ္တိဇံခံယူခြင်းကို အထူးသဖြင့်အ လေးအနက်ပြုထားကြောင်းတွေ့ရသည်။ကိုယ်တော်၏ဗတ္တိဇံကို ယုံကြည် သူကျွန်ုပ်တို့သည်ခရစ်တော်အထဲတွင် ဗတ္တိဇံခံသူများဖြစ်ကြပြီး ခရစ်တော် ကို ဝတ်ဆင်ထားသောသူများ ဖြစ်ကြသည်(ဂလာ ၃း၂၇)။ “သခင်တစ်ပါး” -ဘုရားသခင်သည်တစ်ဆူတည်းဖြစ်တော်မူ၏။ဘုရားသခင်သည်မိမိ၌တစ် ပါး တည်းသော သားတော်ကိုစေလွှတ်တော်မူ၍ ကျွန်ုပ်တို့အား ကယ်တင် တော်မူခဲ့ပါသည်။
ဤဖော်ပြချက်အားလုံးမှရေ၊အသွေးနှင့်ဝိညာဉ်တော်ဖြင့်ယုံကြည် ခြင်းကို ဆိုလိုသည်(၁ယော ၅း၈)။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကိုယုံကြည်ခြင်းကိုရရှိသည့်အခါ တစ်ဦးနှင့်တစ်ဦးစိတ်နှ လုံးဖြင့်မိဿဟာယဖွဲ့နိုင်ကြပါသည်။ အပြစ်ဆေးကြောခြင်း ခံရသော သူများသည် တစ်ဦးနှင့်တစ်ဦးသဘောထားချင်းတိုက်ဆိုင်မှု ရှိတတ်ကြပါ သည်။ တစ်ဦးနှင့်တစ်ဦး အပြည့်အဝအပြန်အလှန်နားမလည်နိုင်ကြသည့် အချိန်သည်ခေတ္တခဏသာဖြစ်သည်။ ပျဉ်ပြားများသည်တစ်ဖက်မှတစ်ဖက် စွန်းတိုင်အောင်ကန့်လန့်ကျင်လျှိုထားသကဲ့သို့ သူတို့သည် စိတ်နှလုံးအ လယ်ဗဟိုတွင်အပြစ်ဆေးကြောခြင်းကိုအမှန်တကယ်ခံယူခဲ့သော် သူတို့ သည် တစ်ဦးနှင့်တစ်ဦး မိဿဟာယဖွဲ့နိုင်ကြလိမ့်မည်။ “ဒီညီအစ်ကို ဟာလည်း အပြစ်မှကယ်တင်ခြင်းခံရပေမယ့်သူရဲ့ခန္ဓာကိုယ်က အားနည်း နေသေးတယ်။ သူ့ စိတ်ထဲမှာလည်းဇာတိစိတ်တွေအများကြီးရှိသေးတယ်။ လူတိုင်းဟာလည်းသူ့လိုဘဲမကောင်းမှုကျူးလွန်တဲ့ မျိုးစေ့တွေ ဖြစ်ပေမယ့် သခင်ဘုရားဟာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် အပြစ်ကို ဆေးကြောပေးရဆဲ ဖြစ်တယ်။”ထိုသို့ဖြင့်သူတို့သည် တစ်ဦးနှင့်တစ်ဦး နား လည်၍ သခင်ဘုရားကို ချီးမွမ်းကြပါသည်။
လူသည် မည်မျှပင် မပြည့်စုံမှုရှိစေကာမှု အပြစ်ဆေးကြောခြင်း ကို သင်တို့သည်ခံယူကာ အသင်းတော်ထဲတွင် ရှိမည်ဆိုလျှင် သူတို့၏မျက် နှာသည်ပွင့်လင်း၍သူတို့၏တွေးတောမှုသည်အလင်းတောက်ပခြင်း၊ သူတို့ ၏နှလုံးသားများသည်လည်း တောက်ပခြင်းများရှိပြီး သူတို့သည် တစ်ဦးနှင့် တစ်ဦး မိဿဟာယဖွဲ့နိုင်ကြလိမ့်မည်။ ဖြောင့်မတ်သူများသည် အမြင်ချင်း တူညီမှုရှိကြသည်။အဘယ်ကြောင့်ဤသို့တူညီနိုင်ကြပါသနည်း။ ယုံကြည် ခြင်း၏လုပ်ဆောင်မှုကြောင့်ဖြစ်သည်။ သူတို့သည် တစ်ခြားအခြေအနေ ကြောင့် အမြင်တူကြခြင်းမဟုတ်ဘဲယုံကြည်ခြင်းကြောင့်သာဖြစ်သည်။ အ ခြားသူများနှင့်အမြင်မတူနိုင်သည့်အခန်းကဏ္ဍကိုရှင်းပြနိုင်မည်လား။ ခရစ် တော်အထဲတွင် မရှိသောသူများ၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို စိတ်ထဲတွင်မယုံကြည်သောသူတို့အားကျွန်ုပ်တို့စိတ်ထဲတွင်ရှိသောအရာကို ဝေငှ၍မရပေ။ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုမယုံကြည်သောသူနှင့် ကျွန်ုပ်တို့ မိဿဟာယဖွဲ့၍ မရနိုင်ပေ။ 
ညီအစ်ကိုမောင်နှမအပေါင်းတို့ဘုရားသခင်၏တိကျသောအသင်း တော်ကား အဘယ်နည်း။ ၎င်းနေရာသည် ယေရှုခရစ်အားဖြင့် သန့်စင်ခြင်း ခံရသည့်သန့်ရှင်းသူများစုဝေးသည့်နေရာဖြစ်သည်(၁ကော ၁း၂)။ ထိုနေရာ သည်ယေရှုဗတ္တိဇံခံယူခြင်း၊မိမိအပြစ်များကို ဆေးကြောပေးခဲ့ကြောင်း၊ အ ပြစ်အားလုံးကို ယူတင်ဆောင်ရွက်ပြီး လက်ဝါးကပ်တိုင်ပေါ်ဝယ် ပြစ် ဒဏ်ခံရခြင်းဖြင့်သူတို့ကိုကယ်တင်ခဲ့ကြောင်းနှင့်ကိုယ်တော်သည်သေခြင်းမှတဖန်ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကယ်တင်ရှင်ဖြစ်လာတော် မူကြောင်းယုံကြည်သူများစုဝေးကြသည့်လူထုစည်းဝေးရာဖြစ်သည်။ဘုရား သခင်၏အသင်းတော်သည်အခြားနေရာမဖြစ်နိုင်ဘဲရေနှင့်ဝိညာဉ် တော်သ တင်းကောင်းကို ယုံကြည်သူများ စုဝေးသည့်နေရာဖြစ်သည်။
ကျွန်ုပ်တို့သည်အသင်းတော်ထဲတွင်ရှိသည့်အခါသင်နှင့် ကျွန်ုပ်တို့ ၏စိတ်ထဲတွင် ဤယုံကြည်ခြင်းရှိသောကြောင့် ကျွန်ုပ်တို့သည် အမြင် ချင်းတူညီမှုရှိနိုင်သည်။ဘုရားသခင်သည်ကျွန်ုပ်တို့၏ အပြင်ပိုင်းဆိုင် ရာပုံ သဏ္ဍာန်ကိုကြည့်‌တော်မမူဘဲစိတ်နှလုံးအလယ်ဗဟိုတွင် ရှိသောအရာများ ကိုသာ ကြည့်ရှုတော်မူသဖြင့် အပြစ်ဆေးကြောခြင်းကို ခံရသောသူတို့ သည်လည်း အပြင်ပိုင်းသဏ္ဍာန်ကိုကြည့်ရှု၍မရသဖြင့်ကျွန်ုပ်တို့သည်စိတ် နှလုံးအလယ်ဗဟိုတွင် ရှိသောယုံကြည်ခြင်းကိုကြည့်၍ မိဿဟာယဖွဲ့ရ မည်။ “ဒီလူဟာ တကယ်တမ်းသူ့စိတ်ထဲမှာ သမ္မာတရားကို ယုံကြည်သ လား။” ဤအရာသည် ကျွန်ုပ်တို့ရှာဖွေနေသည့်အရာဖြစ်သည်။ သူ၊သူမ၏ သမာဓိရှိမှုသည်မည်သို့ပင်ခြားနားစေကာမူ “သခင်တစ်ပါး၊ ယုံကြည်ခြင်း တစ်ပါး၊ ဗတ္တိဇံတစ်ပါး၊ ဘုရားသခင်တစ်ပါးနှင့်အလုံးစုံတို့၏ခမည်းတော်” ကို ယုံကြည်နေသရွေ့ ပြဿနာရှိလိမ့်မည်မဟုတ်ပေ။ 
ကျွန်ုပ်တို့သည် ယုံကြည်သောကြောင့် တဲတော်၏ပျဉ်ပြားများ၊ တိုင်များ၊ဘုရားသခင်၏အိမ်တော်သားများဖြစ်လာကြသည်။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုသင်သည်ယုံကြည်ပါသလား။ ဘုရားသခင်၏ အိမ် တော်တွင်တောက်ပသည့်ရွှေစင် (ယုံကြည်ခြင်း)တည်းဟူသော ကယ်တင် ခြင်းအလင်းကို ယုံကြည်သဖြင့် ကမ္ဘာအနှံ့သို့ ဖြန့်ဝေလျက် ရှိပါသည်။ သန့် ရှင်းသော ဝိညာဉ်တော်သည် သူတို့၏စိတ်ထဲတွင် ကျိန်းဝပ်လျက် ရှိသဖြင့် လောလောလတ်လတ်ပျဉ်ပြားများတစ်ဖက်မှတစ်ဖက်စွန်းတိုင်အောင် ကန့် လန့်ကျင်လျှိုထားသကဲ့သို့ သူတို့သည် စိတ်နှလုံးအလယ်ဗဟိုတွင်အပြစ် ဆေးကြောခြင်းကိုအမှန်တကယ်ခံယူခဲ့သော်သူတို့သည်တစ်ဦး နှင့်တစ်ဦး နားလည်၍ သခင်ဘုရားကိုချီးမွမ်းကြပါသည်။လူသည် မည်မျှပင် မပြည့်စုံ မှုရှိစေကာမူအပြစ်ဆေးကြောခြင်းကိုသူတို့သည်ခံယူကာ အသင်းတော်ထဲ တွင် ရှိမည်ဆိုလျှင်သူတို့၏မျက်နှာသည် ပွင့်လင်း၍သူတို့၏ တွေးတောမှု သည် အလင်းတောက်ပခြင်း၊ သူတို့၏နှလုံးသားများသည်လည်း တောက် ပခြင်းများရှိပြီး၊သူတို့သည်တစ်ဦးနှင့်တစ်ဦးမိဿဟာယဖွဲ့နိုင်ကြလိမ့်မည်။ ဖြောင့်မတ်သူများသည် အမြင်ချင်းတူညီမှုရှိကြသည်။ အဘယ်ကြောင့်ဤ သို့တူညီနိုင်ကြပါသနည်း။ယုံကြည်ခြင်းသည်ဤသို့ဖြစ်စေရန် လုပ်ဆောင် နိုင်ပါသည်။ သူတို့သည် တစ်ခြားအခြေအနေကြောင့် အမြင်တူကြခြင်း မဟုတ်ဘဲယုံကြည်ခြင်းကြောင့်သာဖြစ်သည်။ အခြားသူများနှင့် အမြင်မတူ နိုင်သည့်အခန်းကဏ္ဍကိုရှင်းပြပေးနိုင်မည်လား။ ခရစ်တော်အထဲတွင် မရှိ သောသူများ၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို စိတ်ထဲတွင် မယုံ ကြည်သောသူတို့အား ကျွန်ုပ်တို့၏စိတ်ထဲတွင်ရှိသောအရာကို ဝေငှ၍ မရ ပေ။ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မယုံကြည်သောသူနှင့် ကျွန်ုပ် တို့ မိဿဟာယဖွဲ့၍ မရနိုင်ပေ။ 
အပြစ်ဆေးကြောခြင်းကို လူတို့အနေဖြင့် လက်ခံကြသောအခါ “ခင်ဗျားအပြစ်ဆေးကြောခြင်းခံရပြီးပြီလား၊”“ခင်ဗျားရဲ့အပြစ်ကျန်နေသ လား(သို့)အားလုံးပျောက်သွားပြီလား။”စကားမစပ်သင့်ထံတွင်လည်းကျမ်း စာနှင့် ပတ်သက်၍မေးခွန်းမေးစရာများစွာ ရှိပါသလား။ ယုံကြည်ခြင်းဖြင့် ကြာမြင့်စွာလျှောက်လှမ်းပြီးနောက်သူတို့အားမေးမြန်းကြည့်ပါ။ သင်ကိုယ် တိုင်လည်း အချိန်ကြာလာသည်နှင့်အမျှ ချွတ်ယွင်းချက်များပေါ်လာပြီး အမှားများကို ကျူးလွန်မိပေလိမ့်မည်။ သို့သော် အသင်းတော်ကို ဦး ဆောင် နေရသူများမှ သင့်ကိုလမ်းညွှန်ပေးပြီးနောက်အရာရာသည်ပြန် လည်တည့် မတ်လာပါလိမ့်မည်”မေးလေ့ရှိကြသည်။ 
ညီအစ်ကိုမောင်နှမအပေါင်းတို့ကျွန်ုပ်တို့ သန့်ရှင်းသူများသည်အ သင်းတော်လိုအပ်လျက် ရှိသည်။  တဲတော်သည် ဘုရားသခင်၏ အသင်း တော်ကိုဆိုလိုသည်။ရေနှင့်အသွေးတော်ကိုမယုံကြည်သောသူသည် ဘုရား သခင်၏ အသင်းတော်သို့ လာရောက်နေထိုင်ခွင့်မရှိပေ။အပြာရောင်၊ ခရမ်း ရောင်၊အနီရောင်ချည်ကြိုးဖြင့်ထင်ရှားခဲ့သည်။ ရေနှင့်ဝိညာဉ်တော်သတင်း  ကောင်းကို မယုံကြည်သောသူသည်သခင်ယေရှု၏အသင်းတော်ထဲသို့ဝင် ရောက်နေထိုင်ခွင့်မရှိပေ။သမ္မာတရားကိုယုံကြည်သောသူ၊ အသင်းတော် တွင် နေထိုင်သောသူသည် ဘုရားသခင်၏လူ၊ အမှုတော်ဆောင်များဖြစ်၍ ဘုရားသခင်၏ဘုန်းတော်ကို မြင်ရလိမ့်မည်။ အသွေးတော်တစ်ခုတည်း (သို့) အသွေးအသား၏တစ်ခြားအရည်အချင်းအားဖြင့်သူတို့သည်ဘုရားသ ခင်၏လူမဖြစ်နိုင်ပေ။ အချို့သင်းအုပ်ဆရာများသည် မည်မျှပင်ဩဇာ ညောင်း စေကာမူ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မယုံကြည်လျှင် ဘုရားသခင်၏ သားသမီးဖြစ်နိုင်မည်မဟုတ်ကြပေ။ 
 


ရေနှင့်အသွေးတော်အားဖြင့် ကြွလာသူမှာယေရှုဖြစ်သည်။

 
သခင်ယေရှုလောကသို့ ကြွလာတော်မူ၍ လုပ်ဆောင်ခဲ့သည့်အ ရာများကိုအတိုချုပ်လိုက်မည်ဆိုလျှင်ကိုယ်တော့်ဖွားမြင်တော်မူခြင်း၊ဗတ္တိဇံခံယူတော်မူခြင်း၊ အသွေးတော်သွန်းလောင်းတော်မူခြင်းနှင့် ရှင်ပြန်ထ မြောက်တော်မူခြင်းတို့ဖြစ်သည်။ဤလုပ်ဆောင်မှုအားလုံးသည်ကိုယ်တော် ၏အပြစ်ဆေးကြောခြင်းဖြစ်သည်။ အပြာရောင်၊ ခရမ်း ရောင်နှင့်အနီရောင် ချည်ကြိုးအမှုတော်မြတ်လုပ်ငန်းဖြင့် ယေရှုသည် မိမိသာသနာလုပ်ငန်းကို ပြည့်စုံစေ‌တော်မူခဲ့သည်။တဲတော်ထဲရှိအပြာရောင်၊ ခရမ်းရောင်၊ အနီရောင် ချည်ကြိုး ထင်ရှားခဲ့သောအရာသည် အပြစ်မှ ကျွန်ုပ်တို့၏ကယ်တင်ခြင်း အတွက်ဖြစ်သည်။ ဘုရားသခင်၏ကယ်တင်ခြင်းသည် စေ့စပ်သေချာမှု ရှိသဖြင့်ကျွန်ုပ်တို့၏ကိုယ်ပိုင်လမ်းစဉ်ကို လိုက်၍မရပေ။ ကိုယ်တော့် ကယ် တင်ခြင်းကို ကိုယ်တော်ပေးတော်မူသည့်အတိုင်းယုံကြည်ရမည်။ 
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်မှသွန်း လောင်းတော်မူသောအသွေးတော်တည်းဟူသောကယ်တင်ခြင်း သမ္မာတ ရား နှစ်ပါးအတိုင်းကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တည့်မတ်မှန်ကန်စေရ မည်ဖြစ်သည်။ ထို့ကြောင့် စရွေးတံနှစ်ချောင်းသည် ငွေ ခြေစွပ်နှစ်ခုတွင် မှန်ကန်စွာစွပ်ထားခြင်းဖြစ်သည်။ သခင်ယေရှုကျွန်ုပ်တို့ အားပေးတော်မူ သည့် သမ္မာတရားကို လောကဆိုင်ရာ ဗဟုသုတတစ်ခုအဖြစ် သိထားပြီး ယုံကြည်ရုံသက်သက် မဟုတ်ပေ။ ငွေခြေစွပ်နှစ်ခုဖြင့် ထင်ရှားခဲ့သည့် ယေ ရှု၏ကယ်တင်ခြင်း လုပ်ဆောင်ချက်ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ရှေ့ တော်တွင် သင်နှင့်ကျွန်ုပ်သည် အပြစ်မှကယ်တင်ခြင်း ခံရသည်။
တဲတော်သည် ယေရှု၏ကယ်တင်ခြင်းနည်းစနစ်ကို ကျွန်ုပ်တို့ အားအသေးစိတ်ပြောပြပြီးထိုကယ်တင်ခြင်းသည်ကျွန်ုပ်တို့အတွက် ပြည့်စုံ ခဲ့ပြီးဖြစ်သည်ဟုထင်ရှားစေသည်။သင့်အား ဘုရားသခင်ပေးအပ်တော်မူ သည့် ကယ်တင်ခြင်းဆုနှစ်မျိုးကို ယုံကြည်ပါ။ တဲတော်တွင် အသုံးပြုသော ရွှေသည် ယုံကြည်ခြင်းကို ဆိုလိုသည်။ သမ္မာတရားကပြောလျှင် ပြော သည့်အတိုင်း သင်သည်ယုံကြည်မည်ဆိုလျှင် ကယ်တင်ခြင်းနှင့်သခင် ဘုရား၏ဘုန်းတော်သည်သင်၏ဥစ္စာဖြစ်လာပြီးမယုံလျှင်မဖြစ်နိုင်ပေ။ ယုံ ကြည်ခြင်းအားဖြင့် တဲတော်အတွင်း အသက်ရှင်ဖို့သော်၎င်း၊ ဘုရားသ ခင်၏ဘုန်းတော်ကို ဝတ်ဆင်လျက်သူ၏ကွယ်ကာမှုရရှိဖို့သော်၎င်း၊ အလို ရှိသလား (သို့)သင်သည်မယုံကြည် ဘဲနေ၍ထာ၀စဉ်ကျိန်ဆဲခြင်းအမင်္ဂလာ ကိုခံယူလိုပါသလား။ယေရှု၏အသွေး တော်တစ်မျိုးတည်းကိုသာသင်သည် ယုံကြည်မည်ဆိုလျှင်သင်သည်ကယ်တင်ခြင်းခံရမည် မဟုတ်ပေ။ လက်ဝါး ကပ်တိုင်မှအသွေးတော်နှင့်ဗတ္တိဇံသည်တစ်ပါးတည်းဖြစ်ကြောင်းသင်သည် ယုံကြည်ရမည်။ သခင်ဘုရား၏ဆုကျေးဇူးသည် အရာနှစ်ခုအားဖြင့် ဖွဲ့ စည်းထားပါသည်။
ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်နှစ်မျိုးစလုံးကို ယုံကြည်မှသာ လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့စိတ်ထဲတွင် ကျိန်းဝပ်နိုင် မည်။ ထိုအရာတို့ကို မယုံကြည်သောသူ၏စိတ်ထဲတွင် သန့်ရှင်းသော ဝိ ညာဉ်တော်သည်ကျိန်းဝပ်နိုင်မည်မဟုတ်ပေ။စိတ်နှလုံးထဲမှအမှန်စင်စစ်ယုံ ကြည်ခြင်းမရှိဘဲနှုတ်အားဖြင့်သာယုံကြည်ပါသည်ဟုသင်သည်ဝန်ခံမည်ဆို လျှင် သင်သည် ဥာဏ်ပညာအားဖြင့်သာ ယုံကြည်သူဖြစ်သဖြင့် ကယ်တင် ခြင်း မည်သည့်အခါရနိုင်မည် မဟုတ်ပေ။ ကယ်တင်ခြင်းရဖို့ရန် သင်သည် ရှေးဦးစွာကယ်တင်ခြင်းနယ်မြေကန့်သတ်ချက်မျဉ်းကြောင်းကို အရင်ဆွဲရ မည်။ယခုအချိန်အထိ ကျွန်တော်ကယ်တင်ခြင်းမရရှိသေးပေ။ ကျွန်တော်ရ ရှိခဲ့တဲ့ ကယ်တင်ခြင်းဟာ အစစ်မဟုတ်ဘူး။ ရေနှင့်အသွေးတော်ဖြင့် ကြွ လာသည့်ယေရှုကို ယုံကြည်ခြင်းဖြင့်ယခုကျွန်ုပ်သည်ကယ်တင်ခြင်းရရှိပြီ။ လူသည် ဖြောင့်မတ်သောသူဖြစ်ဖို့ရန် ရှေးဦးစွာ အပြစ်သားဖြစ်ဖို့ လိုသည်။ သူတို့သည် ကယ်တင်ခြင်း မရရှိသေးကြောင်း မိမိကိုယ်ကို အသိအ မှတ်ပြုခြင်း၊သူတို့သည် အပြစ်အတွက် ကဲ့ရဲ့ရှုတ်ချမှုခံယူခြင်းရှိပြီး ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်သူတစ်ဦးဖြစ်ကာ ပြည့်စုံစွာ ကယ် တင်ခြင်း ခံရပါသည်။
အပြာရောင်နှင့် ခရမ်းရောင်၊ ဗတ္တိဇံနှင့် ယေရှု၏အသွေးတော်ဖြင့် ကျွန်ုပ်တို့သည်ပြည့်စုံသောကယ်တင်ခြင်းလက်ခံရရှိနိုင်ပါသည်။သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့်သခင်ယေရှုသည်ပြည့်စုံသောကယ်တင် ခြင်း ဆုကျေးဇူးကိုကျွန်ုပ်တို့အားပေးအပ်တော်မူခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဆင်ခြင်တွေးတောမှုကို အခြေခံ၍ယုံကြည်ချက်ကို တားဆီးဖို့အလို့ငှါ သ ခင်ယေရှုသည် ဤကယ်တင်ခြင်းကိုတဲတော်အားဖြင့် အသေးစိတ်ဖော်ပြ တော်မူခဲ့ပါသည်။ ကယ်တင် ခြင်းသည်တန်ဖိုးကြီး၍ပြည့်စုံသဖြင့်လူတိုင်း က ယုံကြည်လက်ခံထိုက်သည်။ လက်ဝါးကပ်တိုင်၏အသွေးတော်ကို အ ခြေခံ၍ကယ်တင်ခြင်း ပုံပန်းသဏ္ဍာန်ကိုမယုံကြည်ဘဲဗတ္တိဇံနှင့် ယေရှု၏အ သွေးတော်ကိုတစ်ပြိုင်နက်တည်းယုံကြည်ရမည်။ကျွန်ုပ်တို့အထဲတွင် ကယ် တင်ခြင်း မရသေးသူရှိမည်ဆိုလျှင် ဤသမ္မာတရားကို ယုံကြည်ခြင်းဖြင့် ယခုပင်လျှင်သူ၊သူမသည်ကယ်တင်ခြင်းရမည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။
သင်တို့အထဲမှာ ဤသို့သောသူရှိပါသလား။ အခွင့်အလမ်းသည် အစဉ်အမြဲရှိပါသည်။ ထိုအခွင့်အလမ်းကို ကျွန်ုပ်တို့သည် ဘယ်သော အခါမျှသဘောပေါက်လာမည့်ပုံမပေါ်ပါ။မည်သို့ပင်ဖြစ်စေ  ကယ်တင်ခြင်း မရသည့်လူစုထဲတွင်ကျွန်ုပ်သည်မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့သည်အပြာရောင် နှင့်အနီရောင်ချည်ကြိုး၊ ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်ခြင်း အားဖြင့်ပြီးပြည့်စုံသောကယ်တင်ခြင်းကိုလက်ခံရရှိကြပါသည်။ဤဆုကျေး ဇူးနှစ်ပါးဖြင့်သခင်ယေရှုသည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သဖြင့် ဘုရားသခင်ကို ကျွန်ုပ်ကျေးဇူးတင်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်၏ ပြည့်စုံသောကယ်တင်ခြင်းကိုပြည့်စုံစေတော်မူ၍ကျွန်ုပ်သည် ကျိန်ခြင်းအ မင်္ဂလာများ၏တရားစီရင်ခြင်းမှ လွတ်မြောက်ခြင်းအခွင့်ကို ပေးတော်မူခဲ့ ပြီးဖြစ်သည်။ 
အပြာရောင်၊ အနီရောင် ချည်ထည်ဖြင့် ဖြစ်လာသည့် ကယ်တင် ခြင်းသည်ယခုပြောနေသည့် စကားလုံးများထက် အမှန်ပင် တန်ဖိုးရှိပါ သည်။ သင်၏ကယ်တင်ခြင်းသည် လက်ဝါးကပ်တိုင်မှ အသွေးတော် (သို့) ယေရှု၏ဗတ္တိဇံတစ်မျိုးတည်းဖြင့် ပြည့်စုံစွာ ပြုလုပ်ထားခြင်းမဟုတ်ပေ။ ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်မှအသွေးတော်နှစ်မျိုးဖြင့်ဖွဲ့စည်းထားသဖြင့် ထို အရာနှစ်မျိုးစလုံးကို ယုံကြည်ခြင်းဖြင့် သင်သည် ဘုရားသခင်၏ သားသမီး ဖြစ်နိုင်သည်။ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်ထာ၀ရအသက်ကိုရရှိကြသည်။တဲတော်ပျဉ်ပြားများရှိ စရွေး တံနှစ်ချောင်းနှင့် ငွေခြေစွပ်နှစ်ခုတို့တွင်လျှို့ဝှက်ချက်ရှိသည်။ 
လောကအပြစ်များမှကျွန်ုပ်တို့အားကယ်တင်တော်မူခဲ့သော ကျွန်ုပ်တို့၏သခင်ဘုရားယေရှုအား ကျေးဇူးတော်ချီးမွမ်းခြင်းအလုံးစုံဖြင့် ကျွန်ုပ်ချီးမွမ်းပါသည်။ ဟာလေလုယာ