Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-16] ပဋိညာဥ်သေတ္တာထဲတွင် ဝိညာဉ်ရေးရာ လျှို့ဝှက်ချက် ဖုံးကွယ်ထားခြင်း (ထွက် ၂၅း၁၀-၂၂)

ပဋိညာဥ်သေတ္တာထဲတွင် ဝိညာဉ်ရေးရာ လျှို့ဝှက်ချက် ဖုံးကွယ်ထားခြင်း
(ထွက် ၂၅း၁၀-၂၂)
“အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင် ထွာရှိသော သေတ္တာကို၊ အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံရမည်။သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သောရွှေတန် ဆာကိုလည်း လုပ်ရမည်။ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာ နှစ်ကွင်းစီတပ်ရမည်။အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့် မွမ်းမံပြီးမှ၊သေတ္တာထမ်းစရာဘို့ တဘက်တချက်ရွှေကွင်းထဲသို့ လျှိုထားရ မည်။ထိုထမ်းဘိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ်အစဉ် ရှိစေရ မည်။ ငါပေးသော သက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာ ထားရမည်။အ လျားနှစ်တောင်ထွာ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။ရွှေခေရုဗိမ်နှစ်ပါးကိုလည်းသေတ္တာအဖုံးတွင် အလျားတ ဘက်တချက်၌ ထုလုပ်ရမည်။ ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံး ကိုယ်ထဲ ကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီလုပ်ပြီးလျှင်၊ ခေရုဗိမ် နှစ်ပါးတို့သည်မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍သေတ္တာဖုံးကိုမိုးရမည်။သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည်။ ငါပေးသောသက်သေခံချက်ကိုလည်း သေတ္တာထဲမှာ ထားရမည်။ ထိုအရပ် ၌ ငါသည် သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါး စပ်ကြားမှာသင်နှင့်နှုတ်ဆက်သဖြင့်၊ ဣသရေလအမျိုးသား တို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။”
 
 
ပဋိညာဥ်သေတ္တာ
ယနေ့အဖို့ ခေါင်းစဉ်မှာ ပဋိညာဉ်သေတ္တာဖြစ်သည်။ ပဋိညာဉ် သေတ္တာ အမြင့် ၁၁၃ မီတာ (၃.၂ပေ)၊ အရှည် ၆၈ စင်တီမီတာ (၂.၂ပေ) ၃.၇ပေ၊ အနံ ၆၈ စင်တီမီတာ (၂.၂ပေ) သည် အာကာရှ သစ်သားဖြင့် ပြု လုပ်ထားပြီးရွှေဖြင့်ကွပ်ထားပါသည်။သေတ္တာအထဲတွင် ပညတ်တော်ဆယ် ပါးကျောက်ပြားနှစ်ပြားမန္ခမုန့်ထည့်ထားသည့်ရွှေအိုးနှင့်အာရုန်လှံတံတော် ထည့်ထားကြပါသည်။ ပဋိညာဉ်သေတ္တာထဲတွင် ဤအရာသုံးမျိုးကို အ ဘယ့်ကြောင့်ထည့်ထားရပါသနည်း။ဤအရာသုံးပါးဖြင့် ယေရှု၏အမှုတော် မြတ်လုပ်ငန်းသုံးမျိုးကိုအသေးစိတ်ရှင်းပြလိုပါသည်။ ပဋိညာဉ်သေတ္တာအ ထဲတွင်ထည့်ထားသည့်အရာသုံးမျိုးဖြင့်ထင်ရှားခဲ့သည့်ဝိညာဉ်ရေးရာသမ္မာ တရားကိုယခုဆင်ခြင်ကြပါစို့။
 

ကျောက်ပြားနှစ်ပြားပေါ်တွင်ပညတ်တော်ကဗ္ဗည်းထိုးထားသည်
 
ပဋိညာဉ်သေတ္တာတွင် ပါဝင်သောပစ္စည်းများ
သက်သေခံပဋိညာဥ်သေတ္တာထဲတွင်ချထားသောပညတ်တော်ထု ထားသည့်ကျောက်ပြားနှစ်ပြားက ဘုရားသခင်သည် မိမိပညတ်တော်ကို ပေးအပ်တော်မူသောဘုရားဖြစ်တော်မူကြောင်းထင်ရှားသည်။ ရောမ ၈း၁-၂တွင် “ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌ တည်၍ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။ ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရားလက်မှ၎င်း၊ သေခြင်းတရား၏ လက်မှ၎င်း၊ ငါကိုကယ်လွှတ်ပြီ”ဟု ဖော်ပြထားပါသည်။ ဤကျမ်းပိုဒ်အရ ဘုရားသခင်သည် အသက်နှင့်ဆိုင်သောပညတ်တရား၊ အပြစ်တရားစီရင် ခြင်းနှင့် ဆိုင်သောပညတ်တရားဟူ၍ နှစ်မျိုးရှိသောတရားကို ကျွန်ုပ်တို့၏ စိတ်ထဲတွင် တည်ထောင်အစပြုပေတော်မူကြောင်းထင်ရှားသည်။
ဤပညတ်တရားနှစ်မျိုးဖြင့် သခင်ဘုရားသည် အပြစ်တရားစီရင် ခြင်းနှင့်ကယ်တင်ခြင်းတို့ကိုလူသားမျိုးနွယ်စုအတွက် သခင်ယေရှုသည် ယူဆောင်လာတော်မူခဲ့ပါသည်။ ရှေးဦးစွာ ပညတ်တရားအရကျွန်ုပ်တို့ သည် အပြစ်သားများဖြစ်သဖြင့် ငရဲသို့ကျဖို့သတ်မှတ်ခြင်းခံရသူများဖြစ် သည်။ သို့သော် ကျွန်ုပ်တို့သည်အပြစ်သားများဖြစ်ကြသဖြင့် ငရဲသို့ကျဖို့ သတ်မှတ်ခြင်းခံရသူများဖြစ်သည်။ သို့သော် မိမိ၏အပြစ်ရှိခြင်း သဘာဝ၊ ကံဆိုးမိုးမှောင်ကျခြင်းကိုသဘောပေါက်သူတို့အား မိမိကယ်တင်ခြင်းပ ညတ်တရားတည်းဟူသော “ခရစ်တော် ယေရှုအားဖြင့်အသက်ဝိညာဉ်ဆိုင် ရာပညတ်တရား”ကိုဘုရားသခင်သည်ကျွန်ုပ်တို့အား ပေးအပ်တော်မူပါ သည်။ အားလုံးအတွက် ဤပညတ်တရားနှစ်ပါးကို ပေးအပ်တော်မူခြင်း အားဖြင့် ဘုရားသခင်သည် စစ်မှန်သော ကယ်တင်ရှင်ဖြစ်တော်မူပါသည်။
 

ရွှေအိုးထဲတွင် ထည့်ထားသည့် မန္နမုန့် 
 
မန္နမုန့်ထည့်ထားသည့် ရွှေအိုးကိုလည်း သေတ္တာထဲတွင် တွေ့ရပါ သည်။ နှစ်ပေါင်း(၄၀)အတွင်း သဲကန္တရတောထဲတွင် ဣသရေလလူမျိုးများ လည်ပတ်သည့်အခါ ဘုရားသခင်သည် ကောင်းကင်မှအစာများကို ချပေး တော်မူခဲ့ပြီးဣသရေလူမျိုးများသည်နည်းလမ်းမျိုးစုံအားဖြင့် ချက်ပြုတ်စား သောက်ခဲ့ကြပါသည်။၎င်းသည် နံနံစေ့အဖြူနှင့်တူ၍ပျားရည်ဖြင့် လုပ်ထား သည့် ဝေဖာမုန့်အရသာနှင့်တူသည်။ ဤမန္နမုန့်သည် ဣသရေလူမျိုးများ ခါနာန်ပြည်သို့ဝင်ရောက်သည့်အချိန်အထိ အသက်ရှင်ဖို့ရန် စားသောက် သောအစားအစာဖြစ်သည်။ ထို့ကြောင့်ဤမုန့်ကို အစဉ်သတိရဖို့ရန်အိုးထံ တွင် ထည့်၍သိမ်းထားခြင်း ဖြစ်သည်။
ယနေ့ယုံကြည်သူများသည်လည်း ဘုရားသခင်၏ဝိညာဉ်ရေးရာ သားသမီးများဖြစ်သည်နှင့်အညီ ကောင်းကင်နိုင်ငံမရောက်မီလောကတွင် အသက်ရှင်စဉ်အခါ အသက်မုန့်ကိုစားရမည်။ သို့သော် ဘုရားသခင်၏ နှုတ် ကပတ်တော်အစား လောကသွန်သင်မှုတည်းဟူသော လောကအစာကိုစား ချင်သည့် အချိန်များစွာ ရှိသည်။ ဘုရားသခင်၏သားသမီးများသည် ဝိညာဉ် ရေးရာခါနာန်ပြည်မရောက်မီ ကောင်းကင်မှကျလာသည့် ဝိညာဉ်ရေးရာ စစ်မှန်သော အသက်တည်းဟူသောဘုရားသခင်၏နှုတ်ကပတ်တော်အား ဖြင့်မှန်ကန်စွာအသက်ရှင်ရမည်။
တစ်စုံတစ်ယောက်အနေဖြင့်ဝိညာဉ်အစာကိုစားသည့်အခါငြီးငွေ့ ခြင်းမရှိနိုင်ပေ။ ဝိညာဉ်အစာကို ကျွန်ုပ်တို့စားလေ လေကျွန်ုပ်တို့ဝိညာဉ်အ ဖို့အဟာရဖြစ်လေလေဟုတွေ့ရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အ စားလောကသွန်သင်မှုများကိုဝိညာဉ်အစာအဖြစ်စားပါက ကျွန်ုပ်တို့၏ဝိ ညာဉ်သည်မကြာမီသေခြင်းဖြင့်အဆုံးသတ်ရလိမ့်မည်။
ကောင်းကင်မှကျလာသော မန္နမုန့်ကို အိုးထဲတွင်ထည့်၍ သိမ်း ထားဖို့ဘုရားသခင်သည် ဣသရေလ လူတို့အား မိန့်တော်မူခဲ့ပါသည်။ထွက် ၁၆း၃၃တွင်“အိုးတစ်လုံးကိုယူ၍မန္နတသြမဲကို ပြည့်ထည့်ပြီးလျှင် သင်တို့ လူမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ သူတို့အဖို့သိုထားရသော သြမဲ တစ်သြမဲကိုဖြည့်ကြလော့”ဟုဖော်ပြထားသည်။ကောင်းကင်မှကျဆင်းလာ သည့် မုန့်သည်လူတို့၏အသက်ဝိညာဉ်အတွက်စစ်မှန်သောအ သက်မုန့် ဖြစ်သည်။တရား၈း၃တွင် “ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော်မူ သောအခါ သင်သည်ကိုယ်တိုင်မသိ၊သင်၏ဘိုးဘေးမိဘူးသော မန္နနှင့်ကျွေး မွေးတော်မူ သဖြင့် လူသည်မုန့် အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်၊ ဘုရားခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏” ဟုထပ်မံဖော်ပြထားသည်။ 
 


ကျွန်ုပ်တို့အတွက် စစ်မှန်သောအသက်မုန့်ကား အဘယ်သူနည်း

 
ယေရှု၏ခန္ဓာကိုယ်အားဖြင့် ကျွန်ုပ်တို့၏အပြစ်များကို ယူတင် ဆောင်ရွက်ကာ ဗတ္တိဇံခံယူခြင်း၊လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော် မူခြင်း၊အသွေးတော်သွန်းလောင်းတော်မူခြင်းတို့သည်ကျွန်ုပ်တို့အတွက်စစ်မှန်သောအသက်မုန့်ဖြစ်သည်။ ကိုယ်တော်ခန္ဓာကိုယ်နှင့်အသွေးတော်ကို ပေးအပ်တော်မူခြင်းအားဖြင့်ယေရှုခရစ်သည် အသက်မုန့်ဖြစ်တော်မူသည်။  ယောဟန်၆း၄၈-၅၈တွင်သခင်ဘုရားက“တဖန်အာရုန်သည် ပရိသတ်စည်း ဝေးရာတဲတော်ထဲသို့ဝင်၍ သန့်ရှင်းရာဌာနတော်ထဲသို့အရင်ဝင် သောအခါ၊ ဝတ်သောပိတ်ချောအဝတ်ကိုချွတ်၍ ထိုအရပ်၌ထားရမည်။ သန့်ရှင်းရာဌာ န၌ ကိုယ်ကိုရေချိုး၍ မိမိအဝတ်ကိုဝတ်ပြီးမှ တဖန်ထွက်လာ၍ မိမိမီးရှို့ ရာယဇ်၊ လူများမီးရှို့ရာယဇ်ကိုပူဇော်သဖြင့် မိမိအဘို့နှင့်လူ များအဖို့အပြစ် ဖြေခြင်းကိုပြုရမည်။ အပြစ်ဖြေရာယဇ်ကောင်းဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ လွတ်လပ်လဟာသို့ ဆိတ်ကိုလွှတ်လိုက်သော သူသည်လည်း မိမိအဝတ်ကိုလျှော်၍ကိုယ်ကိုရေချိုးရမည်။ထိုနောက်မှ တပ်ထဲသို့ဝင်ရ မည်။ သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှာဆောင်သွင်း သောအသွေးနှင့်ဆိုင်သောအပြစ်ဖြေရာယဇ်နွားကို၎င်း၊အပြစ်ဖြေရာ ယဇ် ဆိတ်ကို၎င်း တပ်ပြင်သို့ယူသွား၍ အရေ၊ အသား၊ ချေးနုကို မီးရှို့ရမည်။ မီးရှို့သောသူသည်လည်း မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ထို နောက်မှတပ်ထဲသို့ဝင်ရမည်။ သင်တို့သည် အစဉ်စောင့်ရသော ပညတ် တော်ဟူမူကာ၊အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေသော တပါးအ မျိုးသားဖြစ်စေ၊သတ္တမလဆယ်ရက်နေ့၌အလုပ်ကိုအလျှင်းမလုပ်၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည်။ အကြောင်းမူကား သင်တို့သည်ထာဝရဘုရားရှေ့ တော်၌အပြစ်ရှိသမျှတို့နှင့်ကင်းစင်မည်အကြောင့်၊ ထိုနေ့ရက်သည် ထာဝရ ပညတ်တော်အတိုင်း၊ သင်တို့ငြိမ်ဝပ်ရာဥပုသ်နေ့ခြိုးခြံ စွာကျင့်ရသောနေ့ ဖြစ်သတည်း။အဘအရာ၌ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှာ အပြစ် ဖြေခြင်းကိုပြုရမည်။”
“သင်တို့ဘိုးဘေးများသည် တော်၌ မန္နကိုစားလျက် သေရကြ၏။ ကောင်းကင်မှဆင်းသက်သော မုန့်ကိုစားသောသူသည် သေခြင်းနှင့်ကင်း လွတ်၏”ဟုသခင်ယေရှုမိန့်တော်မူခဲ့သည်။ကောင်းကင်မှလာသောအသက် မုန့်ကားအဘယ်နည်း။၎င်း၏အဓိပ္ပါယ်မှာ ယေရှု၏အသားနှင့် အသွေးတော် ဖြစ်သည်။ ကျမ်းစာထဲတွင်ယေရှု၏ခန္ဓာကိုယ်ဆိုသည်မှာ- ယေရှုခရစ်သည် ကျွန်ုပ်တို့အလောကသားအားလုံး၏အပြစ်များကို သယ်ဆောင်၍ယောဒန် မြစ်တွင် ယောဟန်လက်မှဗတ္တိဇံခံယူခဲ့ခြင်းကို ဆိုလိုသည်။ ယေရှု၏အ သွေးတော်ဖွင့်ပြထားသည်မှာ-ကိုယ်တော်သည် လောကအပြစ်အားလုံးကို သယ်ဆောင်၍ အပြစ်ဒဏ်စီရင်ခြင်းကို ခံတော်မူပြီးလက်ဝါးကပ်တိုင်ပေါ် တွင် အသေခံတော်မူခဲ့သည်။
ပဋိညာဉ်သေတ္တာအတွင်းသို့ ထည့်ထားသည့်မန္နမုန့်အိုးသည် ထို စဉ်ကဣသရေလလူမျိုး သဲကန္တရတောထဲတွင် လှည့်လည်စဉ်အသက် မုန့်ဖြစ်ပြီး ဓမ္မသစ်ကာလတွင်ဝိညာဉ်ရေးရာ၌ သခင်ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို ဆိုလိုသည်။ သခင်ယေရှုသည်အပြစ်သားများ၏အပြစ်အား လုံးယူတင်ဝတ်ဆောင်တော်မူ၍မိမိခန္ဓာကိုယ်သစ်သည် ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်တွင်အ သွေးတော်သွန်းလောင်းတော်မူ ခြင်းဖြင့်လက်ဝါး ကပ်တိုင်ပေါ်ဝယ်အသေခံတော်မူခဲ့သည်။ဗတ္တိဇံနှင့်အသွေးတို့သည် ဒုတိယ မွေးဖွားခြင်းကိုဖြစ်စေပြီး အသက်သစ် ထာဝရ သက်စမ်းရေဖြစ်လာသည်။
သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် အပြစ်သားများ၏ ဒုစရိုက်အပြစ်အားလုံးကို ကိုယ်တော့်အပေါ်သို့တင်၍ မိမိခန္ဓာကိုယ်ကိုစ တေးတော်မူလျက်လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း ခြင်းတို့သည် အပြစ်သားများကိုအပြစ် ဆေးကြောခြင်းပေးဖို့ရန် အသက် မုန့်ဖြစ်သည်။ ယော ၆း၅၃တွင် ယေရှုကလည်း “ငါအမှန်အကန်ဆိုသည် ကား လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌အ သက် မရှိ” ဟုမိန့်တော်မူချက်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ရမည် ဖြစ်သည်။ 
 

မည်သူသည် သာ၍ကြီးမြတ်တော်မူသနည်း 
 
ယောဟန် (၆)ကို ကြည့်မည်ဆိုလျှင် ဣသရေလလူမျိုးများသည် ယေရှုထက်မောရှေသည်ပိုကြီးမြတ်သည်ဟု ယူဆကြသည်ကိုတွေ့ရသည်။  ယေရှုလောကသို့ကြွလာသည့်အခါ “သင်သည်ကျွန်ုပ်တို့၏ဖခင်မောရှေ ထက်သာ၍ကြီးမြတ်သလော”ဟုမေးမြန်းခြင်းခံတော်မူခဲ့သည်။အမှန်အား ဖြင့် သူတို့သည် မောရှေကို အကြီးမြတ်ဆုံးပုဂ္ဂိုလ်အဖြစ်အသိအမှတ်ပြုကြ သည်။ သူတို့သည်သခင်ယေရှုကို မေရှိယအဖြစ် အသတ်မှတ်ကြပေ။သူတို့ ကယေရှုအား ရိုးရိုးသာမန်လူတစ်ဦးအဖြစ်သာ မြင်တွေ့ခဲ့ကြသည်။ ထို့ ကြောင့် သူတို့သည် ဤသို့သောမွေးခွန်းဖြင့် စိန်ခေါ်ခဲ့ကြသည်။ “သင် သည်မောရှေထက်သာ၍ ကြီးမြတ်သလား။”ဣသရေလလူမျိုးများသည် ယေဟောဝါဘုရားသခင်ကို ယုံကြည်ခဲ့ကြသည်။ အသက် ၃၀ နှစ်သာရှိ သောလူငယ်တစ်ဦးက “သင်တို့၏ဘိုးဘေးများသည်မန္နမုန့်စား၍သေရကြ ၏။ငါပေးသောမုန့်ကို စားသောသူမူကားသေခြင်းနှင့် ကင်းလွတ်လိမ့်မည်” ဟုပြောခဲ့ပါသည်။ ဤအကြောင်းကြောင့်သူတို့သည်မောရှေနှင့်ယေရှုနှစ် ဦးစလုံးတို့၏တန်ခိုးကို နှိုင်းယှဥ်ခြင်းပင် ဖြစ်သည်။ 
ထို့နောက်ယေရှုက“အာဗြဟံမဖြစ်မီငါဖြစ်၏”ဟု မိန့်တော်မူခဲ့ သည်။သခင်ယေရှုသည် လူ့သမိုင်းတွင်ရှိသမျှ လူသားအားလုံးထက် အကြီး မြတ်ဆုံးဖြစ်၍ဖန်ဆင်းရှင်ဘုရားလည်းဖြစ်တော်မူသည်။ ဖန်ဆင်းခြင်းခံရ သည့်သတ္တဝါများသည် ဖန်ဆင်းရှင်အား အဘယ်သို့စိန်ခေါ်ဝံ့ခဲ့ကြသနည်း။ အချို့တို့က ကြီးမြတ်သောဆရာတစ်ဦးအဖြစ်သာ မြင်ကြသော်လည်း လူ သားများထက် အကြီးမြတ်ဆုံးပုဂ္ဂိုလ်ပင်ဖြစ်သည်။ မည်မျှပင်ပျက်ပယ်ပြု ကြပါသနည်း။ ယေရှုသည် ဘုရားသခင်၊ ဘုရင်တကာတို့၏ဘုရင် စကြာဝ ဠာကို ဖန်ဆင်းသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် သဗ္ဗေညုတ္တ ဥာဏ်တော်ရှင်ဘုရား၊ အနန္တတန်ခိုးရှင်ဘုရားဖြစ်တော်မူသည်။ သို့သော် သခင်ယေရှုသည် မိမိကိုယ်ကိုနှမ့်ချတော်မူချက် သင်နှင့်ကျွန်ုပ်တို့အား အပြစ်များနှင့်ထာဝရသေခြင်းမှကယ်တင်ရန် ဤလောကသို့ကြွလာတော် မူ၍ စစ်မှန်သောကယ်တင်ရှင်ဖြစ်တော်မူသည်။ 
ယေရှုခရစ်တော်က“ပရောဖက်ကျမ်းများ၌ ရေးသားထားသည်အ တိုင်း၊ခမည်းတော်ထံမှသင်ကြားခဲ့ရသူ၊ ကြားခဲ့ရသောသူတို့သည် ငါထံသို့ လာကြ လိမ့်မည်။ ဘုရားသခင်ထံမှကြွလာသောသူခမည်းတော်ကိုမြင်ခဲ့ သော သူမှတစ်ပါးအဘယ်သူမျှခမည်းတော်ကိုမမြင်စဖူး” ဟုမိန့်တော်မူခဲ့ သည်။  နောက်ဆုံးတွင် ယေရှုသည် ယုဒလူမျိုးများ စောင့်ဆိုင်းခဲ့သည့် ခ ရစ်တော်ဖြစ်ကြောင်း ဝန်ခံခဲ့ကြပါသည်။ သို့သော်သူတို့သည် ယေရှုပြောခဲ့ သည့် စကားအပါ် ယုံကြည်လက်ခံခြင်းမရှိခဲ့ကြသဖြင့်ကြီးမားသည့် အထင် အမြင်လွှဲမှားမှုများဖြစ်ပေါ်လာခဲ့ပါသည်။ “သင်သည် ကိုယ့်အသားကိုစားဖို့ ကျွန်ုပ်တို့အား မည်သို့ပေးမည်နည်း။ အကယ်၍ငါ၏အသားကိုစား၍ ငါ ၏အသွေးကိုသောက်သောသူသည် ထာဝရအသက်ကို ရရှိလိမ့်မည်ဟု သင် သည်ပြောခဲ့သည်မဟုတ်ပါလား။ သင်သည် ကျွန်ုပ်တို့အား အသားစား သတ္တဝါဟုထင်ပါသလား။”
ယေရှု၏အသားကိုစားသောသူ၊ အသွေးကိုသောက်သောသူသည် အစဉ်အမြဲအသက်ရှင်လိမ့်မည်။ယေရှု၏အသားသည်အသက်မုန့်ဖြစ်သည်။ စစ်မှန်သောမန္နမုန့်တည်းဟူသော အိုးထဲတွင်ထည့်ထားသော အသက်မုန့် သည်ယေရှုခရစ်၏အသားနှင့်အသွေးဖြစ်သည်။လောကသို့ကြွလာ၍ သူ၏ အသွေးနှင့်အသားကိုပေးခြင်းဖြင့် ယေရှုသည် အသက်မုန့်ကို ကျွန်ုပ်တို့ အားစားစေပြီး ထာဝရအသက်ကိုလည်း ရရှိစေတော်မူပါသည်။
ယေရှု၏အသွေးနှင့်အသားကို လူတိုင်းကမည်သို့စား သောက်နိုင် ကြမည်နည်း။ ယေရှု၏အသွေးတော်နှင့်အသားကို စားသောက်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ - ယေရှု၏ဗတ္တိဇံနှင့်လက်ဝါး ကပ်တိုင်ပေါ် မှာအသွေးတော်ကိုယုံကြည်ခြင်းဖြစ်သည်။ကျွန်ုပ်တို့သည် ယေရှု၏အသွေး တော်နှင့် အသားကိုယုံကြည်ခြင်းအားဖြင့်စားသောက်နိုင်ပါသည်။ကျွန်ုပ်တို့ ၏အပြစ်ကိုဆေးကြော၍ကောင်းကင်နိုင်ငံတွင် ထာဝရအသက်ရှင်စေဖို့ရန် ကျွန်ုပ်  တို့၏သခင်ယေရှုသည် တစ်ကြိမ်တည်းဗတ္တိဇံခံယူ၍အသွေးတော် ကို သွန်းလောင်းကာကျွန်ုပ်တို့၏အပြစ်များကိုဆေးကြောခဲ့ခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ဝိညာဉ်၏အစာဖြစ်လာပါသည်။ယခု ရေနှင့်ဝိ ညာဉ်တော်ဖြစ်သောဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဤဝိညာဉ်အစာကိုစား၍ ထာဝရအသက်ရရှိနိုင်သည်။ 
ယေရှု၏အသားနှင့်အသွေးကိုမည်သို့စားသောက်ရမည်ကို ထပ်မံ ၍သက်သေခံပါရစေ။သင်နှင့်ကျွန်ုပ် ကောင်းမွန်စွာသိထားပြီးသည့်အတိုင်း ခရစ်တော်သည်လောကသို့ကြွလာလျက်လူသားမျိုးနွယ်၏အပြစ်များ အား လုံးကို ယူတင်ဆောင်ရွက်ကာ အသက် ၃၀ နှစ်တွင်  ယောဟန်၏လက်မှ ဗတ္တိဇံခံယူ၍ ကျွန်ုပ်တို့၏အပြစ်အတွက် ပြစ်ကြွေးပေးဆပ်ဖို့ရန်အတွက် လက်ဝါး ကပ်တိုင်ပေါ်ဝယ်အသွေးတော်သွန်းလောင်း၍ အသေခံတော်မူခဲ့ ရပါသည်။ ကိုယ်တော့်အသားကိုစားခြင်းနှင့်အသွေးတော်ကိုသောက်သုံး ခြင်းသည်ယုံကြည်ရမည့်သမ္မာတရားဖြစ်သည်။ လူသားများ၏အပြစ်ကို ဆေးကြောခြင်းသည်အပြစ်အားလုံးကိုကိုယ်တော့်အပေါ်သို့ တင်၍ဗတ္တိဇံ ကိုခံယူတော်ခြင်းအားဖြင့် ပြည့်စုံစေတော်မူခဲ့သည်။ ယေရှု၏အသွေးကို သောက်ခြင်းဆိုသည်မှာ - ယေရှုသည်ဗတ္တိဇံကိုခံယူ၍ လက်ဝါးကပ် တိုင် ပေါ်တွင်အသွေးတော်သွန်းလောင်းစဉ် ဤအသွေးသည် ကျွန်ုပ်တို့၏အပြစ် အတွက် ပြစ်ကြွေးပေးဆပ်ရန် မိမိအသွေးတော်သွန်းတော်မူခြင်းဖြစ်သည်။
ထိုကဲ့သို့ပင် ယေရှု၏အသွေးတော်ကို စိတ်နှလုံးထဲတွင် ယုံ ကြည်သောသူတို့သည်ရေငတ်ခြင်းနှင့်ကင်းလွှတ်ကြသည်။ ယေရှုလက်ဝါး ကပ်တိုင်ပေါ်ဝယ်အပြစ်စီရင်ခြင်းခံရခြင်းအားဖြင့်  အပြစ်များအားလုံးအ တွက်တရားစီရင်ခြင်း ပြုပေးတော်မူခဲ့သည်။ ဤသမ္မာတရားကို ကျွန်ုပ်တို့  နားလည်သဘောပေါက်ရမည်။ ကျွန်ုပ်တို့ယုံကြည်ရမည် ဖြစ်သည်။ အ ကြောင်းမှာ သခင်ယေရှုခရစ်တော်သည် ဤလောကသို့ကြွလာတော်မူ၍ ယောဟန်အားဖြင့်ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် အပြစ်များကိုယူဆောင် သွားတော်မူခဲ့သည်။ ဤသမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အ ပြစ်များလုံးကို တစ်ကြိမ်တည်းဖြင့် ထာဝရလုံလောက်သောအပြစ်ဆေး ကြောခြင်းပြုပေးတော်မူခဲ့သည်။ 
ယုံကြည်ခြင်းဖြင့်ယေရှု၏အသွေးကိုသောက်၍ ယေရှု၏အသား ကိုစားဖို့ဘုရားသခင်ကျွန်ုပ်တို့အား မိန့်တော်မူခဲ့သည်။ ယေရှုသည် ယော ဟန်၏လက်မှန်ဗတ္တိဇံခံယူခြင်းဖြင့် အပြစ်ကိုတစ်ခုမျှမချွင်းမချန်ကျွန်ုပ်တို့ ၏အပြစ်အားလုံးကိုခံယူခဲ့သောကြောင့်သော်၎င်း၊မိမိခန္ဓာကိုယ်ကို အပြစ် ဒဏ်စီရင်ခြင်းခံယူဖို့ ကြီးမားသည့် အသွေးတော်ကို သွန်းလောင်းတော်မူခဲ့ သည်။ ထိုကြောင့် စိတ်နှလုံးထဲတွင် ဤသမ္မာတရားကို ယုံကြည်သောသူ တို့သည်ယုံကြည်ခြင်းအားဖြင့်အပြစ်ကြောင့်ဒဏ်စီရင်ခံရခြင်းနှင့် အပြစ် ဆေးကြောခြင်းကိုခံရသဖြင့် စင်ကြယ်စေခြင်းခံရ၍ ရေငတ်ပြေခဲ့သည်။ထို့ ကြောင့်ယေရှုက“ငါ၏အသားသည်စားစရာကောင်း၏။ငါ၏ အသွေးလည်း သောက်စရာကောင်း၏” (ယော ၆း၅၅) ဟု မိန့်တော်မူခဲ့ခြင်းဖြစ်သည်။ 
အမှန်အကန်ပြောရလျှင် သခင်ယေရှုသည်ကယ်တင်ရှင်၊ ဘုရား သခင်သားတော်ဖြစ်တော်မူ၍ အပြစ်များကိုဆေးကြောပေးတော်မူလျက် အပြစ်၏အပြစ်ကြွေးများကို ဆေးပြောပေးတော်မူခဲ့သည်။ အပြစ်၏အခ ကားသေခြင်းတည်းဟူသောပညတ်တော်မှလွှတ်မြောက်ရန်အတွက်သော် လည်းကောင်း၊ အပြစ်များအားလုံးကိုဆေးကြောခြင်းခံရရန်အတွက်သော် လည်းကောင်း၊ အပြစ်ဒဏ်ခံခြင်းအားလုံးမှလွှတ်မြောက်ရန်အတွက်သော် လည်းကောင်း၊ ကယ်တင်ရှင်၊ တစ်ပါးတည်းသော ဘုရားသခင်၏သား တော်သည် ကားတိုင်ပေါ်တွင် မိမိကိုယ်ကို အပ်နှံတော်မူခဲ့သည်။ အသွေး တော်သွန်းလောင်းတော်မူ၍ယုံကြည်သူများ၏နှလုံးသားများကိုဆေးကြော ပေးတော်မူ၍ သူတို့၏ဆာငတ်မှုကို ပြေစေခဲ့သည်။ ဤအရာသည် သခင် ယေရှု၏ အသွေးအသား၏အကျိုးသက်ရောက်မှုပင် ဖြစ်သည်။ 
ယေရှုသည်အပြစ်များကို တာဝန်ယူပြီး လူသားမျိုးနွယ်၏အပြစ် ဒဏ်စီရင်ခြင်းကို ခံယူခဲ့သည့် ကယ်တင်ရှင်ဖြစ်တော်မူသည်။ ယေရှုသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏အပြစ်ကိုဗတ္တိဇံခံခြင်းအားဖြင့်ရယူကာ လက် ဝါးကပ်တိုင်တွင်အသေခံလျက်အပြစ်များအတွက် ဒဏ်စီရင်ခြင်းခံယူခဲ့ သည့်ကယ်တင်ရှင်ဖြစ်တော်မူသည်။ သခင်ယေရှုသည် လောကအပြစ်များ ကို လက်ခံတော်မူ၍ အပြစ်တရားစီရင်ခြင်းကိုကျွန်ုပ်တို့ထံမှနှုတ်ယူတော်မူ ခဲ့သည်။ ကျွန်ုပ်တို့အပြစ်များအတွက် တရားစီရင်ခြင်းခံရန် လက်ဝါးကပ် တိုင်ပေါ်တွင်အသေခံတော်မူ၍အပြစ်များကိုယူဆောင်သွားတော်မူခဲ့သည်။
ရေနှင့်ဝိညာဉ်တော်သမ္မာတရားကိုယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့ သည်အပြစ်ဆေးကြောခြင်းကိုခံရနိုင်ကြပါသည်။ ယေရှု၏ဗတ္တိဇံခံယူခြင်း၊ အသွေးတော်သွန်းလောင်းခြင်းကိုသင်သည် ယုံကြည်ခြင်းအားဖြင့်ဝိညာဉ် သဘောအရကျွန်ုပ်တို့သည်ယေရှု၏အသားနှင့်အသွေးကို စားသောက်၍ရ နိုင်ပါသည်။ တစ်နည်းအားဖြင့် သခင်၏သားတော်ယေရှုခရစ် လောက သို့ကြွလာလျက် ဗတ္တိဇံခံယူခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်ကို မိမိခန္ဓာကိုယ် အပေါ်သို့တင်လျက် လက်ဝါးကပ်တိုင်အပေါ်မှာအပြစ်ဒဏ်စီရင်ခြင်း အား လုံးကို ခံယူတော်မူခဲ့သည်။ ထိုကြောင့် ယုံကြည်ခြင်းအားဖြင့် ကိုယ်တော့် အသွေးနှင့် အသားကို စားသောက်ခွင့်ရရှိကာထာဝရအသက်ရရှိနိုင်ခြင်း ဖြစ်သည်။ ယခုကျွန်ုပ်တို့သည် ယေရှု၏ဗတ္တိဇံ၊အသွေးတော်သွန်းလောင်း ခြင်းကို ယုံကြည်ခြင်းဖြင့် ကိုယ်တော်၏အသွေးတော်နှင့်အသားကို စား သောက်နိုင်ကြပါသည်။ ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် လက်ဝါးကပ်တိုင်မှအ သွေးတော်သွန်းလောင်းတော်မူခြင်းသည် အပြစ်ဆေးကြောခြင်းအတွက် ကျွန်ုပ်တို့၏အစာဖြစ်၍ အပြစ်အားလုံးကို ဆေးကြောပေးသောနည်းလမ်း ဖြစ်သည်။ ဤသို့သောယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်ဆေး ကြောခြင်းကိုခံရပြီး ဘုရားသခင်၏သားသမီးဖြစ်လာလျက် ဘုရားသခင်၏ နိုင်ငံ တော်တွင် ထာဝရနေထိုင်ခွင့်ရလိမ့်မည်။
 

ဖူးငုံလျက်ရှိသောအာရုံလှံတံ
 
ပဋိညာဉ်သေတ္တာထဲတွင်ထည့်ထားသည့် ပစ္စည်းများအနက် အ ပွင့်ပွင့်သောအာရုံ၏လှံတံသည် ယေရှု၏ကောင်းကင်နိုင်ငံတော်တွင် ယဇ်ပု ရောဟိတ်အကြီးအစဉ်အမြဲဖြစ်ခြင်းကိုပုံဆောင်သည်။၎င်းသည်ကိုယ်တော့် အထဲတွင်ထာဝရအသက်ကို တွေ့နိုင်ကြောင်းလည်း အဓိပ္ပါယ်ရရှိပါသည်။  ဤအကြောင်းတရားများနားလည်သဘောပေါက်ရန်အတွက် တော ၁၆း၁-၂တွင် “လေဝိအမျိုး၊ ကောဟတ်သားဣဇဟာ၏ သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သား ဒါသန်နှင့် အဘိရံ၊ ပေလက်၏သား ဩနတို့ကို ခေါ်ပြီးလျှင်၊ပရိသတ်၌ကျော်စော၍ဂုဏ်အသရေရှိသောသူ၊ အစည်းအဝေး ၌ မင်းပြုသောသူ၊ ဣသရေလအမျိုး သားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေ ကို ပုန်ကန်ကြသည်” ကို ဖတ်ကြပါစို့။
ဤကျမ်းပိုဒ်အရ လေဝိအမျိုးအနွယ်ထဲမှ ထင်ပေါ်ကျော်ကြား သောသူ ၂၅၀ ဦးတို့သည် မောရှေတစ်ဖက်၌ထ၍ ဤသို့တိုင်ပင်ကြပါ သည်။ “မောရှေနှင့်အာရုန်တို့ဘာကြောင့် ငါတို့ကိုအဲဂုတ္တုပြည်ကနေ ခေါ် ထုတ်လာရသလဲ။ ငါတို့ကိုစပျစ်ဥယျာဉ်ပေးမလို့လား။ အိုအေးစစ်ရေတွင်း ပေးမလို့လား။ကျွန်ုပ်တို့အတွက် ဘာလုပ်ပေးနိုင်မလဲ။ အဆုံးတစ်နေ့ကျရင် သဲကန္တရတောထဲမှာ အသေခံဖို့ငါတို့ကို ခေါ်လာတာမဟုတ်လား။ ဘုရား သခင်ရဲ့အစေခံဖြစ်ကြောင်းခင်ဗျား ကိုယ်ဟာကိုဘယ်လို့ပြောနိုင်မလဲ။ ခင် ဗျားအားဖြင့် ဘုရားသခင်အလုပ် လုပ်သလား။” တစ်နည်းအားဖြင့် မောရှေ နှင့်အာရုန်တို့၏ ဦးဆောင်မှုကိုပုန်ကန်မှုပြုခဲ့ကြခြင်းဖြစ်သည်။
ထိုအချိန်တွင်ပုန်ကန်မှုကို ဦးဆောင်လျက်ရှိသည့် ကောရ၊ ဒါသန် အဘိရံတို့ကို ထာဝရဘုရားက ဤသို့မိန့်တော်မူ၏။ “ငါရွေးကောက်သော သူ၏လှံတံသည် အပွင့်ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့ သည် သင်၌အပြစ်တင်၍မြည်းတမ်းခြင်းကို နောက်တစ်ဖန်ငါနားမငြီးရာ ဟုမိန့်တော်မူသည်အတိုင်းမောရှေသည်ဣသရေလအမျိုးသားတို့အား ဆင့် ဆို၍မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုးအလိုက်သင်တစ်ဦးလျှင်လှံ တစ်ချောင်းစီ လှံတစ်ဆယ့်နှစ်ချောင်းတို့ကိုပေးကြပါ။ အာရုန်၏လှံတံ သည် လှံတံများ၌ပါသတည်း” (တော ၁၇း၅၊၆)ဟု ဖော်ပြထားပါသည်။ အပိုဒ်ငယ် (၈)တွင်ဆက်လက်၍ “နက်ဖြန်နေ့၌ သက်သေခံချက်တံတော် အတွင်းသို့ မောရှေပင်သောအခါလေဝိအမျိုးနှင့်ဆိုင်သောအာရုန်၏လှံတံ သည် အရွက်တွက်လျက်ငုံလျက်၊ပွင့်လျက်၊ဗာတံသီးကိုသီးလျက်ရှိ၏” ဟု ဖော်ပြထားသည်။ 
အပိုဒ်ငယ်(၁၀)တွင်လည်းဆက်လက်၍“ထာဝရဘုရားကလည်း ပုန်ကန်သောသူတို့တစ်ဖက်၌ သက်သေခံဖြစ်စေခြင်းငှာ အာရုန်၏လှံတံ ကို သက်သေချက်ရှေ့၌ ပြန်ထား၍အမြဲရှိစေလော့။ ထိုသို့သူတို့သည်  သေ ဘေးနှင့်လွတ်မည်အကြောင်းသူတို့အပြစ်တင်၍မြည်တမ်းခြင်းကို ငါးနားမ ငြီးရာ”ဟု ဖော်ပြထားသည်။ ထိုကြောင့် အာရုန်၏လှံတံသည် အပွင့်ပွင့် လျက် သက်သေခံသေတ္တာထဲတွင် ချ၍ထိန်းသိမ်းထားခြင်း ဖြစ်သည်။ 
ဤသို့ဖြင့် ဣသရေလလူမျိုးများ၏ ယဇ်ပုရောဟိတ်အကြီးအဖြစ် လေဝိအမျိုးအာရုန်သည်ဘိသိတ်ပေးခြင်းခံခဲ့ရပါသည်။မောရှေသည်ပရောဖက်ဖြစ်၍လေဝိအမျိုးအာရုန်နှင့်သူ၏အမျိုးအနွယ်အပေါင်းတို့သည် ဣသ ရေလလူမျိုးတွင်ယဇ်ပုရောဟိတ်အမျိုးဖြစ်လာကြသည်။ဘုရားသခင်ကိုယ် တိုင်လောကနှင့်စပ်ဆိုင်သော ယဇ်ပုရောဟိတ်လုပ်ငန်းတာဝန်အားလုံးကို အာရုန်အားအပ်နှံခဲ့ပါသည်။ဘုရားသခင်သည် ယဇ်ပူဇော်သည့်နည်းစနစ် အားလုံးကိုမောရှေအားပြသပေးပြီး ဣသရေလလူမျိုးများသည် အပြစ်ကျူး လွန် သည့်အခါပူဇော်ရမည့်ယဇ်ကောင်များကိုယူဆောင်လာ၍ ဘုရားသ ခင်အားယဇ်ပူဇော်သည့် နေရာတွင်ယဇ်ပူဇော်ခြင်းနည်းစနစ်၏ တောင်းဆို ချက်အတိုင်းယဇ်ကိုပူဇော်နိုင်ဖို့အာရုန်ကိုဘုရားသခင်ခံအပ်တော်မူခဲ့သည်။
ဘုရားသခင်သည် အာရုန်အားယဇ်ပုရောဟိတ်အကြီး၏ တာဝန် ကိုအပ်နှင်းထားခဲ့သော်လည်း လူတို့သည် သူ၏ယဇ်ပုရောဟိတ်တာဝန်ကို စိန်ခေါ်မူပြုခဲ့ကြသဖြင့် ဘုရားသခင်သည် အာရုန်၏လှန်တံကို အပွင့်ပွင့် စေခြင်းအားဖြင့် သူ၏ရာထူးသည် ဘုရားသခင်ထံမှလာကြောင်း သက်သေ ထူတော်မူခဲ့ပါသည်။ ဘုရားသခင်သည် ဤသင်ခန်းစာကိုအစဉ်သဖြင့် အောက်မေ့ဖို့ရန် အာရုန်၏လှံတံကို ပဋိညာဉ်သေတ္တာထဲတွင်အစဥ်ထိန်း သိမ်းရန်မိန့်တော်မူခြင်းဖြစ်သည်။ ဤအကြောင်းအရာသည် ပညတ်တော် (၁၀)ပါးကျောက်ပြားနှစ်ပြားမန္နမုန့်ထည့်သည့်အိုးနှင့်အပွင့်ပွင့်သည်အာရုန် လှံတံတို့ကို ပဋိညာဉ်သေတ္တာထဲသို့ထည့်ရသည့်အကြောင်းရင်းဖြစ်သည်။ ဝိညာဉ်ပိုင်းဆိုင်ရာအရဤပစ္စည်းသုံးမျိုးသည် မည်သည့်အဓိပ္ပါယ်သက် ရောက်သနည်း။ထိုအရာတို့သည်ကျွန်ုပ်တို့၏ကယ်တင်ရှင်ယေရှုခရစ်၏အမှုတော်မြတ် လုပ်ငန်းတို့ကို ရည်ညွှန်းထားခြင်း ဖြစ်သည်။ 
 


ကျွန်ုပ်တို့အပြစ်များအားလုံးဖယ်ရှားပေးတော်မူရန် သခင်ယေရှုသည် မည် သည့်အမှုကို ပြုလုပ်တော်မူခဲ့သနည်း

 
ပထမဦးဆုံးသခင်ယေရှုသည် ပရောဖက်အမှုတော်မြတ်လုပ်ငန်း ကို ပြည့်စုံစေတော်မူခဲ့ပါသည်။ကိုယ်တော်သည်အာလဖနှင့်သြမေဃဖြစ် တော်မူသည်။ကိုယ်တော်သည်အစနှင့်အဆုံးကိုသိတော်မူလျက်ကိုယ်တော် သည်အစနှင့်အဆုံး အကြောင်းအရာကို သွန်သင်တော်မူခဲ့ပါသည်။ ကျွန်ုပ် တို့၏သခင်ယေရှုသည်သင်နှင့်ကျွန်ုပ်အပါအဝင်လူသားအားလုံးတို့သည်အပြစ်ထဲတွင် ဆက်လက်၍တည်ရှိနေဦးမည်ဆိုလျှင်မည်သည့်အရာများဖြစ် လာမည်ကို ကြိုတင်သိရှိထားတော်မူသည်။ 
ဒုတိယအနေဖြင့်သခင်ယေရှုသည် ကျွန်ုပ်တို့၏ကယ်တင်ရှင်အ နေဖြင့် လောကသိုကြွလာလျက်အပြစ်မှ ကျွန်ုပ်တို့ကိုကယ်တင်ဖို့အလိုငှာ စစ်မှန်သော ကောင်းကင်နိုင်ငံတော်၏ယဇ်ပုရောဟိတ်မင်းဖြစ်လာတော်မူ ပြီး ကျွန်ုပ်တို့ အားလုံးကိုလုံးလျားလျားကယ်တင်တော်မူခဲ့ပါသည်။
တတိယအနေဖြင့် ယေရှုသည်ဘုရင်ဖြစ်တော်မူ၏။ သမ္မာကျမ်း စာက“ဘုရင်တို့၏ဘုရင်သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည်အဝတ် တော်၌၎င်း၊ပေါင်တော်၌၎င်းရေးထားလျက်ရှိ၏”(ဗျာ၁၉း၁၆)။ ကိုယ်တော် သည်စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းခဲ့သူဖန်ဆင်းရှင်ဖြစ်တော်မူသဖြင့် ကမ္ဘာပေါ်တွင်ရှိသောအရာခပ်သိမ်းကိုအုပ်စိုးခွင့်အာဏာရှိသူဖြစ်သည်။
ယေရှုခရစ်၊စစ်မှန်သောကျွန်ုပ်တို့၏ရှင်ဘုရင်သည်အပြစ်မှကျွန်ုပ် တို့အား ကယ်တင်ခဲ့သည့်သမ္မာတရားကို သွန်သင်ခဲ့သောပရောဖက်ထာဝရ ကောင်းကင်နိုင်ငံတော် ယဇ်ပုရောဟိတ်ကြီးဖြစ်သဖြင့် စစ်မှန်သော ကယ် တင်ရှင်ဖြစ်တော်မူသည်။
ကျွန်ုပ်တို့၏သခင်ဘုရားသည် သင်နှင့်ကျွန်ုပ်အားအပြစ်မှ လွတ် မြောက်စေခြင်း၊ဘုရားသခင်၏လူဖြစ်စေခြင်း၊မိမိသားသမီးနှင့် အမှုတော် ဆောင်များဖြစ်စေခြင်းနှင့်ကောင်းသောအမှုကိုပြုစေခြင်း စသည်တို့ကိုပြ လုပ်ပေးတော်မူခဲ့သည်။ သခင်ယေရှုသည်ကျွန်ုပ်တို့၏ဝိညာဉ်များကို ဒုတိ ယမွေးဖွားခြင်းခံစေတော်မူသောကြောင့် ဤလောက၌အသစ်သောဘဝ ဖြင့် အသက်ရှင်နိုင်ရန်အချိန်တန်မှ ကျွန်ုပ်တို့အားဘဝသစ်ကိုပေးတော်မူ သည်။ယေရှုသည်ကျွန်ုပ်တို့၏ခန္ဓာကိုယ်ကို သေခြင်းမှရှင်ပြန်ထမြောက်စေ တော်မူပြီးကိုယ်တော်နှင့်အတူကောင်းကင်နိုင်ငံတွင် ထာဝရအသက်ရှင်ခွင့် ပေးထားတော်မူသည်။ သင်နှင့်ကျွန်ုပ်အတွက် ယေရှုသည်မည်သူဖြစ်တော် မူသနည်း။သခင်ယေရှုသည်ကျွန်ုပ်တို့၏စစ်မှန်သောကယ်တင်ရှင်ဖြစ်တော် မူသည်။ ယေရှုခရစ်သည် ကျွန်ုပ်တို့၏ပရောဖက်၊ ထာဝရယဇ်ပုရော ဟိတ်ကြီးနှင့် ကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူသည်။ 
ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကိုဆန့်ကျင်ရန်ဆန္ဒမရှိ ကြ‌သော်လည်း ကျွန်ုပ်တို့သည် စုံလင်ခြင်းမရှိ၊အားနည်းနေကြသဖြင့်နေ့ တိုင်းအပြစ်ကျူးလွန်နေကြသည်။ အကယ်၍ကျွန်ုပ်တို့သည် အပြစ်တရား ဖြင့်အသက်ရှင်၍သေပြီးဘုရားသခင်ရှေ့တော်သို့ မတ်သပ်ရပ်လျှင် မည်သို့ နေရာသို့သွားသင့်သနည်း။ ကောင်းကင်နိုင်ငံသွားသင့်သလား။ သို့မဟုတ် ငရဲသို့သွားသင့်သလား။ အပြစ်၏အခကား သေခြင်းပေတည်းဟူသောပ ညတ် တရားကြေညာချက်အတိုင်း အယောက်စီတိုင်း စီရင်ချက်ချမှတ်ခြင်း ခံရမည်ဖြစ်သည်။ ထိုသို့ပင်အပြစ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည့် ကျွန်ုပ်တို့အား သခင်ယေရှုသည်အပြစ်မှကယ်တင်တော်မူခဲ့သဖြင့် ယေရှု ခရစ်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော်မူသည်။ယေရှုသည်လောက သို့ ကိုယ်တိုင်ကြွလာတော်မူလျက် ကျွန်ုပ်တို့အားချစ်တော်မူပြီးကျွန်ုပ်တို့ ၏အပြစ်မှရွေးနှုတ်တော်မူသဖြင့် ကယ်တင်ရှင်နှင့်ကြီးမြတ်တော်မူသည့် သိုးထိန်း ရှင်ဖြစ်တော်မူသည်။ 
ယော ၃း၁၆တွင် “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည်မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏”ဟု ရေးသားထားပါသည်။ သင်နှင့်ကျွန်ုပ်အားဘုရားသခင်သည်အလွန်ချစ်တော်မူသဖြင့်မိမိကိုယ်တိုင် လောကသို့ကြွလာလျက် ဗတ္တိဇံခံယူခြင်းဖြင့် လောကသား အားလုံး၏အ ပြစ်ကို ယူတင်ဆောင်ရွက်ပြီး လက်ဝါးကပ်တိုင်ပေါ်ဝယ် ကားစင်တင်အ သေခံတော်မူကာသေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ထိုကြောင့်သ ခင်ယေရှုသည်စစ်မှန်သော ကယ်တင်ရှင်ဖြစ်တော်မူခဲ့ပါသည်။ ကျွန်ုပ် တို့၏စိတ်ထဲတွင်ကယ်တင်ရှင်ဖြစ်လာသည့် ယေရှုခရစ်တော်ကို ယုံ ကြည် ခြင်းအားဖြင့်ကျွန်ုပ်တို့သည်အပြစ်မှသန့်စင်ခြင်းခံရသောသူများ၊ ကယ်တင် ခြင်းလက်ဆောင်ကို လက်ခံရရှိသူများ၊ ဘုရားသခင်၏သားသမီးများအဖြစ် ထာဝရအသက် ပိုင်ဆိုင်သူများဖြစ်လာကြသည်။
ဘုရားသခင်၏ရှေ့တော်တွင် ကျွန်ုပ်တို့ယုံကြည်ရမည့်အရာတစ် ခုတည်းရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ချစ်တော်မူသဖြင့် ကျွန်ုပ် တို့၏အပြစ်များကိုဆေးကြောသုတ်သင်ဖို့ လူ့ဇာတိ ကိုခံယူကာ လောက သို့ကြွလာလျက်ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းတို့ဖြင့် သူသည်စစ်မှန်သောကယ်တင်ရှင်ဖြစ်လာတော်မူခဲ့ပါသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင်ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏အသွေးတော်နှင့်အ သားကို စားသောက်ကြသဖြင့် ထာဝရအသက်ကိုရရှိကြခြင်းဖြစ်သည်။ ထာဝရအသက်ရရှိနိုင်ရန်အတွက် ကျွန်ုပ်တို့လုပ်ဆောင်နိုင်စရာတစ်ခုမျှမ ရှိသော်လည်း ယုံကြည်ခြင်းအားဖြင့်သာလျှင်ရရှိနိုင်ကြောင်း ရှင်းလင်းစွာ သိရှိနိုင်ပါသည်။ 
ကျွန်ုပ်တို့သည် ယေရှုခရစ်၏ အသွေးနှင့်အသားကို ယုံကြည်ခြင်း အားဖြင့်စားသောက်ခွင့် ရရှိကြပါသည်။ ယေရှုပြည့်စုံစေ‌တော်မူခဲ့သည့် ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်သောသူသည် ယုံကြည်သူ တစ်ဦးအဖြစ်အသိအမှတ်ပြုခြင်းခံရလိမ့်မည်။ ကျွန်ုပ်တို့အနေဖြင့်အခြား မည်သည့် အရာမျှပြုလုပ်စရာမလိုဘဲ ယုံကြည်ခြင်းတစ်ခုတည်းသာလိုအပ် သည်။ ဘုရားသခင်ကိုဆန့်ကျင်ဘက်ပြုခြင်းကလွှဲ၍ အခြားလုပ်ဆောင်စ ရာမရှိတော့ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နားခံခြင်းမရှိဘဲ အပြစ်ပြု လေ့ရှိကြသည်။ သို့သော် ဘုရားသခင်သည် သင်နှင့်ကျွန်တော်တို့ကိုကယ် တင်တော်မူ၍ အားလုံးကိုအလွန်ချစ်တော်မူသောကြောင့် တစ်ကြိမ်တည်း ဖြင့်ထာဝရလုံလောက်သောအပြစ်လွှတ်ခြင်းအခွင့်ပေးတော်မူသည်။ 
 

ဓမ္မာဟောင်းကာလတွင် ကယ်တင်ခြင်းအကြောင်းကို ဘုရားသခင်သည် မည်သို့မိန့်တော်မူခဲ့သနည်း။
 
ဘုရားသခင်သည် ကျွန်ုပ်တို့အားမည်သည့် နည်းစနစ်ဖြင့်ကယ် တင်ခဲ့သနည်း။ဓမ္မဟောင်းကာလတွင် တဲတော်၏တံခါးအရောင်များ၊ ယဇ် ပုရောဟိတ်၏ ဝတ်လုံအရောင်တို့ဖြင့် ဘုရားသခင်သည် ကယ်တင်ခြင်း အကြောင်းမိန့်တော်မူခဲ့ပါသည်။ တဲတော်တံခါး၏အရောင် အပြာရောင်၊ ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်ဖြင့် ထင်ရှားခဲ့သော အရောင်တို့သည် ပြည့်စုံသောကယ်တင်ခြင်းကိုဗျာဒိတ်အဖြစ်ပြသပေးတော်မူခဲ့ပါသည်။ ထို့ နောက်ယဇ်ပုရောဟိတ်အကြီး၏ဝတ်လုံတွင်ရွှေကြိုးမျှင်များကိုထည့်ထားခဲ့ပါသည်။
အပြာရောင်ချည်ကြိုးသည် ယေရှုခရစ်လောကသို့ ကြွလာလျက် ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် ဗတ္တိဇံခံယူခြင်းဖြင့် ကျွန်ုပ်တို့အားလုံး၏ အပြစ်ကိုကိုယ်တော့်အပေါ်သို့ တင်ခဲ့ကြောင်းဆိုလိုသည်။ ခရမ်းရောင်ချည် ကြိုး၏အဓိပ္ပါယ်မှာ ယေရှုသည် ဘုရင်တကာတို့၏ဘုရင်၊ စကြာဝဠာကို ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်ဖြစ်တော်မူကြောင်း ဆိုလိုပါသည်။ အနီရောင် ချည်ကြိုး၏အဓိပ္ပါယ်မှာ-ယေရှုခရစ်သည် ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ် တို့၏အပြစ်အားလုံးကို မိမိအပေါ်သို့တင်၍ လောက၏အပြစ်အားလုံးကို သယ်ဆောင်လျက်လက်ဝါးကပ်တိုင်ပေါ်ဝယ်အပြစ်စီရင်ခြင်းခံရပြီးအသွေး တော်ကိုသွန်းလောင်းကာအသေခံသဖြင့်ကျွန်ုပ်တို့အားကယ်တင်ခြင်းပေး တော်မူ၍ ကွန်ုပ်တို့အားအပြစ်ဒစ်အားလုံးမှကယ်တင်တော်မူခဲ့သည်။ 
အဖြူရောင်ချည်ကြိုး၏ဆိုလိုရင်မှာ- ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်း နှစ်ခုစလုံးတွင် အသေးစိတ်ဖော်ပြထားသည့် စကားလုံးအရ သခင်ယေရှု သည် လောကသို့ကြွလာလျက် ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်တွင် အသေခံခြင်း၊သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဖြင့် စစ်မှန်သော ယုံကြည်သူ ၏အပြစ်မှန်သမျှကို ဆေးကြောသုတ်သင်ပေးတော်မူ၍ သူတို့၏အပြစ်ဟူ သမျှကို ဆေးကြောသုတ်သင်ပေးတော်မူလျက် သူတို့၏ဝိညာဉ်ကိုမိုးပွင့်ကဲ့ သို့ ဖြူစင်စေခြင်းအားဖြင့်ကယ်တင်တော်မူခဲ့သည်ကို ရည်ညွှန်းထားသည်။ ရွှေချည်ကြိုး၏ဆိုလိုရင်းမှာ ယေရှုကျွန်ုပ်တို့အတွက် လုပ်ဆောင်ပေးခဲ့ သည်အရာကို ယုံကြည်ခြင်းဖြစ်သည်။ ထိုကြောင့် ရွှေရောင်သည် တောက် ပခြင်းကိုပြသသည်။ဘုရားဖြစ်တော်မူသောဘုရားသခင်၏သားတော်ယေရှုခရစ်လုပ်ဆောင်ပေးတော်မူသောအရာတို့ကိုစိတ်နှလုံးအပြည့်ဖြင့်ယုံကြည် သောအခါ ဝါကြွားစရာတစ်ခုမျှမရှိတော့ပေ။ဘုရားသခင်သည် ကျွန်ုပ်တို့ အား မိမိမေတ္တာတော်ဖြင့်လွှမ်းခြုံတော်မူသည်။ ကောင်းချီးများစွာချပေးသ နားတော်မူသည်။ ကိုယ်တော်ပြုတော်မူသောအရာဖြောင့်မတ်ခြင်းတရား ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူများဖြစ်စေတော်မူသည်။ ဤ အကြောင်းအရာတို့သည် တဲတော်အားဖြင့် ဘုရားသခင်ဖော်ပြတော်မူ သောအရာဖြစ်သည်။ 
တဲတော်ထဲတွင် ထည့်ထားသည့်ပဋိညာဉ်သေတ္တာဖြင့် ဘုရားသ ခင်မိန့်တော်မူသည့်စကားကိုကျွန်ုပ်တို့သည်နားလည်ဖို့လိုအပ်ပါသည်။ယေရှုခရစ်သည်လောကသို့ကြွလာတော်မူလျက်ယောဟန်၏လက်မှဗတ္တိဇံခံယူ ခြင်းဖြင့်ကျွန်ုပ်နှင့်လောကသားအားလုံး၏အပြစ်များကိုခံယူကာ လက်ဝါး ကပ်တိုင်ပေါ်တွင်အပြစ်ဒဏ်စီရင်ခြင်းခံတော်မူ၍သေခြင်းမှ ရှင်ပြန်ထ မြောက်ခဲ့သည်ဟုသိ၍ ယုံကြည်ရမည်။ ပဋိညာဉ်သေတ္တာအားဖြင့် ယေရှု ခရစ်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဘုရားသခင် အစစ်အမှန်ဖြစ်တော်မူ ကြောင်းယုံကြည်ရမည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူ၍ အပြစ်အားလုံးယူ ဆောင်သွားသည်ဟုယုံကြည်သူ၊မိမိအပြစ်အတွက်ကိုယ်စားပြုအပြစ်ဒဏ် ခံကာကားတိုင်ပေါ်တွင်အသွေးတော်သွန်းလောင်းတော်မူသည်ဟုယုံကြည် သူ၊ သခင်ယေရှုခရစ်တော်အသေခံတော်မူခြင်းသည် ကျွန်ုပ်ကိုယ်စားအ သေခံတော်မူခြင်းဖြစ်သည်ဟုယုံကြည်သူ၊ ဘုရားသခင် ကယ်တင်တော်မူ ကြောင်း ထင်ရှားစေရန်အတွက် ကိုယ်တော်သည် သေခြင်းရှင်ပြန်ထ မြောက်တော်မူသည်ဟုယုံကြည်သူများသည် ကယ်တင်ခြင်းရရှိသောသူ များဖြစ်ကြသည်။ 
ထိုကြောင့် ဤတဲတော်သည်မည်သူကိုဆိုလိုသနည်း။၎င်းသည် ယေရှုခရစ်ကိုဆိုလိုသည်။ သင်နှင့်ကျွန်ုပ်အား ကျွန်ုပ်တို့၏အပြစ်မှ ကယ် တင်ခဲ့သည့် ယေရှုခရစ်တော်၏ကယ်တင်ခြင်းနည်းစနစ်ကိုတဲတော်ကထင် ရှားစေသည်။ဓမ္မသစ်ကျမ်းထဲတွင်ယေရှုခရစ်သည်ဗတ္တိဇံကို ခံယူကာလက် ဝါးကပ်တိုင်တွင်အသေခံခြင်းဖြင့်ကျွန်ုပ်တို့၏အပြစ်အားလုံးကို သုတ်သင် ပယ်ရှင်းပေးတော်မူ၍ သန့်ရှင်းစေတော်မူလျက် ကျွန်ုပ်တို့၏ဒုစရိုက်အား လုံးအတွက် အပြစ်ဒဏ် စီရင်ခြင်းခံတော်မူခြင်းအားဖြင့်တစ်ကြိမ်တည်း ဖြင့်ကျွန်ုပ်တို့ကို အပြစ်အားလုံးမှ ကယ်တင်တော်မူခဲ့ပါသည်။
ဓမ္မဟောင်းကျမ်းတွင် အပြစ်ရှိသောသူသည် ယဇ်ကောင်ကိုယူ ဆောင်လာပြီး အပြစ်ဖြေမည့်သူ၏လက်ကို ယဇ်ကောင်၏ ဦးခေါင်းပေါ် သို့တင်ကာ၎င်း၏အသွေးသွန်းလောင်းလျက် ယဇ်ကောင်အသေခံခြင်းဖြင့် အပြစ်သားသည်အပြစ်မှကယ်တင်ခြင်းကိုရရှိနိုင်ပါသည်။ဓမ္မဟောင်းကျမ်း တွင်အပြစ်ရှိသောသူသည်ယဇ်ကောင်ကိုယူဆောင်လာပြီး အပြစ်ဖြေမည့် သူ၏လက်ကိုယဇ်ကောင်၏ဦးခေါင်းပေါ်သို့ တင်ပြီး၎င်း၏အသွေးသွန်း လောင်းလျက်ယဇ်ကောင်အသေခံခြင်းသည်ကာယကံရှင်အပြစ်သားအပြစ် မှကယ်တင်ခြင်းခံရဖို့ ကိုယ်စားပြုအသေခံပေးခြင်းဖြစ်သည်။ ဓမ္မဟောင်း ကျမ်းတွင်ပါရှိသည့်ယဇ်ပူဇော်သည့်နည်းစနစ်ကို ဓမ္မသစ်ခေတ်ရောက်လာ သောအခါ ထူးခြားချက်ပေါ်လွင်စေဖို့ ယှဉ်တွဲလျက် ဖော်ပြထားပြီး ထို စနစ်သည်ဗတ္တိဇံနှင့်အသွေးတော်အားဖြင့်ကြွလာပြီးရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ပြည့်စုံစေတောာ်မူခဲသောယေရှုခရစ်တော်ကို ရည်ညွှန်း ခြင်းဖြစ်သည်။ 
ဤကယ်တင်ခြင်းပညတ်တရားကို မည်သူကပြုလုပ်၍ ချမှတ် ထားခဲ့သနည်း။ ကျွန်ုပ်တို့၏ကယ်တင်ရှင်  ဘုရားသခင်သည် ၎င်းကိုချမှတ် ထားတော်မူခဲ့သည်။အပြစ်သားများကိုအပြစ်မှလွတ်မြောက်စေဖို့ရန် ကယ် တင်ခြင်းပညတ်တရားကို ဘုရားသခင်ချမှတ်တော်မူခဲ့ပြီး ဤပညတ်ချက် ကို ကျွန်ုပ်တို့အားပေးအပ်တော်မူခဲ့ပါသည်။ ပဋိညာဉ်သေတ္တာထဲတွင် ပညတ်တော် ဆယ်ပါး ကျောက်ပြားနှစ်ပြား၊ မန္နမုန်ထည့်ထားသည့် အိုး တစ်လုံး၊အပွင့်ပွင့်သောအာရုန်လှံတံစသည့်အရာများကယေရှုခရစ်၏ဂုဏ်တော်နှင့်အမှုတော်မြတ်လုပ်ငန်းများကို ရည်ညွှန်းဖော်ပြထားသည်။ 
အပွင့်ပွင့်သော အာရုန်လှံတံဖော်ပြသည်မှာ ဝိညာဉ်သဘောအရ ကောင်းကင်နိုင်ငံ၏ ယဇ်ပုရောဟိတ်အကြီးနှင့် သိုးထိန်းကြီးဖြစ်‌တော်မူ သောယေရှုခရစ်ကို ယုံကြည်သောအခါဘုရားသခင်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည်။ မန္နမုန့်ထည့်ထားသည့် အိုးဖော်ပြထားသည်မှာ အသက်မုန့်ဖြစ်တော်မူသောသခင်ယေရှုခရစ်တော်၏အသားနှင့် အသွေး တော်ကိုရည်ညွှန်းထားသည်။ ပညတ်တော်ဆယ်ပါး ကျောက်ပြားနှစ်ပြား ဖော်ပြထားသည်မှာ-ဘုရားသခင်သည် ပညတ်တော်ကိုပြဌာန်းသောအရှင် ဖြစ်တော်မူသည်။ဘုရားသခင်ထူထောင်တော်မူသောပညတ်များမှာ-အပြစ် တရား၊သေခြင်းနှင့်အပြစ်ဆေးကြောခြင်း၊ ကယ်တင်ခြင်းတို့ဖြစ်ကြသည်။ သခင်ယေရှုသည်ကျွန်ုပ်တို့၏အရှင်သခင်ဖြစ်တော်မူသည့်အတိုင်း အသက် နှင့်ဆိုင်သောပညတ်‌တော်နှင့်အပြစ်ဒဏ်နှင့်ဆိုင်သော ပညတ်တော်တို့ကို ထူထောင်ပေးတော်မူခဲ့သည်။ 
ထိုနည်းတူစွာပဋိညာဉ်သေတ္တာနှင့် အခြားအရာအားလုံးသည် ကျွန်ုပ်တို့အားယေရှုခရစ်အကြောင်းကို ပြောပြလျက်ရှိသည်။ ယေရှုခရစ် ကိုကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းအားဖြင့် အပြစ်မှဆေး ကြောခြင်းခံရပြီး ကယ်တင်ခြင်းကို ရရှိကြပါသည်။ ကျွန်ုပ်တို့သည်မည် မျှပင် မပြည့်စုံ၊ အားနည်းနေစေကာမူ သခင်ယေရှုထူထောင်တော်မူသော  ပညတ်တော်နှစ်ပါးကိုလက်ခံလိုက်လျောက်လျှင် အပြစ်သားများဖြစ်ဘူး ကြသော်လည်း အပြစ်များအားလုံးဖြေလွှတ်ခြင်းရရှိခြင်းအားဖြင့် ဖြောင့် မတ်သောသူများဖြစ်လာနိုင်၍ဘုရားသခင်၏သားသမီးများဖြစ်လာနိုင်ကြ သည်။ သင်ယုံကြည်ပါသလား။ 
ယခုလက်ရှိအချိန်တွင် ကမ္ဘာနေရာအနှံ့အပြားတွင်ရှိနေကြသော ခရစ်ယာန်အများစုသည်တဲတော်တွင်ထင်ရှားသောသမ္မာတရားအကြောင်း ကိုမသိဘဲလျက် သခင်ယေရှုကို အချည်းနှီးယုံကြည်တတ်ကြသည်။ ကား တိုင်တော်ပေါ်တွင် သွန်းလောင်းတော်မူသောသခင်ယေရှု၏အသွေးတော် တစ်ခုတည်းကိုသာယုံကြည်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်းရရှိနိုင်ကြ လိမ့်မည်ဟုယုံကြည်ကြသည်။ တစ်နည်းအားဖြင့်၊ သခင်ယေရှုသည် ကား တိုင်မှသွန်းလောင်းတော်မူသောအသွေးတော်အားဖြင့် ကယ်တင်တော်မူခဲ့ သည်ဟု ယုံကြည်ကြသည်။ သို့သော် သခင်ယေရှုသည်ကယ်တင်ခြင်းအ တွက် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းသာ လုံလောက်သလော။ သ ခင်ယေရှုအသေခံတော်မူခြင်းတစ်ခုတည်းသည် ရွေးနှုတ်ကယ်တင်ခြင်းအ တွက် လုံလောက်သလော။ သခင်ယေရှုသည် ယောဟန်ထံမှဗတ္တိဇံခံယူ သောအခါ လောကလူသားအားလုံး၏အပြစ်များကိုတစ်ကြိမ်တည်းဖြင့် ယူ ဆောင်တော်မူသည်မဟုတ်လော(မဿဲ ၃း၁၃-၁၅၊ ၁ပေ ၃း၂၁၊ ၁‌ယော ၅း၆)။
ယနေ့ခရစ်ယာန်များသည် ယေရှု၏လက်ဝါးကပ်တိုင်မှ အသွေး တာ်ကိုသာယုံကြည်ကြသဖြင့်အပြစ် ဆေးကြောခြင်းတစ်ဝက်ကိုသာ လက် ခံရရှိကြသေးသည်ကိုတွေ့ရသည်။ သူတို့သည် ကယ်တင်ရှင်ယေရှု ခရစ်ကို ယုံကြည်ခြင်းဖြင့် သူတို့၏ဗီဇအပြစ်ဆေးကြောခြင်းခံရပြီဟု ခံယူထားကြ သဖြင့် နေ့စဉ်ကျူးလွန်သော အပြစ်များအတွက် ဆေးကြောခြင်းခံရဖို့ နေ့ စဉ်နောင်တရသည့်ဆုတောင်းခြင်းဖြင့်ဆုတောင်းလေ့ရှိကြသည်။ ဤကယ် တင်ခြင်းနှင့် မည်မျှကွာခြားချက်ရှိသနည်း။ သူတို့၏ ယုံကြည်ခြင်းသည် အပြစ်ဆေးကြောခြင်းတစ်ဝက်ကိုသာ ပေးနိုင်စွမ်းရှိဟန်တူ၍ကျန်သည့် တစ်ဝက်ကိုမိမိကြိုးစားအားထုတ်မှုဖြင့်ဆေးကြောမှရမည့်သဘောရှိသည်။
ဤသို့ဖြစ်မည်ဆိုလျှင်ကျွန်ုပ်သည်ရေနှင့်ဝိညာဉ်တော်ကိုအတူတ ကွကျွန်ုပ်သည် အကျိုးမရှိဘဲ ထပ်ခါတစ်လဲလဲ အဘယ်ကြောင့် ဟောပြော ရပါမည်နည်း။ ကနဦးခေတ် ခရစ်ယာန်များမှလွဲ၍ ကမ္ဘာပေါ်တွင်ရှိ သည့် ခရစ်ယာန်များသည်ယနေ့တိုင်အောင်ကယ်တင်ခြင်း တစ်ဝက်တစ်ပျက်ကို သာ ယုံကြည်လက်ခံထားကြပါသည်။ ထိုအကြောင်းကြောင့် အခြားဘာ သာဝင်များသည် ခရစ်ယာန်ဘာသာကိုအခြားဘာသာများကဲ့သို့ပင် ယူဆ ထားကြသည်မဟုတ်ဘူးလား။
မကြာသေးမီက ဗီလာရီးယားအမည်ရှိသည့် အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ဤတဲတော်စာအုပ် ပထမအတွဲကိုဖက်ပြီးသည့် နောက် အပြစ်ဆေးကြောခြင်းကို ခံယူရရှိခဲ့ပါသည်။ ဤစာအုပ်ကိုမဖတ်မီ ကျွန်ုပ်တို့အဖွဲ့မှထုတ်ဝေသည့်စာအုပ် အများအပြားကိုဖတ်ရှုခဲ့ပါသည်။ စာ အုပ်ပါရေးသားဖော်ပြချက်အာဘော်အတော်များများကို လက်ခံထားသော် လည်းရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို အပြည့်အဝသဘောပေါက် ခြင်းမရှိသေးပေ။သူမသည်အချို့တို့ကိုသံသယရှိနေသေးကြောင်းနှင့် အံ့သြ လျက် “ဒီအချက်ကမှန်သလိုလိုပါပဲ၊ ဒါပေမယ့် လူတွေဘာလို့ဒီအကြောင်း ကို မဟောကြတာလဲ”ဟု မေးခွန်းထုတ်ခဲ့ပါသည်။ သို့သော်- တဲတော် စာအုပ်ပထမတွဲကို ဖတ်ပြီးသည့်အခါတွင် ရှင်းလင်းပြတ်သားသည့် ကယ် တင်ခြင်းယုံကြည်ချက်ရရှိလိုက်ပြီဖြစ်ကြောင်း၊ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကို ယုံကြည်ခြင်းသည် မှန်ကန်ကြောင်းနှင့် တဲတော်ဖြင့် ထင်ရှားခဲ့ သည့်သမ္မာတရားသည်သာအစစ်အမှန်ဖြစ်ကြောင်းဝန်ခံထုတ်ဖော်ခဲ့သည်။
ဘေနင်မှအမျိုးသမီးတစ်ဦးသည်လည်း ထိုစာအုပ်ကိုဖတ်ရှုပြီး နောက်ဤသို့စာရေးခဲ့ပါသည်။“ရှင့်တို့ရေးတဲ့စာအုပ်ကိုဖတ်ပြီးတဲ့နောက်အ ပြစ်ဆေးကြောခြင်းခံရတယ်ဆိုတာသိရင်ရှင်တို့အံ့သြကောင်းအံ့သြမိမှာပဲ။ ကျွန်မအခုအသင်းတော်ထဲက နေထွက်သွားပြီ။ ကျွန်မတက်ခဲ့တဲ့ဘုရား ကျောင်းကိုဘာလို့ထားခဲ့ရသလဲ။ဘာလို့လဲဆိုတော့သူတို့က တဖြည်းဖြည်း ချင်းသန့်ရှင်းစေတဲ့ခံယူချက်ကျမ်းစာထဲမှာမသွန်သင်ထားတဲ့အရာကို သွန် သင်တဲ့အတွက်ဖြစ်တယ်။သူတို့၏သွန်သင်ချက်အရ ကျွန်မဟာအသွေးအ သားနဲ့ရှိနေတဲ့အတွက်လုံးဝဥဿုံသန့်ရှင်းလာမယ်လို့သွန်သင်တဲ့အချက်ကို ထိုင်ပြီးနားထောင်ဖို့ဆက်သည်းမခံနိုင်တော့ဘူး။”
ဤအကြောင်းအရာသည် ကျွန်မအသင်းတော်မှ ထွက်လာရ သည့်အကြောင်းရင်းဖြစ်၍ ၎င်းမှသီးသန့်ခွဲထွက်ခဲ့ပါသည်။ ကျွန်မသည် ဆ ရာတို့ရေးသားထားသည့်စာအုပ်ကိုဖတ်ပြီးမှကျွန်မ၏အပြစ်ဆေးကြောခြင်း ကိုခံရပြီးအခြားရွေးချယ်စရာမရှိတော့ဘဲအသင်းတော်ထဲမှထွက်ပြီးသီးခြား နေထိုင်ခဲ့ခြင်းဖြစ်သည်။ဤအရာအားဖြင့်သွားနေသူများသည် ယုံကြည် သူ များဖြစ်လာပြီး ဘုရားသခင်၏အသင်းတော်တွင် စုရုံးကာကမ္ဘာပေါ်ရှိ လူ များသည် နှုတ်ကပတ်တော်မှ “သမ္မာတရားကိုသိလျှင် ထိုသမ္မာတရားကို သင်တို့ကို လွှတ်လိမ့်မည်” ဟု ပြောသည့်အတိုင်း သမ္မာတရားကိုသိလျက် ယုံကြည်ကြမည်ဆိုလျှင်ကမ္ဘာကြီးသည် အမှန်ပင်ပြောင်းလဲလာလိမ့်မည်။
တဲတော်မှပဋိညာဉ်သေတ္တာတော်သည်ယေရှုခရစ်ကို ဆိုလိုခြင်း ဖြစ်သည်။ ဤပဋိညာဉ်သေတ္တာကို တဲတော်၏အနက်နဲဆုံး အခန်းတွင်ချ ထားရပါသည်။ တဲတော်၏ပထမကုလားကာကို ဖြတ်ကျော်၍ဝင်ပြီးလျှင် အသန့်ရှင်းဆုံးဌာနကုလားကာကိုပင့်ပြီးကြည့်မှသာ တစ်စုံတစ်ယောက်အ နေဖြင့် ၎င်းကိုတွေ့မြင်ရနိုင်ပါသည်။ တစ်နည်းအားဖြင့် တဲတော်ကို အ ရှေ့ဖက်သို့မျက်နှာမူ၍ ဆောက်ထားပြီး ပဋိညာဉ်သေတ္တာကို တဲတော်၏ အနောက်ဖက်အစွန်းဆုံးတွင် ချထားကြရပါသည်။
 

ပဋိညာဉ်သေတ္တာမှ ထမ်းပိုးကိုမရွေ့ရ
 
ထွက် ၂၅း၁၄-၁၅တွင် “သေတ္တာထမ်းစရာဖို့ တစ်ဖက်တစ်ချက်၌ ရွှေတွင်းထဲသို့ လျှိုထားရမည်။ ထိုထမ်းပိုးကိုလည်းသေတ္တာ ရွှေတွင်းထဲ ကမနှုတ်အစဉ်ရှိစေရမည်”ဟု ရေးသားထားခဲ့ပါသည်။ ဤကျမ်းပိုဒ်သည် မည်သည့်အရာကိုဆိုလိုသနည်း။ ဤကျမ်းပိုဒ်များမှ ကျွန်ုပ်တို့အနေဖြင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မိမိကိုယ်ကိုဆက်ကပ်၍ အစေခံရ မည်ဟုဘုရားသခင်မိန့်တော်မူလျက်ရှိပါသည်။ သတင်းကောင်းဟောပြော ခြင်းအတွက် လုံးလုံးလျားလျားဆက်ကပ်မှသာလျှင် ကယ်တင်ခြင်းသတင်း ကောင်းပျံ့နှံ့နိုင်မည်ဖြစ်သည်။ သတင်းကောင်းဟောပြောခြင်းအားဖြင့်ဘု ရားသခင်အားအစေခံခြင်းဟုဆိုရာတွင် ကျွန်ုပ်တို့ရှေ့ကလျှောက်တော်မူခဲ့ သောသခင်ယေရှု၏ကားတိုင်လမ်းအတိုင်းလိုက်လျှောက်ခြင်းဖြစ်သည်။မာ ကု၈း၃၄တွင် “အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှာအလိုရှိ၏။ထိုသူသည် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကို ထမ်း၍ငါ့နောက် သို့ လိုက်ရမည်” ဟု သခင်ယေရှုမိန့်တော်မူခဲ့သည်။ 
ကမ္ဘာအနှံ့သို့ စစ်မှန်သောဧဝံဂေလိသတင်းကောင်းဟောပြောရန် အတွက် စိတ်အားထက်သန်စွာဖြင့်ပေးအပ်ခြင်း၊ ကြိုးစားခြင်းနှင့်ဆင်းရဲ ဒုက္ခခံရခြင်းများလိုအပ်သည်။တမန်တော်ရှင်ပေါလုသည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းအတွက် မည်မျှဒုက္ခဝေဒနာခံခဲ့ရသည်ကို ထောက်၍ ကျွန်ုပ်တို့လည်း မည်မျှအထိ ဒုက္ခခံသင့်ကြောင်းတွေ့လိမ့်မည်။ ““သူတို့ သည်ခရစ်တော်၏ ဓမ္မဆရာဖြစ်ကြသလော။ ငါသည်အထူးသဖြင့် ဖြစ်၏ ဟု သူရူးကဲ့သို့ ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက် သော သူ၊ရိုက်ပုတ်ခြင်း၊ထောင်ထဲ၌လှောင်ထားခြင်းကိုအထူးသဖြင့် ခံရသော သူ၊ သေဘေးနှင့်အကြိမ်ကြိမ်တွေ့ကြုံသောသူဖြစ်၏။ ငါးကြိမ်မြောက်အောင် ယုဒလူတို့ လက်တွင် ဒဏ်ချက်လေးဆယ်တခုယုတ် ငါခံခဲ့ရပြီ။ သုံး ကြိမ်မြောက်အောင်ကြိမ်လုံးနှင့်ရိုက်ခြင်းကို၎င်း၊ တကြိမ်ခဲနှင့်ပစ်ခြင်းကို ၎င်းငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တနေ့နှင့် တညဉ့်ပတ်လုံး ပင်လယ်ထဲမှာနေရပြီ။အကြိမ်ကြိမ်ဒေသစာရီ လှည့်လည် ပြီ။ မြစ်ကိုကူးသောဘေး၊ ထားပြတိုက်သောဘေး၊ အမျိုးသားခြင်း ပြုသော ဘေး၊တပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ရောက်သောဘေး၊တော၌ ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကို ဖြစ်ယောင်ဆောင်သောသူတို့ ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာမအိပ်ဘဲ စောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ် ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်း များကို ငါခံခဲ့ပြီ။ထိုအမှုမှတပါး အသင်းတော်အပေါင်းတို့ကို စိုးရိမ်သော စိတ်နှင့်ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ်နှောင့်ရှက်ခြင်းကို ငါခံရ ၏။ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ ဘယ်သူဖောက်ပြန်သနည်း။ငါသည်မဝါကြွားဘဲမနေရသည်မှန်လျှင်၊ ကိုယ် နွမ်းရိသော အဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။ငါသည် မုသာမ ပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင် သိတော်မူ၏။ဒမာသက်မြို့၌ အရေတ မင်း ကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကိုဘမ်းဆီးခြင်းငှါ အလိုရှိ၍၊ ဒမာသက်မြို့ ကို စောင့်စဉ်တွင်၊တပည့်တော်တို့သည် ငါ့ကိုတောင်း၌ထည့်ပြီးလျှင်၊ ပြ တင်းပေါက်မှထုတ်၍မြို့ရိုးအပေါ်ကလျှော့ချသဖြင့်ထိုမြို့ဝန်လက်မှ ငါပြေး ၍ လွတ်ရ၏။ (၂ကော ၁၁း၂၃-၂၈)။
သို့သော် အပြစ်တရားစီရင်ခြင်းအားလုံးမှ လွှတ်မြောက်ရန်အ တွက်ဘုရားကို ချစ်သည်ထက်မိမိကိုယ်ကိုသာ၍ချစ်သောသူများသည်ဘု ရားသခင်၏နိုင်ငံတော်အတွက် မိမိကိုယ်ကိုပေးဆပ်ခြင်းမပြုနိုင်ကြပေ။  ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအစေခံခြင်းသည် လွယ်ကူသောအရာမ ဟုတ်ပေ။ လယ်သမားများသည် ချွေးမထွက်ဘဲလျက် အသီးအနှံရိတ်သိမ်း နိုင်မည်လော။ 
ထိုနည်းတူ၊ပဋိညာဉ်သေတ္တာကိုကျွန်ုပ်တို့၏ဆက်ကပ်မှုဖြင့် ထမ်း သွားဖို့ဖြစ်သည်။ဒါဝိဒ်မင်းကြီးသည်ပဋိညာဉ်သေတ္တာကိုထမ်းပိုးဖြင့် မထမ်း ဘဲကောင်းမည်ဟုယူဆသကဲ့သို့နွားလှည်းဖြင့်သယ်ဖို့တစ်ခါကြိုးစား ခဲ့ဖူးပါ သည်။ လမ်းကြားတွင် နွားလှည်းသည် ရုန်းသဖြင့် ဘုရားသခင်၏ သေတ္တာ ကိုဥဇအမည်ရှိသူက ပြုတ်ကျမည်စိုးသဖြင့် ရုတ်တရက်ဆုပ်ကိုင် ထား လိုက်ပါသည်။ဘုရားသခင်သည်ဥဇအပေါ်သို့ ဒေါသထွက်သဖြင့် သူ၏ မှားယွင်းမှုအတွက် ဥဇကိုဘုရားသခင်ရိုက်သတ်ခဲ့ပါသည်။ မိမိပဋိညာဉ် သေတ္တာကြောင့်အသက်ဆုံးရှုံးခဲ့ရပါသည်(၂ရာ ၆း၁-၇)။ ထို့ကြောင့်ဒါဝိဒ် သည်ထိတ်လန့်သွားကာ ထိုနေ့၌သခင်ဘုရားကို ကြောက်ရွံ့၍ ပဋိညာဉ် သေတ္တာကိုဖိလိတ္တိလူသြဗဒေဒုံ၏အိမ်သို့ သွင်းထားခဲ့ပါသည်။ သုံးလကြာ ပြီးမှသာ မိမိလူတို့ကိုစေလွှတ်၍ ပခုံးဖြင့်ထမ်းစေပြီး ပဋိညာဉ်သေတ္တာကို တဖန်သယ် ဆောင်လာစေခဲ့ပါသည်။ထို့ကြောင့်ကျွန်ုပ်တို့သည်လည်းပဋိ ညာဉ်သေတ္တာ ကိုထမ်းသည့်အခါဘုရားသခင်ပြောသည့်အတိုင်းကျွန်ုပ်တို့ ၏ချွေး၊အသွေး၊ ကျွန်ုပ်တို့၏ပေးဆပ်မှုများ၊သူ၏ဧဝံဂေလိတရားကို မနား မနေ ဆက်ကပ်မှု ဖြင့် ထမ်းဖို့လိုအပ်ပါသည်။
အပြစ်လွှတ်ခြင်းအမှန်အကန်ခံရသောသူများသည် မိမိအသက်စ တေးတော်မူသောသခင်ယေရှုပေါ်ကျေးဇူးတင်ခြင်းထက်အခြားသောအရာ တစ်စုံတစ်ခုမျှမရှိတော့ပေ။ကယ်တင်ရှင် နှင့်ဘုရားဖြစ်တော်မူသောသခင် ယေရှုအပေါ် ကျေးဇူးတင်၍မဆုံးနိုင်ပေ။ ဤလောကမှာ သတင်းကောင်း ဝေငှဟောပြောနိုင်ရန်အခွင့်အရေးပေးတော်မူသောဘုရားသခင်ကို အထူး တလှယ်ကျေးဇူးတင်ပါသည်။ 
သခင်ယေရှုသည် ဤသမ္မာတရားကယ်တင်ခြင်းကိုအစေခံရန်အ တွက်သော်လည်း‌ကောင်း၊ ကိုယ်တော့်နောက်တော်သို့လိုက်လျှောက်ရန်အ တွက်သော်လည်းကောင်း၊ ကိုယ်တော့်ကိုဝမ်းမြောက်စေသောအသက်တာ ဖြင့်အသက်ရှင်နိုင်ရန်အတွက်သော်လည်းကောင်း ကျွန်ုပ်တို့အားရွေး ကောက်တော်မူသောကြောင့် အိပ်မက်ပမာခံစား၍ အလွန်ဝမ်းမြောက်ဝမ်း သာပီတိဖြစ်လျက်ပျော်ရွှင်မြူးတူးကြသည်။ ကယ်တင်ခြင်းသမ္မာတရားကို အမှန်အကန်သိရှိခဲ့ပြီးသောအခါ နှုတ်မမြွက်နိုင်လောက်အောင် အလွန်ဝမ်း မြောက်လျက်ရှိသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား ဤသတင်းကောင်း ကိုအစေခံစေတော်မူခဲ့သည်။ ဤသို့သောကောင်းချီးမင်္ဂလာများအတွက် ကျေးဇူးမတင်ဘဲနေနိုင်ကြမည်လော။ ဘုရားသခင်ဘုန်းကြီးတော်မူပါစေ သော်။ ထိုအကြောင်းအကြောင့် စစ်မှန်သောသတင်းကောင်းကိုပျံ့နှံ့ရန် မိမိ အသက်တာပေးဆပ်ခြင်းဖြစ်သည်။မိမိအချိန်၊ ခွန်အားနှင့်ပိုင်ဆိုင်မှုအားလုံး ကို ဧဝံဂေလိသတင်းကောင်းအတွက် အစေခံအသုံးပြုနိုင်ခြင်းဖြစ်သည်။ 
အပြစ်လွှတ်ခြင်းခံရသောကျွန်ုပ်တို့သည် မိမိစိတ်နှလုံးသားများ တွင် ကျေးဇူးတင်တတ်ကြခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်သည်ကျေး ဇူးတော်ကိုသာချီးမွမ်းရန်အလိုတော်မရှိဘဲရေနှင့်ဝိညာဥ်တော်သမ္မာတရား ကယ်တင်ခြင်းအကြောင်းဟောပြောရန် အလိုတော်ရှိသည်။ ကျွန်ုပ်တို့အ တွက်ကြီးမားသောကောင်းကြီးမင်္ဂလာဖြစ်သည်မဟုတ်လော။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မဖြန့်ဝေဘဲ အဘယ်သူနေ ဝံ့မည်နည်း။ဤဧဝံဂေလိသတင်းကောင်းကို မဖြန့်ဝေဘဲ အဘယ်သူမျှနေဝံ့ မည်မဟုတ်ပါ။ နိုင်ငံရေးသမား (သို့) မြို့တော်ဝန် (သို့) သမ္မတ (သို့) ရှင်ဘုရင်သည် ဖြန့်ဝေနိုင်မည်လား။ သူတို့၏လူမှုရေး အဆင့်အတန်းမည် မျှပင် မြှင့်မားစေကာမူ ဤရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို သိမြင် ယုံကြည်ခြင်းမရှိလျှင်ဖြန့်ဝေနိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် မထိုက် မတန်သည့်အခွင့်အရေးကိုပေးခြင်းနှင့်သတင်းကောင်းအတွက်အစေခံနိုင် ရန် အခွင့်အရေးပေးအပ်တော်မူခဲ့သည်။ ကြီးမားသောကောင်းကြီးမင်္ဂလာ တစ်ပါးဖြစ်ပေသည်မဟုတ်လော။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အားအလွန်ချစ်တော်မူသောကြောင့် ကယ်တင်ခြင်းကျေးဇူးတော်ပေးအပ်တော်မူသဖြင့် ကျေးဇူးတော်ချီးမွမ်းပါ သည်။ညီအစ်ကိုမောင်နှမအပေါင်းတို့၊ယေရှုခရစ်သည် ကျွန်ုပ်တို့၏ဘုရား သခင်ကယ်တင်ရှင် ဖြစ်တော်မူ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်ပိုင်းဆိုင်ရာယုံ ကြည်ခြင်းဖြင့် ယေရှုခရစ်၏အသွေးနှင့် အသားကိုစားသောက်သော ဘုရား သခင်၏လူများဖြစ်ကြသည်။ သမ္မာကျမ်းစာအရ ယေရှုသည် သေနေသော သူ၏ဘုရား မဟုတ်ဘဲ (လု ၂၀း၃၈) ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းဖြင့် ထာဝရအသက်ရရှိသူတို့၏အသက်ရှင်သောဘုရားသခင် ဖြစ်တော်မူသည်ဟုမိန့်တော်မူခဲ့သည်။ရေနှင့်ဝိညာဉ်တော် သတင်းကောင်း ကို မယုံကြည်သောသူသည်ဝိညာဉ်ရေးအရ သေသောသူဖြစ်၍ ဝိညာဉ်ရေး ၌သေနေသူများဖြစ်ကြသည်။ ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်သ တင်းကို ယုံကြည်သောသူတို့၏ ဘုရားဖြစ်တော်မူသည်။
ညီအစ်ကို မောင်နှမအပေါင်းတို့၊ ယေရှုသည် မိမိအသွေးနှင့်အ သားကိုအသုံးပြုလျက်ကျွန်ုပ်တို့၏အပြစ်ဆေးကြောပေးတော်မူခဲ့ပါသည်။ အကယ်၍သင်သည်ဤသမ္မာတရားကို မယုံကြည်လျှင် ယေရှုသည် အသင့် အတွက်မည်သည့်အရာကိုမျှလုပ်ပေး၍မရပေ။ ယေရှုခရစ်သည် ကောင်း ကင်နှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများ၊ ထာဝရအသက်နှင့်အပြစ်ဆေး ကြောခြင်းကို ပေးတော်မူခဲ့ပါသည်။ထာဝရကောင်းကြီးမင်္ဂလာကိုပေးအပ် တော်မူ၍ သင့်ကိုလမ်းပြမသောသိုးထိန်းဖြစ်လာသူမှာမည်သူဖြစ်တော်မူ သနည်း။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုပြည့်စုံစေတော်မူသောသ ခင်ယေရှုခရစ်တော်ပင်ဖြစ်သည်။ သခင်ယေရှုသည် ဤသို့သော်ဘုရားသ ခင်ဖြစ်တော်မူသည်။ သင်တို့အပေါင်းသည် သခင်ယေရှုအား သင့်ဘုရားအ ဖြစ်ယုံကြည်ကြလိမ့်မည်ဟု ‌မြော်လင့်လျက်ဆုတောင်းပေးပါသည်။ 
ကျွန်တော်သည် ဤသမ္မာတရားကိုယုံကြည်၍ယခုတွင်ဘုရားသ ခင်အားအစေခံနေသည်။ နောက်နောင်တွင်လည်း ဆက်လက်အစေခံနေဦး မည်ဖြစ်သည်။ သင်ရောယုံကြည်၍အစေခံသလော။ ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းကို သင်ယုံကြည်သလား။ သင်သည် ဘုရားသခင်၏အသင်း တော်၌ကိန်းဝပ်လျက် ယုံကြည်ခြင်းအားဖြင့်ခရစ်တော်၏မေတ္တာတော်၌ တည်ကြည်ရမည်ဟု သင်ယုံကြည်သလော။ သခင်ယေရှုနှင့်မျက်နှာချင်း ဆိုင်၍တွေ့ဆုံသည်အထိ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ယုံကြည် ခြင်းအားဖြင့် အသက်ရှင်ကြပါစို့။