Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-19] ရွှေမီးခွက်တိုင် (ထွက် ၂၅း၃၁-၄၀)

ရွှေမီးခွက်တိုင်
(ထွက် ၂၅း၃၁-၄၀)
“မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက် များ၊ခွက်များ၊ဘူးသီးများ၊ကြာပွင့်များတို့ကိုတစပ်တည်းထုရမည်။မီးခုံတိုင် တဘက်တချက်သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိရမည်။ မီးခုံ တိုင်ထဲကထွက်သော အလက်သုံးလက်တွင်၊ တလက်တလက်၌ ဘူးကြာ ပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်သုံးခွက် ရှိရမည်။ မီးခုံတိုင် ၌လည်း ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက် ရှိရမည်။ မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီ ရှိရမည်။ ဘူးများ၊ အ လက်များတို့ကိုတကိုယ်တစပ်တည်းဖြစ်စေ၍၊ မီးခုံတကိုယ်လုံးကို ရွှေစင် နှင့် ထုလုပ်ရမည်။မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကို လင်းစေ ခြင်းငှာထိုမီးခွက်ကို ထွန်းရမည်။မီးညှပ်နှင့် မီးညှပ်ခံစရာခွက်တို့သည် လည်း ရွှေစင်ဖြစ်ရမည်။မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို၊ ရွှေစင်အခွက် တဆယ်နှင့် လုပ်ရမည်။တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသောပုံနှင့် ညီ လျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်။
 
ရွှေမီးခုံ
ရွှေမီးခုံသည် စင်ကြယ်သောရွှေစင်အခွက်တစ်ဆယ်ဖြင့်ပြုလုပ် ထားသည်။ ရွှေစင်တစ်ဆယ်ဖြင့်ပြုလုပ်ထားသောတိုင်ပေါ်တွင် ရိုးတံထု ထားသည်။ထိုတံတိုင်တစ်ခုစီ၏ဘေးနှစ်ဘက်တွင် အကိုင်း သုံးကိုင်းစီပြု လုပ်ထားသည်။ ထိုအကိုင်းခြောက်ခု၊ တစ်ခုချင်းစီ၏အပေါ်တွင်ရွှေမီးခွက် ခုနစ်ခွက်ထားရှိသည်။ ရွှေမီးခိုသသည် ရွှေစင်အခွက်တစ်ဆယ်ဖြင့်ပြုလုပ် ထားပါသဖြင့် အလွန်တောက်ပြောင်လှပနေသည်။
ရွှေမီးတိုင်ထိပ်တွင် ညှိထွန်းနိုင်ရန်မီးခွက်ခုနစ်လုံးရှိသည်။ ထိုမီး ခွက်ဖြင့် သန့်ရှင်းရာဌာန၌ အချိန်တိုင်းမီးလင်းနိုင်ရန်အတွက် မီးဆာထည့် ထားသည်။ လူတစ်ယောက်သည် သန့်ရှင်းသောနေရာကိုဝင်ရောက်လို သောအခါ အပြာရောင်၊ ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်ချည်ကြိုး ရက်လုပ်ထားသော တဲတော်တံခါးကိုမ၍ဖွင့်ကာ ဝင်ရောက်ရပါသည်။ အ ပြာရောင်၊ ခရမ်းရောင်နှင့်အနီးရောင်တို့ဖြင့်ထင်ရှားသောကယ်တင်ခြင်းအ မှုများကိုယုံကြည်သောသူများသာလျှင် ဤနေရာသို့သို့ဝင်ရောက်နိုင်ကြ သည်။ ဤယုံကြည်မှုမရှိဘဲလျက် မည်သူမည်ဝါကမျှ သန့်ရှင်းသောနေရာ သို့မဝင်ရောက်နိုင်ကြပေ။ အကြောင်းမှာ တဲတော်တံခါးပိတ်ကာ၌ထင်ရှား သော အပြာရောင်၊ ခရမ်းရောင်နှင့်အနီးရောင်နှင့်အဖြူရောင်တို့ဖြင့်ရက် လုပ်ထားသောလျှို့ဝှက်ချက်ကိုသိရှိမှသာလျှင် ထိုနေရာသို့ဝင်ရောင်နိုင် သောကြောင့် ဖြစ်သည်။ 
ထို့ကြောင့် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင် ချည်ကြိုးအားဖြင့်ပြုလုပ်ထားသည့်အံ့ဩဖွယ်ရာကယ်တင်ခြင်းကိုယုံကြည် သောသူတို့သာဘုရားသခင်၏အသင်းတော်မှာအသင်းသားဖြစ်ခွင့် ရှိသည်။ တံတော်တံခါးအရောင်လေးမျိုးသည် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်း ကောင်း၏ပုံရိပ်ဗတ္တိဇံခံယူခြင်းဖြင့်လောကသားအားလုံး၏အပြစ်ကိုလက်ခံရရှိပြီးလက်ဝါးကပ်တိုင်တွင်အသွေးတော်သွန်းလောင်းခြင်းဖြင့် အပြစ်ဒဏ် စီရင်ခြင်းကိုခံယူတော်မူခဲ့သော ယေရှုကိုကြိုတင်ပုံဖော်ထားခြင်းဖြစ်သည်။
ရေနှင့်ဝိညာဥ်တော်ဧဝံ‌‌‌ဂေလိသတင်းကောင်းသည် သခင်ယေရှု ပေးအပ်တော်မူသော စစ်မှန်သောအပြစ်ဖြေလွှတ်ခြင်း ကယ်တင်ခြင်းသ တင်းကောင်းဖြစ်သည်။ ရေနှင့်ဝိညာဥ်တော်ဧဝံဂေလိသတင်းကောင်းသည် ယေရှုခရစ်ခံယူခဲ့သည့်ဗတ္တိဇံနှင့်အပြစ်ဆေးကြောဖြေလွှတ်ခြင်း ကောင်းချီး မင်္ဂလာကိုပေးဖို့ခံယူတော်မူခဲ့သည့်လက်ဝါးကပ်တိုင်ပေါ်မှတရားစီရင်ခြင်းတို့ဖြင့်ဖွဲ့စည်းထားသည်။ဤသို့ဖြင့် ဤသမ္မာတရားကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်သောသူတို့သည် မိမိအပြစ်ဆေးကြောခြင်းကို ခံရကြလိမ့်မည်။ တစ်နည်းအားဖြင့် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင် ချည်ကြိုးသမ္မာတရားကိုယုံကြည်သောသူတို့သာလျှင် သန့်ရှင်းရာဌာနသို့ ဝင်ရောက်ခွင့်ရရှိကြသည်။
သန့်ရှင်းရာဌာနသို့ ရွှေမီးခုံတိုင်မှ အလင်းရောင်သည် အစဉ်သ ဖြင့်တောက်ပလင်းထိန်ရမည်ဖြစ်သည်။ ထိုနည်းတူ ရေနှင့်ဝိညာဉ်တော်ဧဝံ ဂေလိသတင်းကောင်းကိုယုံကြည်ခြင်းဖြင့် ဘုရားသခင်၏သားသမီးများ ဖြစ်လာသူတို့သည်လည်းလောကလူသားများတို့အား ကယ်တင်ခြင်းအ လင်းဖြင့် အလင်းကိုပေး၍သူတို့၏အပြစ်မှကယ်တင်ရမည်ဖြစ်သည်။ တစ် နည်းအားဖြင့် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းဖြင့်အပြစ်ဆေး ကြောခြင်းကိုခံရသောသူတို့သည်သာ မီးစုံတိုင် ဖြစ်သည့်ကယ်တင်ခြင်းအ လင်း၏အခန်းကဏ္ဍကိုပြည့်စုံစေနိုင်မည်ဖြစ်ပြီး အခြားသူများသည်လည်း ဤသမ္မာတရားကိုသိလာလျက် သူတို့၏အပြစ်များ ဆေးကြောလွှတ်ငြိမ်း ခြင်းခံရကြလိမ့်မည်။
ရွှေမီးခုံတွင်ကြာပွင့်များ၊ခွက်များနှင့်ဘူးသီးများရှိသည်။ရွှေမီးခုံ၏ တစ်ဖက်တစ်ချက်စီတွင် အလက်သုံးလက်စီရှိသဖြင့် သန့်ရှင်းရာဌာနကို အချိန်ပြည့်အလင်းရောင်ပေးနိုင်သည်။ ရေနှင့် ဝိညာဉ်တော်ဧဝံဂေလိသ တင်းကောင်းကိုယုံကြည်ခြင်းဖြင့် အပြစ်ကို ဆေးကြော၍ဖြောင့်မတ်သူတို့ သည် စုဝေးကြပြီးဘုရားသခင်၏အသင်းတော်ကို တည်ဆောက်ကာကမ္ဘာ လောကကို အလင်းပေးလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ သန့်ရှင်းရာဌာန တွင် ရွှေမီးခုံ၏အလင်းသည်လောကအမှောင်ထုကို ဖြိုခွင်းနိုင်သည့်ရေ နှင့်ဝိ ညာဉ်တော်ဧဝံဂေလိသတင်းကောင်းပင် ဖြစ်သည်။
ကျွန်ုပ်တို့အားကယ်တင်ဖို့ ယေရှုလောကသို့ကြွလာတော်မူပြီး လူ့ဇာတိအဖြစ်ကို ခံယူတော်မူခဲ့ပါသည်။ ထို့နောက် ယောဟန်၏လက်မှ ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များကို ယူတင်ဆောင်ရွက်ကာ အပြစ်ဒဏ်စီရင်ခြင်းကိုခံတော်မူလျက်လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံ တော်မူခဲ့သည်။ထိုနည်းလမ်းအားဖြင့် ယေရှုသည် လောက၏အလင်းဖြစ် တော်မူသည်။ တဲတော်၏အပြင်တံတိုင်းတွင် အပြစ်သားများသည်ယဇ် ကောင်ခေါင်းပေါ်သို့လက်တင်လျက် မိမိအပြစ်များကို လွှဲပြောင်းခဲ့ကြ သည်။၎င်းယဇ်ကောင်ကိုသတ်ခြင်းအားဖြင့် မိမိအပြစ်များအတွက်ပြစ်ဒဏ် ခံစေခဲ့ကြသည်။ 
ထိုနည်းတူစွာ ဘုရားသခင်၏ပညတ်တရားအတိုင်း ယေရှုသည် ဗတ္တိဇံခံခြင်းနှင့်လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကိုပြည့်စုံစေတော်မူ၍ လူသားမျိုးနွယ်စုတစ်ရပ် လုံးအတွက် ကယ်တင်ခြင်းအလင်းဖြစ်တော်မူသည်။ အပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ထည်ဖြင့် ထင်ရှားခဲ့သည့် အမှုတော် မြတ်လုပ်ငန်းဖြင့် လူသားများ၏ကယ်တင်ခြင်းကို ယေရှုခရစ်သည် ပြည့်စုံ စေတော်ခဲ့ပါသည်။ ကျွန်ုပ်တို့အားယေရှုခရစ်ပေးတော်မူခဲ့သည့် ဗတ္တိဇံနှင့် အသွေးဧဝံဂေလိသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်မှကယ် တင်ခြင်းခံခဲ့ရကြသည်။ ယေရှုကို ယုံကြည်သူအားလုံး ဤသမ္မာတရားအ လင်းကိုကို ရှာဖွေတွေ့ရှိရကြမည်။
ယေရှုခရစ်တော်သည် ကမ္ဘာလောကအပေါ်သို့ ကယ်တင်ခြင်းအ လင်းကိုပေးတော်မူသဖြင့် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်း ခံရသောသူများသည်ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ဝင်ခွင့်ရရှိလိမ့်မည်။ ထိုသို့ပင်ရေနှင့်ဝိညာဉ်တော်ဖြင့် ဒုတိယမွေးခြင်းခံသောသူသည်သာ ဘုရား သခင်၏အသင်းတော်တွင် ပါဝင်ခွင့်ရရှိလျက်ကမ္ဘာတစ်ဝှမ်းလုံးအား ရေနှင့် ဝိညာဉ်တော်အလင်းကိုပျံ့နှံ့စေဖို့ အရည်အချင်းပြည့်မှီသောသူဖြစ်လိမ့် မည်။ သူတို့သည်ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကိုသာ ယုံ ကြည်၍ဟောပြောကြသောကြောင့်ဘုရားသခင်သည် သူတို့အား အထူးသ ဖြင့် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကိုအပ်နှံတော်မူလျက် စစ်မှန်သော ဧဝံဂေလိတရားအလင်းကို တောက်ပစွာထွန်းလင်းရန်ခွင့်ပြု တော်မူခြင်းဖြစ်သည်။ 
ထိုကဲ့သို့ပင် ကမ္ဘာတစ်ဝှမ်းလုံးသို့ ဧဝံဂေလိသတင်းကောင်းဖြန့် ဝေခြင်း လုပ်ငန်းကိုရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းအစစ်အ မှန်ယုံကြသောသူများသာလျှင်ဟောပြောနိုင်ကြမည်ဖြစ်သည်။ အပြစ်သား များသည် သန့်ရှင်းရာဌာနသို့ဝင်ရောက်ခွင့်မရှိကြပေ။ တဲတော်တံခါး၍ ထင်ရှားသည့်အပြာရောင်၊ ခရမ်းရောင်၊အနီရောင်တံတော်တံခါးချည်ထည် ကိုယုံကြည်သောသူများသာလျှင်ဝင်ရောက်ခွင့်ရှိကြသည်။ထို့ကြောင့်အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ကြိုးသမ္မာတရားကိုသိ၍ သူတို့စိတ်ထဲ တွင်ယုံကြည်သောသူတို့သည်သာတဲတော်အထဲသို့ဝင်ခွင့်ရရှိကာကယ်တင် ခြင်းအလင်း လင်းပေးရသည့်အလုပ်ကို ထမ်းဆောင်နိုင်ကြလိမ့်မည်။
တဲတော်ဝင်းတံခါးဝ၌ရှိသောအပြာရောင်၊ခရမ်းရောင်နှင့် အနီ ရောင်ချည် ထည်တို့ဖြင့်ကုလားကာသည် လမ်းခရီးကိုတောက်ပစွာထွန်း လင်းစေသည်။ တဲတော်သို့ဝင်ရောက်၍ ယဇ်ပူဇော်လိုသောသူများအတွက် ဘုရားသခင်သည် အရောင်လေးမျိုးတို့ဖြင့်တဲတော်ဝင်း၏တံခါးကိုပြုလုပ် တော်မူခဲ့သည်။ သို့သော် ဓမ္မဟောင်းကျမ်းခေတ်ကာလတွင်ရှိသောလူများ သည် နေ့တိုင်းယဇ်ပူဇော်ခြင်းအားဖြင့် ထာဝရမသန့်ရှင်းနိုင်ကြပေ။ ထို ကြောင့်သူတို့သည် မေရှိယကြွလာတော်မူခြင်းကို ဆက်လက်စောင့်ဆိုင်း နေကြခြင်းဖြစ်သည်။ သို့သော် သခင်ယေရှုခရစ်မေရှိယသည် အမှန်အကန် ကြွလာတော်မူခဲ့သည်။ သို့သော် တဲတော်တံခါးကုလားကာ၏အ‌ရောင်များ ၌ထင်ရှားသောဗျာဒိတ်တော်နှင့်အညီ ထာဝရယဇ်ပူဇော်ခြင်းပေးအပ်ခြင်း အားဖြင့် ကိုယ်တော်သည် စစ်မှန်သောမေရှိယဖြစ်တော်မူကြောင်း နား လည်သဘောပေါက်ခြင်းမရှိကြပေ။ 
ဤအရာသည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူ ရောင်ချည်ကြိုးဖြင့်သခင်ယေရှုသည်ကြွလာတော်မူလျက် ကျွန်ုပ်တို့အား အပြည့်အဝကယ်တင်တော်မူခဲ့ကြောင်း မသိဘဲ ယေရှု၏နာမကို ခေါ်နေ သည့်ယနေ့ခရစ်ယာန်များနှင့်အလားတူပင် ဖြစ်သည်။ ဓမ္မဟောင်းခေတ်မှ လူတို့သည်ယဇ်ကောင်အပေါ်သို့လက်ကိုတင်၍အသွေးကို နေ့စဉ်ပူဇော်ကြ သည့်အခါ မေရှိယသည်ဤနည်းလမ်းအားဖြင့် ကြွလာတော်မူ၍သူတို့၏ ယဇ်ပူဇော်ခြင်းကို ပူဇော်တော်မူလိမ့်မည်ဟု ယုံကြည်ရကြမည်ဖြစ်သည်။ 
ထိုနည်းတူစွာ ယေရှုခရစ်ကယ်တင်ရှင်သည် လောကသို့ ကြွလာ တော်မူလျက်ဓမ္မဟောင်းကျမ်း၏ယဇ်ပူဇော်ခြင်းနည်းစနစ်အရ လက်တင် ၍အသွေးဖြင့် ပူဇော်သကဲ့သို့ဗတ္တိဇံခံယူသည့်အခါ လောကသား အားလုံး၏ အပြစ်ကိုမိမိအပေါ်သို့တင်၍ လက်ဝါးကပ်တိုင်တွင် အသေခံတော်မူလျက် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် သူတို့ကိုအပြစ်မှကယ်တင် တော်မူခဲ့သည်။ သို့သော် ဓမ္မဟောင်းကာလမှ ယဇ်ပူဇော်သည့် နည်းစနစ် ကို သူတို့သည်မသိသောကြောင့် ယေရှုသည်ဗတ္တိဇံနှင့်အသွေးဖြင့် ကြွလာ ခြင်းကိုမသိကြသောကြောင့် လက်ဝါးကပ်တိုင်ပေါ်တွင်သွန်းလောင်းတော် မူသောအသွေးတော်တစ်ခုတည်းဖြင့် ကယ်တင်ခဲ့သူ (သို့)ရိုးရိုးကယ်တင် ရှင်အဖြစ်သာ သိရှိထားကြဟန်တူပါသည်။
ဘုရားသခင်၏မျက်စိတော်တွင် ယနေ့ခရစ်ယာန်များသည် ဓမ္မ ဟောင်းခေတ်ယဇ်ပူဇော်ခြင်းအပေါ်ထားသည့်ယုံကြည်ချက်သည် ဣသရေ လလူမျိုးများကဲ့သို့ပင် အမှန်မကန်ချွတ်ယွင်းချက်ရှိကြောင်း တွေ့ရပါ သည်။ ယဇ်ပူဇော်ခြင်းမရှိကြသဖြင့် မေရှိယကြွလာတော်မူလျက် ဗတ္တိဇံ ခံယူခြင်း၊အသွေးတော်သွန်းလောင်းတော်မူခြင်းကိုမယုံကြည်ကြပေ။ ဣသ ရေလူမျိုးများအပါအဝင် ကမ္ဘာပေါ်ရှိလူအားလုံးတို့သည် ရေနှင့်ဝိညာဉ် တော်ဧဝံဂေလိသတင်းကောင်းတည်းဟူသော ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင် ပေါ်တွင်အသေခံတော်မူခြင်းအမှုတော်မြတ်လုပ်ငန်းဖြင့်ယေရှုသည် သူတို့ ကိုအပြစ်မှကယ်တင်တော်မူခဲ့ကြောင်းယုံကြည်ကြရမည်။
သင်နှင့်ကျွန်ုပ်အားအပြစ်အားလုံး၏ ဒဏ်စီရင်ခြင်းမှ ကယ်တင်ဖို့ ရန် ယေရှုခရစ်သည်ဗတ္တိဇံခံယူ၍အသွေးတော်သွန်းလောင်းတော်မူခဲ့သည်။ အပြာရောင်၊ခရမ်းရောင်၊အနီရောင်ချည်ကြိုးဖြင့် တဲတော်တံခါးတွင်ထင် ရှားခဲ့သည့်သမ္မာတရားသည် ရေနှင့် ဝိညာဉ်တော်၏ဧဝံဂေလိသတင်း ကောင်း၏ပုံရိပ်ဖြစ်သောကြောင့်ကျွန်ုပ်တို့သည်ယေရှုကို သိမြင်နိုင်ကြခြင်း ဖြစ်သည်။ ဤကယ်တင်ခြင်းသမ္မာတရားအရ လူတို့အနေဖြေင့် သူတို့ စိတ်ထဲတွင် ရေနှင့်ဝိညာဉ်တော်စစ်မှန်သော ဧဝံဂေလိသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့်သူတို့၏အပြစ်ဆေးကြောခြင်းခံကြသည်။ ရေနှင့်ဝိ ညာဉ်တော်ဧဝံဂေလိသတင်းကောင်းကိုယုံကြည်ခြင်းတည်းဟူသော ယေရှု ခရစ်သည် လောကသို့ကြွလာတော်မူလျက် ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ် တိုင်ပေါ်တွင် အသေခံတော်မူခြင်းဖြင့် သင်၏စိတ်ထဲတွင်ယုံကြည်၍ကယ် တင်ခြင်းခံရသည်။ ဤသမ္မာတရားက သင့်ကို သင့်အပြစ်အားလုံးမှကယ် တင်ခဲ့သည်။ 
ဘုရားသခင်၏ သန့်ရှင်းသောအိမ်တော်တွင် အရောင်သုံးမျိုးပါ သည့် တံခါးကုလားကာရှိသည်။ ဤတံခါးကုလားကာ အားလုံးတို့ကို အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ကြိုးဖြင့် ယက်လုပ် ထားပါသည်။ ကျွန်ုပ်သည် အထပ်ထပ်အခါခါပြောခဲ့ပြီးသည်အတိုင်း ဤအ ရောင်(၄)မျိုးသည် ဘုရားသခင်၏ အကယ်တင်ခြင်းကို တိကျစွာဖော်ပြ သည်။ကျွန်ုပ်တို့အား အပြစ်များမှကယ်တင်ဖို့ရန် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်အားဖြင့် ပြည့်စုံစေခဲ့သည့် အပြစ်ဆေးကြောခြင်း ပညတ်တော်ကို ဘုရားသခင်သည်ချမှတ်ထားခဲ့ပါသည်။ ထို့ကြောင့် ဤအ ပြစ်ဆေးကြောခြင်း ပညတ်တရားအတိုင်း ကျွန်ုပ်တို့ယုံကြည် မည်ဆိုလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ယုံကြည်ချက်ကို လက်ခံ၍ကျွန်ုပ်တို့၏အ ပြစ်မှ ထာ၀ရကယ်တင်တော်မူလိမ့်မည်။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်ချည်ကြိုးဖြင့် ထင်ရှားခဲ့သည့် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့သည်ထာ၀ရကယ်တင်ခြင်းခံခဲ့ကြရသည်။ ဘုရား သခင်ပေးထားသည့်ယဇ်ပူဇော်ခြင်းနည်းစနစ်၏ထူးခြားချက်ကိုသိမြင်၊ ယုံ ကြည်ခြင်းအားဖြင့် တစ်စုံတစ်ဦးသည် ကိုယ်တော့်ထံတော်သို့ ချဥ်းကင်နိုင် ပါသည်။သန့်ရှင်းရာဌာန၊ဘုရားသခင်၏အိမ်တော်အဝင်၀တွင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ထည်ဖြင့် ယက်လုပ်ထားသည့် ကုလားကာများကိုတိုင်(၅)တိုင်အပေါ်ချိတ်ဆွဲထားပါသည်။ ကျွန်ုပ်တို့အ နေဖြင့် ဘုရားသခင်ထံသွားမည်ဆိုလျှင် တံတော်တံခါးကုလားကာလေးမျိုး ဖြင့် ထင်ရှားခဲ့သည့် ယုံကြည်ခြင်းလေးမျိုး ကျွန်ုပ်တို့၌ရှိရမည်။
အပြာရောင်ချည်ကြိုးဆိုသည်မှာ-ယေရှုခရစ်သည်ဗတ္တိဇံခံယူခြင်း အားဖြင့် ကျွန်ုပ်တို့အပြစ်ကိုခံယူတော်မူခြင်းကို၎င်း၊ အနီရောင်ချည်ကြိုး ဆိုသည်မှာ-လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူ ခြင်းအားဖြင့် အပြစ်တရားစီရင်ခြင်းခံခဲ့ရသည့် ယေရှုခရစ်ကို၎င်း အသီးသီး ရည်ညွှန်းထားပါသည်။ခရမ်းရောင်ချည်ကြိုးဆိုသည်မှာ-ယေရှုသည် ဘုရား သခင်ဖြစ်တော်မူ၏ဟူ၍ယုံကြည်ခြင်းကို၎င်း၊အဖြူရောင်ချည်ကြိုးဆိုသည်  မှာ - ဘုရားသခင်သည် ကျွန်ုပ်တို့အားတိကျသောနှုတ်ကပတ်တော်ဖြင့် အ ပြစ်ဆေးကြောပေးခဲ့ပြီးအ ပြစ်ကင်းစင်သောသူဖြစ်စေတော်မူခဲ့ပြီဟူ၍ ၎င်းအဓိပ္ပါယ်သက်ရောက်မှုရှိသည်။ ထိုအပြစ်ဆေးကြောခြင်းသည် အပြာ ရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ကြိုး သမ္မာတရားဖြင့် ဖြစ်လာသည်။ ဤသမ္မာတရားကိုရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားသတင်းကောင်း ဟု ခေါ်သည်။ထိုကဲ့သို့ပင်ယေရှုသည်ရေနှင့်ဝိညာဉ်တော်အားဖြင့်သင့်ကိုကယ် တင်ခဲ့ကြောင်း ယုံကြည်သည့်အတိုင်းကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံ တော်သို့ ဝင်ခွင့်ရရှိကြသည်။ တဲတော်တံခါးကိုဖွင့်စေသောယုံကြည်ချက် မှာဤသို့သောသူများကဲ့သို့ယုံကြည်သူများဖြစ်၍ သန့်ရှင်းသောနေရာသို့ ဝင်ရောက်နိုင်ကြသည်။ 
အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ဖြင့် ယက်လုပ်ထားသည့် တဲတော်တံတိုင်း တံခါးကုလားကာသည် ကျွန်ုပ်တို့အားဘုရားသခင်မည် သို့ကယ်တင်တော်မူမည်ဆိုသည့်ဘုရားသခင်၏စီမံကိန်းကို နားလည်စေ သည်။  ဘုရားသခင်ချမှတ်တော်မူသည့်အပြစ် ဆေးကြောခြင်းမှလာသည့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းပြသခြင်းသည်လူ့ဘက်မှကြိုးစားအားထုတ်ခြင်းအားဖြင့်မဟုတ်ပေ။ကျွန်ုပ်တို့၏အပြစ်ဖြေလွှတ်ခွင့်ရရှိဖို့ နေ့စဉ်တောင်းပန် သော်လည်းယဇ်ပူဇော်ခြင်းဆိုင်ရာအပြစ်ဖြေလွှတ်ခွင့်တည်းဟူသော လက် ကိုတင်ခြင်းအားဖြင့် အပြစ်ကိုလွှဲပြောင်းခြင်း၊ အသွေးသွန်းလောင်းခြင်းတို့ ဖြင့်ကျွန်ုပ်တို့သည်ထာ၀ရအပြစ်ဖြေလွှတ်ခွင့်မရရှိနိုင်ပေ။ ကျွန်ုပ်တို့ကယ် တင်ဖို့လာသောသူမှာ ကျွန်ုပ်တို့၏လောကအပြစ်အားလုံးကို ထာ၀ရကာ လအတွက်ယဇ်ပူဇော်ခြင်းအားဖြင့်ကယ်တင်မှသာလျှင် ဤသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် တစ်ကိုယ်လုံးကယ်တင်ခြင်းခံရပြီး အပြစ်ဆေးကြောခြင်း ခံခဲ့ရပါသည်။
အကယ်၍ကျွန်ုပ်တို့၏စိတ်ထဲတွင်ဤဧဝံဂေလိသမ္မာတရားကိုယုံ ကြည်ထားမည်ဆိုလျှင် ပျောက်ဆုံးနေသည့်ဝိညာဉ်တိုင်းအတွက် ကျွန်ုပ်တို့ သည် ကယ်တင်ခြင်းဧဝံဂေလိသတင်းကောင်းကို နှံ့ပြားစေနိုင်မည်ဖြစ် သည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ကြိုးဖြင့် ထင်ရှားခဲ့သည့် ယေရှု၏အမှု တော်မြတ်လုပ်ငန်းကိုယုံကြည်ခြင်းအားဖြင့်အပြစ်ဆေးကြော ခြင်းသမ္မာတရားကိုအသုံးပြုလျက်ကမ္ဘာကြီးကိုကျွန်ုပ်တို့ အလင်းပေးနိုင် ကြလိမ့်မည်။ သန့်ရှင်းရာဌာနရှိရွှေမီးခုံတိုင်တွင် မီးခွက်ခုနှစ်လုံးရှိပြီး ထို မီးခွက်များသည် တစ်ပြိုင်နက်အလင်းထွန်းလင်းသောအခါ တဲတော်ထရံ အတွက် ရွှေဖြင့်ကွပ်ထားသော ပျဥ်ပြားမှရောင်ပြန်ဟပ်မှုကြောင့် သန့်ရှင်း ရာဌာနတစ်ခုလုံး တောက်ပသည်ကို တွေ့ရပါသည်။ သန့်ရှင်းရာဌာနတွင် ရွှေမီးခုံတိုင်မရှိခဲ့သော် အခန်းတစ်ခုလုံးမှောင်မဲလိမ့်မည်။ ထိုအကြောင်း ကြောင့် ဘုရားသခင်သည် ဤမဲမှောင်နေသောကမ္ဘာကြီးပေါ်မှာ ရေနှင့်ဝိ ညာဥ်တော်သတင်းကောင်းယုံကြည်သောသန့်ရှင်းသူများနှင့်အစေခံများကို ထားရှိတော်မူခြင်းဖြစ်သည်။ 
 


ရွှေမီးခုံတိုင်၏အခန်းကဏ္ဌမှာ အဘယ်နည်း

 
ရွှေမီးခုံတိုင်မှကျွန်ုပ်တို့အားပြခဲ့သည်မှာ-ကမ္ဘာလောက၏အလင်း ဖြစ်လာသည့်သမ္မာတရားကိုယုံခြင်းဖြင့်ရလာသည့်ယုံကြည်ချက်ကို ဘုရား သခင်သည်ကျွန်ုပ်တို့အားပေးထားတော်မူခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် လောကသို့ ကြွလာတော်မူလျက်ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်ပေါ် တွင်အသွေးတော်သွန်းလောင်းတော်မူခြင်းကို ကျွန်ုပ်တို့ယုံကြည်ရမည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် ဤယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းအလင်းကိုတောက်ပစေဖို့တိုက်တွန်းနေရခြင်း ဖြစ်သည်။ ဤယုံကြည် ချက်ကို ကျွန်ုပ်တို့နှလုံးသားဖြင့်ယုံကြည်၍ဟောပြောလျှင် သမ္မာတရားအ လင်းတော်သည် ချက်ချင်းထွန်းလင်းသွားပါလိမ့်မည်။ လူတို့သည် ဤ တောက်ပသောအလင်းကိုလာကြည့်ကာ အပြာရောင်၊ ခရမ်းရောင်၊အနီ ရောင်နှင့်အဖြူရောင်ချည်ကြိုးဖြင့် သခင်ယေရှုသည် သူတို့ကို ကယ်တင် တော်မူခဲ့ကြောင်းသဘောပေါက်လျက်ဘုရားသခင်ပိုင်ဆိုင်သည့်လူမျိုးဖြစ် လာကြသည်။ဤရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းသမ္မာ တရား အလင်းသည်ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စီစဉ်၍ပြည့်စုံစေတော်မူခဲ့သည်။ 
ယေရှုသည်လောကသို့ ကြွလာတော်မူလျက်၊ ဗတ္တိဇံခံယူခြင်း လက်ဝါးကပ်တိုင်တွင်အသေခံတော်မူလျက် အသွေးတော်သွန်းလောင်း ကာ အသေခံခြင်း၊ ကျွန်ုပ်တို့အားအပြစ်အားလုံးမှ ဆေးကြောဖို့ သေခြင်းမှ တစ်ဖန်ရှင်ပြန်ထမြောက်ခြင်းသတင်းကောင်းကို ကယ်တင်ခြင်းရရှိရန် ဆန္ဒပြင်းပြသောသူများထံကျွန်ုပ်တို့ဟောပြောနေရခြင်း ဖြစ်သည်။ ယေရှု ခရစ်သည် ကျွန်ုပ်တို့အတွက်ဗတ္တိဇံခံယူခြင်း၊ ယဇ်ပူဇော်ခြင်းမရှိဘဲ သင်နှင့် ကျွန်ုပ်သည် အပြစ်များမှကယ်တင်ခြင်းခံရမည်မဟုတ်ပေ။ 
ယေရှုသည် ဗတ္တိဇံခံယူခြင်း၊ အသွေးတော်သွန်းလောင်းခြင်းနှင့် ကျွန်ုပ်တို့အတွက်ယဇ်ပူဇော်ခြင်းစသည့် အမှုများကိုပြုတော်မူခဲ့သဖြင့် အ ပြစ်သား အားလုံးကိုအပြစ်မှကယ်တင်ခဲ့သည့်ယုံကြည်ခြင်းကို ကျွန်ုပ်တို့ အားပေးအပ်တော်မူနိုင်သည်။ကျွန်ုပ်တို့သည်လွှဲမှားသောခံယူချက်အချို့ကို ဖြန့်ဝေနေခြင်း မဟုတ်ပေ။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူ ရောင်ချည်ကြိုးဖြင့်ထင်ရှားခဲ့သည့်ကယ်တင်ခြင်းအလင်းကို ကမ္ဘာတဝှမ်း  ကျွန်ုပ်တို့သည်ဖြန့်ဝေလျက်ရှိသည်။ ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်လက်ဝါး ကပ်တိုင်မှာယဇ်ပူဇော်ခြင်းကိုကျွန်ုပ်တို့သိမြင် ယုံကြည်သောကြောင့်  စိတ် နှလုံးတွင်အမှောင်ထုစိုးမိုးသူတို့အား အသက်၏အလင်းကို ကျွန်ုပ်တို့သည် ဖြန့်ဝေနေကြခြင်းဖြစ်သည်။ဤအလင်းအားဖြင့် အလင်းပေးခြင်းခံရသော သူအပေါင်းတို့သည် မိမိစိတ်နှလုံးထဲမှအပြစ်များအံ့ဩဖွယ်ရာ ကောင်း လောက်အောင်ဖယ်ရှားထုတ်ပစ်ခြင်းခံရသည့်အကြောင်း သက်သေခံကြ လိမ့်မည်။ ကမ္ဘာပေါ်ရှိယေရှုခံယူခဲ့သည် ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်မှ ယဇ် ပူဇော်ခြင်းသည် လောကအပြစ်အားလုံးကို ဆေးကြောဖို့ပေးဆပ် မှုဖြစ် ကြောင်း လောကလူသားအားလုံးသိလာမည်ဖြစ်ပါသည်။ ထိုအရာသည် သူတို့၏အပြစ်ဆေးကြောခြင်းအဖြစ်ယုံကြည်လာကြသောအခါသူတို့သည် သမ္မာတရား အလင်းကို ရှာဖွေတွေ့ရှိကြလိမ့်မည်။
ယေရှုသည်အဘယ်ကြောင့် ဤလောကသို့ ကြွလာတော်မူခဲ့ရသ  နည်း။ကိုယ်တော်သည် အဘယ်ကြောင့် ဗတ္တိဇံခံယူဖို့ လိုအပ်သနည်း။ အ ဘယ်ကြောင့်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံတော်မူရန်လို အပ်တော်မူသနည်း။ကိုယ်တော်သည် အဘယ်ကြောင့် သုံးရက်မြောက်နေ့ တွင်သေခြင်းမှရှင်ပြန်ထမြောက်တော်မူရန်လိုအပ်ပါသနည်း။ ဤသို့ဖြစ်ရ သည့်အကြောင်းရင်းအားလုံးမှာ - ယေရှုခရစ်သည်မေရှိယဖြစ်တော်မူသော ကြောင့်ဖြစ်သည်။ မေရှိယအဖြစ် ကယ်တင်ခြင်းလုပ်ငန်းကိုပြည့်စုံစေတော် မူရန်အတွက် ယေရှုသည်ဗတ္တိဇံခံယူခြင်း၊ အသွေးတော်သွန်းလောင်းခြင်း နှင့်အပြစ်သားများအားကယ်တင်ခြင်းအလင်းကိုထွန်းလင်းပေးခြင်းစသည့် အမှုများပြုတော်မူခဲ့သည်။ထိုကြောင့်၊ ကမ္ဘာတစ်ခုလုံးသို့ကယ်တင်ခြင်းအ လင်းကိုဟောပြောခြင်းအားဖြင့် ကျွန်ုပ်တို့သည် လူများစွာတို့အား ဤသမ္မာ တရားသိစေနိုင်ကြမည်။ ယုံကြည်စေနိုင်ကြမည်။ ထာဝရအသက်ပေး စွမ်း နိုင်ကြမည် ဖြစ်သည်။ 
သင်နှင့်ကျွန်တော်တို့သည်လည်း ဤလောကကိုရေနှင့်ဝိညာဥ် တော်အားဖြင့်အလင်းထွန်း လင်းစေသောရွှေမီးတိုင်ဖြစ်သည်။ ကျွန်ုပ်တို့ ဟောပြောနေသောသတင်းကောင်းအားဖြင့်လူများစွာတို့သည် သမ္မာတရား အလင်းကိုသိရှိ၍ ကယ်တင်ခြင်းခံရကြလိမ့်မည်။ ဤအမှောင်ထုကြီးတွင် အလင်းကိုရှာဖွေသောသူများသည် ကျွန်ုပ်တို့ဟောပြောသောတောက်ပ သောအလင်းကိုမြင်တွေ့ကြလိမ့်မည်။ သမ္မာတရားအလင်းသို့လာ၍အပြစ် များမှကယ်တင်ကြလိမ့််မည်။ ဤသမ္မာတရားကိုခံယူသောယုံကြည်ခြင်း အားဖြင့် လူသားအားလုံးသည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ 
ဤသတင်းကောင်းသည် သီအိုလျော်ဂျီဓမ္မခံယူချက်ကိစ္စမဟုတ် ပေ။ကျွန်ုပ်တို့သည်စစ်မှန်သောနှလုံးသားဖြင့်ယုံကြည်ရကြမည် ဖြစ်သည်။ အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်နှင့်အဖြူရောင်ချည်ထည်တို့ဖြင့်ထင် ရှားသောသခင်ယေရှု၏သာသနာလုပ်ငန်းများကိုကျွန်ုပ်တို့အမှန် ယုံကြည် သောအခါ သတင်းကောင်းကို ကျယ်ပြန့်စွာဟောပြောနိုင်ကြသည်။ သို့ သော် အကယ်၍သင်သည် အပြစ်ဖြေလွှတ်ခြင်းအခွင့်ရရှိ၍ဆီထည့်စရာမ ရှိသောမီးခွက်ဖြစ်ခဲ့လျှင်အမြဲတမ်းထွန်းလင်းနိုင်မည်မဟုတ်ပေ။ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏အသင်းတော်၊မီးတိုင်ကို ပေးအပ်တော်မူခြင်း ဖြစ်သည်။ မီးခုံတိုင်ရှိအကိုင်းတစ်ခုစီတိုင်းတွင်ဖလား များရှိသည်။ ဤဖလားများ၏အောက်ပိုင်းတွင် တန်ဆာစင်ဘူးသီးများရှိ သည်။ အသင်းတော်သည် ယုံကြည်ခြင်းအားဖြင့် တည်ဆောက်ကြောင်း ရည်ညွှန်းဖော်ပြလိုခြင်း ဖြစ်သည်။ 
သူတို့၏စိတ်နှလုံးထဲတွင်ယုံကြည်ခြင်းဖြင့် အပြစ်ဆေးကြောခြင်း ကို မှန်ကန်စွာ လက်ခံသူတို့ကိုသာ စုရုံးသည့်နေရာသည် စစ်မှန်သော အ သင်းတော်ဖြစ်သည်။ အသင်းတော်၏ဦးခေါင်းသည် ယေရှုခရစ်ဖြစ်၍ အ သင်းတော်သည်ကိုယ်တော်၏ခန္ဓာကိုယ်ဖြစ်သည်။ ဦးခေါင်း၏အမိန့်တော် အတိုင်းခန္ဓာကိုယ်သည်လှုပ်ရှားရသကဲ့သို့ယေရှုခရစ်၏အမိန့်တော်အတိုင်း အသင်းတော်သည် မိမိလက်နှင့်ခြေကိုလှုပ်ရှားစေနိုင်သည်။ ဧဝံဂေလိသ တင်းကောင်းမည်သို့အစေခံနိုင်ကြခြင်းဖြစ်သည်။ထို့နောက် ဘုရားသခင်၏ အသင်းတော်သည် မည်သည့်အရာကိုကြည့်သနည်း။ ကမ္ဘာလောကသည် အပြစ်မှောင်မိုက်ထဲတွင်နစ်မွန်းကာ သေနေလျက်ရှိသဖြင့်အသင်းတော် သည် မည်သို့မျှမတတ်နိုင်တော့ဘဲငရဲသို့သွားမည့်ဝိညာဉ်များကိုကြည်ရှု လျက်ရှိသည်။ဘုရားသခင်၏အသင်းတော်သည်ကယ်တင်ခြင်း အလင်းဖြင့် သူတို့ကိုအလင်းပေးထားပါသည်။ဤအရာသည်သင်နှင့်ကျွန်ုပ်တို့သည် အ သင်းတော်၌ယုံကြည်ခြင်းအားဖြင့် သတင်းကောင်းကိုဟောပြောနေရခြင်း ဖြစ်သည်။ 
နိုင်ငံအတော်များများတွင် ခရစ်ယာန်ဖြစ်သည့်နှစ်ကြာညောင်း လာသည်နှင့်အမျှ သူတို့သည် အဆင့်မြင့်သင်ယူမှုများဖြင့် သမ္မာကျမ်းအသိ ညာဏ်ရရှိထားကြပါသည်။ ထိုသို့သမ္မာတရားကို မှန်ကန်စွာ ရှာဖွေသော သူတို့သည်ဤသမ္မာတရားကိုတွေ့၍သူတို့၏အပြစ်ဆေးကြောခြင်းခံရမည် ဟု ကျွန်ုပ်ယုံကြည်ပါသည်။ ထိုသို့သော သူတို့အား ရေနှင့်ဝိညာဉ်တော်ဧဝံ ဂေလိသတင်းကောင်းကို ဖြန့်ဝေပေးရမည်ဖြစ်သဖြင့် ကျွန်ုပ်သည် ဒုတိယ မွေးဖွားခြင်းခံယူသည့်သန့်ရှင်းသူများနှင့်စုပေါင်း၍လက်တွဲ လုပ်ဆောင်နေ ခြင်း ဖြစ်သည်။
ခရစ်ယာန်ဘာသာသည် အခြားဘာသာနှင့်မတူဘဲ ၎င်း၏အခြေခံ အုတ်မြစ်ကို နှုတ်ကပတ်တော်ပေါ်တွင် ချထားသဖြင့် ကျွန်ုပ်တို့သည် နှုတ် ကပတ်တော်ကို မှန်ကန်စွာဖြန့်ဝေမည်ဆိုလျှင် လူတို့သည် အပြစ်ဆေး ကြောခြင်းကိုခံယူရရှိကြလိမ့်မည်။သို့ရာတွင်အချို့သောသူတို့အားဤသမ္မာ တရားကို မည်မျှပင်ဟောပြောစေကာမူ မယုံကြည်သည့်အပြင် သရော် တတ်ကြသည်။ အထူးသဖြင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမယုံ ကြည်သူလည်ပင်ခိုင်မာသူဘာသာရေးသမားအချို့ရှိသည်။ ထိုသို့သော်သူ များသည် ရေနှင့်ဝိညာဥ်တော်ဤသမ္မာတရားကိုလုံးဝယုံကြည်ခြင်းမရှိကြ ပေ။ သို့သော် ကျမ်းစာကို ဘုရားသခင်၏နှုတ်ကပတ်တော်အဖြစ်လက်ခံ သောသူများသည် မည်သို့ဖြစ်သနည်း။ မြောက်များစွာသောသူတို့သည် ဤ သတင်းကောင်းကိုကြားနာယုံကြည်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းအခွင့် ရရှိခံစားရကြလိမ့်မည်။ 
ကျွန်တော်သည် ဤယုံကြည်မှုကိုရှိသဖြင့် ယနေ့အထိ သင်နှင့် အတူ ဘုရားသခင်ကိုအစေခံ နိုင်ခြင်း ဖြစ်သည်။ နောင်လာမည့်အချိန်များ တွင်လည်း ဤသတင်းသည် လူမြောက်များစွာထံသို့ဟောပြော၍ ကြီးမား သောသတင်းကောင်း၏လုပ်ဆောင်မှုများထွက်ပေါ်လာလိမ့်မည်။ ဘုရား သခင်ပြုတော်မူသောအမှုအရာအားလုံးကို ကျွန်ုပ်တို့မြင်တွေ့နိုင်ကြမည်မ ဟုတ်ပေ။ နေ့စဥ်နေ့တိုင်း လူထောင်ပေါင်းများစွာတို့သည် အပြစ်လွှတ်ခြင်း အခွင့်ခံရကြသည်။သင်နှင့်ကျွန်တော်ကဲ့သို့ လူပေါင်းများစွာတို့သည်မီးတိုင် များဖြစ်ကြ၍ အပြာရောင်၊ ခရမ်းရောင်၊ အနီရောက်ချည်ထည်ဖြင့်ထင်ရှား သောကယ်တင်ခြင်းကို မိမိနှလုံးသားများဖြင့်ယုံကြည်မှုကို ကမ္ဘာ့နေရာအ နှံ့အပြားသို့ ဟောပြောကြပါလိမ့်မည်။ သူတို့သည်လောကတစ်ခုလုံးကို ပြောင်းလဲစေကြ၍ ယုံကြည်သူအသစ်များထွက်ပေါ်လာကာ သူတို့သည် လည်း ဤသတင်းကောင်းကိုတစ်ဖန်ပြုစုလျက်ဟောပြောကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။ 
ယခုတွင် ဘုရားသခင်၏မီးတိုင်များဖြစ်ကြသောကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်ချည်ထည်တို့ဖြင့်ထင် ရှားသောသမ္မာတရားကို ခံယူသည့်ယုံကြည်မှုအားဖြင့် ကယ်တင်ခြင်းအ လင်းတရားကိုဟောပြောကြသည်။ အပြာရောင်ချည်ထည်သည် သခင်ယေ ရှုဗတ္တိဇံခံယူခြင်း၏သမ္မာတရားအလင်းကို ဆောင်သည်။ ယေရှုသည်ယော ဟန်ထံမှဗတ္တိဇံခံယူခြင်းအားဖြင့် ကမ္ဘာလူသားအားလုံးတို့၏အပြစ်များ အားလုံးကို သယ်ဆောင်သွားတော်မူခဲ့သည်။ ခရမ်းရောင်ချည်ထည်မှာ သ ခင်ယေရှုခရစ်တော်သည် ဘုရင့်တကာတို့၏ဘုရင်ဖြစ်တော်မူသည်ဟူ သောသမ္မာတရားအလင်းကိုညွှန်ပြသည်။ အနီရောက်ချည်ထည်မှာ သခင် ယေရှုသည် လူသားအားလုံးတို့၏အပြစ်များကိုကားတိုင်ပေါ်သို့ဆောင်ယူ လျက် အသွေးတော်သွန်းလောင်းတော်မူခြင်းသမ္မာတရားအလင်းကိုရည် ညွှန်းထားသည်။ အဖြူရောင်ချည်ထည်မှာဘုရားသခင်၏နှုတ်ကပတ်တော် သမ္မာတရားသည် အပြစ်သားများအားဖြောင့်မတ်သူများဖြစ်စေသည့်သမ္မာ တရားအလင်းကိုရည်ညွှန်းသည်။ ဘုရားသခင်ပေးအပ်တော်မူသောရေနှင့် ဝိညာဥ်တော်သတင်းကောင်းသမ္မာတရားသည် အပြာရောင်၊ခရမ်းရောင်၊အ နီရောင်နှင့်အပြာရောင်အထည်တို့ဖြင့် ထင်ရှားသော သမ္မာတရားအလင်း ဖြစ်သည်။ 
ဤသတင်းကောင်းသည် သခင်ယေရှုဒုတိယအကြိမ်ပြန်လည် ကြွလာတော်မူခြင်း၊ အသက်ရှင်းသေးသောသူများသိမ်းဆည်းတော်မူခြင်း၊ အနှစ်တစ်ထောင်နိုင်ငံတွင်ကိုယ်တော်နှင့်အတူအုပ်စိုးတော်မူခြင်း၊ ဘုရား သခင်၏ထာဝရနိုင်ငံတော်သို့ဝင်ရောက်စေ၍ ထာဝရအသက်ရှင်စေခြင်းစ သည့်အကြောင်းများကို ပြောပြထားပါသည်။ ထာဝရအသက်သည်မည် သည့်အရာဖြစ်သည်ကို သင်စဥ်းစားတွေးတောနိုင်သလော။ 
ဤစကြာဝဠာသည် အလွန်ကျယ်ပြန့်သောကြောင့် ကျွန်ုပ်တို့၏ နေအဖွဲ့အစည်းနှင့်နဂါးငွေ့တန်းအပြင် အခြားမရေတွက်နိုင်သောနဂါးငွေ့ တန်းများ၌ကြယ်စနစ်များတွင်ကြယ်စနစ်မြောက်များစွာရှိသည်ဟု သိပ္ပံပ ညာရှင်များကဆိုသည်။ ဘုရားသခင်ဖန်ဆင်းတော်မူသောကမ္ဘာ၏လျှို့ဝှက် ဆန်းကျယ်မှုသည်အလွန်ပင်အံ့သြစရာကောင်းပေသည်။ ကျွန်ုပ်တို့မသိ သောကမ္ဘာများတွင် နဂါးငွေ့တန်းများတစ်လျှောက်မသိရသောအရာများ စွာမရေတွက်နိုင်လောက်အောင်ရှိသေးသည်။ ယခု ပြိုကျသောကြယ်များ သည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက နက်ရှိုင်းသောနဂါးငွေ့တန်းမှ ကျဆင်းလူသောကမ္ဘာဂြိုဟ်၏အစိတ်အပိုင်းများသာဖြစ်ကြသည်။ ယခု တွင် ၎င်းတို့သည် ကမ္ဘာ့လေထုနှင့်မီးရောက်ရာသို့ရောက်ရှိခြင်းပင် ဖြစ် သည်။
တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့သည်လွန်ခဲ့သောနှစ်ပေါင်းတစ် ထောင်ကအဖြစ်အပျက်ကို အသိအမှတ်ပြုနေခြင်းဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်ဖန်ဆင်းတော်မူခဲ့သည် စကြာဝဠာတစ်ခုလုံးတွင် မသိရသေး သောအရာပေါင်းမြောက်များစွာရှိသေးသည်။ သို့သော် စကြာဝဠာတစ်လုံး သည် ကျွန်ုပ်တို့အတွက် ဆန်းကြယ်၍ လျှို့ဝှက်ထားသော်လည်း ဘုရားသ ခင်အတွက်မူ လက်တစ်ဆုပ်စာခန့်သာရှိသည်။ ဘုရားသခင်သည် သဗ္ဗေညုတ္တညာဏ်တော်ရှင်ဘုရား၊ အနန္ဒတန်ခိုးရှင်ဘုရား၊ အရာခပ်သိမ်း ကိုဖန်ဆင်းတော်မူသောဘုရား၊ စကြာဝဠာကိုစနစ်တကျထူထောင်တော်မူ သောဘုရားသခင်ဖြစ်တော်မူသည်။ 
ကျွန်ုပ်တို့သည် သမ္မာတရားအလင်းဖြင့် ကမ္ဘာလောကကို အလင်းပေးကြသဖြင့် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့်ထာ၀ရအပြစ်ဆေးကြောခြင်းကိုခံစားကာ ထာ၀ရအ သက်ရရှိခံစားနိုင်ကြပါသည်။ဘုရားသခင်၏သားသမီးများသည် တောက်ပ သောအသက်၏အလင်းရောင်ရှိထားကြသဖြင့်သူတို့သည် ယေရှုခရစ်နှင့်အ တူ ထာ၀ရအသက်ရှင်နိုင်ကြလိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူထာ၀ရအသက်ရှင်၍ကိုယ်တော်နှစ်သက်သည့်အရာတွင် ပျော်မွေ့ခွင့် ကို ကျွန်ုပ်တို့အား ပေးထားသည့်အပြင်မိမိဘုန်းတော်ဝတ်လုံကို ဝတ်ဆင် စေတော်မူခဲ့ပါသည်။အဘယ်ကြောင့်နည်းဟူမူကား မိမိတန်ခိုး ဧဝံဂေလိ သတင်းကောင်း၏အလင်းကို ကျွန်ုပ်တို့ယုံကြည်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏အစွမ်းအစအားဖြင့်မည်သို့မျှမတက်နိုင်သော်လည်း ဤအလင်း သမ္မာတရားကို တစ်ကြိမ်ရှာဖွေတွေ့ရှိခြင်းဖြင့် ကျွန်ုပ်တို့သည် သမ္မာတရား ကိုသိလာ၍ အခြားသူတို့အား ဤအလင်းကိုပြသပေးနိုင်ပါသည်။
စကြာ၀ဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ပြင်ဆင်ပေးတော်မူ သောအရာကိုကျွန်ုပ်တို့တွေ့ရသည့်အခါကျွန်ုပ်တို့ယုံကြည်ခြင်းသည် ကိုယ် တော်၏လုပ်ဆောင်ချက်ကြောင့်စီးထွက်လာခဲ့ပါသည်။ ကြယ်အချို့တို့ သည် လွန်ခဲ့သောနှစ်သန်းပေါင်းများစွာကပင်ပျောက်ကွယ်သွားခဲ့ပြီး အချို့ တို့မူမကား ကမ္ဘာမှအလင်းနှစ်သန်းပေါင်းများစွာ ကွာဝေးသည့်နေရာတွင် ကျွန်ုပ်တို့မျက်စိဖြင့်မြင်ကြရပါသည်။ စကြာ၀ဠာ၏ အဆုံးမသတ်နိုင်ခြင်း ကို စဉ်းစား၍ ထာ၀ရအသက်အကြောင်းကို စဉ်းစားကြည့်နိုင်ပါသည်။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ကြိုးဖြင့် ထင်ရှားခဲ့ သည့်သမ္မာတရားကိုကျွန်ုပ်တို့ယုံကြည်သောကြောင့် ကျွန်ုပ်တို့သည် ဘုရား သခင်၏အသင်းတော်တွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရရှိ ကြပြီး ယခုအခါစစ်မှန်သောဧဝံဂေလိတရား၏အလင်းကို နှံ့ပြားစေသည့် အသက် တာတွင်အသက်ရှင်ကြရပါသည်။ဤကယ်တင်ခြင်းတရားမှ ကျွန်ုပ်တို့အား ခမည်းတော်၏နိုင်ငံတော်ထဲတွင်ထာ၀ရအသက်နှင့်ကောင်း ချီးမင်္ဂလာအ တွက်အာမခံချက်ပေးထားပါသည်။ လူတိုင်းကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကိုသိစေဖို့ရန် ဘုရားသခင်အလိုတော်ရှိသည်(၁တိ ၂း၄)။ ထို့ကြောင့် ကယ်တင်ခြင်းအလင်းကို သိသောသူသည်ရေနှင့်ဝိညာဥ်တော် ဧဝံဂေလိသတင်းကောင်းကိုပျံ့နှံ့အကောင်အထည်ဖော်ရမည်ဖြစ်ပြီး၊ဘုရား သခင်သည် ထိုအကြောင်းကိုဟောပြောရန် စေခိုင်းတော်မူခဲ့သည်။ 
ဘုရားသခင်သည်ကျွန်ုပ်တို့အားကောင်းချီးပေးထားသဖြင့် ကျွန်ုပ် တို့သည်ထိုအလုပ်ကိုလုပ်ဆောင်နိုင်ကြလိမ့်မည်။ ယုံကြည်ခြင်းဖြင့် ကျွန်ုပ် တို့အားပေးထားသည့်တာဝန်ကိုကျွန်ုပ်တို့သည်ယုံကြည်ခြင်းအားဖြင့် ထမ်း ဆောင်ရမည့်အခွင့်သည်မည်မျှကြီးမားသည့်ကောင်းချီးမင်္ဂလာဖြစ်ကြောင်း သဘောပေါက်သင့်သည်။ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏သမ္မာတ ရားကိုသိသည့် အလင်းဖြင့်ဖြည့်ဆည်းဖို့ ကျွန်ုပ်မျှော်လင့်ပါသည်။ ဘုရား သခင်၏ကျေးဇူးတော်ကြောင့်သင်နှင့်ကျွန်ုပ်သည်အပြာရောင်၊ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်ချည်ကြိုးဖြင့် ထင်ရှားခဲ့သည့် ကယ်တင်ခြင်း အမှု တော်မြတ် လုပ်ငန်းကိုယုံကြည်လာပြီး ကမ္ဘာကြီးတစ်ခုလုံး အတွက် ကယ် တင်ခြင်းအလင်းဖြစ်လာကာတစကမ္ဘာလုံးကို အလင်းပေးမည့်သူများဖြစ် လာကြခြင်းဖြစ်သည်။ဟာလေလုယာ၊ ကျေးဇူးတော်ချီးမွမ်းခြင်းအလုံးစုံတို့ ဖြင့် ဘုရားသခင်၏နာမတော်ကိုချီးမွမ်းပါသည်။