Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-20] နံသာပေါင်း ယဇ်ပလ္လင် (ထွက် ၃ဝး၁-၁၀)

နံသာပေါင်း ယဇ်ပလ္လင်
(ထွက် ၃ဝး၁-၁၀)
“တနည်းကား၊နံ့သာပေါင်းကိုမီးရှို့စရာယဇ်ပလ္လင်ကိုအကာရှသား နှင့်လုပ်ရမည်။ ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်း လေးထောင့်ဖြစ်၍၊ အမြင့်နှစ်တောင်ရှိရမည်။ ဦးချိုတို့ကိုလည်း အကာရှ သားဖြင့်ပြီးစေရမည်။ပလ္လင်ထိပ်၊နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့်မွမ်းမံ၍၊ အပေါ် နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။ ရွှေတန်ဆာ အောက်၊ပလ္လင်တဘက်တချက်ထောင့်၌ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ပလ္လင် ထမ်းစရာထမ်းဘိုးနေရာဖြစ်ရမည်။ ထမ်းဘိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံရမည်။ ငါသည်သင်နှင့် တွေ့ရာအရပ်၊ သက်သေခံချက်ထား သောသေတ္တာကို ကာသောကုလားကာရှေ့၌ ထိုပလ္လင်ကိုထားရမည်။ အာ ရုန်သည်နံနက်တိုင်းမီးခွက်တို့ကိုပြင်သောအခါ၊ထိုပလ္လင်ပေါ်မှာမွှေးသောနံ့ သာပေါင်းကို ရှို့ရမည်။ညဦးယံ၌လည်း မီးခွက်တို့ကိုထွန်းသောအခါ၊ ထို ပလ္လင်ပေါ်မှာ နံ့သာပေါင်းရှို့ခြင်းဖြစ်သတည်း။ ထိုပလ္လင်ပေါ်မှာ ထူးခြား သောနံ့သာပေါင်းကိုမရှို့ရ။ မီးရှို့သောယဇ်ကိုမပြုရ။ ဘောဇဉ်ပူဇော်သက္ကာ ကိုလည်းမပြုရ။သွန်းလောင်းရာပူဇော်သက္ကာကိုလည်းမပြုရ။အာရုန်သည် တနှစ်တခါအပြစ်ဖြေရာယဇ်ကောင် အသွေးကိုယူ၍ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်းမင်္ဂလာကိုပြုရမည်။သင်တို့သားစဉ်မြေးဆက်တို့သည်တနှစ် တခါထိုသို့ပြုရကြမည်။ထာ၀ရဘုရားအားအလွန်သန့်ရှင်းသော ယဇ်ပလ္လင် ဖြစ်သတည်း။”
 
 

မီးရှို့ရာပလ္လင်
နံသာပေါင်းပူဇော်ရာယဇ်ပလ္လင်သည် ဆုတောင်းရန်နေရာဖြစ်သည်

 
နံသာပေါင်းယဇ်ပလ္လင်ကို အာကာရှသစ်သားဖြင့်ပြုလုပ်ထား၍ ၎င်းသည်စတုရန်းပုံဖြစ်သည်။ အတိုင်းအတာအားဖြင့် အလျား(၄၅စင်တီမီ တာ-၁.၅ပေ(၁)တောင်၊အနံ(၁) တောင်ပတ်လည်နှင့် အမြင့်(၂) တောင်ရှိ သည်။ သန့်ရှင်းရာဌာနတွင် ချထားပြီး နံသာပေါင်းယဇ်ပလ္လင်ကို အစအ ဆုံးရွှေဖြင့် မွမ်းမံထားကာမျက်နှာပြင်ပတ်လည်ကို ရွှေဖြင့်ဘောင်ခတ်ထား ပါသည်။ ၎င်း၏ထောင့်စွန်းလေးဖက်တွင် ရွှေကွင်းလေးကွင်းကို သယ်ယူ ပို့ဆောင်နိုင်ဖို့တပ်ဆင်ထားပါသည်။ နံသာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသောဆီမွှေးနံသာအဖြစ် ဖော်စပ်ထားသောသန့်ရှင်းသောဆီနှင့်နှံ့ သာပေါင်းမွှေးကိုသာအသုံးပြထားသည်(ထွက် ၃၀း၂၂-၂၅)။ 
နံသာပေါင်းမီးရှို့ရာယဇ်ပလ္လင်သည်ဘုရားသခင်ထံသို့ ဆုတောင်း သည့်နေရာဖြစ်သည်။ နံသာပေါင်း မီးရှို့ရာယဇ်ပလ္လင်တွင် ဆုမတောင်းမီ ကျွန်ုပ်တို့သည်မိမိကိုယ်ကိုမိမိဆုတောင်းဖို့ထိုက်တန်ခြင်းရှိ၊ မရှိဆန်းစစ်ရ ပါသည်။ သန့်ရှင်းသောဘုရားသခင်၏ရှေ့တော်မှောက်တွင် ဆုတောင်းဖို့ ထိုက်တန်သောသူဖြစ်ဖို့အလို့ငှာသူသည်ယုံကြည်ခြင်းအားဖြင့် အပြစ်ကင်း စင်သောသူဖြစ်ရမည်။ ထိုသို့ဖြစ်စေဖို့ရန် တစ်စုံတစ်ယောက်အနေဖြင့် ကြေးဝါယဇ်ပလ္လင်တွင်မီးရှို့ရာယဇပူဇော်ခြင်းတည်းဟူသော ယုံကြည်ခြင်း အားဖြင့်အပြစ်ဆေးကြောခြင်းကိုခံယူရမည်။
အပြစ်သားများ၏ဆုတောင်းသံကို ဘုရားသခင်သည် နားညောင်း တော်မူသလော(ဟေရှာ ၅၉း၁-၃)။ အဘယ်ကြောင့်နည်း။ဘုရားသခင် သည်ရေနှင့် ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို ယုံကြည်ခြင်းဖြင့် ဆေးကြောသောသူ၏ဆုတောင်းခြင်းကိုသာ လက်ခံတော်မူသည်။ အပြာ ရောင်၊ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ကြိုးဖြင့် ထင်ရှားခဲ့သည့် သမ္မာတရားအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်ကို ဆေးကြော ပေးတော်မူခဲ့ပါသည်။ တစ်နည်းအားဖြင့် ဖြောင့်မတ်သောသူ၏ဆုတောင်း ချက်ကိုသာ ဘုရားသခင်နားညောင်းတော်မူသည်(ဆာလံ ၃၄း၁၅၊ ၁ပေ ၃း၁၂)။
 

လူသားအားလုံး၏ ဖြစ်တည်မှုနှင့်သဘောသဘာ၀အမှန်
 
သင်နှင့်ကျွန်ုပ်အပါအဝင် လူသားများကို အနီးကပ်ကြည့်မည်ဆို လျှင် ကျွန်ုပ်တို့သည် အပြစ်မျိုးစေ့အားဖြင့် ပေါက်ဖွားလာသောကြောင့် ထို သို့သောသူအားလုံးတို့သည် အပြစ်ကျူးလွန်ကြခြင်းဖြစ်သည်။ လူတိုင်းမှာ မကောင်းမှုကျူးလွန်သည့်မျိုးစေ့ရှိသည်။ လူသည်အခြေခံအားဖြင့် အပြစ် မျိုးစေ့ဖြင့်မွေးဖွားလာလာပြီး သူတို့သည် မည်သို့မျှမတတ်နိုင်ဘဲ ဒုစရိုက် အပြစ်ကိုကျူးလွန်ကြပါသည်။သင်သည်လည်း မည်သို့သော လူစားမျိုးဖြစ် ကြောင်း စဉ်စားဖူးပါသလား။ ဘုရားသခင်၏ရှေ့တော်တွင် ကျွန်ုပ်တို့သည် ဆိုးသွမ်း၍အပြစ်ကျူးလွန်သူတစ်ဦးဖြစ်သည့်အားလျော်စွာ မည်သို့မျှမ တတ်နိုင်ဘဲ ငရဲသို့ပစ်ချခြင်းကိုခံရမည်သူများဖြစ်ကြသည်။ အထက်တွင် ဖော်ခဲ့သည်အ တိုင်းဘုရားသခင်၏ရှေ့မှောက်တွင်ကျွန်ုပ်တို့၏အပြုအမူကို စစ်ဆေးကြည့်မည်ဆိုလျှင် အပြစ်၏အခကားသေခြင်းပေးတည်းဟူသော ပညတ်တရားကို ဘုရားသခင်ကြော်ငြာခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် အသိအမှတ်ပြုရမည်ဖြစ်သည်။ သခင်ယေရှု၏ဖြောင့်မတ်သောအပြစ်တ ရားစီရင်ခြင်းမှ ကျွန်ုပ်တို့ လွတ်မြောက်နိုင်မည်မဟုတ်ကြပေ။ 
လူ၏စိတ်နှလုံးထဲမှ ထွက်ပေါ်လာသောအရာများဟူမူကား မ ကောင်းသောတွေးခေါ်မှု၊ လူသတ်မှု၊ လိင်မှုဖောက်ပြန်ခြင်း၊ မာန်မာနနှင့် မိုက်မဲမှုတို့ဖြစ်ပြီး အခွင့်ရလာသည်နှင့်တပြိုင်နက် ဤအပြစ်ကိုကျူးလွန် တတ်ကြလေသည်(မာ ၇း၂၁-၂၇)။လူ၏စိတ်နှလုံးသည် အခြေခံမှစ၍ အ ပြစ်ကျူးလွန်သည့် မျိုးစေ့အားဖြင့် မွေးဖွားလာသဖြင့် အခွင့်အရေးရလာ သည်နှင့်တပြိုင်နက် (သို့) အခြေအနေပေးလာသည်နှင့် တပြိုင်နက် ဘုရား သခင်ရှေ့တော်တွင် အရှက်မရှိတော့ဘဲ ဖြစ်တတ်ကြသည်။ ၎င်းသည်လူ၏ ကြိုးစားအားထုတ်မှုသက်သက်ဖြင့်ကျော်လွှားဖို့မဖြစ်နိုင်ပေ။ ဘုရားသခင် ၏ရှေ့တော်တွင်အရှက်တကွဲမဖြစ်စေရန် တစ်ခုတည်းကိုအပြစ်အားလုံးမှ ဆေးကြောပေးနိုင်သည့် အရာတည်းဟူသော သမ္မာတရားဖြစ်သည့် အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ကြိုးသမ္မာတရားကို ကျွန်ုပ်တို့သည်သိမြင်ယုံကြည်၍ဘုရားသခင်၏ရှေ့မှောက်တွင်အရှက်မကွဲ စေရဘဲ ရပ်တည်နိုင်ကြလိမ့်မည်။ထို့ကြောင့်ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိ သတင်းကောင်းသည်ကျွန်ုပ်တို့အတွက် လုံးလုံးလျားလျားလိုအပ်သောတ ရားဖြစ်သည်။
ကျွန်ုပ်တို့သည် မိမိအပြစ်ကြောင်း ကံကြမ္မာဆိုးဖြစ်သောအပ္ပါယ် ငရဲသို့သွားရောက်လူသားများဖြစ်ကြသည်မှာ စောဒကသက်စရာမဟုတ် ပေ။ အပ္ပါယ်ငရဲထဲသို့ သွားရောက်မည့်သူများဖြစ်ကြောင်းဘုရားသခင်၏ ရှေ့တော်မှောက်တွင်အသိအမှတ်ပြုသောသူများသည် ဘုရားသခင်ပြင် ဆင်ပေးတော်မူသောကယ်တင်ခြင်းကို မိမိနှလုံးသားဖြင့်လက်ခံရန်မခဲ ယဥ်းတော့ပေ။ ကျွန်ုပ်သည် ဘုရားသခင်အားသစ္စာရှိရှိနှင့်ဖြူစင်သောနှ လုံးသားဖြင့်တွေ့ကြလျှင် ကျွန်ုပ်တို့နှလုံးသာများလှည့်စား၍ပုန်းအောင် နိုင်မည်မဟုတ်ပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းတရားမှန်ကန်မှုကို အသိအမှတ်ပြုလာကြမည် ဖြစ်သည်။ ဘုရားသခင် ၏ဖြောင့်မတ်စွာတရားစီရင်တော်မူခြင်းအားဖြင့် လူသားအားလုံးသည် လွှဲ ရှောင်၍မရနိုင်ဘဲ အပြစ်ဒဏ်ခံရကြမည် ဖြစ်သည်။ 
ဖြောင့်မတ်သောဘုရားသခင်၏ပညတ်တရားတွင် အပြစ်တရား ၏အခကား သေခြင်းပေတည်းဟုဆိုထားပါသည်။ - လူသည်မိမိအတွေးအ ခေါ် (သို့) ဘာသာတရား၏ယုံကြည်ချက်ဖြင့် မိမိကိုယ်ကို ကောင်းအောင် လုပ်နိုင်မည်မဟုတ်ကြပေ။အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ပညတ် တရားသည်တရားမျှတမှုရှိသည်။တိကျသေချာမှုလည်းရှိသည်။ ထိုကြောင့် လူသည်မိမိအပြစ်ကြောင့်အပ္ပါယ်ငရဲထဲသို့သွားရကြသည်။အပြစ်သား အား လုံးသည်သေးငယ်သောအပြစ်အတွက်ပင်လျင်ဘုရားသခင်တရားစီရင်ခြင်း ဒဏ်မှမလွတ်မြောက်နိုင်ကြောင်း သဘောပေါက်ကြသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏အပြစ်အားလုံးမှ ကယ်တင်နိုင်မည့် ကယ် တင်ရှင်ရှိနေသဖြင့်ထိုကယ်တင်သောအရှင်သည် မည်သူမည်ဝါဖြစ်တော်မူ ကြောင်းကျွန်ုပ်တို့သိရမည်။ထိုသူသည်လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ် တင်တော်မူခဲ့သည့် ကယ်တင်ရှင်ယေရှုခရစ်ဖြစ်တော်မသည်။ ထိုကယ် တင်ရှင်သည် လောကသို့ကြွလာတော်မူလျက်ယောဟန်၏လက်မှ ဗတ္တိဇံ ကိုခံခြင်းဖြင့်လောဘသားအားလုံး၏အပြစ်ကိုယူတင်ဆောင်ရွက်ကာလက် ဝါးကပ်တိုင်ပေါ်ဝယ်အသေခံတော်မူခြင်းဖြင့် အသွေးတော်သွန်းလောင်း တော်မူသောယေရှုသည် ကျွန်ုပ်တို့၏အပြစ်အားလုံးမှ ကယ်တင်တော်ခဲ့ သောအရှင်ဖြစ်တော်မူသည်။
ကျွန်ုပ်တို့အားလုံး အပြစ်ဆေးကြောခြင်းအပေါ် နားလည်မှုလွဲနေ သဖြင့်အထူးသဖြင့်ခက်ခဲလျက်ရှိသည်။သမ္မာကျမ်းစာတစ်ခုလုံးကိုသဘော ပေါက်မှသာ(သို့)ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် လိုအပ်သော ကောင်း မှုကုသိုလ်တစ်ခုခုကိုပြုလုပ်နိုင်မှသာ ကျွန်ုပ်တို့ကယ်တင်ခြင်းခံရမည်ဟု တွေးတောလေ့ရှိကြသည်။ သို့ရာတွင် ဘုရားသခင်ပေးတော်မူသည့် ကယ် တင်ခြင်းသမ္မာတရားမှာ ခြားနားလျက်ရှိသည်။ ကျွန်ုပ်တို့၏ အပြစ်မှကယ် တင်ခြင်းခံရရှိဖို့ရန်ကယ်တင်ခြင်းသမ္မာတရားမှ ဖွင့်ပြသည့်လမ်းစဉ်မှာ - ဘုရားသခင်၏ပညတ်တရားရှေ့တွင် ဆင်ခြင်တုံတရားကို ဆန်းစစ်ခြင်း၊ ကျွန်ုပ်တို့စိတ်နှလုံးထဲတွင်ရှိသောအပြစ်အားလုံးဝန်ခံ အသိအမှတ်ပြုခြင်း၊ ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို ယုံကြည်ခြင်းတို့ဖြစ်သည်။ ဤသမ္မာတရားသည် တဲတော်တံခါးတွင်အရိပ်အယောင်ပြခဲ့ပြီးဖြစ်သည်။ 
လူသားများ၏အပြစ်ဆေးကြောခြင်းသည် အပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်၊ အဖြူရောင် ချည်ကြိုးဖြင့် ပြည့်စုံခဲ့သည့်မြင့်မြတ်သော ကယ်တင်ခြင်းသမ္မာတရားမှ ရောက်ရှိလာသည်။ ဤသမ္မာတရားကို ယုံ ကြည်ခြင်းအားဖြင့် အားလုံးတို့သည် အပြစ်ဆေးကြောခြင်းထာဝရခံရကြ သည်။လူတိုင်းသည်သူတို့၏အပြစ်ကြောင့် ငရဲသို့ကျခံစေဖို့ရာ ထားခြင်းခံရ ပြီးဖြစ်သော်လည်း အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည် ကြိုးအားဖြင့် ထင်ရှားခဲ့သည့် ဧဝံဂေလိသတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် နောက်တစ်ကြိမ်ခံစရာ မလိုတော့ဘဲ အပြစ်ဆေးကြောခြင်း ကိုတစ်ကြိမ်တည်းခံယူခြင်းအားဖြင့်ထာဝရဆေးကြောခြင်းရရှိကြပါသည်။ဘုရားသခင်ပေးတော်မူသည့်ဧဝံဂေလိသတင်းကောင်းဟူသည်မှာ အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်ချည်ကြိုးဖြင့် စွဲကိုင်ထားရ မည့် ဧဝံဂေလိသမ္မာတရားဖြစ်ပါသည်။ 
လူတိုင်းဤသမ္မာတရားကို ယုံကြည်ရမည်ဖြစ်သော်လည်း ဤ သမ္မာတရားကို စွဲကိုင်ယုံကြည်ထားခြင်းမရှိသောသူသည်မိမိအပြစ်မှ လွတ် မြောက်နိုင်မည်မဟုတ်ပေ။ သို့ရာတွင် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသ တင်းကောင်းအားဖြင့် ဘုရားသခင်ပြည့်စုံစေတော်မူခဲ့သည့် ကယ်တင်ခြင်း သမ္မာတရားကိုယုံ ကြည်သူများသည်မိမိအပြစ်များမှကယ်တင်ခြင်းခံထိုက် သောသူနှင့်ဘုရားသခင်ပိုင်သည့်သားသမီးများဖြစ်ကြသည်။ ဘုရားသခင် ၏ရှေ့တော်တွင် ထိုသို့သွား၍ဆုတောင်းနိုင်သောသူဖြစ်ဖို့ရန်ရှေးဦးစွာ ကျွန်ုပ်တို့သည်ရေနှင့် ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းဖြစ်သည့်အ ပြစ်ဆေးကြောခြင်း ဧဝံဂေလိသတင်းကောင်းကို ယုံကြည်ရမည်။ ကျွန်ုပ် တို့သည် စစ်မှန်သောဧဝံဂေလိသတင်းကောင်းကို စိတ်နှလုံးထဲတွင် သိ မြင်ယုံကြည်ခြင်းဖြင့်အပြစ်မှကယ်တင်ခံရသောအခါ ဘုရားသခင်၏ရှေ့ တော်တွင် ချဥ်းကပ်ဆုတောင်းထိုက်သူများဖြစ်ကြသည်။ ဘုရားသခင်၏ ရှေ့တော်တွင် ဆုတောင်းနိုင်သည့်ယုံကြည်ခြင်းကို ဘုရားသခင်ထံတော်မှ လာသည့်ဧဝံဂေလိတရားတည်းဟူသော ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသ တင်းကောင်းကို ကျွန်ုပ်တို့ စိတ်ထဲတွင် ယုံကြည်ခြင်းမှရရှိနိုင်ပါသည်။
တဲတော်တံခါးကုလားကာဖြင့်ထင်ရှားခဲ့သည့် အပြာရောင်၊ ခရမ်း ရောင်၊အနီချည်ကြိုးသမ္မာတရားကိုသိမြင်ယုံကြည်ခြင်းမပါဘဲ ဘုရားသခင် ထံသို့ ဆုတောင်ခြင်းသည် မှားယွင်းမှုရှိပါသည်။ ထိုယုံကြည်ခြင်းမျိုးသည် နာမတော်ကို ရှုတ်ချခြင်းအပြစ်၊ ဘုရားသခင်ကို သရော်လှောင်ပြောင်သည့် အပြစ်ရှိသည်။ တဲတော်အားဖြင့် ထင်ရှားခဲ့သည့်သမ္မာတရားကို ယုံကြည်ဖို့ စိတ်ထဲမှငြင်းပယ်ခြင်းဖြင့်ကျွန်ုပ်တို့သည် ဘုရားသခင်၏ရန်သူအဘယ်ကဲ့ သို့ ဖြစ်လာကြမည်နည်း။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သမ္မာတရားအားဖြင့် ကြွ လာသည့်ယေရှုခရစ်ကို ယုံကြည်ဖို့ ငြင်းပယ်ခြင်းသည် ဘုရားသခင်နှင့်ရန် သူဖြစ်ဖို့ ဖြတ်လမ်းပင်ဖြစ်သည်။ ဤအရာသည် ဘုရားသခင်အား ပုန်ကန် သည့် ကြောက်မက်ဖွယ်ရာအပြုအမူတစ်ခုဖြစ်သည်။ ဘုရားသခင်သည် သူတို့အတွက်ပြည့်စုံစေတော်မူခဲ့သည့်ကယ်တင်ခြင်းကို မယုံကြည်ခြင်း သည် ဘုရားသခင်၏သန့်ရှင်းခြင်းကို ဝိညာဉ်အနေဖြင့်အဆက်မပြတ်ရှုတ် ချခြင်းဖြစ်သော်လည်း သူတို့သည်မိမိတို့၏သဘောထားဆန္ဒတွေးတောမှုရှိ သည်အလျောက် ယုံကြည်ကြသည်။ ထိုသို့သောသူတို့၏ဝိညာဉ်သည် ဘု ရားသခင်၏မေတ္တာကရုဏာတော်ကိုလျစ်လျူရှုလျက်သင်္ဘောသဖန်းရွက် တည်းဟူသော“ဟန်ဆောင်မှု”ဝတ်လုံကိုဝတ်ဆင်ခြင်း ဖြစ်သည်။
သို့သော်လူတို့အနေဖြင့် စိတ်ထဲတွင် မိမိကိုယ်ကိုမိမိလှည့်ဖြားနိုင် သော်လည်းဘုရားသခင်၏တရားစီရင်ခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ် ကြောင်းသင်သည်သဘောပေါက်ရမည်။ထိုသို့မယုံကြည်သော သူကိုဖြောင့် မတ်သောဘုရားသခင်၏ပညတ်တရားအား အပြစ်ဒဏ်စီရင်သည့်ကြောက် မက်ဖွယ်ရာဒုက္ခဝေဒနာကိုခံရကြမည်။အဘယ်ကြောင့်ဆိုသော်ရေနှင့် ဝိ ညာဉ်တော်ဧဝံဂေလိသတင်းကောင်းဖြင့် သခင်ဘုရား၏အပြစ်ဆေးကြော ခြင်းကို သိဖို့ရှာဖွေခြင်းမရှိ (သို့) ဤဧဝံဂေလိတရားကို ယုံကြည်ခြင်းမရှိ သောကြောင့်ပင် ဖြစ်သည်။
ကျွန်ုပ်တို့ဆင်ခြင်တုံတရားသည်ကိုယ်မျက်စိအတွက်ပင်ညစ်ညူး နေဦးမည်ဆိုလျှင် သန့်ရှင်းသောဘုရားသခင်ထံတော်မှ ကျွန်ုပ်တို့သည် အ ဘယ်သို့ ပုန်းရှောင်နိုင်ကြမည်နည်း။ လုံးဝပုန်းရှောင်နိုင်မည်မဟုတ်ပေ။  မိ မိကိုယ်ကို လှည့်ဖြားဖို့ကြိုးစားသောသူသည် ဘုရားသခင်၏ မေတ္တာကရု ဏကိုစွန့်ပစ်သောသူဖြစ်သည်။ထိုသို့မိမိစိတ်နှလုံးကို လှည့်ဖြား သောသူတို့ သည်ဘုရားသခင်ကိုလှည့်စားသောသူ၊လူကိုလိမ်သောသူ၊ စာတန်၏ကျေး ကျွန်များဖြစ်ကြသည်။သူတို့၏စိတ်နှလုံးမှ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် လှည့်ဖြားတတ်သည့်အတွေးအခေါ်သည်သူတို့၏မျက်စိကွယ်ခြင်းကိုရောင် ပြန် ဟပ်စေ၍ထိုသို့ဖြင့် သူတို့သည်ဘုရားသခင်ကို လှည့်စားကြသည်။ အမှန်အားဖြင့် မိမိအတွေးအခေါ်ကိုအားကိုးသောသူသည်ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုစိန်ခေါ်သောသူဖြစ်၍သူတို့၏စိတ်ကြိုက် ရွေးချယ် မှုဖြင့် စာတန်၏ကျွန်ဖြစ်ကြသည်။
သူတို့၏စိတ်ထဲမှာ လိမ်လည်လှည့်ဖြားမှုရှိနိုင်သည်ဟု သဘော ပေါက်သောသူတို့သည်ဘုရားသခင်အား မည်သည့်အချိန်တွင်ဖြစ်စေ လှည့် ဖြားမည်မဟုတ်ပေ။ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း သူတို့၏ စိတ် နှလုံးကိုပြုပြင်နိုင်ရမည်။ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို မ ယုံကြည်ဘဲတစ်စုံတစ်ဦးအနေဖြင့်အပြစ်ဆေးကြောခြင်းကို မည်သို့ ခံယူ နိုင်မည်နည်း။ အပြစ်၏အခအား သေခြင်းပေတည်း ဟုရေးသားထားသဖြင့် အပြစ်သားတစ် စုံတစ်ယောက်၏စိတ်နှလုံးသည်ဘုရားသခင်ကိုလှည့်စား သောအခါ ကိုယ်တော်၏တရားစီ ရင်ခြင်းမှအဘယ်သို့လွတ်မြောက်နိုင်ကြ မည်နည်း။ အကယ်၍ ဘုရားသခင်၏ပညတ်တရားကို ကျွန်ုပ်တို့အနေဖြင့် ဝန်ခံမည်ဆိုလျှင် အပြစ်ကြောင့် ကျွန်ုပ်တို့အားလုံးငရဲသို့သွားရမည်ဆို သည့်အချက်မှာရှင်းလင်းစွာတွေ့နိုင်ပါသည်။ထိုနည်းအတိုင်း ဘုရားသခင် ကို တွေ့ဖို့ရှာဖွေသောသူတို့သည် တဲတော်တံခါးအားဖြင့် ထင်ရှားသည့် ရေ နှင့်ဝိညာဉ်တော်သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ခံကြ ရလိမ့်မည်။
သို့သော်လူများစွာတို့သည် သူတို့၏အပြစ်အတွက် ဒဏ်စီရင်ခြင်း ခံရမည်ကို၎င်း၊အပြာရောင်၊ခရမ်းရောင်၊ အနီရောင်ချည်ထည်သမ္မာတရား ဖြင့် ဖြစ်လာသည့်ကယ်တင်ခြင်းဧဝံဂေလိသတင်းကောင်းကို သူတို့၏ စိတ် ထဲတွင်လက်ခံဖို့ပျက်ကွက်ခြင်းကို၎င်း၊မသိသဖြင့်သူတို့သည် ငရဲသို့ ဦး တည်လျက်ရှိကြသည်။ခရစ်ယာန်ဝင်သည်ဖြစ်စေ၊မဝင်သည်ဖြစ်စေ ရေနှင့် ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကိုမယုံကြည်သောသူတို့သည်တူညီသော အပြစ်ဒဏ်စီရင်ခြင်းခံရကြမည်။ ထိုနည်းအတိုင်း ဘုရားသခင်၏ရှေ့ မှောက်တွင် မိမိ၏ဩက္ကပ္ပစိတ်ကိုလှည့်စားခြင်းမပြုဘဲ ကျွန်ုပ်တို့၏စိတ် ထဲတွင် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းကို ဝန်ခံအသိအမှတ် ပြု၍ ဤသမ္မာတရားကို ယုံကြည်ရမည်။ 
 


နှုတ်ကပတ်သမ္မာတရားကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်ကို ဆေးကြောရမည်

 
လူတို့တွင်ဆင်ခြင်ထုံတရားနှစ်ခုရှိသည်။ပထမဆင်ခြင်တုံတရားမှာ- အသွေးအသားဖြစ်၍အခြားတစ်ခုမှာ - ဧဝံဂေလိသမ္မာတရားကိုရိုသေ စွာယုံကြည်သည့်စိတ်ဖြစ်သည်။ ကျွန်ုပ်တို့စိတ်ထံ တွင်ဤစိတ်နယ်ပယ်နှစ် မျိုးရှိကြောင်း ရိုးသားစွာဝန်ခံ၍ ဧဝံဂေလိသမ္မာတ ရားကိုအသိအမှတ်ပြု သည့်ယုံကြည်ချက်ဆင်ခြင်တုံတရားသည် မလွဲမသွေသီးခြားထားရှိရမည့် စိတ်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ရှေ့ မှောက်တွင်ကျွန်ုပ်တို့ ၏ယုံကြည်ခြင်းဩတ္တပစိတ်ကိုဆန်းစစ်၍ ယေရှုသည် ဗတ္တိဇံခံယူခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်များကိုခံယူပြီး လက်ဝါးကပ်တိုင်ပေါ်ဝယ် အပြစ်ဒဏ်စီ ရင်ခြင်းနည်းလမ်းဖြင့် ကျွန်ုပ်တို့အားကယ်တင်ခြင်းနှင့် ဤယုံကြည်ချက် အားဖြင့် ကျွန်ုပ်တို့ဩတ္တပစိတ်ထဲတွင်ရှိသောအပြစ်ကိုလည်း ဆေးကြော ပေးတော်မူခဲ့ပါသည်။ ဤသမ္မာတရားထက်ပို၍တိကျသည့် သမ္မာတရားမရှိ တော့ပါဟုသိလျက်ရှိသည့်ကြားမှဧဝံဂေလိသမ္မာတရားကို မယုံကြည်နိုင် သေးသူများရှိခြင်းမှကျွန်ုပ်ကို ဒေါသထွက်စေပါသည်။ 
ကျွန်ုပ်တို့၏ ဩတ္တပစိတ်ကိုစင်ကြယ်စေဖို့ အဆင့်အဆင့်အစီအ စဉ်ရှိသည်။ ပထမအနေဖြင့် ကျွန်ုပ်တို့သည် ငရဲသွားဖို့ရာထားခြင်းခံရသူ ဖြစ်ကြောင်း အသိအမှတ်ပြုဝန်ခံခြင်း၊ ဒုတိယအနေဖြင့် ကျွန်ုပ်တို့၏ကယ် တင်ရှင်သည် လောကသို့ကြွလာ၍ ယောဟန်၏လက်မှဗတ္တိဇံခံယူခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်များကိုရယူကာလက်ဝါးကပ်တိုင်ပေါ်ဝယ် အသေခံသည့် နောက်သုံးရက်မြောက်နေ့တွင်သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဖြင့် ကျွန်ုပ် တို့ကိုအပြစ်အားလုံးမှကယ်တင်တော်မူခဲ့ကြောင်း ယုံကြည်ရမည်။ အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ကြိုးဖြင့် ထင်ရှားခဲ့သည့် ရေနှင့်ဝိညာဉ် တော်၏ဧဝံဂေလိသတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်ထာ၀ရအသက်ကိုလက်ခံရရှိ၍အပြစ်ဒုစရိုက်မှလည်း ကယ်တင်ခြင်းခံရကြသည်။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် ချည်ကြိုးဖြင့် ပြည့်စုံခဲ့သည့် အပြစ်ဆေးကြောခြင်းအကြောင်းအရာတည်းဟူသောကျွန်ုပ်တို့အား အပြစ် မှကယ်တင်ခဲ့ခြင်းကို သိလျက်ပင်အချို့တို့သည်ယနေ့တိုင် ယုံကြည်ခြင်းမ ရှိကြသေးပေ။ဤအရာကို သူတို့သည် မည်သို့ပြုလုပ်ကြမည်နည်း။ မယုံ ကြည်ဘဲနေသည့်အကျိုးဆက်အားလုံးကိုခံယူဖို့သူတို့သည် တာဝန်ယူရ မည်။ အကယ်၍ကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် ချည် ကြိုးဖြင့်ထင်ရှားခဲ့သည့်သမ္မာတရားကိုသိလျက် မယုံကြည်ဘဲနေလျှင်အ ပြစ်ကျူးလွန်ကြသူများဖြစ်ပြီးအကယ်၍ အပြစ်ကျူးလွန်သူများဖြစ်မည်ဆို လျှင် ဘုရားသခင်၏ပညတ်တော်အတိုင်း တရားစီရင်ခြင်းခံရမည်မဟုတ် လား။ အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ကြိုးဖြင့် ဘုရားသခင် ပြည့်စုံစေတော်မူခဲ့သည့် ကယ်တင်ခြင်းသမ္မာတရားကို ကျွန်ုပ်တို့စိတ် ထဲ တွင်ယုံကြည်ခြင်းအားဖြင့်ယောင်္ကျား၊မိန်းမအယောက်စီတိုင်းသည်အပြစ်မှ ကယ်တင်ခြင်းခံရကြသည်။
ထိုယုံကြည်ခြင်း အမျိုးအစားရှိသောသူတို့သည်သာ သူတို့၏အ ပြစ်မှကယ်တင်ခြင်းခံရကြမည်။သူတို့၌ ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသ တင်းကောင်းကို ယုံကြည်သည့်ယုံကြည်ချက်သာရှိရမည်။ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ကြိုးဖြင့် ထင်ရှားခဲ့သည့်ဧဝံဂေလိသတင်း ကောင်းတည်းဟူသောသခင်ယေရှုသည်ဗတ္တိဇံခံယူခြင်းဖြင့် ကျွန်ုပ်တို့၏အ ပြစ်ကိုရယူကာ လက်ဝါးကပ်တိုင်တွင် သွန်းလောင်းခဲ့သည့် အသွေးတော် အားဖြင့်ကယ်တင်တော်မူခဲ့ခြင်းကိုသင်သည်ယုံကြည်ပါသလား။ သင်သည် မိမိကိုယ်ကိုမိမိစဉ်းစားသည့်အခါငရဲသို့သွားဖို့ အမှန်တကယ်ရာထားခြင်းခံ ရသည်ဟုပထမဦးဆုံးအသိအမှတ်ပြုပါသလား။ ကျွန်ုပ်တို့သည် ငရဲသို့ကျ မည့်သူများဖြစ်ကြသော်လည်း သခင်ယေရှုသည် အပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီရောင်တို့ဖြင့်ထင်ရှားသော သမ္မာတရားအသုံးပြုတော်မူလျက်အ ပြစ်များမှကယ်တင်တော်မူခဲ့သည်ကို သင်ယုံကြည်ပါသလား။ 
ကျွန်ုပ်တို့အပြစ်များအားလုံးယူဆောင်သွားရန်အတွက်သခင်ယေ ရှုသည်ဤလောကသို့ကြွလာတော်မူသည်ဟူ၍လည်းကောင်း၊ ဗတ္တိဇံခံယူ သည်ဟူ၍လည်းကောင်း၊ အသွေးတော်သွန်းလောင်တော်မူခဲ့သည်ဟူ၍ လည်းကောင်းသင်ယုံကြည်ရမည်။ ကျွန်ုပ်တို့၏သခင်ဘုရားသည် သင်နှင့် ကျွန်ုပ်၏အပြစ်ကို ဆေးကြောသုတ်သင်ဖို့ရန်လူဇာတိကိုခံယူကာ လောက သို့ကြွလာတော်မူလျက် အသက်(၃၀)ပြည့်သောအခါ ယောဒန်မြစ်၌ ယော ဟန်၏လက်မှဗတ္တိဇံကိုခံယူခြင်းအားဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏အ ပြစ်များကို တစ်ကြိမ်တည်း အပြီးယူဆောင်သွားတော်မူခဲ့သည်။ထိုအပြစ် အတွက်လက်ဝါးကပ်တိုင်ပေါ်တွင် တစ်ကြိမ်တည်းဒဏ်စီရင်ခြင်းကိုခံရပြီး အသွေးတော်သွင်းလောင်းတော်မူခဲ့ပါသည်။ ယုံကြည်သောသူတို့၏အပြစ် အားလုံးကိုဘုရားသခင်သည် တစ်ကြိမ်တည်းဖြင့် ဆေးကြောသုတ်သင် ပေးတော်မူခဲ့ပါသည်။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ကြိုးအားဖြင့် ထင်ရှားခဲ့ သည့် သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များမှ ကယ်တင်ခြင်းခံရကြသည်။ ဤသမ္မာတရားအားဖြင့် ကျွန်ုပ်တို့သည် အပြစ် မှကယ်တင်ခြင်း အမှန်တကယ်ခံရပြီ (သို့) မခံရသေးပါဆိုသည့်အချက်ကို ကျွန်ုပ်တို့အနေဖြင့် ဝေဖန်ဆန်းစစ်၍ အတည်ပြုရမည်။ ကယ်တင်ရှင်ယေ ရှုခရစ်သည်အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ကြိုးဖြင့် ကြွလာ သည်ဟူသောခံယူချက်ကိုကျွန်ုပ်တို့ယုံကြည်ရကြမည်။ ရောမ ၁ဝး၁၀၊၁၇ တို့တွင်“ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ စိတ်နှလုံးဖြင့်ယုံကြည်ရ၏။ သို့ ဖြစ်၍ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနားခြင်းသည် လည်း ဘုရားသခင်၏စကားတော်အားဖြင့် ဖြစ်၏”ဟုဖော်ပြထားသည်။ 
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ကြိုးဖြင့် ပြည့်စုံခဲ့သည့် ကယ်တင်ခြင်းကိုယုံကြည်ခြင်းဖြင့်ကျွန်ုပ်တို့ ကယ်တင်ခံရကြောင်းယေရှု မိန့်တော်မူခဲ့သည်။အပြစ်ဆေးကြောခြင်းကို ကျွန်ုပ်တို့၏တွေးခေါ်မှု အပေါ် ယုံကြည်ကိုးစားခြင်းကြောင့်ရလာခြင်းမဟုတ်ဘဲ အပြာရောင်၊ခရမ်းရောင်၊ အနီရောင်ချည်ကြိုးဖြင့်ရောက်လာသည့်ကယ်တင်ခြင်းကိုကျွန်ုပ်တို့စိတ်ထဲ တွင်ယုံကြည်ခြင်းအားဖြင့်သာရရှိနိုင်သည်။ကျွန်ုပ်တို့အပြစ်မှ လွတ်မြောက် နိုင်သည့် ယုံကြည်ခြင်းဆိုသည်မှာ ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်း ကောင်းကိုယုံကြည်ခြင်း ဖြစ်သည်။
ဤသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဆု တောင်းရမည်လား။ အမှန်ပင်တောင်းရမည်။ ကျွန်ုပ်တို့သည် ဆုတောင်းပ ဌနာပြုသည့်အခါခါတိုင်းတွင်သမ္မာတရားခါးပတ်ကိုစည်းထားရမည်(ဧ၆း၁၄ ၊၁၈)။ ဤသမ္မာတရားသည် အဘယ်နည်း။
ထိုသမ္မာတရားမှာ-သခင်ဘုရားသည် ကျွန်ုပ်တို့အားကယ်တင်ဖို့ လောကသို့ကြွလာ၍အသက်(၃၀)ပြည့်နှစ်တွင်ယောဟန်၏လက်မှ ဗတ္တိဇံ ကိုခံယူခြင်း၊လောက၏အပြစ်အားလုံးကိုသယ်ဆောင်လျက် လက်ဝါးကပ် တိုင်တွင် လက်နှင့်ခြေကိုသံဖြင့်ရိုက်၍ တင်ထားခြင်းခံရသည်သာမက တံ တွေးနှင့်ထွေးခြင်းခံရလျက် အသွေးတော်သွင်းလောင်းခြင်းဖြင့် အပြစ်ဆေး ကြောတော်မူခဲ့သည်။အပြစ်ဆေးကြောခြင်းအားဖြင့်ပြည့်စုံခဲ့သည့်ဤသမ္မာ တရားကိုခံယူသည်ယုံကြည်ချက်ကို ကျွန်ုပ်တို့ဝန်ခံရမည်။ သခင်ယေရှု သည်ဗတ္တိဇံခံယူ၍လက်ဝါးကပ်တိုင်မှအသွေးတော်အားဖြင့် လောကအပြစ် အတွက်ဒဏ်စီရင်ခြင်းခံရတော်မူပြီဖြစ်သောကြောင့်ကျွန်ုပ်တို့အားအပြစ်မှ ကယ်တင်တော်မူခဲ့သည်။ 
သခင်ဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်ကိုအလွန်ချစ်တော်မူတဲ့အ တွက် ဘုရားသခင်ပိုင်သည့် သားသမီးအဖြစ် အကျွန်ုပ်အား ပြုလုပ်ပေး ခဲ့တယ်။ဤသို့ကျွန်ုပ်တို့၏ယုံကြည်ချက်ကို ဝန်ခံရမည်။ ကျွန်ုပ်တို့သည် အ ပြစ်ကျူးလွန်နေစဉ်မှာပင် သူ၏ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်ပေါ်တွင် အသေ ခံခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဆေးကြောသုတ်သင်ပေးသော ကြောင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်နိုင်သည့်အရည်အသွေးကို ပေးခဲ့ပါ သည်။ဤသမ္မာတရားကိုယုံကြည်၍ကျွန်ုပ်တို့သည်ထာ၀ရအသက်ကို ခံယူ ရမည်။
ဤသမ္မာတရားကို မယုံကြည်နိုင်အောင် မည်သည့်အကြောင်းပြ ချက်ရှိသနည်း။ သခင်ယေရှုသည် ထိုသို့ကျွန်ုပ်အတွက် အပြစ်မှကယ်တင် ဖို့ရန် ဗတ္တိဇံခံယူခြင်းရှိတော်မူခဲ့လျှင်ကယ်တင်နိုင်မည်မဟုတ်ပေ။ သို့သော် ယခုတွင်ကိုယ်တော်သည်အမှန်တကယ်ဗတ္တိဇံခံယူခြင်း၊ အသွေးတော်သွန်း လောင်းခြင်းဖြင့် ကျွန်ုပ်၏အပြစ်များထဲမှအကျွန်ုပ်ကိုကယ်တင်ခဲ့ပါသည်။ ထို့ကြောင့်ကျွန်ုပ်ယုံကြည်ခြင်းဖြစ်ပါသည်။ ဤဧဝံဂေလိတရားကို မယုံ ကြည်နိုင်စေဖို့အကြောင်း ပြချက်မရှိပေ။အကယ်၍အပြစ်သားတစ်ဦးသည် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းကိုမယုံကြည်ဘဲ နေမည်ဆို လျှင်ငရဲသို့ကျမည်ဆိုသည့်အချက်မှာ ရှင်းလင်းစွာတွေ့ရသည်။ လူတိုင်းလူ တိုင်း အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်ချည်ကြိုး ဧဝံဂေလိသတင်း ကောင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်မှကယ်တင်ခြင်းရရှိရန် ကျွန်တော် ဆန္ဒပြုလိုပါသည်။ 
တစ်ချိန်ကကျွန်ုပ်သည် ယေရှုကို ယုံကြည်ပါသည်ဟု ဝန်ခံသော် လည်း အပြစ်ထဲတွင် ဆက်လက်၍အသက်ရှင်ခဲ့ပါသည်။ ကောင်းသောခ ရစ်ယာန်တစ်ဦးဖြစ်ဖို့ရန်မရှက်မကြောက်အစွမ်းကုန်ကြိုးစားခဲ့ပါသည်။ သို့ သော်ကျွန်ုပ်၏ဆန္ဒနှင့် ဆန့်ကျင်လျက်တစ်ချိန်ပြီးတစ်ချိန်အပြစ်ကို ကျူး  လွန်လျက်ရှိခဲ့သည်။သို့သော်အခြားသူများနှင့် နှိုင်းယှဉ်ကြည့်လိုက်သောအ ခါသူတို့လောက် မဆိုးလှသေးပါဟု ကျွန်ုပ်ခံယူခဲ့သည်။ သို့သော် ကျွန်ုပ် ၏ဩတ္တပစိတ်ကမူ ကျွန်ုပ်အပြစ်ရှိသေးကြောင်း ဘုရားသခင်၏ပညတ်တ ရားအတိုင်းဆိုလျှင် အပြစ်၏အခသည်သေခြင်းဖြစ်၍ ကျွန်ုပ်သည်အပြစ် များအတွက် ငရဲသွားရမည်ဟုခံယူဖို့သာဖြစ်သည်။
ထုံးစံအတိုင်းပင်ပန်းခက်ခဲစွာတစ်ဆယ်နှစ်ခန့်အသက်ရှင်လာခဲ့ပြီးသည့်နောက် ကျွန်ုပ်၏ဝိညာဉ်သည် သေလုနီးပါးဖြစ်ခဲ့သည်။ သို့သော် ယေရှုခရစ်သည်ဗတ္တိဇံကိုခံယူခြင်းဖြင့် ကျွန်ုပ်၏အပြစ်ကို ယူတင်ဆောင် ရွက်ခဲ့သည့်ကျေးဇူးတော်ဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကိုပြန်၍ နိုးထစေခဲ့ ပါသည်။ ကျွန်ုပ်တစ်ဦးတည်း၏အပြစ်များကိုသာ ယူတင်ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ လောကလူသားအားလုံး၏အပြစ်ကိုပါ ယူတင်ဆောင်ရွက်ခဲ့ပါ သည်။ သူသည်လက်ဝါးကပ်တိုင်ကို ထမ်းရွက်ခြင်းအားဖြင့် အပြစ်အားလုံး အတွက် ဒဏ်စီရင်ခြင်းကိုခံရခြင်းအားဖြင့် ဤအပြစ်အားလုံးအတွက် ဒဏ် စီရင်ခြင်းကိုခံရခြင်းလက်ဝါးကပ်တိုင်ပေါ်မှာအသေခံတော်မူခြင်း၊သေခြင်း မှရှင်ပြန်ထမြောက်ခြင်းတို့ဖြင့် ကျွန်ုပ်၏စစ်မှန်သော ကယ်တင်ရှင်ဖြစ်၍ ယခုအသက်ရှင်လျက်ရှိသည်။ ဤဧဝံဂေလိသမ္မာတရားကို ကျွန်ုပ်သိသော အခါ ကျွန်ုပ်သည်၎င်းကို ယုံကြည်နိုင်ခြင်းမနေနိုင်ခဲ့ပေ။ သခင်ယေရှု၏ ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်ပေါ်ဝယ် အသွေးတော်သွန်းလောင်းခြင်းဖြင့် ယေရှုခရစ်သည် ကျွန်ုပ်၏ကယ်တင်ရှင်ဘုရားဖြစ်တော်မူ၍ကျွန်ုပ်၏အပြစ် အားလုံးကို ဆေးကြောပေးတော်မူလျက် စိတ်နှလုံးဖြင့်ယုံကြည်ခြင်းအား ဖြင့် အပြစ်လွှတ်ခြင်းရရှိခဲ့သည်။ 
ကျွန်ုပ်၏အပြစ်ဆေးကြောခံခဲ့ရသည့်အကြောင်းကို သမ္မာကျမ်း စာအရအပြည့်အဝမသိရသေးသော်လည်း ကျွန်ုပ်၏ဩတ္တစိတ်အတွင်းရှိ အ ပြစ်များသည်သုတ်သင်ဆေးကြောခြင်းခံခဲ့ရကြောင်းသိလိုက်ရပြီး ယေရှု၏ ဗတ္တိဇံခံခြင်းဖြင့် ဤအပြစ်အားလုံးကို သူသည်လွှဲပြောင်းရယူပြီး ကျွန်ုပ်၏ အပြစ်အဖိုးအခကိုပေးဆပ်ဖို့လက်ဝါးကပ်တိုင်ပေါ်တွင်အပြစ်ဒဏ်စီရင်ခြင်း ခံတော်မူကြောင်းကျွန်တော်စိတ်ထဲကယုံကြည်ခဲ့သည်။  အပြစ်ဆေးကြော ခြင်းကိုခံရသဖြင့်ဤဧဝံဂေလိသတင်းကောင်းကို ဟောပြောသည့်အသက် တာ၌ ကျွန်ုပ်အသက်ရှင်ရခြင်းဖြစ်သည်။ သင်နှင့်ကျွန်ုပ်သည်ဧဝံဂေလိတ ရားအတွက် အတူတူအသက်ရှင်နိုင်ကြသည်။ 
သင်ကဲ့သို့ ကျွန်ုပ်သည်လည်း ငရဲသို့ကျစေဖို့ရာထားခြင်းခံရပြီး၊ ယင်းကဲ့သို့တူညီသည့်ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် အပြစ်ဆေးကြောခြင်းကိုခံရသောသူဖြစ်သည်။ သခင် ယေရှုသည် ကျွန်ုပ်တို့၏အပြစ်ကိုဆေးကြောသုတ်သင်တော်မူခဲ့သည့်ဧဝံ ဂေလိသတင်းကောင်းကိုယုံကြည်ခြင်း အားဖြင့်သင်နှင့်ကျွန်ုပ်သည်အတူ တကွယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းခံခဲ့ကြရသည်။ဘုရားသခင်ဘုန်း ကြီးတော်မူပါစေ။ရေနှင့်ဝိညာဉ်တော်ဖြင့် ပြည့်စုံသောအပြစ်ဆေးကြော ခြင်းကို လက်ခံခြင်းအားဖြင့်ယုံကြည်ခြင်းဩတ္တပစိတ်ကို ယခုဤနည်းအ တိုင်းရရှိသဖြင့် ယခုဘုရားသခင်ထံချဥ်းကပ်၍ အပြစ်ဆေးကြောခြင်းကို ခံ ရသောသားသမီးကဲ့သို့ ဆုတောင်းနိုင်ကြလိမ့်မည်။
သမ္မာကျမ်းကပြောပြသည့်အတိုင်း နံ့သာပေါင်းမီးရှို့ရာပလ္လင်မှ အမွှေးနံ့သာကိုသန့်ရှင်းသောဆီနံသာဖြင့်ပြုလုပ်ထားပါသည်။ ယေရှုသည် သန့်ရှင်းသောဧဝံဂေလိသမ္မာတရားအားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဆေးကြောတော်မူခဲ့ပြီဆိုသည့်အဓိပ္ပါယ်သက်ရောက်သည်။ဓမ္မဟောင်းကာ လဣသရေလလူမျိုးများသည် ဤနံသာပေါင်းကို ဖော်စပ်ကာ ဘုရားသခင် ပြောသည့်အတိုင်း သတ်မှတ်ထားသည့်နေရာတွင် အတိအကျ ပူဇော်မှုပြုရ ပါသည်။ ထို့ကြောင့်သန့်ရှင်းရာဌာနအတွင်းပိုင်းတွင်နံ့ပေါင်းကိုမီးခံရှို့ပူဇော် ပြီးနေ့စဉ်မွှေးကြိုင်သော အနံ့ထွက်ပေါ်စေသည်။ ဤနံ့သာပေါင်း၏မွှေး ကြိုင်သောအနံ့သည် ဘုရားသခင်ထံသို့ ဆုတောင်းခြင်း ဖြစ်သည်။
ဓမ္မသစ်ကာလရောက်လာသောအခါ သင်သည် သန့်ရှင်းရာဌာန တွင်နံ့သာပေါင်းမီးရှို့မပူဇော်ဖို့ရန်သင်၏စိတ်နှလုံးထဲတွင် ရှေးဦးစွာ ဧဝံဂေ လိသမ္မာတရားနှင့်အပြစ်ဆေးကြောခြင်းကို ယုံကြည်ရမည်။တစ်နည်းအား ဖြင့်ဧဝံဂေလိသမ္မာတရားကိုယုံကြည်ခြင်းအားဖြင့်တစ်စုံတစ်ယောက်သော သူသည်နံ့သာပေါင်းဆုတောင်ခြင်းကို ပူဇော်၍ရနိုင်ပါသည်။ ဓမ္မဟောင်း ကာလနံ့သာပေါင်း မီးရှို့ပြီးပူဇော်သည့် ယဇ်နှင့်တူညီသည့် ယဇ်ကိုမည်သို့ပူ ဇော်နိုင်မည်နည်း။ ယခုကျွန်ုပ်တို့ အနီးအနားတွင် နံ့သာပေါင်းမီးရှို့ရာ ယဇ် ပလ္လင်မှအသုံးအဆောင်များမရှိဘဲနံ့သာပေါင်းမီးရှို့ရာယဇ်ကို အဘယ်သို့ပူ ဇော်နိုင်မည်နည်း။ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်ဆုတောင်းခြင်းနံ့ သာပေါင်းကိုမီးရှို့နိုင်သည်။ အကြောင်းမှာ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များကိုဖယ်ရှားလျက်ကယ်တင်တော်မူသောကြောင့် ဖြစ် သည်။အပြစ်လွှတ်ခြင်းခံရသောအခါ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် နှလုံးသားဆေးကြောခြင်းခံရကြသည်။ ယခုတွင်ကျွန်ုပ်တို့သည် အားရပါး ရဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ မွှေးကြိုင်သောနံ့သာ ပေါင်းကို မီးရှို့နိုင်ကြပါသည်။ 
ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်ကို ဆေးကြောသုတ် သင်၍ ကယ်တင်ခြင်းကြောင့်မီးရှို့ရာနံ့သာပေါင်းကို ယုံကြည်ချက်ပါသော ဆုတောင်းခြင်းအားဖြင့် ပူဇော်နိုင်ပါသည်။ ကျွန်ုပ်တို့စိတ်နှလုံးသည် ဆေး ကြောသန့်စင်ခြင်းခံခဲ့ရသည်။ကျွန်ုပ်တို့၏နှလုံးသားထဲရှိ အပြစ်အားလုံးကို  သခင်ယေရှုထံလွှဲပြောင်း‌တော်မူပြီဖြစ်သောကြောင့် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်နှလုံးသားများသည်တစ်ကြိမ်တည်း စင်ကြယ်မှုဖြင့်တစ်သက်လုံးစင် ကြယ်စေနိုင်ကြခြင်းဖြစ်သည်။ သခင်ယေရှုသည်ယောဟန်ထံမှဗတ္တိဇံခံယူ ခြင်းအားဖြင့် သင့်အပြစ်အားလုံးကိုလက်ခံတော်မူခဲ့သည်။ ကိုယ်တော် သည်သင့်အပြစ်အားလုံးကို တစ်သက်လုံးအတွက်အဝေးသို့ယူဆောင်သွား ပြီဖြစ်သောကြောင့် သင့်စိတ်နှလုံးသားထဲမှာ အပြစ်တစ်စုံတစ်ခုမျှမရှိတော့ ပေ။ ဧဝံဂေလိတရားကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးသည် ဆေးကြောသန့်စင်ခြင်းခံရသဖြင့် ယခုကျွန်ုပ်တို့သည် သန့်ရှင်းသော ဘုရား ထံသို့သွား၍ အကူအညီကိုတောင်းခံခွင့် ရရှိကြပါသည်။ ဘုရားသခင်ထံသို့ ကျွန်ုပ်တို့ဆုတောင်းနိုင်သည့်အခွင့်မှာကျွန်ုပ်တို့၏ယုံကြည်ခြင်းအပေါ်တွင် အခြေခံထားသည်။ယုံကြည်ခြင်းဟုဆိုရာတွင် ဧဝံဂေလိသတင်းကောင်းကို ယုံကြည်ခြင်းဖြစ်၍ အပြစ်ဆေးကြောခြင်းခံရသည်ကိုဆိုလိုသည်။ ယခုအ ခါရိုးရှင်းသောသင့်စိတ်နှလုံးသားထဲမှာ ထိုကယ်တင်ခြင်းသတင်းကောင်း ရှိ ခဲ့ပြီးဖြစ်သည်။ 
ညီအစ်ကိုမောင်နှမအပေါင်းတို့ နံ့သာပေါင်းမီးရှို့ရာ ပလ္လင်သို့သွား ၍စိတ်အားထက်သန်စွာဆုတောင်းကြပါစို့။“ခမည်းတော်ဘုရား၊ ကျေးဇူး ပြု၍ ကျွန်ုပ်ကိုကူညီတော်မူပါ။ ဒီအခြေအနေဟာ ကျွန်တော်ရင်ဆိုင်ရတဲ့ အနေအထားဖြစ်တယ်။ ဒီအရာကိုကျွန်ုပ်လိုချင်တယ်။ ကျွန်တော်စစ်မှန် သော ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ဖြောင့်မတ်စွာအသက်ရှင်ချင်တယ်။ အဖဘုရား သခင်အပြစ်ဆေးကြောခြင်းကိုခံယူပြီးသူတစ်ဦးနှင့်ထိုက်တန် စွာကျွန်တော်မြင့်မြတ်တဲ့အသက်တာနဲ့အသက်ရှင်လိုပါတယ်။ ကျွန်တော် ဖြောင့်မတ်တဲ့အသီးကိုသီးချင်တယ်။ ကိုယ်တော်ရဲ့အလိုတော်အတိုင်း အ သက်ရှင်နိုင်ဖို့ ကျွန်တော့ကိုယုံကြည်ခြင်းပေးတော်မူပါ။” ဤနမူနာ ဆုတောင်းချက်အတိုင်း အခြားလိုအပ်ချက်များကိုလည်း ဆုတောင်းနိုင်ပါ သည်။ ၎င်းဆုတောင်းချက်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်အညီ ဘု ရားသခင်၏အကူအညီ ရရှိဖို့ တောင်းခံခြင်းဖြစ်သည်။
သင့်ထံတွင် ဒုက္ခဝေဒနာခံစားခြင်းနှင့် စိတ်ဆန္ဒများစွာရှိကောင်း ရှိနိုင်ပါသည်။ကျွန်ုပ်တို့သည်ရေနှင့် ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်း ကို ယုံကြည်ခြင်းဖြင့်ဖြောင့်မတ်သူဖြစ်ကြဖြင့် ကျွန်ုပ်တို့၏လိုအပ်ချက်အား လုံးကို ဆုတောင်းချက်ဖြင့် ဘုရားသခင်ထံသို့ တောင်းဆိုနိုင်ကြပါပြီ။ ဘု ရားသခင်၏အကူအညီဆုတောင်းခြင်းဖြင့်တောင်းနိုင်သောသူသည် ပျော် ရွှင်ခြင်း ခံစားရပါသည်။ ယခုအခါရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကို ယုံကြည်ခြင်းအားဖြင့်အပြစ်ဆေးကြောခြင်းကို ကျွန်ုပ်တို့သည်ခံရကြသ ဖြင့်သံသယရှိစရာမလိုတော့ဘဲကျွန်ုပ်တို့အားလုံးဘုရားသခင်ထံဆုတောင်း နိုင်ကြပါသည်။
ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်ရေ၊ ဝိညာဉ်တော်ဧဝံဂေလိ တရားတို့ဖြင့် စိတ်နှလုံးထဲတွင် အပြစ်ဆေးကြောခြင်းကို ခံယူရရှိသောသူ တို့သည် သန့်ရှင်းသောဘုရားထံသို့သွား၍အကူအညီ တောင်းခံဖို့ အဆင့်မှီ သောသူဖြစ်သည်။ ဒုတိယမွေးဖွားခြင်းခံရသည့် ယုံကြည်သောသူများသည် မလွဲသာမရှောင်သည့်ကိစ္စကြောင့်ဖြစ်စေ၊ သဘာ၀အလျောက်ဖြစ်စေ သား သမီး၊ဒုက္ခရောက်သည့်အခါ ဖခင်အားအကူအညီတောင်းခံသကဲ့သို့ သူတို့ ၏အသက်တာအတွက် လိုအပ်ချက်များကို ဆုတောင်းနိုင်ကြပါသည်။ ယုံ ကြည်ခြင်းအားဖြင့် ခမည်းတော်ဘုရားသခင်အား “အဘ”ဟု ခေါ်နိုင်သည့် အခွင့်ကိုရရှိသည်သာမက ထိုယုံကြည်ခြင်းဖြင့်ကိုယ်တော်၏သားသမီးများ ဖြစ်သည့်အတိုင်းခမည်းတော်ထံလိုသမျှဆုများကို မည်သည့်အချိန်မဆို တောင်းခံနိုင်ပါသည်။ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ ၏ခမည်းတော်ဘုရားသခင်ဖြစ်လာပြီး ကျွန်ုပ်တို့လိုအပ်ချက်ရှိလာသော အ ခါ ဆုတောင်းချက်ဖြင့်အကူအညီရရှိဖို့တောင်းခံနိုင်ကြပါသည်။
သင်၏အပြစ်ဆေးကြောခြင်းကို ခံယူရရှိပြီးနောက် သင်သည် ဘယ်အရာကိုဆုတောင်းနေသည်(သို့)မည်သို့ဆုတောင်းနေသည်ကို ကျွန်ုပ် တို့မပြောနိုင်ပေ။ သို့သော် ဘုရားသခင်၏အသင်းတော်ကို စုစည်းဖို့ရန်နှင့် ဧဝံဂေလိတရားဖြန့်ဝေဖို့ ကျွန်ုပ်တို့ဘုရားသခင်ထံ ဆုတောင်းသည့်အခါ ဆုတောင်းချက်ကိုမဖြေမနေ အဖြေပေးတော်မူလိမ့်မည်။ ဤဖြစ်စဉ်အရ ကျွန်ုပ်တို့သည် သူတစ်ပါးအတွက် ဆုတောင်းပေးဖို့ဖြစ်သည်။ ရှေးဦးစွာ လူတို့သည်မိမိလိုအပ်ချက်များအတွက်သာဆုတောင်းလေ့ရှိကြသည်။ သို့ သော်သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်ချက်ကြောင့် ကျွန်ုပ်တို့နား လည်လာရသည်မှာ - အခြားသူများအတွက် ဆုတောင်းပေးဖို့လို အပ် လျက်ရှိပြီးအခြားသူများ၏ဝိညာဉ်ကယ်တင်ခြင်းရရှိဖို့အတွက်နှင့်ကမ္ဘာ နှင့် အဝှမ်းရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ဆုတောင်းရ မည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။အကြောင်းမှာ ဒုတိယမွေးဖွားခြင်းခံရ ပြီးသောသန့်ရှင်းသူများ၏ဆုတောင်းသံသည် သန့်ရှင်းသောဝိညာဥ်တော် လမ်းပြမှုအတိုင်းဖြစ်သည်။ သခင်ယေရှုက “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဦးစွာရှာကြလော့” (မဿဲ ၆း၃၃) ဟု မိန့် တော်မူခဲ့သည်။ 
သို့သော် ဒုတိယမွေးခြင်းခံသောသူများအကြား ဝိညာဥ်ရေးရာနု နယ်သေးသူများက မည်ကဲ့သို့မှန်ကန်စွာဆုတောင်းရမည်ကိုမသိကြပေ။ အကြောင်းမှာ သူတို့သည် မိမိဆုတောင်းချက်အပေါ်ဘုရား၏အဖြေပေး တော်မူခြင်းကိုမခံရသောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ယုံကြည်ခြင်းသည်မည်မျှတန် ခိုးကြီးသည်ကိုမသိကြသောကြောင့် ဖြစ်သည်။ ယုံကြည်ခြင်းအားနည်း သောသူတို့သည် မိမိဆုတောင်းချက်အဖြေရသည်ကိုလည်းကောင်း၊ မရ သည်ကိုလည်းကောင်းမသိကြပေ။ ထိုပြင် သူတို့သည် သံသယစိတ်ဝင်သ ဖြင့် စိတ်ဒုက္ခရောက်တတ်ကြသည်။ 
ထိုနည်းတူ၊ သူတို့သည် အရင်ကယုံကြည်သူများနှင့်အတူတကွ ဆုတောင်းရကြမည် ဖြစ်သည်။ အသက်နုနယ်သေးသောယုံကြည်ခြင်းရှိသူ များသည် ဘုရားသခင်ထံဆုတောင်းရန် မချင့်မရဲဖြစ်တတ်ကြသည်။ သူတို့ ဆုတောင်းသောအခါ သူတို့လိုချင်သောအရာများကို “ပေးတော်မူပါ၊ပေး တော်မူပါ၊ ပေးတော်မူပါ”ဟုဆုတောင်းတတ်ကြသည်။ သို့သော် လူငယ် သည်ဘုရားသခင်အားကြီးမားသောယုံကြည်ခြင်းမရှိဘဲလျက်အသင်းတော် နှင့်ဆက်သွယ်သောအခါသူတို့က မှန်ကန်သောဆုတောင်းခြင်းသည်အ ဘယ်အရာဖြစ်သည်ကိုလေ့လာသိရှိနိုင်ကြသည်။ အကြောင်းမှာထိုအသင်း  တော်တွင်ရှိခဲ့သောယုံကြည်ပြီးသောသူများသည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းအတွက် ဆုတောင်းနေကြသောကြောင့် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဥ်တော်သည် အသင်းတော်နှင့်ဆက်သွယ်၍စည်းလုံးခဲ့ပြီးသောသူများ ၏ဆုတောင်းခြင်းယုံကြည်မှုကိုပေးအပ်တော်မူသောကြောင့် သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအတွက် တဖြည်းဖြည်းဆုတောင်းနိုင်ကြ ခြင်းဖြစ်သည်။ “သူတော်ကောင်းဆုတောင်း၍အရှိန်ကြီးသောပဌနာသည် အလွန်တန်ခိုးပါ၏” (ယာကုပ် ၅း၁၆)။
ဘုရားသခင်ထံတော်သို့ဆု‌တောင်းနိုင်ရန်အခွင့်အရေးရှိသူဒုတိယ မွေးဖွားခြင်းခံသောသူများ၏ယုံကြည်ခြင်းဖြင့်ဆု‌တောင်းသံသည် အောင် မြင်မှုများစွာရှိသည်။ ဘုရားသခင်သည် ယုံကြည်ခြင်းအားကြီးသောသူများ ၏ဆု‌တောင်းသံကိုနားညောာင်းအဖြေပေးတော်မူခဲ့သည်။ လူများသည်ဘု ရားသခင်ထံဆု‌တောင်းသောအခါ ခမည်းတော်သည် သူတို့ဆု‌တောင်းခြင်း များကိုအဖြေပေးတော်မူခဲ့သည်။ သူတို့သည် ဘုရားသခင်က မိမိခမည်း တော်အဖြစ်အရင်ဦးဆုံးယုံကြည်ကြသည်။ ထိုကြောင့် ခမည်းတော်ဘုရား သခင်သည် သူတို့၏ယုံကြည်မှုအတိုင်းတိကျစွာအဖြေချပေးတော်မူခဲ့ သည်။ ထိုသို့ ယုံကြည်ခြင်းအားကြီးသူများဖြင့်အတူစည်းလုံးလျက် သူတို့ ခြေရာခံနောက်လိုက်သူများအတွက်နှင့် ကယ်တင်ခြင်းသတင်းကောင်း ကျယ်ပြန့်ရန်အတွက် ဆုတောင်းသောအခါ သူတို့သည် ကြီးမားသော လုပ်ဆောင်ချက်များမြင်တွေ့ကြသည်။ ဘုရားသခင်ကိုယုံကြည်သူဖြစ် သောရှိနှင့်သောယုံကြည်ခြင်းစိတ်အားထက်သန်သူများနောက်တွင်သင်ရပ် နေသောအခါ သင့်ယုံကြည်ခြင်းသည်လည်း ကြီးများစွာတိုးတက်လာလိမ့် မည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းစိတ်ချမှုရရှိရန်နှင့်အခြားဘဝအစိတ် အပိုင်းအသီးသီးတွင် အကူအညီလိုအပ်နေကြကြောင်း ဘုရားသိတော်မူ သောကြောင့် ဆုတောင်းချက်များအဖြေချပေးတော်မူခြင်း ဖြစ်သည်။ ထို ကြောင့်ဘုရားသခင်၏အသင်းတော်နှင့်စည်လုံးသောယုံကြည်မှုကို ကျွန်ုပ် တို့လိုအပ်နေကြခြင်း ဖြစ်သည်။
ဘုရားသခင်ဝမ်းမြောက်စေတော်မူသောဆုတောင်းခြင်းဖြင့် သင် ဆုတောင်းသောအခါ သင့်ယုံကြည်ခြင်းသည် များစွာတိုးတက်လျက်ရှိ သည်။ ဝိညာဥ်သားသမီးများသည် ရင့်ကျက်သူများအဖြစ်ဆုတောင်းရန်အ တပ်အမှန်ကြွလာကြသောအခါ ဘုရားသခင်ထံအားအဖဟုမှည့်ခေါ်ဆု တောင်းပြီး မိမိပြဿနာများကို ရင်ဖွင့်ပြောဆိုနိုင်ကြသည်။ ဘုရားသခင်ကို အမှန်အကန်ယုံကြည်သောသူများသည် စစ်မှန်သောသမ္မာတရားပေါ်တွင် ယုံကြည်ခြင်းလမ်းအတိုင်း လျှောက်လှမ်းနိုင်ကြခြင်း ဖြစ်သည်။ ကျမ်းစာ က ဖြောင့်မတ်သောသူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြလိမ့် မည်ဟု ဖော်ပြထားသည့်အတိုင်း သူတို့သည် တစ်ဦးတည်းလာရောက်ခြင်း မဟုတ်ဘဲ ကယ်တင်ခြင်းရရှိရန်အခြားသူများနှင့်အတူလာရောက်နေကြ ခြင်း ဖြစ်သည်။ 
ဘုရားသခင်ထံသို့ ဆုတောင်းဖို့ အရည်အချင်းပြည့်မှီသူတစ်ဦး မည်သို့ ဖြစ်နိုင်မည်နည်း။ ထိုသို့သော သူတစ်ဦးဖြစ်ဖို့ရန် ဘုရားသခင်ပေး တော်မူသောရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းကို ယုံကြည်သူ တစ်ဦးအဖြစ် ဒုတိယမွေးဖွားခြင်းခံသောသူဖြစ်ရမည်။ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်အပြစ်ဆေးကြောခြင်းကို ခံရသောသူတို့သာ ဘုရားသခင်ပေးတော်မူသောရဲရင့်သော ယုံကြည်ခြင်း ဖြင့် ဆုတောင်းခြင်းအခွင့်ကို ရရှိကြပါသည်။ အရည်အချင်းပြည့်မှီသော ဆုတောင်းခွင့်ရသူဖြစ်ဖို့ရန်ဘုရားသခင်ထံမှကြီးမားသည့် ကောင်းချီးမင်္ဂ လာယုံကြည်ခြင်းကို ရရှိဖို့လိုအပ်လျက်ရှိသည်။
ကမ္ဘာပေါ်ရှိခရစ်ယာန်များစွာတို့အနက်ဤသို့သောအရည်အချင်း နှင့်ပြည့်မှီသူ မည်မျှရှိမည်နည်း။ လူဦးရေများစွာရှိမည်မထင်ပေ။ ဘုရား သခင်ထံတော်မှ လက်ဆောင်များအနက် အကောင်းဆုံးတစ်ခုကို ပြရမည် ဆိုလျှင်ရှေးဦးစွာအပြာရောင်၊ခရမ်းရောင်၊အနီရောင်ချည်အားဖြင့် ထင်ရှား ခဲ့သည့် သမ္မာတရားဖြင့်အပြစ်မှကယ်တင်ခြင်းရနိုင်သောယုံကြည်ချက်ကို ပြသရမည်ဖြစ်သည်။ ဒုတိယအနေဖြင့် ဘုရားသခင်၏သား သမီးဖြစ်လျက် ဆုတောင်းဖို့အရည်အချင်းပြည့်မှီစေသည့်အခွင့်ပေးထားခြင်းဖြစ်သည်။ တ တိယအနေဖြင့် ဘုရားသခင်၏အမှုတော်ဆောင်အဖြစ် အသက်ရှင်ဖို့အခွင့် ပေးထားခြင်းဖြစ်သည်။
 


ဘုရားသခင်သည် အပြစ်သားတို့၏ဆုတောင်းသံကို အဖြေပေးတော်မမူ

 
ယေရှုကိုယုံကြည်ပါသည်ဟု နှုတ်မှဝန်ခံကြသော်လည်း အပြစ် သားများပင်ဖြစ်ကြသေးသဖြင့် ထိုသို့သော်အပြစ်သားများသည် တောင် ပေါ်သို့တက်ကာမလိုအပ်ဘဲ သခင်ဘုရား၏နာမတော်ကို အော်ဟစ် ကြွေးကြော်ကာ အပြစ်များကိုဆေးကြောဖို့ ဆုတောင်းလေ့ရှိကြသည်။ အ လွန်ချမ်းအေးသောညဖြစ်သော်လည်းတောင်ပေါ်သို့ တက်၍ကြောက်ရွံ့ သောစိတ်ရှိလျက်မိုးကာအင်္ကျီများ အထပ်ထပ်ဝတ်၍ သူတို့သည်စိတ်အား ထက်သန်စွာဆုတောင်းလျက်ရှိကြသေးသည်။ သို့သော်သူတို့၏ဆုတောင်း ချက်များသည်လေဟာပြင်ထဲတွင် ပျောက်ကွယ်သွားလေ့ရှိသည်။
သူတို့သည် ညလုံးပေါက်ဆုတောင်းကြသော်လည်း ဘုရားသခင် သည်သူတို့၏ဆုတောင်းချက်ကို အဖြေပေးတော်မူမည်ဆိုသည့် ယုံကြည် ချက်သူတို့၌မရှိကြပေ။သူတို့သည်ယုံကြည်ခြင်းမပါဘဲ ထိုကဲ့သို့ဆုတောင်း ခြင်းသည် ပြစားဖို့သက်သက်သာ ဆုတောင်းခြင်းဖြစ်သည်။ သူတို့၏ဆု တောင်းချက်သည် အဖြေမရသောဆုတောင်းခြင်းသာဖြစ်သည်။ သူတို့၏ ဩတ္တပစိတ်တက်ကြွသူတို့၏ဆုတောင်းချက်သည် ဘုရားသခင်ထံသို့ မ ရောက်ရှိကြောင်း၊သူတို့၏စိတ်ထဲသို့ အပြစ်ဒုစရိုက်များရှိနေသေးကြောင်း သိရှိထားကြပါသည်။ အမှန်အားဖြင့်သူတို့သည် အပြစ်ဆေးကြောခြင်းခံ ယူဖို့လိုအပ် နေသေးသူများဖြစ်၍သူတို့သည်မည်မျှပင်အသံကုန်အောင် အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းသည်ကောင်းမည်ဟုသူတို့ထင်သည့် ပုံစံအ မျိုးမျိုးဖြင့် လုပ်၍တောင်းလျှောက်ကြစေကာမူ ဆုတောင်းချက်များကို အ ဖြေမရှိကြပေ။ 
သူတို့အနေဖြင့် သိရှိထားရမည့် အချက်မှာ - ဆုတောင်းဖို့ရန် ကြို တင်လိုအပ်သည့်အရည်အချင်းမှာ- ရှေးဦးစွာအပြစ်ဆေးကြောခြင်းကို ခံယူ ဖို့ဖြစ်သည်။သို့ရာတွင်အပြစ်သားအများစုသည် ရေနှင့်ဝိညာဉ်တော် ဧဝံ‌ဂေ လိသတင်းကောင်းမသိမီ ရွေးချယ်ပိုင်ခွင့်မရှိအပြစ်သားများဖြစ်သဖြင့် ယုံ ကြည်ခြင်းအားဖြင့်အသက်ရှင်ဖို့ မတတ်စွမ်းနိုင်ကြပေ။ ဘုရားသခင်ပေး တော်မူသည့်ရေနှင့်ဝိညာဉ်တော်တစ်ကြိမ်တည်း အပြစ်ဆေးကြောခြင်းမခံ ရသေးမီသူတို့၏ဆုတောင်းချက်သည် အချည်းအနှီးဖြစ်သည်။ အပြစ်သား များဘုရားသခင်ထံတော်သို့ ဆုတောင်းဖို့ကြိုးစားသည့်အခါ သူတို့၏ ဩတ္တပစိတ်ထဲမှ အော်ဟစ်သံကား “ဒီဟာကိုပေးပါ။ ဟိုဟာကိုပေးပါ”ဟူ ၍သာ ဖြစ်သဖြင့် သူတို့၏ ဆုတောင်းချက်သည် အချည်းနှီးဖြစ်သည်။
“သင်သည်ငါ့ကို ဆုမတောင်းမီ သင့်ရဲ့အပြစ်ဆေးကြောခြင်းကို ရှေးဦးစွာခံယူရမည်။” ဤအရာသည်ဘုရားသခင်၏အလိုတော်ဖြစ်သည်။  ဘုရားသခင်ထံတော်သို့ ဆုတောင်းသောသူသည် မိမိအကြောင်းပြချက်အ ပေါ် ဩတ္တပစိတ်မှကျေးနပ်တင်းတိမ်ခြင်း၊ မရှိနိုင်ကြောင်းဖော်ပြလိမ့်မည်။ အပြစ်သားများသည် ဆုတောင်းသည့်အခါ “ဒီဟာပေး၊ ဟိုဟာပေး”ဟု တောင်းသော်လည်း အဖြေမရရှိကြပေ။ သူတို့၏ဩတ္တပစိတ်မှ ပြောသည် မှာ“ဘယ်ရမလဲ၊ခင်ဗျားဟာ အပြစ်သားဖြစ်နေတယ်မဟုတ်လား။ ဆု တောင်းချက်အဖြေဘယ်ရမလဲ။” အပြစ်သားများသည် ယုံကြည်ခြင်းရနိုင် သည်အထိ သည်းခံမှုမရှိခြင်း၊ ဘ ရားသခင်ကိုလှည့်ဖြားဖို့ ကြိုးစားခြင်း၊ ဘုရားသခင်၏လက်ခံခြင်းမရှိသောကြောင့် သူတို့၏ဆုတောင်းချက်မည်သို့ အဖြေရနိုင်မည်နည်း။ အပြစ်သားသည် ဘုရားသခင်ထံသို့ ဆုတောင်းဖို့အ ရည်အချင်းပြည့်မှီခြင်းမရှိပေ။ သူတို့၏ဆုတောင်းချက်အပေါ် သူတို့၏စိတ် နှလုံးထဲကပင် ယုံကြည်စိတ်ချမှု မရှိနိုင်ကြပေ။ 
 


ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူများဖြစ်လာ သည့်အခါ ဆုတောင်းချက်များ စတင်အဖြေရရှိလာကြသည်

 
တဲတော်၏အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင် ချည်ကြိုးဖြင့်ထင်ရှားခဲ့သည့် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်း ကို ယုံကြည်ခြင်းဖြင့် သူတို့၏အပြစ်များ ဆေးကြောခြင်းခံရသောအပြစ် သားများသည် ဆုတောင်းသည့်အခါစတင်အဖြေရရှိလာကြပါသည်။ ရေနှင့် ဝိညာဉ်တော် ဧဝံဂေလိတရားသတင်းကောင်းကို စိတ်နှလုံးအလယ်ဗဟို  တွင် ယုံကြည်ထားသောသူသည် ချွတ်ယွင်းချက်ရှိသော်လည်း သူတို့သည် ယုံကြည်ခြင်းဖြင့် ဘုရားသခင်ထံသို့သွားခြင်း၊ ယုံကြည်ခြင်းအားဖြင့်ဘုရား သခင်ထံဆုတောင်းခြင်း၊ သူတို့၏လိုအပ်ချက်များကို တောင်းခံခြင်းစသည့် အမှုများကိုပြုလုပ်နိုင်သည်။ အပြစ်ဆေးကြောခြင်းကိုခံရသောသူတို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ ယုံကြည်ခြင်းဖြင့် ဆုတောင်းသည့်အခါ ရဲရင့်မှုရရှိလာသည်။
သို့သော်သူတို့သည်အသွေးအသားအတွက်သာဆုတောင်းကြသဖြင့်လျော်ကန်သင့်မြတ်မှုမရှိကြောင်းသိကြပါသည်။ဖြောင့်မတ်သောကျွန်ုပ် တို့သည်ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းကို ပျံ့နှံ့စေဖို့၊ အခြား သူများ၏ဝိညာဉ်ကယ်တင်ခြင်းရဖို့ ဆုတောင်းသည့်အခါ ဝမ်းမြောက်ခြင်းခံ စားကြရသည်။ အရှိန်အဟုန်ဖြင့် ရေနှင့်ဝိညာဉ်ဧဝံဂေလိသတင်းကောင်း ကိုဖြန့်ဝေဖို့ဆု တောင်းသည့်အခါ အဟန့်အတားထောင်ချောက်မရှိဘဲယုံ ကြည်ခြင်းဖြင့် ဆုတောင်းသည့်အခါ ကန့်သတ်ချက်အတားအဆီးများကို အောင်မြင်ကျော်လွှားနိုင်သည်။ သို့သော်ယုံကြည်ခြင်းဖြင့် ထိုသို့မကျော် လွှားနိုင်သည့်အချိန်ပေါင်းများစွာရှိသည်။ ထိုသို့ဖြစ်သည့်အခါ ဘုရားသ ခင်သည် အမှန်ပင်အဖြေပေးတော်မူလိမ့်မည်ဆိုသည့် ယုံကြည်ခြင်းဖြင့် ဆုတောင်းရမည်။ထိုသို့သော ဆုတောင်းချက်များနောက်ဆုံးတွင်အဖြေရရှိ ကြောင်း လုံလောက်သည့် အထောက်အထားများစွာရှိသည်။
အဘယ်ကြောင့်ကျွန်ုပ်တို့၏ဆုတောင်းချက် အဖြေမရသနည်းဟု အံ့ဩ၍သည်းမခံနိုင်သော စိတ်ဖြစ်ပေါ်လာဖို့ မဟုတ်ဘဲဆုတောင်း၍စောင့် ဆိုင်းခြင်းသည်မှန်ကန်သောနည်းလမ်းဖြစ်သည်။ ဘုရားသခင်သည် ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို ဆုတောင်းဖို့အလိုတော်ရှိ၍ ကျွန်ုပ်တို့၏ ဆုတောင်းချက်သည် အလိုတော်နှင့်ညီညွတ်ပြီး အချိန်ကျရောက်လာသော အခါအဖြေရရှိလိမ့်မည်။ ကျွန်ုပ်တို့သည် အပြစ်ဆေးကြောခြင်းကို ခံရသည့် အခါ ကျွန်ုပ်တို့၏အသက်တာတွင် ယုံကြည်ခြင်းဖြင့် ဆုတောင်းတတ်လာ ၍ကျွန်ုပ်တို့၏ဆုတောင်းချက်အတော်များများအဖြေရရှိကြောင်းကိုယ်တိုင် တွေ့ကြုံရလိမ့်မည်။
သို့ရာတွင် ဤကဲ့သို့သော ယုံကြည်ခြင်းဖြင့် သင်သည်အသက်ရှင် နေပါသလား။အကယ်၍ထိုသို့ ဖြစ်နိုင်မည်ဆိုလျှင် သင်သည်မှန်ကန်စွာဆု တောင်းနိုင်သော သူဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိအနေအထားကို ပြန်၍ ဆန်းစစ်သောအခါအပြစ်ရှိသဖြင့် ငရဲသို့ကျဖို့ရာထားခြင်းခံရသောသူဖြစ် ကြောင်းသဘောပေါက်နိုင်ပြီးရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်း ကို ယုံ ကြည်ခြင်းဖြင့် အပြစ်ဆေးကြောခြင်းကိုခံရသဖြင့် ဆုတောင်းနိုင် သည့်အ ရည်အချင်းပြည့်မှီသူဖြစ်လာကြောင်းလည်းသဘောပေါက်လာ မည်။ သခင်ယေရှုသည် သူတို့၏အသက်တာ တစ်ခုလုံးမှအပြစ်များကို ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းအားဖြင့် ဆေးကြောသုတ်သင် ပေးခဲ့ကြောင်း ယုံကြည်ချက်အားဖြင့် အပြစ်မှသန့်စင်ခြင်းခံရသောသူသည် ဆုတောင်းဖို့အရည်အချင်းပြည့်မှီသူဖြစ်ကြောင်းကျွန်ုပ်တို့သည် အစဉ်သ ဖြင့် သတိရအောက်မေ့ခြင်းရှိရမည်။
ဒုတိယမွေးဖွားခြင်းမခံရသေးများအကြားဝယ် မိမိကိုယ်ကိုမိမိ အ လွန်ကြွားဝါ ဂုဏ်ယူနေသူများရှိသည်။ သင်မူကားအဘယ်သို့နည်း။ သင့်ထံ ၌ဝါကြွားစရာတစ်စုံတစ်ခုရှိပါသလား။ သင်၏ပခုံးခိုင်မာမှုရှိပါသလား။ သင် ၏ခြေထောက်ခိုင်မာမှုရှိပါသလား။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် မည်မျှပင် ခိုင်မာထောင့်တင်းမှုရှိစေကာမူအဖျားရောဂါသို့အခြားရောဂါတစ်မျိုးမျိုးဝင် လာသောအခါ ခံနိုင်ရည်မရှိတော့ဘဲ အားနည်းသွားသည်ကို တွေ့ရသည်။ လူသားသည်မည်မျှ အားနည်းသည့်သတ္တဝါဖြစ်ကြောင်း သင်စဉ်းစားမိပါရဲ့ လား။ ကျွန်ုပ်တို့ လမ်းလျှောက်နေခြင်း တစ်ကောင်ကိုက်၍၎င်း၊ ကျောက်ခဲ တစ်လုံးမှန်၍သော်၎င်းသေနိုင်သည်ကိုသဘောပေါက်ပါသလား။ ကျွန်ုပ်တို့ သည် တန်ဖိုးလုံး၀မရှိသောသူများဖြစ်သည်။ အကယ်၍လူတစ်ယောက်အ နေဖြင့် စကားတစ်ခွန်းလာပြောသွားခြင်းအားဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံး ထိခိုက်နာကျင်မှုရှိလာသဖြင့်ကိုယ်တစ်ခြမ်းသေခြင်း (သို့) သေလုနီးပါးဖြစ် ခြင်းရှိနိုင်သည်။ မဖြစ်နိုင်ပေဘူးလား။ အမှန်ပင်ဖြစ်နိုင်သည်။
အသက် (၆၀)မတိုင်မီ သေသောသူများမည်မျှရှိသနည်း။ အသက် (၃၀)မတိုင်မီသေသောသူများ မရေမတွက်နိုင်အောင်ရှိသည်။ ထိုသို့အား နည်းသောသူသည် လူသားများပင်ဖြစ်သည်။ ထာ၀ရအားကြီးသူကို လူ သားသည် ရှာ၍တွေ့နိုင်မည်မဟုတ်ပေ။ ထိုသို့အားနည်းမှုရှိသည့်ကြား မှပင်စိတ်နှလုံးခိုင်မာသေးသဖြင့်ဘုရားသခင်၏နှုတ်ကပတ်တော်ကို စိတ်နှ လုံးအလယ်ဗဟိုတွင်ယုံကြည်ထားနိုင်ခြင်းမရှိပေ။ လူသည်ဝါကြွားစရာမရှိ၊ မိမိ ကိုယ်ကို အားသန်သည်ဟု ဟန်ဆောင်၍မရပေ။ 
ထိုသို့မိမိအားနည်းချက်ကို သဘောပေါက်၍မိမိချွင်းချက်အပြစ် များကို အသိအမှတ်ပြုလျှက် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူ ရောင်ချည်ကြိုးဖြင့်ပြည့်စုံခဲ့သည့် ဧဝံဂေလိသမ္မာတရားကို ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်ထံသို့ ဆုတောင်းဖို့ အရည်အချင်းပြည့်မှီသောသူများ ဖြစ်လာကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ရမည်။ ဤယုံ ကြည်ချက်ကို စိတ်နှလုံးအလယ်ဗဟိုတွင် ထားရှိခြင်းဖြင့် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့နိုင်ပြီးလူတို့အနေဖြင့် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသ တင်းကောင်းကိုယုံကြည်ရမည်ဖြစ်သည်။ ယခုတိုင်အောင်ထိုတရားကို ယုံ ကြည်ရမည်ဖြစ်သော်လည်းမယုံကြည်သောသူရှိသေးသည်ကို တွေ့ရပါ သည်။ အခြားသောဧဝံဂေလိတရားကို ယုံကြည်ခြင်းကြောင့် မဟုတ်ဘဲ ဤရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်ထံသို့ ဆုတောင်းခွင့်ကို သင်သည်ရရှိပြီလား။ လောကသို့ ကြွ လာလျက်သင့်အတွက်ဗတ္တိဇံခံယူခြင်းဖြင့်သင်၏အပြစ်အားလုံးကို ခံယူ သောယေရှု၏အပြစ်အားလုံး ဆေးကြာခြင်းကိုသင်သည်ခံရပြီလော။ သင် ၏စိတ်ထဲမှအပြစ်များကိုယေရှုထံသို့ဗတ္တိဇံခံယူခြင်းဖြင့်လွှဲပြောင်းပေးလိုက် ပြီဖြစ်သဖြင့် အပြစ်ဆေးကြောခြင်းခံရပြီဖြစ်ကြောင်း သင်သည် ယုံကြည် ပါသလား။
အဖြေမှာလုံးလွှဲပြောင်းပေးခြင်းမရှိပေ။ ယေရှုသည် ယောဟန် လက်မှ ဗတ္တိဇံခံယူခြင်းဖြင့် လောကအပြစ်အားလုံးကို မိမိပခုံးပေါ်သို့တင်၍ လက်ဝါးကပ်တိုင်ပေါ်ဝယ်အသွေးတော်သွန်းလောင်းခြင်းဖြင့် အပြစ်အား လုံးအတွက်ဒဏ်စီရင်ခြင်းကိုခံခဲ့ရတော်မူသောကြောင့်ဖြစ်သည်။သင်သည် ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် လက်ဝါးကပ်တိုင်မပါဘဲ ကယ်တင်ခြင်းခံယူရ ရှိနိုင်ပါသလား။လုံး၀မရနိုင်ပေ။ယေရှုသည်ဗတ္တိဇံခံယူခြင်းအားဖြင့် တစ် ကြိမ်တည်း ကျွန်ုပ်တို့၏အပြစ်အားလုံးကို သူ့အပေါ်သို့ တင်တော်မူ၍ ဆေးကြောသုတ်သင်ပေးတော်မူခဲ့ပါသည်။ ကျွန်ုပ်တို့၏အပြစ်များအတွက် အဖိုးအခကိုပေးဆပ်သည့်အနေဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံ တော်မူခဲ့သည်။ ဤရေနှင့် ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို ယုံ ကြည်ခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးဆေးကြာသုတ် သင်ခြင်းခံခဲ့ရ ပါသည်။
ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံတော်သို့သွား၍ရဲဝံ့စွာ ဝန်ခံနိုင်သည်မှာ “သခင်ဘုရား၊ ကျွန်တော်ဟာ ဒီလိုချွင်းချက်ရှိသောသူဖြစ် တယ်။ဒါပေမယ့်ကိုယ်တော်ရဲ့အသွေးနှင့်ရေဖြင့် ကယ်တင်ပေးမှုကြောင့်အ ခုအပြစ်ကင်းစင်သူတစ်ယောက်ဖြစ်လာတယ်။ သင်သည် လောကသို့ကြွ လာလျက်ဗတ္တိဇံခံယူခြင်းဖြင့်အပြစ်အားလုံးကိုတစ်ကြိမ်တည်း ယူတင် ဆောင်ရွက်ပြီး လက်ဝါးကပ်တိုင်သို့သယ်ဆောင်ကာအပြစ်ဒဏ် စီရင်ခြင်း ခံရ၍သေခြင်းမှတစ်ဖန်ထမြောက်တော်မူခဲ့တယ်။အဲဒီလိုလုပ်ခဲ့တဲ့အတွက်ကြောင့်ကိုယ်တော်သည်ကျွန်ုပ်၏ကယ်တင်ရှင်ဘုရားဖြစ်လာတယ်။ ဒီလို ဖြစ်တဲ့အတွက်ကြောင့် ကိုယ်တော့်ကိုကျွန်ုပ်ယုံကြည်ခဲ့ပါတယ်။” တစ် နည်းအားဖြင့် ဤယုံကြည်ချက်ရှိသည့်အခါတိုင်း ကျွန်ုပ်တို့သည် ဘုရား သခင်ထံ‌တော်သို့သွား၍ ကျွန်ုပ်တို့အားနည်းချက်ရှိစဉ်မှာပင် ဆုတောင်း ခြင်းအမှုကို ပြုနိုင်ကြပါသည်။ ကိုယ်တော်၏နိုင်ငံတော်ကျယ်ပြန့်စေဖို့ သော်၎င်း၊ညီအစ်ကိုမောင်နှမများအတွက်သော်၎င်း၊ အပြစ်ဆေးကြောခြင်း မခံရသေးသည့်အခြားပျောက်ဆုံးသောဝိညာဥ်များ အပြစ်လွှတ်ငြိမ်းချမ်း သာခွင့်ရရှိရန်အတွက်၎င်းကျွန်ုပ်တို့ဆုတောင်းနိုင်ကြသည်။ 
ရေနှင့်ဝိညာဥ်တော်ဧဝံဂေလိသတင်းကောင်းကိုယုံကြည်သောသူ များသာလျှင် ကောင်းကင်အောက်မှာရှက်စရာကင်းမဲ့လျက်အမြဲတမ်းနေ ထိုင်နိုင်ကြမည်။ သို့သော် ရေနှင့်ဝိညာဥ်တော်ဧဝံဂေလိသတင်းကောင်း မ ယုံကြည်သောသူအချို့တို့သည် အခြားသောအရားများကိုယုံကြည်လျက် အချည်းနှီးသောအရာများအားဖြင့် အစွမ်းကုန်အကျိုးမဲ့ကြိုးစားအားထုတ် တတ်ကြသည်။ ထိုကြောင့် သူတို့နှလုံးသားများသည် စိတ်ပျက်မှု၊ နာကျင် မှုခံစားရ၍ သူတို့ဘဝများသည်လည်းပြိုလဲတတ်ပါသည်။ သမ္မာတရားဖြစ် စေ၊ လှည့်စားမှုဖြစ်စေ၊ လူတိုင်းမှာ တစ်စုံတစ်ခုကိုယုံကြည်ကြသည်။ မိမိ ကိုယ်ကိုစဥ်းစားကြည့်ပါ။ 
ရေနှင့်ဝိညာဥ်တော် ဧဝံဂေလိသတင်းကောင်းခံယူသည့်ယုံကြည် ခြင်းရှိသလော သို့မဟုတ် ရေနှင့်ဝိညာဥ်တော်ဧဝံဂေလိသတင်းကောင်းမ ယုံကြည်သလောဟူ၍ဘုရားသခင်အပေါ်သင့်ယုံကြည်မှုကို အမြဲတမ်းဆန်း စစ်ပါ။ သခင်ယေရှုသည် ရေနှင့်အသွေးတော်အားဖြင့် သင့်အပြစ်များကို ဖယ်ထုတ်တော်မူပြီး ဖြစ်သည်။ ဤအကြောင်းကို သင်ယုံကြည်လျှင် သင့် နှလုံးသားထဲမှာ အပြစ်ရှိနေဦးမည်လော။ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကို နှလုံးသားအပြည့်အဝဖြင့်သင်အမှန်အကန်ယုံကြည်လျှင် သင့် မှာအပြစ်လုံးလုံးလျားလျားမရှိတော့ပေ။ ဤသမ္မာတရားကိုသင်နှလုံးသား အကြွင်းမဲ့ယုံကြည်လျှင် ယခုတွင် အပြစ်လွှတ်ခင်းအခွင့်အမှန်ကန်ရရှိပါ လိမ့်မည်။ 
ဘုရားသခင်သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူ ရောင်ချည်ထည်တို့ဖြင့်အပြစ်လွှတ်စေတော်မူပြီဖြစ်သောကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ထာဝရအပြစ်လွှတ်ခြင်းအခွင့်ရရှိကြခြင်း ဖြစ်သည်။ ဤအ ကြောင်းကြောင့် ဤသမ္မာတရားကိုယုံကြည်သူအားလုံးသည် ဘုရားသခင် ၏သားသမီးဖြစ်ရသောအခွင့်ရရှိကြ၍ ကိုယ်တော့်ရှေ့မှောက်တော်သို့တိုး ဝင်ချဥ်းကပ်နိုင်ရန် ကျေးဇူးတော်ဝတ်လုံကို လွှမ်းခြုံပြီးဖြစ်ပါသည်။ ထို ကြောင့် ကျွန်ုပ်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်နိုင်က သည်။ သူတစ်ပါးအားနည်းလျက်ကိုနားလည်ပေးနိုင်ကြသည်။ အဆုံးထိ တိုင်အောင်ဘုရားကိုအစေခံနိုင်ကြသည်။ ကိုယ်တော်ထံတော်သို့ချဥ်းကပ် ၍ မျက်မှောက်တော်တွင်ရပ်တည်နိုင်ကြခြင်း ဖြစ်သည်။ 
အပြစ်လွှတ်ခြင်းခံရသောသူများအားလုံးသည် အပြစ်သားများကို ချစ်ကြသည်။ ဖြောင့်မတ်သောသူများ၏နှလုံးသားများသည် အပြစ်သား အားလုံးအား အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်တို့ဖြင့်ထင်ရှားသော သမ္မာတရားကိုသိရန်နှင့်သူတို့သည် ဒုတိယမွေးဖွားခြင်းခံရရန်အတွက် ဆန္ဒရှိကြသည်။ သို့သော် လူများကိုအမှန်မချစ်နိုင်သောလူအချို့ရှိကြပါ သည်။ ၎င်းတို့သည် အပြစ်သားများဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ သောခရစ်ယာန်များသည် မိမိယုံကြည်မျုကိုလှည့်စား၍ ဘုရားသခင်ကို ယုံ ကြည်သည်ဟု မိမိကိုယ်ကိုထင်မှတ်လျက်နောက်ပြန်လဲတတ်ကြသည်။ သူတို့သည် အပြစ်သားများဖြစ်သည်။ 
ရေနှင့်ဝိညာဥ်တော်ဧဝံဂေလိသတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် မိမိနှလုံးသားများထဲကအပြစ်လွှတ်ခြင်းခံရခြင်းအားဖြင့် ကျွန်ုပ် တို့သည် မိမိယုံကြည်မှုကို မှန်ကန်ကြောင်းကာကွယ်နိုင်ရမည်။ ပန်းတိုင် ရောက်သည်ထိတိုင်အောင်ပြေးကြပါစို့။ ယုံကြည်ခြင်းကိုစောင့်ထိန်းကြပါ စို့။ ယုံကြည်ခြင်းကိုအရှုံးမပေးပါနှင့်။ လူတစ်စုံတစ်ယောက်သည် ဝိညာဥ် ရေးရာ၌အခက်အခဲ၊ အကျပ်အတည်းကြုံတွေ့သောအခါ အချင်းချင်းကူညီ ကာတစ်ယောက်နှင့်တစ်ယောက်လက်တွဲဖေးမကြပါစို့။ မည်သို့ပင်ဖြစ်စေ ကာမူ၊ ဖြောင့်မတ်သောသူများသည် အသင်းတော်ကိုမစွန့်လွှတ်ရပေ။  ဖြောင့်မတ်သောသူများသည်အသင်း‌တော်ကိုစွန့်ကြလျှင် ချက်ချင်းအသေ ခံကြသည်။ ဘုရားသခင်၏အသင်းတော်စွန့်ခွါခြင်းသည် သင့်အိမ်စွန့်ခွါခြင်း ဖြစ်သည်။ သင့်အိမ်စွန့်ခွါခြင်းသည်လည်း သင့်ခိုလှုံရာစွန့်ခွါခြင်းဖြစ်သည်။ ထိုကြောင့် သင့်နှလုံးသားနားယူရန်နှင့် နှစ်သိမ့်ရန် နေရာမရှိတော့ပေ။ နောက်ဆုံးတွင် သေဆုံးသွားလိမ့်မည်။ 
ဘုရားသခင်၏အသင်းတော်သည်ကိုယ်တော်၏သိုးစုများ အစာ ကျွေးသည့်နေရာ၊အနားယူသည့်နေရာ၊ သက်သာချောင်ချိ မှုခံစားရသည့် နေရာဖြစ်သည်။ဘုရားသခင်၏သိုးများသည် မောပန်း၍အား အင်ကုန်ခန်း သောအခါဘုရားသခင်၏အသင်းတော်သည် နှုတ်ကပတ်တော်ကို တိုက် ကျွေးခြင်းအားဖြင့် သိုးတို့အားပြန်လည်ခွန်အား ဖြည့်ပေးပါသည်။ သင်၏ စိတ်ထဲတွင်ဘုရားသခင်၏နှုတ်ကပတ်တော်ကိုခံယူ၍ယုံကြည်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်၍ သင်သည် ပျော်ရွှင်မှုခံစားရလိမ့် မည်။ သင်၏စိတ်နှလုံးသည်ခွန်အားနှင့်ပြည့်၀ပြီး နောက်ဆုံးထာ၀ရအ သက်ကို ခံစားရလိမ့်မည်။
ကျွန်ုပ်တို့ ဖြောင့်မတ်သောသူအားလုံး ဘုရားသခင်ထံ ကျေးဇူး တော် ချီးမွမ်းရမည်။ သခင်ဘုရားသည် ကျွန်ုပ်တို့အား ရေနှင့်ဝိညာဥ်တော် ဧဝံရေလိသတင်းကောင်းကိုပေးအပ်တော်မူပြီး ထိုယုံကြည်ခြင်းအားဖြင့် ဆုတောင်းနိုင်သည့်အရည်အချင်းရှိသော သူတစ်ဦးဖြစ်စေသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းရမည်။  ဟာလေလုယ။ ဘုရားသခင်ကို ယုံကြည်နိုင်ဖို့ရန်နှင့် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်နိုင် ဖို့အသက်ရှင်တော်မူသောဘုရားသခင်ထံသို့ကျွန်ုပ်ဆုတောင်းလေ့ရှိသည်။