Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-21] အပြစ်ဖြေရာနေ့တွင် ယဇ်ပူဇော်သော ယဇ်ပုရောဟိတ်မင်းကြီး (ဝတ်ပြု ၁၆း၁-၃၄)

အပြစ်ဖြေရာနေ့တွင် ယဇ်ပူဇော်သော ယဇ်ပုရောဟိတ်မင်းကြီး
(ဝတ်ပြု ၁၆း၁-၃၄)
“အာရုန်၏သားနှစ်ယောက်တို့သည်၊ထာဝရဘုရားရှေ့တော်၌ ပူဇော်၍ သေသောနောက်၊ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊- သင်၏အစ်ကိုအာရုန်သည်သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ သန့် ရှင်းရာဌာနတော်အထဲ၊သေတ္တာအပေါ်မှာ တင်သောအဖုံးကို ကွယ်ကာ သော ကုလားကာ အတွင်းသို့ အခါခပ်သိမ်း မဝင်စေ ခြင်းငှါ ဆင့်ဆိုလော့။ ငါသည် သေတ္တာအဖုံးအပေါ်၊ မိုဃ်းတိမ်၌ ထင်ရှားမည်။အာရုန်သည် သန့် ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ဝင်ရမည်နည်းဟူမူကား၊ အပြစ် ဖြေရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးထီး တကောင်ပါရမည်။ သန့်ရှင်းသောပိတ်ချောအင်္ကျီ၊ ပိတ်ချောပေါင်းဘီကို ဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗေါင်းကိုလည်း ဆောင်း ရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကို ရေချိုး ပြီးမှ ဝတ်ဆင်ရမည်။အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်နှစ်ကောင်၊ မီးရှို့ ရာယဇ်ဘို့သိုးတကောင်ကို၊ ဣသရေလအမျိုးသား ပရိသတ် လက်မှခံယူရ မည်။အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ်နွားကို ပူဇော်၍၊ မိမိအဘို့နှင့် မိမိအိမ်သူများအဘို့ အပြစ်ဖြေခြင်းကိုပြုရမည်။ ဆိတ်နှစ် ကောင်ကိုလည်းယူ၍ပရိသတ်စည်းဝေးရာတဲတော်တံခါးနား၊ ထာဝရဘု ရားရှေ့တော်၌ဆက်ရမည်။အာရုန်သည် ထိုဆိတ်နှစ်ကောင်ကို ထာဝရဘု ရားအဘို့စာရေးတံတတံ၊ လွတ်လပ်လဟာအဘို့ တတံ၊ စာရေးတံနှစ်တံ ချ၍၊ထာဝရဘုရားအဘို့ စာရေးတံကျသောဆိတ်ကို ဆောင်ခဲ့၍ အပြစ် ဖြေရာယဇ်ဘို့ ပူဇော်ရမည်။ လွတ်လပ်လဟာအဘို့ စာရေးတံကျသော ဆိတ်ကို၊ အသက်ရှင်လျက် ထာဝရဘုရားရှေ့တော်၌ ဆက်၍၊ သူ့အပေါ် မှာအပြစ်ဖြေခြင်းကိုပြုပြီးလျှင်၊တော၌လွတ်လပ်လဟာသို့ လွှတ်လိုက်ရ မည်။အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို ဆောင်ခဲ့ပြီး လျှင်၊ မိမိအဘို့နှင့်မိမိအိမ်သူ အိမ်သားများအဘို့ အပြစ်ဖြေခြင်းကို ပြု၍၊ မိမိနှင့်ဆိုင်သောအပြစ်ဖြေရာယဇ်နွားကိုသတ်ရမည်။ ထာဝရဘုရားရှေ့ တော်ယဇ်ပလ္လင် မီးခဲနှင့် ပြည့်သောလင်ပန်းကို ကိုင်လျက်၊ ညက်စွာသော နံ့သာ ပေါင်းမွှေးအမှုန့်ကို မိမိလက်၌ အပြည့်ယူ၍၊ ကုလားကာအတွင်းသို့ ဆောင်သွားရမည်။ထိုအခါသူသည်သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊နံ့သာပေါင်းအခိုးအငွေ့သည် သက်သေခံချက် အပေါ်မှာရှိသော သေတ္တာ အဖုံးကိုမွှန်းစေခြင်းငှါ၊ထာဝရဘုရားရှေ့တော်၌နံ့သာပေါင်းကို  မီးပေါ်မှာ တင်ရမည်။နွားအသွေးအချို့ကိုလည်းယူ၍အရှေ့မျက်နှာဘက် သေတ္တာဖုံး အပေါ်၌ လက်ညှိုးနှင့်ဖြန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း ခုနှစ်ကြိမ် တိုင်အောင် လက်ညှိုးနှင့်ဖြန်းရမည်။ထိုနောက် လူများနှင့်ဆိုင်သော အ ပြစ်ဖြေရာယဇ်ဆိတ်ကိုသတ်၍၊အသွေးကို ကုလားကာအတွင်းသို့ ဆောင် ခဲ့ပြီးလျှင်၊ နွားအသွေးကို ဖြန်းသကဲ့သို့၊ သေတ္တာဖုံးအပေါ်၌၎င်း၊ ရှေ့၌၎င်း ဖြန်းရမည်။ဣသရေလအမျိုးသားတို့၏မစင်ကြယ်သောအပြစ်ကြောင့်၎င်း၊ ပြစ်မှားသောအပြစ်အမျိုးမျိုးတို့ကြောင့်၎င်း၊ သန့်ရှင်းရာ ဌာနတော်အဘို့ အပြစ်ဖြေခြင်းကိုပြုရမည်။ ထိုသို့ဣသရေလအမျိုးသားတို့၏ မစင်ကြယ် သောအပြစ်ထဲမှာနေရသောပရိသတ်စည်းဝေးရာ တဲတော်အဘို့ ပြုရမည်။
သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဝင်သောအခါ၊ မိမိ အဘို့၊ မိမိအိမ်သူအိမ်သားများအဘို့၊ ဣသရေလပရိသတ်အပေါင်းတို့အ ဘို့၊အပြစ်ဖြေခြင်းကိုပြု၍ မထွက်မှီတိုင်အောင်၊ ပရိသတ်စည်းဝေးရာ တဲ တော်ထဲမှာ အဘယ်သူမျှ မနေရ။ နောက်တဖန် ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်သို့ ထွက်လာ၍ ထိုပလ္လင်အဘို့ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ နွားအသွေး၊ဆိတ်အသွေးကိုယူ၍ ယဇ်ပလ္လင်ပတ်လည်ဦးချိုတို့၌ထည့်ရ မည်။ယဇ်ပလ္လင်အပေါ်၌လည်း ထိုအသွေးကို လက်ညှိုးနှင့် ခုနှစ်ကြိမ်တိုင် အောင်ဖြန်း၍ ဣသရေလအမျိုးသားတို့၏မစင်ကြယ်သောအပြစ်မှစင် ကြယ် သန့်ရှင်းစေရမည်။ ထိုသို့ သန့်ရှင်းရာ ဌာနတော်အဘို့၊ ပရိသတ် စည်းဝေးရာ တဲတော်အဘို့၊ ယဇ်ပလ္လင်အဘို့၊ အပြစ်ဖြေခြင်းကို ပြီးစီးပြီးမှ၊ အသက်ရှင်သောဆိတ်ကို ဆောင်ခဲ့ရမည်။အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာလက်နှစ်ဘက်ကိုတင်လျက်၊ ဣသရေလအမျိုးသားတို့ ၏ဒုစရိုက်မှစ၍ပြစ်မှားသောအပြစ်အမျိုးမျိုးရှိသမျှတို့ကို ဘော်ပြ၍၊ ဆိတ် ခေါင်းပေါ်မှာတင်ထားပြီးလျှင်၊တော်လျော်သောလူတွင်တောသို့စေ လွှတ် ရမည်။သူတို့အပြစ်ရှိသမျှကို၊ လူမနေသောအရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည်။တဖန် အာရုန်သည် ပရိသတ်စည်း ဝေးရာတဲတော်ထဲသို့ဝင်၍၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင်ဝင်သော အခါ၊ ဝတ်သောပိတ်ချော အဝတ်ကို ချွတ်၍ ထိုအရပ်၌ ထားရမည်။ သန့် ရှင်းရာဌာန၌ ကိုယ်ကိုရေချိုး၍၊ မိမိအဝတ်ကိုဝတ်ပြီးမှ တဖန်ထွက်လာ၍၊ မိမိမီးရှို့ရာယဇ်၊လူများမီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊မိမိအဘို့နှင့် လူများအ ဘို့အပြစ်ဖြေခြင်းကိုပြုရမည်။အပြစ်ဖြေရာ ယဇ်ကောင်ဆီဥကို ယဇ်ပလ္လင် ပေါ်မှာမီးရှို့ရမည်။လွတ်လပ်လဟာသို့ဆိတ်ကို လွှတ်လိုက်သော သူသည် လည်း မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ထိုနောက်မှ တပ် ထဲသို့ ဝင်ရမည်။ သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဆောင်သွင်းသောအသွေးနှင့်ဆိုင်သောအပြစ်ဖြေရာယဇ်နွားကို၎င်း၊ အပြစ် ဖြေရာယဇ် ဆိတ်ကို၎င်း၊ တပ်ပြင်သို့ ယူသွား၍ အရေ၊ အသား၊ ချေးနုကို မီးရှို့ရမည်။မီးရှို့သောသူသည်လည်း မိမိအဝတ်ကို လျော်၍ ကိုယ်ကို ရေချိုးရမည်။ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည်။သင်တို့သည် အစဉ်စောင့်ရ သောပညတ်တော်ဟူမူကား၊အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သောတပါးအမျိုးသားဖြစ်စေ၊သတ္တမလဆယ်ရက်နေ့၌အလုပ်ကိုအလျှင်းမ လုပ်၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည်။ အကြောင်းမူကား၊ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း၊ ထို နေ့ရက်၌ ယဇ်ပုရောဟိတ်သည်သင်တို့ကို စင်ကြယ်စေခြင်းငှါ၊ အပြစ် ဖြေခြင်းကိုပြုရမည်။ထိုနေ့ရက်သည် ထာဝရပညတ်တော်အတိုင်း၊ သင်တို့ ငြိမ်ဝပ်ရာ ဥပုသ်နေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ ဖြစ်သတည်း။အဘအရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှါ၊ အရင်ယဇ်ပုရောဟိတ်လက်မှ ဘိသိက်နှင့်တကွ ယဇ်ပုရောဟိတ်အရာကို ခံသောသူသည်၊ ထိုအပြစ်ဖြေ ခြင်းကိုပြုရမည်။ ထိုယဇ်ပုရောဟိတ်သည် သန့်ရှင်းသော ပိတ်ချောအ ဝတ်ကိုဝတ်၍၊-သန့်ရှင်းရာဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာ တဲတော် အဘို့၊ယဇ်ပလ္လင်အဘို့၊ ယဇ်ပုရောဟိတ်များအဘို့၊ ပရိသတ်အပေါင်းတို့အ ဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့၏  အပြစ်ရှိသမျှတို့ကြောင့် တနှစ်တခါ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း၊ သင်တို့သည်အစဉ်စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း အာရုန်ပြုလေ၏။”
 

ယဇ်ပုရောဟိတ်မင်းကြီးသည် အပြစ်ဖြေရာနေ့တွင် ဣသရေလ လူမျိုးအတွက် ယဇ်ပူဇော်သောသူဖြစ်သည်။ ဤယဇ်ပူဇော်ခြင်းကို ဣသ ရေလလူမျိုးများ၏ ပြက္ခဒိန်မှခုနစ်လပိုင်းဆယ်ရက်နေ့တွင် နှစ်စဉ်တစ်နှစ် လျှင် တစ်ကြိမ်ပူဇော်ကြရသည်။ ဤနေ့တွင် ဣသရေလလူမျိုးအားလုံး အတွက်သူတို့၏အပြစ်အားလုံးကိုယဇ်ကောင်းသို့လွှဲပြောင်းပေးကာ ပူဇော် ခြင်းအားဖြင့် အပြစ်များကိုဆေးကြောပေးပါသည်။ ထိုအပြစ်ဖြေရာနေ့ သည် ဣသရေလလူမျိုးများအတွက် ကြီးမားသောပွဲခံရာနေ့ ဖြစ်လာသည်။
အခြားယဇ်ပူဇော်သည့်အခါကဲ့သို့ပင် အပြစ်ဖြေရာယဇ်ပူဇော် သည့်အခါအရည်အချင်းသတ်မှတ်ချက်သုံးချက်ရှိပါသည်။၎င်းတို့မှာ-အပြစ် အနာအဆာမရှိသောယဇ်ကောင်၊ လက်ကိုတင်ခြင်းနှင့်အသွေးတော်သွန်း လောင်းခြင်းတို့ဖြစ်သည်။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် ယဇ်ပူဇော် ခြင်းကို နှစ်သက်တော်မူ၍ဤနည်းလမ်းကို လက်ခံတော်မူသည်။ ယဇ်ပု ရောဟိတ်မင်းကြီးသည်ယဇ်ကောင်၏အသွေးကို အသန့်ရှင်းဆုံးဌာနသို့ယူ ဆောင်သွားခြင်းမှာအခြားယဇ်ပူဇော်ခြင်းများနှင့်ကွာခြားမှုရှိသည်။
ယဇ်ပုရောဟိတ်မင်းကြီးအာရုန်သည် သူနှင့်သူ၏အိမ်သူအိမ်သား များအတွက် ယဇ်ပူဇော်ပြီးနောက် ဣသရေလလူမျိုးများအတွက် ဆိတ်နှစ် ကောင်ကိုဘုရားသခင်ထံပူဇော်ပါသည်။ရှေးဦးစွာအပြစ်ဖြေရာယဇ်အတွက် နွားကို ပူဇော်သကဲ့သို့ ထိုဆိတ်အားဘုရားသခင်ထံသို့ ပူဇော်ခဲ့ပါသည်။ ထို့ နောက် ကျန်သည့်ဆိတ်ကို လွတ်လပ်ဟလာတောထဲသို့ လွှတ်ရန်ပူဇော် ခြင်းဖြစ်သည်။သူသည် ဣသရေလလူမျိုးများရှေ့တွင်လွတ်လပ်လဟာအဖို့ ရွေးကောက်ထားသောဆိတ်ခေါင်းပေါ်သို့ လက်ကိုတင်ခြင်းအားဖြင့် ဣ သရေလလူမျိုးများ၏အပြစ်ကို လွှဲပြောင်းပေးလိုက်သဖြင့် အပြစ်အားလုံး ကိုထိုယဇ်ကောင်သည်ခံယူပြီးနောက်သင့်တော်သောသူ၏လက်ဖြင့် တော ထဲသို့လွှတ်ပေးလိုက်ရပါသည်။
 


အပြစ်ဖြေရာယဇ်ပူဇော်သောနေ့တွင် ပူဇော်သောယဇ်သည် ဣသရေလူ မျိုးအားလုံး၏ အပြစ်ကို ဆေးကြောသုတ်သင်ပေးခဲ့သည်

 
အပြစ်ဖြေရာယဇ်ပူဇော်သောနေ့တွင် ယဇ်ပုရောဟိတ်မင်းကြီး သည်ဣသရေလူမျိုးများ၏ကိုယ်စားလှယ်အဖြစ် ယဇ်ကောင်အပေါ်သို့ လက်ကို တင်ခြင်းအားဖြင့်ဣသရေလလူမျိုးများ၏အပြစ်ကိုယဇ်ကောင်အ ပေါ်သို့လွှဲပြောင်းပေးခဲ့ပါသည်။ သူသည် ယဇ်ကောင်အဖြစ် ဆိတ်နှစ် ကောင်ယူဆောင်လာပြီး စာရေးတံချ၍ ဘုရားသခင်အဖို့တစ်ကောင်၊ ဣသ ရေလလူ မျိုးများအဖို့ တစ်ကောင် ရွေးချယ်လိုက်ပါသည်။
ယဇ်ကောင်၏ဦးခေါင်းအပေါ်သို့ လက်ကိုတင်ခြင်းဆိုသည်မှာ အ ပြစ်အားလုံးကို ထိုတိရစ္ဆာန်အပေါ်သို့ လွှဲပြောင်းခြင်းဟုအဓိပ္ပါယ်ရသည်။ ဤသို့က်တင်ခြင်းသည်ဘုရားသခင်ချမှတ်ထားသည့်အပြစ်ဆေးကြောခြင်း နည်းစနစ်ဖြစ်၍ ဓမ္မသစ်ခေတ်ရောက်လာသောအခါ ထိုတူညီသောနည်းစ နစ်အရ တူညီစွာပြုလုပ်၍ ယေရှုအပေါ်သို့ လက်ကိုတင်၍ လူသားအားလုံး ၏အပြစ်ကို ဆေးကြောသုတ်သင်စေခဲ့ပါသည်။ ယဇ်ပုရောဟိတ် ကိုယ် တိုင်၏အပြစ်များကိုသော်၎င်း၊ သူ၏မိသားစုနှင့် ဣသရေလလူမျိုးအားလုံး ၏တစ်နှစ်စာအပြစ်ကိုဆေးကြောရန်သူသည် ဆိတ်အပေါ်သို့ လက်ကိုတင် ၍အပြစ်အားလုံးလွှဲပြောင်းပေးခဲ့ပါသည်။ ယဇ်ပုရောဟိတ်မင်းကြီးသည် ယဇ်ကောင်အပေါ်သို့ လက်ကိုတင်ခြင်းအားဖြင့် ဣသရေလလူမျိုးအပေါင်း တို့၏အပြစ်သည် ယဇ်ကောင်အပေါ်သို့ကျရောက်ကာ ပူဇော်လိုက်သောအ ခါ ဣသရေလလူမျိုးများ၏အပြစ်တစ်နှစ်စာဆေး ကြောသုတ်သင်ခြင်း ခံရ ပါသည်။ ထိုနည်းတူစွာ အပြစ်ဖြေရာယဇ်ပူဇော်ခြင်းဖြင့် ဣသရေလလူမျိုး များသည်သူတို့၏အပြစ်ဆေးကြောခြင်းခံရသဖြင့် ဘုရားသခင်ထံသို့ ကျေး ဇူးတော်ချီးမွမ်းနိုင်ကြပါသည်။
အပြစ်ကျူးလွန်သောသူတိုင်းမလွှဲမရှောင်သာဘဲ အပြစ်ဒဏ်ခံရ မည်ဖြစ်သည်။ယဇ်ပူဇော်ခြင်းအားဖြင့် ယဇ်ကောင်သည် လူတို့ကိုယ်စား အပြစ်ဒဏ်ခံရ၍ သူသည်ရှေးဦးစွာသူတို့၏အပြစ်ကို ခံယူဖို့လိုသည်။ ယဇ် ကောင်အပေါ်သို့ လက်ကိုမတင်ဘဲ ယဇ်ပုရောဟိတ်မင်းကြီးသည် ဘုရား သခင်အားယဇ်ပူဇော်မည်ဆိုလျှင်  ဤယဇ်ပူဇော်ခြင်းသည် ဘုရားသခင် အားပြစ်မှားရာရောက်၍ ထိုသို့ပြုလုပ်ခြင်းအတွက် သူသည် ဖယ်ရှားခြင်း ခံရမည်။ အပြစ်သားအားလုံး၏အပြစ်များမှ သူတို့ကိုကယ်တင်ဖို့ရန် ဘုရား သခင်သည်လက်တင်ခြင်းအားဖြင့်မိမိကယ်တင်ခြင်း စီမံကိန်းကိုပြည့်စုံ စေ တော်မူခဲ့သည်။ဤဣသလေလူမျိုးများ၏အပြစ်ကို ဆေးကြောသုတ်သင်ဖို့ ရန် ဘုရားသခင်သည်ယဇ်ပုရောဟိတ်ကိုခန့်ထားတော်မူပြီး သူသည် ထိုလူ မျိုးအားလုံး၏ကိုယ်စားလှယ်အဖြစ် ယဇ်ကောင်အပေါ်သို့ လက်ကိုတင်၍ အပြစ်အားလုံးကို ထိုအကောင်ပေါ်သို့လွှဲပြောင်းကာပူဇော်ခဲ့ပါသည်။ ထို သို့ပင် တဲတော်ထဲတွင် ဘုရားသခင်အား ပူဇော်သောယဇ်ကောင်အားလုံး တို့သည် လက်တင်ခြင်းအားဖြင့်ဣသရေလလူမျိုးအားလုံး၏အပြစ်ကိုခံယူ ကာသူတို့ကိုယ်စားအပြစ်ဒဏ်စီရင်ခြင်းခံရသဖြင့် အသေခံကာအသွေး တော်သွန်းလောင်းတော်မူခဲ့သည်။ 
ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်မေတ္တာအားလုံးပြည့်စုံစေဖို့ယဇ် ပုရောဟိတ်မင်း၏ လက်ကို ယဇ်ကောင်အပေါ်သို့တင်၍ ယဇ်ကောင်၏ လည်ပင်းကိုဖြတ်ခြင်းဖြင့် တစ်နှစ်လျှင် တစ်ကြိမ်အပြစ်ဖြေရာယဇ်ကို ဣ သရေလူမျိုးများသည်ပူဇော်လေ့ရှိကြသည်။တစ်နည်းအားဖြင့် ဘုရားသခင် သည် ဣသရေလလူမျိုးတစ်မျိုးသားလုံး၏အပြစ် တစ်နှစ်စာကို တစ်ကြိမ် တည်းဖြင့်ဆေးကြောသုတ်သင်လိုတော်မူခဲ့သည်။ဤအရာသည် ဘုရားသ ခင်၏မေတ္တာပညတ်တရားဖြစ်၍ကရုဏာတရားနှင့် တရားမျှတို့ဖြင့်လည်း ဆန့်ကျင်ဖက်မဖြစ်ပေ။ဘုရားသခင်သည်တရားမျှတသောဘုရားဖြစ်တော်မူသဖြင့်မိမိဖြောင့်မတ်သောပညတ်တရားနှင့်အညီ တစ်ကြိမ်တည်းဖြင့် လူ တို့၏အပြစ်ကိုဆေးကြောသုတ်သင်ပေးလိုသဖြင့်ဘုရားသခင်သည်ယေရှုခ ရစ်သိုးငယ်ကိုပြင်ဆင်တော်မူလျက်လက်တင်ခြင်းအားဖြင့် အပြစ်များအား လုံးကိုကိုယ်တော့်အပေါ်သို့တင်၍လက်ဝါးကပ်တိုင်ပေါ်ဝယ် အသွေးသွန်း လောင်းစေတော်မူခဲ့ပါသည်။
ထာ၀ရကာလအတွက် ယဇ်အဖြစ်မိမိကိုယ်ကို ပူဇော်ခဲ့သူ၊ ဤ နည်းစနစ်ဖြင့်လူတိုင်း၏အပြစ်ကိုတစ်ကြိမ်တည်းသူအပေါ်သို့တင်ခဲ့သူ၊ အ သွေးကိုတစ်ကြိမ်တည်းသွန်းလောင်းခဲ့သူတည်းဟူသော ယေရှုသည် သူတို့ ၏အပြစ်မှကယ်တင်ခြင်းအမှုကို ထိုသို့ဖြင့် ပြီးပြည့်စုံစေတော်မူခဲ့ပါသည်။ အပြာရောင်ခရမ်းရောင်၊အနီရောင်နှင့် အဖြူရောင်ချည်ကြိုးအားဖြင့်ထင် ရှားခဲ့သည့်ကယ်တင်ခြင်းသမ္မာတရားကို ယုံသောယုံကြည်ချက်ဖြင့်ကျွန်ုပ် တို့သည်လည်း ထိုနည်းအတိုင်း ဘုရားသခင်၏ရှေ့သို့ ရောက်ရှိလာနိုင်ကြ ပါသည်။ ဤသို့သောယုံကြည်ခြင်းအားဖြင့် အပြစ်မှန်သမျှသည် တစ်ကြိမ် တည်းဖြင့်ဆေးကြောသုတ်သင်ခြင်းခံရနိုင်သည်။ ထို့ကြောင့် တစ်ကြိမ် တည်းဖြင့် အပြစ်ဆေးကြောခြင်းကို ခံယူလိုသောသူသည် ရေနှင့်ဝိညာဉ် တော်ဧဝံဂေလိသတင်းကောင်းကိုမှန်ကန်စွာယုံကြည်လျက် ထိုယုံကြည် ခြင်းဖြင့် ဘုရားသခင်ထံတော်သို့ပြန်လာရမည်ဖြစ်သည်။
 


လက်တင်ခြင်း၏အဓိပ္ပါယ်

 
လက်တင်ခြင်း၏အဓိပ္ပါယ်မှာ “လွှဲပြောင်းခြင်း၊ ကူးပြောင်းစေ ခြင်း၊သင်္ဂြိုဟ်ခြင်း”(ဝတ်ပြု၁း၃-၄)ဖြစ်သည်။ဣသရေလ လူမျိုးသာမာန်လူ တစ်ဦးသည် မရည်ရွယ်ဘဲအပြစ်ပြုမိပြီးပြန်သတိရသော အခါသူသည်မီးရှို့ ရာယဇ်ကို ဘုရားသခင်အားပူဇော်ရမည်(ဝတ်၄း၂၇-၂၉)။ ရှေးဦးစွာသူသည် အပြစ်မပါသောယဇ်ကောင်ကို ယူတောင်လာ၍ ယဇ်ကောင်၏ဦးခေါင်း ပေါ်သို့လက်တင်ခြင်းဖြင့်သူ၏အပြစ်ကိုလွှဲပြောင်းပေးရမည်။ သူသည်ယဇ် ကောင်၏လည်ပင်းကိုဖြတ်၍အသွေးကိုယူကာ ယဇ်ပုရောဟိတ်ထံသို့ပေး ရမည် (ဝတ်၄း၂၇-၂၈)။ ယဇ်ပုရောဟိတ်သည် ထိုအသွေးပေးရမည်(ဝတ် ၄း၂၇-၂၈)။ယဇ်ပုရောဟိတ်သည်ထိုအသွေးအချို့ကိုယူ၍မီးရှို့ရာယဇ်ပလ္လင် ဦးချိုသို့ထည့်ကာကျန်သည့်အသွေးကိုယဇ်ပလ္လင်၏ကြမ်းပြင်ပေါ်သို့ သွန်း လောင်းရမည်။ သူသည်ဆီဥကိုပါမီးရှို့ပြီး ဤယဇ်ပူဇော်ခြင်း၏မွှေးကြိုင် သော အနံ့ကိုဘုရားသခင်သည် ခံယူလေ၏။
ကျွန်ုပ်တို့လေ့လာခဲ့ပြီးသည့် အကြောင်းအရာများအရ - ဣသရေ လလူမျိုးများ၏အပြစ်ကို ဆေးကြောသုတ်သင်ဖို့ရန် ယဇ်ကောင်အပေါ်သို့ လက်ကို တင်၍အသွေးထုတ်ယူသည့်နေရာဖြစ်သည့် အပြစ်ဖြေရာယဇ် ပူ ဇော်ခြင်းကို ဘုရားသခင်သည် ပြင်ဆင်ပေးတော်မူပါသည်။ ဘုရားသခင် သည် လက်တင်ခြင်းမရှိဘဲယဇ်ပူဇော်သည့်နည်းဖြင့် ဣသရေလူတို့၏အ ပြစ်ကိုဆေးကြောတော်မမူပေ။ထိုနည်းတူစွာ အပြစ်ဖြေရာယဇ်ပူဇော်သော နေ့ကို ဓမ္မဟောင်းကာလတွင်ပေးထားပြီးဓမ္မသစ်ကာလမှ ဗတ္တိဇံနှင့်ယေရှု ၏အသွေးတော်တို့ဖြင့် နီးကပ်စွာ ဆက်သွယ်လျက်ရှိသည်။
ဓမ္မဟောင်းကာလတွင်အပြစ်အနာအဆာမရှိသောယဇ်ကောင်ကို ပူဇော်ရသကဲ့သို့ ဓမ္မသစ်ကာလတွင် ယေရှုသည် ဘုရားသခင်၏အပြစ်အ နာအဆာကင်းသည့်သိုးသငယ်အဖြစ်ဗတ္တိဇံခံယူခြင်းလက်ဝါးကပ် တိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းခြင်းဖြင့် အပြစ်သားများ၏ အပြစ်အားလုံး ကို ဆေးကြောသုတ်သင်ပေးတော်မူခဲ့ပါသည်။ ဓမ္မဟောင်းကာလတွင် ပူ ဇော်ခံရမည်ယဇ်ကောင်သည်လက်တင်ခြင်းဖြင့်အပြစ်အသား၏အပြစ်အား လုံးကိုခံယူသကဲ့သို့လောကသားအားလုံး၏အပြစ်သည် ယောဒန်မြစ်တွင် ယောဟန်ကယေရှုအပေါ်သို့လက်ကိုတင်သောအခါ ကိုယ်တော့်အပေါ်သို့ ရောက်ရှိသွားခဲ့ပါသည်(မဿဲ ၃း၁၅)။ ဓမ္မဟောင်းကာယဇ်ပူဇော်ခြင်းနှင့် ဓမ္မသစ်ကာလလက်တင်ခြင်းဖြင့် ယေရှု၏အပြစ်များခံယူခဲ့ပုံ၊ အသေခံ၍ အသွေးတော်သွန်းခြင်းတို့သည်တူညီမှုရှိသည်။ လက်တင်၍ အသွေးတော် သွန်းလောင်းခြင်းယဇ်ပူဇော်မှုသည် အပြစ်သားများအတွက် တူညီသည့် ယဇ်ပူဇော်ခြင်းဖြစ်၍ ဓမ္မဟောင်းနှင့်ဓမ္မသစ်ကာလနှစ်ခုစလုံးအတွက် ခြား နားမှုမရှိပေ။ 
 

လူသားများ၏အပြစ်နောက်မှ ဘုရားသခင်၏အမျက်ဒေါသလိုက်လာခြင်း
 
ယဇ်ပူဇော်ခြင်းခံရမည့်ယဇ်ကောင်သည်သူသယ်လာသည့် အပြစ် အတွက်အသတ်ခံရသကဲ့သို့ လူသားများသည် အပြစ်ကြောင့် မလွဲသာမ ရှောင်သာတော့ဘဲ ဘုရားသခင်၏ရှေ့တော်တွင် အသေခံရမည်။ ယဇ်ပူ ဇော်ခြင်းခံရမည့်အကောင်၏အသားကို နုတ်နုတ်စင်းခုတ်ထစ်၍ မီးရှို့သည့် ပုံစံကို မြင်ယောင်ကြည့်မည်ဆိုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ရှေ့ မှောက်တွင်ထိုသို့ပင် ဖျက်ဆီးခြင်းခံရပြီးမှ ပူဇော်ရမည်ဖြစ်၍ သခင်ဘုရား သည် ယောဟန်၏လက်မှ ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်သွန်းလောင်း ခြင်းအားဖြင့် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့ပါသည်။
ထိုသို့ပင် ဒုတိယမွေးဖွားခြင်းမခံယူသေးသော သူသည် ဘုရားသ ခင်၏ရှေ့တော်တွင်အပြစ်အတွက်ဒဏ်စီရင်ခြင်းခံရမည့် သူအဖြစ်မိမိကိုယ် ကို အသိအမှတ်ပြု၍ သခင်ဘုရား၏ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်ကို သူတို့၏ကယ်တင်ခြင်းအဖြစ်ယုံကြည်ရမည်။ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရန် ကျွန်ုပ်တို့ကိုယ်စားအပြစ်ဒဏ်စီရင်ခြင်းကိုခံလျက်ဘုရားသခင်သည် ကယ် တင်ခြင်းယဇ်အပြစ်အားလုံးကို ထာ၀ရယဇ်ပူဇော်ခြင်းသို့ လွှဲပြောင်းပေးပြီး အသွေးတော်သွန်းလောင်းစေသည့်နည်းဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဆေးကြောသုတ်သင်ပေးတော်မူခဲ့ပါသည်(ဝတ် ၁၆း၁-၃၄၊ ရော ၈း၃-၄၊ ဟေဗြဲ၁ဝး၁၀-၁၂)။ သင်၏စိတ်ထဲတွင် အပြစ်ရှိပါသေးသလား။ ထိုနောက် သင်သည် ရှေးဦးစွာဘုရားသခင်၏ရှေ့တွင်အပြစ်ရှိသူ အပြစ်ဒဏ်စီရင်ခြင်း ခံရမည့်သူအဖြစ် မိမိကိုယ်ကိုအသိအမှတ်ပြုပြီးဘုရားသခင်သည်ကမ္ဘာမ တည်မရှိမီသင့်အတွက်ရေးဆွဲထားသည့် ကယ်တင်ခြင်းစီမံကိန်းကို ယေရှု ခရစ်အားဖြင့် ပြည့်စုံစေတော်မူခဲ့ကြောင့် ယုံကြည်ရမည်။
အပြစ်အတွက်  တန်ရာတန်ကြေးအဖိုးအခမပေးဘဲ ကျေအေး၍ မရနိုင်ပေ။ထို့ကြောင့် ဘုရားသခင်သည် ဣသရေလလူမျိုးများတို့အား ယဇ် ပူဇော်သည့်နည်းစနစ်ကိုပေးတော်မူခဲ့ခြင်း ဖြစ်သည်။ ဤယဇ်ပူဇော်သည့် နည်းစနစ်တွင်ယဇ်ပူဇော်ခြင်းတစ်ခုတွင်လက်တင်ခြင်းနှင့် အသွေးသွန်း လောင်း လိုက်လာဖို့လိုအပ်ပြီးစစ်မှန်သောယုံကြည်ခြင်းယဇ်ပူဇော်ခြင်း ဣ သရေလလူမျိုးများ၏အပြစ်ကို ဆေးကြောသုတ်သင်ပေးခဲ့ပါသည်။
သမ္မာကျမ်းစာတွင်ရေးသားထားသည့်ယဇ်ပူဇော်ခြင်း နည်းစနစ် အရယုံကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့သည်လက်တင်ခြင်းအသွေးတော် သွန်း လောင်းခြင်းယဇ်ကို ဘုရားသခင်အား ပူဇော်နိုင်ကြပါသည်။ သခင်ယေရှု သည်ဗတ္တိဇံခံယူခြင်းအားဖြင့်ကျွန်ုပ်တို့၏အားလုံးကိုယူ၍ ကျွန်ုပ်တို့ကိုယ် စားအပြစ်ဒဏ်စီရင်ခြင်းခံရပြီးသူ၏အသွေးတော်ကိုသွန်းလောင်းခြင်းနည်း လမ်းဖြင့်ကျွန်ုပ်တို့၏အပြစ်အားလုံးကိုဆေးကြောသုတ်သင် ပေးခဲ့ပါသည် (မ ၃း ၅၊ယော ၁း၂၉၊ ဟေရှာ ၅၃း၁-၇)။ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော် နှုတ်ကပတ်တရားကို ယုံကြည်သောအချိန်နှင့် ကျွန်ုပ်တို့အတွက် ယဇ် ကောင်ဖြစ်လာသူသခင်ယေရှုအပေါ်သို့ ကျွန်ုပ်တို့လက်ကို တင်သောအခါ ကျွန်ုပ်တို့၏အပြစ်အားလုံးသည်ကိုယ်တော့်အပေါ်သို့သက်ရောက်၍ကျွန်ုပ် တို့၏အပြစ် အားလုံးသည်ကိုယ်တော်အပေါ်သို့သက်ရောက်၍ ကျွန်ုပ်တို့ ၏အပြစ်ကိုသယ်ဆောင် သွားသောသခင်ယေရှုသည်ကျွန်ုပ်တို့ကိုယ်စားအ ပြစ်စီရင်ခြင်းကိုခံရသည်ကိုယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် အပြစ်ဆေး ကြောခြင်းကိုရရှိကြပါသည်။ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်း ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ယဇ်ကောင်ဖြစ်လာသူ သခင် ယေရှုအပေါ်သို့ ကျွန်ုပ်တို့၏အပြစ်အားလုံးသက်ရောက်ကာကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူအသေခံ၍အသက်ရှင်နိုင်ကြပါသည် (ရော၆း၁-၁၁၊ဂ လာ ၃း၂၇)။
အပြစ်ဖြေရာ ယဇ်ပူဇော်ရာနေ့တွင် ယဇ်ပူဇော်သည့်အချက်မှ ကျွန်ုပ်တို့ရနိုင်သည့် ဝိညာဥ်ရေးရာသင်ခန်းစာများမှာ- ရှေးဦးစွာ ကျွန်ုပ်တို့ ၏အပြစ်များကိုအသိအမှတ်ပြုခြင်း၊ကျွန်ုပ်တို့၏အပြစ်ဒဏ်စီရင်ခံရခြင်းတို့ ဖြင့်ဘုရားသခင်ခံယူလိုသည့်ယုံကြည်ခြင်းယဇ်ကိုကျွန်ုပ်တို့ပေးရမည်။ ဆို လိုသည်မှာ-ယေရှုဗတ္တိဇံနှင့် လက်ဝါးကပ်တိုင်ပေါ် အသွေးတော်သွန်း လောင်းခြင်းဖြင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကိုပြည့်စုံစေတော်မူခဲ့သူယေရှု အားကျွန်ုပ်တို့ယုံ ကြည်ရမည်ဟူ၍ဖြစ်သည်။ ဗတ္တိဇံကိုယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ယေရှု၏ဦးခေါင်းပေါ်သို့လက်ကိုတင်ရမည်။အကြောင်းမူ ကား၊ ယုံကြည်ခြင်းအားဖြင့် ယဇ်ကောင်အပေါ်သို့ ကျွန်ုပ်တို့၏လက်ကို တင်၍အသွေးကိုယူပြီးမှသာကျွန်ုပ်တို့၏အပြစ်အားလုံးမှ ကယ်တင်ခြင်းခံ ရနိုင်သောကြောင့် ဖြစ်သည်။
ထိုနည်းတူစွာအပြစ်ဆေးကြောခြင်းခံယူလိုသူတစ်စုံတစ်ယောက် အနေဖြင့်အပြစ်၏အဖိုးအခကား သေခြင်းဟုဆိုထားသဖြင့် ဘုရားသခင်၏ ရှေ့တော်တွင် အဖိုးအခအဖြစ်အသက်ကိုပေးရမည်။ ဆင်းရဲသူဖြစ်စေ၊ ချမ်း သာသောသူဖြစ်စေ သူ၏ကျူးလွန်ခဲ့သည့်အပြစ်အတွက် ယဇ်ပူဇော်ခြင်း ကို ပေးဆပ်ရမည်ဖြစ်ပြီးယဇ်ကောင်၏အသက်ကို အဖိုးအခအဖြစ်ပေးရ မည်။ ဤသို့မပြုလုပ်ဘဲ ယုံကြည်ခြင်းဖြင့် အဘယ်သူမျှ အပြစ် ဆေးကြော ခြင်းခံရမည်မဟုတ်ပေ။ 
 


ဓမ္မဟောင်းခေတ်၏အပြစ်ဖြေရာ ယဇ်ပူဇော်သောနေ့

 
ဝတ်၁၆း၆-၁၀တွင်“အာရုန်သည်မိမိနှင့်ဆိုင်သောမိမိအပြစ်ဖြေရာ ယဇ်နွားကိုပူဇော်၍ မိမိအဘို့နှင့်မိမိအိမ်သူများအဘို့ အပြစ်ဖြေခြင်းကိုပြုရ မည်။ဆိတ်နှစ်ကောင်ကိုလည်းယူ၍ပရိတ်သတ်စည်းဝေးရာ တဲတော်ထံခါး နား၊ထား၀ရဘုရားရှေ့တော်၌ဆက်ရ မည်။အာရုန်သည်ထိုဆိတ်နှစ်ကောင် ကို ထာ၀ရဘုရားအဘို့ စာရေးတံတစ်တံ၊ လွတ်လပ်လဟာအဘို့တစ်တံ စာရေးတံနှစ်တံချ၍ထာ၀ရဘုရားအဘို့စာရေးတံကျသောဆိတ်ကို ဆောင် ခဲ့၍အပြစ်ဖြေရာယဇ်ဘို့ပူဇော်ရမည်။ လွတ်လပ်လဟာအတို့ စာရေးတံကျ သောဆိတ်ကို၊ အသက်ရှင်လျက်ထာ ၀ရဘုရားရှေ့တော်၌ဆက်၍သူ့အ ပေါ်မှာအပြစ်ဖြေခြင်းကိုပြုပြီးလျှင်တော၌လွတ်လပ်လဟာသို့ လွှတ်လိုက် ရမည်။ အာရုန်သည်မိမိနှင့်ဆိုင်သောအ ပြစ်ဖြေရာယဇ်နွားကိုဆောင်ခဲ့ပြီး လျှင်မိမိအတို့နှင့်မိမိအိမ်သူအိမ်သားများ အဘို့အပြစ်ဖြေခြင်းကိုပြု၍မိမိနှင့် ဆိုင်သောအပြစ်ဖြေရာယဇ်နွားကိုသတ်ရမည်” ဟုဖော်ပြထားသည်။ 
ဣသရေလလူမျိုးများတို့သည်အပြစ်ဆေးကြောခြင်းကို ယုံကြည် ခြင်းအားဖြင့်ရရှိဖို့ရန်သူတို့ကိုယ်စားယဇ်ပုရောဟိတ်မင်းသည် လက်တင် ခြင်းနှင့်အသွေးသွန်းခြင်းပြုရမည်ဖြစ်သည်။ယဇ်ကိုပူဇော်ပေးရသည်။ ယ နေ့ခရစ်ယာန်များ၏ယုံကြည်ခြင်းကားအဘယ်နည်း။ အပြစ်လွှဲပြောင်းပေး ခြင်းမပြုဘဲ အပြစ်ဆေးကြောခြင်းကား အဘယ်နည်း။ အပြစ်လွှဲပြောင်း ပေးခြင်းမပြုဘဲအပြစ်ဆေးကြောခြင်းရရှိဖို့ရှာဖွေနေသူ၏အခြေအမြစ်မရှိ သောယုံကြည်ခြင်းနှင့် ထင်မြင်ယူဆချက်သာဖြစ်သည်မဟုတ်လော။ အ ကယ်၍သင်၏ယုံကြည်ခြင်းသည် လက်တင်ခြင်းဖြင့် ယေရှုအပေါ်သို့သင် ၏အပြစ်များကို တင်ထားခြင်းမရှိခဲ့သော်သူတို့အတွက် ပြဿနာသည် လက်ထဲတွင်ရှိသည်။ သင်၏ယုံကြည်ခြင်းသည် ယေရှု၏ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်ပေါ်ဝယ်အသွေးတော်သွန်းလောင်းခြင်းယုံကြည် ချက်မ ဟုတ်ဘဲ စစ်မှန်သော ယုံကြည်ချက်မဖြစ်နိုင်ပေ။
လွန်ခဲ့သည့် နှစ်က ကျွန်ုပ်တို့သည် ပညတ်တရားလိုက်လျှောက်ဖို့ ပျက်ကွယ်၍ အပြစ်မျိုးစုံကျူးလွန်ခဲ့ကြပါသည်။ ဓမ္မဟောင်းခေတ်တွင် ကျွန်ုပ်တို့သည်အသက်ရှင်မည်ဆိုလျှင်ကျွန်ုပ်တို့ကိုယ်စား ယဇ်ပုရောဟိတ် မင်းသည် အပြစ်ဖြေရာယဇ်ပူဇော်ခြင်းကို ယုံကြည်ခြင်းဖြင့်အပြစ်ဆေး ကြောခြင်းကို ကျွန်ုပ်တို့လက်ခံရရှိဖို့ လိုအပ်ပါသည်။ ယုံကြည်ခြင်းယဇ်ကို ဘုရားသခင်အားပူဇော်ဖို့ရန် ရှေးဦးစွာအပြစ်အတွက် ပျက်စီးခြင်းသို့ ရောက်မည်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းနှင့် လက်တင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ယဇ်ပူဇော်ခြင်းထဲသို့ လွှဲပြောင်းပေးလိုက်ပြီ ဟု ကျွန်ုပ်တို့ယုံကြည်ရမည်ဖြစ်သဖြင့် ထိုအရာသည် ကျွန်ုပ်တို့အတွက် ဘု ရားသခင်ပြင်ဆင်ပေးခြင်းနှင့် ဤယဇ်ပူဇော်ခြင်းဆိုင်ရာ အသွေးသွန်းခြင်း ဖြစ်သည်။
ယဇ်ကောင်အပေါ်သို့လက်တင်ခြင်းနှင့် အသွေးသွန်းခြင်း၌ ကယ် တင်ခြင်းတန်းခိုးရှိသဖြင့် ဓမ္မဟောင်းကာလရှိလူတို့သည် ဘုရားသခင်ချ မှတ်သည့်အတိုင်း ယဇ်ပူဇော်ခြင်းနည်းစနစ်အရ ယဇ်ပုရောဟိတ်မင်းသည် ဤယဇ်ကိုပူဇော်ခြင်းအားဖြင့် အပြစ်ဆေးကြောခြင်းကို ရရှိကြပါသည်။ ယဇ်ပုရောဟိတ်မင်းကြီးသည် ယဇ်ကောင်အပေါ်သို့ လက်တင်ခြင်းဖြင့် သူ၏လူများအတွက်တစ်နှစ်စာယဇ်ကောင်အပေါ်သို့တင်၍ ၎င်း၏လည် ပင်းကိုလှီးဖြတ်ကာအသွေးကိုထုတ်၍ကရုဏပလ္လင်ပေါ်သို့ပက်ဖြန်းကာထို နေရာ၏အရှေ့ဖက်သို့ခုနစ်ကြိမ်တိတိဖြန်းရပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ရပ်တန့်မထားနိုင်ဘဲဘုရားသခင်အားနှစ်စဉ်ယဇ်ပူဇော်ရပါသည်။ဤသို့ဖြင့် ဣသရေလူမျိုးများသည် သူတို့လက်ထက်တွင်ပြည့်စုံသောယဇ် ပူဇော်ခြင်း ကို ခံယူရရှိနိုင်ကြပါသည်။
ထိုနည်းတူစွာ ယဇ်ပုရောဟိတ်မင်းကြီး ပူဇော်သည့်အပြစ်ဖြေရာ ယဇ်ဖြင့် ဣသရေလလူမျိုးများသည် သူတို့စိတ်ထဲတွင် အသိအမှတ်ပြုယုံ ကြည်ထားသည့်အချက်များ သူတို့၏အပြစ်အားလုံးသည် ဆေးကြောသုတ် သင်ခြင်းခံရပြီဟူ၍ဖြစ်သည်။ ဓမ္မဟောင်းကာလအပြစ်ဖြေရာယဇ်ပူဇော် သောနေ့တွင်ပူဇော်သောယဇ်ကကျွန်ုပ်တို့အားညွှန်ပြသည့်အရာမှာဓမ္မသစ် ခေတ်တွင်ယေရှုခရစ်သည်ယောဟန်၏လက်မှ ဗတ္တိဇံကိုခံယူခြင်းအားဖြင့် လောကသားအားလုံး၏အပြစ်ကိုယူတင်ဆောင်ရွက်လျက် လက်ဝါးကပ် တိုင်ပေါ်ဝယ် အသွေးတော်သွန်းလောင်းခဲ့သဖြင့် ယေရှုသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ်ယုံကြည်ပြီးယုံကြည်ခြင်းဖြင့်ထာ၀ရအပြစ် ဆေးကြော ခြင်းကို ရရှိနိုင်ပါသည်။ လောကတွင်ရှိသည့် အပြစ်ကြောင့် စိတ်ထဲတွင် ဒုက္ခဝေဒနာခံစားရသူ နာကျင်သောဝိညာဉ်များသဘောပေါက်ထားရမည့် အချက်မှာရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်း ယုံကြည်ခြင်းအား ဖြင့်ထာ၀ရအပြစ်ဆေးကြောခြင်းရရှိနိုင်ပြီးသူတို့သည်ဤအကြောင်းအရာ ကိုစိတ်နှလုံးထဲတွင် ယုံကြည်လက်ခံထားရမည်။ ထိုနည်းတူစွာ အပြစ်အား လုံးကိုဆေးကြောသည့်ယဇ်ပူဇော်ခြင်းကိုဘုရားသခင်ကြိုတင်ပြင်ဆင်ထား ခဲ့ပြီးကိုယ်တော်အားဖြင့်ပြည့်စုံဖို့ ကတိပေးတော်မူသဖြင့် တဲတော်၏အ သုံးအဆောင်ပစ္စည်းအဖြစ် အသုံးပြုခြင်းခံရသည့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည်ကြိုးဖြင့် ထင်ရှားခဲ့သည့်ကယ်တင်ခြင်းသည် ကတိတော်အတိုင်း ပြည့်စုံခဲ့ပါသည်။
 


တဲတော်ဖြင့်ပြည့်စုံစေခဲ့သည့် အပြစ်ဖြေရာယဇ်ပူဇော်သောနေ့

 
အပြစ်ဖြေရာယဇ်ပူဇော်သောနေ့တွင်ဣသရေလူမျိုးအားလုံး၏အ ပြစ်ကိုတာဝန်ယူပေးဖို့ရန် ယဇ်ပုရောဟိတ်မင်းသည် ဣသရေလလူမျိုးများ ရှေ့တွင် ယဇ်ကောင်၏ဦးခေါင်းပေါ်သို့ လက်ကိုတင်ပေးရပါသည်(ဝတ် ၁၆း၁-၂၃)။သူတို့ကိုယ်စားယဇ်ပုရောဟိတ်မင်းသည်ယဇ်ကောင်၏ဦးခေါင်း ပေါ်သို့လက်တင်ခြင်းအားဖြင့်အပြစ်များကိုလွှဲပြောင်းပေးဖို့လိုအပ်ပါသည်။ ယဇ်ပုရောဟိတ်မင်းကြီးအားရုန်သည်ဣသရေလလူမျိုးများအတွက် အပြစ် ဖြေရာယဇ်ကို ပူဇော်သည့်နေ့တွင် တဲတော်ထဲသို့မည်သူမျှခွင့်မရှိပေ။ အခြားနေ့များနှင့်မတူဘဲ တစ်မူထူးခြားသောနေ့ဖြစ်သဖြင့် အပြစ်ဖြေရာ ယဇ်ပူဇော်သည့်နေ့တွင်တဲတော်၏တန်တိုင်းတော်အတွင်းယဇ်ပုရောဟိတ် များမှအပ အခြားမည်သူမျှနေထိုင်ခွင့် မရှိပေ။ 
ယဇ်ပုရောဟိတ်မင်းကြီးသည်မိမိလက်ကိုယဇ်ကောင်၏ဦးခေါင်း အပေါ်သို့တင်ခြင်းအားဖြင့် ဣသရေလူမျိုးအားလုံး၏အပြစ်ကို လွှဲပြောင်း ပေးကာအသွေးကိုအသန့်ရှင်းဆုံးဌာနသို့ယူဆောင်ပြီးကရုဏာပလ္လင်အရှေ့ ဖက်တွင် ပက်ဖြန်းပြီးမှကရုဏာပလ္လင်ပေါ်ဝယ် ခုနှစ်ကြိမ်တိတိပက်ဖြန်း ပေးရလေသည်(ဝတ် ၁၆း၁၄)။
ယခုအချိန်တွင် ယဇ်ပုရောဟိတ်မင်းကြီး၏ဝတ်လုံအောက်ခြေအ နားစတွင်အသံမြည်မည့်ရွှေခေါင်းလောင်းများကိုတပ်ဆင်ထားပြီး ကရုဏာ ပလ္လင်၏အရှေ့ဖက်နှင့်ကရုဏာပလ္လင်ပေါ်ဝယ် အသွေးပက်ဖြန်းသည့်အခါ တိုင်းခေါင်းလောင်းများသည် မြည်သံကိုပေးခဲ့သည်။ တဲတော်၏ပြင်ပတွင် မတ်တပ်ရပ်နေကြကုန်သောဣသရေလလူမျိုးများသည် အသံကို နား ထောင်ကြရပါသည်။ ဣသရေလလူမျိုးများသည် ဤခေါင်းလောင်းများ၏ မြည်သံကိုကြားရသောအခါ ယခုအခါယဇ်ပုရောဟိတ်မင်းကြီးသည် သူတို့ ကိုယ်စားအပြစ်ဖြေရာယဇ်ကို ပူဇော်ပေးနေရလျက်ရှိကြောင်း သိရှိကြပါ သည်။ခေါင်းလောင်းကလေးများ၏မြည်သံကိုခုနှစ်ကြိမ်တိတိကြား ပြီးမှ သာလျှင် အပြစ်ဖြေရာနေ့၏ယဇ်ပူဇော်ခြင်း အမှုတော်မြတ်သည် ယနေ့ပြီး ဆုံးသွားပြီဖြစ်ကြောင်းနှင့် ထိုသို့ယဇ်ပူဇော်ခြင်းသည် ဣသရေလလူမျိုး အားလုံး၏တစ်နှစ်စာအပြစ်များအတွက် ခွင့်လွှတ်ခြင်းခံရဖို့အပြစ်ဖြေရာ ယဇ်ပူဇော်ခြင်းဖြစ်ကြောင်း အသိအမှတ်ပြုနိုင်သည်။ 
ထိုသို့ပြုလုပ်ပြီးနောက် ယဇ်ပုရောဟိတ်မင်းကြီး အာရုန်သည် တဲ တော်မှထွက်လာပြီး ကျန်နေသေးသည့်ယဇ်ကောင်ကိုအခြား ယဇ်ပူဇော်ဖို့ ဣသရေလလူမျိုးများ၏ ရှေ့မှောက်တွင်အပြစ် ဖြေရာယဇ်ကိုပူဇော်ပေး ရ ပါသည်။ အပြစ်ဖြေရာယဇ်ပူဇော်သည့်နေ့တွင် ဘုရားသခင်သည် ဣသရေ လလူမျိုးတို့အား မည်သည်အမှုကို မျှပြုလုပ်ခြင်းမရှိစေဖို့ မိန့်တော်မူခဲ့ပါ သည်(ဝတ် ၁၆း၂၀-၂)။တဲတော်၏အပြင်ဖက်မှ ဣသရေလူမျိုးများတို့သည် ဤအဖြေဖြေရာယဇ်ပူဇော်နေသည့်ပုံကို ကြည့်ဖို့စုရုံးရောက်ရှိလာပြီး ယဇ် ပုရောဟိတ်မင်းသည်သူ၌ တာဝန်ရှိသည့်အတိုင်း ဆိတ်အပေါ်သို့လက်ကို တင်၍ထိုဆိတ်ကိုတောထဲသို့စေလွှတ်ဖို့ရန်သင့်တော် သူ၏လက်ဖြင့် ထည့် ပေးလိုက်လေသည်။
အပြစ်ဖြေရာယဇ်ပူဇော်သောနေ့တွင် ယဇ်ပုရောဟိတ်မင်းကြီး သည်ဆိတ်ကိုဣသရေလလူမျိုးများ ရှေ့သို့ယူဆောင်လာ၍ ၎င်း၏ဦးခေါင်း ပေါ်သို့ သူ၏လက်ကိုတင်၍ ဣသရေလူမျိုးသားသမီး အားလုံး၏ကျူးလွန် သောအပြစ်ဒုစရိုက်အားလုံးကို ဝန်ချတောင်းပန်ကာ ဆိတ်အပေါ်သို့လွှဲ ပြောင်းပေးရပါမည်။ “သခင်ဘုရား၊လွန်ခဲ့သော နှစ်အတွင်းဣသရေလလူ မျိုးများ ကျူးလွန်သည့်အပြစ်အားလုံးကို ကျွန်ုပ်ဝန်ချတောင်းပန်ပါ၏။ ကျွန်ုပ်တို့သည် ပညတ်တော်ကို အပြည့်အစုံစောင့်ထိန်းဖို့ ပျက်ကွက်ခဲ့ကြ ပါ၏။ကျွန်ုပ်တို့သည်ကိုယ်တော်နှင့်အခြားသူများအပေါ်အပြစ်များစွာ ကျူး လွန်ကြပါပြီ။ကိုယ်တော်စီရင်ပေးတော်မူတဲ့အသက်မှ အသက်ရှင်ဖို့ပျက် ကွက်ခဲ့ကြပါတယ်။ကိုယ်တော်စောင့်ရှောက်ဖို့ထားပေးတဲ့ပညတ်တော်များ ကို လိုက်လျှောက်ဖို့ကျွန်ုပ်တို့ပျက်ကွယ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ထဲမှာ ကိုယ်တော်ပေးတော်မူတဲ့ ပညတ်များစွာကို ကျွန်ုပ်တို့ချိုးဖေါက်ခဲ့ပါတယ်။ ကျွန်ုပ်တို့မုသာ ပြောခဲ့ကြတယ်။ ကျွန်ုပ်တို့လူသတ်မှုကျူးလွန်ခဲ့ကြတယ်။ ကျွန်ုပ်တို့လိင်မှုဖေါက်ပြန်ခဲ့ကြတယ်။ ကျွန်ုပ်တို့ခိုးမှုကျူးလွန်ခဲ့ကြတယ်။” ထိုသို့ဖြင့် ယဇ်ပုရောဟိတ်မင်းကြီးသည်ဣသရေလူမျိုးများ၏အပြစ်အား လုံးကိုယဇ်ပူဇော်ရမည့် ယဇ်ကောင်ဦးခေါင်းအပေါ်သို့ ဣသရေလူမျိုးများ ၏ရှေ့မှောက်တွင် အပြစ်ဝန်ချတောင်းပန်၍လက်တင်ပြီးထိုယဇ်ပူဇော်မည့် ဆိတ်ကိုသင့်တော်သောသူ၏လက်ဖြင့်တောထဲသို့ လွတ်ပေးလိုက်ပါသည်။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်သဖြင့်ယဇ်ကောင်သည်ဣ သရေလလူမျိုးများ၏အပြစ်ကိုခံယူပြီးနောက် ဘုရားသခင်သည် သူ့ကိုအ သက်ရှင်ခွင့်လုံး၀ပေးတော်မမူပေ။ အပြစ်ကိုသယ်ဆောင်သွားသည် ဆိတ် ကိုတော ထဲသို့သွားခိုင်းသည့်အကြောင်းအရင်းမှာတောထဲတွင်အစာရေစာ ငတ်ပြတ်၍ဒုက္ခခံပြီးသေစေဖို့ရန် သူသည် ဣသရေလလူမျိုးများအားလုံး၏ ဒုစရိုက်များ၊ အပြစ်များဖောက်ပြန်မှုများ အားလုံးကိုသယ်ဆောင်သွားရ မည်။ ယခုဣသရေလူမျိုးများသည် တဲတော်တွင်စားသောက်ပွဲကျင်းပပါ ပျော်ရွှင်မြူးတူးလျက်ရှိ နေကြပါသည်(ဝတ်၂၃း၃၄)။ သူတို့သည်အပြစ်ဖြေ ရာယဇ်ပူဇော်ခြင်းယဇ်ကို ပူဇော်သည့်အခါ လွန်ခဲ့သည့်နှစ်မှ အပြစ်ချည် နှောင်မှုများကို စွန့်ပစ်ခဲ့ကြသောကြောင့် ဖြစ်သည်။
လက်တင်ခြင်း၏အဓိပ္ပါယ်မှာ - လူတို့၏အပြစ်အားလုံးကို ယဇ်ပူ ဇော်သောယဇ်ကောင်အပေါ်သို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။  ယဇ်ပု ရောဟိတ်မင်းကြီးသည်ယဇ်ကောင်အပေါ်သို့လက်ကိုတင်လိုက်သည့် အခါ တစ်နှစ်အတွင်းစုပုံနေသည့် ဣသရေလလူမျိုးများ၏အပြစ်အားလုံးသည် တစ်ကြိမ်တည်းတို့ယဇ်ကောင်အပေါ်သို့ရောက်ရှိသွားသည်။ ယဇ်ပုရော ဟိတ်မင်းကြီး၏လက်တင်ခြင်းအားဖြင့် ဣသရေလလူမျိုးတိုင်း၏အပြစ် အကြီးဆုံးမှအသေးဆုံးအထိ ယဇ်ကောင်အပေါ်သို့ ရောက်သို့သွားပါသည်။
ဓမ္မဟောင်းကာလတွင်ယဇ်ပုရောဟိတ်မင်းကြီးသည်ယဇ်ကောင် အပေါ်သို့လက်တင်ခြင်းအားဖြင့်ဣသရေလူမျိုးများအားလုံး၏ အပြစ်သည် လွှဲအပ်ပေးလိုက်သကဲ့သို့ ယနေ့တွင်လည်း လူသားများအားလုံး၏အပြစ် ကိုလက်တင်ခြင်းအားဖြင့် လွှဲပြောင်းပေးနိုင်ဦးမည်လော။ ဤနည်းလမ်း သည် မဖြစ်နိုင်ခဲ့သော်- ယနေ့လူသားများသည် အဘယ်ကဲ့သို့ အပြစ် ဖြေလွှတ်ခွင့်သန့်ရှင်းခြင်းကို ရရှိနိုင်ကြမည်နည်း။ မည်သူကမည်သို့ ထံသို့ မည်သည့်နည်းလမ်းဖြင့်အပြစ်များကို လွှဲပြောင်းပေးမည်နည်း။ ဓမ္မဟောင်း ကာလတွင်ဘုရားသခင်ချမှတ်ပေးထားသည့်နည်းစနစ်ယေရှုသည် ယော ဟန်၏လက်မှဗတ္တဇံခံယူခြင်းဖြင့် လောကသားအားလုံး၏အပြစ်ကို လွှဲ ပြောင်းရယူခဲ့ပါသည်။ အပြစ်ဖြေရာယဇ်ပူဇော်သည့်နေ့တွင် ယဇ်ပုရော ဟိတ်မင်းကြီးသည် ယဇ်ကောင်အပေါ်သို့ လက်တင်ခြင်းအားဖြင့် ဣသရေ လလူမျိုးများ၏အပြစ်တစ်နှစ်စာကိုတစ်ကြိမ်တည်းဖြင့် ယဇ်ကောင်အပေါ် သို့လွှဲပြောင်းပေးသကဲ့သို့နောက်ဆုံးယဇ်ပုရောဟိတ်မင်းကြီးဖြစ်သည့် ယေ ရှုခရစ်သည် ယောဟန်၏လက်မှဗတ္တိဇံခံယူခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ် အားလုံးကိုယေရှုအပေါ်သို့ကျရောက်ခဲ့ပါသည်။ယနေ့လူသားများကျူးလွန် သည့်အပြစ်များအားလုံးအဘယ်မှာရှိသနည်း။ ယခုထိုအပြစ်များသည် ယေ ရှု၏ခေါင်းပေါ်သို့ရောက်ရှိသွားပြီးဖြစ်သည်။ 
ယဇ်ပုရောဟိတ်မင်းကြီးသည် လွတ်လပ်လဟာအဖို့ ရွေးကောက် ထားသည့် ဆိတ်၏ဦးခေါင်းပေါ်သို့ လက်ကိုတင်လိုက်သည့်အခါ ဣသရေ လလူမျိုးများအားလုံး၏အပြစ်သည်၎င်းအပေါ်သို့သက်ရောက်သွားသကဲ့သို့ ယေရှုသည် ကျွန်ုပ်တို့အတွက် ထာ၀ရအပြစ်ဆေးကြောခြင်း ဆိုင်ရာယဇ် ကောင်ဖြစ်လာပြီးယခုအသက်ရှင်တော်မူလျက်ရှိသည်။ယေရှုသည် ကျွန်ုပ် တို့၏အပြစ်အတွက်ပူဇော်ခြင်းခံရသကဲ့သို့ ဘုရားသခင်ရှေ့တွင် လွတ်လပ် လဟာဖို့ရွေးကောက်ထားသည့် ဆိတ်လည်းဖြစ်တော်မူ၏။ တစ်နည်းအား ဖြင့် ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်ချမှတ်ထားသည့် ဣသရေလလူမျိုး များအတွက် ယဇ်ပူဇော်ခြင်း၊ ယဇ်ကောင်အပေါ်သို့ သူတို့၏အပြစ်များကို လွှဲပြောင်းပေးခြင်းနှင့် ကိုယ်စားအပြစ်ဒဏ်စီရင်ခံရခြင်းများကဲ့သို့ ယေရှု သည် ယောဟန်အားဖြင့် ဗတ္တိဇံခံတော်မူလျက်လက်ဝါးကပ်တိုင်တွင် အ သေခံဖို့ ကိုယ်တိုင်ကို ဆက်လက်တော်မူခဲ့ပါသည်။
လွတ်လပ်လဟာအဖို့ရွေးကောက်ထားသောဆိတ်သည် သဲကန္တရ တောထဲသို့ စေလွှတ်ခြင်းခံရသဖြင့် ထိုအကောင်သည် ပူပြင်းသည့်နေ ရောင်အောက်တွင် အစာမစားရ၊ ရေမသောက်ရဘဲ ဆက်၍အသက်ရှင်၍ မရနိုင်တော့ပေ။ ထိုနည်းတူ၊ယေရှုသည်လည်း ဗတ္တိဇံခံယူခြင်းဖြင့် လော ကသားအားလုံး၏အပြစ်ကို ယူတင်ဆောင်ရွက်ကာ မလွဲသာမရှောင်သာ ဘဲ လက်ဝါးကပ်တိုင်တွင် အသေခံခဲ့ရပါသည်။ လွတ်လပ်လဟာအဖို့ ရွေး ထားသည့်ဆိတ်သည် ခြောက်သွေ့သည့်နေရာတွင် စွန့်ပစ်ခြင်းခံရသဖြင့် လောကသားများ၏အပြစ်ကို ယူတင်ဆောင်ရွက်ခဲ့သည့် ယေရှုသည်လည်း လူအများ၏မုန်းတီးခြင်း၊ ပစ်ပယ်ခြင်းခံခဲ့ရပါသည်။ ယဇ်ပူဇော်မည့် ဆိတ် ကိုသဲကန္တရတော ခြောက်သွေ့နယ်မြေ၊ လူသူမရှိသည့်နေရာတွင် စွန့်ပစ် ထားသည့်အခါကိုအကောင်သည်အသက်မသေမီလှည့်လည်၍သွားနေမည် မဟုတ်လော။
ထိုကဲ့သို့ပင် ယေရှုသည်လောကအပြစ်ကို ခံယူတော်မူခဲ့သဖြင့်လူ အများ၏ငြင်းပယ်ခြင်းခံရပြီး ကျွန်ုပ်တို့၏အပြစ်အတွက် လက်ဝါးကပ်တိုင် ပေါ်တွင်တင်ခြင်းခံရကာအသွေးတော်သွန်းလောင်း၍ အသေခံတော်မူခဲ့ သည်။ ဤအရာသည် ယေရှုခရစ်ပြည့်စုံစေတော်မူခဲ့သော ရေနှင့်ဝိညာဉ် တော်ဧဝံဂေလိသတင်းကောင်းဖြင့် ကျွန်ုပ်တို့အားပေးထားသည့် စစ်မှန် သော ကယ်တင်ခြင်းပင်ဖြစ်သည်။
အပြစ်ဖြေရာယဇ်ပူဇော်သည့် အပြစ်ဆေးကြောသုတ်သင်ပုံဖြစ် စဉ်ကို ဣသရေလလူမျိုးများသည် မျက်စိဖြင့်မြင်ရပြီး၊ သူတို့၏စိတ်ထဲတွင် ယုံကြည်ကြရပါသည်။ ထိုသူတို့ကဲ့သို့ပင် ယေရှုခရစ်တော်၏ဖြောင့်မတ် ခြင်းဆောင်ရွက်ချက်ကိုမြင်တွေ့ခြင်း၊ကြားနားခြင်း၊ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်ဆေးကြောခြင်းကို ခံယူရရှိနိုင်ပါသည်။ ဤအရာ မှကျွန်ုပ်တို့အား ပြောပြသည့်အချက်မှာ - ယေရှုသည် ယောဟန်၏လက်မှ ဗတ္တိဇံခံယူခြင်းဖြင့် လောက၏အပြစ်များကို သယ်ဆောင်ကာလက်ဝါးကပ် တိုင်ပေါ်ဝယ်အတင်ခံပြီးအသွေးတော်သွန်းလောင်းခြင်း၊အသေခံခြင်း၊ သေ ခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းစသည်တို့ကိုကျွန်ုပ်တို့၏ ဝိညာဉ်မျက်စိ ဖြင့်မြင်ရသည့်အခါကယ်တင်ခြင်းခံရသဖြင့်ဤဖြစ်စဉ်များကိုကျွန်ုပ်တို့စိတ် ထဲတွင် ယုံကြည်ထားကြရမည်။
အပြစ်ဖြေရာ ယဇ်ပူဇော်ခြင်းသည် ဣသရေလလူမျိုးများတည်ရှိ နေသရွေ့ အစဉ်အတိုင်းသွားလိမ့်မည်။ ဘုရားသခင်သည် ဝတ် ၁၆း၃၄ ထဲ တွင် “ဤရွေ့ကားဣသရေလအမျိုးသားတို့၏အပြစ်ရှိသမျှထို့ကြောင့် တစ် နှစ်တခါအပြစ်ဖြေခြင်းကို ပြုမည်အကြောင်းသင်တို့သည် အစဉ်စောင့်ရ သော ပညတ်တော်ဖြစ်သတည်း”ဟု ပြောထားသဖြင့် သူတို့ပြက္ခဒိန်မှခုနစ် လပိုင်းဆယ်ရက်နေ့ရောက်တိုင်း ယနေ့တိုင်အောင် အပြစ်ဖြေရာယဇ်ကို ပူဇော်ကြလျက်ရှိသေးသည်ကို တွေ့ရသည်။ ဣသရေလလူမျိုးများသည် ဤသို့အပြစ်ဖြေရာနေ့တွင် ယဇ်ပူဇော်ခြင်းအားဖြင့် ဘုရားသခင်သည်မိမိ ကရုဏာကို သူတို့အားပေးအပ်တော်မူ၍ သူတို့၏အပြစ်များကို ဆေးကြော ၍ သူတို့သည်အပြစ်ဒဏ်စီရင်ခြင်း အထဲမှလွတ်မြောက်ခွင့်ရရှိကြသည်။
ထိုကဲ့သို့ပင် ယနေ့လူများအတွက် ယေရှုသည်ယောဟန်၏ လက် မှဗတ္တိဇံကိုခံယူခြင်းဖြင့် လောက၏အပြစ်အားလုံးကိုမိမိအပေါ်သို့တင်၍ လက်ဝါးကပ်တိုင်ပေါ်မှာအသေခံတော်မူ၍ထာ၀ရအပြစ်ဆေးကြောခြင်းကို အ ပြည့်အစုံပြုလုပ်ပေးတော်မူခဲ့ကြောင်း ဘုရားသခင်သူတို့ကိုသဘော ပေါက်စေတော်မူနိုင်သည်။ ယေရှုခရစ်သည် မိမိဗတ္တိဇံဖြင့် လူသားမျိုးနွယ် တစ်ရပ်လုံး၏အပြစ်ကို ပခုံးပေါ်သို့တင်တော်မူ၍ ကိုယ်တော်သည်ထာ၀ ရယဇ်ပုရောဟိတ်မင်းကြီးဖြစ်လာတော်မူသည်။ ယခုအခါကျွန်ုပ်တို့ ကယ် တင်ခြင်းရရှိဖို့ လုပ်ဆောင်စရာမလိုတော့ဘဲ ဤသမ္မာတရားကို ယုံကြည်ဖို့ တစ်ခုသာလိုအပ်တော့သည်။
 

မေရှိယသည် မိမိကိုယ်ခန္ဓာတော်ဖြင့် ခမည်းတော်ဘုရားသခင်ထံ ပေးအပ်တော်မူခြင်းသည် အလွန်ကြီးမားသော ယဇ်ပူဇော်ခြင်း ဖြစ်သည်
 
ဣသရေလလူမျိုးများသည် အပြစ်ဖြေရာနေ့တွင် အပြစ်ဖြေရာ ယဇ်ကိုပူဇော်ဖို့ ဘုရားသခင်သည်  အဘယ်ကြောင့်မိန့်တော်မူသနည်း။ သူတို့သည်ယုံကြည်ခြင်းဖြင့်အရှေ့သို့မျှော်ကြည့်သောအခါ ဘုရား၏သား တော်ယေရှုခရစ်သည်ယောဟန်၏လက်မှတ်ဗတ္တိဇံခံယူခြင်းဖြင့် လောက လူသားအားလုံး၏အပြစ်ကိုယူတင်ဆောင်ရွက်ကာ အသွေးတော်သွန်း လောင်းခြင်းအားဖြင့်ကြီးမားသည့်အပြစ်ဖြေရာယဇ်ကိုပူဇော်ခဲ့ကြောင်းမြင် တွေ့စေဖို့ကိုယ်တော်သည် ဤသို့ပြုလုပ်တော်မူခဲ့ခြင်းဖြစ်သည်။ ခမည်း တော်ဘုရား၏တစ်ပါး တည်းသောသားတော်၊လူသားများ၏ကယ်တင်ရှင် ယေရှုခရစ်သည် တစ်ဦးချင်းစီ၏အပြစ်များကို ရှင်းထုတ်ဖို့လောကသို့ ကြွ လာတော်မူ၍ ဘုရားသခင်၏မေတ္တာဖြင့် အရာခပ်သိမ်းကို ပြည့်စုံစေသဖြင့် လူသားတို့အား ကယ်တင်ခြင်းကိုပြသတော်မူခဲ့သည်။ ယောဟန်၏လက်မှ ဗတ္တိဇံခံယူခြင်းကြောင့်လောကလူသားများ၏ အပြစ်ကိုယူတင်ဆောင်ရွက် လျက် လက်ဝါးကပ်တိုင်ပေါ်တွင် မိမိအသွေးတော်သွန်းလောင်းခြင်းဖြင့် ယေရှုသည် လောကသားများ၏ အပြစ်ဒုစရိုက်အားလုံးကို ဆေးကြောခြင်း အပြစ်ဒဏ်စီရင်ခြင်းခံရခြင်းဖြင့် သခင်ယေရှုသည်စစ်မှန်သောကယ်တင် ရှင်ဖြစ်တော်မူသည်။
ဘုရားသခင်သည် ရှေးဦးစွာ မောရှေကို ခေါ်ပြီး ပညတ်တရားကို ပေးအပ်တော်မူခဲ့ပါသည်။ ထို့နောက် ကိုယ်တော်သည် အပြာရောင်၊ ခရမ်း ရောင်၊အနီရောင်နှင့်အဖြူရောင်ချည်များကိုအသုံးပြု၍တဲတော်ကို ဆောက် လုပ်ဖို့အမိန့်ပေးကာဤယဇ်ပူဇော်သည့်နည်းစနစ်ကိုလည်းပေးအပ်တော်မူ ခဲ့ပါသည်။ထိုသို့ပြုလုပ်ခြင်းဖြင့် ဘုရားသခင်သည် ဣသရေလလူမျိုးများ အား လက်တင်ခြင်းနှင့်အသွေးတော်သွန်းလောင်းခြင်း၏အရေးပါမှုကို သ ဘောပေါက်စေလိုသည့်နောက်တဲတော်ဖြင့်ပရောဖက်ပြုခဲ့သည် ကယ်တင် ခြင်းတံခါးဖြစ်တော်မူသည့် ယေရှုခရစ်သည် လောကသို့ကြွလာတော်မူ လျက် ဗတ္တိဇံခံယူခြင်းဖြင့် လောကအပြစ်အားလုံးကိုယူတင်ပြီး လက်ဝါး ကပ်တိုင်ပေါ်ဝယ်အသွေးတော်သွန်းလောင်ပြီးအသေခံတော်မူခဲ့သည်။ ဘု ရားသခင်ကျွန်ုပ်တို့အားပေးအပ်တော်မူခဲ့သည်ကိုပြသတော်မူခဲ့ပါသည်။ဘု ရားသခင် ကျွန်ုပ်တို့အားပေးအပ်တော်မူခဲ့သည့် အပြစ်ဆေးကြောခြင်းဆိုင် ရာကယ်တင်ခြင်းသည် တဲတော်တံခါးအတွက် အသုံးပြုသည့်ပစ္စည်းများ အားဖြင့် ရှင်းလင်းစွာထင်ရှားခဲ့ပါသည်။
တဲတော်တံခါးအတွက် အသုံးပြုသည့်ပစ္စည်းကရိယာများအနက် အပြာရောင်ချည်ကြိုး၏အဓိပ္ပါယ်မှာယေရှုသည်ယောဟန်၏လက်မှ ဗတ္တိဇံ ခံယူခြင်းဖြင့် လောကသားအားလုံး၏အပြစ်ကို တစ်ကြိမ်တည်းဖြင့် ယူတင် ဆောင်ရွက်ခြင်းကိုဆိုလို၍ခရမ်းရောင်၏အဓိပ္ပါယ်မှာ ယေရှုသည် ဘုရင်တ ကာတို့၏ဘုရင်၊သခင်တကာတို့၏သခင်၊ စကြာ၀ဠာကို ဖန်ဆင်းခဲ့သောအ ရှင်ဖြစ်တော်မူကြောင်းဆိုလိုသည်။အနီရောင်ချည်ကြိုးဆိုသည်မှာ ယေရှု သည်ဗတ္တိဇံကိုခံခဲ့သောကြောင့် လက်ဝါးကပ်တိုင်ပေါ်တွင် မိမိအသွေး တော်သွန်းလောင်းခြင်းအားဖြင့်လောကသား အားလုံး၏အပြစ်ဒဏ်စီရင် ခြင်းကိုခံတော်မူခဲ့ရသည်ကိုဆိုလိုသည်။ အဖြူရောင်ချည်ကြိုးဆိုသည်မှာ သမ္မာကျမ်းစာသည်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ကြိုးဖြင့် ထင် ရှားခဲ့သည့် အမှုတော်မြတ်လုပ်ငန်းသုံးမျိုးကို ဂရုတစိုက်ရေးသားဖော်ပြပြီး၊ မိမိနှုတ်ကပတ်တော်ကို ယုံကြည်သောသူတို့ကို ဘုရားသခင်သည် အပြစ် ဆေးကြောခြင်းအခွင့်ကို ပေးတော်မူသည်ဟုဆိုလိုသည်။
ယခုယေရှုသည် မိမိကယ်တင်ရှင်၊ကိုယ်တော်သည် ယောဟန်၏ လက်မှဗတ္တိဇံခံယူခြင်းဖြင့် လောကသားအားလုံး၏ အပြစ်ကိုလွှဲပြောင်းရ ယူလျက် လက်ဝါးကပ်တိုင်ပေါ်မှာအသွေးတော်သွန်းလောင်းတော်မူခြင်း သည်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ကြိုးတည်း ဟူသော တဲတော်အတွက် အသုံးအဆောင်ပစ္စည်းအဖြစ်ထင်ရှားခဲ့သည်။ သူတို့သည် ထိုနည်းလမ်းဖြင့် သူတို့၏အပြစ်ဆေးကြောခြင်းကိုရရှိခဲ့သည် ဆိုသည့် ဤသမ္မာတရားကို ယခုတစ်ခါထပ်မံ၍ ယုံကြည်ရမည်။ ဘုရား သခင်သည် မောရှေအားဖြင့် ကယ်တင်ခြင်းပညတ်တရားတည်းဟူသော လူသားမျိုးနွယ်စုတစ်ရပ်လုံးအတွက်အပြစ်ဆေးကြောခြင်းတရားကိုအစပြု ထူထောင်ခဲ့သဖြင့်အချိန်ကာလပြည့်စုံလာသောအခါယေရှုခရစ်သည်လော ကသို့စေ လွှတ်ခြင်းခံရပြီး ယောဟန်၏လက်မှဗတ္တိဇံကိုခံယူခြင်း၊ လက်ဝါး ကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းကြောင့်ယေရှုသည် ယဇ် ကောင် ဖြစ်တော်မူပြီး လောကအပြစ်အားလုံးကိုဆေးကြောတော်မူခဲ့ပါ သည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ယုံကြည်သောသူ၏အပြစ်အားလုံးကို ဘုရားသခင်သည်ဆေးကြောသုတ်သင်ပေးတော်မူခဲ့သည်။ 
ထို့ကြောင့်ယေရှုခရစ်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်ဝန်ခံ သောအခါ ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်ဝယ် အသွေး တော်သွန်းလာင်းခြင်းကိုပါသိမြင်ယုံကြည်လက်ခံရမည်။ဓမ္မဟောင်းကာလ ပူဇော်သည့်ယဇ်ကောင်မှလက်တင်ခြင်းခံရသောအခါ အပြစ်သားများ၏ အ ပြစ်အားလုံးကိုခံယူကာထိုနေရာတွင်အသွေးသွန်းလောင်းခြင်းဖြင့်ကိုယ်စား အပြစ်ဒဏ်စီရင်ခြင်းခံရသကဲ့သို့ ယေရှုသည်လောကတွင် နေထိုင်ကြကုန် သော သက်ရှိလူသားတိုင်းအတွက် အပြစ်ဖြေရာယဇ်ကို သယ်ဆောင်ကာ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းကြောင့် ထိုအရာ တို့အားယုံကြည်သောသူများ၏အပြစ်ကိုတစ်ကြိမ်တည်းဖြင့်ထာ၀ ရကာလအတွက် ဆေးကြောသုတ်သင်ပေးတော်မူခဲ့ပါသည်။
သမ္မာကျမ်းစာထဲတွင်ရေးသားထားသည့်အတိုင်းမှန်ကန်တိကျစွာ ကျွန်ုပ်တို့သည်ယုံကြည်ရမည်။ ဓမ္မဟောင်းခေတ်တွင် ယဇ်ပုရောဟိတ်မင်း ကြီးသည် သူ၏လူများကိုယ်စားယဇ်ပူဇော်ပေးရသကဲ့သို့ ထိုတူညီသော သမ္မာတရားနည်းစနစ်ဖြင့် ယေရှုသည်လောကသို့ကြွလာတော်မူလျက်ဗတ္တိ ဇံခံယူခြင်း၊လက်ဝါးကပ်တိုင်တွင်အတင်ခံရခြင်း၊လောကသားများ၏အပြစ် အား လုံးမှတစ်ကြိမ်တည်းဖြင့်ကယ်တင်ဖို့ရန်သူ၏အသွေးတော်ကိုသွန်း လောင်းတော်မူခဲ့ပါသည်။ထို့ကြောင့်ကျွန်ုပ်တို့အနေဖြင့်သမ္မာကျမ်းစာတွင် ရေးသားဖော်ပြသည့်အတိုင်း တိကျစွာ ယုံကြည်ဖို့လိုအပ်သည်။ ကျွန်ုပ်တို့ သည် မလွဲသာမရှောင်သာဘဲ ထာ၀ရအပြစ်ဒဏ်စီရင်ခြင်းကို ခံရမည်ဖြစ် သော်လည်း ယေရှုခရစ်သည်လောကသို့ကြွလာလျက်ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်ဖြင့်ကျွန်ုပ်တို့၏အပြစ်အားလုံးမှ ကယ်တင်တော်မူခဲ့ပါသည်။
ထိုအရာကို ယုံကြည်သည်သာမက ဘုရားသခင်သည် မည့်သည် နည်းဖြင့်မဆိုခွင့်လွှတ်နိုင်မည်မဟုတ်သောအပြစ်များကိုဤသို့ခွင့်လွှတ်နိုင် ခဲ့ပါသည်။သူသည်“သန့်ရှင်းသောဝိညာဉ်တော်ကိုကဲ့ရဲ့ပြစ်တင်ခြင်းအပြစ်” (မာ ၃း၂၈-၂၉)မှ လွှဲ၍ကျန်သည့်အပြစ်အားလုံးကို ဆေးကြောသုတ်သင် ပေးတော်မူခဲ့ပါသည်။ အပြစ်ဆေးကြောခြင်းကို အမှန်တကယ်ခံယူလို သောသူအနေဖြင့်ယေရှုခရစ်သည်ဗတ္တိဇံခံယူခြင်း၊ အသွေးတော်သွန်း လောင်းခြင်း၊သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းစသည့်နည်းလမ်း ဖြင့် လောကအပြစ်များမှကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့ကြောင်း သမ္မာ တရား ကိုယုံကြည်ရမည်။ ထိုယုံကြည်ခြင်းမပါဘဲ အပြစ်ဆေးကြောခြင်း အတွက် မည်သည့်ကောင်းမှုကုသိုလ်လိုအပ်သနည်း။ ယခုရေနှင့်ဝိညာဉ်တော်ဧဝံ ဂေလိသမ္မာတရားသိမြင်ယုံကြည်လက်ခံရမည့် အချိန်ရောက်လာသည်။
အပြာရောင်၊ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ကြိုးဖြင့် ပြုလုပ်ထားသည်တဲတော်တံခါးဖြင့် ထင်ခဲ့သည့်သမ္မာတရားသည် စစ်မှန် သောကယ်တင်ခြင်းသမ္မာတရားနှင့် ယေရှုခရစ်ကြွလာတော်မူမည့်ပုံရိပ် ဖြစ်သည် ကိလူတိုင်းသဘောပေါက်၍ယုံကြည်လက်ခံရမည်။ယေရှုခရစ်ကို ယုံကြည်ပါသည်ဟုဆိုရာဝယ်ကိုယ်တော်ခံယူခဲ့သည့်ဗတ္တိဇံနှင့်လက်ဝါးကပ် တိုင်ပေါ်မှ အသွေးတော်သွန်းလောင်းခြင်းသည် ကယ်တင်ခြင်းအတွက် အနှစ်သာရဖြစ်ကြောင်းကျွန်ုပ်တို့သည် ယုံကြည်ရမည်။ကိုယ်တော်၏ ဗတ္တိ ဇံခံယူခြင်း လက်ဝါးကပ်တိုင်ပေါ်ဝယ် အသွေးသော်သွန်းလောင်းခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်သောသူကိုယေရှုသည်ကယ် တင်ခြင်းကို ပေးအပ်တော်မူသည်ဆိုသည်အချက်မှာ ငြင်းချက်ထုတ်စ ရာမရှိ၊မေးခွန်းထုတ်စရာမရှိသည့်သမ္မာတရားဖြစ်သဖြင့် ဤသို့ဆောင်ရွက် ချက်အားလုံးသည် လောကအပြစ်အားလုံးစုံမှ ကျွန်ုပ်တို့ကိုယ်တင်ဖို့ရန် အတွက်ဖြစ်သည်။
 

ခမည်းတော်ဘုရားသခင်၏အလိုရှိသောသားတော်၏ ယဇ်ပူဇော်ခြင်း
 
ဟေဗြဲ ၁ဝး၅-၉တွင်“အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေ ရာယဇ်နွားကိုပူဇော်၍မိမိအဘို့နှင့် မိမိအိမ်သူများအဘို့အ ပြစ်ဖြေခြင်းကို ပြုရမည်။ ဆိတ်နှစ်ကောင်ကိုလည်းယူ၍ ပရိတ်သတ်စည်းဝေးရာ တဲတော် တံခါးနား၊ ထား၀ရဘုရားရှေ့တော်၌ဆက်ရမည်။ အာရုန်သည် ထိုဆိတ် နှစ်ကောင်ကိုထာ၀ရဘုရားအဘို့ စာရေးတံတတံ၊ လွတ်လပ်လဟာအဘို့ တတံစာရေးတံနှစ်တံချ၍ထာ၀ရဘုရားအဘို့စာရေးတံကျသော ဆိတ်ကို ဆောင်ခဲ့၍အပြစ်ဖြေရာယဇ်ဘို့ပူဇော်ရမည်။လွတ်လပ်လဟာအတို့ စာရေး တံကျသောဆိတ်ကို၊အသက်ရှင်လျက်ထာ၀ရဘုရားရှေ့ တော်၌ဆက်၍သူ့ အပေါ်မှာ အပြစ်ဖြေခြင်းကိုပြုပြီးလျှင် တော၌လွတ်လပ်လဟာသို့ လွှတ် လိုက်ရမည်။အာရုန်သည်မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို ဆောင် ခဲ့ပြီးလျှင်မိမိအတို့နှင့်မိမိအိမ်သူ အိမ်သားများအဘို့ အပြစ်ဖြေခြင်းကိုပြု၍ မိမိနှင့်ဆိုင်သောအပြစ်ဖြေရာယဇ်နွားကိုသတ်ရမည်” ဟုဖော်ပြထားသည်။
ဤကျမ်းပိုဒ်တွင် ယဇ်ပူဇော်ခြင်းကို ဘုရားသခင်အလိုတော်မရှိ ဆိုသည်မှာမည်သည့်အဓိပ္ပါယ်သက်ရောက်သနည်း။ဤကျမ်းပိုဒ်ကို ဆာလံ ၄ဝး၆-၇ မှ ယူ၍ကိုးကားထားခြင်းဖြစ်သည်။ ဓမ္မဟောင်းခေတ်တွင် ပြုလုပ် သည့်နေ့စဉ်ယဇ်ပူဇော်ခြင်းဖြင့် လောကအပြစ်အားလုံး အပြည့်အဝဆေး ကြောသုတ်သင်ပေးခြင်းမရနိုင်ကြောင်းနှင့် ထာ၀ရအပြစ်ဖြေရာယဇ်ကို ပူ ဇော်ဖို့ရန်ယေရှုခရစ်သည်လောကသို့ကြွလာတော်မူလျက် ဗတ္တိဇံခံယူခြင်း၊ အသွေးတော်သွန်းလောင်းခြင်း၊သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းတို့ ဖြင့် ကျွန်ုပ်တို့အားလုံး၏ကယ်တင်ရှင်ဖြစ်တော်မူသည်ဟုဤကျမ်းပိုဒ်က ဆိုလိုသည်။ ဆာလံ ၄ဝး၇တွင် “ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုအမှတ်ပြု၍ ရေထားသည်နှင့်အညီအကျွန်ုပ်သည်သွားပါမည်ဟုဝန်ခံပါ၏”ဟု ရေးသား တည့်ကျမ်းပိုဒ်၏ဆို လိုရင်းမှာ- ဓမ္မဟောင်းကျမ်းထဲတွင် ရေးသားထားသ ည့်အတိုင်း ယေရှုခရစ်သည် လောကသို့ကြွလာတော်မူလျက် လက်တင်ခံရ ခြင်းအားဖြင့် အပြစ်အားလုံးကို ရယူလျက်သူ၏အသွေးတော်သွန်းလောင်း တော်မူခြင်းအားဖြင့်အပြစ်အားလုံးကိုဆေးကြောတော်မူခဲ့ပြီဟုဆိုလိုသည်။
ဓမ္မဟောင်းခေတ်ဘုရားသခင်အား အပြစ်ဖြေရာယဇ်ကို ပူဇော် သည့်နေ့တွင်ယဇ်ပုရောဟိတ်မင်း၏ယဇ်ကောင်အပေါ် လက်တင်ခြင်းဖြင့် ဣသရေလလူမျိုးများအားလုံး၏အပြစ်သည် ယဇ်ကောင်အပေါ်သို့ရောက် သည်နည်းတူ ယေရှုခရစ်သည်လောကသို့ ကြွလာတော်မူလျက် ဗတ္တိဇံခံ ခြင်းဖြင့် လောကသားအားလုံး၏အပြစ်ကိုရယူပြီး ထာ၀ရယဇ်ကောင်ဖြစ်ဖို့ အလိုငှာလက်တင်ခြင်းအမှတ်လက္ခဏာကိုယူလျက် လောကသားအားလုံး ၏အပြစ်ကို ထမ်းရွက်ကာအပြစ်ဒဏ်စီရင်ခြင်းအတွက် လက်ဝါးကပ်တိုင် အသေခံတော်မူ၍အသွေးတော်သွန်းလောင်းတော်မူခဲ့သည်။ သခင်ယေရှု သည်အလွန်တန်ဖိုးကြီးမားသောအသွေးတော်သွန်း လောင်းတော်မူလျက်  အသေခံတော်မူခဲ့ရပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ယေရှုသည် ယုံ ကြည်သောသူတို့အား ထာ၀ရကယ်တင်ခြင်းကို ပေးအပ်တော်မူခဲ့ပါသည်။
တဲတော်၏နည်းစနစ်ဖြင့် ဘုရားသခင်သည် တိကျသည့်ကတိ တော်ပေးအပ်တော်မူခဲ့သည့်အတိုင်း ဓမ္မသစ်ခေတ်တွင် ယေရှုသည်လော ကသို့ ကြွလာတော်မူလျက်တစ်ကြိမ်တည်းဖြင့်ကယ်တင်ခြင်းကို ပြည့်စုံ စေတော်မူခဲ့ပါသည်။ ယုံကြည်သောသူသည် အပြစ်အားလုံးမှ ကယ်တင် ခြင်းခံရမည်။ ယေရှုသည် လေကလူသားအားလုံး၏အပြစ်ကို တစ်ကြိမ် တည်းဖြင့်ဆေးကြောသုတ် သင်ဖို့ဗတ္တိဇံခံယူခြင်း၊မိမိအသွေးတော်ကိုသွန်း လောင်းခြင်းကိုထာ၀ရကာလအတွက်ပြုလုပ်မည့်အကြောင်း ဘုရားသခင် သည် တဲတော်တွင် ကတိပြုလုပ်မည့်အကြောင်း ဘုရားသခင်သည် တဲ တော်တွင် ကတိတော်ပေးတော်မူခဲ့ပါသည်။ ယေရှုသည် အမှန်ပင်လော ကသို့ ကြွဆင်းလာပြီး ကယ်တင်ခြင်းကတိတော်မြတ်ကိုပြည့်စုံစေဖို့ရန် ဗတ္တိဇံခံယူခြင်း၊ သူ၏အသွေးတော်ကိုသွန်းလောင်းခြင်းဖြင့် ဘုရားသခင်၏ ကတိတော်များအားလုံးသည်ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူခဲ့သည်။
ဓမ္မဟောင်း၏ပညတ်တော်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်သောပရောဖက်များ၏စကားများကို ဣသရေလလူမျိုးများသည် ယုံ ကြည်ကြသည်။ သို့သော် သူတို့သည် ဘုရားအဖြစ်သော်လည်းကောင်း၊ ကယ်တင်ရှင်အဖြစ်သော်လည်းကောင်း ဓမ္မသစ်ခေတ်တွင်ကြွလာတော်မူ သောသခင်ယေရှုခရစ်တော်ကိုမယုံကြည်နိုင်ကြပေ။ ဣသရေလလူမျိုးများ အပါအဝင် ဤကမ္ဘာပေါ်တွင်ရှိ သောလူသားအားလုံးသည် သခင်ယေရှုခ ရစ်တော်သည်ဘုရားဖြစ်တော်မူကြောင်းယခုနားလည်း၍ မိမိနှလုံးသား များ၌ ကိုယ်တော်သည် ကြွလာတော်မူမည့်မေရှိယဖြစ်တော်မူသည်ကို ယုံကြည်ရကြမည်။ 
 


ယေရှုသည် မည်သည့်အရာအတွက်ကြွလာတော်မူသနည်း

 
ယေရှုသည်ခမည်းတော်ဘုရားသခင်၏အလိုတော်ကို ပြည့်စုံစေဖို့ ကြွလာတော်မူခဲ့သည့်အတိုင်း ယုံကြည်သော သူတို့၏ကယ်တင်ရှင်ဖြစ် တော်မူသည်။ ကိုယ်တော်သည် သူတို့၏အပြစ်ကို ထာ၀ရကာလဖြေလွှတ် ဖို့ရန်အတွက်လောကသို့ကြွဆင်းတော်မူခဲ့သည်။ဟေဗြဲ ၁ဝး၁၀တွင် “ထိုအ လိုတော်နှင့်အညီယေရှုခရစ်၏ကိုယ်တော်ကို တစ်ခါတည်းပူဇော်သောအား ဖြင့်၊ ငါတို့သည်စင် ကြယ်ခြင်းသို့ရောက်ကြ၏”ဟုရေးသားထားပါသည်။ ခမည်းတော် ဘုရားသခင်၏အလိုတော်နှင့်အညီ ယေရှုခရစ်တော်သည် လောကတွင်မွေးဖွားခြင်း ခံယူတော်မူလျက်ခမည်းတော်ဘုရားသခင်၏အ လိုတော်အတိုင်း ဗတ္တိဇံကို ခံယူပြီးထိုအလိုတော်ကြောင့်ကားတိုင်ပေါ်တွင် အသေခံတော်မူလျက်အသွေးတော်သွန်းလောင်းတော်မူခြင်း၊သေခြင်းမှရှင် ပြန်ထမြောက်ခြင်းဖြင့် ယုံကြည်သောသူတို့အတွက် ကယ်တင်ရှင်ဖြစ်လာ တော်မူသည်ကို ကျွန်ုပ်တို့သည်ရှင်းလင်းစွာသဘောပေါက် ယုံကြည်ရမည်။ ခမည်းတော်ဘုရားသခင်၏အလိုတော်အတိုင်း အပြစ်များကို ဆေးကြောဖို့ ရန် ယေရှုခရစ်သည် ဗတ္တိဇံခံယူခြင်းဖြင့်လောကသားအားလုံး၏အပြစ်ကို လွှဲပြောင်းရယူကာ အသွေးတော်သွန်းလောင်းခြင်းအားဖြင့် အပြစ်များကို ဆေးကြောသုတ်သင်သဖြင့်လူသားမျိုးနွယ်တို့အား ကယ်တင်ခြင်းအမှုကို ပြည့်စုံစေတော်မူခဲ့ခြင်းဖြစ်သည်။ 
ယေရှုသည်မိမိဆန္ဒအလျောက်မိမိကိုယ်ကို ယဇ်ပူဇော်ခဲ့သဖြင့်ထို နည်းလမ်းဖြင့် ပြည့်စုံသောကယ်တင်ခြင်းကို ကျွန်ုပ်တို့အားပေးတော်မူခဲ့ သည်။ ယေရှုခရစ်သည်မိမိကိုယ်ကိုယဇ်ကောင်အဖြစ်ပူဇော်ခဲ့ခြင်းအားဖြင့် ဣသရေလလူမျိုးများ၏ အပြစ်ကိုသာဆေးကြောပေးခြင်းမဟုတ်ဘဲ လူ သားမျိုးနွယ်တစ်ရပ်လုံး၏အပြစ်ကိုပါဆေးကြောပေးတော်မူခဲ့သဖြင့်ဤအကြောင်းအရာကို ကျွန်ုပ်တို့သည်စိတ်ထဲတွင် ယုံကြည်ခြင်းအားဖြင့် ကယ် တင်ခြင်းရရှိနိုင်သည်။အသက်(၃၃)နှစ်တွင် ယေရှုသည်တစ်ကြိမ်သာဗတ္တိဇံ ခံယူခြင်း၊ တစ်ကြိမ်ယဇ်ပူဇော်ခြင်းဖြင့် လောကတွင်ရှိသည့်အပြစ်သားများ ကို တစ်ကြိမ်တည်း ကယ်တင်တော်မူခဲ့ပါသည်။
ကမ္ဘာတည်သည့် ကာလမှစ၍ ကမ္ဘာဆုံးသည့်ကာလတိုင်အောင် လူသားများကျူးလွန်သည့်အပြစ်အားလုံးကို ယေရှုသည်တစ်ကြိမ်တည်း ဖြင့်ဆေးကြောသုတ်သင်တော်မူခဲ့ပြီးကျွန်ုပ်တို့အားယုံကြည်ခြင်းဖြင့် တစ် ကြိမ်တည်းအပြစ်မှလွတ်မြောက်ခွင့်ရရှိခဲ့ကြပါသည်။ ခန္ဓာကိုယ်ကိုတစ် ကြိမ်တည်းပူဇော်ခြင်းအားဖြင့် ယေရှုခရစ်သည်ကျွန်ုပ်တို့အား ထာ၀ရပြည့် စုံသူဖြစ်စေတော်မူခဲ့သည်။ ကိုယ်တော်သည်ယောဟန်၏လက်ဖြင့် ဗတ္တိ ဇံယူခြင်းနှင့်လောကသားများ၏အပြစ်ဒဏ်စီရင်ခြင်းခံယူဖို့ လက်ဝါးကပ် တိုင်ပေါ်ဝယ် အသွေးတော်သွန်းလောင်းခြင်းဖြင့် ယခုကျွန်ုပ်တို့သည် စိတ် ထဲတွင်ဤဧဝံဂေလိတရားကို ဝမ်းမြောက်စွာယုံကြည်လက်ခံသည့် နည်း လမ်းဖြင့် ကျွန်ုပ်တို့၏အပြစ်များအားလုံးထမှ ကယ်တင်ခြင်းခံခဲ့ကြရသည်။ ခမည်းတော်ဘုရားသခင်၏အလိုတော်အရယေရှုခရစ်တော်သည် လော ကသို့ကြွလာတော်မူလျက်အပြစ်၏အဖိုးအခ ပေးဆပ်ပေးတော်မူခဲ့သည်။ ဘုရားသခင်၏မေတ္တာတော်ကိုလည်း ဘုရားသခင်၏အလိုတော်နှင့် အညီ ဖွင့်ပြထင်ရှားစေတော်မူခဲ့သည်။
ဤနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သဖြင့် မျက်မှောက် ကာလတွင်နေထိုင်ကြသည့်သင်နှင့် ကျွန်ုပ်သည် ယုံကြည်ရမည်။ ယေရှု၏ ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်ပေါ်မှ အသွေးတော်သွန်းလောင်းခြင်းကို ပူးတွဲ ထားပြီး ကျွန်ုပ်တို့အတွက် တစ်ခုတည်းသောကယ်တင်ခြင်းသို့ ရောက်နိုင် သည့်နည်းလမ်းအဖြစ် ယုံကြည်ရမည်။ အကယ်၍ ကျွန်ုပ်တို့သည် ထိုသို့ မယုံကြည်ခဲ့သော် ထာ၀ရအပြစ်ဆေးကြောခြင်းကို ကျွန်ုပ်တို့သည် မခံရဘဲ လက်လွှတ်ဆုံးရှုံးရလိမ့်မည်။ထိုအတိုင်းပင် ရေးသားထားသည့်ဘုရားသခင် ၏နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့သည် တိကျစွာယုံကြည်ရမည်ဖြစ်ပြီး ထို သို့ယုံကြည်ခြင်းသည် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းနှင့် ညီ ညွတ်မှုရှိရ သည်။ရေနှင့်ဝိညာဥ်တော်ဧဝံဂေလိသတင်းကောင်းသည်ကယ် တင်ခြင်းအလင်းကိုထွန်းလင်းခဲ့သော်လည်း အကယ်၍ကျွန်ုပ်တို့သည်ဘု ရားသခင်ကို ယုံကြည်သည့်အခါ စစ်မှန်သောဧဝံဂေလိသတင်းကောင်း အ နှစ်သာရထဲမှတစ်စုံတစ်ရာကိုနှုတ်ယူခြင်း(သို့)ပေါင်းထည့်ခြင်းပြုလုပ် ခြင်း (သို့)သမ္မာတရားပြောလျှင်ပြောသည့်အတိုင်းမယုံကြည်ခဲ့သော ကျွန်ုပ်တို့ သည် ကယ်တင်ခြင်းအလင်းတရားကို ဆုံးရှုံး၍ဖုံးကွယ်ခြင်းနှင့် ပျောက် ကွယ်ခြင်းခံရမည်။
ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းအပေါ်သို့ လောက ဆိုင်ရာခံယူချက်တစ်ခုမျှသာဖြစ်သည့် ဘုရားသခင်ထံသို့ နေ့စဉ်နောင် တရ၍ ဆုတောင်းခြင်းအားဖြင့် အပြစ်ဆေးကြောခြင်းခံရနိုင်သည်ဆိုသည့် သွန်သင်ချက်ကို ကျွန်ုပ်တို့မကျရောက်စေသင့်ပေ။ ဟေဗြဲ ၁ဝး၁၁ တွင် “ယဇ်ပုရောဟိတ်မည်သည်ကား နေ့တိုင်းဝတ်ပြုလျက်အပြစ်ကို မဖြေနိုင် သောယဇ်ကို အထပ်ထပ်အဖန်ဖန်ပူဇော်လျက် ရပ်နေရ၏” ဟုဘုရားသခင် ကတိကျစွာမိန့်တော်မူခဲ့သည်။တစ်နည်းအားဖြင့်ကျွန်ုပ်တို့နေ့စဉ်ကျူး လွန် သည့်အပြစ်များကိုလက်ဝါးကပ်တိုင်မှအသွေးတော်ကို ယုံသည့်ကျွန်ုပ် တို့ ၏ယုံကြည်ခြင်းဖြင့်နောင်တရလျက်အဖြစ်ဖြေလွှတ်ခွင့်ဆုတောင်းနေရုံဖြင့် မရရှိနိုင်ကြောင်း ဘုရားသခင်မိန့်တော်မူခြင်းဖြစ်သည်။
ယောဟန်၏လက်မှ ဗတ္တိဇံခံယူခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ် ဝယ်အသေခံခြင်းဖြင့် ယေရှုခရစ်သည် ခမည်းတော်ဘုရားသခင်အား ယဇ် ပူဇော်ခြင်းပြုပေးတော်မူခဲ့သည်။ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိ မည့်နည်းလမ်းကို ပြင်ဆင်ပေးတော်မူသည်။ ယေရှုသည်ဗတ္တိဇံကို ခံယူ သည့်အခါ တစ်ကြိမ်တည်းအဖြစ်လောကအပြစ်အားလုံးသည် ယေရှုအ ပေါ်သို့ ရောက်ရှိသွားကာယေရှုသည် ၎င်းကို လက်ဝါးကပ်တိုင်သို့ ထမ်း ရွက်လျက်အသေခံခြင်းအားဖြင့်အပြစ်၏ တရားစီရင်ခြင်းဝဋ်ကြွေးများကို အဆုံးသတ်တော်မူခဲ့သည်။ ဗတ္တိဇံနှင့်အသွေးတော်သွန်းလောင်းခြင်းကို ယုံ ကြည်သူများ၏အပြစ်ကိုယေရှုသည်ဆေးကြောတော်မူခဲ့သည်။
ယေရှုခရစ်ခံယူခဲ့သည့် ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင် အသွေးတော် ကိုယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည်လည်း ယေရှုခရစ်နှင့်အတူ အသေခံ ၍အတူအသက်ရှင်ခဲ့ပြီဖြစ်သည်။ ရော၆း၂၃တွင် “အပြစ်တရား၏ အစကား သေခြင်းပေတည်း။ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကားငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာ၀ရအသက်ပေတည်း”ဟု ရေးသားထားပါ သည်။မည်သို့ပင်ဆိုစေကာမူအပြစ်တရား၏အခကား သေခြင်းဖြစ်သဖြင့် ၎င်း၏အဖိုးအခကို အသက်အားဖြင့် ပေးဆပ်ရမည်။ ထိုအကြောင်းကြောင့် ယေရှုခရစ်သည်လောကသို့ ကြွလာတော်မူလျက် လူ့ဇာတိကိုခံယူခြင်း၊ ယောဟန်၏လက်မှ ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်ပေါ်ဝယ် အသွေး တော်သွန်းလောင်းဖို့ လိုအပ်ခြင်းဖြစ်သည်။ သင်၏အပြစ်အားလုံး အမှန်တ ကယ်ယေရှုအပေါ်သို့လွှဲပြောင်းပေးခြင်းသည်ဗတ္တိဇံခံယူခြင်းအားဖြင့် ပြည့် စုံခဲ့ပြီး၊ ထိုအပြစ်အားလုံးထမ်းရွက်ကာ လက်ဝါးကပ်တိုင်ပေါ်ဝယ် သေခံ တော်မူခြင်းအားဖြင့် ယေရှုသည်သင်၏ပြစ်ကြွေးအားလုံးပေးဆပ်တော်မူ ခဲ့ပြီးတစ်ကြိမ်တည်းဖြင့်အပြစ်အားလုံးကို ဆေးကြောသုတ်သင်ပေးတော်မူ ခဲ့ပါသည်။ ဘုရားသခင်သည်ကျွန်ုပ်တို့အား ဧဝံဂေလိသမ္မာတရားကို ပေးအပ်တော်မူခဲ့ပြီးဖြစ်သော်ငြားလည်း နေ့တိုင်းအပြစ်ဖြေ လွှတ်ခွင့်ရရှိ အောင် ဆုတောင်းခြင်းအားဖြင့် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိ သမ္မာတရား ကို ရိုးစင်စွာ လျစ်လျူရှုနေကြသည်ကိုတွေ့ရသည်။ 
လူတို့သည် သူတို့၏စိတ်ထဲတွင် အပြစ်ပြုမိသောအခါ မည်သို့မျှ မတတ်နိုင်တော့ဘဲ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ကြောက်ရွံ့တုန် လှုပ်လျက်ရှိကြသည်။ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့် သူတို့သည် ရေ နှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းကိုမသိ လျစ်လျူရှုနေကြသေး ကြောင်းနှင့်သူတို့၏အပြစ်မှဆေးကြောခြင်းခံဖို့လိုအပ်နေသေးသဖြင့်ဩတ္တ ပစိတ်ထဲမှအပြစ်ကြောင့်ကြောက်ရွံ့စိတ်၏မြဲမြံစွာ ဆွဲကိုင်ထားခြင်းခံကြရ သည်။ သို့သော် ယေရှုသည်သူတို့အပြစ်မှကယ်လွှတ်ဖို့ရန် ရောက်လာခဲ့ပြီး ယောဟန်၏လက်မှဗတ္တိဇံခံယူခြင်း၊လက်ဝါးကပ်တိုင်ပေါ်မှာအသွေးတော် သွန်းလောင်းခြင်းတို့ဖြင့် သူတို့ကို အပြည့်အဝကယ်တင်တော်မူခဲ့ပြီးဖြစ် သည်။ ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်း၊ ဘုရားသခင်၏ကယ် တင်ခြင်း ဧဝံဂေလိတရားဖြင့် ကျွန်ုပ်တို့အား အပြည့်အဝကယ်တင်ကာ အပြစ်ကြောင့် ဒဏ်ခတ်ခြင်းကိုခံတော်မူခဲ့ပြီးဖြစ်သဖြင့် မည်သည့်အရာကို စိတ်ပူပန်နေဖို့လိုသေးသနည်း။
ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းအားဖြင့် ယေရှု သည်လူသားများ၏အပြစ်ကို ဆေးကြောတော်မူခဲ့ကြောင်းသိ၍ ယုံသော သူသည်ယုံကြည် ခြင်းဖြင့်အပြည့်အဝကယ်တင်ခြင်းကိုရရှိသဖြင့် ဘုရား သခင်သည်ဟေရှာယ၁း၁၈တွင် ဤသို့ကတိတော်ပေးခဲ့ပါသည်။ “ထာ၀ရ ဘုရားမိန့်တော်မူသည်ကားလောကတရားစီရင် ကြကုန်အံ့။ သင်တို့အပြစ် သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကတ္တီပါနှင့် အမျှနီသော်လည်း သိုးမွှေးကဲ့သို့ဖြစ်လိမ့်မည်။” ဓမ္မဟောင်းကျမ်းတွင် ဘု ရားသခင်ချမှတ်ထားသည့် ပညတ်တရားအတိုင်း ယေရှုသည်ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် လောကအပြစ်အားလုံးကိုယဇ်ကောင်အပေါ်သို့ လက် တင်ခြင်းနှင့်တူညီပြီး ကျွန်ုပ်တို့သည် ထိုသို့သောယုံကြည်ခြင်းဖြင့် ကယ် တင်ခြင်းခံကြရသည်။ ထို့ကြောင့်ယေရှုသည် ယောဟန်၏လက်မှ ဗတ္တိဇံ နှင့်လောကအပြစ်အားလုံးကိုခံယူကာ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံ တော်မူခဲ့သောကြောင့်ကျွန်ုပ်တို့သည်ယုံကြည်ခြင်း တစ်ခုတည်းအားဖြင့် သာ ကယ်တင်ခြင်းရရှိကြခြင်းဖြစ်သည်။
မမှားနိုင်သည့် သမ္မာတရားကိုပေးထားပြီး ဖြစ်သော်လည်း ယေ ရှုကိုယုံကြည်သူအချို့တို့သည်အချည်းနှီးသောအရာများအားဖြင့်အချိန်ကုန် ပင်ပန်းခံတတ်ကြသည်။ သူတို့၏အခြေခံယုံကြည်ချက်သည် ယေရှုလက် ဝါးကပ်တိုင်ပေါ်တွင်မသေမရှင်ဒုက္ခဝေဒနာခံစားသည်ကို မျှဝေခံစားဖို့ဖြစ် သဖြင့် သူတို့သည်နေ့စဉ်နေ့တိုင်း ငိုကြွေးကြပါသည်။ သူတို့၏စိတ်နှ လုံးသည် ချွင်းချက်များရှိနေပြီး ထိုယုံကြည်ခြင်းကို စွန့်ပစ်ဖို့လိုအပ်နေ ပါသည်။
ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သောယေရှု၏ ဗတ္တိဇံနှင့်အသွေး တော်ကို ကျွန်ုပ်တို့လိုအပ်လျက်ရှိသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏ သနားကြင်နာမှုနှင့်ပေးဆပ်ခြင်းမလိုအပ်ပေ။ ကျွန်ုပ်တို့သည် သခင်ယေရှု ခရစ်တော်ကယ်တင်ရှင်ကိုအလွန်အမင်းလိုအပ်လျက်ရှိကြသည်။ လူများ စွာတို့သည် ဘုရားသခင်ကို မိမိနည်းမိမိဟန်၊ ဘုရားသခင်သည် အရာဝတ္ထု နှင့်နှိုင်းယှဥ်လျက် စိတ်ထဲတွင်ထင်မြင်ယူဆသည့်အတိုင်း ယုံကြည်သူအ ချို့လည်းရှိသည်။သခင်ယေရှုက ယုံကြည်ခြင်းရှိရန်အညူးအညွတ်တောင်း  ခံသည့်ပုံစံဖြင့်ယုံကြည်ကြသည်။ သို့သော် ထိုသို့သောယုံကြည်ခြင်းသည် ဘုရားသခင်ကို ဝမ်းနည်းစေတော်မူသောယုံကြည်ခြင်းအမျိုးအစားပင်ဖြစ် လေသည်။ 
အချို့လူတို့၏အမြင်တွင် ယေရှုကိုသူတို့ယုံကြည်ခြင်းအားဖြင့် သူ သည်တို့ကို နှစ်သက်လိမ့်မည်ဟု ယူဆပြီး သူတို့သည်မိမိကိုယ်ကို မိမိဘု ရားထက်ပင်သာ၍ မြင့်မြတ်သည့်နေရာတွင် ထားကာစိတ်နှလုံးမာကျော လျက်ရှိပြီးစိတ်ထဲတွင် သူတို့ကိုအပြည့်အဝကယ်တင်ပေးသည့်ရေနှင့် ဝိ ညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို ယုံကြည်ဖို့ရန် ငြင်းပယ်တတ်ကြ ပါသည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အနည်းငယ်သာ အမှုထားခြင်း၊မိတ်ဆွေများပြောလာသည့်သမ္မာတရားကိုကြားရသည့်အခါ များစွာကွာခြားမှုမရှိကြောင်းထင်မှတ်ခြင်း၊၎င်းကိုပျက်ရယ်ပြုခြင်းနှင့်သမ္မာ တရားကိုယုံကြည်ခြင်းသည်ဘုရားသခင်ရှေ့တော်တွင် မျက်နာသာရရှိဖို့ပြု လုပ်နေခြင်းစသည့်တင်မြင်ယူဆချက်များဖြင့် အသက်ရှင်လျှောက်လှမ်း နေသူများဖြစ်ကြသည်။ 
နောက်ဆုံးတွင်သူတို့သည် ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်သွန်း လောင်းခြင်းကိုသူတို့၏အပြစ်ဆေးကြောခြင်းအဖြစ်မယုံကြည်ဘဲဘုရားသ ခင်ကိုဆန့်ကျင်ပုန်ကန်လာကြသည်။သူတို့သည်ရေနှင့်ဝိညာဉ်တော် ဧဝံဂေ လိသတင်းကောင်းကို ယုံကြည်လက်ခံခြင်းမရှိသော်လည်း နေ့စဉ်နောင် တရလျက် ဝမ်းနည်းကြေကွဲစွာခွင့်လွှတ်ခြင်းခံယူရရှိဖို့ရန် ဆုတောင်းခြင်း ဖြင့် သူတို့အပြစ်ခွင့်လွှတ်ခြင်းခံရမည်ဟုယုံကြည်ကြပါသည်။ သူတို့သည် ဘုရားသခင်၏နာမတော်ကိုအလွဲသုံးစားပြုနေကြသဖြင့် ကယ်တင်ရှင်ယေ ရှုခရစ်သည် အပြစ်ဒုစရိုက်ရှိသမျှကို ဆေးကြောသုတ်သင်ပေးခဲ့ပြီဖြစ် ကြောင်း သိမြင်ယုံကြည်ခြင်းမရှိသောကြောင့် ကယ်တင်ခြင်းလည်းမခံရ ကြပေ။ ရော ၉း၁၅တွင်“ဘုရားသခင်ကငါသည် ကျေးဇူးပြုလိုသော သူကို ကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနားမည်ဟု မောရှေကို မိန့် တော်မူ၏”ဟုဖော်ပြထားပါသည်။အကယ်၍ဘုရားသခင်သည် ကယ်တင် ခြင်းပညတ်တရား၏ကရုဏာတော်အားဖြင့်အပြစ်သားများကို ကယ်တင်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်မည်ဆိုလျှင် ထိုအတိုင်းကိုယ်တော်သည် အတိအကျ ဆောင်ရွက်တော်မူလိမ့်မည်။ထို့ကြောင့်ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်ဧဝံ ဂေလိသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင် ခြင်းရရှိကြသည်။
ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို မယုံကြည်သော သူတစ်ဦးချင်းအနေဖြင့် ဘုရားသခင်၏အမျက်ဒေါသ ကြောက်မတ်ဖွယ်ရာ ကောင်းခြင်းစသည်တို့ကိုသာတွေ့နိုင်မည်။တစ်နည်းအားဖြင့်ရေနှင့်ဝိညာဉ် တော်ဧဝံဂေလိသတင်းကောင်းကို ယုံကြည်သောသူတို့သည် ဘုရားသခင် ၏ကရုဏာတရားကို မေတ္တာနှင့်ကြီးမြတ်ခြင်းကို မြင်တွေ့ရကြလိမ့်မည်။ တစ်စုံတစ်ယောက်သောသူသည် မိမိအပြစ်ကို ဘုရားသခင်၏ရှေ့မှောက် တွင် အသိအမှတ်ပြု၍ ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို ယုံကြည်မည်ဆိုလျှင် ဘုရားသခင်၏ကယ်တင်ခြင်းပြည့်စုံမှု ဧဝံဂေလိတ ရားအားဖြင့် အပြစ်အားလုံးမှ ကယ်တင်ခြင်းခံရလိမ့်မည်။
ယေရှုသည် ဗတ္တိဇံခံယူခြင်းဖြင့် သူတို့၏အပြစ်အားလုံးကို သယ် ဆောင်သွားပြီဟု ယုံကြည်ခံယူသောသူတို့သည် အပြစ်များထဲမှ လွတ် မြောက်ခြင်းခံရလိမ့်မည်။ ဤသမ္မာတရားကို မယုံကြည်သောသူသည်မိမိ အပြစ်ကြောင်းအပြစ်ဒဏ်စီရင်ခြင်းခံရကြလိမ့်မည်။ထို့ကြောင့်စစ်မှန်သော ဧဝံဂေလိသတင်းကောင်းဖြစ်သည်ရေနှင့်ဝိညာဉ်ဧဝံဂေလိတရားကို ကမ္ဘာ သူ/သားအားလုံးမှယုံကြည်ရမည်။ဘုရားသခင်၏တရားစီရင်ခြင်း၊ကြောက် ရွံ့ခြင်းမရှိသောသူရေနှင့် ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို မယုံ ကြည်သောသူသည် အပြစ်တရားစီရင်ခြင်းကို ဧကန်အမှန်ခံရကြလိမ့်မည်။ ယေရှု၏အပြစ်ဆေးကြောခြင်းကို ယုံကြည်သော သူတို့သည် သူတို့အပြစ်မှ ကယ်တင်ခြင်းခံရကြလိမ့်မည်။
ဩတ္တပ္ပစိတ်တွင်အပြစ်ချည်နှောင်ခြင်းခံရသော သူတို့သည်လွတ် မြောက်၍ ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိနှင့်မတူသည့် ခံယူချက်ဖြစ်သည့် အခြေအမြစ်မရှိသည့်ကယ်တင်ခံခြင်းခံယူချက်များဖြင့် သူတို့၏ ဩတ္တစိတ် ကို သက်သာစေဖို့ကြိုးစားသည့်စိတ်မှလည်း လွတ်မြောက်ကြလိမ့်မည်။ အချို့တို့က“ယေရှုကိုကျွန်တော်ယုံကြည်တယ်။ဒါပေမယ့်စိတ်ထဲမှာအပြစ် ရှိသေးရင်လည်း အဆင်ပြေပါတယ်”ဟု ဆိုတတ်ကြပါသည်။ စိတ်ထဲတွင် အပြစ်ကျူးလွန်သော သူတို့အားလုံးငရဲထဲတွင် အပြစ်စီရင်ခြင်းခံရမည်ဆို သည့်အချက်ကို သတိရသင့်သည်သာမက ထိုသို့သောသူတို့၏အပြစ်များ ကို ဘုရားသခင်သည် ဧကန်အမှန်စီရင်လိမ့်မည်။ သူတို့သည် စာတန်ဖက် တွင် ရပ်တည်ကြသဖြင့် ဘုရားသခင်အပြစ်လွှတ်ပေးတော်မူလိမ့်မည်မ ဟုတ်ပေ။ 
ဘုရားသခင်၏တရားမျှတခြင်းကို သိသောသူသည် အပြစ်အ တွက်ဘုရားသခင်၏တရားစီရင်ခြင်း၊ ကိုယ်တော့်မေတ္တာဂရုဏာတော်ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်း၊ အပြစ်များအားလုံးမှကယ်တင်ခြင်းရ ယူလိုခြင်း၊ သမ္မာတရားကိုရှာဖွေခြင်းနှင့် ဘုရားသခင်ဘက်မှမားမားမတ် မတ်ရပ်တည်ခြင်းစသည်တို့ကိုသိသည်။ ဤသို့သော်သူများအတွက် သခင် ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် လူသားအားလုံးတို့၏အပြစ်များအား လုံးကို မိမိအပေါ်သို့တင်တော်မူကြောင်းဤသမ္မာတရားကို ဖော်ပြလိုခြင်း ဖြစ်သည်။ အပြစ်သားအားလုံးကဤအကြောင်းကိုယုံကြည်၍ အပြစ်လွှတ် ခြင်းအခွင့်ရရှိရမည် ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည်ဗတ္တိဇံခံယူခြင်း အားဖြင့် လောကလူသားအားလုံးတို့၏အပြစ်များကိုတစ်ကြိမ်တည်းလက် ခံတော်မူခဲ့သည်။ ကားတိုင်ပေါ်တွင် တစ်ကြိမ်အသေခံတော်မူခဲ့သည်။ ထို သို့အားဖြင့်အပြစ်အားလုံးကို ယူဆောင်သွားတော်မူ၍ ကျွန်ုပ်တို့အားဖြောင့် မတ်သူများဖြစ်စေတော်မူသည်။ 
ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိနှုတ်ကပတ်တော်သတင်းကောင်း အားဖြင့် ယခုစစ်မှန်သောကယ်တင်ခြင်းကို သဘောပေါက်ကြပြီဖြစ်သဖြင့် ကျွန်ုပ်တို့၏စိတ်ထဲတွင်ဤသမ္မာတရားကိုယုံကြည်ရမည်။ဤသမ္မာတရား ကိုစိတ်ထဲတွင် ယုံကြည်သောသူအပေါင်းတို့သည် မည်သို့သောအပြစ်မျိုး ကို ကျူးလွန်ခဲ့စေကာမူယုံကြည်ခြင်းအားဖြင့် အမှန်တကယ်အပြစ်ဆေး ကြောခြင်းခံခဲ့သဖြင့် စစ်မှန်သောအပြစ်မှ သန့်ရှင်းခြင်းကို ခံယူရရှိသည့်အ ပြင်ထာ၀ရအသက်ကိုလည်းရရှိကြသည်။ဤနှုတ်ကပတ်တော်ဧဝံဂေလိတ ရားကိုယုံပြီး ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို ယုံကြည် ခြင်းဖြင့်ယူဆောင်သွားမည်ဆိုလျှင်သင်၏စိတ်ထဲတွင် ရှိသောအပြစ်များ အားလုံးကို ပျောက်ကွယ်သွားစေမည်မဟုတ်ပါလား။ ဘုရားသခင်၏ရှေ့ မှောက်တွင်ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို အမှန်တကယ် ယုံကြည်သောသူသည် အပြစ်ဆေးကြောခြင်းကိုအမှန်ပင် ခံရလိမ့်မည်။
 


နောင်တဆုတောင်းခြင်းက သင့်ကိုမကယ်တင်နိုင်ပေ

 
ယနေ့ သခင်ယေရှုကိုယုံကြည်သူမြောက်များစွာတို့သည် နေ့စဥ် နေ့တိုင်းနောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းဖြင့် ဆုတောင်းကြသည်။ ဘုားသခင်ထံအပြစ်ဝန်ချတောင်းပန်ကြသည်။ သူတို့သည်  ဓမ္မဟောင်း ခေတ်ကာလကဲ့သို့နေ့တိုင်းအပြစ် လွှတ်ခြင်းဆိုင်ရာယဇ်ပူဇော်ခြင်းပြု လျက်ယုံကြည်ခြင်းအားဖြင့်အသက်ရှင် တတ်ကြသည်။ သို့သော်ဤအရာ သည် သင်အသက်မရှင်သင့်သောအသက်တာပင်ဖြစ်လေသည်။ သင်သည် နောင်တတရားနှင့်စပ်ဆိုင်သည့်ဆု‌တောင်းခြင်းပြူသောအခါတိုင်းမှာ သင့် အပြစ်များကိုဆေးကြောတော်မူရန် သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူသလော။ မဟုတ်ပေ။ သခင်ယေရှုခရစ် တော်၏ဗတ္တိဇံခံယူတော်မူခြင်းနှင့် အသွေးတော်သွန်းလောင်းတော်မူခြင်း တို့သည် ထာဝရလုံလောက်ကြောင်းယုံကြည်ခြင်းအားဖြ်င့ သင့်အပြစ်အ တွက်တစ်ကြိမ်တည်းဆေးကြောရမည်။ နေ့တိုင်းနောင်တနှင့်စပ်ဆိုင်သော ဆုတောင်းခြင်းအားဖြင့် နေ့တိုင်းအပြစ်လွှတ်ရန်ကြိုးပမ်းသောသူများသည် ထာဝရအပြစ်လွှတ်ခြင်းအခွင့်မရပေ။ ထိုသို့ပြုခြင်းအားဖြင့်လည်း စစ်မှန် သောကယ်တင်ခြင်းဖြစ်စေနိုင်သောယုံကြည်ခြင်းမရှိကြပေ။ 
ဤသို့ဆုတောင်းခြင်းအားဖြင့်သော်လည်းကောင်း၊ လူတွေဖန်တီး သောပွဲလမ်းသဘင်များအားဖြင့်သော်လည်းကောင်း အပြစ်လွှတ်ခြင်းအ ခွင့်ရရှိနိုင်လျှင် ဘုရားသခင်သည် အပြစ်၏အခကားသေခြင်းပေတည်းဟူ သောပညတ်တော်ကိုတည်ထောင်တော်မမူသင့်ပေ။ သူများသည်မိမိအပြစ် များမှလွှတ်ငြိမ်းချမ်းသာခွင့်ရရှိနိုင်ရန်အတွက် ယုံကြည်ခြင်းအားဖြင့် မိမိ အပြစ်များကိုသခင်ယေရှုအပေါ်သို့လွှဲပြောင်းပေးသောယဇ်ပူဇော်ခြင်း ပြုရ မည် ဖြစ်သည်။ ကျွန်ုပ်တို့ပိုင်ဆိုင်ရမည့်ယုံကြည်ချက်မှာ နေ့တိုင်း နောင် တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းပြုခြင်းမဟုတ်ပေ။ သို့သော် တဲတော်၌ ထင်ရှားသောအပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်ချည် ထည် တို့ဖြင့်ထင်ရှားသောရေနှင့်အသွေးတော်သတင်းကောင်းကိုခံယူသော ယုံ ကြည်ခြင်းရှိရမည် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ရေနှင့်ဝိညာဥ် တော်သ တင်းကောင်းခံယူသောယုံကြည်ခြင်းအားဖြင့်သာလျှင် စစ်မှန်သော အပြစ် လွှတ်ခြင်းရရှိနိုင်သည်ကို ကျွန်ုပ်တို့နားလည်ရမည်။ ဤအကြောင်း ကိုနှ လုံးသားဖြင့် ယုံကြည်ရမည် ဖြစ်သည်။ 
ဓမ္မဟောင်းကျမ်းရှိအပြစ်သားများသည် မိမိအပြစ်များကို မိမိအ ပြစ်အတွက်ယဇ်ပူဇော်ြခင်းခံသောယဇ်ကောင်ပေါ်သို့ လက်တင်ခြင်းအား ဖြင့်လွှဲပြောင်းခဲ့ကြသည်။ ထိုနည်းတူ၊ ကျွန်ုပ်တို့သည်လည်း သခင်ယေရှု၏ ဗတ္တိဇံခံတော်မူခြင်းကိုယုံကြည်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်ထံ တော်သို့မိမိအပြစ်များကို လွှဲပြောင်းရမည်။ သခင်ယေရှု၏ဗတ္တိဇံခံယူတော် မူခြင်းနှင့်ကားတိုင်ပေါ်တွင်သွန်းလောင်းတော်မူသောအသွေးတော်ကို ယုံ ကြည်ရမည်။ထိုသို့ယုံကြည်သောအခါကျွန်ုပ်တို့သည် ဘုရားသခင်ထံတော် သို့ချဥ်းကပ်နိုင်၍ ထာဝရအပြစ်လွှတ်ခြင်းအခွင့်ရရှိနိုင်ကြသည်။ ဘုရားသ ခင်က “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။သို့ဖြစ် ၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည် လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏”(‌ရောမ ၁၀း၁၀၊၁၇)ဟု မိန့်တော်မူခဲ့သည်။ 
ယောဟန် ၁း၂၉ တွင် “နက်ဖြန်နေ့၌ယေရှုကြွလာတော်မူသည် ကိုယောဟန်သည်မြင်လျှင်၊ဤလောက၏အပြစ်ကို ဆောင်သွားသောဘု ရားသခင်၏ သိုးသငယ်ကိုကြည့်လော့” ဟုဖော်ပြသည်။ ဤကျမ်းချက် သည် ယောဟန်ကသခင်ယေရှုဗတ္တိဇံပေးခဲ့ပြီးနောက်တစ်နေ့တွင်မိန့်တော် မူသောသက်သေခံချက်ဖြစ်သည်။ ဗတ္တိဇံဆရာယောဟန်က သခင်ယေရှု ကြွလာတော်မူသည်ကိုမြင်သောအခါ သူက “ကြည့်ကြလော့။ဟိုမှာကြွလာ တော်မူပြီ”ဟုပြောခဲ့သည်။ ထိုကြောင့် လူများတို့သည် ယောဟန်အနီးသို့ စုရုံးလာကြသည်။ ယောဟန်က “ကြည့်ကြလော့။ ဘုရားသခင်၏သိုးသ ငယ်တော်ကြွလာတော်မူပြီ။ ကျွန်တော်အားဖြင့် လူသားအားလုံး၏အပြစ် ကိုယူဆောင်သွားမည့် ဘုရားသခင်၏သားတော်၊ သိုးသငယ်တော်ဖြစ် တော်မူတယ်။ကယ်တင်ရှင်လည်းဖြစ်တော်မူတယ်။သခင်ယေရှုခရစ်တော်၊ ဘုရားသခင်၏သိုးသငယ်တော်ဖြစ်တော်မူတယ်။ ကြည့်ကြပါ။ လောကအ ပြစ်များကိုဆောင်ယူသွားမည့်ဘုရားသခင်၏သိုးသငယ်တော်ဖြစ်တော်မူ တယ်”ဟု ဟစ်ကြွေးခဲ့သည်။ 
သင်၏နောင်တရသည့်ဆုတောင်းချက်သည်သင့်ကိုကယ်တင်နိုင် မည်မဟုတ်ပါဟုပြောခဲ့သည်။ လူထုပရိတ်သတ်သည် ယောဟန်ထံတော် ပါးသို့ချည်းကပ်လာကြသည့်အခါ သူသည်ဤသို့ အော်ဟစ်ကြွေးကြော် ခဲ့ပါသည်။ ကြည့်ကြလော။ ဘုရားသခင်၏ သိုးသငယ်တော် ကြွလာတော် မူ၏။သူသည်အခြားသူမဟုတ်ဘဲ ဘုရားသခင်၏သားတော် ဘုရားသခင်၏ သိုးသူငယ်တော်၊ကျွန်ုပ်အားဖြင့် လောကသားအားလုံး၏ အပြစ်ကိုယူတင် ဆောင်ရွက်သော သူဖြစ်တော်မူ၏။ သူသည်ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ် တော်မူ၏။ 
ဗတ္တိဇံဆရာယောဟန်သည် ယေရှုခရစ်ကိုဗတ္တိဇံ ပေးခြင်းအား ဖြင့် လောကသားအားလုံး၏အပြစ်ကို သူ့အပေါ်သို့လွှဲပြောင်းပေးခဲ့သဖြင့် ယောဟန်သည်ယေရှုအတွက်သူကိုယ်တိုင်သက်သေခံနိုင်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ယောဟန်သည် ယေရှုကို ဗတ္တိဇံပေးခြင်းအားဖြင့် ကျွန်ုပ် တို့၏အပြစ်အားလုံးကို သူ့အပေါ်သို့ လွှဲပြောင်းပေးပြီး ယေရှုသည် သိုးသ ငယ်ယဇ်ကောင်ဖြစ်တော်မူလျက်ခမည်းတော်ဘုရားသခင်၏အလိုတော်အ တိုင်း ကျွန်ုပ်တို့၏အပြစ်အားလုံးကို သယ်ဆောင်သွားတော်မူခဲ့ပါသည်။
ဓမ္မဟောင်းခေတ်တွင် ဘုရားသခင်ထံသို့ အပြစ်ဖြေရာယဇ်ကို ပူ ဇော်ခြင်းအားဖြင့်အပြစ်ဆေးကြောခြင်းကို ခံယူကြသော်လည်း ဓမ္မသစ် ခေတ် ရောက်လာသောအခါယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်လက်ဝါးကပ်တိုင် ပေါ်ဝယ်အသွေးတော်သွန်းလောင်းခြင်းအားယုံကြည်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည်အပြစ်ဆေးကြောခြင်းကိုရရှိနိုင်သည်။ ဘုရားသခင်သည် ဣ သရေလလူမျိုးများ၏အပြစ်ကိုဆေးကြောဖို့ရန်နွား၊သိုး၊ဆိတ်များကို ယဇ်ပူ ဇော်ခြင်းအတွက်ခံယူသဖြင့် မရေမတွက်နိုင်လောက်အောင်များပြားသည့် ယဇ်ကောင်များ၏အသွေးသွန်းခြင်း၊ အပိုင်းပိုင်းဖြတ်ခြင်း၊ ယဇ်ပလ္လင်ပေါ် ဝယ်မီးရှို့ခြင်းပြုလုပ်ခဲ့ပါသည်။ မရေမတွက်နိုင်သော ယဇ်ကောင်များသည် လူတို့၏အပြစ်အတွက် သေခံခဲ့ကြရပါသည်။
သို့သော်ဓမ္မသစ်ကာလရောက်လာသောအခါ ယေရှုသည် ထိုသို့ သောယဇ်ကောင်များကိုပူဇော်ခြင်းမပြုဘဲ မိမိခန္ဓာကိုယ်ကို ဆက်ကပ်ပူ ဇော်ခဲ့ပါသည်။ဘုရားသခင်၏သိုးသငယ်တော်ယေရှုသည် လောကသို့ကြွ လာလျက်ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကသားအားလုံး၏အပြစ်ကို သယ်ဆောင်ကာလက်ဝါးကပ်တိုင်ပေါ်ဝယ် အသွေးသွန်းခြင်းနှင့် ဤအရာ ကို ယုံကြည်သောသူသည် တစ်ကြိမ်တည်းဖြင့်သူတို့၏အပြစ်ဆေးကြော ခြင်းကို ခံယူခဲ့ကြပါသည်။ ယေရှုသည် ရေ၊ အသွေး၊ ဝိညာဉ်အားဖြင့် ကြွ လာတော်မူသဖြင့် ကျွန်ုပ်တို့၏အပြစ်ကို ထာ၀ရကာလအတွက်အပြစ် လွှတ်ခြင်းအခွင့်ပေးအပ်တော်မူခဲ့သည်။ 
ယခုဘုရားသခင်သည် ဤစစ်မှန်သောကယ်တင်ခြင်း သမ္မာတ ရားကို ယုံကြည်ဖို့ သင်နှင့်ကျွန်ုပ်အားအမိန့်ပေးလျက်ရှိသည်။ ကိုယ်တော် က“ငါသည်သင်တို့ကိုချစ်တော်မူ တဲ့အတွက်သင်တို့၏အပြစ်အားလုံးကိုငါ ဆေးကြောပေးခဲ့တယ်။ဒီပုံစံနှင့်ပဲငါသင့်ကိုကယ်တင်ခဲ့တယ်။ ဒါကြောင့်ယုံ ကြည်ပါ။ သင့်အတွက်အပြစ် ဖြေရာယဇ်အဖြစ်ငါ့ရဲ့သားတော်ကိုပေးပြီး သင့်ရဲ့အပြစ်တွေကိုဆေးကြောသုတ်သင်ခဲ့တယ်။အသက် ၃၃ နှစ်အထိဤ လောကတွင်ငါ့သားကိုငါအသက်ရှင်စေခဲ့တယ်။ငါဗတ္တိဇံကိုခံယူစေခဲ့တယ်။ ကားတိုင်ပေါ်တွင် သင်တို့အတွက်အသွေးတော်သွန်းလောင်းတော်မူခဲ့ တယ်။ထိုသို့အားဖြင့် သင်တို့ကို အပြစ်တရားများနှင့်အပြစ်ဒဏ်မှလုံးလုံး လျားလျားကယ်တင်တော်မူခဲ့တယ်။ ယခုတွင် ဤသမ္မာတရားကိုယုံကြည် ခြင်းအားဖြင့် သင်သည် ငါချစ်သောသားသမီးများဖြစ်လာနိုင်သည်။ ငါ့ လက်မောင်းဖြင့်ချီမသောသူဖြစ်လာတိုင်ကြတယ်”ဟု မိန့်တော်မူခဲ့သည်။ သင့်နှလုံးသားအကြွင်းမဲ့ယုံကြည်ပါ။ သခင်ယေရှုခရစ်တော်၏ဗတ္တိဇံခံယူ ခြင်းနှင့်သွန်းလောင်းတော်မူသောအသွေးတော်ကို ယုံကြည်သောသူများ သည် အပြစ်လွှတ်ခြင်းအခွင့်ကိုလည်းကောင်း၊ ဘုရားသခင်၏သားသမီး ဖြစ်ရခြင်းအခွင့်ကိုလည်းကောင်းရရှိနိုင်ပါသည်။ 
 


သခင်ယေရှုက အပြစ်အားလုံးအမှန်အကန်ဖယ်ရှားပေးတော်မူသလော

 
ဟေဗြဲ ၁၀း၁၄-၁၈တွင် “အကြောင်းမူကား၊ စင်ကြယ်သောသူတို့ သည် ထာဝရစုံလင်ခြင်းငှါ၊ တခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။ ထိုသို့နှင့်အညီ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား သက်သေပေး တော်မူသည်မှာ၊နောင်ကာလအခါသူတို့၌ ငါပေးသောပဋိညာဉ်တရား ဟူမူ ကား၊ ငါထာဝဘုရားသည် ငါ့ပညာ တိုကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ၊ တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟုလာသတည်း။ထိုအပြစ်တို့ကိုလွှတ်ပြီးလျှင် နောက်တဖန် အပြစ် ဖြေသော ပူဇော်သက္ကာကို ပြုစေရာအကြောင်းမရှိ” ဟုဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။  
ဤကျမ်းချက်က “အပြစ်ဖြေလွှတ်ခြင်းရှိသောနေရာတွင် အပြစ် အတွက်ယဇ်ပူဇော်ခြင်းမလိုအပ်တော့ပေ”ဟုရှင်းလင်းစွာဖော်ပြသည်။ ဤ သတင်းကောင်းများကိုနားထောင်ပါ။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့်အပြစ်အားလုံးကို ယူဆောင်သွားတော်မူသည်။ ကျွန်ုပ်တို့အား လုံး၏တစ်သက်စာအပြစ်အားလုံးကို သခင်ယေရှုအပေါ်သို့လွှဲပြောင်းပေး ခြင်းကိုရည်ညွှန်းသည်။ လောကတွင်အသက်ရှင်သမျှသောသူအားလုံး၏ အပြစ်များလွှဲပြောင်းပေးခြင်းကိုဆိုလိုသည်။ဘုရားသခင်၏ဖြောင့်မတ်ခြင်း တရားကိုပြည့်စုံနိုင်ရန်အတွက် သခင်ယေရှုသည် လက်တင်ခြင်းကိုခံယူ တော်မူ၍ ရေထဲတွင်ဗတ္တိဇံခံယူတော်မူခဲ့သည်။ ထိုသို့အားဖြင့် အပြစ်အား လုံးကို လက်ခံတော်မူခြင်း ဖြစ်သည်။ 
ထိုပြင်၊ ကိုယ်တော်သည် အပြစ်အားလုံးကိုသယ်ဆောင်တော်မူ လျက်ကားတိုင်ပေါ်တွင်အသေခံတော်မူခဲ့သည်။ လူသားအားလုံး၏အပြစ် များအားလုံးအတွက် အပြစ်ဒဏ်ခံတော်မူခဲ့သည်။ ထိုကြောင့်ယုံကြည်သူ အားလုံးတို့သည် အပြစ်တရားစီရင်ခြင်းမှလွှတ်မြောက်ခြင်းအခွင့်ယခုရရှိခဲ့ ကြခြင်း ဖြစ်သည်။ ယဇ်ပရောဟိတ်မင်းကြီးသည် ယဇ်ကောင်အပေါ်လက် တင်လျက်ဣသရေလလူမျိုးများအားလုံး၏အပြစ်များကို လွှဲပြောင်းပေးခဲ့ သည့်အတိုင်း ဗတ္တိဇံဆရာယောဟန်သည် သခင်ယေရှုအားဗတ္တိဇံပေးအပ် ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်အားလုံးကို လွှဲပြောင်းပေးခဲ့သည်။ ထိုကြောင့် သခင်ယေရှုသည် ယုံကြည်သောသူအပေါင်းတို့အား အပြစ်မှကယ်လွှတ် တော်မူခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းကိုယုံကြည်သူအပေါင်းတို့သည် ဘုရားသခင်၏သားသမီးဖြစ်ရသောအခွင့်ကိုရရှိကြသည်။ 
ရောမ ၁၀း၁၀တွင် “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံး ဖြင့် ယုံကြည်ရ၏။ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့်ဝန်ခံရ၏” ဟု ‌ဖော်ပြထားသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားတော်ကို မိမိနှလုံး သားအကြွင်းမဲ့ယုံကြည်သောသူများသည် ဖြောင့်မတ်ခြင်းအခွင့်ရရှိကြ သည်။ ကယ်တင်ခြင်းသမ္မာတရားကိုနှလုံးသားဖြင့်ယုံကြည်သောသူများ သည် အပြစ်လွှဝ်ခြင်းအခွင့်ရရှိ၍ ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင် ကြသည်။ ညီအစ်ကိုမောင်နှမများခင်ဗျား၊ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေး တော်ကိုနှလုံးသားဖြင့်ယုံကြည်လျက်နှုတ်ဖြင့်ဝန်ခံခြင်းအားဖြင့် ကယ်တင် ခြင်းရရှိသည်။ ထိုအရာတို့သည် “ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား” “ကယ်တင်ခြင်းသမ္မာတရား” “အပြစ်ဖြေလွှတ်ခြင်းသတင်းကောင်း”အ တွက်မရှိမဖြစ်လိုအပ်သည်။ဓမ္မဟောင်းခေတ်ယဇ်ပူဇော်သည့်နည်းစနစ်အ ရ လက်တင်ခြင်းဖြင့် ယဇ်ကောင်အပေါ်သို့ အပြစ်ကိုလွှဲပြောင်းခြင်းမပြုဘဲ ယဇ်ကောင်ကိုသတ်ဖြတ်လိုက်ရုံဖြင့်ဣသရေလူမျိုးများ၏အပြစ်သည်ဆေး ကြောခြင်းမခံရပေ။ ထိုနည်းတူစွာ အကယ်၍ကျွန်ုပ်တို့သည် လက်ဝါးကပ် တိုင်ပေါ်မှ အသွေးတော်တစ်ခုတည်းကိုသာ ယုံကြည်လျက် ယေရှုခံယူခဲ့ သည့်ဗတ္တိဇံချန်လှပ်ထားမည်ဆိုလျှင်ကျွန်ုပ်တို့၏အပြစ်အားလုံးဆေးကြော ခြင်း ခံရမည်မဟုတ်ပေ။ 
“တဖန်ထိုသူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းအမျိုးမျိုးကို ငါမ အောက်မေ့ဘဲနေမည်ဟုလာသတည်း။ထိုအပြစ်တို့ကိုလွှတ်ပြီးလျှင်နောက် တဖန်အပြစ်ဖြေသောပူဇော်သက္ကာကို ပြုစရာအကြောင်းမရှိ” (ဟေဗြဲ ၁ဝး ၁၇-၁၈)။ ကျွန်ုပ်တို့၏အပြစ်များကို မအောက်မေ့တော့ပါဟု ဘုရားသခင် သည်အဘယ်ကြောင့်မိန့်တော်မူခဲ့သနည်း။ သေသည် ကာလတိုင်အောင် ကျွန်ုပ်တို့သည်မည်သို့မျှမတက်နိုင်ဘဲ အပြစ်ကျူးလွန်နေကြဦးမည်ဖြစ် သော်လည်း ယေရှုခရစ်သည်တစ်ကြိမ်တည်းဗတ္တိဇံခံခြင်းဖြင့် ကျွန်ုပ်တို့အ ပြစ်အားလုံးကိုရယူပြီးကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ထာ၀ရကာလအ တွက်ပြည့်စုံစေသဖြင့်ဤအရာကိုယုံကြည်သောသူသည်ယခု အပြစ်ကင်း စင်လျက်ရှိကြပါပြီ။ထို့ကြောင့်ဘုရားသခင်သည်ကျွန်ုပ်တို့၏အပြစ်အောက် မေ့တော်မူရန် မလိုအပ်တော့ခြင်းဖြစ်သည်။
ဘုရားသခင်ဖြောင့်မတ်ခြင်းဆိုသည်မှာ- တရားမျှတစွာတရားစီ ရင်တော်မူခြင်းကိုခေါ်သည်။ ခမည်းတော်ဘုရားသခင်၏တရားသဖြင့် စီ ရင်ခြင်းမှကိုယ်တော်သည် သန့်ရှင်းသောဘုရား၊ ရေနှင့်ဝိညာဉ်တော် ဧဝံ ဂေလိသတင်းကောင်းကို ယုံကြည်သောသူတို့သည်လည်း ဖြောင့်မတ်သော သူအပြစ်ကင်းသောသူဖြစ်ကြောင်းကြေညာသည်။အစကနဦးကပင် ဘုရား သခင်သည် ကျွန်ုပ်တို့အားချစ်တော်မူ၍မိမိသားသမီးဖြစ်စေလိုတော်မူခဲ့ သည်။သို့သော်ကိုယ်တော်သည်ကျွန်ုပ်တို့အားမည်မျှလောက်ပင် သားသမီး ဖြစ်စေဖို့အလိုတော်ရှိစေကာမူကျွန်ုပ်တို့၏အပြစ်ကြောင့် ထိုသို့ ပြလုပ်၍မ ရနိုင်ပေ။ထို့ကြောင့်ခမည်းတော်ဘုရားသခင်သည် ဤပြဿနာကို ဖြေရှင်း ဖို့အတွက် ကြွလာတော်မူခဲ့ခြင်းဖြစ်သည်။
ဘုရားသခင်သည်ကျွန်ုပ်တို့ကိုယ်စားအပြစ်နှင့်ကင်းသည့် ယဇ်ကို ပူဇော်ဖို့ချမှတ်တော်မူသဖြင့် အပြစ်ကိုလွှဲ‌ပြောင်းပေးခြင်းစနစ်ကိုချပေး တော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူရန် စိတ်မ နှေးကွေးတော့ပေ။ ကျွန်ုပ်တို့အသက်ယဇ်ကောင်ဖြစ်တော်မူသည်။ ကျွန်ုပ် တို့ကိုယ်စားအသေခံတော်မူခဲ့သည်။ ထိုသို့အားဖြင့် ထာဝရအပြစ်ယဇ်ပူ ဇော်ခြင်းအမှုပြုပေးတော်မူခဲ့သည်။ ဤပူဇော်ခြင်းအားဖြင့် ဘုရားသခင် သည် ယုံကြည်သောသူများအားမိမိအပြစ်များမှဆေးကြောသန့်စင်ခြင်းပြင် ဆင်ပေးတော်မူ၍ မိမိသားသမီးများဖြစ်စေတော်မူခဲ့သည်။ ယခုဤဧဝံဂေ လိသမ္မာတရားကိုယုံကြည်သောသူသည် ဘုရားသခင်၏ရှေ့တော်မှောက် တွင် အပြစ်ဆေးကြောခြင်းခံရသည်။ ယေရှုသည်ဗတ္တိဇံခံယူခြင်းအားဖြင့် လောကအပြစ်အားလုံးကို ဆေးကြောပေးတော်မူပြီဖြစ်သဖြင့် ကျွန်ုပ်တို့ သည်ကိုယ်တော်၏ဗတ္တိဇံခံယူခြင်းအားဖြင့်လူသား မျိုးနွယ်တရပ်လုံး၏အ ပြစ်ကိုသယ်ဆောင်ကကိုယ်စားအပြစ်ဒဏ်စီရင်ခြင်း ခံရတော်မူသည်ကို သင်သည်ယုံကြည်မည်ဆိုလျှင် ကျွန်ုပ်တို့၏အပြစ်အတွက် မည်သည့်ယဇ် ပူဇော်ခြင်းမလိုအပ်တော့ပေ။ ညီအစ်ကိုမောင်နှမအ ပေါင်းတို့ကျွန်ုပ်တို့၏ အပြစ်အတွက်ယဇ်ပူဇော်ဖို့လိုအပ်ပါသေးသလား။ လုံး၀မလိုအပ်တော့ပေ။
ယေရှုသည် ဖြူစင်သောသူ၊ အပြစ်ကင်းသောသူဖြစ်သော်ငြား လည်းအဘယ်ကြောင့်လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံတော်မူခဲ့သည်ကို သင် သိလိုပါသလား။ ယေရှုသည်လက်ဝါးကပ်တိုင်ပေါ်ဝယ်အမှားတစ်ခုမျှ ကျူးလွန်တော်မမူဘဲအသေသတ်ခြင်းခံရတော်မူခဲ့သည်။ ကိုယ်တော်သည် ယောဟန်၏လက်မှယောဒန်မြစ်တွင် ဗတ္တိဇံခံခြင်းဖြင့်လူသားမျိုးနွယ်တစ် ရပ်လုံး၏အပြစ်များကိုခံယူ‌တော်မူပြီဖြစ်သောကြောင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့ခြင်းဖြစ်သည်။ ထိုသို့အားဖြင့် ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံစေတော်မူခဲ့သည်။ 
ဘုရားသခင်၏သားတော်သည် ဤနည်းလမ်းအားဖြင့် ဖြောင့် မတ်ခြင်းအားလုံးပြည့်စုံရန်အတွက်ဗတ္တိဇံခံယူ‌တော်မူခဲ့သဖြင့် ကျွန်ုပ်တို့ ကျေးဇူးမတင်ဘဲနေနိုင်ကြမည်လော။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ် များကိုယူဆောင်သွားတော်မူပြီဖြစ်သောကြောင့် အမွှေးညှပ်သောသိုးကဲ့သို့ လက်ဝါးကပ်တိုင်ပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာအသေခံတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်ကိုအစဥ်အမြဲသ တိရရကြမည်။ အကြောင်းမှာ ထိုအကြောင်းကြောင့်ကျွန်ုပ်တို့သည် အပြစ် တရားစီရင်ခြင်းမှလွှတ်မြောက်ခြင်းခံရကြသည်။ ထိုသို့မဟုတ်လျှင်ကျွန်ုပ် တို့သည် တရားစီရင်ခြင်းကို အတပ်အမှန်ခံရမည်သူများဖြစ်ကြသည်။ 
ကျွန်ုပ်တို့၏သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ယူ တင်ဝတ်ဆောင်သွားတော်မူသည်သာမကကျွန်ုပ်တို့ကိုယ်စားအပြစ် ဒဏ်စီ ရင်ခြင်းကို ခံတော်မူခဲ့ရပါသည်။ ကယ်တင်ရှင်ယေရှုသည် ကျွန်ုပ်တို့ ၏အပြစ်များကို သယ်ဆောင်လျက်ကျွန်ုပ်တို့၏ အပြစ်ဖြေရာယဇ်ကောင် ဖြစ်ကာလက်ဝါးကပ် တိုင်ပေါ်ဝယ် ညည်းတွားခြင်းမရှိ အပြစ်စီရင်ခြင်းခံ ခြင်းဖြင့် အပြစ်မှကယ်တင်တော်မူခဲ့၍ဘုရားသခင်၏အလိုတော်ကို ပြည့်စုံ စေတော်မူခဲ့ပါသည်။ ဟေဗြဲ ၁ဝး၁၈-၁၉တွင် “ထိုအပြစ်တို့ကိုလွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကိုပြုစရာ အကြောင်းမရှိ။ ထို့ ကြောင့်ညီအစ်ကိုတို့ယေရှု၏ကို ယ်ခန္ဓာတော်တည်းဟူသောကုလားကာ အားဖြင့် ထိုသခင်ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်ငါတို့သည် သန့်ရှင်းရာဌာနထဲ သို့အသွေးတော်ကိုအမှီပြု၍အဆီးအတားမရှိဝင်ရသော အခွင့်ရှိသဖြင့်၎င်း”ဟု‌ ဖော်ပြထားခြင်း ဖြစ်သည်။ 
ယေရှုလက်ဝါးကပ်တိုင်ပေါ်ဝယ် အသေခံရခြင်းကို သင်သ ဘော ပေါက်ပါသလား။ ယေရှု၏လက်ဝါးကပ်တိုင်မှအသွေးတော် တစ်ခုတည်း ကိုသာယုံကြည်ခြင်းမဟုတ်ဘဲလက်ဝါးကပ်တိုင်ပေါ်ဝယ်အသေခံတော်မူရ သည့်အကြောင်းရင်းကိုစွဲကိုင်၍ထိုအကြောင်းအရာသည် သူခံယူခဲ့သည့် ဗတ္တိဇံအပေါ်တွင် အခြေပြုထားကြောင်း ကောင်းမွန်စွာသဘောပေါက်၍ ယုံကြည်ချက်ရှိရမည်။သင်နှင့်ကျွန်တော်တို့သည် ကျွန်ုပ်တို့အပြစ်များ မည် သည့်နေရာတွင်ဆေးကြောခဲ့သည်ကိုလည်းကောင်း၊ မည်သို့ဆေး ကြောခဲ့ သည်ကိုလည်းကောင်းသိလိုလျှင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အပြစ်ဆေးကြောခြင်းခံရရန် ယောဒန်မြစ်၌ယောဟန်အားဖြင့် သခင်ယေရှု ၏ဗတ္တိဇံခံတော်မူခြင်းခံတော်မူစဥ် ကိုယ်တော့်အပေါ်သို့အပြစ်များလွှဲ ပြောင်းပေးခြင်းကိုသိရှိယုံကြည်ရကြမည်။
 


ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသမ္မာတရားကို သိမြင်ယုံကြည်ခြင်းဖြင့် ယခု ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြစ်အားလုံးမှ လွှတ်မြောက်ခြင်းခံရကြသည်

 
ကျွန်ုပ်အစောပိုင်းတွင် ပြောခဲ့သည့်ရေနှင့်ဝိညာဉ်တော် ဧဝံဂေ လိသမ္မာတရားကို သမ္မာတရားကျမ်းစာက ဂရုတစိုက် အသေးစိတ်ဖွင့်ပြခဲ့ သည်။ ဤသမ္မာတရားသည် ဤကမ္ဘာမတည်မရှိမီ စီစဉ်ထားသည့် ကယ် တင်ခြင်းဖြစ်၍ဤကယ်တင်ခြင်းသမ္မာတရားသည်တဲတော်၏တံခါးကုလား ကာဖြစ်သည့်အပြာရောင်၊အနီရောင်၊ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင် ချည်ကြိုးအားဖြင့်ထင်ရှားခဲ့သည့်သမ္မာတရားကို ကျွန်ုပ်တို့လုပ်ဖော်ကိုင် ဖက်များနှင့်အတူကမ္ဘာအနှံ့မရေမတွက်နိုင်သောသူတို့အား ဟောပြောခဲ့ပါ သည်။ယခုဆိုလျှင်ဤဧဝံဂေလိတရားသည်ကျွန်ုပ်တို့၏စာအုပ်များအားဖြင့် ကမ္ဘာအနှံ့သို့ ပျံ့နှံ့လျက်ရှိသည်။
ယေရှုကိုယုံကြည်ပါသည်ဟု နှုတ်ဖြင့်ဝန်ခံကြသော်လည်း ရေနှင့် ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို မခံယူနိုင်သေးသူများစွာ ရှိနေ သေးသည်ကို တွေ့ရပါသည်။ ဤရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်း ကောင်းသည် ယေရှုခရစ်ပြည့်စုံစေတော်မူသည့် ယဇ်ပူဇော်ခြင်းနည်းစ နစ်၏ပင်မသမ္မာတရားကိုပြောပြသဖြင့်တဲတော်အားဖြင့်၎င်း ထင်ရှားသည့် ကယ်တင်ခြင်းပုံရိပ်ပစ္စည်းလည်းဖြစ်သဖြင့်၎င်းထိုသို့လက်မခံသူတို့အားလူ မိုက်ဖြစ်သည်ဟု ကျွန်ုပ်ပြောလိုပါသည်။ ယခုသင်သည် သမ္မာတရားကို ဃဂနဏမသိဘဲ ယုံကြည်နေမည်ဆိုလျှင် ပြန်လှည့်၍ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားကို ယုံကြည်၍ သင်၏အပြစ်အားလုံးဆေးကြောခြင်းကို ခံယူဖို့အချိန်တန်နေပြီဖြစ်သည်။
ယေရှု၏ဗတ္တိဇံနှင့် လက်ဝါးကပ်တိုင်ပေါ်ဝယ်အသေခံ‌တော်မူခြင်း သည် ကမ္ဘာမတည်မရှိမီကတိပေးထားပြီးဖြစ်သဖြင့် သူတို့သည်အပြာ ရောင်၊ ခရမ်းရောင်၊အနီရောင်နှင့် အဖြူရောင်ချည်ကြိုးအားဖြင့်လည်း ထင် ရှားခဲ့ပါသည်။ဤကတိတော်ပြည့်စုံစေဖို့ရန်ကျွန်ုပ်တို့ကအပြစ်မှ ကယ်တင် ခဲ့ပြီးယေရှုသည်ဗတ္တိဇံခံယူခြင်း၊ ကပ်တိုင်ပေါ်ဝယ်အသေခံခြင်း၊သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းနှင့်ယခုအခါခမည်းတော်ဘုရားသခင်၏ လက်ယာ တော်ဘက်တွင်စိုးစံတော်မူခဲ့သည်။  
ဤသမ္မာတရားကိုမသိဘဲ သင်၏အတွေ့အကြုံ၊ စိတ်ခံစားချက် နောက်သို့လိုက်၍ ယေရှုကိုယုံကြည်ဖို့ သင်သည်ကြိုးစားနေပါသလား။ ထို သို့သောသူများကမ္ဘာပေါ်ဝယ်အများအပြားရှိနေစေကာမူသူတို့သည် မိမိ ယုံကြည်မှုကိုမှားယွင်းကြောင်းလက်ခံလျက်တဲတော်ခံတွင်ရှိသော အပြာ ရောင်၊ ခရမ်းရောင်၊အနီ ရောင်နှင့်အဖြူရောင်တို့ဖြင့်ထင်ရှားသော ရေနှင့်ဝိ ညာဥ်တော်သတင်း ကောင်းသမ္မာတရားသို့ယခုသူတို့ယုံကြည်ရကြမည် ဖြစ်သည်။ 
ဟေဗြဲ၁ဝး၁၉-၂၀တွင် “ထို့ကြောင့် ညီအစ်ကိုတို့ ယေရှု၏ကိုခန္ဓာ တော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင်ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင် ငါတို့သည် သန့်ရှင်းရာဌာနထဲသို့ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိဝင်ရသော အခွင့်ရှိသဖြင့်၎င်း၊”ဟု ဖော်ပြထား သည်။ယေရှုသည်ဗတ္တိဇံအားဖြင့်လောကသားအားလုံး၏ အပြစ်ကိုရယူပြီး လက်ဝါးကပ်တိုင်တွင်အသေခံသည့်အခါ ဗိမာန်တော်မှ ကုလားကာစုတ်ကွဲ သွားသဖြင့်ယေရှု၏ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်ပေါ် အသွေးတော်အားဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏အပြစ်များသည်ဆေးကြောခြင်းခံရသည်။  အ ပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည်ကြိုးဖြင့် ယက်လုပ် ထားသည် ဗိမာန်တော်၏ကုလားကာသည် အစလေးဖက်ကိုမြင်လေး ကောင်ဆွဲဆန့်သည့် တိုင်အောင်မစုတ်ကွဲဘဲနေနိုင်သည့်အရာဖြစ်သည်။
ထိုမျှလောက်ပင်ခိုင်ခံ့သည်ကုလားကာသည်မည်သူ၏တို့ထိခြင်း မျှခံရဘဲသူ့အလိုအလျှောက်စုတ်ကွဲသွားသဖြင့် ယေရှုသည် မိမိသာသနာ လုပ်ငန်းပြည့်စုံစေတော်မူခဲ့ကြောင်းဖော်ပြလျက် ကောင်းကင်နိုင်ငံတံခါး သည် ကျယ်ပြန့်စွာဖွင့်ထားခဲ့ပါသည်။ အထက်စွန်းမှ အောက်စွန်းတိုင် အောင်စုတ်ကွဲသွားသည့်ဗိမာန်တော်ကုလားကာ၏အဓိပ္ပါယ်မှာ အပြစ်တန် တိုင်းကြီးကိုယေရှုခရစ်ပြသခဲ့သည့်အတိုင်း ဘုရားသခင်သည် ဤတန် တိုင်းကို ဖြိုဖျက်တော်မူခဲ့ပြီဖြစ်ကြောင်းသိသာထင်ရှားသည်။ 
အပြစ်တန်တိုင်းကို ဖြိုဖျက်ခဲ့ခြင်းဆိုသည်မှာ အဘယ်နည်း။ ၎င်း ၏ဆိုလိုရင်းမှာ တစ်စုံတစ်ယောက်အနေဖြင့် ယေရှုခံယူခဲ့သည့် ဗတ္တိဇံနှင့် လက်ဝါးကပ်တိုင်ပေါ်မှအသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်ဆေး ကြောခြင်းကိုခံယူရရှိနိုင်သည်ဟူ၍ဖြစ်သည်။ တဲတော်တံခါးအားဖြင့်ဘုရား သခင်သည်မည်သည့်အရာကို ဖော်ပြလိုသနည်းဆိုလျှင်အပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ကြိုးဖြင့် ထင်ရှားခဲ့သည်။ ယေရှု၏ အမှုတော်မြတ်လုပ်ငန်းဖြင့်လူသား မျိုးနွယ်တစ်ရပ်လုံး၏ကယ်တင်ခြင်း သည် တစ်ကြိမ်တည်းပြည့်စုံစေတော်မူခဲ့ပြီဟု ဆိုလိုသည်။ ဘုရားသခင် ကျွန်ုပ်တို့အားလုံးကို ပေးထားသည့်ထာ၀ရအပြစ်ဖြေရာကတိသည် အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည်ကြိုးဖြင့် ယက်လုပ်ထား သည့် အသန့်ရှင်းဆုံးဌာနကုလားကာကို လူလက်အားဖြင့်မဟုတ်၊ ဘုရား သခင်ကိုယ်တော်တိုင်အထက်ခွန်းမှ အောက်စွန်းတိုင်စုတ်ကွဲစေခြင်းအား ဖြင့်ပြည့်စုံစေတော်မူခဲ့သည်။ 
လူသားမျိုးနွယ်တစ်ရပ်လုံး၏အပြစ်အတွက် ယဇ်ကောင်ဖြစ်လာ သည့် ယေရှုခရစ်တော်သည် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်း ကို ယုံကြည်သောသူတို့အပြည့်အဝကယ်တင်ခဲ့ကြောင်း ဤအရာမှဖော်ပြ လျက်ရှိသည်။ ယေရှုခံယူခဲ့သည်ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်ပေါ်မှ အသွေး တော်သွန်းလောင်းခြင်းကိုယုံကြည်သောသူသည်အပြစ်ဆေးကြောခြင်းကို ခံရပြီးကိုယ်တော့်ရှေ့တော်မှောက်တွင်မတ်တပ်ရပ်နိုင်ဖို့ဘုရားသခင် မှတ် တော်မူခဲ့သည်။ ဤသမ္မာတရားကို သင်သည်ယုံကြည်ပါသလား။ မယုံ ကြည်ဘူးလား။
ဘုရားသခင်သည် သင်ကိုချစ်တော်မူသကဲ့သို့ ဘုရားသခင်၏ သားတော်ယေရှုခရစ်သည်လည်းသင့်ကို ချစ်တော်မူသဖြင့် ဗတ္တိဇံနှင့်လက် ဝါးကပ်တိုင်တွင်အသေခံခြင်းဖြင့် ကိုယ်တော်သည်သင့်ကိုပြည်စုံသော ကပ်တင်ခြင်း ပေးတော်မူပါသည်။ ဘုရားသခင်ကျွန်ုပ်တို့အားပေးတော်မူ ထားသည့်မေတ္တာကို ယေရှုအားဖြင့်လက်ခံသောကြောင့်သမ္မာတရားကို ယုံ ကြည်ခြင်းအားဖြင့်ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ခွင့်ရရှိခြင်းနှင့် ကျွန်ုပ်တို့ ၏အပြစ်အားလုံးပျောက် ကွယ်ခြင်းတို့ဖြစ်လာသည်။ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်အား လုံးကို တာဝန်ယူပေးပြီး ယေရှု၏ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်ပေါ်မှ အသွေး တော်အားဖြင့် ကျွန်ုပ်တို့၏အပြစ်နှင့်အပြစ်ဒဏ်စီရင်ခြင်းကိုခံတော်မူလျက် ၎င်းတို့အားလုံးကို ဆေးကြောပေးတော်မူခဲ့ပါသည်။
ဟေဗြဲ ၁ဝး၂၂ တွင် “ငါတို့သည်သစ္စာနှင့် ပြည့်စုံသောသဘော ရှိ၍မိမိကိစ္စနှင့်ကင်းသောယုံကြည်ခြင်း၌တည် လျက်၊စိတ်နှလုံးကိုသံဝေဂ တရားနှင့်လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်းကြည်သောရေဖြင့် ဆေးကြောခြင်းရှိပြီးမှ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့” ဟု ဖော် ပြထားသည်။ သမ္မာကျမ်းစာတွင် အပြစ်ဆေးကြောခြင်းအကြောင်းကို ဆက်လက်၍ဖော်ပြလျက်ရှိသည်။ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ် စိတ်ဖြင့် ကျူးလွန်သောအပြစ်များ ယေရှုဆေးကြောပေးခဲ့ပြီဆိုသည့် သမ္မာ တရားကိုယုံကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံကြရသည်။ 
ယဇ်ပုရောဟိတ်မင်းကြီးသည် ယဇ်ပူဇော်ခြင်းအမှုကိုပြုပြီးလျှင် ကြေးဝါအင်တုံတွင်မိမိကိုယ်ကို ဆေးကြောသုတ်သင်သကဲ့သို့ယေရှု၏ ဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များသည်လည်း ဆေး ကြောခြင်းခံရကြောင့် ကျွန်ုပ်တို့သည် နေ့စဉ်အောက်မေ့ရမည်။ ယဇ်ပုရော ဟိတ်မင်းကြီးသည် ကြေးဝါအင်တုံတွင် ခြေလက်များဆေးကြောသကဲ့သို့  ကျွန်ုပ်တို့သည် လောကတွင်အသက်ရှင်သည့်အခါ မကောင်းမှုဒုစရိုက် ကျူးလွန်သည့်အချိန်များစွာရှိသောကြောင့် ယေရှု၏ဗတ္တိဇံဖြင့်ကျွန်ုပ်တို့၏ အပြစ်များ ဆေးကြောတော်မူခဲ့သည်။ ကျွန်ုပ်တို့သည်ဤလောကတွင်အ သက်ရှင်နေစဥ် ဒုစရိုက်အပြစ်များစွာကျွန်ုပ်တို့ ပြလုပ်ကြမည်ဖြစ်ပါသည်။ 
လောကအပြစ်ဟုဆိုရာတွင်ခန္ဓာ၊ စိတ်၊ တွေးခေါ်မှုစသည့်အနက် တစ်ခုခုဖြင့် ကျူးလွန်သည့်အပြစ် အားလုံးပါဝင်သည်။ လောကအပြစ် အားလုံးကိုမည်သည့်အရာအားဖြင့်သာ ကျွန်ုပ်တို့ဆေးကြောနိုင်ပါသည်။ ယေရှု၏ဗတ္တိဇံကိုယုံကြည်ခြင်းဖြင့် သန့်ရှင်းလာသူတစ်ဦးသည် စိတ်နှလုံး သန့်ရှင်းခြင်းကို ဆက်လက်ထိန်းသိမ်း ရမည်ဖြစ်ပြီး၊ အပြစ်ထပ်မံပြုမိ သောအခါယုံကြည်ခြင်းအားဖြင့် ထပ်မံ၍ဆေးကြောရမည်။ ယေရှု၏ဗတ္တိဇံ ကိုနေ့တိုင်းသတိရလျက် သူတို့၏အပြုအမှုဝတ်လုံကို ယုံကြည်ခြင်းအား ဖြင့် ဆေးကြောသောသူတို့သည် မင်္ဂလာရှိကြ၏။ ယောဟန်၏လက်မှ ဗတ္တိဇံခံယူခြင်းအားဖြင့်ကျွန်ုပ်တို့၏အပြစ်အားလုံးကိုယေရှုထံသို့လွှဲပြောင်း ပေးလိုက်ပြီဖြစ်သဖြင့် နေ့စဉ်ဤသမ္မာတရားကို ယုံကြည်မှုဖြင့်စားမြုံ့ပြန် မည်ဆိုလျှင် အပြစ်များအားလုံးမှထာ၀ရ လွှတ်မြောက်သွားနိုင်ပါသည်။
ယေရှုသည်ယေဟန်၏လက်မှ ဗတ္တိဇံခံယူတော်မူသည့်အခါ သင် တို့၏ အပြစ်အားလုံးသည်ကိုယ်တော့်အပေါ်သို့ ကျရောက်သွားပြီဆိုသည့် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းကို သင်သည်ယုံကြည်ရမည်။ ဤသမ္မာတရားကို သင်ယုံကြည်လိုက်ခြင်းအားဖြင့် မည်သည့်ဆုံးရှုံး နစ် နာမှုမျှမရှိနိုင်သကဲ့သို့ဘုရားသခင်သည်အရာခပ်သိမ်းကို သိတော်မူသော ဘုရားဖြစ်တော်မူသည်အားလျော်စွာဓမ္မဟောင်းကာလမစတင်မီ၊ ဤကမ္ဘာ မတည်မရှိမီကပင် ဤအစီအစဥ်ကို ရေးဆွဲတော်မူခဲ့သည်။ ယေရှု၏ယော ဒန်မြစ်တွင် ဗတ္တိဇံခံယူခြင်းအားဖြင့် သင်၏အပြစ်အားလုံးကို လွှဲပြောင်းရ ယူကာ လက်ဝါးကပ်တိုင်သို့သွားခြင်းအားဖြင့် အပြစ်ဒဏ်စီရင်ခြင်းကိုခံ ခြင်းအားဖြင့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်ကယ်တင်ခြင်းသို့ ရောက်ရှိ သွားပါသည်။ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူသော ယေရှုသည် သင်၏ အပြစ်မှထာ၀ရကာလအတွက်ကယ်တင်တော်မူခဲ့ပြီးမကောင်းသည့် ဩတ္တ ပ္ပစိတ်မှလွတ်ဖို့သင်၏စိတ်ကို ပက်ဖျန်းခြင်း၊သင်၏ခန္ဓာကိုယ်ကိုကြည်သာ ရေဖြင့်ဆေးကြောခြင်းတို့သည် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားပင်ဖြစ် သည်။ ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားသည် အချိန်ကာလနှင့်မဆိုင်ဘဲ မှန်သော သမ္မာတရားသည်သင့်အတွက် ဖြစ်ပြီးသင်ယုံကြည်လိုက်သည်နှင့် အမျှသာ၍တောက်ပမှုရှိလာလိမ့်မည်။
ယေရှုဗတ္တိဇံခံယူပြီးနောက် (၃)နှစ်တာ ကာလအတွင်းမိမိလုပ် ဆောင်ချက်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ဖို့မဟုတ်သေးပေ။ တစ်နည်းအားဖြင့် ယေရှုသည်ကျွန်ုပ်တို့၏အပြစ်အားလုံးကို ယူဖို့ယောဟန် ထံသို့ဗတ္တိဇံခံဖို့သွားခဲ့ပါသည်။ခရစ်ဝင်ကျမ်းလေးကျမ်းစလုံး၏အစပိုင်းတွင် ဤအကြောင်းအရာကို ရေးသား မှတ်တမ်းတင်ခဲ့ကြပါသည်။
သင်နှင့်ကျွန်ုပ်သည် အမှန်အားဖြင့်ငရဲသို့ သွားဖို့ရာထားခြင်းခံ ရသောသူများဖြစ်ကြသည်။ကျွန်ုပ်တို့၏သခင်ဘုရားသည် ယောဟန်၏ လက်မှဗတ္တိဇံခံယူခြင်းအားဖြင့်ကျွန်ုပ်တို့၏အပြစ်အားလုံးကို လွှဲပြောင်းရ ယူဖို့လောကသို့ကြွလာတော်မူပြီးဘုရားသခင်၏သိုးသငယ်အဖြစ် လောက သားအားလုံး၏အပြစ်ကို လက်ဝါးကပ်တိုင်သို့သယ်ဆောင်ပြီးမှ ခြေနှစ် ဖက်၊ လက်နှစ်ဖက်တို့ကိုသံနှင့်ရိုက်ထားခြင်း၊ နှလုံးတော်မှ အသွေးသွန်း လောင်း၍အသေခံခြင်းနှင့်သေခြင်းမှတစ်ဖန် ထမြောက်တော်မူခဲ့ပါသည်။ ထို့ကြောင့် ယေရှုသည် အသက်ထွက်ခါနီး “အမှုပြီးပြီ”ဟု ကြွေးကြော် တော်မူခဲ့သည်။ 
ယေရှုမိန့်တော်မူခဲ့သည်အရာအားလုံးနှင့် ပြုတော်မူခဲ့သည့်အမှု အားလုံးမှန်ကန်မှုရှိပါသည်။ယေရှုသည်ကျွန်ုပ်တို့ကိုကယ်တင်ဖို့ ကျွန်ုပ်တို့ ၏ယဇ် ကောင်ဖြစ်လာတော်မူပြီးသုံးရက်မြောက်နေ့တွင် သေခြင်းမှရှင် ပြန်ထမြောက်တော်မူခဲ့ပါသည်။ သေခြင်းမှပြန်လည် ရှင်ပြန်ထမြောက် တော်မူပြီးနောက် ရက်ပေါင်း (၄၀)အတွင်းသက်သေခံကာ ကောင်းကင်ဘုံ သို့ တက်ကြွတော်မူလျက် ယခု ခမည်းတော်ဘုရား၏ပလ္လင်တော်လက်ယာ ဖက်တွင် ထိုင်နေတော်မူသည်။ ဤယေရှုသည်ပင်လျှင် ကျွန်ုပ်တို့အား ခေါ်ဆောင်ဖို့တစ်ဖန်ကြွလာတော်မူလိမ့်မည်။ ယေရှုသည်လောကသို့ပထ မအကြိမ်ကြွလာစဉ်ကလောကကိုကယ်တင်ဖို့ဖြစ်သော်လည်း ဒုတိယအ ကြိမ်ပြန်လည်ကြွလာသည့်အခါ မယုံကြည်သူအားလုံးကို အပြစ်ဒဏ်စီရင် ဖို့ တရားသူကြီးအဖြစ်ကြွလာတော်မူလိမ့်မည်။
ယေရှုသည် ဤလောကတွင် (၃၃)နှစ်အသက်ရှင်စဉ် ကာလ ပြည့်စုံစေတော်မူခဲ့သည့်ရေ၊အသွေး၊ဝိညာဉ်ကယ်တင်ခြင်းအပေါ် ယုံကြည် သောဘုရားသခင်၏သားသမီးများကိုခေါ်၍လက်ခံပြီးအနှစ် ၁၀၀၀ ကာလ နှင့်ထာ၀ရကောင်းကင်နိုင်တွင် အသက်ရှင်စေဖို့ရန်နှင့် ဘုရားသခင်၏ မေတ္တာကို ငြင်းပယ်သောသူရေ၊အသွေးနှင့်ဝိညာဉ်တော်ဧဝံဂေလိ တရား ကို မယုံသောသူတို့အား ထာ၀ရတရားစီရင်ခြင်းခံယူစေဖို့ တရားသူ ကြီးအ ဖြစ် တစ်ဖန်ကြွလာတော်မူလိမ့်မည်ကို သင်သည် သဘောပေါက်ရမည်။
ယခုသင်သည် ရေနှင့်ဝိညာဉ်ဧဝံဂေလိသတင်းကောင်းကို မသိ လျစ်လျူရှုလျက် တာရှည်စွာနေ၍မရသကဲ့သို့ ၎င်းမသိဘဲနေ၍မရတော့ဘဲ ဤကယ်တင်ခြင်းသမ္မာတရားကိုသင်ယုံကြည်ရမည်။ ဘုရားသခင်သည် တဲတော်နှင့်ယဇ်ပူဇော်ခြင်းနည်းစနစ်အားဖြင့် ကတိတော်ပေးတော်မူခဲ့ သည့်အတိုင်းယေရှုခရစ်သည် လောကသို့ကြွလာတော်မူ၍လက်တင်ခံခြင်း ဖြင့်ဗတ္တိဇံကိုယူပြီး လက်ဝါးကပ်တိုင်ပေါ်ဝယ် အသေခံတော်မူခြင်းဖြင့် လောက လူသားတစ်ရပ်လုံးကို အပြစ်ထဲမှကယ်တင်ခဲ့သဖြင့် သင်၏စိတ်နှ လုံးထဲမှ ဤသမ္မာတရားကိုယုံကြည်ခြင်းဖြင့်သင်၏အပြစ်ဆေးကြောခြင်း ခံယူရမည် ဖြစ်သည်။ 
ဣသရေလလူမျိုးများသည် အခြားမေရှိယကို အလိုရှိသည့်အထိ သမ္မာတရားလမ်းမှ ဖယ်သွားကြသည်ကို တွေ့ရသည်။ ဣသရေလူမျိုးများ သည် မည်မျှပင်အပင်ပန်းခံ၍ မေရှိယရှိစောင့်နေစေကာမူ ယေရှုမှလွဲ၍ အ ခြားမေရှိယကိုတွေ့နိုင်မည်မဟုတ်ပေ။ ကမ္ဘာပေါ်တွင် ယေရှုမှတပါးအခြား မေရှိယမရှိဆိုသည် သမ္မာတရားကို မိမိကိုယ်ကို အထောက်အထားပြနိုင် သဖြင့်ဤသမ္မာတရား ရောက်လာသောအခါ ဣသရေလလူမျိုးများကို ချွင်း ချက်ထား၍မရသည့်အပြင်သူတို့အတွက်သီးခြားမေရှိယသတ်သတ်မရှိပေ။
ထိုသို့အားဖြင့် ဣသရေလလူမျိုးများသည် ဘုရားသခင်၏သား တော် ယေရှုခရစ်ကိုမယုံကြည်သည့်အတွက် နောင်တရလျက် သူတို့သည် ယေရှုခရစ်အားစစ်မှန်သောမေရှိယကယ်တင်ရှင်ယေရှုခရစ်အဖြစ်ယုံကြည် ကာ ဤသမ္မာတရားကို လက်ခံရမည်။ ယေရှုခရစ်သည်စစ်မှန်သော ကယ်တင်ရှင်အဖြစ် တဖန်အသိအမှတ်ပြုယုံကြည်လျက် ဣသရေလလူ မျိုးများသည်ဝိညာဉ်ပိုင်းဆိုင်ရာ ဘုရားသခင်၏ရွေးချယ်တော်မူသောနိုင်ငံ ဖြစ်လာနိုင်သည်။ 
ယနေ့တိုင်အောင် ဣသရေလလူမျိုးများသည်ဂုဏ်သိက္ခာရှိ၊စွမ်း ဆောင်၊တန်ခိုးကြီးသောမေရှိယကိုစောင့်နေကြသည်။ကိုယ်တော် ရောက် လာလျှင် ဤလောက၏ဆင်းရဲဒုက္ခများနှင့်စိတ်ပျက်ဖွယ်အဖြစ်အပျက်များ မှကယ်တင်တော်မူလိမ့်မည်ဟု ယုံကြည်ကြသည်။ သို့သော် သခင်ယေရှု ခရစ်တော်သည် ဤလောကသို့ မေရှိယအဖြစ်လူ့ဇာတိကိုခံယူတော်မူ လျက် သူတို့ကိုကယ်တင်ခဲ့ပြီး ဖြစ်သည်။ သူတို့သည် မိမိအပြစ်ကြောင့် မီး အားဖြင့် တရားစီရင်ခြင်းခံရမည့်သူများဖြစ်ကြသည်။ထိုသို့ဖြင့် သူတို့သည် ဤသမ္မာ တရားကိုအသိအမှတ်ပြုလျက်ယုံကြည်ရမည်။ သခင်ယေရှုသည် ဤလောကသို့ကြွလာတော်မူလျက် ဓမ္မဟောင်းကျမ်းတွင်ကတိပြုတော်မူ သည့်အတိုင်း အပြစ်ဖြေရာယဇ်ပူဇော်ပေးတော်မူခဲ့သည်။ သူတို့၏အပြစ် များမှထာဝရကယ်တင်ခဲ့၍ ဘုရားသခင်၏လူများဖြစ်စေတော်မူခဲ့သည်။ 
ကယ်တင်ရှင်အဖြစ် ကြွလာတော်မူသောယေရှုခရစ်သည် ရေနှင့် ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းအားဖြင့် ကျွန်ုပ်တို့အား ကယ်တင် ခဲ့ပြီးအပြာရောင်၊ ခရမ်းရောင်၊အနီရောင်၊အဖြူရောင်ချည်ကြိုးဖြင့် ထိုသမ္မာ တရားသည် ထင်ရှားခဲ့သည်။ဤသမ္မာတရားကို သေချာစွာယုံကြည်သော သူတို့အားအနှစ်တစ်ထောင်ကာလကိုစိုးစံခွင့်ပေးတော်မူလိမ့်မည်။ ဤသို့ ဖြစ်ပြီးနောက်ဘုရားသခင်၏ထာ၀ရနိုင်ငံသို့သူအားဝင်ခွင့်ပေးတော်မူပြီးဘု ရားသခင်နှင့်အတူ ပျော် ရွှင်ခြင်း၊ ဘုန်းတန်ခိုးဖြင့် ခံစားရလိမ့်မည်။
ထိုသို့ဖြင့် ကျွန်ုပ်တို့သည်လောကတွင် ဆက်လက်၍အသက်ရှိ သည့်အခါ ကျွန်ုပ်တို့၏စိတ်နှလုံးဖြင့် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသတင်း ကို ယုံကြည်လျက်ဘုရားသခင်ပိုင်ဆိုင်သည့် သားတော်သမီးတော် များဖြစ် ရကြမည်။ ဤဧဝံဂေလိသမ္မာတရားကို ယုံကြည်သောသူတို့သည်သာ အ ပြစ်ကင်းမဲ့သောဘုရားသခင်၏သားတော်သမီးတော်များ ဖြစ်လာကြပြီး ကောင်းချီးမင်္ဂလာရရှိဖို့ အာမခံချက်နှင့်အတူ လာမည့်ကမ္ဘာမှစောင့်ကြည့် လျက်ရှိသည်။
ဟာလေလုယာ။ ကောင်းကင်ဆိုင်ရာဝိညာဉ်ရေးရာ ကောင်းချီမင်္ဂ လာများ ကျွန်ုပ်တို့အားပေးအပ်တော်မူသဖြင့် ကျွန်ုပ်ဘုရားသခင်ကို ချီး မွမ်းပါသည်။ကျွန်ုပ်တို့၏သခင်ဘုရားမကြာမီပြန်ကြွလာဖို့ကတိပေးထားပါသည်။ သခင်ဘုရား အလျင်အမြတ်ကြွလာတော်မူပါ။