Często Zadawane Pytania na temat Wiary Chrześcijańskiej
Temat 1: Ponowne narodziny z wody i Ducha
1-29. ယေရှုသည် ကျွန်ုပ်ကို ကယ်တင်ခဲ့ကြောင်း သေသေချာချာ ယုံကြည်ပါသည်။ ကျွန်ုပ်၏စိတ်နှလုံးတွင် ခိုင်မာသောယုံကြည်ခြင်းနှင့် အတူ ငြိမ်သက်ခြင်းလည်းရရှိပါသည်။ သို့သော် မိတ်ဆွေ၏တရားဒေသနာ ကြောင့် ခေါင်းရှုတ်ရပါသည်။ ကယ်တင်ခြင်းရရှိရန် သူ၏ကားတိုင်တော် နှင့်အတူ ဗတ္တိဇံကိုပါ ယုံကြည်ရမည်လား။
အကယ်၍ သင်သည် ယေရှု၏ဗတ္တိဇံကို မယုံကြည်လျှင် စိတ်ထဲတွင် အပြစ်ရှိသေးကြောင်း သေချာပါသည်။ တမန်တော်ရှင်ယောဟန်က “ကိုယ် အပြစ်မရှိဟု ငါတို့ဆိုလျှင် ကိုယ့်ကိုယ်ကို လှည့်ဖြားကြ၏” ဟုဖော်ပြထား ပါသည်။ အကယ်၍ သင်သည် မိမိတွင် အပြစ်မရှိပါဟု ပြောနေသော်လည်း ယေရှု၏ဗတ္တဇံကို မယုံကြည်သောကြောင့် အမှန်တကယ် အပြစ်ရှိသော် လည်း မိမိကိုယ်မိမိအသိတရားဖြင့် လှည့်စားခြင်းသာဖြစ်သည်။ သင်၏အ ထံ၌ အမှန်တရားမရှိသည့်လက္ခဏာပင်ဖြစ်သည်။ ယေရှု၏ဗတ္တဇံနှင့် ကား တိုင်တော်ကိုယုံကြည်ခြင်းအားဖြင့် ဆုကျေးအဖြစ် အပြစ်လွှတ်ခြင်းအခွင့် ကို ရရှိသောအခါ ကျွန်တော်တို့၏နှလုံးသားထဲတွင် ခိုင်မာသော ကယ်တင် ခြင်းရရှိကြောင်း သိသာလာမည်။
တမန်တော်ရှင်ပေါလုက “ဤဧဝံဂေလိတရားမှလွဲ၍ အခြားဧဝံဂေ လိတရားမရှိ” (ဂလာ ၁း၇) ဟုဆိုခဲ့သည်။ ယေရှုထံမှ တမန်တော်တို့ရရှိ၍ လူအပေါင်းတို့ကို ဟောပြောသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းမှ တပါး အပြစ်အားလုံးမှကျွန်တော်တို့ကို ကယ်တင်နိုင်သည့် အခြားသော ဧဝံဂေလိတရားမရှိပါ။ အကယ်၍ တမန်တော်တို့ ဟောပြောသော ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကိုမယုံကြည်လျှင်ကျွန်တော်တို့အထဲ၌ အပြစ် များ ရှိနေဆဲဖြစ်သည်။
ကျွန်တော်တို့အထဲတွင် အပြစ်ရှိနေဆဲအချိန်မှာ ခိုင်မာသောကယ် တင်ခြင်းဖြင့် မည်သို့အသက်ရှင်နိုင်မည်နည်း။ ဒုတိယမွေးဖွားခြင်းမခံရ သေးသော်လည်း ဘုရားသခင်၏ရှေ့မှောက်တွင် ကောင်းမွန်စွာ ပြုမူသော ခရစ်ယာန်များသည် ခိုင်မာသောယုံကြည်ချက်နှင့်ပျော်ရွှင် မှုအပြည့်အ ဝဖြင့် ကယ်တင်ခြင်းသေချာသူများဟုဆိုနိုင်သော်လည်း ကြီးမားသောအ ပြစ်များကိုကျူးလွန်မိသောအခါ သူတို့၏စိတ်နှလုံးထဲရှိ အပြစ်ဝန်ထုပ်ဝန် ပိုးကြောင့် သေချာမှုမရှိတောဘဲစိုးရိမ်သည့်အခြေအနေတွင် ရပ်တည်နေ ကြသည်။ ဘုရားသခင်ထံတော်မှလာသော ကယ်တင်ခြင်းမဟုတ်ဘဲ မိမိအ တွေးအခေါ်၊ စိတ်လှုပ်ရှားမှုပေါ်အခြေခံသော အတုအယောင်ကယ်တင် ခြင်းသာဖြစ်သည်။ သူတို့သည်နေ့စဉ်နောင်တတရားနှင့် ဆုတောင်းခြင်း ဖြင့်၄င်း၊ သန့်ရှင်းသောသူဖြစ်လာရန် ကြိုးစားခြင်းဖြင့်၄င်း၊ လှုပ်ခါနေသော သူတို့၏ ကယ်တင်ခြင်းကို စောင့်ရှောက်လေ့ရှိ ကြသည်။
ဤမှားယွင်းသော ကယ်တင်ခြင်းကို ယုံကြည်သောသူများသည် နေ့စဉ်အပြစ်များကိုလွှတ်ဖို့ရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်းဖြင့် ၄င်း၊ ကောင်းသောအကျင့်ကိုကျင့်၍ ပညတ်တရားကို စောင့်ရှောက်ခြင်း ဖြင့်၄င်း၊သန့်ရှင်းသောအသက်တာရှိခဲ့လျှင်တနေ့နေ့တွင်ပြည့်စုံ သောကယ် တင်ခြင်းရပါလိမ့်မည်ဟု ထင်ကြသည်။ သို့သော်လည်း ယေရှု၏ဗတ္တိဇံကို ယုံကြည်ခြင်းဖြင့်သူတို့၏အပြစ်အလုံးစုံကို ယေရှုအပေါ် အပြစ်ပုမချခဲ့လျှင် အပြစ်သားများပင်ဖြစ်သည်။
ကျွန်ုပ်တို့ကို ဟောပြောခဲ့သောယော်ဒန်မြစ် ယောဟန်ထံမှဗတ္တိဇံ ခံယူခြင်းအားဖြင့်၄င်း၊ ကားတိုင်တော်အားဖြင့်၄င်း၊ ဤလောက၏အပြစ်အ လုံးစုံအားယေရှုကိုယ်တိုင် ယူဆောင်သွားသည်ဟူသော ဘုရားသခင်ပြင် ဆင်ပေးထားသည့် ကယ်တင်ခြင်းသည် ပြီးပြည့်စုံ သောကယ်တင်ခြင်း ဖြစ်သည်။
ထို့နောက် ရှင်ယောဟန်ကကိုယ့်အပြစ်တို့ကို ဖော်ပြတောင်းပန် လျှင်ငါတို့အပြစ်များကိုလွှတ်၍ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေသည်။(၁ယော ၁း၉) အကယ်၍နားမလည်သောကြောင့် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတ ရားအားဖြင့် ကျွန်တော်တို့၏အပြစ်များကို မလွှတ်ဘဲနေလျှင် ဘုရားသခင် ရှေ့မှောက်တွင် အပြစ်သားဖြစ်ကြောင်း ဝန်ခံရမည်။ သူ့ကို ယုံကြည်သော် လည်း အပြစ်ကြောင့် ငရဲကိုဦးတည်၍ လျှောက်လှမ်းနေသည်ကို သဘော ပေါက်ရမည်။ ဤသည်မှာ စစ်မှန်သော အပြစ်ဝန်ခံခြင်းဖြစ်သည်။ အပြစ် ကြီးသည်သေးသည်မှာ အကြောင်းမဟုတ်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းမပါဘဲ အပြစ်များကို ဆေးကြော၍ မရပါ။ ဤအတိုင်း အပြစ်ကို ဝန်ခံသောအခါ ရေနှင့်ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ဆေး ကြောကာ ဖြောင့်မတ်သောသူဖြစ်စေပါသည်။
ယခုအချိန်သည် နှစ်သက်ဖွယ်ကောင်းသောကာလဖြစ်သည်။(၂ ကော ၆း၂)ကားတိုင်တော်နှင့် ယေရှု၏ဗတ္တိဇံသတင်းကောင်းကို ကြားနာ ၍ ယုံကြည်သောသူတိုင်းသည် အပြစ်မှလွတ်မြောက်၍ ဖြောင့်မတ်သော သူဖြစ်လာသည်။ ကိုယ်တော်ကြွလာမည့်အချိန်သည် မည်သည့် အချိန်ဖြစ် စေ၊နိုင်ငံတော်ကိုဝင်စားဖို့ခိုင်မာသောယုံကြည်ချက်နှင့်အတူ အဆင်သင့် ဖြစ်ပါလိမ့်မည်။ခံယူချက်၊ ဘုရားအကြောင်းလေ့လာသည့်ပညာနှင့် အခြား သောယုံကြည်ခြင်းများသည် စစ်မှန်သောသတင်းကောင်းအပေါ် သက်ဝင် ယုံကြည်ခြင်းထက် ကျွန်တော်တို့ကို ကယ်တင်ခြင်းပေးနိုင်မည်မဟုတ်၊ လိမ်လည်လှည့်ဖြားခြင်းသာဖြစ်သဖြင့် သက်ရှိလူသားများ၏အတွေးအ ခေါ်ထဲထိုအရာကိုစာတန်မာရ်နတ်ကထည့်သွင်းပေးထားသည်။ ထို့ကြောင့် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားသို့ပြန်သွား၍ ကျွန်တော်တို့၏စိတ်နှ လုံးထဲရှိသော အပြစ်များမှ စစ်မှန်သောကယ်တင်ခြင်းကို လက်ခံယုံကြည် ရမည်။
- Przed
1-32. Jeśli powiemy, że Jezus już wyeliminował wszystkie nasze grzechy przeszłości, teraźniejszości i przyszłości, zgodnie z twoim twierdzeniem, jak wyglądałaby przyszłość osoby, która nieustannie popełniałaby grzech, myśląc o tym, że jej grzechy zostały już usunięte przez wiarę w chrzest Jezusa i Krzyż? Nawet jeśli ta osoba zabije inną osobę, będzie myśleć, że nawet ten rodzaj grzechu został odpokutowany przez Jezusa. Dlatego będzie nadal grzeszyć bez wahania, wierząc, że Jezus już wyeliminował nawet grzechy, które popełni w przyszłości. Proszę wyjaśnij mi te kwestie.