Często Zadawane Pytania na temat Wiary Chrześcijańskiej
Temat 1: Ponowne narodziny z wody i Ducha
1-30. အကယ်၍ ရေနှင့်ဝိညာဉ်တော်အကြောင်း သင်၏ သဘော ပေါက်ခြင်းသည်အမှန်ဖြစ်လျှင်ကားတိုင်ပေါ်မှလူဆိုးတို့အတွက် ကယ်တင် ခြင်းရနိုင်ဘွယ်မရှိပါ။ အကယ်၍ ကားတိုင်ပေါ်က လူဆိုးတို့ကို စည်းမျဉ်း စည်းကမ်း၏ချွင်းချက်တခုအနေဖြင့် ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ဘုရား သခင်သည် နိုင်ငံဝင်စားဖို့ရန်သတ်မှတ်ထားသောသူ၏ စည်းမျဉ်းစည်း ကမ်းကို သူကိုယ်တိုင် ဖောကဖျက်သောကြောင့် တရားမျှတမှုမရှိပါ။ ကား တိုင်ပေါ်က လူဆိုးများ၏ကယ်တင်ခြင်းအမှုကို မည်သို့ ဖြေရှင်းပေးမည် နည်း။
ထိုအချိန်တွင် ဂျူးတို့သည် မေရှိယကို စောင့်မျှော်နေသောအချိန်ဖြစ် သည်။ ထို့ကြောင့် ဂျူးတို့သည် မောရှေအားဖြင့် ဘုရားသခင်ပေးသော ပညတ်တရားနှင့်ယဇ်ပူဇော်ခြင်း စနစ်များကို အခြားသောသူများထက်ပို၍ နားလည်ကြသည်။ဘုရားသခင်၏ အပြစ်များဖြေ လွှတ်ခြင်းတည်းဟူသော ပညတ်တရားအဆိုအရ မေရှိယသည် ကြွလာ၍ သူတို့ကိုအပြစ်မှ ကယ် တင်တော်မူမည့်အကြောင်း ယုံကြည်ကြသည်။
သို့သော် ဗတ္တိဇံယောဟန်ထံမှ ခံယူသောယေရှု၏ဗတ္တိဇံသည် ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်ကို၄င်း၊ ထိုဗတ္တိဇံသည် ဤလောက၏ အပြစ်အလုံးစုံကို ယေရှုထံလွှဲအပ်ခြင်း သဘောသက်ရောက်ကြောင်းကို ၄င်း၊ မယုံကြည်ကြချေ။ (မာကု ၁၁း၂၇-၃၃) ထိုသို့ ယုံကြည်ရမည့်အစား လူတွေကိုလမ်းလွှဲစေသောသူအဖြစ် သဘောထားကြသောကြောင့်ကား တိုင်တွင် သတ်ခဲ့ကြသည်။
ရောမနိုင်ငံကို ရောမဥပဒေအရ၊ ကားစင်တင်၍ သတ်ခြင်းမှ ကာ ကွယ်ထားသည်။(တမန် ၂၂း၂၅-၂၉၊ ၂၃း၂၇) ထို့ကြောင့် ကားတိုင်တင်ခြင်း ခံရသော လူဆိုးများသည် ရောမသားများမဟုတ်ဘဲ ဂျူးလူမျိုးများဖြစ် ကြောင်း သိရပါသည်။ နောက်တဖန် “သခင်ကိုယ်တော်သည် နိုင်ငံတည် လျက်ကြွလာတော်မူသောအခါအကျွန်ုပ်ကို အောက်မေ့တော်မူပါ” (လုကာ ၂၃း၄၂)ဟုလျှောက်ထားသောစကားအရသူသည် ဘုရားသခင်ကို ကြောက် ရွံ့ရိုသေသော ဂျူးတစ်ယောက်ဖြစ်ကြောင်း သိရပါသည်။ ထိုလူဆိုးသည် မောရှေကို ဘုရားသခင်ပေးထားသော ပညတ်တရားနှင့် ယဇ်ပူဇော်ခြင်း နည်းစနစ်များကို နားလည်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရား သခင်၏အပြစ်ဖြေရာပညတ်တရား၏အဆိုအရ မေရှိယကြွလာမည်ကို ယုံ ကြည်ထားသူ ဖြစ်သည်။
သူတို့သည်ငရဲသို့ဦးတည်လျက်လျှောက်လှမ်းနေကြသော အပြစ် သားများဖြစ်သဖြင့် ဘုရားသခင်ထံတော်၌ အပြစ်ကို ဝန်ခံရလိမ့်မည်။ ထို လူဆိုးကလည်း “ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည် ဖြစ်၍ တရားသဖြင့် ခံရကြ၏” (လုကာ ၂၃း၄၁)ဟုဆိုလျက် သူ့အပြစ်ကို ဝန်ခံခဲ့သည်။ နောက်တဖန် “သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည် လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ” ဟုဆို သည့်စကားကို ကြည့်ခြင်းအားဖြင့် ထိုလူဆိုးသည် ဘုရားသခင်ကို ချစ် ကြောက်ရိုသောသူဖြစ်ကြောင်း သိရပါသည်။
ထိုလူဆိုးက“ဤသူမူကား၊ အဘယ်အပြစ်ကိုမျှမပြု” (လုကာ ၂၃း ၄၁) ဟုဆိုလေသည်။ ထိုလူဆိုးသည် ယေရှုလုပ်ဆောင်ခဲ့သမျှကို မည် သို့သိနိုင်မည်နည်း။ ထိုလူဆိုးကလည်း ယေရှုသည် သန့်ရှင်းသောဝိ ညာဉ်တော်အားဖြင့်ပဋိသန္ဓေတည်သောသူဖြစ်ကြောင်းကို၄င်း၊ အပျိုက ညာမာရိမှ မွေးဖွားလာသူဖြစ်ကြောင်းကို၄င်း၊ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူသည်ကို၄င်း၊ လူသားအားလုံး၏ကိုယ်စား ဤလောက၏အပြစ်အား လုံးကိုယူဆောင်၍ ကားတိုင်တင် အသတ်ခံရကြောင်းကို၄င်း၊ ယုံကြည်ခဲ့ သည်။ သူသည် ဤလောက၌ လုပ်ဆောင်ခဲ့သည့် အဖိုးအခအဖြစ် ကား တိုင်ပေါ်တင်လျက် သတ်ခြင်းခံရသော်ငြားလည်း လူအားလုံးအတွက် ခရစ် တော်ယေရှုပြုခဲ့သမျှသောအမှုကိုယုံကြည်သောဂျူးတစ်ယောက်ဖြစ်သည်။
ယောဟန်ဟောကြားခဲ့သောစကားကိုကြားနာရလျှင် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို သိမှတ်လျက်၊ ယောဟန်ပေးသောဗတ္တိဇံကို ခံယူခြင်း အားဖြင့် အပြစ်များကို ဆက်ကပ်အပ်နှံကြသည်။ သို့သော်လည်း နောင်တ ရလျက် ယောဟန်၏ဗတ္တိဇံကိုပါမယုံကြည်သောကြောင့် ဘုရားသခင်ကြံ စည်တော်မူသော ကျေးဇူးတော်ကို ငြင်းပယ်၍ ယောဟန်၏ဗတ္တိဇံကို မခံဘဲနေကြသည်။ (လုကာ ၇း၂၈-၃၀)
ထိုလူဆိုးသည် အခြားလူဆိုးများကဲ့သို့မဟုတ်ဘဲ ယေရှုလုပ် ဆောင်ခဲ့သမျှအမှုတော်တိုင်း မှန်ကန်၍ ဖြောင့်မတ်သောအမှုဖြစ်ကြောင်း ဝန်ခံလျက် ကယ်တင်းခြင်းကို ရသည်။ ထိုသူတို့ထဲတွင် သူသည်သာလျှင် အမှုအရာအားလုံးကို ကြားနာ၍ ဖြည့်စွမ်းပေးသော ဂျူးလူမျိုးတစ် ဦးဖြစ် သည်။ (လုကာ ၁း၁)သူသည် နောက်ဆုံး ကားတိုင်ပေါ်ရောက်မှသာ ဗတ္တိဇံ အားဖြင့် သူ၏အပြစ်အလုံးစုံကို ယေရှုကိုယ်တိုင် ယူဆေင်သွားခဲ့ကြောင်း နားလည်ယုံကြည်ပြီး ယေရှုသည် ဖြောင့်မတ်သောဖြစ်ကြောင်းကို၄င်း၊ ပု ရောဖက်ပြုထားသောမေရှိယဖြစ်ကြောင်းသက်သေခံနိုင်ခဲ့သည်။ဤသို့ဖြင့် သူသည် ကယ်တင်ခြင်းရခဲ့သည်။ သူသည်လည်း ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းကို ခံယူရရှိခြင်းဖြစ် သည်။ အကြောင်းမှာ ဘုရားသခင်သည် တရားမျှတသောဘုရားဖြစ်သည်။ ဝိညာဉ်လောကနှင့်ဆိုင်သောပညတ်တရားအရယေရှု၏ဗတ္တိဇံနှင့်ကားတိုင် ကို ယုံကြည်သောသူများသည် မှန်ကန်ကြောင်း ထင်ရှားစေသည်။
- Przed
1-32. Jeśli powiemy, że Jezus już wyeliminował wszystkie nasze grzechy przeszłości, teraźniejszości i przyszłości, zgodnie z twoim twierdzeniem, jak wyglądałaby przyszłość osoby, która nieustannie popełniałaby grzech, myśląc o tym, że jej grzechy zostały już usunięte przez wiarę w chrzest Jezusa i Krzyż? Nawet jeśli ta osoba zabije inną osobę, będzie myśleć, że nawet ten rodzaj grzechu został odpokutowany przez Jezusa. Dlatego będzie nadal grzeszyć bez wahania, wierząc, że Jezus już wyeliminował nawet grzechy, które popełni w przyszłości. Proszę wyjaśnij mi te kwestie.