Search

တရားဟောချက်များ

ဘာသာရပ် ၃ - ရေနှင့်ဝိညာဉ်တော်သတင်းကောင်း

[3-3] ရေ၊ အသွေးနှင့် ဝိညာဉ် တော်အားဖြင့်ကြွလာသော သခင်ယေရှုခရစ်တော် (၁ ယော ၅း၁-၁၂)

ရေ၊ အသွေးနှင့် ဝိညာဉ် တော်အားဖြင့်ကြွလာသော သခင်ယေရှုခရစ်တော်
(၁ ယော ၅း၁-၁၂)
“ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်၏။ ပေါက်ဖွားစေတော်မူသောအရှင်ကို ချစ်သောသူတိုင်းသည် ထိုအရှင်ထံမှပေါက် ဖွားလာသောသူကိုလည်းချစ်၏။ ငါတို့သည် ဘုရားသခင်ကိုချစ်၍ ဘုရားသခင်၏ပညတ်တော်တို့ကိုလိုက်နာကျင့်သုံးကြလျှင် ထိုအမှု အရာအားဖြင့် ငါတို့သည် ဘုရားသခင်၏သားသမီးများကိုချစ်ကြောင်း ငါတို့သိကြ၏။ ဘုရားသခင်ကိုချစ်ခြင်းဆိုသည်မှာ ဘုရား သခင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းပင်ဖြစ်၏။ ဘုရားသခင်၏ပညတ်တော်တို့သည်လည်း စောင့်ထိန်းရန်ခဲယဉ်းသည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်ထံမှပေါက်ဖွားလာသောသူတိုင်းသည် လောကကိုအောင်နိုင်၏။ လောကကိုအောင်နိုင်သော အောင်ပွဲမှာ ငါတို့၏ယုံကြည်ခြင်းပင်ဖြစ်၏။ မည်သူသည် လောကကိုအောင်နိုင်သနည်း။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ယုံ ကြည်သောသူပင်မဟုတ်လော။ ယေရှုခရစ်တော်သည် ရေနှင့်သွေးအားဖြင့် ကြွလာတော်မူသောအရှင်ဖြစ်၏။ ရေအားဖြင့်သာမဟုတ်ဘဲ ရေနှင့်သွေးအားဖြင့်ကြွလာတော်မူ၏။ ဝိညာဉ်တော်သည် သက် သေခံသောအရှင်ဖြစ်၏။ အကြောင်းမှာ ဝိညာဉ်တော်သည် သမ္မာ တရားဖြစ်တော်မူ၏။ ဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက် သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်ကြ၏။ ငါတို့သည် လူ၏သက်သေခံချက်ကို လက်ခံကြသည်ဆိုလျှင် ဘု ရားသခင်၏သက်သေခံတော်မူချက်သည် ပို၍ကြီးမြတ်၏။ အဘယ် ကြောင့်ဆိုသော် ဘုရားသခင်၏သက်သေခံတော်မူချက်သည် မိမိ၏သားတော်နှင့်ပတ်သက်၍ပေးထားသောသက်သေခံတော်မူချက်ဖြစ်၏။ ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူသည် ဤသက် သေခံချက်ကို မိမိအထဲ၌ရရှိထား၏။ ဘုရားသခင်ကိုမယုံကြည်သောသူမူကား ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၏။ အ ဘယ်ကြောင့်ဆိုသော် ဘုရားသခင်က မိမိ၏သားတော်နှင့်ပတ် သက်၍ သက်သေခံတော်မူသောသက်သေခံချက်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။ ထိုသက်သေခံချက်မှာ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူပြီး ထိုအသက်သည် ဘုရားသခင်၏သားတော်၌ရှိ၏ဟူ၍ ဖြစ်၏။ သားတော်ကိုရရှိသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရရှိသောသူမူကား အသက်ကိုမရ။”
 

ယေရှုသည် မည်သည့်အရာအားဖြင့် ကြွလာတော်မူသနည်း
ရေ၊ အသွေးနှင့် ဝိညာဉ်တော်

သခင်ယေရှုသည် ရေအားဖြင့် ကြွလာတော်မူခဲ့သလော။ ကြွ လာတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံအားဖြင့် ကြွလာ တော်မူ ခဲ့သလော။ ရေမှာ ယောဒန်မြစ်၌ ဗတ်တိဇံယောဟန်အားဖြင့် သခင် ယေရှု၏ဗတ္တိဇံကို ပုံဆောင်ထားသည်။ ၎င်းမှာ ကိုယ်တော်သည် လောကအပြစ်များအားလုံးကိုယူဆောင်သွား‌တော်မူခဲ့သော ရွေးနှုတ် ခြင်း ဗတ္တိဇံဖြစ်သည်။ 
သခင်ယေရှုသည် အသွေးအားဖြင့် ကြွလာတော်မူခဲ့သလော။  ဟုတ်ပါသည်။ ကြွလာတော်မူခဲ့သည်။ ကိုယ်တော်သည် လူသားတစ် ဉီးအဖြစ် အသွေးအသားဖြင့် ကြွလာတော်မူခဲ့၍  လောကအပြစ်များ အားလုံးကို ယူဆောင်သွားတော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့ပြီးနောက် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် အ ပြစ်၏အခများကို ပေးဆပ်ပေးတော်မူခဲ့သည်။ သခင်ယေရှုသည် အ သွေးအားဖြင့် ကြွလာတော်မူခဲ့သည်။ 
သခင်ယေရှုသည် ဝိညာဉ်တော်အားဖြင့် ကြွလာတော်မူခဲ့သ လော။  ဟုတ်ပါသည်။ ကြွလာတော်မူခဲ့သည်။  သခင်ယေရှုသည် ဘုရားဖြစ်တော်မူသော်လည်း ကိုယ်‌တော်သည် အပြစ်သား များ၏ ကယ်တင်ရှင်ဖြစ်လာရန် အသွေးအသားဖြင့် ဝိညာဉ်အဖြစ် ကြွဆင်း တော်မူခဲ့သည်။ 
သခင်ယေရှုသည် ရေ၊ အသွေးနှင့် ဝိညာဉ် တော်အားဖြင့် ကြွလာတော်မူခဲ့သည်ဟု လူများစွာတို့သည် မယုံကြည်ကြပေ။  သခင်ယေရှုသည် ဘုရင်တကာတို့၏ဘုရင်၊ ဘုရားတကာတို့၏ဘု ရားအမှန်ဖြစ်တော်မူသည်ဟု အနည်းငယ်ကသာ ယုံကြည်ကြသည်။ လူအများစုတို့သည် ‘သခင်ယေရှုသည် ဘုရားသခင်၏သားတော် သို့ မဟုတ် လူသား အမှန်အကန်ဖြစ်တော်မူသလော”ဟု မိန်းမောတွေ ဝေနေကြသည်။  သီအိုလောဂျီပညာရှင်များနှင့် အမှုတော်ဆောင် များအပါအဝင် လူများစွာတို့က သခင်ယေရှုကို ဘုရား၊ ကယ်တင်ရှင် နှင့် ဧကောဗုဒ္ဓေါအဖြစ်ထက် လူသားတစ်ဉီးဖြစ်သည် ဟု ယုံကြည် ကြသည်။ 
သို့သော် သခင်ယေရှုသည် ဘုရင်တကာ တို့၏ဘုရင်၊ စစ်မှန် သောဘုရားနှင့် စစ်မှန်သောကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ယုံ ကြည်သူများသည် ကိုယ်တော်အားဖြင့် မွေးဖွားကြလိမ့်မည်ဟု ဘု ရားသခင်မိန့်တော်မူခဲ့သည်။ ဘုရားသခင်ကို ချစ်သောသူများက သ ခင်ယေရှုကို ချစ်၍ ဘုရားသခင်၏အမှန်အကန်ယုံကြည်သူများသည် ထိုနည်းလမ်းအတိုင်း သခင်ယေရှုကို ယုံကြည်ကြသည်။ 
လူများသည် ဒုတိယမွေးဖွားခြင်းမခံလျှင် လောကကို မအောင် နိုင်ကြပေ။ ထိုကြောင့် တမန်တော်ရှင်ယောဟန်က စစ်မှန်သောခရစ် ယာန်များသည် လောကကို အောင်နိုင်ကြသည်ဟု ကျွန်ုပ်တို့အား ပြောခဲ့သည်။ သစ္စာရှိသူများသည် လောကကို အောင်နိုင်သည့်အ ကြောင်းမှာ သူတို့သည် ရေ၊ အသွေးနှင့် ဝိညာဉ်တော်ကို ယုံ ကြည်ကြသောကြောင့် ဖြစ်သည်။  လောကကို အောင်နိုင်သော တန်ခိုးသည် လူသားများ၏ဆန္ဒ၊ ကြိုးပမ်းမှု သို့မဟုတ် ဝန်တာမှ မစီး ထွက်လာနိုင်ပေ။ 
 “ငါသည် လူ့ဘာသာစကားနှင့် ကောင်းကင်တမန်၏ဘာသာစကားတို့ကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် မြည်ဟည်းသောကြေးမောင်း၊ သို့မဟုတ် စူးရှစွာမြည်သော လင်းကွင်းကဲ့သို့ဖြစ်၏။ ငါသည် ပရောဖက်ပြုဟောပြောနိုင်သောအခွင့်ကိုရရှိ၍ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာအလုံးစုံတို့ကို နားလည်သိရှိကာ တောင်များကိုရွှေ့နိုင်သည့် ယုံကြည်ခြင်းအပြည့်အဝရှိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။ ငါသည် မိမိဥစ္စာပစ္စည်းရှိသမျှတို့ကို စွန့်ကြဲသည်သာမက ငါ၏ကိုယ်ခန္ဓာကိုမီးရှို့စေရန် အပ်နှံသော် လည်းမေတ္တာမရှိလျှင် ငါ၌မည်သည့်အကျိုးမျှမရှိ”(၁ကော ၁၃း၁-၃)။ 
ဤတွင် ‘မေတ္တာ’မှာ သခင်ယေရှုသည် ရေ၊ အသွေးနှင့် ဝိ ညာဉ်အားဖြင့် ကြွလာတော်မူခဲ့သည်ကို ရည်ညွှန်းလိုခြင်း ဖြစ်သည်။ သမ္မာကျမ်းစာတွင် ‘မေတ္တာ’စကားလုံးမှာ “သမာတရားမေတ္တာ’ (၂သက် ၂း၁၀)ကို အမြဲတမ်းရည်ညွှန်းသည်။ အမှန်အကန် ဘုရား သခင်၏မေတ္တာတော်မှာ တပါးတည်းသောသားတော်အားဖြင့် ထင် ရှားခဲ့သည် (၁ ယော ၄း၉)။ 
 

ရေနှင့်အသွေးတော်ယုံကြည်သူများသာလျှင် လောကကို အောင်မြင်နိုင်ကြသည်

မည်သူသည် လောကကို အောင်နိုင်သနည်း
ယေရှု၏ဗတ္တိဇံ၊ အသွေးတော်နှင့်ဝိညာဉ်တော် ၏ရွေးနှုတ်ခြင်းကို ယုံကြည် သူများဖြစ်ကြသည်

၁ ယော ၅း၅-၆ တွင် “မည်သူသည် လောကကိုအောင်နိုင်သနည်း။ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ယုံကြည် သောသူပင်မဟုတ်လော။ယေရှုခရစ်တော်သည် ရေနှင့်သွေးအားဖြင့် ကြွလာတော်မူသောအရှင်ဖြစ်၏”ဟု ဖော်ပြထားသည်။ 
ဓမ္မမိတ်ဆွေခရစ်ယာန်များ၊ စာတန်နှင့်လောကကို အောင်သူ မှာ သခင်ယေရှုခရစ်တော် ဖြစ်တော်မူသည်။ သခင်ယေရှု၏ရေ၊ အသွေးနှင့်ဝိညာဉ်တော်ကို ယုံကြည်သူများသည် လောကကိုလည်း အောင်နိုင်ကြသည်။သခင်ယေရှုသည်လောကကို မည်သို့ အောင်မြင် တော်မူခဲ့သနည်း။ ရေ၊ အသွေးနှင့် ဝိညာဉ်တော်၏ရွေးနှုတ်ခြင်းအား ဖြင့် အောင်မြင်တော်မူသည်။ သမ္မာကျမ်းစာတွင် ‘‌ရေ’မှာ ‘သခင်ယေ ရှု၏ဗတ္တိဇံ’ကို ရည်ညွှန်းသည် (၁ပေ ၃း၂၁)။ သခင်ယေရှုသည် အသွေးအသားဖြင့် ဤလောကသို့ ကြွဆင်းတော်မူခဲ့သည်။ ကိုယ် တော်သည် လောကအပြစ်သားများကို ကယ်တင်တော်မူရန် ကြွလာ တော်မူခဲ့၍ အပြစ်သားများအားလုံး၏အပြစ်များကို ယူဆောင်သွား တော်မူရန် ဗတ္တိဇံခံယူတော်မူ၍ ထိုအပြစ်များအတွက် ပြစ်ကြွေး ပေးဆပ်ရန် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်။ 
ကားတိုင်ပေါ်တွင် အသွေးတော်မှာ ကိုယ်တော်သည် လူသား တစ်ဉီး၏အသွေးအသားဖြင့် ဤလောကသို့ ကြွဆင်းတော်မူခဲ့သည် ဟူသောအချက်ကို ရည်ညွှန်းသည်။ ကိုယ်တော်သည် အပြစ်သား များကို ကယ်တင်တော်မူရန် အပြစ်ရှိသောအသွေးအသားကဲ့သို့ ကြွ ဆင်းတော်မူ၍ ရေဖြင့် ဗတ္တိဇံခံတော်မူခဲ့သည်။ ထိုကြောင့် သခင် ယေရှုသည် ရေနှင့်အသွေးနှစ်ပါးအားဖြင့် ကျွန်ုပ်တို့ထံ ကြွလာတော် မူခဲ့သည်။ တစ်နည်းအားဖြင့် ကိုယ်တော်သည် ဗတ္တိဇံ၏အသွေးနှင့် သေခြင်း၏အသွေးအားဖြင့် လောကအပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သည်။  
စာတန်သည် လောကကို မည်သို့ အုပ်စိုးခဲ့သနည်း။ စာတန် သည် လူသားများအား ဘုရားသခင်၏နှုတ်ကပတ်တော်ကို သံသယ ဝင်စေ၍ သူတို့၏နှလုံး သား၌ နာမခံခြင်းမျိုးစေ့ကို စိုက်ခဲ့သည်။ စာတန်သည် လူသားများအား ဘုရားသခင်၏နှုတ်ကပတ်တော်ကို နာမခံရန် လှည့်စားခြင်းအားဖြင့် သူ၏ကျွန်များအဖြစ်သို့ နောက် လှည့်ရန် ကြိုးစားသည်။ သို့သော် သခင်ယေရှုသည် ဤ‌လောကသို့ ကြွဆင်းတော်မူခဲ့၍ ကိုယ်တော်၏ ဗတ္တိဇံ၏ရေနှင့် ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် သူတို့အပြစ်များအားလုံးကို ဖယ်ရှားပေးတော် မူခဲ့ကာ ကိုယ်တော်သည် စာတန်ကိုအောင်၍ လောကအပြစ်များ အားလုံးကို ဖယ်ရှားပေးတော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် အပြစ်သားများ၏ကယ် တင်ရှင်ဖြစ်တော်မူသောကြောင့် ဤသို့ဖြစ် ပျက်ရခြင်း ဖြစ်သည်။ ကိုယ်တော်သည် ရေနှင့်အသွေးအားဖြင့် ကြွဆင်းတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကယ်တင် ရှင်ဖြစ်တော်မူခဲ့သည်။
 


သခင်ယေရှုသည် ရွေးနှုတ်ခြင်းဗတ္တိဇံအားဖြင့် လော ကအပြစ်များအားလုံးကို ယူဆောင်တော်မူခဲ့သည် 


သခင်ယေရှု၏လောကကို အောင်ခြင်းမှာ အဘယ်အရာကို ဆိုလိုသနည်း
ကိုယ်တော်သည် လောကအပြစ်များအားလုံး ယူဆောင်သွားတော်မူသည်ကို ဆိုလိုသည်

သခင်ယေရှုသည် လောကအပြစ်များအားလုံးကို ယူဆောင် သွားတော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့၍ အပြစ်ကြွေးများကို ပေးဆပ် ရန် အသေခံတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ရွေးနှုတ်တော်မူနိုင်သည်။  သခင်ယေရှုသည် ယောဒန်မြစ်၌ လူသားများအားလုံးကိုယ်စားပြုသူ၊ ဗတ္တိဇံယောဟန် အားဖြင့် ဗတ္တိဇံခံယူတော်မူခဲ့သောကြောင့် လောကအပြစ်များအား လုံးကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။ သခင် ယေရှုသည် အပြစ်၏အကြွေးများအတွက် ကားတိုင်ပေါ်တွင် မိမိအ သက်ကို စတေးတော်မူခဲ့သည်။ ကိုယ်တော်သည် သေခြင်းနှင့်‌ရှင်ပြန် ထမြောက်တော်မူခြင်းအားဖြင့် စာတန်၏တန်ခိုးကို အောင်မြင်ခဲ့ သည်။  သခင်ယေရှုသည် အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံး၏ပြစ်ကြွေးများကို ပေးဆပ်တော်မူခဲ့သည်။ 
 

ယေရှုသည်ဗတ္တိဇံ၏ရေနှင့်ကားတိုင်ပေါ်တွင် အသွေးတော် အားဖြင့် အပြစ်သားများထံ ကြွလာတော်မူခဲ့သည်

စာတန်၏တန်ခိုးအပေါ် မည်သို့ အောင်မြင်နိုင်ခဲ့သနည်း
ဗတ္တိဇံ၊ အသွေးနှင့်ဝိညာဉ်တော် အားဖြင့် အောင်မြင်နိုင်ခဲ့သည်

ရွေးနှုတ်ခြင်းမှာ ရေအားဖြင့်သာမဟုတ်ဘဲ ရေနှင့်အသွေးအား ဖြင့်ဖြစ်သည်ဟု တမန်တော်ရှင်ယောဟန်က ပြောခဲ့သည်။ ထို ကြောင့် သခင်ယေရှုသည် အပြစ်များအားလုံးကို ယူဆောင်၍ အပြစ် များကို ထာဝရဖယ်ရှားတော်မူခဲ့သောကြောင့် အပြစ်သားများအား လုံးသည် ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်မှ ကယ်တင် ခြင်းခံရ၍ နှုတ်ကပတ်တော်များအပေါ် သစ္စာစောင့်သိနိုင်ကြသည်။ 
သခင်ယေရှုသည် လောကသို့ ကြွဆင်းတော်မူ၍ ကိုယ်တော် သည် ကျွန်ုပ်တို့အပြစ်များ ယူဆောင်သွားတော်မူသည်သာမက ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ် ကြွေးများအားလုံးပေးဆပ်တော်မူခဲ့သည်။ ကိုယ်တော်သည် ယော ဒန်မြစ်၌ ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် ထိုအပြစ်များ၏အခများကို ပေး ဆပ်တော်မူခဲ့ကာ ကိုယ်တော်သည် သေခြင်းအားဖြင့် ကျွန်ုပ်အပြစ် များအတွက် ပေးဆပ်ကျေအေးစေတော်မူခဲ့သည်။ ‘အပြစ်၏အခမှာ သေခြင်းဖြစ်သတည်း’(ရောမ ၆း၂၃)ဟု ပြောခဲ့သော ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းပညတ်တော်သည် ပြည့်စုံခဲ့သည်။ လောက ကိုအောင်ခြင်းဟုသခင်ယေရှုပြောသောအခါ အဘယ်အရာကို ဆိုလို သနည်း။ လောကကို အောင်သောယုံကြည်မှုမှာ ရေနှင့်ဝိညာဉ်တော် အားဖြင့် ကျွန်ုပ်တို့ထံ သခင်ယေရှုပေးအပ်တော်မူခဲ့သော ရွေးနှုတ် ခြင်းသတင်းကောင်းကို ယုံကြည်ခြင်း ဖြစ်သည်။  ကိုယ်တော်သည် လူသားအသွင်ဖြင့် ကြွလာတော်မူခဲ့၍ ရေ၏ဗတ္တိဇံနှင့် ကားတိုင် ပေါ် တွငအသေခံတော်မူခြင်းအားဖြင့်ကယ်တင်ခြင်းကိုသက် သေခံတော် မူခဲ့သည်။ 
ကနဉီးအသင်းတော်၏ တပည့်တော်များသည် ရောမအင်ပါယာ အပေါ် ဆက်ကပ်ခြင်း သို့မဟုတ် ဤလောက၏စုံစမ်းခြင်း တစ်စုံ တစ်ခုအပေါ်ဆက်ကပ်ခြင်း မပြုကြဘဲ မာတုရအသေခံသည့်တိုင် အောင် ယုံကြည်မှုကို  မားမား မတ်မတ် စွဲကိုင်ခဲ့ကြသည်။ ဤအရာ မှာ သခင်ယေရှုသည် ရေ (ကျွန်ုပ်တို့အပြစ်များအားလုံးယူဆောင်ရန် ဗတ္တိဇံခံယူတော်မူခဲ့ခြင်း) နှင့် ကားတိုင်ပေါ်တွင် အသွေးတော် (အ သေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး၏ပြစ်ကြွေး များကို ပေးဆပ်ကျေအေးစေတော်မူခြင်း)အားဖြင့် ကြွလာတော်မူခဲ့ သည်ဟူ သောသူတို့၏ယုံကြည်မှုအဖြေများအားလုံး ဖြစ်သည်။ 
သခင်ယေရှုသည် ဝိညာဉ်တော်အားဖြင့် (ကိုယ်တော်သည် လူ သားအသွေးအသားဖြင့် ကြွလာတော်မူခြင်း)ကြွဆင်းတော်မူခဲ့၍ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းတော်မူခြင်းအားဖြင့် အပြစ်သားများ၏အပြစ်များကို ယူ ဆောင်သွားတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့အားလုံးသည် လောက ကို အောင်ရန် ရွေးနှုတ်ခြင်းခံရသောသူများ ဖြစ်ကြသည်။
 

သခင်ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်း (၁ပေ ၃း၂၁)အားဖြင့် ဗတ္တိဇံခေါ် ကျွန်ုပ်တို့အားယခု ကယ် တင်ပေးသောပုံဆောင်ချက်တစ်ခုရှိသည်

ကယ်တင်ခြင်း၏ပုံဆောင် ချက်မှာ အဘယ်နည်း
သခင်ယေရှု၏ဗတ္တိဇံ

၁ ပေ ၃း၂၁ တွင် “ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။ ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ် အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်၏”ဟု ဖော်ပြထားသည်။ 
သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ်တော်မူသည်ကိုလည်း ကောင်း၊ကိုယ်တော်သည်ဗတ္တိဇံ၏ရေနှင့် အသွေးအားဖြင့်ကြွလာ တော်မူခဲ့သည်ကိုလည်းကောင်းတမန်တော်ရှင်ပေတရုက သက်သေ ခံခဲ့သည်။
ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ရေနှင့်အ သွေးအားဖြင့် ကြွလာတော်မူခဲ့သော သခင်ယေရှုကို ယုံကြည်သင့် ကြသည်။ သခင်ယေရှု ၏ဗတ္တိဇံ၏ရေမှာ ကျွန်ုပ်တို့၏ကယ်တင်ခြင်းပုံဆောင် ချက်ဖြစ်သည်ဟု ကျွန်ုပ်တို့သိသင့်ကြသည်။ ဗတ္တိဇံ၏‘ရေ၊’ ‘အသွေး’ နှင့် ‘ဝိညာဉ်’တို့သည် ရွေးနှုတ်ခြင်း၍ ‘မဖြစ်မရှိလိုအပ်သောအချက် များ’ ဖြစ်ကြသည်ဟု တမန်တော်ရှင်ပေတရုက ပြောခဲ့သည်။ 
တပည့်တော်များသည် သခင်ယေရှု၏ဗတ္တိဇံမပါဘဲ ကားတိုင် ပေါ်တွင် အသွေးတော်ကိုသာ ယုံကြည်သူတစ်စုံတစ်ဉီးမျှမရှိပေ။  အ သွေးတော်တစ်ပါး တည်းကိုသာ ယုံကြည်ခြင်းမှာ စစ်မှန်သောယုံ ကြည်ခြင်း၏တစ်ဝက် သာပိုင်ဆိုင်ခြင်း ဖြစ်သည်။ တစ်ဝက် သို့မ ဟုတ် မပြည့်စုံသောသမ္မာတရားပေါ် အခြေပြုယုံကြည်ခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ ကွယ်ပျောက်သွားသည်။ သို့သော် ရေ၊ အသွေးနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်သူများ၏ယုံ ကြည်မှုသည် အချိန်ကြာလာသည်နှင့်အမျှ သန်မာစွာ တိုးတက်လာ လိမ့်မည်။ 
သို့သော် အသွေးတစ်ခုတည်း၏သတင်းကောင်းအသံသည် ဤ ခေတ်ကာလကမ္ဘာပေါ်တွင် ပို၍ အင်အားကြီးမားလာသည်။  ဘာ ကြောင့် ဤသို့ဖြစ်ရသနည်း။ လူများသည် သမ္မာတရား၏နှုတ် ကပတ်တော်၊ ရေနှင့်ဝိညာဉ်တော်ရွေးနှုတ်ခြင်းကို မသိကြသော ကြောင့် သူတို့သည် ဒုတိယမွေးဖွားမခံရနိုင်ကြပေ။ 
တစ်ချိန်က အ‌နောက်တိုင်းအသင်းတော်များသည် အယူသီး ခြင်း၏ သားကောင်အဖြစ်သို့ ကျဆင်းခဲ့ကြသည်။ သူတို့သည် ခေတ္တ ခဏ အောင်မြင်ဟန်တူခဲ့သော်လည်း စာတန်၏အစေခံများသည် အယူသီးခြင်းသို့ ယုံကြည်မှုကို ပြန်လှည့်ရန် ကူညီခဲ့သည်။ 
အယူသီးခြင်းမှာ လူတစ်ဉီးသည် စာရွက်အ ပိုင်းအစ သို့မဟုတ် သစ်သားဖြင့်ကားတိုင်ကို ပြုလုပ်လျှင် နတ်ဆိုး များထွက်ခွါသည်ကို လည်းကောင်း၊ လူတစ်ဉီးသည် သခင်ယေရှု၏အသွေးတော်ကို ယုံ ကြည်မှု ဝန်ခံလျှင် စာတန်သည် ထွက်ခွါသွားသည်ကိုလည်းကောင်း ယုံကြည်ခြင်း ဖြစ်သည်။ စာတန်သည် ဤအရာများနှင့် အခြားအ ယူသီးယုံကြည်မှုများအားဖြင့် လူများကို သခင်ယေရှု၏အသွေးတော် ကိုသာ ယုံကြည်စေ သောယုံကြည်ခြင်းသို့ လှည့်စားခဲ့သည်။ စာ တန်သည် အသွေးတော်ကို ထိတ်လန့်ရန် ဟန်ဆောင်၍ အပြစ်သား များအတွက် သခင်ယေရှုပြုတော်မူခဲ့သောအမှုအားလုံးမှာ ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းဖြစ်သည်ဟု ပြောသည်။ 
သို့သော်လည်း၊ ပေတရုနှင့်အခြားတပည့်တော်များသည် သခင် ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်စစ်မှန် သောသ တင်းကောင်းကို သက်သေခံခဲ့ကြသည်။ သို့သော် ယခုခရစ်ယာန်များ သည် မည်သည့်အရာကို သက်သေခံကြသနည်း။ သူတို့သည် သခင် ယေရှု၏အသွေးတော်ကိုသာ သက်သေခံကြသည်။ 
ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၌ ရေးထားသောနှုတ်ကပတ် တော်များကိုယုံကြည်သင့်ကြ၍ဝိညာဉ်တော်၏ကယ်တင်ခြင်း၊ သခင် ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို  ယုံကြည်ရကြမည် ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံကို လျစ်လျူရှု၍ ကားတိုင်ပေါ်တွင် ကျွန်ုပ်တို့အတွက် သခင်ယေရှုအသေခံတော်မူ ခြင်းအချက်ကိုသာ သက်သေခံကြလျှင် ကျွန်ုပ်တို့ကယ်တင်ခြင်း သည် ပြည့်စုံနိုင်မည်မဟုတ်ပေ။ 
 

ဘုရားသခင်၏ကယ်တင်ခြင်းအတွက်ရေ၏ ‘သက်သေခံချက်၏နှုတ်ကပတ်တော်’ 

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့ကြောင်း သက်သေမှာ အဘယ်နည်း
ရေ၊ အသွေး၊ နှင့် ဝိညာဉ်တော်

၁ယော ၅း၈ တွင် ကိုယ်တော်က “သက်သေခံ သည့်အရာ သုံးပါးရှိသည်”ဟု မိန့်တော်မူသည်။ ပထမမှာ ဝိညာဉ်တော်၊ ဒုတိယ မှာ သခင်ယေရှု၏ဗတ္တိဇံရေ၊ နှင့် တတိယမှာ ကားတိုင်ပေါ်တွင် အ သွေးတော်ဖြစ်သည်။ ဤအရာသုံးပါးအားလုံးတို့သည် တစ်လုံးတစ်ဝ တည်း ဖြစ်သည်။ သခင်ယေရှုသည် အပြစ်များမှ ကျွန်ုပ်တို့အားလုံး ကို ကယ်တင်တော်မူရန် ဤလောကသို့ ကြွလာတော်မူခဲ့သည်။  ကိုယ်တော်သည် ဤအရာသုံးခုအားလုံး၊ ဗတ္တိဇံ၊ အသွေးတော်နှင့် ဝိညာဉ်တော်တို့ကို ပြုတော်မူခဲ့သည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်ဟု သက်သေပြသောအရာ သုံးပါးရှိသည်။ ဤသက်သေခံသုံးပါးတို့တို့မှာ သခင်ယေရှု၏ဗတ္တိဇံ‌ရေ၊ အသွေးတော်နှင့် ဝိညာဉ်တော် တို့ဖြစ်ကြ သည်။ ဤအရာသုံးပါးတို့သည် ဤလောက၌ ကျွန်ုပ်တို့အတွက် သခင်ယေရှုပြုတော်မူခဲ့သော အရာများဖြစ်ကြသည်။ 
အကယ်၍ ဤအရာသုံးပါးမှတစ်ပါးကို ချန်ထားခဲ့လျှင် ကယ် တင်ခြင်းမှာ ပြည့်စုံမည်မဟုတ်ပေ။ လောက၌ သက်သေခံသုံးပါးရှိ သည်။ ၎င်းတို့မှာ ဝိညာဉ်တော်၊ ရေနှင့်အသွေးတော်တို့ဖြစ်ကြသည်။ 
ဇာတိအသွေးအသားအားဖြင့် ကျွန်ုပ်တို့ထံ ကြွလာတော်မူခဲ့ သောသခင်ယေရှုခရစ်တော်သည်ဘုရား၊ ဝိညာဉ်တော်နှင့်သား တော် ဖြစ်တော်မူသည်။  ကိုယ်တော်သည် လူသားအသွေးအအားဖြင့် ဝိ ညာဉ်တော်အဖြစ်ဤလောကသို့ ကြွဆင်းတော်မူခဲ့၍ လောကအပြစ် များအားလုံးကို ယူဆောင်သွားတော်မူရန် ရေဖြင့် ဗတ္တိဇံခံယူတော်မူ ခဲ့သည်။ ကိုယ်တော်သည် မိမိကိုယ်ပေါ်သို့ အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ ကားတိုင်ပေါ်ဝွင် အသေခံအသွေး တော် သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်သားများကျွန်ုပ်ုတိ့ကို ကယ် တင်တော်မူခဲ့သည်။ ကိုယ်တော်သည် အပြစ်များအားလုံးကို ပြည့်စုံ စွာပေးဆပ်ပေးတော်မူခဲ့သည်။ထိုအရာသည်ရေ၊ အသွေးနှင့် ဝိညာဉ် တော်အားဖြင့်ပြည့်စုံသောရွေးနှုတ်ခြင်းသတင်းကောင်းဖြစ်သည်။ 
အကယ်၍ ဤအရာများမှ တစ်ခုကို ချန်ထားခဲ့လျှင် ကျွန်ုပ်တို့ အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သော ဘုရားသခင်၏ကယ် တင်ခြင်းကို ငြင်းဆိုခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ယနေ့ ယုံကြည် သူများ၏အများစုကို သဘောတူကြလျှင် ‘လောက၌ သက်သေခံနှစ် ပါးရှိရာ၊ အသွေးနှင့်ဝိညာဉ်တော်’ ဖြစ်သည်ဟု ဆိုရကြပေမည်။ 
သို့သော် သက်သေခံခဲ့သောအရာသုံးခု ရှိရာ၊ သခင်ယေရှု၏ ဗတ္တိဇံရေ၊ ကားတိုင်ပေါ်တွင် အသွေးတော်နှင့်ဝိ ညာဉ်တော်ဖြစ်သည် ဟု တမန်တော်ရှင်ယောဟန်က ဆိုခဲ့သည်။တမန် တော်ရှင်ယော ဟန်သည် မိမိသက်သေခံချက်ကို လုံးစေ့ပတ်စေ့ ဖော်ပြထားသည်။ 
အပြစ်သားတစ်ဉီးကို ရွေးနှုတ်ပေးသော ယုံကြည်ခြင်းမှာ ဝိ ညာဉ်တော်၊ ရေ၊ နှင့်အသွေးတော်ကို ယုံကြည်ခြင်း ဖြစ်သည်။  လူ သားများအား လောကကို အောင်စေသောယုံကြည်ခြင်းမှာ အ ဘယ်အရာ ဖြစ်သနည်း။  ကျွန်ုပ်တို့သည် ဤသို့သော ယုံကြည်ခြင်း ကို မည်သည့်နေရာတွင် တွေ့နိုင်ကြသနည်း။ သမ္မာကျမ်းစာတွင် တွေ့နိုင်သည်။ ရေ၊ အသွေး၊ နှင့် ဝိညာဉ်တော်ဖြင့် ကြွလာတော်မူ ခဲ့သောသခင်ယေရှုကို ယုံကြည်ခြင်း ဖြစ်သည်။ ၎င်းတို့ကို ယုံ ကြည်၍ ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို ရယူပါ။ 

ယေရှု၏ဗတ္တိဇံမပါဘဲ ဘုရားသခင်၏ ကယ်တင်ခြင်းပြည့်စုံသလော
မပြည့်စုံပေ

လွန်ခဲ့သောနှစ်အချိန်က ကျွန်တော်ဒုတိယမွေးဖွား ခြင်းမခံရမီ ကျွန်တော်သည်လည်း ကားတိုင်ပေါ်တွင် အသွေးတော်နှင့် ဝိညာဉ် တော်ကိုသာ ယုံကြည်ခဲ့သော ခရစ်ယာန်တစ်ဉီးဖြစ်ခဲ့သည်။   ကိုယ် တော်သည် ဝိညာဉ်အားဖြင့် ကြွဆင်းတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသေခံ‌တော်မူလျက် ကျွန်တော့်ကို အပြစ်များအားလုံးမှ ကယ်တင် တော်မူခဲ့သည်ဟုကျွန်တော်ယုံကြည်ခဲ့သည်။ ကျွန်တော်သည် ဤအ ရာနှစ်ပါးကိုသာ ယုံကြည်ခဲ့၍ လူများအားလုံးထံ ထိုအရာများကို ဟောပြောရန် ဆန္ဒပြင်းပြခဲ့သည်။ 
ကျွန်တော်သည် အမှုတော်ဆောင်နိုင်ရန် သာသနာပြုသူတစ် ဉီးဖြစ်လာ၍ သခင်ယေရှုပြု‌တော်မူခဲ့သည့်အတိုင်း  ပျောက်ဆုံးသော ဝိညာဉ်များအားလုံးအတွက် အသေခံရန် ဓမ္မပညာသီအိုလော်ဂျီ ပညာကို လေ့လာရန် စီမံခဲ့သည်။ ကျွန်တော်သည် လိုအပ်သော အရာများမျိုးစုံကို ကြိုတင်ပြင်ဆင်ခဲ့သည်။ 
သို့သော် ကျွန်တော်သည် ဤအရာနှစ်ပါးကိုသာ ယုံကြည်နေသ ရွေ့ ကျွန်တော့်နှလုံးသား၌ အပြစ် အမြဲတမ်းကျန်ရစ်ခဲ့သည်။  ဆိုး ကျိုးမှာ ကျွန်တော်သည် လောကကို မအောင်နိုင်ခဲ့ပေ။ ကျွန်တော် သည် အပြစ်မှ ဖြေလွှတ်ခြင်းမခံရနိုင်ခဲ့ပေ။ ကျွန်တော်သည် အသွေး နှင့် ဝိညာဉ်ကိုသာ ယုံကြည်သောအခါ ကျွန်တော့်နှလုံးသား၌ အပြစ် ရှိသေးခဲ့သည်။ 
ကျွန်တော်သည် သခင်ယေရှုကို ယုံကြည်ခဲ့သော်လည်း နှလုံး သား၌ အပြစ်ရှိသေးခြင်းအကြောင်းမှာ သခင်ယေရှု၏ဗတ္တိဇံ၊ ရေအ ကြောင်းကိုကျွန်တော်မသိခဲ့သောကြောင့်ဖြစ်သည်။ကျွန်တော်၏ရွေး နှုတ်ခြင်းမှာ ဗတ္တိဇံ၏ရေ၊ အသွေးနှင့်ဝိညာဉ်၌ ပြည့်စုံခြင်းသောယုံ ကြည်ခြင်းအားဖြင့် ရွေးနှုတ်ခြင်းခံရသည့်အထိ မစုံလင်ပေ။ 
ကျွန်တော်သည် ဇာတိပကတိအပြစ်များမ အောင်နိုင်ခြင်းအ ကြောင်းမှာ သခင်ယေရှု၏ဗတ္တိဇံအဓိပ္ပါယ်ကို မသိခဲ့သောကြောင့် ဖြစ်သည်။ ယခုချိန်၌ပင် လူများစွာတို့သည် သခင်ယေရှုကို ယုံကြည် ကြသော်လည်း ဇာတိပကတိ၏အပြစ်များကို ကျူးလွန်ကြသည်။ သူတို့သည်မိမိနှလုံးသားများ၌အပြစ်ရှိကြ၍သခင်ယေရှုအပေါ် သူတို့ ရှေ့ဉီးစွာရှိခဲ့သောအချစ်ကို နိုးထရန် အရာအားလုံးကို ကြိုးစားနေ ကြသည်။ 
သူတို့သည် ရေဖြင့် မိမိအပြစ်များအကုန်အစင် ဆေးကြောခြင်း မခံရကြသောကြောင့် သူတို့သည် ပထမစိတ်အားထက်သန်မှုကို မနိုးထနိုင်ကြပေ။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကိုယ်တော့်အပေါ်သို့ သူတို့အပြစ်များအားလုံးကို လွှဲပြောင်းခဲ့သည် ဟု သူတို့သည် နားမလည်ကြ၍ သူတို့သည် လဲကျပြီးနောက် သူတို့ ၏ယုံကြည်မှုကို တဖန် မရရှိနိုင်ကြပေ။ 
ကျွန်တော်ဤအကြောင်းကိုအားလုံးရှင်းသွားအောင် ပြောကြား လိုသည်။  ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်နိုင်ကြ ၍ သခင်ယေရှုကို ယုံကြည်ကြသောအခါ လောကကို အောင်နိုင်ကြ သည်။  သို့သော် ကျွန်ုပ်တို့သည် မပြည့်စုံကြ၍ ဤလောက၌ အပြစ် မည်မျှပင်ကျူးလွန်စေကာမူ ကျွန်ုပ်တို့သည် ဗတ္တိဇံနှင့် အသွေး တော် အားဖြင့်အပြစ်မှလုံးဝကယ်တင်တော်မူခဲ့သော သခင်ယေရှုကို ကယ် တင်ရှင်အဖြစ် ယုံကြည်နေသရွေ့ ကျွန်ုပ်တို့သည် အောင်မြင်ခြင်းဖြင့် ရပ်တည်နိုင်ကြသည်။ 
သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံရေမပါဘဲ သခင် ယေရှုကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် လုံးဝရွေးနှုတ်ခြင်းခံရ နိုင်ကြမည်မဟုတ်ပေ။လောကကိုအောင်သောယုံကြည်ခြင်းမှာဗတ္တိဇံ၏ရေ၊ အသွေးနှင့် ဝိညာဉ် တော်အားဖြင့် ကြွလာတော်မူခဲ့သော သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်း ဖြစ်သည်။ ဗတ္တိဇံနှင့်အသွေး တော်ကို ယုံကြည်သူများကို ရွေးနှုတ်ရန် ဘုရားသခင်သည် တပါး တည်းသောသားတော်ကို ကျွန်ုပ်တို့ထံ စေလွှတ်တော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခဲ့သည်။ ဘုရားသခင်၏သားတော်၊ သခင်ယေရှု သည် ဝိညာဉ်တော်အားဖြင့် (လူသားတစ်ဉီး၏အ သွေးအသားအား ဖြင့်) ကြွဆင်းတော်မူခဲ့သည်။ ကိုယတော်သည် ပြစ်ကြွေးများ ပေးဆပ်ရန် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း တော်မူခဲ့ သည်။ ထိုကြောင့် သခင်ယေရှုသည် လူသားအားလုံးကို အပြစ်မှ ရွေး နှုတ်တော်မူခဲ့သည်။ လောကကို အောင်ရန် ကျွန်ုပ်တို့အား လမ်းပြ သော ယုံကြည်ခြင်းမှာ ရေ၊ အသွေး၊နှင့် ဝိညာဉ်တော်အားဖြင့်ကြွ လာ၍ ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ လုံးဝရွေးနှုတ်တော်မူခဲ့ သည်ဟူ သောသမ္မာတရားကို ယုံကြည်ခြင်းမှ လာသည်။ 
ဗတ္တိဇံရေနှင့် ကားတိုင်ပေါ်တွင် အသွေးတော်မရှိခဲ့လျှင် စစ်မှန် သောကယ် တင်ခြင်းရှိလိမ့်မည် မဟုတ်ပေ။ ဤအချက်သုံးချက်များ မှ တစ်ခု သို့မဟုတ် အခြားတစ်ခုမပါလျှင် ကျွန်ုပ်တို့သည် စစ်မှန် သောကယ်တင်ခြင်းရှိနိုင်ကြမည် မဟုတ်ပေ။ စစ်မှန်သောကယ်တင် ခြင်းမှာ ရေနှင့်အသွေးနှင့်ဝိညာဉ်တော်မပါဘဲ အောင်မြင်ခြင်းမရနိုင် ပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် ရေ၊ အသွေးနှင့် ဝိညာဉ်တော်ကို ယုံကြည်ရကြမည် ဖြစ်သည်။ ဤအရာကိုသိ၍ စစ်မှန်သောယုံ ကြည်ခြင်း ပိုင်ဆိုင်လိုက်ပါ။ 
 

ရေ၊ အသွေး၊ ဝိညာဉ်တော်၏သက်သေမပါဘဲ စစ်မှန်သော ကယ်တင်ခြင်းမရှိပေဟု ကျွန်တော်ပြောကြားသည်
 
ကယ်တင်ခြင်းသက်သေခံသောမရှိမဖြစ်လို အပ်သောအရာသုံးမှာ အဘယ်နည်း
ရေ၊ အသွေး၊နှင့် ဝိညာည်တော်

အထက်၌ကဲ့သို့သောမေးခွန်းမျိုးကို လူတစ်ဉီးသည် တွေးတော် နိုင်သည်။  သခင်ယေရှုသည် ကျွန်ုပ်ကယ်တင်ရှင်ဖြစ်တော်မူတယ်။ ကျွန်ုပ်သည် ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်၍ မာတုရတစ်ဉီးအဖြစ် အသေခံလိုတယ်။ ကျွန်တော်သည် မိမိ နှလုံး သား၌အပြစ်ရှိသော်လည်းသခင်ယေရှုကို ယုံကြည်တယ်။ ကျွန်တော် သည် နှစ်ထောင်းအားရစွာ နောင်တရခဲ့၍ ကောင်းမှုကုသိုလ်ပြုရန် အလွန် ကြိုးစားခဲ့ကာနေ့တိုင်းနှစ်လိုဖွယ်သောအမူအရာဖြင့် အသက် ရှင်ရန် ကြိုးစားခဲ့သည်။ ကျွန်တော်သည် မိမိအသက်နှင့် ပိုင်ဆိုင်မှု များအားလုံးကို ကိုယ်တော့်အပေါ် ပေးအပ်ခဲ့တယ်။ ကျွန်တော် အိမ် ထောင်မပြုသေးပါ။ ဘုရားသခင်သည် ကျွန်တော့်ကို မည့်သို့ သိ တော်မမူနိုင်သနည်း။  သခင်ယေရှုသည် ကျွန်တော့်အတွက် ကား တိုင်ပေါ်တွင် အသေခံတော်မူခဲ့တယ်။   သန့်ရှင်းတော်မူသောဘုရား သည် လူသားတစ်ဉီးအဖြစ် ကြွဆင်းတော်မူခဲ့၍ ကားတိုင်ပေါ်တွင် ကျွန်ုပ်တို့အတွက် အသေခံတော်မူခဲ့သည်။ ကိုယ်တော်ကို ကျွန်တော် ယုံကြည်တယ်။ ကိုယ်တော့်အတွက် အသက်ရှင်ခဲ့တယ်။ ကိုယ်တော့် အတွက် သစ္စာရှိစွာဖြင့် အလုပ်လုပ်ခဲ့တယ်။ ကျွန်တော်သည် မထိုက်တန်၍ နှလုံးသားများ၌ အပြစ်အချို့ရှိသေးသော်လည်း သခင် ယေရှုသည် ကျွန်တော့်ကို ထိုအရာအ တွက် အပ္ပါယ်ငရဲသို့ ပို့ဆောင် တော်မူလိမ့်မည်လော။ ကိုယ်တော်သည် ပို့ဆောင်တော်မူလိမ့်မည် မဟုတ်ပေ။” 
ဤသို့သော ပုဂ္ဂိုလ်ကဲ့သို့သူများစွာရှိသည်။ သခင်ယေရှုသည် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူရန် ဗတ္တိဇံခံယူ တော်မူခဲ့သည်ဟု မယုံကြည်သူများစွာ ရှိသည်။ သခင်ယေရှုကို ယုံ ကြည်သူ ဤသာမန်ခရစ်ယာန်များသည် အပြစ်ကျူးလွန်ကြသောအ ခါ သူတို့သည် ဘယ်နေရာသို့ သွားရကြမည်နည်း။  သူတို့သည် အပ္ပါယ်ငရဲသို့ သွားရကြသည်။ သူတို့သည်  အပြစ်သားများသာ ဖြစ်ကြ သည်။ 
သူတို့ထင်ချင်သည့်အ တိုင်းထင်၍ ဘုရားသခင်သည်လည်း ထိုနည်းထင်တော်မူလိမ့်မည်ဟု ယူဆသူများသည် အပ္ပါယ်ငရဲသို့ သွားရကြလိမ့်မည်။ ထိုပြင်၊ သခင်ယေရှုသည် အပြစ်များအားလုံးကို ယူဆောင်သွားတော်မူသော ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့ သောအခါ လောက၌ အပြစ်လုံး ဝမရှိတော့ပေ။ သို့သော် ဤအရာ သည်အသွေးနှင့်ဝိညာဉ်အကြောင်း ဖြစ်သည်။ ဤအရာသည် ပြည့်စုံ သောရွေးနှုတ်ခြင်း သို့လူများကို ပို့ဆောင်ပေးသော ယုံကြည်ခြင်း မဟုတ်ပေ။  
သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူ ဆောင်သွားတော်မူခဲ့၍ တရားစီရင်ခြင်းခံရကာ ကျွန်ုပ်တို့အတွက် ကားတိုင်ပေါ်တွင် အသေခံတော်မူလျက် အသေခံတော်မူပြီးနောက် သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ဤသို့ သော ယုံကြည်ခြင်းမပါဘဲ ပြည့်စုံသောရွေးနှုတ်ခြင်း ဖြစ်လာနိုင်မည် မဟုတ်ပေ။  သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံခံယူတော်မူ၍ ကား တိုင်ပေါ်တွင် အသေခံကာ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။  သခင် ယေရှုခရစ်တော်သည် ရေ၊ အသွေး၊ ဝိညာဉ်အားဖြင့် ကျွန်ုပ်တို့ထံ ကြွလာတော်မူခဲ့သည်။  ကိုယ်တော်သည် လောကအပြစ်များအား လုံးကို ယူဆောင်သွားတော်မူခဲ့သည်။ 
ကမ္ဘာပေါ်တွင် ကိုယ်တော်၏ကယ်တင်ခြင်း ကို သက်သေခံ သောအရာသုံးခုရှိသည်။ ၎င်းတို့မှာ ဝိညာဉ်တော်၊ ရေ နှင့် အသွေး တော်တို့ ဖြစ်ကြသည်။ 
ပထမအနေဖြင့်၊ သခင်ယေရှုသည် ဘုရားဖြစ်တော်မူသည်ကို လည်းကောင်း၊ ကိုယ်တော်သည် လူသားတစ်ဉီး၏ကိုယ်ခန္ဂာအဖြစ် ကြွဆင်းတော်မူခဲ့သည်ကိုလည်းကောင်း သန့်ရှင်းသောဝိညာဉ်တော် က သက်သေခံခဲ့သည်။ 
ဒုတိယအနေဖြင့်၊ ‘ရေ’၏သက်သေခံချက် ဖြစ်သည်။ ရေမှာ ဗတ္တိဇံယောဟန်အားဖြင့် ယောဒန်မြစ်၌ သခင်ယေရှု၏ဗတ္တိဇံဖြစ်၍ ၎င်း အားဖြင့် ကျွန်ုပ်တို့အပြစ်များကို သခင်ယေရှုအပေါ်သို့ လွှဲ ပြောင်းခဲ့သည်။  သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့ သောအခါ (မဿဲ ၃း၁၅) ကျွန်ုပ်တို့အပြစ်များအားလုံးကို ကိုယ်တော့် အပေါ်သို့ လွှဲပြောင်းခဲ့သည်။ 
တတိယအနေဖြင့်၊ ကျွန်ုပ်တို့ကိုယ်စား ကျွန်ုပ်တို့အ ပြစ်များအ တွက် တရားစီရင်ခြင်းဝတ္တရားကိုသခင်ယေရှု၏လက်ခံ တော်မူခြင်း တွက် ရပ်တည်ပေးသော ‘အသွေး’ ဖြစ်သည်။ သခင် ယေရှုသည် ကျွန်ုပ်တို့အတွက် အသေခံတော်မူခဲ့၍ ကျွန်ုပ်တို့အတွက် ခမည်း တော်၏တရားစီရင်ခြင်းကို လက်ခံခဲ့ကာ ကျွန်ုပ်တို့အား ဘဝ သစ်ကို ပေးအပ်တော်မူရန် သုံးရက်မြောက်သောနေ့၌ သေခြင်းမှရှင် ပြန်ထ မြောက်တော်မူခဲ့သည်။ 
ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့ရွေးနှုတ်ခြင်းကို သက် သေခံရန် သားတော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်သူများ၏ နှလုံးသားများသို့ သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်တော်မူ သည်။ 
ဒုတိယမွေးဖွားခြင်းခံရသောသူများသည် လောကကို အောင် သော နှုတ်ကပတ်တော်ကို ပိုင်ဆိုင်ကြသည်။  ရွေးနှုတ်ခြင်းခံရသော သူများသည် စာတန်၊ မိစ္ဆာပရောဖက်များ၊နှင့် အနှောင့်အယှက်များ၊ သူတို့ကို မရပ်မနား တိုက်ခိုက်သောလောက၏ဖိဆီးမှုများအပေါ် အောင် မြင်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် ဤတန်ခိုးကို ပိုင်ဆိုင်ရခြင်း အကြောင်းမှာ ကျွန်ုပ်တို့သည် မိမိနှလုံးသားများ၌ သက်သေသုံးပါးရှိ သောကြောင့် ဖြစ်သည်။ ၎င်းတို့မှာ- သခင်ယေရှု၏ရေ၊ ကိုယ်တော် ၏အသွေးတော်နှင့် ဝိညာဉ်တော်တို့ဖြစ်ကြသည်။ 

ကျွန်ုပ်တို့သည် လောကနှင့်စာတန် ကို မည်သို့အောင်ကြသနည်း
သက်သေသုံးပါးကို ယုံကြည် ခြင်းအားဖြင့်

ကျွန်ုပ်တို့သည် ဝိညာဉ်တော်၊ ရေ၊ နှင့်အသွေးကို ယုံကြည်ကြ သောကြောင့် စာတန် နှင့်လောကကို ကျွန်ုပ်တို့အောင်နိုင်ကြသည်။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်သူများသည် မိစ္ဆာ ပရောဖက်များ၏လှည့်စားမှုများကို အောင်နိုင်ကြသည်။ အောင်နိုင် သော ဤတန်ခိုးဖြင့် ကျွန်ုပ်တို့ယုံကြည်မှုသည် ရေ၊ အသွေးနှင့် ဝိ ညာဉ်၌ တည်သည်။ သင်သည် ဤအရာကို ယုံကြည်သလော။ 
သခင်ယေရှု၏ဗတ္တိဇံ၊ အသွေးတော်အားဖြင့် ရွေးနှုတ်ခြင်းနှင့် သခင်ယေရှုသည် ဘုရားသခင်၏သားတော်နှင့် ကယ်တင်ရှင်ဖြစ် တော်မူသည်ဟူသောယုံကြည်ခြင်းကို သင်မရှိလျှင် သင်သည် ဒုတိ ယမွေးဖွားခြင်းသို့မဟုတ်လောကကို အောင်မြင်မရှိနိုင်ပေ။  သင်၏နှ လုံးသား၌ ဤသို့ သော ယုံကြည်ခြင်းရှိသလော။ 
သင်သည် မိမိနှလုံးသား၌ ဝိညာဉ်တော်နှင့်ရေပိုင်ဆိုင်သလော။ သင်၏အပြစ်များအားလုံးသည် သခင်ယေရှုအပေါ်သို့ လွှဲပြောင်းခဲ့ သည်ဟု သင်ယုံကြည်သလော။ သင်သည် နှလုံးသား၌ ကားတိုင်၏ အသွေးကိုသာ ရှိသလော။ 
သင်သည် သခင်ယေရှု၏ရေနှင့်အသွေးကို နှလုံးသား၌ယုံကြည် ၍ သခင်ယေရှုသည် သင့်အတွက် ကားတိုင်ပေါ်တွင် အသေခံတော်မူ ခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည်သင့်အတွက် တရားစီရင် ခြင်းခံတော်မူခဲ့သည်ကိုလည်းကောင်း ယုံကြည်လျှင် သင်သည် လောကကို အောင်နိုင်သည်။ 
တမန်တော်ရှင်ယောဟန်သည် မိမိနှလုံးသား၌ ဤမရှိမဖြစ်လို အပ်သော အချက်သုံးချက်အားလုံးကို ရှိခဲ့ကြသောကြောင့် သူသည် လောကကို အောင်ခဲ့သည်။ သူက အနှောင့်အယှက်များကို သည်းခံ၍ မိမိလုပ်ငန်းများ၌ ပါဝင်လှုပ်ရှားသူ ယုံကြည်ခြင်း၌ မိမိညီအစ်ကိုများ အားလုံးထံ ရွေးနှုတ်ခြင်းအကြောင်းကို ပြောကြားခဲ့သည်။ သူက “ဤအရာမှာ သင်သည်လည်း လောကကို အောင်နိုင် သောနည်း လမ်း ဖြစ်တယ်။ သခင်ယေရှုသည် ဝိညာဉ်တော်၊ ရေ၊ နှင့် အသွေး တော်အားဖြင့် ကြွလာတော်မူခဲ့တယ်။ ကိုယ်တော်သည် လောကကို အောင်သလို သစ္စာစောင့်သိသောသူများသည်လည်း လောကကို အောင်နိုင်ကြတယ်။ ဤအရာမှာ လောကကို အောင်ရန် သစ္စာရှိ ခြင်းအတွက် တစ်ခုတည်းသောလမ်းဖြစ်တယ်။”
၁ယော ၅း၈ တွင် “ဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက်သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတ ညွတ်တည်းဖြစ်ကြ၏”ဟု ဖော်ပြထားသည်။ လူများစွာတို့သည် အသွေးနှင့်ဝိညာဉ်တော် အကြောင်းကိုသာပြောကြသော်လည်းသူတို့သည်သခင်ယေရှု၏ဗတ္တိ ဇံရေကို ချန်ထားကြသည်။ သူတို့သည် ‘ရေ’ကို ထုတ်ယူကြလျှင် သူ တို့သည် စာတန်၏လှည့်စားခြင်းခံရကြသည်။ သူတို့သည် မိမိကိုယ်ကိုကိုယ် လှည့်စား၍  နောင်တနောက်ကွယ်မှ ထွက်လာ၍ သခင်ယေရှု၏ဗတ္တိဇံ‘ရေ’ကို ယုံကြည်၍ ဒုတိယမွေးဖွားခြင်းခံသင့် ကြသည်။ မည်သူမည်ဝါကမျှ သခင်ယေရှု၏ရေနှင့်အသွေးကို ယုံကြည်ခြင်းမရှိဘဲ လောကကို မအောင်နိုင်ကြပေ။  မည်သူမည် ဝါမျှဟု ကျွန်တော် နောက်တစ် ကြိမ်ပြောသည်။ ကျွန်ုပ်တို့သည် သ ခင်ယေရှု၏ရေနှင့်အသွေးကို တန်ခိုးကြီးသောလက်နက်များအဖြစ် အသုံးပြု၍တိုက်ခိုက်ရကြမည် ဖြစ်သည်။  ကိုယ်တော်၏နှုတ်ကပတ် တော်သည် ဝိညာဉ်တော်၊ အလင်းတော်၏ဓားဖြစ်သည်။ 
သူတို့၏အပြစ်များအားလုံးကိုဆေးကြောပေးခဲ့သော သခင်ယေ ရှု၏ဗတ္တိဇံကို မယုံကြည်သူ များစွာရှိသေးသည်။  အရာများနှစ်ခုကို သာ ယုံကြည် သူများစွာ ရှိသေးသည်။ ထိုကြောင့် သခင်ယေရှုက သူတို့ထံ “ထ၍လင်းကြပါ”ဟု မိန့်တော်မူသောအခါ သူတို့သည် လုံး ဝမလင်းနိုင်ကြပေ။ သူတို့သည် မိမိနှလုံးသားများ၌ အပြစ်ရှိသေးကြ သည်။ သူတို့သည် သခင်ယေရှုကို ယုံကြည်ကြသော်လည်း သူတို့ သည် အပ္ပါယ်ငရဲသို့ သွားရကြမည် ဖြစ်သည်။ 
 

လူသားများသည် ကြား၊ ယုံကြည်၊ ကယ်တင်ခြင်းခံရနိုင် ရန်အတွက် သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်သတင်း ကောင်းကို တိကျစွာ သက်သေခံသင့်သည်

ဗတ္တိဇံယုံကြည်ခြင်းမှာ အယူဝါဒ တစ်မျိုးသာ ဖြစ်သလော 
အယူဝါဒသာမဟုတ်ပေ။ သမ္မာတရားဖြစ်သည်

ကျွန်ုပ်တို့သည် သတင်းကောင်းကို သက်သေခံသောအခါ တိ ကျမှန်ကန်ရမည် ဖြစ်သည်။ သခင်ယေရှုသည် ဝိညာဉ်တော်အား ဖြင့်၊ ဗတ္တိဇံ (ကျွန်ုပ်တို့အပြစ်များအားလုံး ယူဆောင်သွားခြင်း) အား ဖြင့်၊နှင့် အသွေးတော် (ကျွန်ုပ်တို့အပြစ်များပေးဆပ်ပေးခြင်း) အား ဖြင့် ကြွလာတော်မူခဲ့သည်။  ကျွန်ုပ်တို့သည် ဤအရာသုံးပါးအားလုံး ကို ယုံကြည်ရကြမည် ဖြစ်သည်။ မဟုတ်လျှင် ကျွန်ုပ်တို့သည် သ တင်းကောင်းမဟောပြောဘဲ ဘာသာတရားကို ဟောပြောကြခြင်း ဖြစ်သည်။  ခရစ်ယာန်အများစုတို့သည် ယနေ့ခရစ်ယာန်ဘာသာ အားဘာသာတရားတစ်ခုအဖြစ်မျှသာ လေးစားကြသော်လည်း ခရစ် ယာန်ဘာသာသည် ဘာသာတရားတစ်ခုမျှသာ မခွဲခြားနိုင်ပေ။ ရွေး နှုတ်ကယ်တင်ခြင်း ယုံကြည်မှုသမ္မာတရား၊ ဘုရားသခင်ကိုကြည့် သော ယုံကြည်ခြင်းပေါ်တွင် တည်ဆောက်ထားသည်။ ၎င်းသည် ဘာသာတရားတစ်ခုမျှသာ မဖြစ်နိုင်ပေ။ 
ဘာသာတ ရားမှာ လူသားများဖန်တီးထားသောအရာတစ်စုံ တစ်ခုဖြစ်၍ ယုံကြည်ခြင်းမှာ ကျွန်ုပ်တို့အား ဘုရားသခင်ပေးဆပ် ပေးတော်မူခဲ့သော ကယ်တင်ခြင်းကို ကြည့်ခြင်း ဖြစ်သည်။ ထိုအရာ သည် ကွဲပြားခြားနားမှုရှိသည်။ သင်သည် ဤသမ္မာတရားကို လျစ် လျူရှုလျှင် သင်သည် ခရစ်ယာန်ဘာသာအား အခြားသော ဘာသာ တစ်ခုအဖြစ်သာ ထင်မှတ်၍ အကျင့်နှင့်ကျင့်ဝတ်များအတွက်သာ ဟောပြောသည်။ 
သခင်ယေရှုခရစ်တော်သည် ဤလောက၌ ဘာသာတရားကို တည်ထောင်ရန်ကြွလာတော်မမူခဲ့ပေ။ ကိုယ်တော်သည် ခရစ်ယာန် ဘာသာခေါ် ဘာသာတရားတစ်ခုကို တည်ထောင်တော်မမူခဲ့ပေ။ သင်သည် ၎င်းကို ဘာသာတရားတစ်ခုအဖြစ်သာ ဘာကြောင့် ယုံ ကြည်သနည်း။ ၎င်းသည် ဘာသာတရားအားလုံးနှင့်တူညီလျှင် သင် သည် ဘာကြောင့် ဗုဒ္ဓဘာသာကို မယုံကြည်သနည်း။ ကျွန်တော် သည် ဤအရာပြောရန် မှားယွင်သည်ဟု သင်ယူဆသလော။ 
လူအချို့တို့သည်ဘာဝ၏ဘာသာတရားလမ်းအဖြစ် သခင် ယေ ရှုကို ယုံကြည်ကြ၍  သူတို့က “ဘာကွာခြားမှုရှိသလဲ။ ကောင်းကင် နိုင်ငံ၊ နိဗာန်၊ ပါရဒိ... ၎င်းတို့အားလုံးသည် အတူတူ ဖြစ်တယ်။ ၎င်း သည် နာမည်သာ ခြားနားခြင်း ဖြစ်တယ်။ ကျွန်ုပ်တို့အားလုံးသည် တူညီသောနေရာတွင် တစ်နည်းအားဖြင့် နိဂုံးချုပ်ကြလိမ့်မည်”ဟု နိဂုံးချုပ်ပြောကြသည်။ 
ခရစ်ယာန်ဓမ္မမိတ်ဆွေများ၊ ကျွန်ုပ်တို့သည် သမ္မာတရားပေါ် တွင် မားမားမတ်မတ် ရပ်တည်သင့်ကြသည်။  ကျွန်ုပ်တို့သည် ‘ထ၍ လင်း’ သင့်ကြသည်။ ကျွန်ုပ်တို့သည် ချီတုံချတုံမပြုဘဲ သမ္မာတရား ကို ဟောပြောသင့်ကြသည်။ 
လူတစ်ဉီးသည် “ကောင်းကင်နိုင်ငံတော်သို့ တစ်လမ်း တည်း မရှိနိုင်ပေ”ဟု ပြောလျှင် သင်သည် “ဟုတ်ပါတယ်။ ၎င်းသည် တစ်ခု တည်းသောလမ်းဖြစ်တယ်။ သင်သည် ရေ၊ အသွေးနှင့် ဝိညာဉ်တော် အားဖြင့် ကြွလာတော်မူခဲ့သော သခင်ယေရှုခရစ်တော်ကို ယုံကြည် မှသာလျှင် ကောင်းကင်နိုင်ငံတော်သွားရောက်နိုင်တယ်”ဟု တိကျ စွာ ပြောသင့်သည်။သင်သည် တောက်ပစွာ လင်းမှသောအခါ အခြား ဝိညာဉ်များသည် ရွေးနှုတ်ခြင်းနှုတ်ကပတ်တော်ကို ကြား၍ ဒုတိယ မွေးဖွားခြင်းခံရကာ ကောင်းကင်နိုင်ငံသို့ သွားနိုင်ကြလိမ့်မည်။ 
 

မှန်ကန်သောယုံကြည်ခြင်းရှိပါ- သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်၏ရွေးနှုတ်ခြင်းကို မသိသော သခင်ယေရှုကို မချစ်သူများသည် ပျက်စီး ကြလိမ့်မည်

သခင်ယေရှုကို ယုံကြည်ကြသော်လည်း မည်သူသည် ပျက်စီးလိမ့်မည်နည်း
သခင်ယေရှု၏ဗတ္တိဇံကို  မယုံကြည်သောသူများ

သခင်ယေရှုကို နှုတ်ဖျားဖြင့် ယုံကြည်ကြသည်ဟု ကြွေးကြော် ခြင်းမှာ သခင်ယေရှုကို မချစ်၊ ဘာသာရေး-ခရစ်ယာန်များဖြစ်လာ ပို၍တိုသောနည်းလမ်း ဖြစ်သည်။
ပစိဖိတ်သမုဒ္ဒရာပင် လယ်ဖြတ်သန်းသောသင်္ဘောတစ်စင်း သည်ရေမြှုတ်၍အနည်းငယ်အသက်ရှင်းသူများသည် ရော်ဘာဖောင် ပေါ်တွင် မျောပါခဲ့ကြသည်။ (ကယ်ဆယ်ရေးအဖွဲ့)ကို စေလွှတ်ခဲ့ သော်လည်း ကြမ်းတမ်းသောပင်လယ်သည် အခြားသင်္ဘောများအ ကူအညီမပေးနိုင်ရန် ဆီးတားပိတ်ပင်ခဲ့သည်။ ထိုနောက် ရဟတ် ယာဉ်တစ်စီးလာ၍ ကြိုးတစ်ချောင်းချလိုက်သည်။ လူတစ်ဉီးသည် ကြိုးဖြင့် မိမိကိုယ်ခန္ဓာကို ချည်မည့်အစား မိမိလက်များဖြင့် ကြိုး ပေါ်တွင် ဆုပ်ကိုင်၍ သူသည် သခင်ယေရှုသည် မနှစ် သက်သူ တစ်ဉီးကဲ့သို့ ဖြစ်ပြီး ဘုရားသခင်ကို မိမိဆန္ဒအတိုင်း ယုံကြည်ခြင်း ဖြစ်သည်။ သူသည် လုံခြုံမှုမရှိသေးသော်လည်း သူက “ငါ ယုံကြည် တယ်။ ငါ့ကို ကယ်တင်ပါ။ ငါ ယုံကြည်သောကြောင့် ငါကယ်တင် ခြင်းခံရလိမ့်မည်ဟု ယူဆတယ်”ဟု ပြောသည်။ 
သခင်ယေရှု၏ ဗတ္တိဇံနှင့် အသွေးတော်သမ္မာတရားကို နားမ လည်သောသူတစ်ဉီးသည် ကြိုးကို ဆုပ်ကိုင်နေသောကြောင့် သူ သည် ကယ်တင်ခြင်းခံရလိမ့်မည်ဟု ယုံကြည်သည်။ 
သို့သော် သူ့ကို ဆွဲတင်သောအခါ သူ၏လက်များသည် ကြိုးကို မဆုပ်ကိုင်နိုင်ဘဲ လက်လွှတ်လိမ့်မည်။ သူသည် မိမိခွန်အားဖြင့် ကြိုးကို ဆွဲကိုင်နေလိမ့်မည်။ သို့သော် သူသည် အဆုံးထိတိုင်အောင် ကြိုးကို ဆုပ်ကိုင်ရန် သူ့အတွက် ပင်လယ်ကမ်းခြေသည် အလွန်ဝေး သေးသည်။ထိုခွန်အားများကုန်ဆုံးသောအခါ သူသည် ကြိုးကို မဆုပ် ကိုင်နိုင်တော့ဘဲ ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။ 
သခင်ယေရှုကို မနှစ်သက်ခြင်းမှာ ထိုသို့ ဖြစ်သည်။ လူများ စွာတို့သည် ဘုရားသခင်နှင့်သခင်ယေရှုကို ယုံကြည်ကြသည်ကို လည်းကောင်း၊ သူတို့သည် ဝိညာဉ်တော်အားဖြင့် ကြွလာတော်မူခဲ့ သောသခင်ယေရှုကို ယုံကြည်ကြသည်ကိုလည်းကောင်း ပြောနိုင်ကြ သော်လည်း ဤအရာသည် ညီမျှခြင်းတစ်ခုလုံး ၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ သူတို့သည် ပြည့်စုံသော သတင်းကောင်းကို အမှန်အကန် ယုံကြည်ခြင်း၊ ကိန်းဝပ်ခြင်းမရှိနိုင်ကြသောကြောင့် သူ တို့သည် ကိုယ်တော်ကို ‘ယုံကြည်’ကြသည်ဟု အကြိမ်ကြိမ်ပြောရန် မိမိကိုယ်ကိုကိုယ် အတင်းအဓမ္မပြုကြသည်။ 
ယုံကြည်ခြင်းနှင့် ယုံကြည်ရန်ကြိုးစားခြင်းမှာ အတူညီသောအ ရာမဟုတ်ပေ။သူတို့သည်သခင်ယေရှုကိုအဆုံးထိတိုင်အောင် နောက် တော်သို့လိုက်လိမ့်မည်ဟု ပြောကြသော်လည်း သူတို့၏နှလုံးသား များ၌ အပြစ်ရှိသေးသောကြောင့် နောက်ဆုံးနေ့တွင် သူတို့သည် နှင် ထုတ်ခြင်းခံရလိမ့်မည်။ သခင်ယေရှုသည် ဗတ္တိဇံ၊ အသွေးနှင့် ဝိ ညာဉ်တော်အားဖြင့် ကြွလာတော်မူခဲ့သည်ဟု မသိဘဲ သူတို့သည် သ ခင်ယေရှုကို ချစ်ကြသည်။  သူတို့သည် အသွေးတော်အတွက်သာ သခင်ယေရှုကို ချစ်ကြလျှင် သူတို့သည် အပ္ပါယ်ငရဲသို့ သွားကြ လိမ့်မည်။
သင်၏ဝိညာဉ်ကို စစ်မှန် သောသတင်းကောင်း၊ ရေနှင့်အသွေး တော်သတင်းကောင်းကြိုးဖြင့်ချည်လိုက်ပါ။ သခင်ယေရှုသည်ကယ် တင်ခြင်းကြိုးကို ချတော်မူသောအခါ ရေ၊ အသွေးနှင့် ဝိညာဉ်တော် အားဖြင့် မိမိကိုယ်ကိုကိုယ် ချည်သောသူများသည် ကယ်တင်ခြင်းခံရ ကြလိမ့်မည်။ 
ရဟတ်ယာဉ်မှ ကယ်ဆယ်ရေးသည် အသံချဲ့ စက်ဖြင့် “ငါ့ စကားကို သေချာနားထောင်ပါ။ ငါ ကြိုးကို ချလိုက်တဲ့ အခါ သင်၏လက်မောင်များအောက် ရင်ဘက်ပေါ်တွင် ချည်ထားပါ။ ထိုနောက် ဘာမျှ မလုပ်ဘဲနေပါ။ ကြိုးပေါ်တွင် မိမိလက်များဖြင့် မ တွယ်ပါနှင့်။ သင်၏ရင်ဘက်ပေါ်တွင် ချည်ထား၍ သက်တောင့် သက်သာနေပါ။ ထိုနောက် သင်သည် ကယ်တင်ခြင်းခံရလိမ့်မည်” ဟု ကြွေးကြော်ခဲ့သည်။ 
ပထမလူသည် လမ်းညွှန် ချက်များအတိုင်း လိုက်လျှောက်၍ မိမိကိုယ်ကိုကိုယ်ကြိုးဖြင့် ချည်ထားခဲ့သောကြောင့် သူသည် ကယ် တင်ခြင်းခံရသည်။  သို့သော် အခြားသူတစ်ဉီးသည် “မစိုးရိမ်ပါနှင့်။ ငါ အရမ်းသန်တယ်။ ကျွန်တော်ကျန်းမာရေးကလပ်တွင် အလုပ် လုပ်နေတယ်။ ကြည့်ပါ။ ငါ ဗလကို မင်း မြင်တယ်မဟုတ်ဘူးလား။ ငါက မိုင်ပေါင်းများစွာ တွယ်ကပ်နိုင်တယ်” ဟုပြောခဲ့သည်။ ထို နောက် သူသည် ချိတ်ဆွဲထားသောကြိုးကို မိမိလက်ဖြင့် ဆုပ်ကိုင်ခဲ့ သည်။ 
ထိုလူနှစ်ဉီးတို့သည် အစ၌ ကြိုးဖြင့် ဆွဲချိတ်ခြင်းခံရကြသည်။ သို့သော် ခြားနားချက်တစ်ခုရှိသည်။ လမ်းညွှန်ချက်များကို နား ထောင်၍ မိမိရင်ဘက်တွင် ကြိုးချည်သောသူမှာ အခက်အခဲမရှိဘဲ ဆွဲချိတ်ခြင်းခံခဲ့ရသည်။သူသည်လမ်းပေါ်တွင်ဘာမျှ မစဉ်းစားခဲ့သော် လည်း ဆွဲချိတ်ခြင်းခံခဲ့ရသည်။ 
မိမိခွန်အား၌ ဝါကြွားသောသူမှာ မိမိခွန်အားကုန်ဆုံးခဲ့သော ကြောင့်သူသည် မော၍လက်လွှတ်ခဲ့ရသည်။ သူသည် လမ်းညွှန်ချက် များနားမထောင်ဘဲလျစ်လျူရှုခဲ့သဖြင့် သူသည် သေဆုံးခဲ့ရသည်။ 
လူတစ်ဉီးသည် ပြည့်စုံသောကယ် တင်ခြင်းရရှိရန် ဝိညာဉ်များ အားလုံးကို အပြစ်မှကယ်တင်ပေးခဲ့သော ကိုယ်တော်၏ဗတ္တိဇံရေနှင့် အသွေး၏ရွေးနှုတ်ခြင်းကို ယုံကြည်ရမည် ဖြစ်သည်။  ကယ်တင်ခြင်း မှာ “ငါသည် ဗတ္တိဇံယောဟန်နှင့် ကားတိုင်ပေါ်ဝွင် အသေခံအသွေး တော်သွန်းလောင်းခြင်းအားဖြင့် ကယ်တင်ခြင်းခံရသည်”ဟု နှလုံး သားအကြွင်းမဲ့ယုံကြည်သူ များအတွက် ပြင်ဆင်ပေးထားသည်။ 
အသွေးကိုသာ ယုံကြည်သူများသည် “မစိုးရိမ်းနှင့်။ ငါ ယုံကြည် တယ်။ သခင်ယေရှု၏အသွေးတော်အတွက် ဘဝဆုံးထိတိုင်အောင် ငါ ကျေးဇူးတင်လိမ့်မည်။ ငါသည် အဆုံးထိတိုင်အောင် သခင်ယေရှု ၏နောက်တော်သို့ လိုက်လျှောက်၍ အသွေးတော်၌သာ ကျွန်တော့် ယုံကြည်မှုသည် လောကကို အောင်ရန်နှင့် ဘဝတစ်လျှောက်လုံးအ ပြစ်များအားလုံး အပေါ် အောင်မြင်လိမ့်မည်”ဟု ပြောကြသည်။ 
သို့သော် ဤအရာသည် မလုံလောက်ပေ။ ဘုရားသခင်သည် မိမိလူများအဖြစ် လက်ခံတော်မူသောသူများမှာ ဤသက်သေခံချက် သုံးချက်တို့ကို ယုံကြည်သူများ ဖြစ်ကြသည်။  ၎င်းသက်သေများမှာ သခင်ယေရှုသည် ဝိညာဉ်တော်အားဖြင့် ကြွလာတော်မူခြင်း၊ ကိုယ် တော်သည် ဗတ္တိဇံ (သခင်ယေရှုသည် ယောဒန်မြစ်၌ ဗတ္တိဇံအားဖြင့် အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်)ခံယူတော်မူ ခြင်း၊ ကိုယ်တော်သည် အပြစ်များအားလုံးအတွက် ပြစ်ကြွေးများပေး ဆပ်ရန် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် ကိုယ်တော်သည် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်း တို့ ဖြစ်ကြသည်။ 
သန့်ရှင်းသောဝိညာဉ်တော်သည် ဤသုံးခုကို ယုံကြည်သူများ အပေါ်၌သာ ကြွလာတော်မူ၍ သူတို့အတွက် သက်သေခံတော်မူ သည်။ “ဟုတ်ပါတယ်။ ငါက သင်၏ကယ်တင်ရှင်ဖြစ်တယ်။ ငါက မင်းကို ရေနှင့်အသွေးတော်အားဖြင့် ကယ်တင်ခဲ့တယ်။ ငါ့ သင်၏ ဘုရားဖြစ်တယ်။”
သို့သော် ဤအရာသုံးခုကို မယုံကြည်သူများ အပေါ် ဘုရားသ ခင်သည် ကယ်တင်ခြင်းပေးအပ်တော်မမူပေ။ လူတစ်ဉီးသည် တစ်ခု ကို ချန်ထားလျှင် ဘုရားသခင်က “မဟုတ်ဘူး။ မင်းက ကယ်တင် ခြင်းမရဘူး”ဟု မိန့်တော်မူသည်။ ကိုယ်တော်၏တပည့်တော်များ အားလုံးသည် ဤအရာသုံးခုတို့ကို ယုံကြည်ခဲ့ကြသည်။ ကိုယ်တော် ၏ဗတ္တိဇံမှာကယ်တင်ခြင်း၏ပုံဆောင်ချက်နှင့်ကိုယ်တော်၏အ သွေး တော်မှာ တရားစီရင်ခြင်းဖြစ်သည်ဟု သခင်ယေရှုမိန့်တော်မူသည်။ 
 


တမန်တော်ရှင်ပေါလုနှင့်ပေတရုတို့သည် သခင်ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော်ကို သက်သေခံခဲ့ကြသည်


ယေရှု၏တပည့်တော်များက ဘာကို သက်သေခံခဲ့သနည်း
ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်

တမန်တော်ရှင်ပေါလုက သခင်ယေရှု၏ဗတ္တိဇံအကြောင်းကို ပြောခဲ့သလော။ သူသည် သခင်ယေရှု၏ဗတ္တိဇံအကြောင်းကို အ ကြိမ်မည်မျှ ပြောခဲ့သည်ကို ကြည့်ကြပါစို့။ ရောမ ၆း၃ တွင် သူက “သို့မဟုတ် ခရစ်တော်ယေရှု၌ ဗတ္တိဇံခံခဲ့သောငါတို့သည် ကိုယ်တော်၏အသေခံတော်မူခြင်း၌ ဗတ္တိဇံခံခဲ့ကြောင်း သင်တို့မသိကြသလော” ဟု ဖော်ပြထားသည်။ ၆း၅တွင် လည်း “အကြောင်းမူကား ငါတို့သည် ခရစ်တော်၏အသေခံတော်မူခြင်းနှင့်တူညီသောသဏ္ဌာန်၌ ကိုယ် တော်နှင့်အတူပေါင်းစည်းကြသည်ဆိုလျှင် ကိုယ်တော်၏ရှင်ပြန်ထ မြောက်ခြင်းသဏ္ဌာန်ကိုလည်း ဧကန်အမှန်ဆောင်ကြလိမ့်မည်” ဟု ဖော်ပြထားသည်။ 
ဂလာတိ ၃း၂၇ တွင် သူက “အဘယ်ကြောင့်ဆိုသော် ခရစ် တော်၌ဗတ္တိဇံခံသောသူရှိသမျှတို့သည် ခရစ်တော်ကိုဝတ်ဆင်ကြ၏”ဟု ပြောခဲ့သည်။ သခင်ယေရှု၏တမန်တော်များအားလုံးသည် ‘ရေ၊’ သခင်ယေရှု၏ဗတ္တိဇံကို သက်သေခံခဲ့ကြသည်။ “ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏” (၁ ပေ ၃း၂၁)။ 
 

သခင်ယေရှု၏ရေနှင့်အသွေးတော်အားဖြင့် ကြွလာ တော်မူခဲ့သော ကိုယ်တော်၏ ရွေးနှုတ်ခြင်းကယ်တင်ခြင်း

ဘုရားက မည်သူ့ကိုဖြောင့် မတ်သူဟု ခေါ်သနည်း
နှလုံးသားများ၌ အပြစ်တစ်စုံတစ်ခုမျှ မရှိသူများ ဖြစ်ကြသည်

လူသားများအပေါ် ဘုရားသခင်ချပေးတော်မူခဲ့သော ရွေးနှုတ် ခြင်းမှာ သခင်ယေရှု၏ဗတ္တိဇံရေနှင့် ကားတိုင်ပေါ်တွင် အသွေးတော် ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုအရာအားဖြင့် ထ၍အလင်းလင်းနိုင်ကြ သည်။  မည်သို့နည်း။  ဤအရာသုံးမျိုးတို့ကို သက်သေခံခြင်းအား ဖြင့် ဖြစ်သည်။ 
“ထလော့။ လင်းလော့။ သင်၏အလင်းသည်ရောက်လာပြီ။ ထာ ဝရဘုရား၏ဘုန်းအသရေတော်သည် သင်၌ ပေါ်ထွန်းလေပြီ” (ဟေ ရှာယ ၆၀း၁)။ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် အလင်းလင်း တော်မူ၍ ကျွန်ုပ်တို့သည်လည်း အလင်းလင်းရန် မိန့်တော်မူခဲ့သည်။  ကျွန်ုပ်တို့သည် ထိုအမိန့်တော်ကို နာခံသင့်ကြသည်။ 
ကျွန်ုပ်တို့သည် ခွန်အားရှိသမျှဖြင့် သတင်းကောင်းကို ဟော ပြောနေကြသည်။ သိုသော် လူများစွာတို့သည် နားမထောင်ကြပေ။ သခင်‌ယေရှုကို ယုံကြည်လျှင် သင်ရွေးနှုတ်ခြင်းခံရလိမ့်မည်။ သင်သည် ဖြောင့်မတ်သူဖြစ်လာလိမ့်မည်။ သင်သည် နှလုံးသား၌ အပြစ်ရှိသေးလျှင် သင်သည် ဖြောင့်မတ်သူမဟုတ်ပေ။ သင်သည် လောကအပြစ်များကို မအောင်မြင်ခဲ့ပေ။ 
သင်သသည် သခင်ယေရှု၏ရေ(သခင်ယေရှု၏ဗတ္တိဇံ)ကို မယုံ ကြည်လျှင် သင်၏နှလုံးသား၌ အပြစ်မပယ်ဖျက်သေးပေ။ သင်သည် သခင်ယေရှု၏အသွေးတော်ကို မယုံကြည်လျှင် တရားစီ ရင်ခြင်းကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။သင်သည် ဝိညာဉ်တော်အားဖြင့် ကြွလာ တော်မူခဲ့သော သခင်ယေရှုခရစ်တော်ကို မယုံကြည်လျှင် ကယ်တင် ခြင်းခံရလိမ့်မည်မဟုတ်ပေ။ သင်သည် ထိုသက်သေခံချက်သုံးခုကို မယုံကြည်လျှလင် လုံးဝဖြောင့်မတ်သူမဖြစ်လာနိုင်ပေ။ 
မပြည့်စုံသောဖြောင့်မတ်ခြင်းသည် ‘ဖြောင့်မတ် ခြင်းခေါ်သော အရာ”သို့သာ ဉီးဆောင်သည်။ သူသည် အပြစ်ရှိသော်လည်း မိမိ ကိုယ်ကိုကိုယ် ဖြောင့်မတ်သူအဖြစ်စဉ်းစားသည်ဟု လူတစ်ဉီးသည် ပြောလျှင် သူသည် သခင်ယေရှုကို မယုံကြည်သေးပေ။ ယနေ့လူ အချို့တို့သည်‘ဖြောင့်မတ်ခြင်းခေါ်သောအရာ’ပေါ်တွင် ရွေး နှုတ်ခြင်း ကို တွယ်ကပ်ရန် ကြိုးစားကြသည်။ သူတို့သည် ဤအ ကြောင်း ပေါ်တွင် အသုံးမကျသောအရာများကို ရေးသားခဲ့ကြသည်။ 
လူတစ်ဉီးသည် မိမိနှလုံးသား၌ အပြစ်ရှိသေးသောအခါ ဘုားသ ခင်သည် သူ့ကို အပြစ်ကင်းစင်သူဟု မှည့်ခေါ်တော်မူမည်လော။ ကိုယ်တော်သည် ထိုသို့ မှည့်ခေါ်တော်မမူပေ။ ကိုယ်တော်သည် မိမိ မြင်တော်မူသည့်အတိုင်း မှည့်ခေါ်တော်မူသည်။ ကိုယ်တော်သည် တန်ခိုးကြီးတော်မူသော်လည်း ကိုယ်တော်သည် မုသာပြောတော်မမူ နိုင်ပေ။ လူများသည် ဖြောင့်မတ်ခြင်း၏စစ်မှန်သောအဓိပ္ပါယ်ကို နားလည်သဘောမပေါက်ကြပေ။ တစ်စုံတစ်ခုသည် သန့်ရှင်းမှသာ လျှင် ‘သန့်ရှင်း’အရာအဖြစ် ကျွန်ုပ်တို့ မှည့်ခေါ်ကြသည်။ အပြစ်ရှိ သောအခါ ကျွန်ုပ်တို့သည် ‘ဖြောင့်မတ်သူ’ဟု မခေါ်ကြပေ။ 
သင်သည် နှလုံးသား၌ အပြစ်ရှိသော်လည်း သခင်ယေရှုသည် ဖြောင့်မတ်သူဟု မှည့်ခေါ် တော်မူလိမ့်မည်ဟု သင်ထင်နိုင်သည်။ ထိုအရာသည် မမှန်ကန်ပေ။ 
ကျွန်ုပ်တို့သည် ဝိညာဉ်တော်၊ ရေ (ကိုယ်တော်သည် ဗတ္တိဇံခံ ယူတော်မူသောအခါ ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွား တော်မူခြင်း)၊နှင့် အသွေးတော်(ကိုယ်တော်သည် အသွေးအသားအား ဖြင့် ကြွလာတော်မူ၍ ကျွန်ုပ်တို့အတွက် အသေခံတော်မူခြင်း) အား ဖြင့် ကြွလာတော်မူခဲ့သော သခင်ယေရှုကို ယုံကြည်သောအခါ သခင် ယေရှုသည် ကျွန်ုပ်တို့အား ဖြောင့်မတ်သူများအဖြစ်မှည့်ခေါ်တော်မူ သည်။ 
ခရစ်ယာန် ဓမ္မမိတ်ဆွေများ၊ ‘ဖြောင့်မတ်ခြင်းခေါ်သောအရာ’ မှာ ရေနှင့်အသွေးသတင်းကောင်းဖြင့် ဘာမျှ သက်ဆိုင်မှုမရှိပေ။ ‘ဖြောင့်မတ်ခြင်းခေါ်သောအရာ’ သို့မဟုတ် ‘ဖြောင့်မတ်သူများခေါ် ခြင်း’မှာ လူများဖန်တီးခဲ့သော အယူဝါဒတစ်ခု ဖြစ်သည်။ သင်သည် နှလုံးသား၌အပြစ်ရှိသောအခါ ဘုရားသခင်သည် သင့်ကို ဖြောင့်မတ် သူဟု မှည့်ခေါ်တော်မူမည်လော။ လူတစ်ဉီးသည် သခင်ယေရှုကို မည်သို့ပင် စိတ်အားထက်သန်စွာ ယုံကြည်စေကာမူ သူ၏နှလုံးသား ၌ အပြစ်ရှိသောအခါ ဘုရားသခင်သည် သူ့ကို ဖြောင့်မတ်သူတစ်ဉီး အဖြစ် မှည့်ခေါ်တော်မမူပေ။  သခင်ယေရှုသည် မုသာပြောတော်မ မူနိုင်ပေ။ 
သို့သော် လူတစ်ဉီးသည် မိမိနှလုံးသား၌ အပြစ်ရှိသောအခါ ကိုယ်တော်သည် သူ့ကို ဖြောင့်မတ်သူဖြစ်သည်ဟု မှည့်တော်မူသည် ဟု သင်ယူဆသေးသလော။ ထိုအရာမှာ လူများယူဆခြင်းဖြစ်၍ ဘုရားသခင်၏ထင်မြင်ချက်မဟုတ်ပေ။ ဘုရားသခင်သည် မုသာစ ကားကို မုန်းတော်မူသည်။ သင်သည် ‘ဝိညာဉ်’နှင့် ‘အသွေး’ကို ယုံကြည်သောအခါမှသာ ကိုယ်တော်သည် သင့်ကို ဖြောင့်မတ်သူဟု မှည့်ခေါ်တော်မူမည်လော။  Never. ဘယ်တော့မှ ခေါ်တော်မမူပေ။ 
ဘုရားသခင်သည် ဖြောင့်မတ်သူများဟု မှည့်ခေါ်တော်မူ သော လူတန်းစားတစ်ခုတည်းရှိသည်။ သူတို့သည် မိမိနှလုံးသားများ၌ အပြစ်မရှိ သောသူများဖြစ်ကြသည်။  ဘုရားဖြစ်တော်မူသော သခင် ယေရှုသည် လူသားတစ်ဉီးအဖြစ် ဤလောကသို့ ကြွဆင်းတော်မူ သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ယောဒန်မြစ်၌ ဗတ္တိဇံခံယူ တော်ခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် အပြစ်များအားလုံး ဖယ်ရှားပေးတော်မူရန် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း တော်မူခဲ့သည်ကိုလည်းကောင်း၊ ဤအရာအားလုံးကို ယုံကြည်သူ များကိုသာ ကိုယ်တော်သည် အသိအမှတ်ပြုတော်မူသည်။ 
ရွေးနှုတ်ခြင်းသခင်းကောင်းကို ယုံကြည်သူများသာလျှင် ဘုရား သခင်သည် ဖြောင့်မတ်သူများအဖြစ် အသိအမှတ်ပြုတော်မူခဲ့သည်။  သူတို့သည် မှန်ကန်စွာ ယုံကြည်သူများဖြစ်ကြသည်။ သူတို့သည် ကျွန်ုပ်တို့အတွက်ကိုယ်တော်ပြုတော်မူခဲ့သောအရာအားလုံးကို လုံးဝ ယုံကြည်ကြသည်။ သခင်ယေရှုသည် ကြွလာတော်မူခဲ့၍ အပြစ်များ အားလုံးယူဆောင်သွားတော်မူရန် ဗတ္တိ ဇံခံယူတော်မူသည်ကိုလည်း ကောင်း၊ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်း အားဖြင့် ကျွန်ုပ်တို့အတွက် တရားစီရင်ခြင်းခံတော်မူ၍သေခြင်းမှ ရှင်ပြန်ထ‌မြောက်တော်မူခဲ့သည်ကိုလည်းကောင်း သူတို့သည် ယုံ ကြည်ကြသည်။ 
ဤအရာများအားလုံးသည် ဘုရားသခင်၏မေတ္တာတော်ကြောင့် လုပ်ဆောင်ရခြင်း ဖြစ်သည်။ သခင်ယေရှုသည် ကောင်းကင်မှ ဆင်းကြွ တော်မူခဲ့၍ “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အားငြိမ်သက်ချမ်းသာမှုကိုပေးမည်” (မဿဲ ၁၁း၂၈)ဟု မိန့်တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ အပြစ်များကိုယူဆောင်သွားတော်မူခြင်းအားဖြင့် ဤအမှုကို ပြုတော် မူခဲ့သည်။ 
သခင်ယေရှု၏အသွေးတော်ကိုသာ ယုံကြည်သူများကို ဘုရား သခင်သည် အသိအမှတ်ပြုတော်မမူပေ။ သခင်ယေရှု၏အသွေး‌ တော်ကိုသာ ယုံကြည်သူများသည် သူတို့၏နှလုံးသားများ၌ အပြစ်ရှိ ကြသည်။ ရွေးနှုတ်ခြင်းခံရရန် သခင်ယေရှုသည် မည်သူ့ကို အသိအ မှတ်ပြုတော်မူသနည်း။ 
သခင်ယေရှု၏ဗတ္တိဇံ၊ အသွေးတော်နှင့် ကိုယ်တော်သည် ဘုရား ဖြစ်တော်မူသည်ဟူသောအချက်ကိုယုံကြည်ပါ။ အားလုံးသည် ကယ် တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သောအရာများ ဖြစ်ကြသည်။ “ငါ သည် ဤလောကသို့ ကြွဆင်း၍ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်ခဲ့သောအခါ သင်၏အပြစ်များအားလုံးကို ယူဆောင်သွားခဲ့ သည်။ လောကအပြစ်များအားလုံးကို ငါအပေါ်သို့ လွှဲပြောင်းခဲ့သည် ဟု ငါသက်သေခံသည်။ ကားတိုင်ပေါ် တွင်အပြစ်များအတွက် ပြစ်ကြွေးကို ငါပေးဆပ်ခဲ့သည်။ ထိုကြောင့် သင့်ကို ငါ ကယ်တင် ခဲ့သည်။” 
ဤသုံး ချက်အားလုံးကို ယုံကြည်သူများအပေါ် သခင်ယေရှုက “ဟုတ်ပါတယ်။ မင်းက ကယ်တင်ခြင်းခံရတယ်။ မင်းက ဖြောင့်မတ် သူနှင့် ဘုရားသခင်၏သားသမီးဖြစ်တယ်”ဟု မိန့်တော်မူသည်။ 
သင်သည် သခင်ယေရှု၏ဗတ္တိဇံ၊ အသွေးတော်နှင့် ဝိညာဉ်တော် အားလုံးကို အတူတူ ယုံကြည်လျှင် သင်သည်လည်း ကယ်တင်ခြင်းခံ ရနိုင်သည်။ အသွေးနှင့်ဝိညာဉ်တော်ကိုသာ ယုံကြည်သူများသည် သူတို့၏နှလုံးသားများ၌ အပြစ်ရှိသေးသည်။ ဘုရားသခင်၏နိုင်ငံ တော်တွင် သမ္မာတရားတစ်ခုတည်းရှိသည်။ တရားမျှတခြင်း၊ ရိုးသား ဖြူစင်ခြင်း၊ ချစ်ခြင်းနှင့် ကြင်နာမှုသာရှိသည်။ မုသာစကား တစ်ခွန်း မျှ မရှိပေ။ ကောင်းကင်နိုင်ငံတော်တွင် မုသာစကားနှင့် လှည့်စားမှု မရှိပေ။

မည်သူသည် ‘ပညတ်တရား မဲ့သူ’ ဖြစ်ကြသနည်း
သခင်ယေရှု၏ဗတ္တိဇံကို မယုံကြည် သူများ ဖြစ်ကြသည်

“ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရော ဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခ ဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်” (မဿဲ ၇း၂၂)။
ဘုရားသခင်သည် မိမိနိုင်ငံတော်သို့ဝင်ရောက်ရန် ဖြောင့်မတ် သူဖြစ်လာရန် လူသားများ၏လုပ်ငန်းများကို အသိအမှတ်ပြုတော်မ မူပေ။ “ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိ အလင်းပြောမည်”(မဿဲ ၇း၂၃)။ 
 “ကျွန်ုပ်သည် ကိုယ်တော့်အတွက် အိမ်နှစ်လုံး လှူဒါန်းခဲ့တယ်။ ကိုယ်တော့်အတွက် မိမိဘဝကို စတေးခဲ့တယ်။ ကိုယ်တော်မြင်တွေ့ တော်မမူသလော။ ကျွန်ုပ်အသက်ရှင်နေသရွေ့ ကိုယ်တော်ကို မငြင်း ခဲ့ပါ။ ကိုယ်တော်သည် ကျွန်တော့်ကို မြင်တွေ့တော်မူသလော။”
“ထိုသို့ဆိုသော်၊ သင် သည် မိမိနှလုံးသား၌ အပြစ်ရှိသလော။”
 “ရှိပါတယ်၊ ကိုယ်တော်။ အနည်း ငယ်ရှိပါတယ်။”
 “ထိုနောက် ငါ့ထံမှ ဖယ်ကြပါ။ အပြစ်သားများသည် ဤနေရာ တွင် ချဉ်းကပ်ခွင့်မပြုပါ။”
 “သို့သော် ကျွန်ုပ်သည် ကိုယ်တော်သခင်၌ ယုံကြည်မှုအတွက် မာတုရအသေခံခဲ့တယ်။”
“မာတုရအသေခံသူ တစ်ဉီးသည် အဘယ်အရာကို ဆိုလိုသလဲ။ သင်သည် မိမိလည်ပင်းခိုင်မာမှုအတွက်သာ အသေခံခဲ့တယ်။ သင် သည် ငါ၏ဗတ္တိဇံနှင့်အသွေးတော်ကို အသိအမှတ်ပြုသလား။ သင် သည် ငါ၏လူဖြစ်သည်ဟု သင့်နှလုံးသား၌ ငါသက်သေခံခဲ့သလား။  သင်သည် ငါ၏ဗတ္တိဇံကို မယုံကြည်၍ သင်သည် ငါ၏လူဖြစ်သည် ဟု ငါသက်သေမခံခဲ့ရသော်လည်း သင်သည် သင်၏ယုံကြည်မှုပေါ် တွင် တွယ်ကပ်၍ ထိုအရာအတွက် အသေခံခဲ့တယ်။ ငါသည် သင့်အ တွက် မည်သည့်အချိန်တွင် သက်သေခံခဲ့ဖူးသလဲ။ သင်သည် ထို အရာကို မိမိအပေါ်သို့ ယူဆောင်လာခဲ့တယ်။  သင်သည် မိမိရွေး နှုတ်ခြင်းအတွက်သာ ချစ်မြတ်နိုး၍ ကြိုးစားခဲ့တယ်။  သင်နားလည် သဘောပေါက်သလား။ ယခု သင်၏လမ်း၌သာနေ့ပါ။” 
သခင်ယေရှုက ထ၍လင်းပါဟု ကျွန်ုပ်တို့အား ပြေားကြား တော်မူခဲ့သည်။ ရွေးနှုတ်ခြင်းခံခဲ့သောသူများသည် သာမန်ခရစ်ယာန် များနှင့် မိစ္ဆာပရောဖက်များစွာရှေ့မှ သတ္တိကြောင်၍ ထွန်းလင်းစွာ မ တောက်ပနိုင်ကြပေ။ သို့သော် အမှိုက်ကစ ပြသဒ်မီးလောင်တတ် သည်။ လူတစ်ဉီးသည် ရဲရင့်စွာရပ်တည်၍ သမ္မာတရားကို သက်သေ ခံလျှင် တစ်ကမ္ဘာလုံးသည် ထွန်းလင်းလိမ့်မည်။ 
ဟေရှာယ ၆၀း၁-၂တွင် “ထလော့။ လင်းလော့။ သင်၏အလင်းသည်ရောက်လာပြီ။ ထာဝရဘု ရား၏ဘုန်းအသရေတော်သည် သင်၌ ပေါ်ထွန်းလေပြီ။ ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုလည်းကောင်း၊ အမှောင်ထုသည် လူတို့ကိုလည်းကောင်း ဖုံးလွှမ်းမည်။ သို့သော်လည်း ထာဝရဘုရားသည် သင့်ထံ၌ ပေါ်ထွန်းတော်မူမည်။ ဘုန်းအသရေတော်သည် သင်၌ထင်ရှားမည်”ဟု ပြောထား သည်။ 
မိစ္ဆာသတင်းဖြစ်သော မတရားသောအမှောင်ထုကြီသည် တစ် ကမ္ဘာလုံးကို ဖုံးအုပ်ခဲ့သောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ အား ထ၍လင်းရန် မိန့်တော်မူသည်။ သခင်ယေရှုကို ယုံကြည်သူများသာ လျှင် ကိုယ်တော့်ကို ချစ်နိုင်ကြသည်။   ရွေးနှုတ်ခြင်းမခံရသောသူ များသည် သခင်ယေရှုကို မချစ်နိုင်ကြပေ။ သူတို့သည် မည်သို့နည်း။ သူတို့သည် မေတ္တာအကြောင်းကိုသာ ပြောကြသော်လည်း သူတို့ သည် သမ္မာတရားတစ်ခုလုံးကို ယုံကြည်ခြင်းမရှိလျှင် ကိုယ်တော့်ကို အမှန်အကန် ချစ်နိုင်ကြမည် မဟုတ်ပေ။
 

အပြစ်သားများ၏ကယ်တင်ခြင်းအတွက် သက်သေခံ သောအရာ သုံးပါးရှိသည်

ကျွန်ုပ်တို့နှလုံးသား၌ ကယ်တင် ခြင်းသက်သေမှာ အဘယ်နည်း
သခင်ယေရှု၏ဗတ္တိဇံ

“ဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက်သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်ကြ၏။” သခင်ယေရှု သည် ဤလောကသို့ ကြွဆင်းတော်မူခဲ့၍ ရေနှင့်အသွေးအားဖြင့် မိမိ လုပ်ငန်းကို လုပ်ဆောင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဤအမှုကို ပြုတော်မူခဲ့၍ ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည်။ 
 “ငါတို့သည် လူ၏သက်သေခံချက်ကို လက်ခံကြသည်ဆိုလျှင် ဘုရားသခင်၏သက် သေခံတော်မူချက်သည် ပို၍ကြီးမြတ်၏။ အ ဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏သက်သေခံတော်မူချက်သည် မိမိ၏သားတော်နှင့်ပတ်သက်၍ပေးထားသော သက်သေခံတော်မူချက်ဖြစ်၏။ ဘုရားသ ခင်၏သားတော်ကိုယုံကြည်သောသူသည် ဤသက်သေခံချက်ကို မိမိအထဲ၌ရရှိထား၏။ ဘုရားသခင်ကိုမယုံကြည်သောသူမူကား ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က မိမိ၏သားတော်နှင့်ပတ်သက်၍ သက်သေခံတော်မူသောသက်သေခံချက်ကို ထိုသူသည် မယုံကြည်သော ကြောင့်ဖြစ်၏။ ထိုသက်သေခံချက်မှာ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူပြီး ထိုအသက်သည် ဘုရားသခင်၏သားတော်၌ရှိ၏ဟူ၍ ဖြစ်၏။ သားတော်ကိုရရှိသောသူသည် အ သက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရရှိသောသူမူကား အ သက်ကိုမရ”(၁ ယော ၅း၉-၁၂)။ 
ဒုတိယမွေး ဖွားခြင်းခံရသောသူများသည် လူများ၏သက်သေ ကို ရရှိကြသည်။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများအဖြစ် အသိအ မှတ်ပြုခြင်းခံရကြသည်။ ရွေးနှုတ်ခြင်းခံရသော ဒုတိယမွေးဖွားခြင်းခံ ရသောသူများသည်ရွေးနှုတ်ခြင်းသမ္မာတရား အကြောင်းကို ပြောကြ သောအခါ လူများသည် အငြင်းဆိုနိုင်ကြပေ။ သူတို့သည် ၎င်းကို လက်ခံကြသည်။ ကျွန်ုပ်တို့သည် မှန်ကန်စွာ ယုံကြည်ကြသည်ကို လည်းကောင်း၊ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ မှန်ကန်သည်ကို လည်းကောင်း သူတို့ပြောကြသည်။ ကျွန်ုပ်တို့သည် မည်သို့ ဒုတိယ မွေးဖွားခံရကြသည်ကို သူတို့ထံ ပြောကြလျှင် ကျွန်ုပ်တို့သက်သေခံ သော စစ်မှန်သောသတင်းကောင်းကို ဆန့်ကျင်နိုင်သူတစ်စုံတစ်ဉီးမျှ မရှိပေ။ကျွန်ုပ်တို့သည် မှန်ကန်သည်ဟု သူတို့ပြောကြသည်။  ကျွန်ုပ် တို့သည် လူများ၏သက်သေကို ရရှိ ကြသည်။ 
သို့သော် ဤကျမ်းချက် ကလည်း “ဘုရားသခင်၏သက်သေမှာ ပို၍ ကြီးမားသည်။ အကြောင်းမှာ ဘုရားသခင်၏သက်သေ ဖြစ် သောကြောင့် ဖြစ်သည်”ဟု ပြောသည်။ ဘုရား သခင်၏သက်သေမှာ ကိုယ်တော်၏သားတော်ဖြစ်သည်ဟု ပြောထားသည်။ မှန်ကန်သ လော။ သားတော်၏သက်သေမှာ အဘယ်အရာဖြစ်သနည်း။ ဘုရား သခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်ဟူသော သက်သေ များမှာ သခင်ယေရှုသည် ဝိညာဉ်အားဖြင့် ကြွဆင်းတော်မူ၍ ရွေး နှုတ်ခြင်းရေအားဖြင့် ကြွဆင်းလာကာ ကားတိုင်ပေါ်တွင် အသွေး တော်အားဖြင့် ကြွဆင်းတော်မူခဲ့ခြင်း ဖြစ်သည်။  ဤအရာမှာ ကိုယ် တော်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့ သောနည်းလမ်းဖြစ် သည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သည် ၎င်းကို ယုံကြည်ကြသော ကြောင့် ကိုယ်တော်၏လူများဖြစ်ကြသည်ကို လည်းကောင်း ဘုရား သခင်သည် သက်သေခံတော်မူသည်။ 
“ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူသည် ဤသက် သေခံချက်ကို မိမိအထဲ၌ရရှိထား၏။ ဘုရားသခင်ကိုမယုံကြည်သောသူမူကား ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၏။ အ ဘယ်ကြောင့်ဆိုသော် ဘုရားသခင်က မိမိ၏သားတော်နှင့်ပတ်သက် ၍ သက်သေခံတော်မူသောသက်သေခံချက်ကို ထိုသူသည် မယုံ ကြည်သောကြောင့်ဖြစ်၏။”
ဤကျမ်းချက်က ရွေးနှုတ်ခြင်းခံခဲ့သောသူများသည် မည်သူ များဖြစ်ကြသည်ကို ကြိုတင်ပြောထားသည်။  ဘုရား သခင်၏သား တော်ကို ယုံကြည်သူများသည် ကိုယ်တော်၌ သက်သေများဖြစ်ကြ သည်ဟု ပြောထားသည်။  သင်သည် နှလုံးသားဖြင့် သက်သေရှိသ လော။ သင်၌ သက်သေရှိ၍ ကျွန်တော့်မှာလည်း သက်သေရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ဤလောကသို့ ကြွဆင်းတော်မူ ခဲ့သည်။ (ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မာရိ ဝမ်းဗိုက်ဖြင့် လူ့ဇာတိခံယူတော်မူခဲ့သည်။)
ကိုယ်တော်သည် အသက်၃၀နှစ်ရှိသော အခါ ကျွန်ုပ်တို့အပြစ် များအားလုံး ယူဆောင်သွားတော်မူရန်အတွက် ဗတ္တိဇံခံယူတော်မူခဲ့ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးဖြင့် ကားတိုင် ပေါ်တွင် တရားစီရင်ခြင်းခံတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ် တို့အား ထာဝရအသက်ပေးအပ်တော်မူရန်အတွက် သုံးရက် မြောက်သောနေ့၌သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့သည်။ သခင် ယေရှုသည် ကျွန်ုပ်တို့ကို ဤသို့ဖြင့် ကယ်တင်တော်မူခဲ့သည်။ 
ကိုယ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းရှိ တော်မမူ လျှင် မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ကိုယ်တော်သည် သင်္ချိုင်းတွင်း၌ ကျွန်ုပ်တို့အတွက် မည်သို့ သက်သေခံနိုင်မည်နည်း။ ထိုသို့ဖြင့်ကိုယ်တော်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော်မူခြင်း ဖြစ်သည်။ဤအရာသည်ကျွန်ုပ်တို့ယုံကြည်ရမည့်အရာဖြစ်သည်။ 
ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း ကိုယ်တော်သည် ဗတ္တိဇံ နှင့် အသွေးတော်အားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်။  ကျွန်ုပ်တို့သည် ယုံကြည်ကြသောကြောင့် သင်နှင့်ကျွန်တော်တို့သည် ကယ် တင်ခြင်းခံရကြသည်။ ကျွန်တော့်၌ သက်သေရှိ၍ သင်၌လည်း သက်သေရှိသည်။  ရွေးနှုတ်ခြင်းခံရသောသူများသည် ကိုယ်တော်၏ ဗတ္တိဇံ‘ရေ’ကိုလျစ်လျူမရှုနိုင်ကြပေ။ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည်ဟူသောအရာများကိုမပယ်ဖျက်နိုင်ပေ။ 
“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”(မဿဲ ၃း၁၅)။ သခင်ယေရှုသည် ယောဟန်မြစ်၌ ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံ ခံယူတော်မူခဲ့သောအခါ ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ ဆောင် သွားတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ မငြင်းဆိုနိုင်ကြပေ။  ရွေးနှုတ်ခြင်းခံ ရသောသူများသည်သခင်ယေရှု၏ဗတ္တိဇံ‘ရေ’ကို မငြင်းဆိုနိုင်ကြပေ။
 

ယုံကြည်သော်လည်း ရွေးနှုတ်ခြင်းမခံရ‌သောသူများသည်  အဆုံးထိ သခင်ယေရှု၏ဗတ္တိဇံကို ငြင်းပယ်ကြသည်

မည်သူက ဘုရားကို မသာဆို စေသနည်း
သခင်ယေရှု၏ဗတ္တိဇံကို မယုံကြည် သူများဖြစ်ကြသည်

တမန်တော် ရှင်ယောဟန်က “ဘုရားသခင်ကိုမယုံကြည်သောသူမူကား ဘုရားသ ခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၏”ဟု ပြောခဲ့သောအခါ သူ သည် မည်သို့ အသက်ရှင်ခဲ့သည်ကို သိရသည်။ ယခု ဤတွင် တမန်တော်ရှင်ယောဟန်သည် အသက်ရှင်ခဲ့လျှင် သူ သည် ယနေ့ခရစ်ယာန်များအား အဘယ်အရာကို ပြောလိမ့်မည် နည်း။သူက ‘သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကျွန်ုပ် တို့အပြစ်များအားလုံးကို ယူဆောင်သွား‌တော်မူခဲ့သည်’ မဟုတ်လော ဟု မေးလိမ့်မည်။ 
သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို ရွေးနှုတ်တော်မူခဲ့သော ဟူသောသတင်းကောင်းကို ဗတ္တိဇံယောဟန် သည် သက်သေခံခဲ့သည်မဟုတ်လော။ “ကိုယ်တော်သည် ငါ့အားဖြင့် ဗတ္တိဇံခံယူ တော်မူခဲ့သောအခါ သင်၏အပြစ်များကို သခင်ယေရှုအ ပေါ်သို့ လွှဲပြောင်းပေး၍ ၎င်းတို့ကို ထမ်းတော်မူခဲ့သည်မဟုတ် လော။” ထိုကြောင့် သခင်ယေရှုသည် ကျွန်ုပ်တို့အားလုံးကို ကယ် တင်တော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့သည်ဟု သူက ကွက်ကွက်ကွင်း ကွင်း သက်သေခံခဲ့သည် (ယောဟန် ၁း၂၉၊ ၁ ယော ၅း၄-၈)။ 
တစ်နည်းအားဖြင့် ဘုရားသခင်ကို မယုံကြည်သူများ၊ ကျွန်ုပ်တို့ အားကယ်တင်ရန် ကိုယ်တော်ပြုတော်မူခဲ့သောအရာများအားလုံးကို မယုံကြည်သူများသည် ကိုယ်တော့်ကို မုသာပြောစေကြသည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ပြောကြသောအခါ သူတို့က “အို၊ ငါ့ကို သနားပါ။ ကိုယ် တော်သည် ကျွန်ုပ်အပြစ်များအားလုံးကို ယူဆောင်သွားတော်မမူနိုင် ပေ။ ကိုယ်တော်သည် ဗီဇအပြစ်ကို သာယူဆောင်သွားတော်မူခဲ့၍ ကျွန်ုပ်တို့နေ့စဉ်အပြစ်များအားလုံး ကျန်ရစ်သေးတယ်”ဟု ပြောကြ သည်။ 
ထိုကြောင့် သူတို့သည် နေ့အပြစ်များရွေးနှုတ်ြခင်းခံရရန်အ တွက် နောင်တနှင့်စပ်ဆိုင်သောဆု‌တောင်းခြင်းများကို ပြုရကြမည် ဟု သူတို့က ခုခံပြောဆိုတတ်ကြသည်။ ဤအရာသည် သူတို့၏ ယုံကြည်သောအရာ ဖြစ်သည်။ သင်တို့အားလုံးသည်လည်း ယုံကြည် ကြသလော။ ကျွန်ုပ်တို့အပြစ်သည် သခင်ယေရှု၏ဗတ္တိဇံအားဖြင့် ဆေးကြောခြင်းခံရသည်ဟု မယုံကြည်သောသူများသည် ဘုရားသ ခင်ကို မုသာဆိုစေ‌သောသူများ ဖြစ်ကြသည်။ 
 

သခင်ယေရှုသည် ဗတ္တိဇံ၍ ကားတိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းခဲ့သောအခါ ကျွန်ုပ်တို့ကို တစ်ကြိမ် တည်းကယ်တင်‌တော်မူခဲ့သည်

မည်သူသည် မုသာ ပြောသနည်း
သခင်ယေရှု၏ဗတ္တိဇံကို မယုံကြည်သူများ ဖြစ်သည်

သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူ၍ ကျွန်ုပ်တို့အပြစ်များ အားလုံးကို တစ်ကြိမ်တည်း ယူဆောင်သွား‌တော်မူခဲ့သည်။ ဘုရားသ ခင်သည် သခင်ယေရှု၏ဗတ္တ္တိဇံနှင့်အသွေးတော်ကို ယုံကြည်သူများ ကို ကယ်တင်တော်မူခဲ့သော်လည်း မယုံကြည်သူများကို စွန့်ပယ် တော်မူသည်။ သူတို့သည် အပ္ပါယ်ငရဲသို့ သွားကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရခြင်း/မခံရခြင်းမှာ ကျွန်ုပ်တို့ယုံ ကြည်သောအရာပေါ်တွင် မူတည်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ အား လောကအပြစ်များအားလုံးမှ ကယ်တင်တော် မူခဲ့သည်။ ယုံ ကြည်သူများသည် ကယ်တင်ခြင်းခံရကြ၍ မယုံကြည်သူများသည် ဘုရားသခင်ကို မုသာဆိုစေကြသောကြောင့် သူတို့သည် ကယ်တင် ခြင်းမခံရကြပေ။ 
လူသားများသည် မိမိအားနည်းချက်များ ကြောင့် အပ္ပါယ်ငရဲသို့ မသွားကြသော်လည်း သူတို့၏ယုံကြည်ခြင်း အားနည်းချက်ကြောင့် သွားရမည် ဖြစ်သည်။  “ဘုရားသခင်ကိုမယုံကြည်သောသူမူကား ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၏”(၁ ယော ၅း၁၀)။ သူတို့အပြစ်များအားလုံးကို သခင်ယေရှုအပေါ်သို့ လွှဲ ပြောင်းခဲ့သည်ဟု မယုံကြည်သူများသည် မိမိနှလုံးသားများ၌ အပြစ် ရှိသေးသည်။  သူတို့သည် အပြစ်မကျူးလွန်ပေးဟု မပြောနိုင်ကြပေ။ 
တစ်ကြိမ်က ကျွန်တော် သင်းထောက်လူကြီးတစ်ဉီးကို တွေ့၍ “ဆရာရေ၊ ဆရာက သခင်ယေရှုကို ယုံကြည်သောအခါ အပြစ်များ အားလုံး ကွယ်ပျောက်ခဲ့သလား”ဟု မေးခဲ့သည်။ 
 “ကွယ်ပျောက်ခဲ့တယ်။”
 “ထိုနောက် သခင်ယေရှုသည် လောကအပြစ်များအားလုံးကို ယူဆောင်သွား‌တော်မူခဲ့၍ ‘အမှုပြီးပြီ’ဟု မိန့်တော်မခဲ့သောကြောင့် သင်သည် ကယ်တင်ခြင်းခံရတယ်။ မှန်ကန်တယ်မဟုတ်ဘူးလား။”
 “မှန်ပါတယ်။ ကျွန်တော်ကယ် တင်ခြင်းခံခဲ့ရတယ်။”
 “ဆရာသည် အပြစ်ကင်း စင်ရမည်။” 
 “ဟုတ်ပါတယ်။ ကင်းစင်ပါတယ်။”
 “ဆရာသည်အပြစ်နောက်တစ်ကြိမ်ပြုလျှင်ဘာဖြစ်မည်နည်း။”
 “ငါတို့အားလုံးက လူသားများဖြစ်ကြတယ်။ အပြစ်မပြုဘဲ မည် သို့နေနိုင်ကြမလဲ။ ဒါကြောင့် ကျွန်ုပ်တို့သည် နေ့စဉ်အပြစ်များအ တွက် နောင်တရ၍ ဆေးကြောရမည် ဖြစ်တယ်။”
ဤသင်းထောက် လူကြီးသည် ရွေးနှုတ်ကယ်တင်ခြင်းသမ္မာတ ရားကို ပြည့်စုံစွာမသိသောကြောင့် သူသည် မိမိနှလုံးသား၌ အပြစ် ရှိသည်။ မိမိကိုယ်ကိုကိုယ်နှစ်သက်သောသူသည် ဘုရားသခင်ကို မုသာဆိုစေသောသူဖြစ်၍ ကိုယ်တော်ကို မုသာပြောသောသူ ဖြစ် သည်။  ဘုရားဖြစ်တော်မူထသောသခင်ယေရှုသည် လောကအပြစ် များအားလုံးကို မဖယ်ရှားဘဲ နေတော်မူခဲ့သလော။ ထိုသို့ထင်မှတ် ခြင်းမှာ စိတ်မကောင်းစရာ ဖြစ်သည်။ သခင်ယေရှုသည် အပြစ်များ ကို ဖျက်ဆီးတော်မူရန် မေ့လျော့တော်မူလျှင် ကိုယ်တော်သည် ကယ်တင်ခြင်းဘုရား မည်သို့ ဖြစ်တော်မူနိုင်မည်နည်း။ ကိုယ် တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်ကို ယုံကြည်ရန် မည်သို့ ပြောကြားနိုင်မည်နည်း။ သင်သည် ကိုယ်တော်ကို မုသာဆိုစေသ လော။ သင်သည် ထိုသို့မပြုရန် ကျွန်တော်အကြံပြုပါသည်။ ကိုယ်တော်ကို မသရော်ရန် သမ္မာကျမ်းစာက မိန့်ဆိုသည်။ ဤအ ရာသည် ကိုယ်တော်ကို မုသာမဆိုစေရန်နှင့် ကိုယ်တော်ကို မလှည့် စားရန်ပြောခြင်း ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်တူတော်မ မူပေ။ 
တမန်တော်ရှင်ယောဟန်သည် ရွေးနှုတ်ခြင်းသတင်းကောင်း အကြောင်းကို အလျင်တဆောပြောကြားသည်။ သခင်ယေရှုခရစ် တော်သည် ရေ၊ အသွေး၊ နှင့်ဝိညာဉ်တော်အားဖြင့် ကြွဆင်းတော်မူ ခြင်းအချက်၊ ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုတော်မူခဲ့သောအရာ များကို လူများစွာတို့သည် မယုံကြည်ကြပေ။ 
ခရစ်ယာန်များအဖွဲ့နှစ် ဖွဲ့ရှိသည်။  သမ္မာကျမ်းစာပြောသည့်အ တိုင်း မယုံကြည်ဘဲ “ငါကအပြစ်သားဖြစ်တယ်”ဟု ဝန်ခံသူများနှင့် သူတို့အတွက် ဘုရားသခင်ပြုတော်မူခဲ့သောအရာများကို ယုံကြည်၍ “ငါကဖြောင့်မတ်သူဖြစ်တယ်”ဟု ယုံကြည်ခြင်းအားဖြင့် ဝန်ခံသော သူများ ဖြစ်ကြသည်။ မည်သည့်အဖွဲ့သည် သမ္မာတရားကို ပြော သည်ဟု သင်ယူဆသနည်း။ 
တစ်နည်းအားဖြင့်၊ ဘုရားသခင်ပြုတော်မူခဲ့သောအရာများကို မယုံကြည်သူများ၊ ရေ၊ အသွေးနှင့် ဝိညာဉ်တော်တို့၏သက်သေကို မဝန်ခံသောသူများသည် မုသာ ပြောကြသည်။ သူတို့သည် မိစ္ဆာ ယုံကြည်မှုရှိကြသည်။မယုံကြည်သူများသည်ဘုရားသခင်အား မုသာ ဆိုစေကြသည်။ 
ကိုယ်တော်ကို မုသာမဆိုစေပါနှင့်။ သခင်ယေရှုသည် ယောဒန် မြစ်သို့ ကြွတော်မူ၍(ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့်) ဖြောင့်မတ် ခြင်းအားလုံး(လောကအပြစ်များယူဆောင်သွားတော်မူခြင်း)ကို ပြည့် စုံစေတော်မူခဲ့သည်။
 

မယုံကြည်သူများသည် သခင်ယေရှု၏ဗတ္တိဇံနှင့် သန့်ရှင်းခြင်းကို ငြင်းပယ်ကြသည်

စတန်နှင့်နတ်ဆိုးတို့ သည် ဘာကို ငြင်းကြသနည်း
သခင်ယေရှု၏ဗတ္တိဇံ

သားတော်ကို ယုံကြည်သူတစ်ဉီးသည် သူ၌ သက်သေရှိသည်။ ဒုတိယမွေးဖွားခြင်းခံရသောသူများက သခင်ယေရှုသည် ဗတ္တိဇံခံယူ တော်မူခဲ့သောအခါ အပြစ်များအားလုံးကို သခင်ယေရှုအပေါ်သို့ လွှဲ ပြောင်းခဲ့သည်ကိုလည်းကောင်း၊ သူတို့သည် သခင်ယေရှု၏ရေနှင့်အ သွေးတော်အားဖြင့် ရွေးနှုတ်ခြင်းခံရကြသည်ကိုလည်းကောင်း ယုံ ကြည်ကြသည်။ သခင်ယေရှုသည် အပျိုကညာမာရိ၏ဗိုက်အားဖြင့် ဤလောကသို့ ဖွားမြင်ခြင်းခံရတော်မူသည်ကိုလည်းကောင်း၊ ကိုယ် တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မမူမီ ယောဒန်မြစ်၌ ဗတ္တိဇံခံယူတော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ရှင်ပြန် ထမြောက်တော်မူခဲ့သည်ကိုလည်းကောင်း သူတို့သည် ယုံကြည်ကြ သည်။ 
ဖြောင့်မတ်သူများသည် သူတို့၏နှလုံးသားများ၌ အသက်သေရှိ ကြသည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသက်သေမှာ ရေ၊ အသွေးနှင့် ဝိညာဉ်တော်အားဖြင့် ကြွဆင်းတော်မူခဲ့သော သခင်ယေရှုကို ယုံ ကြည်ခြင်း၌ တည်သည်။ သင့်အထဲ၌ သက်သေရှိသည်။ သင်၌ သက်သေရှိရန် ကျွန်တော် အကြံပြုပါရစေ။  သင့်ကို ကျွန်တော်ပြော သည်။ သက်သေ၊ ကယ်တင်ခြင်းသက်သေအထောက်အထား မရှိ လျှင် ကယ်တင်ခြင်းသည် သင်နှင့်အတူမရှိပေ။ 
“ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူသည် ဤသက် သေခံချက်ကို မိမိအထဲ၌ရရှိထား၏”(၁ယော ၅း၁၀)ဟု တမန်တော် ရှင်ယောဟန်က ဆိုထားသည်။  ကားတိုင်၏အသွေးတော်ကိုသာယုံ ကြည်ခြင်းမှာသက်သေရခြင်းဖြစ်သလော။ သို့မဟုတ် အသွေးတော်၊ ရေကိုသာယုံကြည်ခြင်း ဖြစ်သလော။ သင်သည်ဘုရားသခင်အသိအ မှတ်ပြုတော်မူခဲ့သောအချက်သုံးချက်အားလုံးကိုယုံကြည်သင့်သည်။  
‘သင်သည် ကယ်တင်ခြင်းခံရတယ်’ဟု သခင်ယေရှုသည် သင့် အတွက် သက်သေခံတော်မူလိမ့်မည်။ သင်သည် ဤချက်သုံးချက်မှ နှစ်ခုကိုသာယုံကြည်လျှင်သင်သည်သက်သေရှိလိမ့်မည်ဟု သင်ပြော သလော။  ထိုအရာမှာ သင်သည် ကိုယ်နည်းကိုယ်ဟန်ဖြင့် ဘုရားသ ခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ ထိုအရာသည် ‘မိမိအတွက် သက် သေခံခြင်း’ သက်သက် ဖြစ်သည်။ 
ဤအရာများသုံးခုမှ နှစ်ခုကိုသာ ယုံကြည်သူ ကမ္ဘာပေါ်တွင် လူများစွာရှိသည်။သူတို့သည် ကယ်တင်ခြင်းခံရကြ၍ သူတို့စိတ်ထင် သည့်အတိုင်း စာအုပ်များကိုရေးသားသည်ဟု သူတို့သက်သေခံကြ သည်။ သူတို့သည် မည်သို့အပြောကောင်းကြသနည်း။ အလွန်စိတ် ပျက်စရာ ဖြစ်သည်။ သူတို့သည် မိမိကိုယ်ကိုကိုယ် ‘ဧဝံ ဂေလိယုံ ကြည်သူများ’ဟုမှည့်ခေါ်ကြသည်။ သူတို့သည် ‘ဧဝံဂေလိယုံကြည်သူ များ’သာမက ‘ဘာသာရေးသမားများ’ လည်း ဖြစ်ကြသည်ဟု သူတို့ ခံစားကြသည်။ သူတို့သည် ‘ရေ’ကို မယုံကြည်ကြသော်လည်း သူတို့ ကယ်တင်ခြင်းအတွက် ဝါကြွားကြသေးသည်။ သူတို့သည် ဘယ် လောက် ယုတ္တိဆန်သလဲ။  သို့သော် သတို့သည် မိမိနှလုံးသားများ၌ ဘုရားသ ခင်၏သက်သေမရှိကြပေ။  ထိုအရာမှာ အ ယူအဆတစ် ခုမျှသာ ဖြစ်သည်။ 
သင်သည် ကယ်တင်ခြင်းကို မည်သို့ခေါ်နိုင်သနည်း။ ဝိညာဉ် တော်၊ ရေ၊ အသွေးတော်အားဖြင့် ကြွလာတော်မူခဲ့သော သခင်ယရှု ကို ယုံကြည်သူများသာလျှင် ဘုရားသခင် နှင့်လူသားများ၏သက် သေရှိကြသည်။ 
တမန်တော် ရှင်ပေါလုက “အကြောင်းမူကား ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် စကားအားဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အား ဖြင့်လည်းကောင်း၊ ပြည့်ဝသောစိတ်ချမှုအားဖြင့်လည်းကောင်း သင်တို့ထံသို့ရောက်လာ၏။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ် သင်တို့အ တွက် မည်ကဲ့သို့သောသူဖြစ်ကြသည်ကို သင်တို့သိကြ၏”( ၁ သက် ၁း၅) ဟု ပြောခဲ့သည်။ လူသားများသည် သခင်ယေရှု၏အသွေး တော်ကိုသာ ယုံကြည်သောအခါ စာတန်သည် အားရဝမ်းမြောက်ခဲ့ သည်။ “အို၊ လူမိုက်၊ ငါ မင်းကို လှည့်စားနိုင်ခဲ့တယ်၊ ဟားဟားဟား။ လူများသည် သခင်ယေရှု၏အသွေးတော်ကိုသာ ချီးမွမ်းကြသောအ ခါ စာတန်သည် ထွက်ခွါသွားလိမ့်မည်ဟု ယုံကြည်သူ များစွာရှိကြ သည်။ စာတန်သည် ကားတိုင်ကို ကြောက်လိမ့်မည်ဟု သူတို့ထင် ကြသည်။ စာတန်သည် သူတို့၏ပြကွက်ပေါ်၌သာထားသည်ကို သင် သည် စိတ်ထဲမှာ သိမ်းထားသင့်သည်။  ကျွန်ုပ်တို့သည် ၎င်းအား ဖြင့် လူမိုက်များ မဖြစ်သင့်ကြပေ။ 
နတ်ဆိုးသည် လူတစ်ဉီး၏အထဲသို့ ဝင်ရောက်သောအခါ သူ သည် ရူးသွပ်၍ ပါးစပ်၌ အမြှုပ်ထွက်နိုင်သည်။ မာရ်နတ်ကို အောင် ရန် မလွယ်ကူပါ။ မာရ်နတ်သည် လူတစ်ဉီးအား အရာအားလုံးနီး ပါး လုပ်ဆောင်စေရန်တန်ခိုးရှိသည်။  မာရ်နတ်သည် သူ၏ဉီးနှောက်ကို အနည်းငယ် အသုံးချခဲ့သည်။ ဘုရားသခင်သည် မာရ်နတ်အား သတ် ရန်တန်ခိုးကလွှဲ၍ တန်ခိုးအားလုံးကို ချပေးတော်မူခဲ့သည်။ မာရ်နတ် သည် လူတစ်ဉီးအား ညောင်ပင်ရွက်ကဲ့သို့ မြည်တမ်းစေကာ ပါးစပ်မှ အမြှုပ်ထွက်စေသည်။ 
ဤသို့ဖြစ်ပျက်လာသောအခါ ယုံကြည်သူများက “သခင်ယေရှု ၏နာမတော်အားဖြင့် ထွက်သွားလော့။ သွားလော့”ဟု အမိန့်ပေး သည်။ သူသည် မိမိအာရုံကို ပြန်ရလာ၍ သာမာအခြေအနေသို့ ပြန် ရောက်လာသောအခါ သူတို့က ၎င်းသည် တန်ခိုးရှိသော သခင်ယေ ရှု၏အသွေးတော် ဖြစ်သည်ဟု သူ့ထံပြောကြသည်။ သို့သော် ဤအ ရာသည် ကိုယ်တော်၏အသွေးတော်၏တန်ခိုးမဟုတ်ပေ။  စာ တန် သည် ‘ပြကွက်’တစ်ခုကိုသာ ပြသခြင်းသက်သက် ဖြစ်သည်။ 
ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အား သန့်ရှင်းစွာဆေးကြောခြင်းခံရ၍ အသွေးတော်ဖြင့် ကျွန်ုပ်တို့အတွက် တရားစီရင်ခြင်းယူဆောင်ပြီး သုံးရက်မြောက်သောနေ့တွင် သေခြင်း မှ ရှင်ပြန်ထမြောက်သောသူ သခင်ယေရှုကို ယုံကြည်သူများအား စာတန်နှင့် မာရ်နတ်တို့သည် ကြောက်ကြသည်။ သခင်‌ယေရှု၏ဗတ္တိဇံနှင့်အသွေးအားဖြင့် ပြည့်စုံခဲ့ သော ကယ်တင်ခြင်းသက်သေပတ်ဝန်းကျင်တွင် စာတန်သည် မနေ နိုင်ပေ။ 
သင်သိသည့်အတိုင်း ကဲသိုလိတ်ဘုန်းကြီးများသည် တစ် ခါတစ်ရံ အပြစ်ဖြေခြင်းအမှုပြုတတ်ကြသည်။ ကျွန်ုပ်တို့သည် ၎င်းကိုရှပ်ရှင်ဇာတ်ကားများတွင်တွေ့ရကြသည်။ ရုပ်ရှင်တွင် ဘုန်း ကြီးတစ်ပါးသည် သစ်သားကားတိုင်းကို ကိုင်၍ လှုပ်ခဲ့သော်လည်း ဘုန်းကြီးသည် သေဆုံးခဲ့သည်။ ဒုတိယမွေးဖွားခြင်းခံရသောသူတစ် စုံတစ်ဉီးသည် ဤသို့ဖြင့် ရှုံးနှိမ့်လိမ့်မည် မဟုတ်ပေ။ 
ဒုတိယမွေးဖွားခြင်းခံရသောသူတစ်ဉီးသည် သခင်ယေရှု၏ရေ နှင့်အသွေးတော်အကြောင်းကို ရဲရင့်စွာ ပြောသည်။ မာရ်နတ်သည် သူ့ကို ညှဉ်းပန်းနှိပ်စက်ရန် ကြိုးစားခဲ့သောအခါ သူက မာရ်နတ်ထံ “သခင်ယေရှုသည်ကျွန်ုပ်အပြစ်များအားလုံးကို ယူဆောင်သွား တော် မူခဲ့တယ်ဟု သင်မသိသလော”ဟု မေးရမည်။ မာရ်နတ်သည် ထွက် ပြေးလိမ့်မည်။ မာရ်နတ်သည် ‘ဒုတိမွေးခြင်းခံရသောသူ’ပတ်ဝန်း ကျင်ကို မုန်းသည်။ “ဒုတိယ မွေးဖွားခြင်းခံသောသူတစ်ဉီး’သည် ထိုနေရာတွင် ထိုင်လျှင် စာတန်သည် ထွက်ပြေးရန် ကြိုးစားလိမ့် မည်။ ဘုရားသခင်ကို မယုံကြည်သူများသည် ကိုယ်တော်ကို မုသာ ဆိုစေသည်ဟု ၎င်းက ပြောခဲ့သည်။ သူတို့သည် သားတော်၏ သက် သေ၊ ရေနှင့်အသွေးတော်သက်သေကို မယုံကြည်ကြပေ။ 

ဘုရားသခင်၏သားတော်၏ သက်သေမှာ အဘယ်နည်း
ကိုယ်တော်၏ဗတ္တိဇံ၊ အသွေးတော်၊ နှင့်ဝိညာဉ်တော်

ဘုရားသခင်သား တော်၏သက်သေမှာ အဘယ်အရာနည်း။ ကိုယ်တော်သည် ဝိညာဉ်အားဖြင့် ကြွလာတော်မူ၍ ရေအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟု ပြေထား သည်။ ကိုယ်တော်သည် လောကအပြစ်များအားလုံးကို မိမိ အပေါ် သို့ ယူဆောင်သွားတော်မူခဲ့၍ ကျွန်ုပ်တို့အားလုံးအတွက် ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့သည်။  ရေ၊ အသွေး၊ နှင့်ဝိညာဉ်တော်၏ရွေးနှုတ်ခြင်းမှာ ထိုအရာဖြစ်သည် မဟုတ်လော။ 
လူများသည် ‌ရေနှင့်အသွေးတော်စစ်မှန်သောသတင်းကောင်း၊ ရွေးနှုတ်ခြင်းသတင်းကောင်းကို မယုံကြည်ကြသောကြောင့် သူတို့ သည် ဘုရားရှေ့တော်၌ မုသာဆိုကြသည်။ ဤစစ်မှန်သောသတင်း ကောင်း ထက်အခြားသောအရာအားလုံးမှာ မှားယွင်းသည်။ သူ တို့ယုံကြည်မှုများသည် မှားယွင်း၍ သူတို့သည် မှားယွင်းသောသ တင်းများကို အချည်းနှီးဟောပြောကြသည်။  
၁ ယော ၅ ကို ကြည့်ကြပါစို့။ အပိုဒ်ငယ် ၁၁ တွင် “ထိုသက်သေခံချက်မှာ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူပြီး ထိုအသက်သည် ဘုရားသခင်၏သားတော်၌ရှိ၏ဟူ၍ ဖြစ်၏”ဟု ဖော်ပြထားသည်။ ဘုရားသခင်သည် ထာဝရအသက် ပေးတော်မူခဲ့သည်ကိုလည်း ကောင်း၊ ၎င်းကိုလက်ခံသူတစ်ဉီး၏အ ထဲ၌ အသက်ရှိသည်ကိုလည်းကောင်း ထိုကျမ်းချက်က ဖော်ပြထား သည်။ ဤအသက်သည် ကိုယ်တော်၏သားတော်၌ရှိသည်။ 
ထာဝအသက်ရရှိသောသူများသည် သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ရွေးနှုတ်ခြင်းခံရသောသူများ ဖြစ်ကြသည်။ ရွေးနှုတ်ခြင်းခံရသောသူများသည် ထာဝရအသက်ရရှိ ကြ၍ ထာဝရအသက်ရှင်ကြသည်။  သင်သည် ထာဝရအသက်ရရှိ ခဲ့ပြီးပြီလော။ 
အပိုဒ်ငယ် ၁၂ တွင် “သားတော်ကိုရရှိသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရရှိသောသူမူကား အသက်ကိုမရ” ဟု ဖော်ပြထားသည်။ တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင် သား တော်သည် ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသေခံ တော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ပြုတော်မူခဲ့ သောအရာများကို ယုံကြည်သူသည် ထာဝရအသက်ရရှိသည်။  သို့ သော် ဤအရာများမှ တစ်ခုကိုပင်လျှင် ချန်ထားသောသူသည် ထာဝ ရအသက်မရ၊ ကယ်တင်ခြင်းလည်းမခံစားရပေ။
တမန်တော်ရှင်ယေဦဟန်သည် ရေ၊ အသွေးတော်နှင့် ဝိညာဉ် တော်အားဖြင့် သခင်ယေရှုပြုတော်မူခဲ့သောအရာများကို ယုံကြည်မှု အပေါ်အခြေပြု၍ ဘုရားသခင်၏လူများကို ပိုင်းခြားခဲ့သည်။ ဤအ ရာများက သူတို့သည် ၎င်းတို့၌ နှုတ်ကပတ်တော်ရှိသည်/မရှိသည်ကို ပြောထားသည်။ သခင်ယေရှု၏ဗတ္တိဇံရေ၊ အသွေးတော်နှင့်ဝိညာဉ် တော်၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရသောသူများကို သူ အသိအမှတ်ပြုခဲ့သည်။
 

ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများသည် ဆိတ် နှင့်သိုးကို မပိုင်းခြားနိုင်ကြပေ

မည်သူသည် ရွေးနှုတ် ခြင်းခံရသူများနှင့် မခံရသူများ ကို ပိုင်းခြားနိုင်သနည်း
ဒုတိယမွေးဖွားခြင်းခံရသူ

တမန်တော်ရှင်ယောဟန်သည် ရွေးနှုတ် ခြင်းခံရသောဖြောင့် မတ်သူများကို ရှင်းလင်းစွာ သိခဲ့သည်။ တမန်တော်ရှင်ပေါလုသည် လည်း သိခဲ့သည်။ ဘုရားသခင်၏အစေခံများသည် သိုးနှင့်ဆိတ်ကို ပြတ်သားစွာ ပိုင်းခြားနိုင်သည်။ သူတို့သည် ဘုရားသခင်၏စစ်မှန် သောအစေခံများနှင့် ဟန်ဆောင်သူများကို မည်သို့ပိုင်းခြားနိုင်ကြသ နည်း။ သခင်‌ယေရှု၏ရေနှင့်အသွေးတော်ကို ယုံကြည်ခြင်း အားဖြင့် ရွေးနှုတ်ခြင်းခံရသောသူများသည် မြင်တွေ့ရန် တန်ခိုးရရှိ ကြသည်။ 
သင်းအုပ်ဆရာဖြစ်စေ၊ဧဝံဂေလိဆရာဖြစ်စေ၊ သင်းထောက်လူ ကြီး ဖြစ်စေ၊ သူသည် ရွေးနှုတ်ခြင်းခံရသောသူ အသိအမှန်မပြုလျှင် သို့မ ဟုတ် သူသည် သိုးနှင့်ဆိတ်ကိုမခွဲခြားနိုင်လျှင် သူသည် ဒုတိယ‌ မွေးဖွားခြင်းမခံရသေးဘဲ သူ၌ အသက်မပိုင်ဆိုင်ပေ။ သို့သော် ဒုတိယမွေးဖွားခြင်းအမှန်အကန် ခံရသောသူ များသည် ခြားနားမှုကို ရှင်းလင်းစွာ မြင်တွေ့နိုင်ကြသည်။ မိမိ၌ အသက်မရှိသောသူများ သည် ခြားနားမှုမမြင်တွေ့နိုင်၊ အသိအမှတ်လည်းမပြုနိုင်ကြပေ။ ကျွန်ုပ်တို့သည် အမှောင်ထုကြီး၌ အရောင်များကို မပိုင်းခြားနိုင်ခြင်း နှင့်တူသည်။  အစိမ်းရောင်သည် အစိမ်းရောင်ဖြစ်၍ အဖြူရောင် သည် အဖြူရောင် ဖြစ်သည်။ သို့သော် သင်သည် မျက်စိများကို ပိတ် လိုက်လျှင် သင်သည် မမြင်နိုင်၊ အရောင်များကို အသိအမှတ်ပြုနိုင် မည် မဟုတ်ပေ။ 
သို့သော် မျက်လုံးဖွင့်သောသူများသည် အရောင်အသေးစိတ်၊ အသေးငယ်ဆုံးတောင် အသိအမှတ်ပြုလိမ့်မည်။ သူတို့ သည် အစိမ်းရောင်ကို အစိမ်းရောင်၊ အဖြူရောင်ကိုအဖြူရောင်ဟု ပြောနိုင် ကြသည်။ ထိုနည်းတူ၊ ရွေးနှုတ်ခြင်းခံရသောသူများနှင့် မခံရသေး သောသူများ အကြားရှင်းလင်းသောခြားနားချက်တစ်ခုရှိသည်။ 
ကျွန်ုပ်တို့သည် ရွေးနှုတ်ခြင်းသတင်းကောင်း၊ ရေ၊ အသွေး၊ ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောရမည် ဖြစ်သည်။  ကျွန်ုပ်တို့သည်ထ၍လင်းရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် စစ်မှန် သောယုံ ကြည်ခြင်းဖြန့်ဝေရန်အတွက် ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် လူများစုရုံးကြသောအခါ ကျွန်ုပ်တို့သည် လူများ၏စကားများကို မပြောရပေ။ သမ္မာကျမ်းစာ၌ ၁ ယော ၅ တွင် ၎င်း၏အဓိပ္ပါယ်ကို ရှင်းပြထားသည်။ ကျွန်ုပ်တို့သည် ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း ရှင်းပြမှသာလျှင် ရှုပ်ထွေး ပွေလီမှုရှိလိမ့်မည် မဟုတ်ပေ။ 
ကျွန်ုပ်တို့ဟောပြောသော သခင်ယေရှု၏ရေ၊ အသွေး၊ နှင့်ဝိ ညာဉ်တော်နှုတ်ကပတ်တော်ဖြစ်သောဘုရားစကားမှာ ရွေး နှုတ်ခြင်း အလင်း ဖြစ်သည်။ လူသားများထံ သခင်ယေရှု၏ ‘ရေ’ကို ဟောပြော ခြင်းမှာ တောက်ပစွာ ထွန်းလင်းရန် ဖြစ်သည်။ သခင်ယေရှု၏ ‘အသွေး’ကို သိစေခြင်းမှာ တောက်ပစွာ ထွန်းလင်းရန်  ဖြစ်သည်။ ကျွန်ုပ်တို့သည် ၎င်းကို ရှင်းလင်းစွာ ဟောပြောသောကြောင့် ကမ္ဘာ ပေါ်တွင် ရှိသောလူသားအားလုံးသည် ဤသမ္မာတရားကို သိရကြ မည် ဖြစ်သည်။ ဒုတိယမွေးဖွားခြင်းခံရသောသူများသည် ထ၍မ လင်းလျှင် လူများစွာတို့သည် ရွေးနှုတ်ခြင်းမခံရဘဲ သေဆုံးကြ၍ ဘုရားသခင်သည် ဝမ်းမြောက်တော်မူလိမ့်မည် မဟုတ်ပေ။  ကိုယ် တော်သည် ပျင်းရိသောအစေခံများကို ခေါ်တော်မမူပေ။ ကျွန်ုပ်တို့ သည်သခင်ယေရှု၏ရေနှင့် အသွေးတော်သတင်းကောင်းကို ဟော  ပြော ရကြမည် ဖြစ်သည်။ 
ကျွန်တော် မကြာခဏပြန်ပြောရခြင်းအကြောင်းမှာ သခင် ယေရှု၏ဗတ္တိဇံသည် ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် အလွန်အရေး ကြီးသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် က လေးသူငယ်များထံ စကားပြောကြသောအခါကျွန်ုပ်တို့သည်အကြိမ်ကြိမ်ရှင်းပြ၍ အဓိက အချက်ကို ပြောကြားမှသာလျှင် သူတို့သည် ကျွန်ုပ်တို့ပြောသော အရာကို နားလည်သဘောပေါက်ကြလိမ့် မည်။ 
ကျွန်ုပ်တို့သည် စာပေမကျွမ်းကျင်သောသူတစ်ဉီးထံ သင်ကြား ပေးရန် ကြိုးစားကြလျှင် ကျွန်ုပ်တို့သည် ပထမဉီးဆုံး ဗျည်းအက္ခရာ အားဖြင့် စတင်ရပေမည်။ ထိုနောက် ကျွန်ုပ်တို့သည် ဤဗျည်းအက္ခ ရာဖြင့် စလုံးပေါင်းမည်သို့ ရေးသားရမည်ကို တဖြည်းဖြည်းသင်ကြား ပေးနိုင်ကြသည်။ သူသည် ‘အပြစ်ဒဏ်’စကားလုံးကို စလုံးပေါင်းနိုင် သောအခါ ကျွန်ုပ်တို့သည် ဤစကားလုံးများ၏အနက် အဓိပ္ပါယ်ကို ရှင်းပြနိုင်ကြလိမ့်မည်။ ဤအရာသည် သခင်ယေရှုအကြောင်းကို လူ များထံ စေ့စပ်သေချာစွာဟောပြောရခြင်းမှာ သူတို့သည် အမှန်အ ကန်နားလည်သဘောပေါက်ကြမည့်အကြောင်း ဖြစ်သည်။ 
ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံကို ရှင်းလင်းစွာ ရှင်းပြသင့် ကြသည်။ ကိုယ်တော်သည် ရေ၊ အသွေး၊ နှင့်ဝိညာဉ်အားဖြင့် ဤ လောကသို့ ကြွဆင်းတော်မူခဲ့သည်။ သင်သည် သခင်ယေရှုကို သင်၏ကယ်တင်ရှင်အဖြစ် ယုံကြည်၍ ရွေးနှုတ်ခြင်းခံရပါမည့်အ ကြောင်း ကျွန်တော်ဆုတောင်းသည်။ 
ရေ နှင့်ဝိညာဉ်‌တော်အားဖြင့် ရွေးနှုတ်ခြင်းခံရသောသူများသည် သခင် ယေရှု၏ဗတ္တိဇံ၊ ကားတိုင်ပေါ်တွင် အသွေးတော်နှင့် သခင်ယေရှု သည် ဘုရား၊ ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ယုံကြည်ခြင်းမှ ပေါက်ဖွားလာကြခြင်း ဖြစ်သည်။